← Chapters

အခန်း (၁၆၄)

Vol. 17 Ch. 164

အခန်း (၁၆၄)

Vol. 17 Ch. 164

အခန်း (၁၆၄)

နတ်ဆိုးဂိုဏ်း၏ အပြင်စည်း။

သွေးသန့်စင်ခြင်း တောင်ထိပ်။

စိတ်ဝိညာဉ်ချီစွမ်းအင်များ ကြွယ်ဝနေသော အခြား သီးသန့်ခြံဝင်းတစ်ခုအတွင်း၌။

"ဂိုဏ်းတူအစ်ကိုချီ၊ ဒီအပျိုစင်မီးပေါင်းဖိုတွေက ဈေးကွက်ထဲကို အခုလေးတင် ရောက်လာတာပါ။ သူတို့အားလုံးမှာ မူလယင်စွမ်းအင်တွေ ရှိနေတုန်းပါပဲ။ ဒါကို ညီလေးရဲ့ လက်ဆောင်ငယ်လေးတစ်ခုအဖြစ် သဘောထားပေးပါ"

စကားပြောလိုက်သူမှာ အပြင်တပည့် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်ကျင့်ကြံသူလေး တစ်ဦးဖြစ်သည်။ သူ၏အနောက်တွင် အဝတ်အစားပါးလွှာစွာ ဝတ်ဆင်ထားသော မိန်းမပျိုလေးဦး လိုက်ပါလာသည်။

မိန်းကလေးတိုင်းသည် ခပ်ဖျော့ဖျော့ တောက်ပနေသော ကြောက်မက်ဖွယ် မန္တာန်အက္ခရာများ ထွင်းထုထားသည့် အနက်ရောင်လည်ပတ်များကို ဝတ်ဆင်ထားကြပြီး ဖိနှိပ်ချုပ်ချယ်ထားသော စွမ်းအားတစ်ခုကို ထုတ်လွှတ်နေသည်။

ပြင်ပလောကတွင် မည်မျှပင် ဆူညံနေပါစေ၊ သူတို့သည် အမိန့်ပေးခံရမည့်အချိန်ကို စောင့်ဆိုင်းနေသော ရုပ်သေးရုပ်များကဲ့သို့ မျက်နှာထား ပြောင်းလဲခြင်းမရှိဘဲ လွတ်ဟာနေသော မျက်လုံးများဖြင့် ရပ်နေကြသည်။

အထက်တွင် ထိုင်နေသော ကတုံးနှင့် ကျင့်ကြံသူက မိန်းကလေးလေးဦးကို လှမ်းကြည့်လိုက်ပြီး၊ သူ၏ မျက်နှာပေါ်တွင် ကျေနပ်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားကာ ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။

"မဆိုးပါဘူး၊ မင်းက ရိုသေမှုရှိသားပဲ။ ဒီမီးပေါင်းဖိုတွေကို ငါ လက်ခံလိုက်မယ်။ အခု ထွက်သွားတော့"

သူ၏ စကားကြောင့် လူငယ်ကျင့်ကြံသူလေး၏ မျက်နှာ ညှိုးကျသွားသော်လည်း၊ လျင်မြန်စွာပင် ဖားယားသော အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်ပြီး လေးစားစွာ ပြောလိုက်သည်။

"ဂိုဏ်းတူအစ်ကိုချီ ကျေနပ်တယ်ဆိုရင်၊ ကျွန်တော်မျိုးရဲ့ တာအိုလက်တွဲဖော်ကို လွှတ်ပေးလို့ ရနိုင်မလား"

ချီယင်းဟူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု တောက်ပသွားပြီး ကျောချမ်းဖွယ် လေသံဖြင့် ပြန်ပြောလိုက်သည်။

"မင်းက သတ္တိတွေ ပိုကောင်းလာပြီး ငါ့ကိုတောင် အပေးအယူ လာလုပ်ရဲနေပြီလား"

"ဂိုဏ်းတူအစ်ကိုချီ၊ ဒေါသကို ထိန်းပါဦး" လူငယ်လေး၏ မျက်နှာက ဖြူရော်သွားသော်လည်း သူက ဆက်ပြောခဲ့သည်။ "ရှောင်ချွေ့က အလုပ်ကြမ်းတပည့် တစ်ယောက်ဆိုပေမယ့် သူမက ကျွန်တော်မျိုး ဘဝရဲ့ အချစ်ပါ"

"ဒီရက်ပိုင်းအတွင်း ကျွန်တော်မျိုး အစ်ကို့အတွက် ခိုင်းသမျှ လုပ်ပေးခဲ့တာတွေကို ထောက်ထားပြီး၊ ကျေးဇူးပြုပြီး သနားညှာတာပေးပါ..."

"မင်းက ရှောင်ချွေ့ကို ရှာချင်တာလား"

ချီယင်းဟူက မထီမဲ့မြင် ပြုံးလိုက်ပြီး နောက်ဘက်ခြံဝင်းဆီသို့ လက်ညှိုးထိုးပြလိုက်သည်။ "ရတာပေါ့၊ သူမက ခြံနောက်ဘက် မြေကြီးထဲမှာ မြုပ်နေတယ်။ သွားပြီး ကိုယ့်ဘာသာကိုယ် တူးဖော်လိုက်တော့"

ထိုစကားကို ကြားသောအခါ လူငယ်ကျင့်ကြံသူလေး၏ မျက်နှာထားက အကြီးအကျယ် ပြောင်းလဲသွားသည်။ သူ၏ အသံများက တုန်ယင်နေခဲ့သည်။

"သေပြီ... ရှောင်ချွေ့ သေသွားပြီ..."

"မှန်တာပေါ့"

ချီယင်းဟူက ဂရုမစိုက်စွာ ခေါင်းညိတ်လိုက်သည်။ "အဲ့ဒီ တန်ဖိုးနည်း ကျွန်မလေးက ရုပ်ရည်တော့ နည်းနည်းရှိပေမယ့်၊ အရမ်း အားနည်းလွန်းတယ်။ ခဏလေးနဲ့ သေသွားတာပဲ။ ငါတောင် သေချာ မပျော်ရသေးဘူး..."

"ချီယင်းဟူ၊ ခင်ဗျားကို ငါ သတ်မယ်"

လူငယ်လေး၏ မျက်လုံးများက သွေးကြောများနီရဲနေပြီး အံကြိတ်ကာ ပြေးဝင်လာသော်လည်း၊ သူ အနီးသို့ မရောက်ခင်မှာပင် အနက်ရောင် အလင်းတန်းတစ်ခုက သူ၏ နဖူးကို ဖောက်ထွင်းသွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"ကိုယ့်သေတွင်း ကိုယ်တူးတာပဲ"

ချီယင်းဟူက မျက်တောင်တစ်ချက်တောင် မခတ်ခဲ့ပေ။ "မင်း အခုလေးတင် ပေးခဲ့တဲ့ လက်ဆောင်အတွက်၊ မင်းရဲ့ အလောင်းကို အကောင်းပကတိအတိုင်း ချန်ထားပေးခဲ့မယ်"

ထိုအချိန်မှာပင် တံခါးအပြင်ဘက်မှ လေးစားသမှုရှိသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ဂိုဏ်းတူအစ်ကိုချီ၊ အပြင်ဘက်မှာ ကိစ္စတစ်ခု ဖြစ်နေပါတယ်"

"ဝင်ခဲ့ပြီး ပြောစမ်း"

ချီယင်းဟူ မျက်မှောင်ကြုတ်သွားပြီး ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။

အနက်ရောင်ဝတ်စုံနှင့် နတ်ဆိုးကျင့်ကြံသူ တစ်ဦး အလောတကြီး ဝင်လာခဲ့သည်။ အလောင်းကို တစ်ချက်မျှပင် မကြည့်ဘဲ သူက သတင်းပို့လိုက်သည်။

"ဂိုဏ်းတူအစ်ကိုချီ၊ မသိရတဲ့ လူတစ်ယောက်က အဆင့် အမှတ် (၁) ခြံဝင်းထဲကို ပြောင်းရွှေ့သွားပါတယ်"

"ဘာ"

ချီယင်းဟူသည် အံ့အားသင့်စွာဖြင့် ထိုင်ခုံမှ ထရပ်လိုက်ပြီး ဩဇာပါသော လေသံဖြင့် မေးလိုက်သည်။ "ဘယ်သူလဲ။ အဲ့ဒီ ခွေးကောင် ဝူရန်ကျဲ့ လား"

သူက ဒေါသတကြီးဖြင့် ပေါက်ကွဲသွားသည်။

"ဝူရန်ကျဲ့၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ အမှတ် (၁) ခြံဝင်းကို ဘယ်သူရမလဲဆိုတာ ပြိုင်ပွဲကနေတဆင့် ဆုံးဖြတ်မယ်လို့ မင်းပြောခဲ့ပြီးတော့၊ အခုကျမှ ဒီလိုလာလုပ်တယ်ပေါ့။ ငါက မင်းကို ကြောက်နေမယ်လို့ တကယ် ထင်နေတာလား"

ထိုနတ်ဆိုးကျင့်ကြံသူက အလျင်အမြန် ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော်မျိုး သိရသလောက်တော့၊ ဂိုဏ်းတူအစ်ကိုဝူ က ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှသိထားပုံမရပါဘူး။ သူ အခုပဲ လူတွေကို အဲ့ဒီနေရာဆီ ခေါ်သွားနေပါပြီ"

"အမှတ် (၁) ခြံဝင်းကို ယူလိုက်တဲ့သူက အခုမှ အသစ်ရောက်လာတဲ့ အပြင်တပည့်တစ်ယောက်လို့ ထင်ရပါတယ်"

"အခုမှ ရောက်လာတဲ့ အပြင်တပည့်လား"

ချီယင်းဟူ၏ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားသည်။

အသိပြန်ဝင်လာသည်နှင့်၊ သူသည် အလွန်မာကျောသော အနက်ရောင် စန္ဒကူးသစ်သားစားပွဲကို မြေမှုန့်ဖြစ်သွားသည်အထိ ရိုက်ခွဲလိုက်ပြီး ကြမ်းကြုတ်သော မျက်နှာထားဖြင့် ဟိန်းဟောက်လိုက်သည်။

"သေစမ်း ဒီအရူးက ဘယ်ကရောက်လာတာလဲ။ သူ ဘယ်သူပဲဖြစ်ဖြစ်၊ ငါ ကိုယ်တိုင် သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်"

သွေးသန့်စင်ခြင်း တောင်ထိပ်တွင်၊ အဆင့်မြင့်ခြံဝင်းသည် ဧကရာဇ်တစ်ပါး၏ နဂါးပလ္လင်ကဲ့သို့၊ ကြယ်များကြားမှ လမင်းကြီးကဲ့သို့ ထူးကဲသော အရေးပါမှု ရှိနေသည်။

ထိုနေရာတွင် နေထိုင်သူ မည်သူမဆို သွေးသန့်စင်ခြင်း တောင်ထိပ်ရှိ အပြင်တပည့်များကြားတွင် ယုံမှားသံသယဖြစ်ဖွယ်မရှိသော နံပါတ်တစ် အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

၎င်း၏ ယခင်ပိုင်ရှင်ဖြစ်သူက လက်ရွေးစင်တပည့်အဖြစ် တိုက်ရိုက် ရာထူးတိုးသွားခဲ့ပြီးကတည်းက၊ ထိုခြံဝင်းကြီးသည် အလွတ်ဖြစ်နေခဲ့သည်။

ပိုင်ဆိုင်ခွင့်ကို ရယူနိုင်ရန်အတွက်၊ ထင်ရှားသော အပြင်တပည့် နှစ်ဦးဖြစ်သည့် ချီယင်းဟူနှင့် ဝူရန်ကျဲ့တို့သည် တစ်ယောက်ကိုတစ်ယောက် သေလုမြောပါး ဖြစ်သည်အထိ တိုက်ခိုက်ခဲ့ကြဖူးသည်။

ဆွေးနွေးညှိနှိုင်းမှုများစွာ ပြုလုပ်ပြီးနောက် မကြာသေးမီကမှ သူတို့သည် သဘောတူညီချက်တစ်ခုကို ရရှိခဲ့ကြသည် ခြံဝင်း၏ ပိုင်ဆိုင်မှုကို ပြိုင်ပွဲဖြင့် ဆုံးဖြတ်မည်ဟူ၍ ဖြစ်သည်။

ရှင်းလင်းသော အနိုင်ရသူ တစ်ဦး မပေါ်ထွက်လာမချင်း မည်သူကမျှ ပြောင်းရွှေ့နေထိုင်ခွင့် မရှိသောကြောင့်၊ အဆင့်မြင့်ခြံဝင်းမှာ အလွတ်ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

သီအိုရီအရဆိုလျှင်၊ မည်သည့် အပြင်တပည့်မဆို အဆင့်မြင့်ခြံဝင်းကို လွတ်လပ်စွာ ဝင်ရောက်နေထိုင်ခွင့် ရှိသော်လည်း၊ လက်တွေ့တွင်မူ မည်သူကမျှ မဝံ့ရဲကြပေ။

နတ်ဆိုးကျင့်ကြံသူ တစ်ဦးပင်လျှင် မိမိ၏အသက်ကို တန်ဖိုးထားတတ်ကြသည်။ သွေးသန့်စင်ခြင်း တောင်ထိပ်တွင် ချီယင်းဟူနှင့် ဝူရန်ကျဲ့တို့ကို သွားစခြင်းဆိုသည်မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်းသာ ဖြစ်သည်။

"ဂိုဏ်းတူအစ်ကိုချီ၊ အခု ဘယ်လိုလုပ်ကြမလဲ"

သတင်းပို့ပြီးနောက်တွင်၊ အနက်ရောင်ဝတ် နတ်ဆိုးကျင့်ကြံသူက အနီးသို့ တိုးကပ်လာကာ တိုးတိုးလေး မေးလိုက်သည်။ "ဂိုဏ်းတူအစ်ကိုဝူ ကို အရင် သွားစမ်းသပ်ခိုင်းလိုက်ရမလား"

ချီယင်းဟူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်လက်တောက်ပသွားသည်။

"ငါတို့လည်း လိုက်သွားမယ်ဝူရန်ကျဲ့ကသာ အရင်ရောက်သွားရင်၊ ငါက အားနည်းသလို ဖြစ်သွားလိမ့်မယ်"

"ညီအစ်ကိုတွေကို စုလိုက်။ အဲ့ဒီ လူသစ်ကောင်ကို အူဆွဲထုတ်ပြီးတာနဲ့၊ ဝူ မျိုးရိုး ခွေးကောင်တွေကို ရှင်းကြမယ်"

နတ်ဆိုးကျင့်ကြံသူများ အမှတ် (၁) ခြံဝင်းဆီသို့ ချီတက်လာနေစဉ်တွင်၊ ချီယွမ်သည် တင်ပျဉ်ခွေထိုင်နေကာ စနစ် မျက်နှာပြင်ကို ဖွင့်လိုက်ပြီး ဖတ်ရှုနေခဲ့သည်။

[စနစ် - ပိုင်ရှင်သည် ယခင်က ရောက်ဖူးခဲ့သော မည်သည့်နေရာကိုမဆို အကွာအဝေးနှင့် ညီမျှသော စိတ်ဝိညာဉ်ကျောက်တုံးများကို ပေးချေကာ ချက်ချင်း နေရာရွှေ့ပြောင်းနိုင်ပါသည်။]

[စနစ် - အခမဲ့ နေရာရွှေ့ပြောင်းခြင်း ကျောက်ဆူးတစ်ခု ပါဝင်သည်။ ၎င်းကို မည်သူကမျှ ထောက်လှမ်း၍မရနိုင်ဘဲ ကောင်းကင်တာအို အတွင်းရှိ မည်သည့်နေရာတွင်မဆို ချထားနိုင်ပါသည်။ ၎င်းဆီသို့ ပြန်လည်သွားရောက်ရာတွင် ကုန်ကျစရိတ် မရှိပါ။]

[စနစ် - မှတ်ချက်။ ။ ကျောက်ဆူးများသည် အမြဲတမ်းဖြစ်ပြီး ဖယ်ရှား၍ မရနိုင်ပါ။ နောက်ထပ် အခမဲ့ ကျောက်ဆူးများသည် အနာဂတ် တာဝန်ဆုလာဘ်များတွင် ပါဝင်လာမည်ဖြစ်ပါသည်။]

အသုံးဝင်တဲ့ လုပ်ဆောင်ချက်လေးပဲ။

ချီယွမ်သည် မျက်နှာပြင်ကို အကြမ်းဖျင်း ဖတ်ရှုလိုက်ပြီး၊ ဤအရာတစ်ခုတည်းကပင် ပျင်းစရာကောင်းသော ခရီးသွားချိန် ရက်သတ္တပတ်ပေါင်းများစွာကို သက်သာစေမည်ဖြစ်ကြောင်း နားလည်သွားသည်။

အနောက်ဘက် နတ်ဆိုးနယ်မြေသည် ထိုက်ရွှမ်းသန့်စင်နယ်မြေမှ လီသန်းပေါင်းများစွာ ကွာဝေးသည်။ ဝိညာဉ်အသွင်ပြောင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးပင်လျှင် လေဟာနယ် အစီအရင် မရှိပါက ပျံသန်းရန် နှစ်ဝက်ခန့် ကြာမြင့်မည်ဖြစ်သည်။

ယခုအခါ သူသည် စိတ်ဝိညာဉ်ကျောက်တုံးများကို ပေးချေလိုက်ရုံဖြင့် ခဏအတွင်း ရောက်ရှိသွားနိုင်ပြီဖြစ်သည်။

အကောင်းဆုံးအချက်မှာ ကုန်ကျစရိတ်ကို တန်ပြန်တိုက်ခိုက်မှုအမှတ်များဖြင့် မဟုတ်ဘဲ စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ပေးချေရခြင်းဖြစ်သည်။ သူက ယခုလေးတင်မှ ကြီးကျယ်သော ချမ်းသာကြွယ်ဝမှုတစ်ခုကို ရရှိထားပြီး ဘာမှ မလိုအပ်တော့ပေ။

သူသည် နေရာရွှေ့ပြောင်းခြင်း မျက်နှာပြင်ကို ဖွင့်လိုက်ပြီး၊ အသုံးပြုရန် အချိန်ယူရသလားဟု တွေးတောနေမိသည်။ အကယ်၍ ချက်ချင်းသွားနိုင်မည်ဆိုပါက၊ ၎င်းသည် လွတ်မြောက်ရေး ကိရိယာတစ်ခုအနေဖြင့်ပါ အသုံးပြုနိုင်မည်ဖြစ်သည်။

သူ၏ စိတ်ထဲတွင် ကျယ်ပြန့်သော မြေပုံတစ်ခု ဖြန့်ကျက်လာခဲ့ပြီး၊ မြစ်များ၊ သစ်တောများ၊ ရွှံ့ညွန်များ၊ နှင့် တောင်ကြောများ အားလုံးကို အသေးစိတ် ပုံဖော်ပြသထားသည်။

ချင်းယွင်မြို့၊ ထိုက်ရွှမ်းသန့်စင်နယ်မြေ၊ လော့ယွန်တောင်ကြား၊ လင်လုံသန့်စင်နယ်မြေ၊ သက်ရှိသတ်ဖြတ်သူ တာအိုဆရာ၏ ကျင့်ကြံခြင်းဂူအားလုံးကို မှတ်သားထားသည်။

မရောက်ဖူးသေးသော ဒေသများကိုမူ အနက်ရောင် မြူခိုးများဖြင့် ဖုံးလွှမ်းထားပြီး နေရာရွှေ့ပြောင်း၍မရနိုင်ကြောင်း တံဆိပ်တပ်ထားသည်။

သူသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ကိုယ်ပိုင် နေထိုင်ရာဖြစ်သော ထိုက်ရွှမ်းသန့်စင်နယ်မြေရှိ ယွိဟွာတောင်ထိပ်ကို အာရုံစိုက်လိုက်ပြီး စမ်းသပ်မည့် ခရီးစဉ်အဖြစ် ရွေးချယ်လိုက်သည်။

သူက သိုလှောင်နေရာထဲမှ နင်ယွမ်ဓားကို ထုတ်ယူလိုက်ပြီး အမိန့်ပေးလိုက်သည်။ "ဒီနေရာကို စောင့်ကြပ်နေ။ မင်း မသိတဲ့သူ မှန်သမျှကို သတ်ပစ်"

မကြာသေးမီက ဆုံးမထားပြီးနောက်တွင်၊ နင်ယွမ်ဓားသည် လုံးဝ နာခံတတ်နေပြီဖြစ်ပြီး အလုပ်အကျွေးပြုရန် စိတ်အားထက်သန်နေခဲ့သည်။

ချီယွမ်သည် ဟန်လဲ့၏ မှတ်ဉာဏ်များမှ ဓားသိုင်းကိုပင် သင်ယူထားပြီးဖြစ်ရာ၊ တန်ပြန်သက်ရောက်မှုဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။

ဤနေရာရှိ နတ်ဆိုးကျင့်ကြံသူ အများစုသည် အခြေခံတည်ထောင်ခြင်းနယ်ပယ် အောက်တွင်သာ ရှိကြသည်။ ထက်ဝက်မျှသာ နာလန်ပြန်ထူသေးသော နင်ယွမ်ဓားကပင် သူတို့ကို လွယ်ကူစွာ ရှင်းလင်းနိုင်သေးသည်။

ဂိုဏ်း၏ စည်းမျဉ်းများကို သူ အကြမ်းဖျင်း ဖတ်ရှုထားပြီးဖြစ်သည်။ ကျူးကျော်ဝင်ရောက်သူများကို ပြစ်ဒဏ်မရှိဘဲ သတ်ဖြတ်နိုင်ပေသည်။

"စိတ်မပူပါနဲ့ သခင်လေးချီ။ ကျူးကျော်သူ တစ်ယောက်လာရင် အလောင်းတစ်လောင်း၊ ကျူးကျော်သူ နှစ်ယောက်လာရင် အလောင်းနှစ်လောင်းပါပဲ"

ဓားကသွေးဆာနေသည့်အသံနှင့်ပြန်ဖြေ၏။

All Chapters