← Chapters

စုရှန်းရွှယ်၏ လာဘ်ထိုးမှု

Vol. 10 Ch. 99

စုရှန်းရွှယ်၏ လာဘ်ထိုးမှု

Vol. 10 Ch. 99

နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၉၉)

မူရင်းစာရေးဆရာ -

ဘာသာပြန် - Author Aven

Team - True Immortal Team

"အဓိပ္ပာယ် မရှိတာ…"

ပိုင်ချူးရန်က ပေါ့ပေါ့ပါးပါးသာ ပြောသည်။

"အဲ့လိုသာဆို ငါက ကောင်းကင် ကပ်ဘေး ရင်ဆိုင်နေရပြီပေါ့… ငါအသက်ရှင်လာတာ ကြာနေပြီ မိုးကြိုး တခုတောင် လာမထိဖူးသေးဘူး… ကောင်းကင်ကတောင် ငါ့ကို ချီသန့်စင်ခြင်းအဆင့်လို့ မြင်နေသေးတာ သိသာတယ်… နောက်ပြီး ငါ့အကြောင်း တွေးမယ့်အစား ကိုယ့်ဘာသာ အာရုံစိုက်ဦး… သမိုင်းကြောင်းပြောင်းပြီးတော့ မဟာကျန်း ပြက္ခဒိန်နှစ် စကတည်းကဆိုရင် မင်းက ကောင်းကင်ကပ်ဘေးမှာ အသက်ရှင်တဲ့ ပထမဆုံး နတ်ဆိုး လမ်းစဉ် ကျင့်ကြံသူ…"

"ဟားဟား… ဒါကတော့ ကျွန်တော် ကံကောင်းတာပါ…'

ဟွမ်ဖုဖိန်က နှစ်ခြိုက်စွာ ရယ်လိုက်သည်။

"ကောင်းကင်ကတောင် ကျွန်တော့် အသက်ကို မယူချင်ဘူး…"

"မဟုတ်သေးဘူး ဒီလိုဖြစ်တာက မင်းမကောင်းမှု နည်းလို့ပဲ… အဲ့တာကြောင့် အားပျော့တဲ့ ကောင်းကင် ကပ်ဘေး ကြုံရတာပေါ့…"

ပိုင်ချူးရန်က ရှင်းချက် ထုတ်ပေးနေသည်။

"မကောင်းမှု များနေရင်တော့ ကောင်ကင်က မသတ်နိုင်ရင်တောင် ငါကိုယ်တိုင် လာသတ်မှာ…"

"ဟုတ်ပါပြီ…"

ဟွမ်ဖုဖိန်က မြေကျင်းအတွင်း၌ ထထိုင်လိုက်သည်။ သို့သော်လည်း ခန္ဓာကိုယ်၌ နာကျင်နေသေးပုံရ၏ ။

"ဒီစကားကို ကျွန်တော်ယုံပါတယ်…"

"ငါမေးစရာရှိသေးတယ်…"

ပိုင်ချူးရန်က စကားဖြတ်ပြော၏ ။

"မဟာတက်လှမ်းခြင်းမှ ဘယ်သွားမလဲဆိုတာ စဉ်းစားပြီးပြီလား… သမိုင်းမှာတော့ နတ်ဆိုး ကျင့်ကြံသူတွေ အင်မော်တယ် လောကဆီရောက်တာ မတွေ့မိဘူး…"

"အာ ဒါကတော့ အချိန်ကျမှ တွေးတော့မယ် စကားမစပ် ပြောရဦးမယ်… စုရှန်းရွှယ်က ဓားခေါင်းဆောင်ကို ကျွန်တော်တွေ့ခဲ့တာ ပြောပြခိုင်းထားတယ်လေ… တကယ်တော့ ဒီတဆခါက် တောထဲသွား

တဲ့အချိန် ပျက်စီးနေတဲ့ လျို့ဝှက်ချက်တွေ တွေ့ခဲ့သေးတယ်…"

ဟွမ်ဖုဖိန်က ထရပ်လိုက်သည်။

'သူ့ဆီ အကြွေးတင်နေတာရှိတော့ ‌ဓားခေါင်းဆောင်ကို ပြန်ပြောပြလိုက်ပါ့မယ်… ဒီလျှိ့ဝှက်ချက်က အဆင့်တက်ဖို့ အထောက်အကူ ပြုမယ် ထင်ရတာပဲ…"

"အို… ဘာများလဲ…'

အဆင့်တက်မည် ဟူသော စကားကြောင့် ပိုင်ချူးရန်က သိလိုစိတ် ပြင်းပျသွားသည်။

"တောထဲက ဝိညာဉ်ပျက်မြစ်ဆီ ပထမဆုံးသွားခဲ့တာပေါ့… ကောင်းကင် ကပ်ဘေး ရင်ဆိုင်တော့ နောက်ဆုံးမိုးကြိုးကို ခုခံတဲ့ အချိန်မှာ ဝိညာဉ်ပျက်မြစ်ထဲ ချိုင့်တခု ဖော််မိသွားတယ်…"

ဟွမ်ဖုဖိန်က ဝတ်ရုံလက်အတွင်းမှ စာလိပ်တခုအား ထုတ်ယူ၍ ပေးလာသည်။

'ကျောက်တုံးပေါ်က စာလုံးတွေကိုတော့ နားမလည်နေဘူး ဒါပေမယ့် ကူးလာလိုက်တယ်…"

………

တန်ရော်ဝေက ပင်မတောင်ထွဋ်မှာ ကြယ်ခုနှစ်ခု တောင်ထွဋ်သို့ လျှောက်သွားသည်။ တောင်ထွဋ်သို့ ရောက်ချိန်တွင် မူလအမြင့်ထက် တဝက်ခန့် လျော့နေသည်ကို မြင်လိုက်ရသည်။ ဆရာ၏ ဘေး၌ သားမွှေးဝတ်ရုံဖြင့် လူတဦးကိုလည်း မြင်နေရသေးသည်။

တန်ရော်ဝေ ရောက်လာချိန်၌ ထိုနှစ်ဦးက နောက်လှည့်ကြည့်လာကြသည်။

"ဆရာ…"

တန်ရော်ဝေက ဆရာဖြစ်သူအား အော်ပြောကာ နှုတ်ဆက်သည်။

"ဟုတ်ပြီ အို ပြန်ရောက်ပြီလား ရော်ဝေ…"

ပိုင်ချူးရန်က တပည့်ဖြစ်သူအား တချက်ကြည့်၍ ခေါင်းလှည့်သွားသည်။

"ဆရာ သူက ဘယ်သူများလဲ…"

တန်ရော်ဝေက သားမွှေးဝတ်ရုံရှင်အား စိုက်ကြည့်ကာ စူးစမ်းနေသည်။

"ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်း အခုတော့ မဟာအကြီးအကဲ ပြောရမယ်… နာမည်ကတော့ ဟွမ်ဖုဖိန်ပဲ…"

ပိုင်ချူးရန်က ရှင်းပြနေရာမှ တန်ရော်ဝေအား လက်ညှိုးညွှန်၍ ပြောပြန်သည်။

"ဒီယောက်ျားလျှာက ငါ့တပည့်ပဲ…"

"အို ဒါက ဒဏ္ဍာရီထဲက သံပင်ကြီး ပန်းပွင့်တာမျိုးလား…"

ဟွမ်ဖုဖိန်က တန်ရော်ဝေအား ကြည့်၍ အံ့ဩတကြီး ပြောမိသည်။

"‌ကံကောင်းပါစေ ကောင်မလေးရေ…"

"ကောင်းကင် နတ်ဆိုးဂိုဏ်း…"

တန်ရော်ဝေက ဆရာဖြစ်သူအား စိုက်ကြည့်၍ ဆွံ့အမိသွားသည်။

"ဂိုဏ်းသခင်စုတော့ ထားလိုက်ဦး အခုက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ မဟာအကြီးအကဲ… ဆရာ အမှန်တရား လမ်းစဉ်ကျင့်ကြံသူ ဖြစ်ပြီးတော့ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူတွေနဲ့ ရင်းနှီးလွန်းနေတာပါလား…"

"ငါတို့က မရင်းနှီးဘူး… ငါဘာလုပ်ရမလဲ သိတယ်…"

ပိုင်ချူးရန်က နောက်လှာ့်မကြည့်ဘဲ ပြန်ဖြေသည်။

"ဆရာ ဘာကြည့်နေတာများလဲ…"

တန်ရော်ဝေက ဟွမ်ဖုဖိန်၏ လက်အတွင်းမှ စာအား စူးစမ်းကြည့်ကာ အံ့အားသင့်သွားသည်။

"ဒီစာက အရင်ခေတ်က မဟုတ်လား…"

"ဘယ်လို…"

ယခု တကြိမ်၌ ပိုင်ချူးရန်က အံ့ဩသွားတော့သည်။

"ငါ့တပည့် သိနေတာလား… ဘယ်ကနေ သင်ခဲ့တာတုံး…"

"ဆရာ ခန့်မှန်းကြည့်ပေါ့…"

တန်ရော်ဝေက အကြည့်လွှဲလိုက်၏ ။

"ဒါဆိုလည်း ဆရာက စမ်းသပ်ကြည့်ရမှာပေါ့…"

ပိုင်ချူးရန်က စာလိပ်အား ယူဆောင်၍ တန်ရော်ဝေ၏ ရှေ့၌ ဖြန့်ပြလိုက်သည်။

"ဒီစာတွေက ဘာပြောထားတာတုံး…"

'အမ်… အခုကတော့ စာလုံးတခုပဲ သိတယ်…"

တန်ရော်ဝေက စာလိပ်အား စူးစိုက်ကြည့်နေသည်။ အချိန်တခု ကြာပြီးချိန်၌ စာလုံးတခုအား လက်ညှိုးဖြင့် ထောက်ပြကာ…

"ဒါက ‌မြေကြီးရဲ့ အင်မော်တယ် ရှင်းရှင်း ပြောရရင်တော့ မြေအင်မော်တယ်… ရှေးစာအုပ်တွေ ပြန်ကြည့်ဖို့တော့ လိုသေးတယ်… အရင်ခေတ် စာလုံးတွေက တော်တော့်ကို ဆန်းပြားတယ် ရှေးခေတ်စာအုပ်တွေနဲ့ စာတချို့ကနေတော့ မှီငြှမ်းလို့ရနိုင်မယ်… အဲ့စာတွေ မကြည့်ဖြစ်တာ ကြာပြီဆိုတော့ အခုတော့ သိပ်မသိနေဘူး…"

"ကောင်းပြီလေ…"

ပိုင်ချူးရန်က ခေါင်းညိမ့်လိုက်ကာ…

"သာမန် ကျင့်ကြံသူတွေအတွက်တော့ ဒီစာက စိတ်ရှုပ်စရာပဲ… သဒ္ဒါကလည်း မဖြောင့်တန်းဘူး ငါတောင် ဝါကျတကြောင်းပဲ ဖတ်နိုင်တယ်… ကျွိယင်တောင်ရဲ့ မြေအင်မော်တယ် ကျန်းလဲ့ အသတ်ခံရတယ်… ဒီလိုပဲ ဖတ်လို့ရတာ…"

All Chapters