အခန်း (၅၅-၅၇)
Vol. 4 Ch. 55-57
(55)ဘုံပြသာဒ်ဖြင့်ဖမ်းဆီးခြင်း "လူသား မင်းသေရမယ်" "အခုလိုပြောလေ အစောက မင်းက ဂီးဂီးတွေလုပ်နေတော့ငါ ဘယ်လိုလုပ်သိမှာလဲ" ဂျိတ်အပြောကြောင့် မီးတောက်အရိုးစုကြီးပိုမိုဒေါသထွက် သွားသည်။ "လူသား ဒီနေ့မင်းကိုငါအမှုန့်ခြေပစ်မယ်" ထိုသို့စူးစူးဝါးဝါးအော်ဟစ်ပြီး သူ၏ကိုယ်ထဲမှအရာ ဖောက်ဖျက်နိုင်ရန်ကြိုးစားနေလေသည်။ ("ဒါက စနစ်ကပြောတဲ့ဟာပဲဖြစ်ရမယ်") စနစ်ပြောသည့်အတိုင်းပင် မီးတောက်အရိုးစုကြီးသည်ထိိုသို့ လုပ်ဆောင်နေကြောင်း သိလိုက်ရသည်။ ကြီးမားသောအသံကြီး သည် မီးတောက်အရိုးစု၏ကိုယ်ခန္ဓာ မှထွက်ပေါ်လာသည်။ထိုအသံနဲ့အတူ ကြီးမားသောမီးကွင်း ကြီးသည် သူ၏ကိုယ်ခန္ဓာကိုဗဟိုပြု၍ ကျယ်ပြန့်လာပြန်လေ သည်။ ဂျိတ်လည်း အစောက သုံးခဲ့သော မီးတောက်ချိတ်ပိတ်ကို ပြန်လည်အသုံးပြုလိုက်သည်။ ထိုသို့လုပ်ဆောင်လိုက်သည်နဲ့ ပြန့်ကားလာသောမီးကွင်းကို ထပ်မံပြန့်ထွက်သွားခြင်းမရှိပေ။ "ခရက်" ဒီတစ်ခါမီးကွင်းကအစောကမီးတောက်ထက်ပိုမိုအင်အား ကြီးပြီးပြင်းထန်ဟန်ရှိသည်။ဂျိတ်၏ချိတ်ပိတ်အစီရင်ပင် အနည်းငယ်အက်ကွဲလာလေသည်။ "ဟီးဟီးဟီးဟီး" "ဒီတစ်ခါလူသားမင်းငါ့ကို မတားနိုင်တော့ပါဘူးကွ မင်းရဲ့အစီရင်ကလဲ အက်ကွဲနေပြီကွ မင်းကိုသတ်ပြီးငါလိုချင်တာဆက်ရှာမယ်" ယခုအချိန်၌ မီးတောက်အရိုးစုသည် ရယ်မောနေသည်။ သူ၏မီးကြောင့် ဂျိတ်၏အစီရင်အက်ကွဲသွားသည်ဖြစ်သော ကြောင့်ပင်။ ထိုသို့မီးတောက်အရိုးစု၏မီးတောက်ပြင်းအားများပြားလာ သည်နဲ့အတူ သူ၏ပုံပန်းသဏ္ဏ န်အသွင်ပြင်လည်း ပြောင်းလဲသွားသည်။ အစောပိုင်း၌သူ၏ပုံစံသည် မီးတောက်နေသောအရိုးစုသာ ဖြစ်သော်လည်း ယခုထိတ့်လန့်စရာကောင်းလှသည်။သူ၏ဦး ခေါင်းတွင် ချိုကဲ့သို့အရာများက ရှည်ထွက်နေရုံသာမက သူ၏ကိုယ်ခန္ဓာကလည်း ယခင်ထက်ပိုမိုကျစ်လစ်ထူထဲနေ လေသည်။မီးတောက်အရောင်ဝါကလည်း ပိုမိုပြင်းထန်လာ သည်။ မြေကြီးပင် တုန်ခါလာလေသည်။ မီးတောက်အရိုးစုသည်သူ၏ကိုယ်ခန္ဓာကို ဗဟိုပြု၍ မီးကွင်း များဆက်တိုက်ဖြန့်ကျက်လေသည်။ ထိုဖြာထွက်လာခဲ့သောမီးကွင်းမီးတောက်များသည် ဂျိ တ်၏မီးတောက်ချိတ်ပိတ်အစီရင်ကို ဆက်တိုက်ရိုက်ခတ်လေ သည်။ တစ်ခါပြီးတစ်ခါ....အဆက်မပြတ်ရိုက်ခတ်လေသည်။ထိုသို့ ရောက်ခတ်မှုကြောင့် မီးတောက်ချိတ်ပိတ်အစီရင်ကြီးသည် အက်ကြောင်းအထပ်ထပ်ထလာလေသည်။ "ခလွမ်း" မီးကွင်းအကြိမ်တစ်ရာနီးပါးဖြန့်ကျက်လိုက်သောအခါ ဂျိ တ်၏အစီရင်သည်ကွဲကြေ ပျက်စီးသွားသည်။ "လူသားမင်းသေပြီကွ" အသွင်ပြောင်းလဲနေသောမီးတောက်အရိုးစုသည် ဂျိတ်ထံ သူ ကိုယ်တိုင်လျှောက်လမ်းလာလေသည်။ "ဘယ်လိုလုပ်ပြီးအတိကျပြောရဲနေတာလဲ" ဂျိတ်ပြောပြောဆိုဆိုနဲ့ သူ၏အိတ်ထဲသို့လက်နှိုက်လိုက်သည်။ အိတ်ထဲသို့နှိုက်လိုက်သည်နဲ့ သေးငယ်သောအရာဝတ္ထုတစ်ခု သည် ပါလာခဲ့သည်။ ထိုသေးငယ်သောအရာလေးသည် အနုစိတ်လှသော အရုပ် လေးဖြစ်သည်။ထိုအရာလေးသည် ရှစ်ထပ်ပါရှိသောဘုံ ပြသာဒ် လေးတစ်ခုဖြစ်သည်။ထိုရှစ်ထပ်ပြသာဒ် လေး၏အထပ်တိုင်းကလည်း အလွန်လွန့်ပင်လက်ရာမြောက် ကာ အရောင်ဝါများတောက်ပနေသည်။ "မင်းလက်ထဲကအရာကလည်း မင်းကိုမကယ်နိုင်ပါဘူးကွ" မီးတောက်အရိုးစုသည် ရယ်မောနေသည်။သူလိုချင်သော အရာဝတ္ထုရှာနေခိုက် လူလွန်မသားတစ်ကောင်သည် မိမိ မီးတောက်များကိုပါ ထိန်းချုပ်ခဲ့ယုံမက မိမိအားစော်ကားခဲ့ သည်။ ထို့ပြင်လူသားသည် မိမိ၏မီးတောက်ကိုပါသူနဲ့အဆင့်တန်း ညီသလိုပြုမှုသောကြောင့် မိမိဒေါသထွက်ခဲ့ရသည်။မိမိအား ရေခဲတုံးထဲပိတ်ခဲ့သေးသောကြောင့် ဂျိတ်အားအလွန်သတ် ချင်စိတ်ပြင်း ပြနေသည်။ ယခုအခါ သတ်နိုင်တော့မည်ဖြစ်သောကြောင့် ရယ်မောနေနိုင် ခြင်းဖြစ်သည်။ "တကယ်ကြီးထင်နေရင်မင်းလုံးဝမှားနေပြီကွ" ဂျိတ်သူ၏လက်ထဲမှ သေးငယ်သောဘုံပြသာဒ်ကိုလေထဲသို့ လွတ်မြောက်လိုက်သည်။ထိုပြသာဒ်လေးသည် လေထဲသို့ ပြန်သွားလေသည်။လေထဲတွင်ထိုဘုံပြသာဒ်လေးသည် အရောင်ဝါတောက်ပစွာလှည်ပတ်နေလေသည်။ "ငရဲမဟူရာမီးတောက်" မီးတောက်အရိုးစုမှ ယခင်ထက်ပိုမိုပြင်းထန်သောမီးတောက် များထုတ်လွင့်လိုက်သည်။ပြင်းထန်သောမီးတောက်များသည် လေထဲ၌လှည်ပတ်နေသော ပြသာဒ်ကိုလောင်ကျွမ်းတိုက်စား ပစ်ရန် ကြိုးစားလိုက်သည်။သို့သော်ငြားလည်း ပြသာဒ်မှ ဘာမှမဖြစ်သည့်အပြင် အနည်းငယ်ပင်မမှိန်သွားမပူသွားခဲ့ လေ။ မီးတောက်အရိုးစုသည် သူ၏မီးတောက်ကြောင့်ပြသာဒ်သေး စားလေးကိုလောင်ကျွမ်းနိုင်လိုက်ပြီဖြစ်ကြောင်းထင်နေဟန် ရှိသည်။ထိုအထင်ကို သေးငယ်ဘုံပြသဒ်လေးက ဖျက်စီးပြ လိုက်လေသည်။ "ဝီး" သေးငယ်သောဘုံပြသာဒ်လေးထံမှစုပ်ယူမူတစ်ခုထွက် ပေါ်လာသည်။ထိုထွက်ပေါ်လာမှုကြောင့် ကြီးမားလှသော မီးတောက်ကြီးသည် လွန်ဆန်နိုင်ခြင်းမရှိပဲ ပြသာဒ်သေးလေး၏စုပ်ယူမှုကို ခံလိုက်ရသည်။ပြသာဒ် လေး၏စုပ်ယူမှုကြောင့် မီးတောက်အားလုံး ပျောက်ကွယ် သွားရသည်။ "ဒါမ ....မဖြစ်နိုင်ဘူး ဒါမဖြစ်နိုင်ဘူး" မီးတောက်အရိုးစုကြီး စတင်တုန်လှုပ်လာလေသည်။ထိုသေး ငယ်သောဘုံပြသာဒ်လေးက သူ၏ပြင်းထန်လှသော မီးတောက်များကိုစုပ်ယူသွားသောကြောင့်ဖြစ်သည်။ "သူ့ကို အနိုင်ယူလိုက်" ဂျိတ် ဘုံပြသာဒ်လေးကိုအမိန့်ပေးလိုက်သည်။ထိိုသို့အမိန့် ပေးလိုက်သည်နဲ့ လေထဲတွင် ပျံသန်းနေသော ဘုံပြသာဒ် လေးသည် မီးတောက်အရိုးစုထံဦးတည်ပျံသန်းလာလေ သည်။ ထိုပြသာဒ်လေးပျံသန်းမှုကြောင့် မီးတောက်အရိုးစုလန့်သွား သည်။ထို့ကြောင့် ထိုပြသာဒ်လေးကို သူ၏မီးတောက်များဖြင့် အဆက်မပြတ်မှုတ်ထုတ်လိုက်သည်။ သူမှုတ်ထုတ်လိုက်သော ပြင်းထန်သောမီးတောက်များက မီး ကျားကြီး သဏ္ဏာန် ပြောင်းလာကာသက်ဝင်လာလေသည်။ ထိုမီးကျားကြီးသည် တစ်ချက်မျှဟိန်းကာ ပြသာဒ်လေးကို လက်သည်းဖြင့်ကုတ်ရန်ကြိုးပမ်းလိုက်သည်။ မီးကျားကြီးသည် ပြသာဒ်လေးကိုကုတ်ရန်ရွန်ချိန်မှာပင် ပြသာဒ်ထံမှစုပ်ယူမှုထွက်ပေါ်လာပြန်သည်။ ထိုစုပ်ယူမှုကြောင့်မီးကျားကြီးလည်း ဘုံပြသာဒ်လေးထဲသို့ ရောက်ရှိသွားလေသည်။ပြသာဒ်ကြောင့် မီးကျားကြီးသည် လည်းကြောင်ပေါက်လေးပမာ ဖြစ်သွားကာပျောက်ကွယ် သွားသည်။ မီးတောက်စုပ်ယူပြီးသည်နဲ့ ဘုံပြသာဒ်လေးသည်မီးတောက် အရိုးစုထံဆက်လက်ပျံသန်းသွားသည်။မီးတောက်အရိုးစု အနီးနားသို့ရောက်လာလေ ပြသာဒ်သည် တဖြေးဖြေး ကြီးမားလာလေသည်။ မီးတောက်အရိုးစုအနီးနားသို့ရောက်သောအခါ ပြာသာဒ်၏အရွယ်အစားသည် နှစ်ထပ်တိုက်တစ်လုံးအရွယ် စားထိ ကြီးမားနေပြီဖြစ်သည်။ ဂျိန်း....... ဘုံပြသာဒ်သည် မီးတောက်အရိုးစုပေါ်သို့ဖိချလိုက်သည်။ထို့ ကြောင့် တုန်ခါသံကြီးလည်းထွက်ပေါ်လာလေသည်။ ကြီးမားကျယ်လောင်သော မီးတောက်အရိုးစုကြီး၏ကြောက် လန့်နေသောအသံကြီးလည်းထွက်ပေါ်လာခဲ့လေသည်။ထို အသံကြီးလည်း မကြာခင်ပျောက်ကွယ်သွားရလေသည်။ အကြောင်းမှာ ပြသာဒ်သည် မီးတောက်အရိုးစုကိုဖိချ ဖိနှိပ် ကာ ပြသာဒ်အတွင်းသို့ ထည့်သွင်းလိုက်သောကြောင့် ဖြစ်သည်။ "ဒါကို သူဖောက်ထွက်နိုင်မယ်ဆိုမှသာ ငါအံသြမယ်" ဂျိတ်ပြောသလိုဖြစ်ရန်က လွန်စွာဝေးကွာလှသည်။ ဂျိတ်ထုတ်သုံးလိုက်သောရှစ်ထပ် ပြသာဒ်သည် ကောင်းကင်ဘုံနတ်မင်းကြီးလေးပါးမှနတ်မင်းကြီးတစ်ပါး လီထျန်းဝမ်၏လက်နက်ဖြစ်သောဘုံပြသာဒ်ဖြစ်သည်။ ထိုပြသာဒ်ကို ထိုနတ်မင်းကြီးသည် ဝူခုန်းကိုဖမ်းချုပ် ရာ၌အသုံးပြုခဲ့ဖူးသည်။ထိုသို့သောအစွမ်းထက်လှသော ပြသာဒ်ကို မြေအောက်ကမ္ဘာမှ အထူးအစွမ်းထက်သောသူမှ မဟုတ်လျှင် ခုခံတားဆီးနိုင်မည်မဟုတ်ပေ။ဂျိတ်ဘုံပြသာဒ်ဖြ င့် မီးတောက်အရိုးစုအား တိုက်ခိုက်ခြင်းသည် သာမန် ပုရွက်ဆိတ်လေးအား အနုမြူလက်နက်ကြီးဖြင့် ထုလိုက် သကဲ့သို့ပင်ဖြစ်သည်။ မီးတောက်အရိုးစုကိုထည့်သွင်းလိုက်ပြီးပြန်လည်သေး ငယ်သွားသော ပြသာဒ်လေးကိုပြန်လည်သိမ်းယူလိုက်သည်။ ထိုပြသာဒ်လေးထဲတွင် မီးတောက်အရိုးစုလည်းရောက်ရှိနေ ပြီဖြစ်သည်။ "ဟေ ပြီးသွားပြီလား"
(56)
ဂျိတ်နဲ့မီးတောက်အရိုးကြီးတို့တိုက်ပွဲဖြစ်ရာနေရာညိမ်သက် သွားသောကြောင့် အဝေးသို့ပြေးပုန်းခဲ့ကြသော ဆာဗေ့များ ပြန်လည်ထွက်ပေါ်လာကြသည်။ "ဟိုကောင်ကြီး မရှိတော့ဘူးကွ" "ယေး........." ဆာဗေ့များပြန်လည်ဝမ်းမြောက်ဝမ်းသာဖြင့် အော်ဟစ်လိုက် ကြသည်။ဆာဗေ့ကလေး လူငယ်မရွေးပျော်ရွှင်သွားကြ သည်။ တစ်ချို့ဆိုလျှင် ဂျိတ်ကိုထိုင်ကန်တော့သည့်အခြေနေထိပင်ရှိ လေသည်။သူတို့၏အမြင်တွင် ဂျိတ်သည် နတ်ဘုရားဝင်စား သောလူဟုလက်ခံယုံကြည်ထားကြသည်။ "အရှင်ဂျိတ်ကိုကျေးဇူးတင်ပါတယ်" ထိုအသံကြီးက ဟိန်းခနဲထွက်ပေါ်လာသည်။သူတို့အားမ ကောင်းဆိုးဝါးကြီးဘေးအန္တရာယ်မှကယ်တင်ပေးခဲ့သော ကြောင့် ကျေးဇူးတင်စကားကို တစ်ညီတစ်ညာတည်း တစ်ပြိုင်တည်းပြောကြလိုက်ခြင်းဖြစ်သည်။ ဂျိတ်မှသူတို့၏ အပြုမှုများကိုလက်ခံကြောင်း ခေါင်း ညိတ်ပြလိုက်သည်။ထို့နောက် သူ၏လက်ကိုလေပေါ်သို့ မြောက်ကာ မေးမြန်းလိုက်သည်။ "ခင်ဗျားတို့ရဲ့စစ်သည်တော်တွေကော မမြင်မိပါလား" ထိုအပြောကြောင့် ဆာဗေ့တို့ ဂျိတ်ရှေ့ထပ်မံဒူးထောက်ချ လိုက်ကြပြန်သည်။ "သူတို့ကို ကယ်တင်ပေးပါအရှင်" ဂျိတ်ကို ဒူးထောက်ပြီးအကူညီတောင်းခံလိုက်သည်။သူတို့ အမြင်တွင် မကောင်းဆိုးဝါးကြီးကိုနှိမ်နင်းနိုင်သောဂျိတ် သည် ထပ်မံကူညီနိုင်သည်ဟုသူတို့ထင်သောကြောင့်ပင် ဖြစ်သည်.။ ဂျိတ်သူတို့ပြောသမျှကိုနားထောင်ပြီးသောအခါ အကြောင်းရင်းကိုသဘောပေါက်လာလေသည်။ ထိုအကောင်ကြီး ခေါ်မီးတောက်အရိုးစုသည် တောထဲမှ သူ တွေ့ရာဖျက်စီးနေသည်ကို ကင်းသမားတို့စတွေ့ခဲ့သည်ဟု ဆိုသည်။ထို့နောက် ထိုမီးတောက်အရိုးစုသည် သူတို့၏မြို့ထဲ ကိုဝင်ရောက်ကာ သူသွားလေရာနေတိုင်းကို သူ၏မီးတောက် များဖြင့်ဖျက်စီးခဲ့သည်ဟုဆိုသည်။ ဆာဗေ့စစ်သည်တော်များက မီးတောက်အရိုးစုကို မိမိတို့မြို့မှ ပြန်လည်ထွက်ခွာလည်လုပ်ဆောင်ကြသော်လည်း မ အောင်မြင်ခဲ့။မီးတောက်အရိုးစုကြီးသည် ထိုသို့လုပ်သောသူ ကို မီးတောက်ဖြင့်လောင်ကျွမ်းသတ်ပစ်သည်ဟုဆိုသည်။ ထိုကြောင့် စစ်သည်တော်တစ်ချို့ကသေကြပြီး အများစုက ပြင်းထန်သောဒဏ်ရာများကြောင့် နန်းတွင်းဆေးဆရာ ထံ၌သွားရောက်ကုသနေကြရသည်ဟုဆိုသည်။သူ တို့၏ဘုရင်ကြီးလည်း ပြင်းထန်သောဒဏ်ရာရထားပြီး ကုသ နေရသည်ဟုဆိုသည်။ သူတို့ထိသို့လုပ်ဆောင်ခဲ့၍သာ သူတို့မြန်ဆန်စွာရှောင်တိမ်းနိုင် ခဲ့ပြီးအသက်ရှင်ခဲ့ကြသည်ဟုဆိုသည်။ သူတို့သည် ဂျိတ်ကိုနန်းတွင်းဆေးကုဆောင်သို့သွားစေကာ စစ်သည်တော်တို့၏အသက်ကိုသွားရောက်ကယ်တင်စေခြင်း ဖြစ်သည်။ ဂျိတ်သည် အလုံးစုံလုပ်နိုင်သည်ဟုသူတို့ယူဆထားသော ကြောင့်ပင်ဖြစ်သည်။ ဒူးထောက်နေသောဆာဗေ့တို့၏အကြည့်ကို ဂျိတ်ကြည့်လိုက် သည်။ထိုစစ်သည်များကိုမကယ်သရွေ့သူတို့၏အမူရာသည် ထမည်ပုံမပေါ်ပေ။ ထို့ကြောင့် မိမိသည်စစ်သည်တော်များထံသွားရောက်ကာသူ တို့ကို ကယ်တင်မည်ဖြစ်ကြောင်း သေချာရှင်းပြလိုက် ပြသည်။ထိုအခါမှ လူအုပ်ကြီးသည် ပြန်လည်ထကြ ကာ ဂျိတ် ကိုဆုတောင်းမေတ္တာပို့သလိုက်ကြသည်။ "ကဲ ကောင်လေး မင်းပဲငါ့ကိုလမ်းပြ ပေးပါ ဆေးကုဆောင် ဘယ်မှာရှိတယ်ဆိုတာပေါ့" မိမိထံလာရောက်အကူညီတောင်းသောဆာဗေ့လေးကိုပင် ပြောကြားလိုက်သည်။ဂျိတ်ပြောကြားချက်ကြောင့် ချက်ချင်း ပင်ရိုသေစွာဖြင့် ဂျိတ်ကိုပြန်လည်ဖြေကြားကာ လမ်းပြသ ပေးလေသည်။ဘာကြောင့်သူ့အားရိုသေလေးစားနေကြရသ နည်းဟု ဂျိတ်အနည်းငယ်စပ်စုကြည့်သည်။သူသည်လည်း ဂရိတ်နိုင်ငံသားပင်မဟုတ်ပါလား။ ဆာဗေ့လူငယ်လေးရှင်းပြမှသာနားလည်သွားသည်။နတ် ဆရာမကြီး၏အဖြစ်ရပ်သည် သူတို့အားလုံးကြားသိသွားကြ ကာ သူတို့နဲ့ဘုရင်ကြီးကိုကယ်သောလူသည် ဂျိတ် ဖြစ်ကြောင်းသိရှိသွားကြသည်။ဘုရင်ကြီးကလည်း ဂျိတ်ကို အရှင်ဟုခေါ်ဆိုရန်ထုတ်ပြန်ကြေညာထားသည်။ ထို့ကြောင့် ဆာဗေ့လေးအကူညီတောင်းစဥ်က အရှင်ဟုခေါ် ဆိုခဲ့ခြင်းဖြစ်လေသည်။မီးတောက်အရိုးစုကိုဖမ်းလိုက် သောအခါတွင် ဆာဗေ့များခေါ်ကြသည်ကတော့ သူတို့အရှင် ဘုရင်အမိန့်ကိုကြောက်၍ခေါ်ဝေါ်ကြသည်မဟုတ်ပဲ ရင်ထဲ အသည်းထဲမှလေးစား၍ခေါ်ဆိုခြင်းဖြစ်လေသည်။ ကုသဆောင်သို့ရောက်ပြီဖြစ်သည်။ကုသဆောင်တွင်လည်း နာကျင်မှုကြောင့် အော်ဟစ်နေသောအသံများကို ကြားလိုက်ရ သည်။ထို့ကြောင့် ဂျိတ်သည် ကြည့်ရာသူတို့အော်ဟစ်ရသည့် အကြောင်းရင်းကိုသိလိုက်ရသည်။ ပလက်တီနမ်အဆင့်မျှအစွမ်းကြီးမားသော မီးတောက်အရိုးစု ကိုသူတို့တားဆီးခဲ့ခြင်းကြောင့် သူတို့ပြင်းထန်သောဒဏ်ရာရ လာကြခြင်းဖြစ်သည်။ အသားညော်နံထွက်နေသောအနံများ မီးသွေးခဲကဲ့သို့ မဲတူး သောစစ်သည်တစ်ယောက်၏လက်တစ်ဖက် မီးလောင် ဒဏ်ရာကြောင့် စုတ်ပြတ်နေသော စစ်သည်တော် အဆီတဟဲဟဲထွက်နေသောသူများကိုလည်း ဂျိတ်မြင်တွေ့ရသည်။ ဆာဗေ့ဘုရင်ကြီးသည် လက်တစ်ဖက်ကိုပြင်းပြင်းထန်ထန် ထိခိုက်ထားသည်။ ဆေးကုဆောင်မှဆေးသမားတော်လည်း ပြာယာခတ် နေသည်။ထိုမျှပြင်းထန်လှသော ဒဏ်ရာများကြောင့် သူအနေနဲ့ ပျောက်အောင်မလုပ်နိုင်ပေ။ယခုလက်ရှိလုပ် နိုင်သည်ကတော့ စစ်သည်များခံစားနေရသောဝေဒနါကို အနည်းငယ်သက်သာလာစေရန်အထိသာ သူအာဏာကုန် လုပ်ဆောင်ပေးနိုင်သည်ဖြစ်သည်။ "ဘုရင်ကြီး အရှင်ဂျိတ်ရောက်လာပြီဗျ" ဆာဗေ့လူငယ်လေးပြောမူကြောင့် စစ်သည်တော်များဂျိတ်ကို ဝိုင်းဝန်းကြည့်လိုက်ကြသည်။ဘုရင်ကြီး၏မျက်နှာလည်း ဂျိ တ်ကိုမြင်သည်နဲ့ အားကိုးသောအမူရာ ပေါ်လာလေသည်။ "ပြီးတော့ အရှင်ဂျိတ်က ဟိုမကောင်းဆိုးဝါးလိုအကောင်ကြီး ကို သေအောင်သတ်လိုက်ပြီ မရှိတော့ဘူး ကျနော်တို့ လွတ်လပ်ပြီ" ထိုစကားကြားသည်နဲ့ ဆေးကုဆောင်တစ်ခုလုံးကြက် သေ သေ သွားကြသည်။သူတို့ဘာကြားလိုက်ကြသနည်း။ "မကောင်းဆိုးဝါးကြီးသေပြီဆိုပါလား" အံသြလွန်းသဖြင့် ဘာမှပြန်မပြောနိုင်ကြ။ဝေဒနာခံစားရ၍ နာကျင်နေသော စစ်သည်များလည်း နာကျင်မှုဒဏ်ကြောင့် အော်ရမည်ကိုပင်မေ့လျောနေသည်။ "ဒုတ်" ဆေးကုသဆောင်တွင်ထို အသံတစ်ခါတည်းထွက်ပေါ်လာ သည်။ဒဏ်ရာရနေသောစစ်သည်များက ဂျိတ်ရှေ့ ဒူးထောက် ကာ အရိုသေပြလိုက်ကြခြင်းပင်ဖြစ်သည်။ "မကောင်းဆိုးဝါးကိုသတ်ပြီး ကျုပ်တို့လူမျိုးတွေကယ်ပေးတဲ့ အတွက် ကျုပ်တို့ရဲ့အရိုသေပေးခြင်းကိုလက်ခံပေးပါ" သူတို့ရထားသောဒဏ်ရာကြောင့် နာကျင်နေရသော်လည်း ဂျိ တ်ရှေ့တွင် နာကျင်မှုဝေဒနာများကို တောင့်ခံကာ အရိုသေ ပေးလိုက်ကြသည်။ ထိုသို့သောဝေဒနာများက မကောင်းဆိုးဝါးကိုအနိုင်ယူခဲ့သည်ထက်စာလျှင်ဘာမှမ ပြောပလောက်ပေဟု သူတို့ခံယူထားသည်။ မကောင်းဆိုးဝါးကြီးသူသတ်ပေးသည်ဆိုသည် အရို သေပေးဒူးထောက်ကြသော ဆာဗေ့စစ်သည်တော်များကို ဂျိ တ်လေးစားမိသည်။ထိုသို့စိတ်ဓာတ်ပြင်းထန်သော စစ်သည် များကို လွန်စွာမှပင်ရှားပါးလှလေသည်။ ဂျိတ်မှလက်ခံကြောင်းပြောကာ သူတို့အားပြန်လည်ထစေခိုင်း လိုက်သည်။ထို့နောက် ဂျိတ်၏လက်ထဲမှ မှော်တုတ်တံပေါ်လာ ပြီး ဆာဗေ့များထံသို့ဂါထာရွတ်ကာ ညွှန်လိုက်သည်။ ထိုအခါ မှော်တုတ်မှအစိမ်းရောင်အမှုန့်လေးများဖြာထွက်လာ ပြီး စစ်သည်တော်များထံရောက်သွားသည်။ "ဟာ....... ဆေးကုဆောင်တစ်ခုလုံး ထိတ်လန့်ကြပြန်သည်။ဆေးသမား တေယ်ကတော့ အထိတ်လန့်ဆုံးဖြစ်သည်။သူမကယ်နိုင် တော့၍ နာကျင်မှုကိုသက်သာအောင်သာလုပ်ပေးချိန်တွင် ဂျိ တ်ကသူ့ကို နတ်ဘုရားသဖွယ်အပြုမူလုပ်ပြလေသည်။ ထိုအမှုန့်လေးများကျရောက်သည်နဲ့ သူတို့ခံစားနေရသောဝေ ဒနါများသည်ချက်ချင်းဆိုသလို ပျောက်ကင်းသက်သာသွား ကြသည်။ မီးလောင်ဒဏ် သေရာပါအမာရွတ်ဖြစ်နိုင်သောဒဏ်ရာများ ပင်ပျောက်ကင်းကာ မူလအတိုင်းအကောင်းပကတိဖြစ်သွား ကြရာအံအားသင့်ပြီး သူတို့ပါးစပ်များကဖွင့်လျက်ဖြစ် နေသည်။ ထိုအမှုန့်များကြောင့် ဆာ ဗေ့ဘုရင်ကြီးလည်းပြန်လည် ကောင်းမွန်သက်သာလာလေသည်။ သူတို့သည်ထပ်မံကျေးဇူးတင်ရန်ပြင်လိုက်ကြသည်။ဒီတစ်ခါ တော့ဂျိတ်က ဦးအောင်ကြိုတင်ပြင်ဆင်ထားသည်။ "ကျုပ်ကိုထပ်ပြီးကျေးဇူးမတင်နေပါနဲ့တော့ တင်ချင်ရင် ခင်ဗျာတို့ ဆာဗေ့မျိုးနွယ်ဖြစ်တဲ့ ခင်ဗျားတို့ရဲ့ ပြည်သူပြည်သားတွေကို ကျေးဇူးတင်ပါ သူတို့သာကျုပ်ကို တောင်းပန်ပြီးခင်ဗျားတို့ကို ကုသစေခိုင်းလို့သာ ကျုပ်ဒီကို ရောက်လာတာ " ဂျိတ်အပြောကြောင့် ရုပ်ကြမ်းဆာဗေ့စစ်သည်များပင် မျက်ရည်ဝဲကျလာသည်။ ထိုစကားလုံးက ကြမ်းတမ်းသောသူတို့၏ နူးညံသော နှလုံးသားကို ရိုက်ခတ်စေခဲ့သည်။သူတို့၏မျက်လုံးမှ မျက်ရည်များသည် ကြမ်းပြင်ပေါ်သို့ကျဆင်းသွား တော့သည်။
(57)စစ်ဆေးမေးမြန်းခြင်း
"ကျ..ကျနော်တို့ ဘယ်လိုကျေးဇူးဆပ်ရမလဲဗျ" သူတို့သည်ဂျိတ်အားလိုလိုလားလားပင် ကျေးဇူးဆပ်လို သည်။သူတို့၏ရလာသောဒဏ်ရာများကို လုံးဝပျောက်ကင်း အောင် ကုသပေးရုံမက အကောင်းပကတိဖြစ်အောင်လုပ် ပေးခဲ့သောကြောင့် ဖြစ်သည်။ စစ်သည်တော်များ ဂျိတ်အား အရိုသေပြုရင်းမေးမြန်းလိုက် ကြသည်။ဂျိတ်အနေနဲ့ကတော့ သူတို့ထံမှ ကျေးဇူးဆပ်ခံရ မည်ကို မလိုလားပေ။သူ့အနေနဲ့လုပ်စရာဆိုလို့ မီးတောက် အရိုးစုကြီးကိုခဏပေးကစားပေးပြီး ဘုံပြသာဒ်ထဲထည့် လိုက်သည်။ထို့နောက်စစ်သည်များ မူလအတိုင်းအကောင်း ပကတိပြန်ဖြစ်အောင် မှော်တုတ်တံကိုဝေ့ရမ်းလိုက်ရုံသာ ဖြစ်သည်။ "မင်းတို့တကယ်ကျေးဇူးဆပ်မယ်ဆိုရင်" စစ်သည်များ ဂျိတ်စကားဆက်ပြောမည်ကို သေချာ အသေးစိတ်နားထောင်နေကြသည်။ဂျိတ်ပြောသောစကားကို သူတို့လွတ်ထွက်သွားမည်ကိုလည်း စိုးရိမ်ဟန်ရှိသည်။ "မင်းတို့ပြည်သူတွေကိုသာ သွားပြီးကူပေးလိုက်ကြပါ သူတို့ အိမ်တွေမီးလောင်သွားတော့ သူတို့နေစရာမရှိဘူးလေ" "အမိန့်တော်အတိုင်းပါ " ဆာဗေ့စစ်သည်အားလုံးဝမ်းမြောက်ဝမ်းသာစွာဖြင့် ဂျိတ် ပြောသည်ကို နာခံလိုက်ကြသည်။သူ့အကျိုးအတွက်မတောင်း ဆိုပဲ သူတို့၏ပြဘ်သူအတွက်ကိုသာ ပြန်လည်တောင်းဆိုပေး သောဂျိတ်ကို သူတို့၏အလေးစားရဆုံးသူဟု တစ်ခါတည်း ရင်ထဲသတ်မှတ်လိုက်ကြသည်။ ("သင်သည် လူအများ၏ပို့သသောဆုတောင်းမေတ္တာများရရှိ ပါသည်။ထို့ကြောင့် သင်အပေါ်အကောင်းမြင်သက်ရောက်မှု အဆင့်တစ်ဆင့်ရှိလာပါသည်။") စနစ်အသံကြောင့် ဂျိတ်အံအားသင့်သွားရသည်။ ("ဘာလို့ဒီလိုပေါ်လာရတာလဲ") ("သင်၏လုပ်ဆောင်ချက်ကြောင့် ဆာဗေ့ပြည်သူပြည်သား များက သင့်အပေါ်လေးစားယုံကြည်မှူရှိလာခဲ့သည်။ဆာဗေ့ စစ်သည်များ၏ရိုသေလေးစားမှုလည်း ရရှိခဲ့သောကြောင့် ထိုသို့ပေါ်လာရခြင်းဖြစ်ပါသည်။ထိုသို့ရရှိခြင်းကို ကုသိုလ်ရရှိ ခြင်းဟုလည်းဆိုနိုင်ပါသည်။") ("ကုသိုလ်အကြောင်းလေးလည်း လင်းပါဦးစနစ်ရေ") ကုသိုလ်ကံသည် သင်ကောင်းရာလုပ်မှရနိုင်သော အရာ ဖြစ်သည်။အနှိုင်းမဲ့စနစ်ပိုင်ရှင်အနေဖြင့် မရနိုင်သည့်အထူး ချွင်းချက်မှာလည်း ကုသိုလ်ကံပင်ဖြစ်သည်။လူများကို အကျိုးဆောင်ခြင်း ကောင်းရာလုပ်ခြင်းဖြင့် ရနိုင်သည်။ ကုသိုလ်ကံရလာသော သူများသည် လူအများ၏ချစ်ခင်ခြင်း ကို ရရှိနိုင်သည်။ သင်နေနဲ့ကုသိုလ်ကံများများရလာပါက သင်၏အစွမ်းများ ပိုမိုကြီးမားလာအောင် လုပ်ဆောင်နိုင်သလို သင်၏ကံကောင်းခြင်းများလည်း တိုးပွားလာမည်ဖြစ်သည်။ ဥပမာ-သင်ကုသိုလ်ကံများပြားလွန်းသောအခါ ကံကောင်းနေ မည်ဖြစ်သည်။ထိုကံကောင်းနေချိန်၌ ကံကောင်းခြင်း သက်ရောက်မှုကြောင့် သင်အမှိုက်အစုတ်ယူလိုက်လျှင်ပင် အမှိုက်ထဲ၌ ရွှေများပါနေသည်မျိုးဖြစ်သည်။") "ဒါဆိုဘယ်ဆိုးလို့လဲ" ဂျိတ်ပြုံးမိသွားသည်။ကုသိုလ်များရသည်နဲ့ပင် ဂျိတ်အတွက် အတော်တန်နေပြီဖြစ်သည်။ ထိုကုသိုလ်ကံများရလာနိုင်သည်ဆိုသောကြောင့် ဂျိ တ်၏အတွေးသည် အနည်းငယ်ပြောင်းလဲသွားသည်။ "ကျနော်တို့ကို အသင်ကထပ်ပြီးအကူညီပေးပြန်ပြီနော်" ဆာဗေ့ဘုရင်ကြီးသည် ကျန်းမာစွာဖြင့် ဂျိတ်အနားသို့ လျှောက်လာရင်းစကားပြောလိုက်သည်။ "ဒါက ကျနော်တတ်နိုင်လို့ပါမဟုတ်ရင်မကူညိီနိုင်ပါဘူး" ဂျိတ်အပြောကြောင့် ဘုရင်ကြိီး ခေတ္တ ငြိမ်သွားသည်။ နောက်မှသဘောပေါက်ကာ ရယ်မောလိုက်သည်။ဟုတ်ပေ သည်။အစွမ်းကြီးမားသောနတ်ဘုရားလိုလူက ထိုသို့နိမ့်ချ ပြောနေသောကြောင့်ဖြစ်သည်။ထိုစကားကြောင့် ဆာဗေ့ ဘုရင်ကြီးသည် ဂျိတ်ကိုပိုမိုလေးစားလာလေသည်။ "ဘုရင်ကြီး ခင်ဖျားသမီးကော မမြင်ပါလား" "ဟုတ်တာပေါ့ သူကိုဖမ်းချုပ်ပြီးအခန်းထဲထည့်ထားတာလေ သူမကစိတ်လိုက်မာန်ပါလုပ်လွန်းတယ် အဲ့လိုမှမဟုတ်ရင် ဟို မကောင်းဆိုးဝါးကြီးကိုသွားပြီးရန်စမိသလိုဖြစ်နေမှာဗျ" ဘုရင်ကြီးလုပ်ဆောင်မှုကိုမှန်ကန်သည်ဟုဂျိတ်ယူဆသည်။ထို ဆာဗေ့မင်းသမီးလေးသည် စိတ်လိုက်မာန်ပါလုပ်တတ်သော သူဖြစ်သည်။ထိုသို့မလုပ်ပါက ပျားအုံကိုတုတ်နဲ့ထိုးသလိုဖြစ် နေမည်အမှန်ပင်။ "ခမည်းတော်လွန်တယ်နော်" ဆာဗေ့ဘုရင်ကြီး၏နောက်မှအသံထွက်ပေါ်လာသည်။ သေချာပေသည်။ဒီတစ်ခါအသံက တာနာရှာ၏အသံပင် ဖြစ်သည်။ဂျိတ်မှ မကောင်းဆိုးဝါး ကြီးကိုနှိမ်နင်းခဲ့ပြီးပြီဆိုမှ သာ အခန်းထဲပိတ်ထားရာမှလွတ်ပေးလိုက်ခြင်းဖြစ်သည်။ ဆာဗေ့ဘုရင်ကြီးကို စိတ်ဆိုးကာစကားပြောလာသောတာနာ ရှာသည် ဂျိတ်ကိုတွေ့သည်နဲ့ရပ်တန့်သွားသည်။ ကျားရှေ့ ရောက်လာသော သိုးငယ်လေးပမာပင်ဖြစ်သည်။ "ဂျိတ်ရေ သူမကမင်းကိုအမြဲသာနေရမယ်လို့ကြုံးဝါးနေတာ အခု မင်းရှေ့ရောက်တော့ သူကစကားတောင်မပြောရဲဘူး" ဘုရင်ကြီးမှ တာနာရှာအကြောင်းပြောလိုက်ရာ တာနာရှာမကျေ မနပ်ဖြစ်သွားလေသည်။ "တာနာရှာမင်းက ငယ်ငယ်လေးနဲ့ပါရမီပါတာပဲ မင်းအသက် ရွယ်လေးနဲ့ ငွေအဆင့်ခုနှစ်ဆိုတာရှားတယ် ဒါပေမဲ့မင်းငါ့ကို သာချင်တယ်ဆိုရင်တော့ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး" ဂျိတ်စကားကတာနာရှာကို ဆယ်ပေါင်တူနဲ့ထုလိုက်သလိုပင်။ တာနာရှာစိတ်တိုသွားပြီး "မဟုတ်ဘူးကျမ တစ်နေ့ရှင်ကိုသာစေရမယ်" ပြောသာပြောလိုက်ရသည်။သူမသည် ဂျိတ်ကိုလုံး၀မသာနိုင် အနိုင်မယူနိုင်မှန်းသိသည်။မကောင်းဆိုးဝါးကိုအမှောက်သိမ် မှု စစ်သည်များဝန်းရံသည့်ကြားမှ လှုပ်ရှားတိုက်ခိုက်ခြင်းမရှိ ပဲအနိူင်ယူမှုများက တာနာရှာသိထားရပြီးဖြစ်သည်။ "ရော့ မင်းကြီး ခင်ဗျားဒါကိုယူထား" ဂျိတ်သည် သူ၏လက်ကိုဝှေ့ရမ်းလိုက်သည်။ထိုအခါ လေထဲ သစ်ပင်လေးတစ်ပင်သည်ရုတ်ခြည်းဆိုသလိုပေါ်လာလေ သည်။ထိုအပင်လေးသည် ဆာဗေ့ဘုရင်ကြီးထံကျဆင်းသွား ရာ ဘုရင်ကြီးလည်း ယူထားလိုက်သည်။ "ဒါဘာများလဲဗျ" ဘုရင်ကြီးဂျိတ်ကိုမေးမြန်းသည်။ယခုသူကိုင်ထားသောအပင် ကိုတစ်ခါမှမမြင်ထူးသောကြောင့်ဖြစ်သည်။ "ဒီအပင်က အသက်ဓာတ်အပင်လို့ခေါ်လို့ရတယ်" ခင်များအဲ့အပင်ကို စိုက်ထားလိုက် အဲ့အပင်ကအရွက်ကို ရေလောင်းများအပင်ကနေ ကျဆင်းလာတဲ့ရေကို အနာ ရောဂါကုသရာမှာသုံးလို့ရတယ် ပြီးတော့လူကဆိုးဆိုးဝါးဝါး ထိခိုက်နေတယ်ဆိုရင် အရွက်တစ်ရွက်ကိုခြေပြီးတိုက်လိုက် သက်သာမယ် ကိုယ်လက်အဂ်ါမရှိတော့ဘူးဆိုရင် အသီးလေးချွေစား ခိုင်းလိုက် မရှိတဲ့ကိုယ်အစိတ်ပိုင်းတွေပြန်ပေါက်လာမယ် အပင်စိုက်ထားတဲ့ နေရာတစ်ဝိုက်မှာနေရင် သက်တမ်းတိုးစေ တယ်အလကားပေးတာ " "ဘာ" ဘုရင်ကြီးကော တာနာရှာပါထိတ်လန့်သွားသည်။ဂျိတ်အပြော အတိုင်းသာဆိုလျှင် ထိုသစ်ပင်နတ်ဘုရားသစ်ပင်သာဖြစ်လေ သည်။ထိုသို့သောသစ်ပင်ကို သူတို့အား ပေးနေသည် ဖြစ်သည်။ "ဘာလဲ မယူချင်ဘူးလား ပြန်ပေးလိုက်ပါလား" ထိုအခါမှ ဘုရင်ကြီးကော တာနာရှာပါချက်ချင်းဆိုသလို အပင်လေးအားကာကွယ်လိုက်ကြသည်။ "ကောင်းတယ် ဒါဆိုရင်ကျုပ်ပြန်ပြီ" ချက်ချင်းဆိုသလိုပင် ဂျိတ်ဘုရင်ကြီးတို့ရှေ့မှပျောက်ကွယ် သွားသည်။ဂျိတ်ပျောက်သွားသည်နဲ့ ဘုရင်ကြီးနဲ့တာနာရှာ လည်း အပင်ကိုသေချာကိုင်ကာ ပေါက်တူးများသွားယူကြ သည်။ထိုမျှအဖိုးတန်သောအပင်ကို သူများအားမပေးပဲ မိမိ တို့နှစ်ယောက်သာစိုက်ပျိုးမည်ဖြစ်သည်။ ဂျိတ်လည်းအိမ်သို့ပြန်ရောက်ပြီဖြစ်သည်။ပြန်ရောက်တော့ လုပ်ကြံသူများလည်းစားသောက်ပြီးဖြစ်သောကြောင့် ပြန်သွားကြပြီဖြစ်သည်။ရေသည်လွန်စွာကောင်းသောကြောင့် သူတို့ဘူးသီးခွံခြောက်ဖြင့်ပင် သယ်သွားကြဟုသည်ကြားသိရ သည်။ ဂျိတ်အတွက်တော့ ရေကိုယူဆောင်သွားသည်ဖြစ်စေ ရေအိုး လိုက်မှသွားလျှင်ပင် ကိစ္စမရှိပေ။ အိမ်ရောက်တော့ ခွေးမိုက်ကယ်ကအိပ်နေသလို ဇိုက်က လည်း တစ်ကိုယ်တည်းလေ့ကျင့်နေသည်။ဇိုက်ကြိုးစားမှုကို ကြည့်ကာ ဂျိတ်လည်းခေါင်းညိတ်လိုက်သည်။အယ်မလီလေး ကလည်း စာအုပ်စင်မှစာများကို ကြိုးစားပမ်းစားရအောင် ဖတ်နေသည်ကိုမြင်ရသောကြောင့် ဂျိတ်သွားရောက်မနောက် ယှက်တော့ပေ။ "အင်း ငါမီးတောက်အရိုးစုကိုမေးမြန်းရမယ်" ဂျိတ်တစ်ကိုယ်တည်းပြောပြီး ဘုံပြသာဒ်ထဲသို့ဝင်သွားလိုက် လေသည်။ ဘုံပြသာဒ်ထဲတွင်....... "ငါမင်းကိုမေးစရာရှိတယ် မီးတောက်အရိုးစုရေ" ဂျိတ်အသံထွက်လာသည်နဲ့မီးတောက်အရိုး စု၏ကိုယ်ခန္ဓာသိ မ့်ခနဲ တုန်လှုပ်သွားလေသည်။