ကျောက်စာ
Vol. 10 Ch. 97
နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၉၇)
မူရင်းစာရေးဆရာ -
ဘာသာပြန် - Author Aven
Team - True Immortal Team
ကျူယွမ်ကျီက ပိုင်ချူးရန်၏ ပြောပြချက်အား ကြားဖူးထားသည်။ တာအိုသခင် ချီမင် ရှိနေဆဲ ကာလဖြစ်ပြီး ပိုင်ချူးရန်သည်လည်း အဆုံးမဲ့ ချီသန့်စင်ခြင်း အဆင့်သို့ ခြေလှမ်းဝင်မိပြီးသည့် အချိန်၌ သွေးနတ်ဘုရားဂိုဏ်းမှ တာအိုသခင် ချီမင်၏ ရန်သူတော်မှာလည်း ကောင်းကင်ကပ်ဘေး ရင်ဆိုင်ရမည့် အဆင့်တူ ဖြစ်သည်။
တာအိုသခင် ချီမင်က ထိုသူဖြင့် ရင်ဆိုင်ရန် ကျင့်ကြံမှုအား ဖိနှိပ်ခဲ့ရသည်။ စိတ်စွမ်းအား နည်းပါးသည့်အတွက် နတ်ဆိုးလမ်းစဉ်မှ ကျင့်ကြံသူများမှာ အမှန်ဆရားလမ်းစဉ်မှ အဆင့်တူ ကျင့်ကြံသူဖြင့်ယှဉ်ပါက များစွာ အားနည်းသည်။ ထိုသူများ အနေဖြင့် စိတ်ထိန်းချုပ်ရခြင်းမှာ လူသားများ၏ ရှေးဦး စိတ်ဆန္ဒအား ဖိနှိပ်ရခြင်း ဖြစ်သည့်အတွက် ဖိနှိပ်ထားရန် မဖြစ်နိုင်ပေ။
ကောင်းကင် ကပ်ဘေး ရင်ဆိုင်ရချိန်၌ သွေးနတ်ဘုရားဂိုဏ်း၏ အကြီးအကဲက ကပ်ဘေး၏ သက်ရောက်မှုကို ခုခံရန် နိုင်ငံတခုလုံးအား သတ်ဖြတ်၍ သွေးရယူရန် ပြင်ဆင်ထားသည်။ ထိုသို့ ပြင်ဆင်မှုအား ဖျက်ဆီးရန် တာအိုသခင် ချီမင်မှ သွားရောက် တိုက်ခိုက်ခဲ့ရသည်။
သွေးနတ်ဘုရားဂိုဏ်းမှ မဟာအကြီးအကဲ ကပ်ဘေးရင်ဆိုင်ရမည့် နေ့မတိုင်မီတွင် စတေးခံရမည့် နိုင်ငံ မြို့တော်၌ တိုက်ခိုက်မှု ဖြစ်ခဲ့သည်။ ကောင်းကကား ကပ်ဘေးအချိန် ဖြစ်သည့်အတွက် မိုင်ရာပေါင်းများစွာ အကွာအဝေးအတွင်း သွေးနီရောင် တိမ်တိုက်များ လွှမ်းခြုံသွားသည်။ သွေးနတ်ဘုရားဂိုဏ်းမှ အကြီးအကဲအနေဖြင့် ကပ်ဘေးအား ရင်ဆိုင်ရမည် ဖြစ်သကဲ့သို့ တချိန်တည်းတွင် တာအိုသခင် ချီမင်ကိုလည်း တိုက်ခိုက်ရမည် ဖြစ်သည်။ သို့ဖြစ်ရာ တိုက်ခိုက်မှုများကြောင့် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ပါ ပျက်စီးသွားခဲ့သည်။
သို့သော်လည်း ပိုင်ချူးရန်၏ ပြောပြချက်အရ တာအိုသခင် ချီမင်က ရပ်ကြည့်နေခဲ့ခြင်းသာ ဖြစ်၏ ။ သွေးနတ်ဘုရားဂိုဏ်း၏ အကြီးအကဲမှာ ကပ်ဘေး မိုးကြိုးများကြောင့် ဇီဝန်ချုပ်သွားခဲ့ရသည်။ တာအိုသခင် ချီမင် ရှိမနေပါက နိုင်ငံအတွင်း ရှိနေသူများပါ သွေးနတ်ဘုရားဂိုဏ်း၏ အကြီးအကဲနှင့်အတူ ထွက်သက်တိုင်သွားရပေလိမ့်မည်။
"အို ငါမင်းကို မမြင်ရတာတောင် ကြာပြီ ဒါပေမယ့် မင်းက အခုထိ စကားပြော မတတ်သေးဘူးကိုး… လင်ယွမ်က မင်းကို မုန်းနေသေးတာကို မအံ့ဩတော့ဘူး…"
ဟွမ်ဖုဖိန်က မှတ်ချက်ပေးသည်။
"အပြင်သွားရင်လည်း သေချာ သတိကပ်ဦး ပါးစပ်က အပြောမတတ်တာမို့ အသတ်ခံရနိုင်တယ်…"
"ဟ သတိထားရမှာက ခင်ဗျား မဟုတ်လား…"
ကျူယွမ်ကျီကလည်း သရော်စကား ပြန်ပြောပေးသည်။
"ဘေးဘီလည်း ကြည့်ပါဦး အခုရောက်နေတဲ့ နေရာက ချီမင်ဓားဂိုဏ်းရဲ့ ပင်မခန်းမ… နတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲဖြစ်နေရင်တောင် ကျုပ်တို့ မောင်နှမတွေ ပူးပေါင်းရင် သတ်ပစ်နိုင်တယ်နော်…"
"အို ငါတောင် နည်းနည်း စိတ်ပါလာပြီ… ဒီနှစ်တွေထဲ မင်းဘယ်လောက်ထိ တိုးတက်လာတုန်း…"
ဟွမ်ဖုဖိန်က ဓားလက်ကိုအား ထိလိုက်သည်။ သို့သော်လည်း ခဏကြာ သုံးသပ်လိုက်ကာ ဓားအား လက်လွှတ်လိုက်တော့သည်။
"ထားပါတော့လေ ငါက ကျူဖုန်းကို လာရှာတာ… သူဘယ်မလဲ…"
"လာတာကောင်းပေမယ့် အချိန်ကောင်း ဟုတ်မနေဘူးပဲ… မဟာ အကြီးအကဲက ကောင်းကင် ကပ်ဘေး ရင်ဆိုင်ဖို့ တံခါးပိတ် ကျင့်ကြံနေတယ်…"
ကျူးယွမ်ကျီက ခုံအားမှီကာ စကားပြန်နေသည်။
"အဲ့တာကြောင့်မို့ နောက်ထပ် ဆယ်နှစ် နှစ်နှစ်ဆယ်လောက် ထပ်စောင့်ပြီးမှ ပြန်လာတော့… နှုတ်ဆက်ပါတယ်…"
"ဟားဟား ဒါဆိုလည်း သူက ကပ်ဘေး ရင်မဆိုင်ရသေးဘူး မဟုတ်လား…"
ဟွမ်ဖုဖိန်က ပြုံးမိနေသည်။
"ဒီတခေါက် ငါနိုင်ပြီ … အဲ့လိုမှတော့ အောင်ပွဲခံပြီး ဝိုင်သောက်ရမယ်…"
"ဟုတ်ပါပြီ ခင်ဗျားနိုင်ပါတယ်…"
ကျူယွမ်ကျီက စိတ်မရှည်စွာဖြင့် လက်ရမ်းလိုက်၏ ။
"ချီမင်ဓားဂိုဏ်းက နတ်ဆိုး ကျင့်ကြံသူအတွက် သောက်စရာ မရှိနေဘူး… ပြန်ပါတော့…"
"ဟုတ်ပြီလေ သောက်မှာကို နောက်မှ ပြောတာပေါ့…"
ဟွမ်ဖုဖိန်က ထွက်မသွားသေးဘဲ ပြုံးကာ စကားဆိုပြန်သည်။
"ကျူဖုန်း မရှိမှတော့ ချီမင်ဓားခေါင်းဆောင်ကော… ကောင်မလေးစု ပြောတာတော့ သူခုတလော အလုပ်များနေတယ်ဆိုလား…"
"အို နားလည်လိုက်ပြီ…"
ကျူယွမ်ကျီက ဟွမ်ဖုဖိန်အား ထူးဆန်းစွာ ကြည့်လိုက်မိသည်။
"ခင်ဗျား ဒီကိုလာတာ တိုက်ခိုက်ဖို့လို့ ထင်ထားတာ ဒါပေမယ့် အရိုက်ခံရဖို့ လာမယ်လို့ ထင်မထားဘူး… ဟုတ်ပြီလေ အရိုက်ခံချင်မှတော့လည်း ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့… ဘိုးဘေးငယ်က ကြယ်ခုနှစ်ခု တောင်ထွဋ်မှာပဲ… သွားရှာလိုက်တော့…"
………
တန်ရော်ဝေက ကျောက်စိမ်းပြားအား ထုတ်၍ အစောင့်တပည့်များအား ပြသသည်။ ခဏအတွင်း၌ တောင်တန်းရှိ ဂိတ်တံခါးမှ ဝင်ခွင့်ပြုသည်။ သူမက ဌာနခွဲသို့သွား၍ ဒုတိယမြောက် တာဝန်အား ဆောင်ရွက်ကာ ပင်မခန်းမသို့ ထွက်လာသည်။
ပင်မခန်းမသို့ သွားသည့် လမ်း၌ မိုးကြိုး တိမ်တိုက်အောက်မှ နတ်ဆိုး ပုံရိပ်အား မြင်လိုက်ရသေးသည်။ ထိုပုံရိပ်၌ ခေါင်းခြောက်ခုနှင့် လက်ခြောက်ဖက် ရှိ၏ ။ ခေါင်းတခုစီတွင် ဦးချို နှစ်ခု ရှိသည့်အပြင် လက်တဖက်စီတွင်လည်း ဓားကိုင်ဆောင်ထားသေးသည်။
နတ်ဆိုး၏ အော်သံမှာ ကျယ်လောင်လှသည့်အပြင် စွမ်းအားပြင်းလွန်းသည့်အတွက် ချီမင် ဓားဂိုဏ်း တခုလုံးပင် တုန်လှုပ်သွားရသည်။
ထိုမြင်ကွင်းကြောင့် တန်ရော်ဝေသည်လည်း အံ့ဩမိသွားရသည်။ သို့သော်လည်း နတ်ဆိုး ပုံရိပ် တည်ရှိသည့် နေရာမှာ ကြယ်ခုနှစ်ခု တောင်ထွဋ် ဖြစ်သည်ကို မြင်ရသည့်အတွက် စိတ်အေးမိသွားတော့သည်။
ထိုခဏတွင် ဓားအလင်းတခု ပေါ်လာပြီး နတ်ဆိုးပုံရိပ်အား ခေါင်းမှ ခြေအထိ နှစ်ပိုင်းခြမ်းပစ်သည်။ ထိုခဏ၌ စူးစူးဝါးဝါး အော်သံကိုပါ ကြားလိုက်ရသေးသည်။
တန်ရော်ဝေသည်လည်း တိုက်ပွဲအား အာရုံစိုက်မနေတော့ဘဲ ပင်မခန်းမသို့သာ အာရုံပြု၍ ဆက်သွားလိုက်တော့သည်။