ကျောက်စာ(၁)
Vol. 10 Ch. 98
နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၉၈)
မူရင်းစာရေးဆရာ -
ဘာသာပြန် - Author Aven
Team - True Immortal Team
တန်ရော်ဝေ ရောက်လာသည်ကို မြင်ရသည့်အတွက် ကျူယွမ်ကျီက ရေရွတ်လိုက်သည်။
"အိုး စီနီယာ ဒေါ်လေး ရော်ဝေ ပြန်လာပြီပဲ…"
ကျူယွမ်ကျီက စာရွက်စာတမ်းများဖြင့် အလုပ်များနေခြင်းမှာ ကြုံရခဲသည့် ရှားရှားပါးပါး မြင်ကွင်းတခု ဖြစ်သည်။ တန်ရော်ဝေ ဝင်လာချိန်၌ ကျူယွမ်ကျီက မင်တံချကာ ပြုံးလိုက်သည်။
"ဂိုဏ်းခေါင်းတောင် တန်ရော်ဝေ ပြန်ရောက်ပါပြီ…"
ဂိုဏ်းခေါင်းဆောင်ဖြင့် တွေ့ဆုံခြင်း ဖြစ်သည့်အတွက် တန်ရော်ဆဝက ထောင်လွှားခြင်းနှင့် အရိုအသေတန်ခြင်းတို့အား ဖယ်ရှားထားသည်။ သူမက အစဉ်အလာအတိုင်းပင် ကျူယွမ်ကျီအား ဦးညွတ်လိုက်သေး၏ ။
"စီနီယာ ဒေါ်လေးက တော်တော်ကြိုးစား ခဲ့ပုံပဲ… ကြည့်ရတာ ကျင့်ကြံမှုတောင် တက်လာပြီ…"
ကျူယွမ်ကျီက တန်ရော်ဝေအား ကြည့်၍ မှတ်ချက်ပြုသည်။
"ကြည့်ရသလောက်တော့ နောက်တဆင့်ရောက်ဖို့ မကြာတော့ဘူး…"
"ဆရာ့ ခြေရာကို လိုက်ချင်တာပါ ဒါပေမယ့်လည်း လိုနေသေးတယ်လေ…"
တန်ရော်ဝေက သက်ပြင်းချမိသွားသည်။
"အလျင်လိုစရာ မလိုဘူးလေ… သူ့ကို မှီတဲ့တော့ ရှိမနေသေးဘူး…"
ကျူယွမ်ကျီက လက်ရမ်း၍ ပြောလာသည်။
"ဒါနဲ့ မြေပုံ အချက်အလက်တွေကော…"
"ဒီမှာပါ…"
တန်ရော်ဝေက ပိုးဖဲသားဖြင့် စည်းနှောင်ထားသော စာလိပ်အား ကမ်းပေးလိုက်သည်။
"ကံကောင်းလို့ အချိန်မီပြီးသွားတာ…"
ကျူယွမ်ကျီက စာလိပ်အား ယူ၍ တချက်ကြည့်ကာ ခေါင်းညိမ့်လိုက်သည်။
"စီနီယာဒေါလေးက ကောင်းကောင်းလုပ်ခဲ့တာပါလား… ဒီအချက်အလက်တွေ ကြည့်ရင် ဂိုဏ်းငယ်တချို့က တိတ်ဆိတ် လှုပ်ရှားနေကြတာပဲ… ဒါကလည်း အစီအရင်ရဲ့ စွမ်းအင်စက်ဝန်းပေါ့… ကျေးဇူးပါ."
"ဂိုဏ်းခေါင်းတောင်က ယဉ်ကျေးလွန်းနေပါပြီ… ငါကလည်း ချီမင်ဓားဂိုဏ်းရဲ့ တပည့်ပဲလေ…'
တန်ရော်ဝေက ပြုံးကာ စကားပြန်ပြောသည်။
ပထမဆုံး ခရီးမှ ပြန်ရောက်လာပြီးနောက်တွင် သူမက စုရှန်းရွှယ်နှင့် ကျိုးယန်ဖေးတို့ကြောင့် စိတ်အားတက်နေသည်။ သို့မဟုတ်ပါက တိုက်ခိုက်ရာ၌ အသက်ရင်းရန် မလိုသည်ကို သိလာခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ ထို့အပြင် ပိုင်ချူးရန်၏ သင်ပြမှုများကြောင့် တခြားသော အကြောင်းအရာများကိုပါ ကိုယ်တိုင် လေ့လာသင်ယူမိသွားသေးသည်။
တော်ဝင် မင်းသမီး ဖြစ်ခဲ့သည့် တန်ရော်ဝေက ကိုယ်ပိုင်မာန ရှိထားသည်။ ထို့အပြင် သူမက ဆရာဖြစ်သူနှင့် ချီမင်ဓားဂိုဏ်းအတွက်ပါ အထောက်အကူပြုလိုသေးသည်။ သို့ရာတွင် သူမ၏ ဆရာအား အမီလိုက်ရန်မှာ မဖြစ်နိုင်သည်ကို နားလည်ထား၏ ။ ပါရမီအား ချွင်းချက်ထားလျှင်ပင် သူမနှင့် ပိုင်ချူးရန်ကြား၌ နှစ်သုံးထောင် ကွာဟချက် ရှိနေသေးသည် မဟုတ်လော။
ထိုအကြောင်းပြချက်များကြောင့် မိန်းကလေးငယ်က သူမ အကျိုးပြုနိုင်မည့် နေရာများအား ရှာဖွေခဲ့သည်။ သို့ဖြစ်ရာ ယခုတင်ပြချက်မျိုးမှ သူမ၏ ရှာဖွေတွေ့ရှိမှုများအား ထုတ်ဖော်နိုင်သည့် အရာတည်း။
မြေပုံအချက်အလက်များ စုဆောင်းခြင်းမှာ အချက်အလက်များ ရှာဖွေ မှတ်တမ်းတင်ခြင်း ဖြစ်သည်။ စုဆောင်းထားသည့် အချက်အလက်များအား သဘောတရားအရ ပုံကြမ်းချရေးနိုင်သည်။ စွမ်းအင်၊ တိကျသေချာသည့် နေရာ၊ အစီအရင်စွမ်းအင် ၊ သွန်းလုပ်ခြင်း စွမ်းအင် စသည်တို့အား အချက်အလက် စုဆောင်း၍ မှတ်တမ်းပြုနိုင်သည်။ ထို့နောက် မှတ်တမ်း အချက်အလက်များအား ပုံကြိမ်းဆွဲ၍ ပြန်လည်လေ့လာနိုင်သည်။
အစီအရင်၊ ဓားတိုက်ကွက်နှင့် သန့်စင်ခြင်းတို့၌ ပိုင်ချူးရန်မှာ အသိပညာ အားသာလွန်းလှသည်။ သို့သော်လည်း ပိုင်ချူးရန်အနေဖြင့် ဆန္ဒရှိလျှင်ပင် ချီမင်ဓားဂိုဏ်းမှ အသေးအဖွဲ့ ကိစ္စများကြောင့် အနှောင့်အယှက် ပြုရဲမည် မဟုတ်ပေ။
အချိန်အတိုင်းအတာ တခုအထိ လေ့လာပြီးသည့်အတွက် တန်ရော်ဝေက ကျူယွမ်ကျီမှ လျှို့ဝှက်ပေးအပ်သည့် အချက်အလက် စုဆောင်းရေး တာဝန်များအား ကျွမ်းကျင်နေပြီ ဖြစ်သည်။
"စီနီယာ ဒေါ်လေး ပြန်နားလို့ ရပါပြီ…"
ကျူယွမ်ကျီက စာလိပ်အား အံဆွဲအတွင်း ထည့်လိုက်ကာ စကားဆိုသည်။
"ဘိုးဘေးငယ်က ကြယ်ခုနှစ်ခု တောင်ထွဋ်မှာပါပဲ…"
"ဟုတ်ပြီ…"
တန်ရော်ဝေက ခေါင်းညိမ့်ကာ တံခါးဆီသို့ လျှောက်သွား၏ ။ သို့သော်လည်း ရုတ်တရက် ခြေလှမ်းရပ်ကာ မေးမိသေးသည်။
"ဪ မေးရဦးမယ်… တောင်ပေါ်လာတုန်းက ကြယ်ခုနှစ်ခု တောင်ထွဋ်မှာ နတ်ဆိုးပုံရိပ်ကို မြင်လိုက်ရသေးတယ်… ဆရာနဲ့ တိုက်ခိုက်နေတာက ဘယ်သူများပါလိမ့်…"
"အို ဒါကတော့ စီနီယာ ဒေါ်လေး အာရုံမစိုက်လည်း ရပါတယ်…"
ကျူယွမ်ကျီက အမှတ်တမဲ့ ပြောထွက်လာသည်။
'စိတ်မမှန်တဲ့ နတ်ဆိုး လမ်းစဉ် ကျင့်ကြံသူတယောက်က အရိုက်ခံဖို့ တံခါးဝအထိ ရောက်လာတာပေါ့… ဘိုးဘေးငယ်က သူ့ကို တိုက်ခိုက်ဖို့ ပြဿနာ ရှိမှာ မဟုတ်ဘူးလေ…"
………
"မင်းရဲ့ ဓားစွမ်းရည် တိုးတက်လာသားပဲ…"
ပိုင်ချူးရန်က လက်ထဲရှိ သစ်သားချောင်းအား ပစ်ထုတ်ကာ စကားဆိုသည်။ ထို့နောက်တွင် မြေကျင်းထဲသို့ ကျရောက်နေသည့် ဟွမ်ဖုဖိန်အား စိုက်ကြည့်လိုက်သည်။
ဟွမ်ဖုဖိန်၏ မျက်နှာ အမူအရာမှ သေရွာပြန်လာသကဲ့သို့ ဖြစ်နေသည်။ လက်တလောတွင် ကောင်းကင် နတ်ဆိုးဂိုဏ်း၏ မဟာအကြီးအကဲမှာ တည်ငြိမ်နေသည့်အတွက် ဘုန်းကြီးတပါးကဲ့သို့ ထင်မှတ်ရလောက်သည်။ ထိုသူက ကောင်းကင်အား အချိန်အတော်ကြာ စိုက်ကြည့်နေရာမှ မေးခွန်းဆိုလာသည်။
"ဓားခေါင်းဆောင် ဒီအကြောင်းပြောတာ ပထမဆုံး မဟုတ်ပေမယ့်လည်း မေးရဦးမယ် အခုထိ ချီသန့်စင်ခြင်း အဆင့်မှာပဲလား… ကျင့်ကြံမှု လမ်းကြောင်းအသစ် ဖြစ်နေတာများလား…"