← Chapters

စုရှန်းရွှယ်၏ လာဘ်ထိုးမှု(၁)

Vol. 10 Ch. 100

စုရှန်းရွှယ်၏ လာဘ်ထိုးမှု(၁)

Vol. 10 Ch. 100

နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၁၀၀)

မူရင်းစာရေးဆရာ -

ဘာသာပြန် - Author Aven

Team - True Immortal Team

"ဒါဆို စီနီယာကကော မြေအင်မော်တယ်ဆိုတာကို ဘယ်လိုထင်လဲ…"

ဟွမ်ဖုဖိန်က မေးလာသည်။

"ကျွန်တော်ကတော့ ကောင်းတာ မဟုတ်ဘူးလို့ မြင်နေတယ်…"

"မြေအင်မော်တယ်… နာမည်အရတော့ အသက်ရှင်နေဆဲ အင်မော်တယ်ပဲ…"

ပိုင်ချူးရန်က ကောင်းကင်အား မေ့ကြည့်ကာ ရေရွတ်နေသည်။

"သမိုင်းမှာတော့ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူတွေ အင်မော်တယ်ဖြစ်တာ မတွေ့ရဘူး… ဖြစ်နိုင်တာကတော့ … နတ်ဆိုးလမ်းစဉ်ရဲ့ အဆုံးသတ်က မြေအင်မော်တယ်များလား…"

"ဒါဆိုရင် နတ်ဆိုးဂိုဏ်းရဲ့ ရှေးမှတ်တမ်းမှာ ရှိမနေတာကကော…"

ဟွမ်ဖုဖိန်က မျက်နှာထားတင်းမာသွား၏ ။

"ထူးဆန်းနေတယ်…"

"အသတ်ခံရတယ်လို့ ရေးထားတယ် မဟုတ်လား… ဖြစ်နိုင်တာကတော့ အင်အားကြီးအဖွဲ့က မြေအင်မော်တယ်ကို လိုက်သတ်နေတာများလား…"

ပိုင်ချူးရန်က ဟွမ်ဖုဖိန်အား ပုခုံး ပုတ်၍ ပြောနေသည်။

"သတ်ဖြတ်နေတာမျိုးလား…"

"ဆရာ…"

တန်ရော်ဝေက စကားဆိုလာသည်။

"ဒီစာလိပ်ကို အကြီးအကဲတွေဆီ ယူသွားလိုက်ရမလား.… ဂန္တဝင် စာပေနဲ့ တိုက်စစ်ရင်တော့ ဘာသာပြန်ရလာမှာပါ…"

"ဒါက ငါ့စာလိပ် မဟုတ်ဘူး…"

ပိုင်ချူးရန်က ခေါင်းညိမ့်နေသည့် ဟွမ်ဖုဖိန်အား စိုက်ကြည့်လိုက်သည်။

တဆက်တည်းတွင် ခေါင်းညိမ့်နေသူက စကားဆိုလာ၏ ။

"ရတယ် ဒါပေမယ့် ဘာသာပြန်ပြီးရင် စာရွက်ပွားပြီး ပေးဦးပေါ့…"

"ကြားတယ် မဟုတ်လား… သွားတော့…"

ပိုင်ချူးရန်က တန်ရော်ဝေအား ခေါင်းပုတ်လိုက်ကာ စာလိပ် ပေးလိုက်သည်။

"ဆရာတော့ အကြီးအကဲ ဟွမ်ဖုဖိန်နဲ့ စကားစမြည် ပြောဦးမယ်…"

တန်ရော်ဝေက စာလိပ်အား ယူဆောင်၍ စာကြည့်သို့ အလောတကြီး သွားလိုက်သည်။ ထို့နောက် အကြီးအကဲလေးအား ဘာသာပြန်ရန် အကူအညီ တောင်းခံသည်။ ထိုအချိန်၌ ပိုင်ချူးရန်က ဟွမ်ဖုဖိန်အား ခြံဝန်းအတွင်းသို့ ဦးဆောင်ကာ ဝိုင်နှစ်ပုလင်းဖြင့် ဧည့်ခံသည်။

"ဟားဟား ဓားခေါင်းဆောင်က အခြေအနေ အသိဆုံးပဲ… ကျွန်တော့်အကြိုက်ကို သိနေတာပါလား…"

ဟွမ်ဖုဖိန်က ကျေနပ်စွာ ခေါင်းညိမ့်၍ ဝိုင်ပုလင်းအား အဖုံးဖွင့်ကာ အနံ့ခံလိုက်သည်။

"ဟမ်… ဒီဝိုင်က သက်တမ်းရင့် မဟုတ်နေသလိုပဲ…"

"ဘယ်ဟုတ်ပါ့မလဲ… သက်တမ်းရင့်ဝိုင် အကုန်လုံး ငါသောက်ပစ်လိုက်ပြီ… ပေးတာကိုသောက် အတွန့်မတက်နဲ့… ဂျီးများမနေနဲ့ မဟုတ်ရင် မင့်ခေါင်းဖြတ်ပြီး ခေါင်းခွံကို ဝိုင်ခွက်လုပ်ပစ်မယ်…"

ပိုင်ချူးရန်က တန်ရော်ဝေ အခြေတည်အဆင့် တက်လှမ်းသည့်နေ့အား ပြန်တွေးမိကာ သက်ပြင်းချမိသည်။

"အာ မင်းတွေ့ခဲ့တာက ငါ့အဆင့်တက်ဖို့ အထောက်အကူဖြစ်ရင် ကောင်းမှာပဲ…"

"ဓားခေါင်းဆောင်က ကျုပ်ထက်တောင် နတ်ဆိုး လမ်းစဉ်ကျင့်ကြံသူပြောစကားနဲ့ တူနေသေးတယ်…"

ဟွမ်ဖုဖိန်က ခဏကြာ ခေါင်းကုတ်မိလိုက်သည်။ ထို့နောက် တုံ့ဆိုင်းမနေဘဲ ဝိုင်အား တကျိုက်မော့ပစ်သည်။

"ပြင်းချက်ပါလား… အနံကတော့တယ်ကောင်းသကိုး…"

ထိုသူက ဝိုင်ကရားအား အောက်ချကာ ပင့်သက်ရှုက်ပြန်သည်။

"ကျွန်တော် ပြန်ရောက်လာတုန်းက စုရှန်းရွှယ်ကလည်း ကာမသုတြာဂိုဏ်းရြ့ တာအိပ်ဝိုင် ပေးသေးတယ်… အရသာကတော့ ကောင်းပါတယ် ဒါပေမယ့် ပြင်းအားနည်းလွန်းတယ်လေ ကျွန်တော် သောက်နေကျလို မဟုတ်ဘူး…"

"မင်းရဲ့ ဘဝမှာ ဓားနဲ့ ဝိုင်ပဲ ရှိတာလား…"

ပိုင်ချူးရန်က မေးခွန်းထုတ်သည်။

"ဒါတော့ မှားတယ်ဗျာ… ဓားကို စွန့်လွှတ်နိုင်တယ် ဒါပေမယ့် ဝိုင်ကိုတော့ လက်လွှတ်ဖို့ မဖြစ်နိုင်ဘူး… ဒီဝိုင်က ကျွန်တော့် အသက်သွေးကြောပဲ ပြီးတော့ ကျွန်တော်က ဝိုင်သောက်နေရရင် ရေတောင် မသောက်တဲ့သူမျိုးလေ…"

ဟွမ်ဖုဖိန်က ပိုင်ချူးရန်အား လက်ညှိုးထိုးကာ ပြောပြန်သည်။

"ဒါပေမယ့် ကျွန်တော့် ဘဝမှာ ဓားနဲ့ဝိုင်ပဲ မဟုတ်တာကို သက်သေပြနိုင်တယ်… စီနီယာတော့ မှားပြီ… ကျွန်တော်က လက်ထပ်ဖူးတယ်လေ… ဇနီး မရှိတော့ပေမယ့် တကိုယ်တည်းသမား မဟုတ်ဘူး… မျိုးဆက်တွေနဲ့ပေါ့…"

"ဖွီး…"

ပိုင်ချူးရန်က လည်ပင်း၌ ဝိုင်သီးကာ ‌ပါးစပ်အတွင်းမှ ဝိုင်များ ပြန်ထွက်လာသည်။ ထို့နောက် မျက်နှာထား ခက်ထန်သွားကာ.

"သေစမ်း…"

"စီနီယာ တယောက်ယောက်ကို ချစ်ဖို့ မစဉ်းစားဖူးဘူးလား…"

ဟွမ်ဖုဖိန်က ရယ်မောကာ စကားဆိုသည်။

"နှစ်သုံးထောင်ကျော်တောင် အသက်ရှင်ပြီးပြီပဲ စီနီယာက ကောက်ကာ ငင်ကာကြီး သေသွားမှာ မဟုတ်ဘူးလေ… ဘဝကို ပျော်ပျော်ဖြတ်သန်းတာပဲ ကောင်းလိမ့်မယ်… ကုပြည်နယ်မှာ ဆိုင်တခုရှိတယ်နော် သူ့တို့က နာမည်လည်း ကောင်းတယ်…"

"မင်းက တော်တော်လေး…"

ပိုင်ချူးရန်က တဖက်သူအား စိုက်ကြည့်လိုက်ကာ…

"မင်းပြောတာ သာယာမှု နယ်မြေ မဟုတ်လား… ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ တပည့်တွေက ကာမသုတြာဂိုဏ်းရဲ့ ဖောက်သည်တွေ ဖြစ်ပုံပဲ…"

"အို မေ့သွားတာ… စီနီယာက ဂိုဏ်းသခင်စုနဲ့ ရင်းနှီးတာပဲ…"

ဟွမ်ဖုဖိန်က ခေါင်းကုတ်မိသွားသည်။

"ဒါပေမယ့် စီနီယာက ဂိုဏ်းသခင်စုနဲ့ အဆင့်မတက်တော့ဘူးလား… သူက ကာမသုတြာဂိုဏ်းမှ အကောင်းဆုံးကြီးနော်…"

'ငါကတော့ ကာမသုတြာဂိုဏ်းနဲ့ ပက်သက်ရင် ကြောက်မိတုန်းပဲ…"

ပိုင်ချူးရန်က တည်ငြိမ်စွာ ပြန်ဖြေပေးသည်။

"နောက်ပြီး ငါက သာမန်ပါပဲ… ပြင်းပြတဲ့ ဆန္ဒရာဂတွေ ရှိမနေဘူး…"

"တကယ်တော့ ကျွန်တော်မြင်တာ ပြောမယ်နော်… စီနီယာက တခြားသူတွေကို ကိုယ့်အမြင်ကနေ ဝေဖန်တတ်ပုံပဲ…"

ဟွမ်ဖုဖိန်က နားချစကား ပြော‌‌လာသည်။

"ဂိုဏ်းသခင်စုက စီနီယာ မြင်ထားသလိုထဲက လူမျိုး မဟုတ်ဘူးနော်…"

"ဒီနေ့ မင်း တယ်စကားများပါလား…"

ပိုင်ချူးရန်က ဟွမ်ဖုဖိန်အား စိုက်ကြည့်၍ ကောက်ချက်ချသည်။

"ခန့်မှန်းကြည့်ရတာပေါ့ စုရှန်းရွှယ်က မင်းကို ဘာတွေ လာဘ်ထိုးထားတုံး…"

ဟွမ်ဖုဖိန်က ခဏတာ ကြောင်အမ်းအမ်းဖြစ်သွားသည်။ ထို့နောက် ရယ်လိုက်ကာ…

"စီနီယာက သိနေတာပါပဲ… ကျွန်တော်ကတော့ လိမ်ပြောတဲ့နေရာမှာ မတော်ပါဘူး… တစ်ညအိပ်ဝိုင်က အကြိုက်မဟုတ်ပေမယ့်လည်း ဒီလောကထဲ အကောင်းဆုံး ဝိုင်ပဲလေ… ဝိုင်အိုးကြီးတွေ ရထားတော့ ကျွန်တော့်အတွက် ဖူလုံတယ်ပဲ ပြောရမလား…"

All Chapters