← Chapters

အခန်း (၁၆၁)

Vol. 17 Ch. 161

အခန်း (၁၆၁)

Vol. 17 Ch. 161

တန်ခိုးရှင် စာစဉ် (၁၇)

အခန်း (၁၆၁)

သစ်တောအုပ်နက်ကြီးထဲတွင်...

ရွှီး...

စစ်ထူယွင်၏ မျက်လုံးများက သွေးလိုနီရဲနေကာ စစ်မှန်သောနတ်ဆိုးသွေးလောင်ကျွမ်းခြင်း လျှို့ဝှက်သိုင်းကို အသည်းအသန် အသက်သွင်းလိုက်ပြီး သူ၏ ပျံသန်းမှုအရှိန်ကို အမြင့်ဆုံးအထိ မြှင့်တင်ကာ တောနက်ထဲသို့ ရူးသွပ်စွာ ထွက်ပြေးနေတော့သည်။

သို့သော် သူ့ကို စိတ်ပျက်စေသည်က ဘယ်လိုလှည့်ကွက်မျိုးတွေပဲ သုံးသုံး အနောက်မှ ကပ်လိုက်နေသော လိုက်လံဖမ်းဆီးသူများကို မရှောင်တိမ်းနိုင်ခဲ့ခြင်းပင်။

"ယုတ်မာတဲ့ကောင်၊ ရှင် ဘယ်ကို ထွက်ပြေးနိုင်မယ် ထင်နေတာလဲ"

အနောက်ဘက်မှ နီးကပ်လာသော လေတိုက်ခတ်သံများအရ သူ့နှင့် ထိုအမျိုးသမီး ကျင့်ကြံသူတစ်အုပ်ကြားက အကွာအဝေးသည် ကျယ်မသွားသည့်အပြင် ပို၍ပင် နီးကပ်လာနေလေသည်။

ဒီအတိုင်းသာ ဆက်သွားနေရင် သူ ထပ်ပြီး အဖမ်းခံရဖို့ အချိန်သိပ်မလိုတော့ဘူး။

"ငါ ဘာလုပ်သင့်လဲ... ငါ စစ်ထူယွင်က ဒီနေ့ ဒီနေရာမှာပဲ သေရဖို့ ကံပါလာတာများလား..."

သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးအနှစ်သာရများ တဖြည်းဖြည်း လောင်ကျွမ်းသွားသည်ကို မြင်လိုက်ရသောအခါ စစ်ထူယွင် အံကြိတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ချလိုက်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

"မဖြစ်ဘူး.. ငါ့ရဲ့ ဝိညာဉ်အခြေတည်နယ်ပယ်က ဝိညာဉ်ကို ကိုယ်တိုင် ဖောက်ခွဲပစ်ရမယ်ဆိုရင်တောင်မှ အဲ့ဒီ အတုအယောင် တာအိုသမားတွေရဲ့ လက်ထဲကိုတော့ လုံးဝ အကျခံမှာမဟုတ်ဘူး"

စစ်ထူယွင် တစ်ယောက် သူ၏ ဝိညာဉ်ကို ကိုယ်တိုင်ဖောက်ခွဲဖို့ ပြင်လိုက်ချိန်မှာပဲ အရှေ့ဘက်မှ ထူးဆန်းသော ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ သူ့ကို လှမ်း၍ လက်ယမ်းပြနေခဲ့သည်။

"အကြီးအကဲ၊ ကျွန်တော် အကြီးအကဲကို ကယ်ဖို့လာတာပါ။ ဒီမှာ ပုန်းစရာနေရာတစ်ခု ရှိတယ်၊ အရင် ဝင်လာခဲ့ပါ"

"ဘယ်သူလဲ"

စစ်ထူယွင်သည် အသံလာရာဆီသို့ အလိုအလျောက် လှမ်းကြည့်လိုက်ပြီး ထိုသူနှင့် သိပ်မဝေးသောနေရာရှိ မြေတွင်းတစ်ခုကို ချက်ချင်း သတိထားမိသွားသည်။

ထိုမြေတွင်းသည် ခြုံပုတ်များအောက်တွင် ဖုံးကွယ်နေပြီး ဝင်ပေါက်မှ မြေကမ္ဘာနတ်ဆိုးချီစွမ်းအင်များ ထွက်ပေါ်နေလေရာ အောက်ဘက်တွင် သေးငယ်သော မြေကမ္ဘာကျောက်သွေးကြော တစ်ခုရှိနေကြောင်း သိသာနေသည်။

ဒီနောက်ကျိနေတဲ့ မြေကမ္ဘာကျောက်သွေးကြော ချီစွမ်းအင်က သူ့ရဲ့ အရှိန်အဝါကို ပြီးပြည့်စုံစွာ ဖုံးကွယ်ပေးနိုင်ပြီး လိုက်လံဖမ်းဆီးသူတွေအတွက် အထဲမှာ ပုန်းနေတဲ့သူကို သတိထားမိဖို့ ခဲယဉ်းစေလိမ့်မယ်... "ဘယ်သူပဲဖြစ်ဖြစ်၊ အရင်ဆုံး ဒီကပ်ဘေးကနေ လွတ်အောင် ပြေးရမယ်"

တစ်ဖက်သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိချင်နေသော်ငြား စစ်ထူယွင်သည် လက်ရှိတွင် လမ်းဆုံးရောက်နေပြီဖြစ်ရာ သေချာတွေးတောဖို့ အချိန်မရှိတော့ပေ။ တွေဝေမှုမရှိဘဲ ခုန်ဆင်းကာ မြေတွင်းထဲသို့ ပုန်းအောင်းလိုက်တော့သည်။

နောက်တစ်စက္ကန့်မှာပဲ အပေါ်ဘက်ရှိ မြေကြီးများ လှုပ်ရှားလာကာ ဝင်ပေါက်ကို လုံခြုံစွာ ပိတ်ချလိုက်လေ၏။

ထိုသူက သူ့ကို ကူညီနေမှန်း သိလိုက်ရသောကြောင့် စစ်ထူယွင်သည် နောက်ဆုံးတော့ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်နိုင်တော့သည်။ သူ၏ တစ်ကိုယ်လုံး ပျော့ခွေသွားကာ ဖြူဖျော့နေသော မျက်နှာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။

သူသည် မန္တာန်အချုပ်အနှောင်ကို ချိုးဖျက်နိုင်ရန် စစ်မှန်သောနတ်ဆိုးသွေးလောင်ကျွမ်းခြင်း လျှို့ဝှက်သိုင်းကို အတင်းအကြပ် အသုံးပြုခဲ့ရပြီး တစ်လမ်းလုံး ထွက်ပြေးလာခဲ့ရသည်ဖြစ်ရာ ယခုအခါ အင်အားကုန်ခမ်းနေပြီဖြစ်ပြီး သက်လုံတစ်ခုတည်းဖြင့်သာ တောင့်ခံထားရခြင်းဖြစ်သည်။

ဒီအချိန်မှာ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကတောင်မှ သူ့ရဲ့အသက်ကို နှုတ်ယူသွားနိုင်တယ်။

သူ အသက်ရှူဝအောင်တောင် မရှူရသေးခင်မှာပဲ လေကိုခွဲထွက်သွားသော အရှိန်ပြင်းပြင်း လေတိုက်သံများကို ကြားလိုက်ရပြီး သူ၏ ခေါင်းပေါ်ရှိ မြေပြင်ပေါ်သို့ ဆင်းသက်လာကြလေသည်။

မကြာမီမှာပဲ ကြည်လင်သော မိန်းကလေးအသံတစ်သံက သူ၏ နားထဲသို့ ရောက်လာခဲ့သည်။

"လူငယ်လေး၊ ဒီနေရာကနေ အနက်ရောင်ဝတ်ရုံနဲ့ လူတစ်ယောက် ပျံသန်းသွားတာကို မြင်လိုက်မိသေးလား"

ထိုစကားကို ကြားသည်နှင့် စစ်ထူယွင် အမြန်အသက်အောင့်လိုက်သည်။ သူ၏ နှလုံးက အပြင်းအထန် ခုန်ပေါက်နေပြီး စိုးရိမ်မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။

နူးညံ့ကာ နွေးထွေးသော ယောကျ်ားလေးအသံတစ်သံက ပြန်လည်ဖြေကြားလိုက်သည်။

"မြင်ပါတယ်။ အဲ့ဒီလူက အခုလေးတင် တောင်ဘက်ကို ထွက်သွားတယ်။ အဲ့ဒီ ဦးတည်ရာအတိုင်း ဆက်လိုက်သွားမယ်ဆိုရင် သူ့ကို မှီနိုင်ပါသေးတယ်"

မိန်းကလေးအသံက ထပ်မံထွက်ပေါ်လာသည်။ "လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

စကားသံဆုံးသည်နှင့် လေကိုခွဲထွက်သွားသော အသံများသည် အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ လိုက်လံဖမ်းဆီးသူများသည် ထိုလူ၏ လမ်းလွဲပြမှုကို ယုံကြည်သွားကာ တောင်ဘက်သို့ ဆက်လက် လိုက်သွားကြပုံရသည်။

လင်လုံ သန့်စင်နယ်မြေမှ အမျိုးသမီး ကျင့်ကြံသူတစ်အုပ် လုံးဝ ထွက်ခွာသွားပြီဖြစ်ကြောင်း ခံစားမိမှသာ စစ်ထူယွင်သည် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ချလိုက်ရသည့်အလား နဖူးမှ ချွေးစေးများကို သုတ်လိုက်ပြီး မြေပြင်ပေါ်မှ တုန်ယင်စွာ ထရပ်လိုက်သည်။

အဖမ်းခံရပြီးနောက်တွင် သူ၏ ကိုယ်ပေါ်ရှိ ပစ္စည်းများအားလုံး အသိမ်းခံလိုက်ရသည်။ ယခုအခါ အခြေအနေကို ပြန်လည်ကောင်းမွန်စေရန် ဆေးလုံးတစ်လုံးမျှပင် မရှိတော့ချေ။ အကယ်၍ ဂိုဏ်းသို့ အမြန်ဆုံးပြန်၍ ကုသမှု မခံယူနိုင်ပါက သူ၏ တာအိုအခြေခံ ပြင်းထန်စွာ ထိခိုက်သွားမည်မှာ သေချာပြီး ကျင့်ကြံမှုအဆင့်လည်း ကျဆင်းသွားလိမ့်မည်။

ထိုအချိန်မှာပဲ မြေကြီးများဖြင့် ဖုံးအုပ်ထားသော ဝင်ပေါက်သည် ရုတ်တရက် ပွင့်လာကာ အရပ်ရှည်ရှည် လူငယ် ကျင့်ကြံသူတစ်ဦး အပြင်ဘက်မှ တိုးဝင်လာခဲ့သည်။

"မင်း... မင်းက မိုင်းတွင်းက လုပ်သားတစ်ယောက်လား"

ထိုအခါမှသာ ထိုလူ၏ ဝတ်စားဆင်ယင်ပုံကို စစ်ထူယွင် သတိထားမိသွားပြီး ချက်ချင်း ထိတ်လန့်သွားတော့သည်။

သေစမ်း၊ ဘယ်လိုလုပ်ရမလဲ။

မိုင်းတွင်း၏ တာဝန်ခံ အကြီးအကဲတစ်ယောက်အနေဖြင့် သူ၏ လက်အောက်ရှိ လုပ်သားများကို မည်မျှ ရက်စက်စွာ ခေါင်းပုံဖြတ်ခဲ့ကြောင်း သူကိုယ်တိုင် ကောင်းစွာ သိရှိပါသည်။ သူက ထိုသူများကို လူလိုတောင် သဘောမထားခဲ့ပေ။

အချိန်ကြာလာသည်နှင့်အမျှ မရေမတွက်နိုင်သော လုပ်သားများစွာက သူ့ကို အရိုးထဲစွဲသည်အထိ မုန်းတီးနေကြမည်မှာ သေချာသည်။

အခုတော့ လုပ်သားတစ်ယောက်က သူ့ကို တကယ် ကယ်တင်ခဲ့လေရာ ကျားပါးစပ်မှ လွတ်ကာ ဝံပုလွေတွင်းထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

သို့သော် တစ်ဖက်သူက လုပ်သားတစ်ယောက်ဖြစ်နေပြီး သူ့ကို မိုင်းတွင်း၏ အကြီးအကဲမှန်း သိနေပါလျက်နှင့် ဘာကြောင့်များ ဝင်ပြီး ကယ်တင်ရတာလဲ။

ဒီကောင်ကများ ကိုယ်တိုင် လက်စားချေချင်နေတာလား... တွေးမိသည်နှင့် စစ်ထူယွင် ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။

ပုံမှန်အချိန်မှာသာ အခြေခံတည်ထောင်ခြင်းနယ်ပယ် လုပ်သားတစ်ယောက်နှင့် ရင်ဆိုင်ရလျှင် သေချာကြည့်ဖို့တောင် အချိန်ဖြုန်းမည်မဟုတ်ဘဲ အယောက်တစ်ရာလောက်ကို အလွယ်တကူ ရိုက်သတ်ပစ်နိုင်သည်။

ဒါပေမယ့် အခုတော့ သူသည် လျှို့ဝှက်သိုင်း၏ တန်ပြန်သက်ရောက်မှုကို ခံစားနေရပြီး သူ၏ ခွန်အားသည် အထွတ်အထိပ်အချိန်၏ တစ်ရာခိုင်နှုန်းတောင် မရှိတော့ချေ။

ဒီအခြေအနေမှာ တိုက်ခိုက်ဖို့ဆိုတာ ဝေလာဝေး၊ တစ်ဖက်သူကသာ တကယ် လှုပ်ရှားလာရင် သူ ခုခံနိုင်မှာတောင် မဟုတ်ဘူး။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် စစ်ထူယွင်သည် အနေခက်စွာဖြင့် တံတွေးကို ခပ်ပြင်းပြင်း မျိုချလိုက်ပြီး ရှေ့သို့တိုးကာ ဦးစွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"အခုလို အသက်ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။ ကျုပ် စစ်ထူယွင်က တစ်သက်လုံး ကျေးဇူးတင်နေမှာပါ၊ နောက်နောင် သေချာပေါက် ဆုလာဘ်ကြီးကြီး ပြန်ချီးမြှင့်ပါ့မယ်"

အခြေအနေက ဘယ်လိုပဲဖြစ်နေပါစေ သင့်တော်သော ယဉ်ကျေးမှုကိုတော့ ထိန်းသိမ်းထားရမည်။ တကယ်လို့များ ကယ်တင်ခံရနိုင်သေးရင်ကော။

ဆိုရိုးစကားရှိတယ်လေ၊ ပြုံးနေတဲ့ မျက်နှာကို ဘယ်သူမှ မရိုက်ဘူးတဲ့။ အခြေအနေတွေ ဆိုးရွားနေရင်တောင်မှ သူက ပူးပေါင်းတဲ့ပုံစံမျိုး လုပ်ပြရင် မသေခင် နာကျင်ရတာ သက်သာနိုင်တယ်... စစ်ထူယွင် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။

တာဝန်ပစ်မှတ်၏ စိုးရိမ်မှုများကို ချီယွမ်က သဘာဝကျကျ မြင်တွေ့နေရသည်။ သူက ချက်ချင်းပင် အပြုံးတစ်ခုနှင့် လက်ယမ်းလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

"ကျွန်တော်က တစ်ကိုယ်တော်ကျင့်ကြံသူချီတပါ။ ကျွန်တော်က သန့်စင်သောဂိုဏ်းကြီးရဲ့ ကြီးမြတ်တဲ့ နာမည်ဂုဏ်သတင်းကို အမြဲတမ်း အားကျခဲ့ပြီး သန့်စင်သောဂိုဏ်းကြီးအတွက် အလုပ်အကျွေးပြုချင်ခဲ့ပေမယ့် လမ်းစမတွေ့ခဲ့ဘူး"

"လဝက်လောက်တုန်းက ကျွန်တော် ကံမကောင်းစွာနဲ့ သန့်စင်သောဂိုဏ်းကြီးရဲ့ တပည့်တစ်ယောက်ဖမ်းတာ ခံလိုက်ရပြီး မိုင်းတွင်းထဲမှာ အလုပ်သမားအဖြစ် ခေါ်လာခံရတာပါ"

"ဒီနေ့တော့ အကြီးအကဲကို အဲ့ဒီ အတုအယောင် တာအိုသမားတွေ လိုက်ဖမ်းနေတာမြင်တော့ ကျွန်တော်လည်း မနေနိုင်ဘဲ ဝင်ကူညီလိုက်တာပါ..."

ဒီကောင်လေးရဲ့ နှလုံးသားက သန့်စင်သောဂိုဏ်းကြီးပိုင်ဆိုင်တာပဲ။

ထိုစကားကို ကြားသောအခါ စစ်ထူယွင်သည် ပထမတော့ အံ့သြသွားပြီးနောက် အလွန်ဝမ်းသာသွားတော့သည်။ သူက လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"မင်းလို ဖြောင့်မတ်မှန်ကန်တဲ့လူတစ်ယောက်က အလုပ်သမားတွေကြားထဲမှာ ပုန်းကွယ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းကို အလုပ်သမားအဖြစ် ထားတာက တကယ်ကို အရည်အချင်းတွေကို ဖြုန်းတီးပစ်လိုက်တာပဲ။ ငါသာ မင်းကို စောစောရှာတွေ့ခဲ့ရင် အနည်းဆုံးတော့ လုပ်သားထိန်းခေါင်းဆောင် အဖြစ် ခန့်ထားပေးမှာ"

ဘဝရဲ့ အနိမ့်အမြင့်တွေက တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းလွန်းတယ်လို့ ပြောရမယ်။

ဒီတစ်ကြိမ် သူ သေချာပေါက် သေရတော့မယ်လို့ ထင်ထားခဲ့ပေမယ့် မထင်မှတ်ဘဲ အခြေအနေတွေက ကောင်းမွန်တဲ့ဘက်ကို ပြောင်းလဲသွားပြီး သန့်စင်သောဂိုဏ်းကြီးကို ထောက်ခံသူတစ်ယောက်နဲ့ လာတွေ့နေရတယ်။

ဒီကောင်လေးက သူ့ရဲ့ ကယ်တင်ရှင်ကြီးပဲ။

ချီယွမ်က ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"အကြီးအကဲ အရမ်းမြှောက်ပြောနေပါပြီ။ သန့်စင်သောဂိုဏ်းကြီးအတွက် အကျိုးရှိမယ့် အရာတွေကို လုပ်နိုင်ဖို့ဆိုတာ ဒီချီရဲ့ ဆန္ဒပါပဲ၊ လုပ်သားတစ်ယောက်အနေနဲ့ နေရရင်တောင်မှ ကျွန်တော့်မှာ ဘာညည်းညူစရာမှ မရှိပါဘူး"

"ကျွန်တော့်အမြင်မှာတော့ သန့်စင်သောဂိုဏ်းကြီးအတွက် မိုင်းတူးပေးရတာက သန့်စင်သောဂိုဏ်းကြီးရဲ့ တည်ဆောက်ရေးမှာ ပါဝင်ကူညီနေတာပဲမို့ ကျွန်တော့်နှလုံးသားထဲမှာ အမြဲတမ်း စိတ်အားထက်သန်မှုတွေ အပြည့်ရှိနေပါတယ်"

"ကျွန်တော် ဒီရက်ပိုင်း အလုပ်တွေ အရမ်းကြိုးစားခဲ့ပါတယ်၊ အကြီးအကဲရဲ့ အာရုံစိုက်မှုကို ရဖို့နဲ့ သန့်စင်သောဂိုဏ်းကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ပြီး တစ်နေ့ကို ရွှေနီကျောက်တုံး ပေါင်နှစ်ဆယ်အထိ တူးထုတ်ခဲ့ပါတယ်"

"ဟင်.. တစ်နေ့ကို ကျောက်တုံး ပေါင်နှစ်ဆယ် တူးထုတ်နိုင်တဲ့ အလုပ်သမားဆိုတာ မင်းလား"

အံ့သြမှုတွေကြားထဲတွင် စစ်ထူယွင်သည် ချီယွမ်၏ စကားများကို အပြည့်အဝ ယုံကြည်သွားတော့သည်။

ဒီကိစ္စကို လက်အောက်ငယ်သားတွေ တင်ပြတာကို သူ တကယ်ပဲ ကြားခဲ့ရဖူးသည်။ အဲ့ဒီအချိန်တုန်းက အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးရာ အသုံးပြုလိုက်ရတာက သဘာဝမိုင်းတူးတဲ့ ခိုင်းစားစရာ တိရစ္ဆာန်တစ်ကောင်ကို ဝယ်လိုက်ရသလို တန်ပါတယ်လို့တောင် သူ မှတ်ချက်ချခဲ့သေးသည်။

ဒီခိုင်းစားစရာ တိရစ္ဆာန်လေးရဲ့ အသိစိတ်က ဒီလောက်တောင် မြင့်မားနေလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ သူ ဒီလောက်တောင် အလုပ်ကြိုးစားခဲ့ရတဲ့ အကြောင်းရင်းက သန့်စင်သောဂိုဏ်းကြီးကို ချစ်မြတ်နိုးလွန်းလို့တဲ့လား။

ဂိုဏ်းထဲ မဝင်ရသေးခင်မှာတောင် သန့်စင်သောဂိုဏ်းကြီးကို တစ်ကိုယ်လုံးနှစ်ပြီး အလုပ်အကျွေးပြုချင်တဲ့ ဒီလိုစိတ်ဓာတ်မျိုးက တကယ်ကို လေးစားဖို့ ကောင်းပါတယ်။

ဒါကို တွေးမိသောအခါ စစ်ထူယွင်သည် အေးစက်ပြီး တစ်ကိုယ်ကောင်းဆန်သူ ဖြစ်လင့်ကစား ချီယွမ်အပေါ် လေးစားမှု အချို့ကို မနေနိုင်ဘဲ ခံစားလိုက်ရသည်။

"ကောင်းလိုက်တဲ့ စကားပဲ" သူက ချက်ချင်းပင် ကြင်နာသော အပြုံးတစ်ခုကို ပြသလိုက်ပြီး ရိုးသားစွာ ပြောလိုက်သည်။ "ညီလေးမှာ ဒီလိုအတွေးမျိုး ရှိနေတာ တကယ်ကို ရှားပါးတာပဲ"

"အဲ့ဒီ အတုအယောင် တာအိုသမားတွေက လူတွေကို ဦးနှောက်ဆေးတဲ့နေရာမှာ အတော်ဆုံးပဲ။ ကျင့်ကြံရေးလောကမှာ သန့်စင်သောဂိုဏ်းကြီးရဲ့ ခံယူချက်တွေကို အပြည့်အဝ လက်ခံယုံကြည်တဲ့ မင်းလိုလူမျိုး တွေ့ရဖို့က အရမ်းရှားတယ်"

"ငါတို့ သန့်စင်သောဂိုဏ်းကြီးကို ပြန်ရောက်တာနဲ့ ငါက မင်းကို တရားဝင်တပည့်နေရာ ရလာအောင် သေချာပေါက် တောင်းဆိုပေးမယ်။ မင်းလို အရည်အချင်းရှိတဲ့သူကို အပြင်ဘက်မှာ ဘယ်တော့မှ ပစ်မထားနိုင်ပါဘူး"

ချီယွမ်၏ မျက်နှာပေါ်တွင် ပီတိဖြာနေသော ပျော်ရွှင်မှု အရိပ်အယောင်တစ်ခုက အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။ သူက လက်ယှက်ကာ လေးစားစွာ ပြောလိုက်သည်။

"ဒီချီကို ပျိုးထောင်ပေးမယ့် အကြီးအကဲရဲ့ ကျေးဇူးအတွက် ကျေးဇူးတင်ပါတယ်"

တစ်ချိန်တည်းမှာပင် သူသည် တိတ်တဆိတ် သက်ပြင်းတစ်ချက် ချလိုက်သည်။

အများကြီး အားထုတ်ကြိုးပမ်းခဲ့ရပြီးနောက်မှာတော့ ဒီခေါင်းကိုက်စရာကောင်းတဲ့ တာဝန်က နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီပဲ။

All Chapters