← Chapters

အခန်း (၁၆၆)

Vol. 17 Ch. 166

အခန်း (၁၆၆)

Vol. 17 Ch. 166

အခန်း (၁၆၆)

ခြံဝင်းအပြင်ဘက်တွင် စုရုံးနေကြသော နတ်ဆိုးကျင့်ကြံသူအုပ်စုသည် ဘာဖြစ်နေမှန်း နားမလည်နိုင်ဖြစ်ကာ တစ်ယောက်မျက်နှာ တစ်ယောက် ကြောင်တောင်တောင် ကြည့်လိုက်ကြသည်။

ဝူရန်ကျဲ့၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး ခြံဝင်းဘက်သို့ လှမ်းခေါ်လိုက်သည်။

"မင်းတို့ ဘယ်သူ့ကိုမှ မတွေ့ရင် မြန်မြန်ထွက်ခဲ့ကြအထဲမှာ အချိန်ဆွဲမနေနဲ့"

ထူးဆန်းသည်မှာ သူ မည်မျှပင် အော်ဟစ်နေပါစေ၊ အိမ်ထဲမှ မည်သည့် တုံ့ပြန်သံမှ ထွက်မလာခဲ့ပေ။

ဤကဲ့သို့ ထူးဆန်းသော မြင်ကွင်းနှင့် ရင်ဆိုင်ရသောအခါ နတ်ဆိုးကျင့်ကြံသူ အများအပြားမှာ စတင် ထိတ်လန့်လာကြသည်။ သူတို့ထဲမှ တစ်ယောက်က မနေနိုင်ဘဲ ပြောလိုက်သည်။

"အထဲဝင်သွားတဲ့လူတွေ အားလုံးက ဘာလို့ ဒီလောက် တိတ်ဆိတ်နေကြတာလဲ။ အဲ့ဒီအိမ်နဲ့ ပတ်သက်ပြီး ထူးဆန်းတာ တစ်ခုခုရှိနေတယ်လို့တော့ မပြောနဲ့နော်..."

ဤနေရာသို့အရောက်တွင် ထိုလူ၏မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူရော်သွားပြီး အားနည်းသော လေသံဖြင့် ဆက်ပြောလိုက်သည်။

"မင်းတို့ထင်လား... အစွမ်းထက်တဲ့ စီနီယာတစ်ယောက် အထဲမှာ ပုန်းနေတာများလား"

ထိုစကား သူ့ပါးစပ်မှ ထွက်သွားသည်နှင့်၊ တစ်ယောက်ယောက်က ကျယ်လောင်စွာ ချေပလိုက်သည်။

"အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောနဲ့ဒီနေရာက အပြင်စည်းကွ။ ဂိုဏ်းက စီနီယာတစ်ယောက်က ဘာအလုပ်မှမရှိဘဲ ဒီနေရာမှာ လာပြီး လေလွင့်နေပါ့မလား"

"ဒါ့အပြင် တကယ်လို့များ သန့်စင်သောဂိုဏ်းကြီးက စီနီယာတစ်ယောက်သာဆိုရင်၊ ငါတို့ အပြင်ကနေ စဆဲကတည်းက ငါတို့ကို သတ်ပစ်လောက်ပြီ။ ဘာလို့ အိမ်ထဲမှာ ပုန်းပြီး သရဲလုပ်နေမှာလဲ"

ချီယင်းဟူသည် သူ၏ ကတုံးကို တွေးတောဟန်ဖြင့် ပွတ်သပ်လိုက်ကာ မည်းမှောင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"အိမ်ထဲမှာ ပုံရိပ်ယောင် အစီအရင် ဒါမှမဟုတ် အဲ့ဒါနဲ့ ဆင်တူတဲ့ အရာတစ်ခုခု ရှိနေဖို့ အများကြီး သေချာတယ်။ ပြီးတော့ ဝင်သွားတဲ့လူတွေက ပေါ့ဆသွားလို့ ထောင်ချောက်မိသွားတာ ဖြစ်မယ်"

"အစီအရင်တစ်ခုကသာ လူတစ်စုကို တိုက်ခိုက်မှု အရှိန်အဝါ အရိပ်အယောင် လုံးဝမကျန်စေဘဲ တိတ်တဆိတ် ထောင်ချောက်ဆင်နိုင်တာမဟုတ်ရင် မန္တာန်မီးတောက်ရဲ့ ဂယက်ရိုက်ခတ်မှု လုံးဝမရှိဘဲ ဘယ်လိုလုပ် နေမလဲ"

ဤရှင်းပြချက်က များစွာ ပို၍ ယုတ္တိတန်ပုံရပြီး ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုကို လျင်မြန်စွာ ရရှိသွားခဲ့သည်။

"ဂိုဏ်းတူအစ်ကိုချီက တကယ် ထက်မြက်တာပဲဒါ သေချာပေါက် ဖြစ်သွားတဲ့ကိစ္စပဲ နေမှာ"

"အဆင့်မြင့် ခြံဝင်းကို သူ ဝင်နေရဲတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ၊ အဲ့ဒီကောင်မှာ သေချာပေါက် အရည်အချင်း တချို့တော့ ရှိနေတာ သေချာတယ်"

"ငါတို့နဲ့ လာတိုးတာ ကံဆိုးတာပဲ ဒီနေ့တော့ သူ အသေဆိုးနဲ့ သေရတော့မှာပဲ"

"မှန်တယ်။ သူက အစီအရင်တွေအကြောင်း နည်းနည်းပါးပါး သိနေတော့ကော ဘာဖြစ်လဲ။ အပြင်မထွက်ရဲဘဲ အထဲမှာ ပုန်းကွယ်နေတုန်းပဲလေ။ ငါတို့လူ ဒီလောက်အများကြီးနဲ့ဆိုရင်၊ တစ်ယောက် တစ်ချောင်းစီ ထိုးလိုက်ရင်တောင် ဒီလိပ်ခွံကြီးကို ခွဲပစ်လို့ရတယ်..."

ခဏတာ တွန့်ဆုတ်နေပြီးနောက် ဝူရန်ကျဲ့က ခေါင်းညိတ်လိုက်ပြီး၊ ချီယင်းဟူဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"အခု ငါ့လူတွေတင် မဟုတ်တော့ဘူး မင်းရဲ့ အဖွဲ့လည်း အထဲမှာ ထောင်ချောက်မိသွားပြီ"

"ငါတို့ နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် မယုံကြည်ကြတဲ့အတူတူ၊ အတူတူ ဝင်တိုက်ပြီး အိမ်ထဲက အစီအရင်ကို အရင်ဆုံး ချိုးဖျက်ကြတာပေါ့"

ထိုစကားကို ကြားသောအခါ၊ ချီယင်းဟူက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ကြမ်းကြုတ်စွာ ပြောလိုက်သည်။

"ကောင်းပြီလေ။ ငါ့ဆီမှာ ဝိညာဉ်သတ်ဖြတ်ခြင်း သံချွန် ရှိတယ်။ အစီအရင်တွေကို ချိုးဖျက်တဲ့နေရာမှာ အထူးပြုထားတဲ့ ထိပ်တန်းအဆင့် မှော်လက်နက်ပဲ ဒီအလုပ်အတွက် အသင့်တော်ဆုံးပဲ"

"ကိစ္စပြီးသွားရင်၊ မင်း အဲ့ဒီလူကို ငါ့ဆီ အပ်ရမယ်။ ဒီတစ်ကြိမ်တော့ ချီယင်းဟူကို စော်ကားမိတဲ့ တန်ဖိုးကို သူသိအောင် သေချာပေါက် လုပ်ပြမယ်"

"ကောင်းပြီ ပြဿနာမရှိဘူး"

ဝူရန်ကျဲ့က ငြင်းဆန်ခြင်းမပြုခဲ့ပေ။ အထဲရှိ သနားစရာကောင်ကို ရှင်းလင်းပြီးနောက် သွေးသန့်စင်ခြင်း တောင်ထိပ်၏ အစစ်အမှန် ခေါင်းဆောင်က ဘယ်သူလဲဆိုတာကို ဆုံးဖြတ်ရန် ချီယင်းဟူနှင့် တိုက်ခိုက်မည်ဟု တွေးရင်း သူ၏ နှုတ်ခမ်းထောင့်များက ကြမ်းကြုတ်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

ထို့နောက် သူတို့နှစ်ဦးသည် စကားများ အချည်းနှီး မပြောတော့ဘဲ၊ သူတို့၏ လူများကို ဦးဆောင်ကာ အဆင့်မြင့် ခြံဝင်း၏ တံခါးဆီသို့ ပြင်းထန်စွာ ပြေးဝင်သွားကြတော့သည်...

အချိန်မည်မျှ ကြာသွားသည်ကို မည်သူသိနိုင်မည်နည်း...

ဝှစ်

ငွေရောင်အလင်းတန်းတစ်ခု ချက်ချင်း ပျောက်ကွယ်သွားသည်နှင့်အမျှ ချီယွမ်၏ ပုံရိပ်သည် လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ နေရာရွှေ့ပြောင်းခြင်း တစ်ခုလုံးသည် မည်သည့် ဂယက်ရိုက်ခတ်မှုမျှ မဖြစ်ပေါ်စေခဲ့ပေ။

လက်ရှိအချိန်တွင် သူသည် လန်းဆန်းတက်ကြွနေပြီး စိတ်အားများ အလွန် ထက်သန်နေခဲ့သည်။

ဆိုရိုးစကားရှိသည့်အတိုင်း ဝေးကွာနေခြင်းက နှလုံးသားကို ပိုမို ချစ်ခင်လာစေသည်။ စိတ်လှုပ်ရှားဖွယ်ကောင်းသော တာအိုဆွေးနွေးမှုအပြီးတွင်၊ သူသည် ခါးသီးစွာ ကျင့်ကြံခြင်း လဝက်စာနှင့် ညီမျှသော အသိအမြင်များကို ရရှိခဲ့သည်။

သို့သော် ချီယွမ်သည် သူ၏ အရှေ့ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ၊ သူ၏ မျက်နှာပေါ်ရှိ အပြုံးများ အေးခဲသွားခဲ့သည်။ သူ၏ မျက်လုံးများကိုပင် သူ မယုံကြည်နိုင်လုနီးပါး ဖြစ်သွားသည်။

သူ ကြည့်လိုက်ရာ နေရာတိုင်းတွင် ဖြတ်တောက်ခံထားရသော ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ အထပ်ထပ် ပုံအောင်းနေသည်။ မူလက ကျယ်ဝန်းသော အခန်းသည် ခြေချစရာ နေရာပင် မကျန်တော့ချေ။

အိမ်အပြင်ဘက်တွင်ပင် အလောင်းများ ပြန့်ကျဲနေသည်—တစ်ချက်ကြည့်လိုက်ရုံဖြင့် အလောင်း ရာဂဏန်းခန့် ရှိနေသည်။

သူတို့၏ အဝတ်အစားများအရ ဆိုလျှင်၊ သေဆုံးနေသူတိုင်းသည် သွေးသန့်စင်ခြင်း တောင်ထိပ်မှ အပြင်တပည့်များ ဖြစ်ကြသည်။

ပို၍ ထူးဆန်းသည်မှာ၊ အလောင်းပေါင်း များစွာ စုပုံနေသော်လည်း၊ လေထုထဲတွင် သွေးနံ့ တစ်စက်မျှပင် မရှိနေခြင်းဖြစ်သည်။

ငါက အမြင်မှားနေရလောက်အောင်ကို အားနည်းနေပြီလား။

နားမလည်နိုင်စွာဖြင့် ချီယွမ်က မျက်လုံးများကို ပွတ်သပ်လိုက်သည်... ၎င်းက ပုံရိပ်ယောင် မဟုတ်ကြောင်း အတည်ပြုပြီးနောက်၊ စားပွဲပေါ်တွင် အသေကောင်ဟန်ဆောင်နေသော နင်ယွမ်ဓားကို ဆွဲယူလိုက်ပြီး ဒေါသတကြီးဖြင့် မေးလိုက်သည်။

"ဘာသောက်ပြသနာတွေ ဖြစ်သွားတာလဲ။ ခြံထဲမှာ ဘာလို့ အလောင်းတွေ ဒီလောက်အများကြီး ရှိနေရတာလဲ"

သူသည် ဒေါသကြောင့် ဆူပွက်နေခဲ့သည်။

သူ ထွက်သွားသည်မှာ နေ့ဝက်ပင် မပြည့်သေးပေ၊ ဤ စောက်ဓားစုတ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည် အရေအတွက်အရ ကြည့်မည်ဆိုလျှင် သွေးသန့်စင်ခြင်း တောင်ထိပ် တစ်ခုလုံးကို ပြောင်သလင်းခါအောင် ရှင်းပစ်ခဲ့လောက်သည်။

"ဂေ့"

နင်ယွမ်ဓားသည် ဦးစွာ ကျေနပ်စွာ လေချဉ်တက်လိုက်ပြီးနောက်၊ ချီယွမ်၏ ဒေါသကြောင့် လန့်ဖျပ်သွားကာ အလောတကြီး ရှင်းပြလိုက်သည်။

"သခင်လေးချီ၊ ခိုးဝင်လာတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်ဖို့ သခင်လေး အမိန့်ပေးခဲ့တာ မဟုတ်ဘူးလား"

"ဒီလူတွေ အားလုံးက ခိုးဝင်ပြီး လာခိုးဖို့ ကြိုးစားတဲ့ သူခိုးတွေချည်းပါပဲ။ ဒီဓားက အမိန့်နာခံရုံပါပဲ ကျူးကျော်သူ တစ်ယောက်ကို တစ်ချက်သတ်တယ်၊ တစ်ယောက်မှ လွတ်မသွားစေရပါဘူး"

ချီယွမ်၏ မျက်လုံးများ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားသည်။

"မမင်းပြောတာ မင်း သူတို့ကို အပြင်မှာ သွားသတ်တာ မဟုတ်ဘူး၊ ဒီနေရာကို လာလုယက်ဖို့ ကြိုးစားရင်းနဲ့ ဒီမှာတင် သေသွားကြတာပေါ့"

"မှန်တာပေါ့"

နင်ယွမ်ဓားသည် ချီးမွမ်းခံရရန် စိတ်အားထက်သန်စွာဖြင့် သူ၏ ဓားသွားကို ဂုဏ်ယူဝင့်ကြွားစွာ ဝှေ့ယမ်းလိုက်သည်။ "သခင်လေးချီက အမိန့်ပေးထားတာပဲ ဒီဓားလေးက ဘယ်လိုလုပ် ကိုယ့်သဘောနဲ့ကိုယ် လုပ်ရဲပါ့မလဲ။ ခြံထဲကနေ ခြေတစ်လှမ်းတောင် အပြင်မထွက်ခဲ့ဘူးလို့ ကျိန်ရဲပါတယ်"

"နောက်နောင် ဒီလိုအလုပ်တွေရှိရင်လည်း ဒီဓားလေးကို မမေ့ပါနဲ့။ ဒီတစ်ကြိမ်တော့ ကျွန်တော် အများကြီး ရလိုက်တယ် သခင်လေးရဲ့ ဝေစုကိုလည်း ချန်ထားပေးပါတယ်..."

သေစမ်း

နင်ယွမ်ဓား လိမ်မပြောကြောင်း ယုံကြည်သွားသောအခါ ချီယွမ်သည် လုံးဝ ဆွံ့အသွားတော့သည်။

နတ်ဆိုးဂိုဏ်း၏ ကိုယ်ကျင့်တရားက ဆိုးရွားလှသည်ဟု လူတိုင်းပြောကြသော်လည်း၊ သူက ဤမျှလောက်အထိ ဆိုးရွားမည်ဟု မထင်ထားခဲ့ပေ

အိမ်ရှင် အပြင်ထွက်သွားသည်နှင့် တစ်ပြိုင်နက်၊ ထိုနေရာသည် လောဘကြီးသော သူခိုးအုပ်စုများကို ဆွဲဆောင်သွားခဲ့သည် အခြေခံအားဖြင့် သူက ဓားပြစခန်းတစ်ခုထဲသို့ ပြောင်းရွှေ့လာခဲ့ခြင်းပင်။

သေစမ်း၊ သူက ချမ်းသာကြွယ်ဝမှုကို တစ်ခါမှ ထုတ်မကြွားဖူးတဲ့ လူသစ်တစ်ယောက်မျှသာ ဖြစ်သည် ဒီကောင်တွေ အကုန်လုံး ငတ်ပြတ်နေကြတာများလား။

ဂိုဏ်း၏ စည်းမျဉ်းတစ်ခုကို သတိရသွားသောအခါ ချီယွမ် အနည်းငယ် ငြိမ်သက်သွားသည်။

အခြားသူတစ်ဦး၏ ကျင့်ကြံခြင်းဂူထဲသို့ တရားမဝင် အတင်းအကြပ် ဝင်ရောက်သူ မည်သူ့ကိုမဆို ပိုင်ရှင်ဖြစ်သူက ထိုနေရာမှာပင် သတ်ဖြတ်နိုင်ကြောင်း သူ သိထားသည်။

ဘယ်လိုပဲကြည့်ကြည့်၊ သူက မှန်ကန်နေသည်လက်တွေ့တွင်တော့ သူက နစ်နာသူပင် ဖြစ်သည် ထို့ကြောင့် လှုပ်ရှားဖို့ နေရာရှိသေးသည်။

သို့သော် ထူထပ်စွာ စုပုံနေသော အလောင်းများနှင့် ရင်ဆိုင်ရသောအခါ သူ၏ ယုံကြည်မှုများ လျော့ကျသွားသည်။ အသေအပျောက် ဒီလောက်များနေတာကို၊ ဂိုဏ်းက တကယ်ပဲ ဒီအတိုင်း လွှတ်ထားပါ့မလား။

ခဏတာ စဉ်းစားပြီးနောက် ပညာရှင်တစ်ဦးနှင့် တိုင်ပင်ရန် သူ ဆုံးဖြတ်လိုက်သည်။

နင်ယွမ်ဓားကို စနစ်သိုလှောင်နေရာ အတွင်းသို့ သိမ်းဆည်းလိုက်ပြီးနောက်၊ ဆက်သွယ်ရေး မန္တာန်စာရွက် တစ်ရွက်ကို အလျင်အမြန် ထုတ်ယူလိုက်သည်။ အသက်သွင်းလိုက်သည်နှင့်၊ နူးညံ့ကာ ဆွဲဆောင်မှုရှိသော မိန်းကလေးအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ချီယွမ်၊ ဘာလိုလို့လဲ"

ချီယွမ်က ချက်ချင်း ပြန်ဖြေလိုက်သည်။

"ကျိနတ်သမီး၊ ကျွန်တော် ခင်ဗျားကို မေးခွန်းတစ်ခု မေးချင်လို့ပါ"

"ဘာများလဲ"

ချီယွမ်သည် သတိထားကာ အသက်တစ်ချက်ရှူသွင်းလိုက်ပြီး ပါးနပ်စွာ ဖော်ပြလိုက်သည်။

"အာ... သန့်စင်သောဂိုဏ်းကြီးက အပြင်တပည့်ဖြစ်တဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ဂိုဏ်းတူ အပြင်တပည့် တချို့ကို မတော်တဆ သတ်မိသွားရင် ဘာဖြစ်မလဲ"

ကျိချန်အာသည် ခဏတာ အံ့အားသင့်သွားဟန်ရပြီးနောက် လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

"ခိုင်မာတဲ့ နောက်ခံမရှိတဲ့ အပြင်တပည့်တစ်ယောက်ကို သတ်မိတာက သိပ်ကြီးကြီးမားမား ကိစ္စမဟုတ်ပါဘူး။ ဖမ်းမိရင်တောင်မှ၊ အခြေအနေ အများစုမှာ စိတ်ဝိညာဉ်ကျောက်တုံး အမြောက်အမြား ဒဏ်ကြေးပေးရုံပါပဲ"

"ဒါပေမယ့်၊ သန့်စင်သောဂိုဏ်းကြီးရဲ့ စည်းကမ်းထိန်းသိမ်းရေး ခန်းမကတော့ တင်းကြပ်တယ်။ တကယ်လို့ ဒဏ်ကြေးကို အချိန်မီ မပေးနိုင်ရင်တော့ ပြစ်မှုကျူးလွန်သူက အသေဆိုးနဲ့ သေရမှာပဲ"

စိတ်ဝိညာဉ်ကျောက်တုံး ဒဏ်ကြေးပေးရုံပဲပေါ့။

ချီယွမ် အတော်လေး စိတ်အေးသွားပြီး တွေးလိုက်သည်။

နတ်ဆိုးဂိုဏ်းနဲ့ တကယ်ကို ထိုက်တန်ပါပေတယ်လူသတ်တာကတောင် ကြီးမားတဲ့ ပြဿနာတစ်ခု မဟုတ်ဘူးပဲ။

သို့သော် ကျိချန်အာက ဆက်ပြောခဲ့သည်။

"ရှင့်သူငယ်ချင်းက ဘယ်တပည့်ကို သတ်လိုက်တာလဲ။ စည်းကမ်းထိန်းသိမ်းရေး ခန်းမမှာ ကျွန်မ စကားတစ်ခွန်းလောက် ဝင်ပြောပေးရမလား"

ချီယွမ် သက်ပြင်းချလိုက်ပြီး ရိုးသားစွာ ဖြေလိုက်သည်။ "ပွင့်ပွင့်လင်းလင်း ပြောရရင်၊ သူ ဂိုဏ်းရောက်တဲ့ ပထမဆုံးနေ့မှာတင် သွေးသန့်စင်ခြင်း တောင်ထိပ် တစ်ခုလုံးကို ပြောင်သလင်းခါအောင် ရှင်းပစ်လိုက်တယ်"

ဆက်သွယ်ရေး မန္တာန်စာရွက်၏ တစ်ဖက်စွန်းမှ တိတ်ဆိတ်သွားတော့သည်...

All Chapters