← Chapters

ဂိတ်တံခါးဆီသို့ ရန်သူရောက်လာခြင်း

Vol. 10 Ch. 96

ဂိတ်တံခါးဆီသို့ ရန်သူရောက်လာခြင်း

Vol. 10 Ch. 96

နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၉၆)

မူရင်းစာရေးဆရာ -

ဘာသာပြန် - Author Aven

Team - True Immortal Team

ကျိလင်းယွမ်၏ မျက်နှာတွင် သွေးဆုတ်သွားတော့သည်။

"ဟုတ်တယ် ပြောခဲ့တာပေါ့… ဒါပေမယ့် ဒီစိတ်ကူးက လွတ်လပ်မှုလို့ ယူဆထားရမှာတုံး…"

"ဒါတော့လည်း မပြောတတ်ဘူး ညီမလေးရှစ် ယူလာပေးတဲ့ အချစ် ဝတ္ထုတွေ ဖတ်ပြီးတော့ ဇနီးကောင်းတယောက်နဲ့ အမေတယောက်ပဲ ဖြစ်ချင်တော့တာ…"

လိကျင်ယောင်က ဂျူနီယာ ညီမလေး၏ အော်ပြောသံအား လျစ်လျူရှု၍ အမှန်တရားကိုသာ ထုတ်ပြောသည်။

ကျိလင်ယွမ်က ထိုတပည့်အား စိုက်ကြည့်ကာ သတိပေး၍ စကားဆက်သည်။

"ကျင်ယောင် ဒီလောကမှ ယောက်ျားကောင်းဆိုတာ မရှိဘူး… နောက်ကျရင် နောင်တရနေရမယ်… ဆရာတော့ ဒီစိတ်ကူးကို သဘောမကျဘူး…'

"အို ဟုတ်ပါပြီ…"

လိကျင်ယောင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြောလာသေးသည်။

"ဒါဆိုလည်း နောက်ထပ် နှစ်ရာဂဏန်းနည်းနည်းလောက် ထပ်စောင့်မယ်လေ… အဲ့အချိန်ကျ ဆရာ တပည့်ကို မနိုင်တော့ဘူးပဲ…"

"ကျင်ယောင်ရေ…"

ကျိလင်ယွမ်က လက်များ တုန်ရီလာပြီး ကျိန်ဆဲပစ်ချင်မိသည်။ သိူ့သော်လည်း ထိုစကားပြောထွက်ရန် တွန့်ဆုတ်မိနေသည်။ လိကျင်ယောင်၏ စကားမှာ ရိုင်းပျသည်ဟု ထင်ရနိုင်သော်လည်း အမှန်တရား မဟုတ်လော။ ကျိလင်ယွမ်၏ ကိုယ်ပိုင် မှန်းဆချက်အရ နောင်နှစ်ပေါင်း နှစ်ရာသုံးရာခန့် ကျော်လွန်ပြီးချိန်၌ သူမအနေဖြင့် တပည့်ဖြစ်သူအား ယှဉ်နိုင်တော့မည် မဟုတ်ပေ။

"ဟားဟား… တယ်ကောင်းသကိုး… ဒီမျိုးဆက် တပည့်တွေက စိတ်ဝင်စားစရာပါလား…"

သင်ကြားရေး ခန်းမ၌ လေထု မကောင်းနေစဉ်တွင် တံခါးဆီမှ ရယ်သံအား ကြားလိုက်ရသည်။

…ဘယ်သူပါလိမ့်… သူဒီရောက်လာတာတောင် ငါဘာမှ မသိရပါလား…

ကျိလင်ယွမ်က ထိတ်လန့်စွာဖြင့် နောက်လှည့်ကြည့်မိသည်။ ထို့နောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မင်သက်မိသွားတော့၏ ။

"ဆ… ဆရာ…'

သားမွှေး ဝတ်ရုံ ဝတ်ဆင်ထားကာ ခါး၌ ဓားတလက် ချိတ်ဆွဲထားသူက လက်မထောင်၍ စကားဆိုလာသည်။

"ဝေး ကျိယွမ်ကလေးရေ ဆရာကပ်ဘေးကျော်ပြီး ပြန်လာပြီ…"

………

"သေစမ်း… ဟွမ်ဖုဖိန်က ကပ်ဘေးအောင်မြင်သွားပြီ…'

ချီမင်ဓားဂိုဏ်း၌ ကျူယွမ်ကျီက မြောက်များစွာသော စာများအား ကိုင်ဆောင်နေရာမှ အကြီးအကဲများအား ကြည့်လိုက်သည်။ မျက်နှာ၌ စိတ်မသက်မသာ ဖြစ်နေသည်က မြင်သာလွန်းလှ၏ ။

"ဒီတခေါက် မိစ္ဆာမဟာမိတ်အဖွဲ့ထဲမှာ ကောင်းကင်နတ်ဆိုးဂိုဏ်းကတော့ အဆင့်အတန်းမြင့်လာပြီပဲ…"

အကြီးအကဲနှစ်ကလည်း သက်ပြင်းချနေသည်။

"မဟာကျန်း ပြက္ခဒိန်နှစ် နှစ်ပေါင်းသုံးထောင်ကျော် ကြာပြီးတဲ့နောက် မဟာတက်လှမ်းခြင်းအဆင့် နတ်ဆိုး ကျင့်ကြံသူ ပထမဆုံး ပေါ်လာပြီပဲ… နတ်ဆိုး ကျင့်ကြံသူတယောက် အထက်လောကကို ရောက်သွားတာ မကြားဖူးဘူး သူတို့ အင်မော်တယ် လောကဆီ သွားနိုင်မှာလား…"

"ဒါက စိတ်ပူနေရမယ့် အချိန်မဟုတ်ဘူး… ဟွမ်ဖုဖိန်ရဲ့ စရိုက်နဲ့ဆိုရင် အမှန်တရားဂိုဏ်းတွေဆီ တက်တက်ကြွကြွနဲ့ကို လာကြွားနေဦးမှာ…"

ကျူယွမ်ကျီက ဘေးဘီသို့ ဝေ့ကြည့်လိုက်၏ ။

"မင်းတို့ ပြောကြည့်ကြလေ သူဘယ်ဂိုဏ်းဆီ အရင်ရောက်လာမလဲပေါ့…"

အကြီးအကဲများက တယောက်ကို တယောက် ကြည့်မိကြသည်။ ထို့နောက် အကြီးအကဲသုံးက မတ်တပ်ထရပ်ကာ စကားဆိုလာ၏ ။

"‌ကာကွယ်ရေး အစီအရင်ကို အားဖြည့်ဖို့ သွားဦးမယ်…"

အကြီးအကဲသုံးက ခန်းမတံခါးသို့ ရောက်သွားချိန်တွင် ချီမင်တောင်တန်း တခုလုံး လှုပ်ရမ်းသွား၏ ။ ထို့နည်းတူပင် ဂိတ်တံခါးဝဆီမှ ရယ်သံကိုလည်း ကြားလိုက်ရသေးသည်။

"ဟွမ်ဖုဖိန် ရောက်လာပြီဟေ့… လူအိုကြီး ကျူဖုန်း ဘယ်မလဲ…"

"ဟုတ်ပြီလေ…"

အကြီးအကဲသုံးက ခန်းမအတွင်းရှိ ကျန်နေသူများအား ကြည့်ကု။ ပြန်ဝင်သွားသည်။

"အစီအရင်ကို အားဖြည့်ဖို့ မလိုတော့ဘူးကိုး…"

'သေစမ်း တကယ်ပဲ ဟိုကောင်ကိုး…"

ကျူယွမ်ကျီက လေသံတိုးတိုးဖြင့် ရေရွတ်ကာ မော့ကြည့်လိုက်၏ ။

"ကဲ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ မဟာအကြီးအကဲကို ခန်းမထဲလာဖို့ ဖိတ်လိုက်ကြဟေ့…"

………

ခဏကြာပြီးနောက်တွင် သားမွှေးဝတ်ရုံဖြင့် လူတဦး ချီမင်ဓားဂိုဏ်း၏ ပင်မခန်းမသို့ ဝင်လာသည်။ ထိုသူအား ဦးဆောင် လမ်းပြပေးနေသူမှာ ရိုးကျိုးစွာဖြင့် သတိကပ်ထားပုံရသည့် တပည့်တဦး ဖြစ်သည်။

ထိုသူ ခန်းမအတွင်းသို့ ရောက်လာချိန်တွင် ကျူယွမ်ကျီက နှုတ်ဆက်စကား ဆိုလိုက်သည်။

"စီနီယာ ဟွမ်ဖုပါလား မတွေ့ရ‌တာတောင် ကြာပေါ့… တော်ထဲကို ကပ်ဘေးရင်ဆိုင်ဖို့ သွားတာတော့ ကြားလိုက်တယ်… မိုးကြိုးကြောင့် လူကင်တော့ ဖြစ်မသွားဘူး မဟုတ်လား… တကယ့်ကို ယုတ္တိ မရှိဘူးနော်…"

ကျူယွမ်ကျီ၏ စကားများမှာ အငြင်းပွားဖွယ် ဖြစ်သော်လည်း ဆီလျော်မှု မရှိသည့်စကား မဟုတ်နေပေ။ ကောင်းကင်ကပ်ဘေး၏ အင်အားမှာ ရင်ဆိုင်သူအပေါ် မူတည်၍ ကွာဟချက်များသည်။ ကောင်းမှု များပြားသူမှာ အားနည်းသည့် ကပ်ဘေး ကြုံရ၏ ။ ထို့ကြောင့် အမှန်တရား လမ်းစဉ် ကျင့်ကြံသူများက အများသူငှာ ကောင်းကျိုးအတွက် ဆောင်ရွက်လေ့ရှိသည်။ ထိုသို့ ပြုလုပ်ရခြင်းမှာ ကိုယ်စွဲကိုင်ထား ယုံကြည်ချက်အပြင် ကောင်းကင်ကပ်ဘေး ရင်ဆိုင်ရမည့် ဖိအားကြောင့်လည်း ပါသေးသည်။

နတ်ဆိုး ကျင့်ကြံသူများမှာ အခြေအနေ ကွာခြားလှ၏ ။ ထိုသူများမှာ စိတ်ကြိုက်ဆောင်ရွက် သူများ မဟုတ်လော။ ကျင့်စဉ်များ၏ သက်ရောက်မှုကြောင့် ကျင့်ဝတ် စောင့်စည်းမှုများအား ဂရုမထားဘဲ ဆောင်ရွက်ကြသည့်အတွက် မကောင်းမှုများ ပြုလုပ်လေ့ရှိကြသည်။ ထို့ကြောင့်လည်း ပြင်းထန်လွန်းသည် ကပ်ဘေးများကို ရင်ဆိုင်ကြရ၏ ။

နတ်ဆိုး လမ်းစဉ်မှ ကျင့်ကြံသူ ကိုးဆယ် ရာခိုင်နှုန်းခန့်မှာ အဆိုးဝါးဆုံးဟု ခေါ်ဆိုရမည့် ကပ်ဘေးများကို ရင်ဆိုင်ရသည်။ ကပ်ဘေး ရင်ဆိုင်ရစဉ်တွင် ကောင်းကင်ယံမှ မိုးကြိုး၊ မြေကမ္ဘာမှ မီးလျှံနှင့် အတွင်းစိတ် နတ်ဆိုးတို့အား ရင်ဆိုင်ကြရသည်။ ထိုသုံးခုအား တပြိုင်နက် ရင်ဆိုင်ရသည့်အတွက် ကံကြမ္မာမှ သုတ်သင်ရင ရန် အမိန့်ချမှတ်သည့်အလား ဖြစ်၏ ။

All Chapters