အခန်း (၄၆-၄၈)
Vol. 4 Ch. 46-48
(46)လေ့လာသုံးသပ်ခြင်း....
ဂျိတ်ကိုယ်ခန္ဓာထဲသို့ စနစ်မှပေါင်းစည်းထားသောသွေး မျိုးဆက်ကို ထည့်သွင်းလိုက်လေသည်။ အလွန့်လွန့်သန်မာသောအစွမ်းထက်သော သွေးမျိုးဆက်များ ပေါင်းစပ်ရောနှောထားသော သွေးမျိုးဆက်ကို ဂျိ တ်၏ကိုယ်ခန္ဓာထဲသို့ လျင်မြန်စွာပင်ထည့်သွင်းလိုက်လေ သည်။ "အား" ဂျိတ်လည်းနာကျင်လှသဖြင့် အော်မိသည်။သို့သော်လည်း ချက်ချင်းပင်ပြန်လည်တောင့်ခံလိုက်သည်။ပြန်လည်တောင့်ခံ ရင်း စနစ်မှ အကာကွယ်များကိုပါ အသက်သွင်းစေခိုင်းလိုက် လေသည်။ စနစ်မှအကာကွယ်စနစ်ကစတင်အသက်ဝင်လာပြီး ဂျိ တ်၏ကိုယ်ခန္ဓာတစ်ခုလုံးကို ဖုံးလွမ်းလိုက်လေသည်။ ဒါ တောင်မှ ဂျိတ်၏ကိုယ်ထဲပေါင်းစပ်ထားသော သွေးမျိုးဆက် မှာ လွန်စွာအစွမ်းထက်ရာ 10%နာကျင်မှုကို ဂျိတ်ခံစားနေရ ဆဲဖြစ်သည်။သို့သော်လည်း 10%ကိုတော့ ဂျိတ်အနေနဲ့ အကောင်းဆုံးတောင့်ခံလိုက်လေသည်။ သွေးမျိုးဆက်သည်လည်း ဂျိတ်၏ကိုယ်ခန္ဓာထဲသို့စတင်ဝင် ရောက် ပေါင်းစပ်နေပြီလည်းဖြစ်လေသည်။ "အနာမခံပဲ မဖြစ်နိုင်ဘူးကွ" သွေးမျိုးဆက်မထည့်ခင်ကတည်းက ဂျိတ်က သူ၏ကိုယ်ခန္ဓာ ကို ပြန်လည်ပြုပြင်ထည့်ဆောက်ထားသောကြောင့်သာတော် သေးသည်။အသန်မာဆုံးသော ကိုယ်ခန္ဓာကြောင့်သာ ဂျိတ် ပေါင်းစပ်နေသောသွေးမျိုးဆက်အစွမ်းကို ခံနိုင်စွမ်းရှိနေ ခြင်းဖြစ်လေသည်။ကျန်သောလူများသာ ထိုသွေးမျိုးဆက်ကို ပေါင်းစည်းမည်ဆိုပါက ပေါင်းစပ်ရန်မပြောနဲ့ သွေး မျိုးဆက်၏အော်ရာဖိအားကြောင့် ချက်ချင်းကိုယ်ခန္ဓာ ပေါက်ကွဲထွက် ကာ သေဆုံးကုန်မည်ဖြစ်သည်။ ဂျိတ်ကိုယ်ခန္ဓာ၏အတွင်းပိုင်း နေရာများသည် သွေးမျိုးဆက် အစွမ်းကြောင့် စတင်ပျက်စီးစပြုလာပြီဖြစ်သည်။ကိုယ်တွင်း အစိတ်ပိုင်းများ စတင်ပျက်စီးလာသည်နဲ့ ဂျိတ်၏ကိုယ်ခန္ဓာ ကျင့်စဥ်က စတင်အသက်ဝင်လာလေသည်။ ကျင့်စဥ်အသက်ဝင်လာသည်နဲ့ သွေးမျိုးဆက်ကြောင့် ဖြစ် သော ပျက်စီးထိခိုက်မှုကြောင့် ဖြစ်နေသော နေရာမှန်သမျှကို စတင်ပြုပြင်လေသည်။ကျင့်စဥ်အစွမ်းသက် ရောက်သည်နဲ့ ကိုယ်တွင်းမှ ဝေါ့ကာများသည်လည်း ပျက်စီးနေသော ကိုယ် အစိတ်ပိုင်းများကို စတင်ပြုပြင်လေသည်။ သွေးမျိုးဆက်က ကိုယ်ခန္ဓာကို ဖျက်စီးလိုက် ဝေါ့ကာများက ပြုပြင်ပေးလိုက်နဲ့ သံသရာလည်နေလေသည်။တခေတ္တ ခန အတွင်း ဖျက်စီးလိုက်ပြုပြင်လိုက်နဲ့ ဂျိတ်၏ကိုယ်ခန္ဓာသည် တဖြေးဖြေးပိုမိုသန်မာလာပြီဖြစ်သည်။ ဂျိတ်၏ကိုယ်ခန္ဓာပိုမိုသန်မာကြောလာသလို စနစ်မှထည့်သွင်း နေသော သွေးမျိုးဆက်ပေါင်းစပ်မူလည်း ပြီးဆုံးခါနီးအဆင့် ထိ ရောက်ရှိလာပြီဖြစ်သည်။ "သွေးမျိုးဆက်ပေါင်းစီးမှုပြီးရန်98%" စနစ်မှအသံထွက်ပေါ်လာသည်။ "100%ပေါင်းစပ်မှုပြည့်စုံပါသည်" ထိုအသံထွက်ပေါ်ပြီးသည်နဲ့ ဂျိတ်၏ကိုယ်ခန္ဓာမှ ထူးကဲ ကြီးမားလှသော စွမ်းအင်အရှိန်အဟုန်ကြီးတစ်ခုပေါ်ပေါက် လာလေသည်။ "စနစ် ပိတ်ပင်ခြင်းအသက်ဝင်လာပါပြီ" ဂျိတ်၏ကိုယ်ခန္ဓာမှ ကြီးမားသောအရှိန်ဟုန်ကြီး ပေါ်ထွက်လာ သည်နဲ့ စနစ်မှ ထိုအရှိန်ဟုန်ကြီးကို စတင်ပိတ်ပင်ကာ မပြန့်နှံ သွားကြောင်းတားဆီးလိုက်သည်။ ထိုအရှိန်ဟုန်ထွက်ပေါ်လာရခြင်းသည် ဂျိတ်၏ကိုယ်ခန္ဓာနဲ့ သွေးမျ်ိုးဆက်ပေါင်းစည်းမှုပြည့်စုံကာ အောင်မြင်သောကြော င့်ထွက်လာရခြင်းလည်းဖြစ်သည်။ စနစ်မှ ချက်ချင်းပင် ပိတ်ပင်တားဆီးသော်လည်းပဲ အရှိန်အဟုန်၏ရာခိုင်နှုန်း(သုည ဒသမ နောက်မှ ကိုးဆယ့်ကိုး ရှိသုံး) (0...............3)တော့ ထွက်သွားသေးသည်။ "ဝူး ဝူး...ဟီးဟီး...." တော်လဲသံကြီးကဲ့သို့ အသံကြီးကား ဂရိတ်နိုင်ငံတစ်ခုလုံး တုန်လှုပ်သွားစေခဲ့သည်။ "ဘာတွေဖြစ်နေတာလဲဟ" ထွက်ပေါ်လာသောအသံကြီးက ကြားရသောလူတိုင်းကို တုန်လှုပ်ခြောက်ခြားစေခဲ့လေသည်။ဂရိတ်နိုင်ငံတစ်ခုတည်း သာမဟုတ် ကျန်သောနိုင်ငံတိုင်း၌လည်း ထိုသို့ကြောက်မက် ဖွယ်ရာကောင်းသော တုန်ခါမှုကြီးကိုကြားနေရဆဲဖြစ်သည်။ ထိုအသံကြီးသည် ရပ်တန့်ခြင်းမရှိဘဲ စကြာဝဠာအသီးသီး အထိတိုင်အောင်ပါက ပြန့်နှံသွားလေသည်။ ကြယ်သားရဲကြီးများ ပင် ကြောက်လန့်တုန်လှုပ်နေပြပြီဖြစ် လေသည်။ "ဟ နတ်ဘုရား တစ်ပါးထပ်ပြီးမွေးဖွားတော့မှာလား." စကြာဝဠာအသီးသီး၌ ငြိမ်သက်နေကြသော သက်ကျားအို ကြီးများပင် တုန်လှုပ်လုပ်ရှားစပြုလာကြလေသည်။ ထိုတုန်လှုပ်မှုကြီးသည် တစ်မိနစ်တိတိမည်ပြီးသောအခါမှသာ ရပ်တန့်သွားတော့သည်။ "အဲ့လိုလုပ်တဲ့သူကို ရှာကြစမ်း" ငြိမ်သက်နေပြီမှာ နှစ်သန်းပေါင်းများစွာကြာနေပြီဖြစ်သော နတ်ဘုရားများပင် ဂျိတ်ကိုစတင်ရှာဖွေကြပြီဖြစ်သည်။ သို့သော်လည်း သူတို့ရှာဖွေနေသည်မှာအချည်းနှီးပင်ဖြစ်စေ ခဲ့လေသည်။ "ဟ ရှာတွေ့ကြလား" "မတွေ့ကြဘူး ငါကောပဲ" ...,.................................. "ဟူး" ဂျိတ်တစ်ချက် သက်ပြင်းချလိုက်လေသည်။ သွေးမျိုးဆက်ပေါင်းစပ်စဥ်က အလွန်နာကျင်သော်လည်း ယခုအခါသာ သာယာကောင်းမွန်သောခံစားမှုမျိုးကို ရရှိနေပြီ ဖြစ်သည်။ "စနစ် ရေ ပေါင်းစည်းထားတဲ့သွေးမျိုးဆက်က ဘယ်လိုခေါ် လဲ" "ရောမသမွှေ သွေးမျိုးဆက်လို့တော့ နာမည်ပေးထားပါ တယ်" "ဟ" ဂျိတ် စနစ်၏သွေးမျိုးဆက်နာမည်ကြောင့် စိတ်ပျက်သွား သည်။အစွမ်းလွန်စွာထက်လှသော စနစ်က နာမည်ပေး ရာတွင်တော့ ကြောင်တောင်တောင်ဖြစ်နိုင်လွန်းနေသည် မဟုတ်ပါလား။ "ငါပေးမယ် ပြန်ပြင်လိုက် အတုမရှိသွေးမျိုးဆက်လို့" "ကောင်းပါပြီ" စနစ်မှ ပြန်လည်ပြင်ဆင်ပြီးကြောင်း ဖန်ရှင်နဲ့တကွ ဂျိတ်အား ပြန်လည်ပြသလိုက်သည်။ စနစ်.အနှိုင်းမဲ့စနစ် ပိုင်ရှင်..ဂျိတ် အသက်24နှစ် ကိုယ်ခန္ဓာ...မူလဘူတကိုယ်ခန္ဓာ (ပြီးပြည့်စုံ) ပိုင်ဆိုင်သော သွေးမျ်ိုးဆက်..အတုမရှိသွေးမျိုးဆက် ("ကိုယ်ခန္ဓာကျင့်စဥ် လည်ပတ်ခြင်းပြီးမြောက်သွားပါသည် သွေးမျိုးဆက်ထည့်သွင်းခြင်းက လည်ပတ်မှုကို အထောက် ကူပြုလိုက်သောကြောင့်ဖြစ်ပါသည်") "အော် ကိုယ်ခန္ဓာ တောင်အဆုံးထိပြည့်စုံသွားပြီးဆိုပါလား မ ဆိုးဘူး" ဂျိတ် ကိုယ်ခန္ဓာသန်မာခြင်းကလည်း အဆုံးထိပြီးမြောက် သွားသလိုအစွမ်းထက်ဆုံးသော သွေးမျိုးဆက်ပါရရှိသွား ကြောင့် ကျေနပ်သွားသည်။ "သွေးမျိုးဆက်လည်း ပြီးပြီဆိုတော့ လေ့လာသုံးသပ်ရမဲ့ အချိန်ပဲ" ဂျိတ် မိမိကိုယ်တွင်းသို့ရောက်ရှိနေသော ပညာရပ်ဗဟုသုတ များစတင်သုံးသပ်ရန် ပြင်ဆင်လိုက်လေတော့သည်။
(47)ကိုယ်ပိုင်သိုင်းကွက်တစ်ခုတီထွင်နိုင်ခြင်း
ဂျိတ်လေ့လာနေတုန်း ဂျိတ်၏ကိုယ်ခန္ဓာကို စနစ်မှ ပြန်လည် သန့်စင်ပေးလေသည်။သွေးမျိုးဆက်ပေါင်းစပ်မှုကြောင့် ကိုယ်တွင်းမှသေးငယ်သောအညစ်ကြေးများလည်း ထွက်ရှိ လာခြင်းကြောင့် စနစ်မှပြန်လည်သန့်စင်ပေးခြင်းလည်း ဖြစ်သည်။ထိုသို့သန့်စင်ပေးခြင်းသည် ဂျိတ်ကိုယ်ခန္ဓာတွင် အညစ်ကြေး မရှိခြင်း နောက်ဆုံးအကြိမ်လည်းဖြစ်သည်။ ယခုချိန်မှစပြီး အစွမ်းထက်ဆုံးကိုယ်ခန္ဓာများတွင် ဂျိ တ်၏ကိုယ်ခန္ဓာသည် အစွမ်းအထက်ဆုံးနဲ့အသန်မာဆုံးသော ပြိုင်ဘက်ကင်းတစ်ခုဖြစ်လာပြီဖြစ်သည်။ သို့သော်လည်း စနစ်၏ချိတ်ပိတ်ထားသောကြောင့် လူတိုင်း က ဂျိတ်ကို သာမန်ကဲ့သို့သာမြင်ရမည်ဖြစ်သည်။ဂျိတ်၏သိုင်း အဆင့်ကိုတော့ စနစ်မှဖုံးကွယ်ထားခြင်းမရှိပေ။ "ဝီး"... လေတွင် အစွမ်းထက်ပြီးအရှိန်ဝါကြီးမားသော အက္ခရာများ ပါသော စာရွက်များပျံသန်းနေလျက်ရှိသည်။ယခုချိန်တွင် ဂျိ တ်သည် ရာပေါင်းများစွာသောစာရွက်ကြီးများ၏ဝန်းရံမှုကို ခံနေရသည်။သွားလာ လှည့်ပတ်နေသောစာရွက်ကမ္ဘာကြီး၏အလယ်တွင်ရောက်ရှိ နေလေသည်။ ထိုနေရာကား စနစ်၏အထူးခြားဆုံးသော နေရာတစ်ခုဟု လည်းဆိုနိုင်သည်။ထိုအခန်း၌ ဂျိတ်သည် တစ်ခုခုကိုလေ့လာ သင်ယူနေပုံရှိသည်။ ဟုတ်ပေသည်။ဂျိတ်၏စိတ်ဝိညာဥ်သည် များပြားလှသော စာပေသိုင်းပညာများကို လေ့လာဆည်းပူးနေခြင်းလည်း ဖြစ်သည်။ မြူမှုန့်မျှသေးငယ်လှသော ပညာများလည်းမကျန် အောင် ဂျိတ် လေ့လာပြီးသွားပြီလည်း ဖြစ်သည်။ "လေ့လာသုံးသပ်ရမဲ့အချိန်ပဲ" ထိုသို့ဆိုလိုက်သည်နဲ့ ဂျိတ်အားဝန်းရံနေသော စာရွက်ကြီး များသည် တဖြေးဖြေးသေးငယ်ကျုံဟင်သွားကာ ရွှေရောင် အလင်းတန်းလုံးလေးပမာ ဖြစ်တည်လာသည်။ထိုရွှေရောင် အလုံးတန်းလေးသည် ဂျိတ်လေ့လာနေသော အရာအားလုံး ကိုလည်း ကိုယ်စားပြုလေသည်။ "ဖျောင်း" ထိုရွှေရောင်အလုံးလေး ပေါက်ကွဲကာ ဂျိတ်၏ဦးခေါင်းသို့စိ မ့်ဝင်သွားသည်။ ထိုဖြစ်စဥ်ဖြစ်ပြီးသည်နဲ့ ဂျိတ်အတွေးထဲ၌ လေ့လာပြီးသမျှ သော အဆုံးမသတ်အောင်များပြားသောအတတ်ပညာ များသည် တစ်စုတစ်စည်းတည်းဖြစ်ပေါ်လာလေသည်။တ ဖြေးဖြေးနဲ့ တစ်ခုတည်းအဖြစ်ရောက်ရှိသည့်အခြေနေသို့ ရောက်ရှိလာသည်။ ထိုသို့ဖြစ်ခြင်းသည် ဂျိတ်သည် လေ့လာသမျှသောအရာ အားလုံးကို တစ်ခုတည်းအဖြစ် အကျဥ်းချုပ်လေ့လာသင်ယူ တတ်မြောက်ပြီးသွားကိုလည်း ပြသပေသည်။ တတ်မြောက်ပြီးသည်နဲ့ ပထမဆုံးအတွေးကတော့ သိုင်းကွက် ပင်ဖြစ်သည်။ သိုင်းကွက်ဆိုတာဘာလဲ ဂျိတ်အတွေး၌ တွေးသည်နဲ့ တစ်ဆက်တည်းပေါ်ပေါက်လာသည်။နဂါးသိုင်းကွက် ကျားမင်းလက်သီးစသည်ဖြင့် သိုင်းကွက်ဟန်များကလည်း ဂျိတ်အတွေး၌တောက်လျောက်ပေါ်လာသည်။ လူများသည် အင်အားနည်းပါးကြသည်။သို့သော် အမြဲမပြတ် လေ့လာသင်ယူကာ တိုးတက်အောင်ဆောင်ရွက်နိုင်ကြသည်။ ခြေနှစ်ချောင်းလက်နှစ်ဖက်ခေါင်းတစ်လုံးဖြင့် သာမန်မှ အထက်သို့လှမ်းတက်လာခဲ့ကြသည်။ လူများသည် သိုင်းကွက်တီထွင်ဖန်တီးမှုလည်း လုပ်ဆောင်ခဲ့ကြသည်။မိမိ တို့ထက် အင်အားကြီးသော သားရဲကြီးများကို အတုယူကာ သူတို့အစွမ်းကို ပိုင်ဆိုင်ရန်ကြိုးစားကြသည်။ ဒီလိုနဲ့ကျားမင်းလက်သီး နဂါးလက်သည်းစသည်ဖြင့် သိုင်းကွက်များပေါ်ပေါက်လာသည်။အစွမ်းထက်လှသော တိ ရစ္ဆာများ၏ လှုပ်ရှားပုံအမူရာ သွားလာတိုက်ခိုက်ပုံများကို အတုခိုးကာ သူတို့အစွမ်းနီးနီးထက်လှသောသိုင်းကွက်များကို ပါ ဖန်တီးခဲ့ကြသည်။ဤသို့ဖြင့် ထိုအကောင်ကြီး များ၏စွမ်းအားကိုပင် အသုံးပြုနိုင်လာကြသည်။ ထိုသို့သော သိုင်းကွက်များသာမက လက်နက်များနဲ့လည်း တွဲဖက်သုံးသော သိုင်းကွက်များကိုလည်း ထွင်ခဲ့ကြ ပြန်သည်။လက်နက်များနဲ့လည်း လူသားများသည် အဆင့် တန်းမြင့်မြင့်နေထိုင်ခဲ့ကြသည်။ သိုင်းကွက် လက်နက်များသည် အဘယ်ကြောင့်လိုအပ်ရသ နည်း။အတွေးဆက်များက ဆက်လက်သွားနေသည်။ အဓိက ကစွမ်းအားပင်ဖြစ်သည်။ကြီးမားသော အစွမ်းရမှ သာ အရာရာကိုရနိုင်မည်ဖြစ်သည်။တစ်ကိုယ်တည်းမရပါက သိုင်းကွက် လက်နက်များစသောအကူညီများဖြင့် ရအောင်ယူ တတ်ကြရသည်။ အစွမ်းထက်သောသိုင်းကွက်များ လက်နက်များဖြင့် အထွပ် ထိပ်သို့တတ်လှမ်းခဲ့ကြသော လူများလည်းမနည်းနှောပေ။ ဒါဆိုရင် ကြီးမားသောအစွမ်းကိုရလိုပါက အစွမ်းထက် သိုင်းကွက်ကို တတ်မြောက်ရမည်ဖြစ်သည်။ဂျိတ်သည် ယခု အခြေနေ၌ သူကိုယ်တိုင်အတွက် သုံးလိုသော သိုင်းကွက်ကို သူကိုယ်တိုင်တီထွင်လိုလာပေသည်။ကိုယ်တိုင်ဖန်တီးသော သိုင်းကွက်ကို ကိုယ်တိုင်သုံးပါက တခြားသူတီထွင်ထားသော သိုင်းကွက်ကို တတ်မြောက်သောသူထက် ပိုမိုသာလွန်ပေ သည်။ထို့ကြောင့် ကိုယ်ပိုင်သိုင်းကွက်တစ်ကွက်အရင်ထွင်ရန် ဆုံးဖြတ်လိုက်သည်။ အရင်ဆုံး ဂျိတ်ပြေးမြင်လိုက်သည်က လက်သီးပင်ဖြစ်သည်။ လက်သီးဆိုတာက အရိုးရှင်းဆုံးဖြစ်သလို သိုင်းကွက်၏အခြေ ခံလည်းဖြစ်နိုင်လေသည်။ "လက်သီးကွ" ဂျိတ်ပြောပြီးသည်နဲ့သူ၏အစွမ်းထက် အသိပညာများစွာ ပိုင်ဆိုင်ထားပြီးဖြစ်သော ဂျိတ် သူ၏သိုင်းကွက်ကို စတင် ဖော်ထုတ်လိုက်သည်။ သူထုတ်သုံးတီထွင်သော သိုင်းကွက်ကား ဘယ်လိုပုံစံနည်း။ အလွန့်အလွန်ပင်ရှိးရှင်းလွန်း၏။ .လူတစ်ယောက် သူ၏လက်ကိုလက်သီးဖြစ်အောင်ဆုပ် သည်။ပြီးတော့ထိုးသည် ။ဒါက သာမန်အပြုမူသာဖြစ်သည်။ ထိုကဲ့သို့ထိုးပါက. သာမန်လူများ ထိခံရပါက နာကျင်စေနိုင် သော်လည်း သန်မာသောလူများအဖို့တော့ နာကျင်စေရန်ဝေး ကွာနေမည်ဖြစ်သည်။ ဂျိတ်လည်း သူ၏လက်သီးကိုဆုပ်ကာ ရှေ့သို့ ထိုးဟန်ပြု လိုက်သည်။သာမန်လူများလုပ်သလိုသာ လုပ်သည်ဖြစ်သေည် လည်း ဂျိတ်ထံရောက်လာသောအခါ မရိုးရှင်းတော့ပေ။ ဂျ်ိတ်လက်သီးဆုပ်သည်နဲ့ မမြင်နိုင်သော သဘာဝဥပဒေသ အင်အားများကိုပါ ချိုးဖျက်နိုင်သော အင်အားများကပါ လက်သီးတွင် စုဝေးလာလေသည်။တတ်မြောက်ထားသော ဂျိ တ်၏အသိပညာအစွမ်းများက ပါ ဖြည့်စီးပေးနေသလိုဖြစ် ပေါ်လာသည်။ ယခုချိန်၌ ဂျိတ်၏လက်သီးဆုပ်ဟန်သည် ကြီးမားလှသောဂ လက်ဆီတစ်ခုကို ဆုပ်ကိုင်လိုက်သည်ပမာဖြစ်ပေါ်လာသည်။ လက်သီးတွင်လည်း နှိုင်းဆမရနိုင်သော အင်အားများကစု ဝေးသိပ်သည်းလာလေသည်။ လက်သီးထိုးဟန်ပြုသည်နဲ့ ထိုအင်အားများသည် ရေကာတာ မှ ထိန်းမနိုင်၍ရေကာတာကျိုးပေါက်ကာ ရေများတဟုန်ထိုးဖောက်ထွက်လာသကဲ့သို့ ထွက်ပေါ်လာ သည်။ "ဂျိန်း" လက်သီးထိုးရာ အရပ်သို့ တားဆီးမရနိုင်သော အစွမ်းများက တားဆီးမည့် အရာရာတိုင်းကို ခြေဖျက်တိုက်စားသွားသည့် ပမာ ထွက်သွားသည်။ တားဆီးမရနိုင် ရပ်တန့်၌မရနိုင်သော အရာဖြစ် ပြောင်းလဲ သွားသည်။ထိုဖြစ်စဥ်ကို စကားတစ်ခွန်းတည်းကသာ ဖော်ပြ နိုင်လေသည်။ ("စောက်ရမ်းကြမ်းလွန်းတယ် အရမ်းအစွမ်းကြီးလွန်း တယ်") ထိုသို့သူ၏လက်သီးသိုင်းကွက်ကြောင့်ဖြစ်ပေါ်လာမှု ကို ဂျိတ်အားရမိလေသည်။ဒီသိုင်းကွက်က သူ၏ပထမဆုံး သောတီထွင်ဖန်တီးမူလည်းဖြစ်လေသည်။ "ငါဒီသိုင်းကွက်ကို နာမည်ပေးမယ် ပြိုင်ဘက်ကင်းလက်သီး လို့"
(48)နေ့လယ်စာဝယ်စားသူများ
"ပြိုင်ဘက်ကင်းလက်သီး သိုင်းကွက်ကို တီထွင်ပြကြောင်း အတည်ပြုအပ်ပါသည်။" စနစ်အသံကထွက်ပေါ်လာလေသည်။ "စနစ် ငါ့ရဲ့သိုင်းကွက်က အဆင့်ဘယ်လောက်ရှိလဲ တွက်ချက်ပေးပါ" "တွက်ချက်ပြီးပါပြီ သင်၏လက်သီးသိုင်းသည် နတ်ဘုရားအ ဆင့်ရှိလက်သီးသိုင်းဖြစ်ပါသည်။" ဂျိတ် ကျေနပ်သွားသည်။သူပထမဆုံး တီထွင်သော သိုင်းကွက်က နတ်ဘုရားအဆင့်ရှိသည်မဟုတ်ပါလား။ "ဟာ မနက်တောင်ရောက်သွားပြီလား." နေအလင်းရောင်ဖြာကျမှ ဂျိတ်မနက်ရောက်ရှိမှန်းသိရှိလိုက် သည်။တစ်ညလုံး သွေးမျိုးဆက်ထည့်ခြင်းနဲ့ သိုင်းကွက် တီထွင်နေခြင်းကြောင့် ဂျိတ်တစ်ယောက် ညတာအချိန်ကုန် မှန်းမသိကုန်သွားခဲ့ခြင်းဖြစ်လေသည်။ "သမီးလေး " အယ်မလီလေးက ဂျိတ်အသံကြားသည်နဲ့ ချက်ချင်းမျက်လုံး ဖွင့်လာသည်။ "ဖီဖီ ဒီနေ့ အဝကြီးစားမယ်" "သမီးလေး စားရမှာပေါ့" သမီးလေးဖြစ်သူကို ဂျိတ် ခြေလက်မျက်မှာသန့်စင်ပေးကာ မီးဖိုချောင်သို့ခေါ်လာ လိုက်သည်။မီးဖိုချောင်တွင် ဇိုက်နဲ့ခွေး လေး မိုက်ကယ်တ်ို့ကလည်း စားသောက်ရန်အသင့်စောင့် ဆိုင်းနေကြလေသည်။ မီးဖိုချောင်ထဲရှိ ဝိုက်တီ၏ချက်ပြုတ်သံများကတော့ ဒီ အတိုင်းသားကြားနေရသည်။ "စားလို့ရပါပြီ" ထိုအသံနဲ့အတူ မနက်စာအစားသောက်များက စားပွဲပေါ်သို့ ရောက်ချလာလေသည်။ ဂျိတ်ကတိပေးထားသည့်အတိုင်း ခွေးမိုက်ကယ်ကို သာမန် ကျွေးနေကြထက် ပိုပိုသာသာထည့်ပေးလိုက်သည်။ ဂျိတ်တို့လည်း စတင်စားသုံးလိုက်ကြသည်။ "ဟူး ဒီအနံလေး".... မြို့စားမင်းနဲ့ မြို့သူမြို့သားများကလည်း ဂျိတ်အိမ်အနား သူတို့ သတ်မှတ်ထားသောနေရာမှ နေ၌ ဂျိတ်အိမ်မှချက်ပြုတ်သော ရနံကို အားပါးတရ ရှုလိုက်ကြလေသည်။ ဒီလိုရှုလိုက်မှလည်း သူတို့အတွက် အာသာပြေသည် ဖြစ်သည်။ "လခွမ်း ဒီလောက်ကောင်းတဲ့ ရနံမျိုးငါတစ်ခါမှ မရဖူးဘူး" ဒီယေဂိုမြို့ထဲတွင် ကျန်သော လုပ်ကြံသူများက အလွန် ကောင်းမွန်လှသော ဟင်းရနံကြောင့် မြင်သက်ကုန်ကြသည်။ "ဘယ်အိမ်ကလဲ မှန်းစမ်း" လုပ်ကြံသူများလည်း ဟင်းရနံထွက်လာရာအိမ်ကို ရှာဖွေကြ လေသည်။ "ဟိုက် ငါရှာဖွေတွေ့ရှိပြီကွ လခွမ်း ဒါပစ်မှတ်အိမ်မဟုတ်ဘူး လား" လုပ်ကြံသူများ ထိတ်လန့်အံသြ သွားကြသည်။မိမိတို့ တစ်သက်တစ်ခါမှ မရဖူးသောစားကောင်းသောက်ဖွယ်ချက် ထားသောအိမ်သည် မိမိတို့ပစ်မှတ်လုပ်ကြံသတ်ဖြတ်ရန် ကြံ ထားသောသူ၏အိမ်ဖြစ်နေသည်ကိုပင်။ "ငါလဂိုး ဘယ်လိုလုပ်ကြမှာလဲ" မြို့ထဲ၌ ကျန်သောလုပ်ကြံသူငါးဆယ် စုဝေးပြီးတိုင်ပင် ဆွေးနွေးလိုက်သည်။မြို့ထဲလုပ်ကြံသူငါးဆယ်သာကျန်ခဲ့ရ ခြင်းမှာ ကျန်သောလုပ်ကြံသူများက ဒီယေဂိူမြို့ကို ညမှလာရန် ဆုံးဖြတ်ကာ လုပ်စရာရှိသည်ကို သွားရောက်လုပ်ကိုင်နေ သောကြောင့်ဖြစ်သည်။ "ငါတို့ဘယ်လိုလုပ်ကြမလဲ အခုဒီဟင်းရနံရပြီး နောက် ငါကျန် တာဘာမှမစားချင်တော့သလိုပဲ" "အေးဟငါကောပဲ" "ငါတို့ကို သူကိုလုပ်ကြံပြီး ဆုကြေးပဲယူမယ်လေ" "မအေလိုး" ဆုကြေးသာလိုချင်နေသည့်လုပ်ကြံသူကို ကျန်သောလုပ်ကြံ သူများဝိုင်းဝန်းဆဲလိုက်ကြသည်။ "မနေ့ကကောင်တွေ ဘယ်လိုရှောသွားတယ်ဆိုတာမမြင်ဘူး လား သူ တို့ကမင်းထက် အများကြီးကြမ်းတယ်နော်" "သူကိုလုပ်ကြံပြီးဆုကြေးပိုက်ဆံရပါပြီထားဦး အခုလိုအနံနဲ့ တောင် ပြိုင်ဘက်ကင်းနေတဲ့ ဟင်းချက်တဲစားသောက်ဆိုင် မင်းရှာနိုင်လား" "အဲ့" ထိုအခါမှ ဆုကြေးသာလိုချင်သည့်လုပ်ကြံသူ တွေးမိသွား သည်။ ဒိီလို ကောင်းမွန်အောင် ချက်နိုင်သောဆိုင်ကိုရှာဖို့က ခက်ခဲနေပေမည်။ပြီးတော့ သူ့အားပြောသူသည် တိုင်းပြည် အများပြားရောက်ဖူးသောသူဖြစ်ရာ သူ့လိုလူအတွက်ပင် ရှာရ ခက်သည်ဆိုနေမှတော့ သူလည်းမငြင်းသာတော့ပေ။ "ငါ့မှာအကြံရှိတယ် " "ဘယ်လိုအကြံလဲ" အကြံရှိသည်ဆိုသော လုပ်ကြံသူလူတိုင်းခေါင်းလှည့်သွားကြ သည်။ "ငါတို့သူ့အိမ်သွားပြီး အဲ့လိုဟင်းကျွေးပါလို့ပြောမယ် သူ မ လုပ်ပေးရင် ငါတို့ဝယ်စားကြမယ်ကွာ" ခပ်ကြောင်ကြောင်နောက်တစ်ယောက်မှ "ငါတို့ သွားပြီးဟင်းချက်ကြွေးဖို့ပြောမယ် သူမလုပ်ပေးရင် သူကိုသတ်မယ်ဆိုပြီးပြောမယ်" "ဒီမအေလိုးက သေချင်ရင်ဒဲ့မပြောဘူး" ဒီတစ်ခါ တော့ အပြောတင်မကပဲ ဝိုင်းဝန်းသမလိုက်ကြလေ သည်။ "ငါတို့က လုပ်ကြံသူလေ ရူးနေလား." "ငါတို့မပြောရင်သူလည်းမသိဘူးလေကွာမင်းကလည်း" "အေး ဒါလည်းဟုတ်တာပဲ" ထိုအကြံကို လက်ခံလိုက်ကြသည်။ဒီထက်ကောင်းသော အကြံရှိတော့မည်လည်းမဟုတ် အဘယ်ကြောင့်ဆိုသော် သူ တိုမတွေးတတ်သောကြောင့်ဖြစ်သည်။ "ကျားယား" မနက်စာစားသောက်ပြီး ခနနားပြီးသည်နဲ့ဇိုက်တစ်ယောက် အသည်းသန်လေ့ကျင့်ပြီဖြစ်သည်။ခွေး မိုက်ကယ်ကတော့ တဝတပိုးစားထားပြီးဖြစ်ရာ လေအေးရာ အိပ်၍ကောင်းသောနေရာ ရှာ၍မှေးနေလိုက်သည်။သူ့ အတွက် တိုးတက်ဖို့ကလေ့ကျင့်ရန် မလိုအပ်ပေ။ ဂျိတ်ကတော့သမီးလေး နဲ့အတူ စာလုပ်ပေးနေသည်။ "ဒါကအေ ဘီ စီ" သမီးလေးဖြစ်သူအယ်မလီကလည်း ဂျိတ်ပြောသမျှကို သေချာလေ့လာနားထောင်ကာ လိုက်ဆိုနေသည်။ ဂျိတ်မှ သမီးလေး နတ်သမီးလေးတွေယုန်လေးတွေ အကြောင်း သိချင်ရင် စာတတ်ရမည်ဆိုသောကြောင့် အယ် မလီလေးလည်း ကြိုးစားသင်ယူလေသည်။ အယ်မလီလေးကလည်း အသက်ရွယ်နဲ့မလိုက်အောင်ညဏ် ရည်ထက်မြက်လွန်းသည်။ဂျိတ်သင်ပေးသော စာများကို လည်း တခနတွင်း တတ်မြောက်လေသည်။ စာသင်ခြင်းသည် ဂျိတ်တို့ခေါတ်အခါ၌ အထက်တန်းစားများ သာသင်ယူနိုင်လေသည်။သာမန်တိုင်းသူပြည်သားအများစု သည် စာဖတ်တတ်ခြင်းစာတတ်မြောက်ခြင်းမရှိပေ။ ဒါကလည်း စာတတ်မြောက်ခြင်းကို အားမပေးကြသောကြော င့်လည်းဖြစ်သည်။တစ်နေ့လုပ်၍တစ်နေ့စားကြသော သာမန် ပြည်သူများသည် စာသင်ချိန်မရှိသောကြောင့်လည်းကောင်း သင်ပေးမည့်သူမရှိသောကြောင့်လည်းဖြစ်သည်။သင်ပေးမ ည့်သူများကလည်း ကြေးကြီးကြီးတောင်းဆိုကြသောကြောင့် လည်း ပါလေသည်။ "အိမ်ရှင်ရှိလား" ခြံဝင်းရှေ့မှအော်သံကြောင့် ဂျိတ်လည်းအပြင်ထွက်ကြည့် လိုက်လေသည်။. ဂျိတ် ထွက်ကြည့်တော့ လူအယောက်ငါးဆယ်ရှိသောအုပ်စု ကြီး ရောက်နေကြောင်းတွေ့ရသည်။ "ဘာကိစ္စလဲပြော" "ဒီလိုပါ မနက်က ဟင်းရနံကိုကျနော်တို့ရပြီးနောက် ကျန်တဲ့အရာတွေ စားမဝင်တော့ပါဘူး ဒါကြောင့် မနက်ကလို ဟင်းမျိုးကျနော်တို့ကို ချက်ကြွေးပါလား" ထိုသို့ပြောရာတွင် ဂျိတ်၏အမူရာသည် မည်သို့မျှမပြပေ။ "ကျနော်တို့က အလကားမစားပါဘူး ဝယ်စားမှာပါဗျ ဟုတ်ပါ တယ်" ထိုအခါတွင်လည်း ဂျိတ်၏အမူရာက ပြောင်းလဲသွားခြင်းမရှိ ပေ။ "ဖီဖီ သမီးတို့ဟင်းလာဝယ်စားတာဆို သူတို့လဲစားချင်ရှာမှာ ပေါ့" အယ်မလီလေးက ဝင်ရောက်ပြောဆိုလိုက်သည်။ထိုအခါ မှ...... "ကောင်းပြီ ကျုပ်သမီးပြောလို့ ကျုပ် နေလယ်စာကျွေးမယ် အလကားတော့မရဘူး တစ်ယောက်ကို ရွှေပြားတစ်ထောင်ပဲ." ရွှေပြားတစ်ထောင်ဆိုသောကြောင့် လုပ်ကြံသူများ မျက်လုံးပြူးသွားကြသည်။ထိုငွေပမာဏက တခြား စားသောက်ဆိုင်ဆိုလျှင် ငါးလမျှ အဝဆွဲ၍ရသောကြောင့် ပင်။ "ဘာလဲ မဝယ်နိုင်ရင်လစ်တော့" "ဝယ်စားပါမယ်ဗျ ရွှေပြားငါးသောင်းပါ" လုပ်ကြံသူတစ်ယောက်မှ လူတိုင်းထံရွှေပြားတစ်ထောင်စီ စု ကာ ဂျိတ်ကိုပေးလိုက်သည်။ အနံကြောင့် လုပ်ကြံသူများလည်း စားချင်စိတ်များဖြစ်ပေါ် နေရာ ရွှေပြားတစ်ထောင်ကို တွယ်တာနေခြင်းမရှိတော့ပေ။ "နောက်ဆယ့်ငါးမိနစ်နေရင်ရမယ်"