← Chapters

ကောင်းကင် နတ်ဆိုးဂိုဏ်းမှ အလိုမရှိသည့် လက်ထပ်ပွဲ(၁)

Vol. 10 Ch. 95

ကောင်းကင် နတ်ဆိုးဂိုဏ်းမှ အလိုမရှိသည့် လက်ထပ်ပွဲ(၁)

Vol. 10 Ch. 95

နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၉၅)

မူရင်းစာရေးဆရာ -

ဘာသာပြန် - Author Aven

Team - True Immortal Team

ဆံနီရှင်မလေး၏ စကားအဆုံး၌ စီနီယာ အစ်ကို၏ ပြောစကားအား အားကျခဲ့သည့် ကောင်မလေးမှာ အတွေးနယ်ချဲ့မိပြန်သည်။

…အာ စီနီယာအစ်မနှစ်ရဲ့ အကြံက အစ်ကိုကြီးထက် သာတာပါလား… သူ့မှာ ဒီလောက် စိတ်ကူးအိပ်မက်ကြီး ရှိမယ်လို့ မထင်ထားနေဘူး… တကယ်ကို အစ်မနှစ်ကတော့ အစ်မနှစ်ပါပဲ…

"ဟုတ်ပြီလေ တယင် နင့်အကြံက နတ်ဆိုးကောင်လေးထက် မြင့်တာပဲ ငါတော့ သဘောကျမိတယ်…"

ကျိလင်ယွမ်က ခေါင်းညိမ့်၍ မှတ်ချက်ပေးသည်။

"ဒါပေမယ့် နင့်ကျင့်ကြံမှု အဆင့်က မျိုးဆက်တူ တပည့်တွေထဲ အနိမ့်ဆုံး… မကြိုးစားဘူးဆိုရင်တော့ အခုမှ စကျင့်ကြံတဲ့ ဂျူနီယာလေးတွေက ကျော်တက်သွားမှာ သေချာတယ်… စိတ်ကူးယဉ်တာနဲ့ပဲ သေသွားမယ်နော် ကျင့်ကြံမှုတက်ဖို့ ကြိုးစား… နောက်တယောက်…"

ဆံနီရှင်မလေးက မကျေမနပ်ဖြင့် ထိုင်လိုက်သည်။ ထိုခဏတွင် မျက်နှာပြည့်ဝိုင်းသည့် ဆယ်ကျော်သက် ကောင်လေးတဦး ထရပ်ပြန်သည်။

"ဆရာ…"

ကောင်ငယ်လေးက စစ်သည်တဦး၏ လေသံဖြင့် အော်ပြောလာသည်။

"ကျွန်တော့် အိပ်မက်ကတော့ ‌ထွေထွေထူးထူး မရှိထားဘူး…"

"အဓိပ္ပာယ် မရှိနေဘူး…"

ကျိလင်ယွမ်က ထိုကောင်လေးအား စိုက်ကြည့်မိသည်။

"ဒါဆို ဘာလုပ်ဖို့ စိတ်အပါဆုံးလဲ…"

"ဘာလုပ်ချင်လဲက…"

ယင်ချန်ကျယ်၏ မျက်နှာ၌ ရှက်သွေးဖြာကာ ခေါင်းငုံလိုက်တော့သည်။ ထို့နောက် ဆရာဖြစ်သူ၏ ဘေးဘက်တွင် ရှိနေသော နတ်ဆိုးကောင်လေးအား တချက်ကြည့်ကာ ပြောလာသည်။

"ပြောရရင်တော့ တိုက်ဆိုင်မှုပါပဲ… အခုတလော ကျွန်တော့်မှာ အစ်ကိုကြီးအပေါ် ခံစားမှု ရှိတာကို သိလိုက်ရတယ်… ကျွန်တော် ကျွန်တော် သူနဲ့ လက်ထပ်ချင်ပါတယ်…"

…အမလေး လူကြီးလူကောင်းလို့ ထင်ရတဲ့ စီနီယာ အစ်ကိုက ဒီလိုကြီးလို့ မထင်ထားဘူး… ငါတို့ ရေချိုးတာကို ချောင်းကြည့်ထဲ မပါတာ ဒါကြောင့်ကိုး… ဒါပေမယ့် ဒီအကြံကြီးက မိစ္ဆာဒိဠိကြီးလေ လောကြီးက ငါတို့ကို ဘယ်လိုမြင်ကြမလဲ… ဘာပဲဖြစ်ဖြစ်ပါ သူကတော့ အံ့ဩစရာ… ငါတော့ သူလိုမျိုး မလုပ်ရဲဘူး…

ပျင်းရိနေသည့် ကောင်မလေးက တွေးမိပြန်သည်။

"ရတယ်လေ ဒါက ပြောဖို့ မလိုနေဘူး…"

တပည့်ဖြစ်သူ၏ စကားမဆုံးမီတွင် ကျိလင်ယွမ်က တံခါးအား လက်ညှိုးညွှန်လိုက်ကာ…

"ထွက်သွား ပြီးတော့ တပည့်ဝတ်ရုံ ချွတ်ခဲ့လိုက်… ငါဆိုတဲ့ ကျိလင်ယွမ်က နင့်လို တပည့် မရှိဘူး…"

……

အမေးအဖြေ ကဏ္ဍမှ ဆက်လက်ဖြစ်ပေါ်နေသေး၏ ။ သို့ဖြစ်ရာ နားဆင်နေရသည့် တပည့်များမှာ ရယ်တလှည့် ငိုတလှည့် ဖြစ်နေရသည်။ နောက်ဆုံးတွင် ကျိလင်ယွမ်က ပျင်းရိနေပုံရသည့် ကောင်မလေးအား မေးလိုက်သည်။ သူမက ကောင်မလေးအား မြင်ရချိန်၌ မျက်နှာထက်တွင် ထက်ထန်မှု လျော့ကျသွားသည်။

ပြောရပါက ထိုကောင်မလေးမှာ နတ်ဆိုး ကျင့်ကြံသူများကြား၌ ဒဏ္ဍာရီလာဖြစ်သည့် ကောင်းကင်နတ်ဆိုး ခန္ဓာအား ပိုင်ဆိုင်ထားသည့် ဉာဏ်ကြီးရှင် တယောက်ပင်။ ထိုခန္ဓာအား လူသားနတ်ဆိုး စစ်ပွဲမစတင်မီကာလ၏ ရှေးမှတ်တမ်းများတွင်သာ မြင်တွေ့ဖူးသည်။

ဒဏ္ဍာရီလာ ခန္ဓာာပြန်ပေါ်လာခြင်းနှင့်အတူ ကောင်မလေးသည်လည်း ပါရမီထူးကဲလှသည်။ ဂိုဏ်းအတွင်းသို့ ဝင်ရောက်ပြီး နှစ်တရာအတွင်း၌ အထွဋ်အထိပ် စိတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းပြီး ဖြစ်၏ ။ သင်ယူမြန်သူလည်း ဖြစ်သေးသည်။ နတ်ဆိုးဂိုဏ်း သုံးခု၏ ကျင့်စဉ်များ သို့မဟုတ် သွေးနတ်ဘုရားဂိုဏ်း၏ လျှို့ဝှက် ကျင့်စဉ်များအား ဘေးထွက်ဆိုးကျိုး ကြုံတွေ့ရခြင်း မရှိဘဲ သင်ယူထားနိုင်သည်။

နှစ်ရာဂဏန်းတချို့ ကုန်လွန်ပြီးလျှင် ကျိလင်ယွမ် အနေဖြင့်ပင် သူမအား အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။ သူမ၏ တခုတည်းသော နေုင်တတရားမှာ ချီမင်ဓားဂိုဏ်း၏ ဆံဖြူမွန်းစတားကဲ့သို့ သက်တမ်းရှည်ကြာစွာ နေခွင့်မရခြင်းတည်း။ နှစ်ရာဂဏန်းတချို့ ကြာပြီးချိန်၌ သူမအနေဖြင့် ကပ်ဘေးရင်ဆိုင်ရမည် ဖြစ်ပြီး အထက်လောကသို့ ဆန်တက်ရပေလိမ့်မည်။ သို့ဖြစ်ရာ ကောင်းကင်နတ်ဆိုးဂိုဏ်းအား မည်မျှကြာကြာ ကာကွယ်ထားနိုင်မည်နည်း။

"ကျင်ယောင် ထပါဦး… ငါ့တပည့် အိပ်မက်ကကော ဘယ်လိုများလဲ…"

လိကျင်ယေယင်က မတ်တပ်ထရပ်သည်။ ထိုအချိန်၌ တပည့်အကုန်လုံးက ဂိုဏ်း၏ ဝံ့ကြွားဂုဏ်ယူဖွယ် ဖြစ်သော သမီးကညာအား စိုက်ကြည့်လာကြသည်။

လင်ကျင်ယောင်က ကြောက်စိတ်ဝင်မိသဖြင့် အသက်ပြင်းပြင်းရှူသွင်းသည်။ နောက်ဆုံးတွင် မျက်နှာထက်၌ ရှက်သွေးဖြာနေသော်လည်း စကားဆိုလာသည်။

"ဆရာ… တပည့်… တပည့်ရဲ့ အိပ်မက်က အနာဂတ်မှာ လူကောင်းတယောက်နဲ့ ဆုံပြီး မိသားစု တခု တည်ထောင်ဖို့ပါပဲ…"

လင်ကျင်ယောင်မှာ ချစ်စဖွယ် ကောင်းလွန်း၏ ။ ရှက်သွေးဖြာကာ နီရဲနေသည့် လင်ကျင်ယောင်၏ မျက်နှာအား မြင်ရသူတိုင်းက ထိုသို့ တွေးမိကြပေလိမ့်မည်။ ကျိလင်ယွမ်ပင် ချွင်းချက် မဟုတ်နေပေ။

"နည်းနည်းလိုနေသေးတယ်…"

ကျိလင်းယွမ်က ခေါင်းရမ်းကာ ထောက်ပြပြောလေသည်။

"ကျင်ယောင် ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ တပည့်ခေါင်းဆောင် အနေနဲ့ ဘယ်လိုလုပ် သေးနုတ်တဲ့ စိတ်ကူးပဲ ရှိသေးတာတုံး…"

"ဆရာ နတ်ဆိုး ကျင့်ကြံသူအနေနဲ့ ကိုယ့်ဘာသာ ရိုးသားဖို့ လိုပါတယ် ပြီးတော့ လောက ကန့်သတ်ချက်ဘောင်တွေကို ထည့်စဉ်းစားဖို့ မလိုဘူးလေ… နတ်ဆိုးဂိုဏ်းရဲ့ ဆောင်ပုဒ်ကတောင် စိတ်အလိုရှိတိုင်း လုပ်ဆောင်ခြင်း မဟုတ်လား… တပည့် ဂိုဏ်းဝင်ကာစမှာ ဆရာပြောခဲ့တာပဲလေ…"

ကျင်ယောင်က ဆရာဖြစ်သူအား မေးခွန်းထုတ်နေသည်။

All Chapters