အခန်း (၅၈-၆၀)
Vol. 4 Ch. 58-60
(58)မီးတောက်အရိုးစု၏တောင်းပန်ခြင်း
ဂျိတ်အသံကိုကြားသည်နဲ့ မီးတောက်အရိုးစုသည်တုန်လှုပ် သွားသည်။ အစပိုင်း၌ သူသည် ရွှေအဆင့်သာ ရှိသောကြော င့် မိမိမှအလွယ်တကူအနိုင်ရနိုင်မည်ဟု ထင်မိခဲ့သည်။ သို့ရာတွင် တကယ်တမ်းတိုက်ခိုက်သောအခါ တစ်ဖက်သား၏တိုက်ခိုက်မှုသည် သူ၏အဆင့်ထက်ကျော် လွန်နေကြောင်းသိလိုက်ရသည်။ ("မ..မဖြစ်နိုင်ဘူး လူသားတွေဒီလိုကြီးမြန်မြန်ဆန်ဆန် တိုးတက်နိုင်မှာမဟုတ်ဘူး") အခုလည်းထိိုသို့တွေးနေစဥ် ဂျိတ်ရောက်ချလာသောကြောင့် သူထပ်မံတုန်လှုပ်သွားသည်။ "မင်းဘယ်လိုဒီကိုရောက်လာရတာလဲ ဘာလာရှာတာလဲ" ဂျိတ်မှမီးတောက်အရိုးစုအားမေးမြန်းလိုက်သည်။ယခု ချိန်၌မီးတောက်အရိုးစု၏အသက်သည်ဂျိတ်အပေါ်၌မူတည် နေပြီဖြစ်သည်။ဘုံပြသာဒ်ထဲသို့ထည့်ပြီးသောအချိန်မှစ၍ မီးတောက်အရိုးစုသည် ဂျိတ်ကို စတင်ကြောက်ရွံလာသည်။ ဘုံပြသာဒ်သည်သူ့အား ပိတ်လှောင်ထားရုံသာမက သူ၏အစွမ်းများကိုပါ ချိတ်ပိတ် ထားလေသည်။ "မပြောပြဘူးကွ" မီးတောက်အရိုးစုမှ ဂျိတ်အားပြန်လည်ငြင်းဆန်လိုက်သည်။ ငြင်းသာငြင်းဆန်လိုက်ရသည် ပြန်ချရန်အားများပင်မရှိပေ။ ဂျိတ်သတ်ပါက သူသေရမင်ဖြစ်သည်။ "မီးတောက်အရိုးစုကကြည့်ရတာ ငါထင်တာထက်တော်တော် များတယ်ထင်တယ် ဖြစ်နိုင်ပါတယ်လေ ဟိုနတ်ဆရာမကြီးကို ချုပ်တဲ့အကောင်ထက်တော့ အဆင့်မြင့်သေးတာကို အဆင့် သုံးဆိုတော့လဲ ဒီလောက်တော့ရှိတာပေါ့" မီးတောက်အရိုးစု စိတ်ထဲလုံးဝတုန်လှုပ်နေသည်။ ("ဟ ငါငါ...မပြောပြရသေးဘူးလေ ငါနာမည်ကိုလဲသူသိနေ တယ် ပြီးတော့ ငါ့မျိုးနွယ်အဆင့်သုံးဆိုတာလဲ သူသိတယ်ပြီး တော့ ဟိုကောင်ဆိုတာ") ကြောက်စရာဆိုသည်ကို သူစတင်ခံစားမိလာသည်။သူတို့က သာ ကြောက်စရာဟူသောခံစားမှုကိုသာ ပေးခဲ့ရခြင်း ဖြစ်သည်။ယခုအခါ ကြောက်စရာဆိုသည်ကို သူကိုယ်တိုင် ခံစားမိရလာလေသည်။ ("နေပါဦး နတ်ဆရာမကိုချုပ်တဲ့အကောင်ဆိုတာ") စဥ်းစားမိသွားသောအခါ သူသေချင်စိတ်ပင်ပေါက်သွားလေ သည်။ ("ဟ အဲ့အကောင်လည်း သူနဲ့တွေ့လာတာလားမသိဘူး") ဂျိတ်ပြောသောအဆင့်နှစ်ကောင်ကို မီးတောက်အရိုးစုသတိရ ပြီဖြစ်သည်။ထိုအဆင့်နှစ် အကောင်သည် ဝိညာဥ်ထိန်းချုပ် ကောင်ဘုရင်ဖြစ်သည်။အဆင့်နှစ်မြေအောက် ငရဲကောင် များ၌လည်း အင်အားကြီးမားကာ သူ့အား အဆင့်သုံးမှအင် အကြီးသူများသည် အနိုင်ရနိုင်မည်ဖြစ်သည်။တစ်နေ့ ထိုအ ဆင့်နှစ်ဘုရင်ကောင်ကို လူကမ္ဘာမှဆင့်ခေါ်သောကြောင့် သူ တက်သွားသည်ဟူသောသတင်းကိုကြားရသေးသည်။ သူတက်သွားသဖြင့် လူကမ္ဘာကြီး ဝရုန်းသုန်းကားဖြစ်မည်ဟု ပင် သူတို့ထင်မိသေးသည်။ ဝိညာဥ်ထ်ိန်းချုပ် ကောင်၏အစွမ်းသည် လူများကိုထိန်းချုပ်ကာ စေခိုင်းနိုင် ခြင်းဖြစ်ပြီး ထိုအစွမ်းဖြင့် ငရဲမြေအောက်မှနတ်ဆိုးများကို ထပ်မံခေါ်နိုင်ခြင်းပင်။ထိုသို့အစွမ်းရှိသော အဆင့်နှစ် ဝိညာဥ် ထိန်းချုပ်နတ်ဆိုးကောင်း လူကမ္ဘာတက်ပြီးခန၌သေကြောင်း ကြားမိသေးသည်။ သူတို့ကြားမိသော ကောလဟာလအရ သူ၏နဖူးတွင် အပေါက်ကြီးဖြစ်နေကြောင်းဆိုသည်။ထိုအစွမ်းသည် အလွန့် ကြောက်မက်ဖွယ်ကောင်းသော မှော်အစွမ်းဖြင့် တစ်ချက်တည်းအသတ်ခံရသည်ဟုဆိုသည်။ထိုသတင်းကို သူကြားတော့ နောက်နေသည်ဟုပင်ထင်မိသည်။ "အဲ့ကောင်တုန်းက နဖူးကိုငါတစ်ချက်ပဲ ချိန်ရသေးတယ် ပျော့တာကွာ မင်းတော့သူ့ထက်ပိုသန်မာလို့တော့ငါထင်တယ်" ဂျိတ်ပြောလိုက်သည်။ ဂျိန်း....... မီးတောက်အရိုးစု လုံးဝထိန်းမရတော့ပေ။ထို့စကားကြောင့် အဆင့်နှစ်ဘုရင်နတ်ဆိုးကို သတ်သူသည်ဂျိတ်ဖြစ်ကြောင်း မှားယွင်းစရာမရှိတော့ပေ။ "ကျနော်ကို..... မသတ်ပါနဲ့ဗျာ တောင်းပန်ပါတယ် အပေါက် ကြီးဖောက်မသတ်ပါနဲ့ သေရင်အလောင်းမလှလို့တောင်းပန် ပါတယ်ဗျ" "ဟ" ဂျိတ်အံသြ သွားသည်။မိမိမှာ အနည်းငယ်သာပြောပြရသေး သည်။မီးတောက်အရိုးစုမှာ ချက်ချင်းတုန်လှုပ်ချောက်ချား ကာ တောင်းပန်နေပြီဖြစ်သည်။ ("သူသေရင်အလောင်းမလှမှာကြောက်နေတာကိုး စောက်ကျိုးနည်း ကြီး") "ဒါဆိုရင် မင်းငါပြောတာဖြေဒါဆိုငါမသတ်တော့ဘူး မင်းဘာ လို့ဒီကိုရောက်လာရတာလဲ" "ကျနော်လာတာက ကျနော်ဘုရင်စေခိုင်းလိုက်လို့ပါ သူက မြေအောက်ကမ္ဘာကနေချို့ယွင်းပေါက်ကနေ လွတ်လိုက်တာ ပါ သူက ပစ္စည်း တစ်ခုရှာခိုင်းလိုက်လို့ပါ " ချို့ယွင်းပေါက်ဆိုသည်မှာ လူ့ကမ္ဘာရဲ့မြေအောက်ကမ္ဘာကို ကူးလူးသွားလာနိုင်ခြင်းမရှိစေရန် အစွမ်းကြီးမားသော တားမြစ် စည်းဖြင့်ချိတ်ပိတ်ထားသိသော် လည်း သေး ငယ်သော ချို့ယွင်းချက်အရာလေးများကို ခေါ် ခြင်း ဖြစ်သည်။ထိုအရာများ မှတစ်ဆင့် သွားလာရန်အခွင့်ရေးအမိ ရယူကာ ငရဲမှသူတို့အကောင်များကို လူကမ္ဘာသို့စေလွတ် ခြင်းဖြစ်ဟန်တူသည်။ "ဘာပစ္စည်းလည်း " "သူရှာခိုင်းတာက ကျနော်တို့ဘိုးဘေးရဲ့အရိုးအကြွင်းကျန်ပါ အဲ့တာထက်လွှဲရင်ကျနော်လဲ ဘာမှမသိပါဘူး" ဂျိတ်စနစ်ကိုစစ်ခိုင်းလိုက်သည်။စနစ်မှသူမလိမ်ကြောင်း အမှန်တကယ် မလိမ်ကြောင်း ပြောပြမှသာ ဂျိတ်ယုံကြည် စိတ်ချလိုက်သည်။ "ကောင်းပြီ ဒါဆိုငါမင်းကို မသတ်တော့ဘူး ငါမင်းကိုလွတ် ပေးရမှာလား" ဂျိတ်ပြောချက်ကြောင့် မီးတောက်အရိုးစု ဝမ်းမြောက်သွား သည်။ဒီလူချက်ကြောင့် မိမိမသေတော့ဘူး မဟုတ်ပါလား။ "ဒါနဲ့ ကျနော်ကိုဘယ်ကိုလွတ်မှာလဲ" မီးတောက်အရိုးစုစူးစမ်းလိုက်သည်။ "ငါဘယ်ကိုလွတ်မယ်ထင်နေတာလည်း ဒီလူကမ္ဘာကိုလွတ် မယ်ဆိုရင် မင်းကထပ်ပြိီးသောင်းကျန်းမယ်လို့ မပြောနိုင်ဘူး ဒါကြောင့် ငါမင်းကိုချက်ချင်းမင်းရဲ့ မြေအောက်ကမ္ဘာကိုပြန် ပို့ပေးမယ်" "မပြန်ပို့ပါနဲ့ ကျနော်ဒီဘုံပြသာဒ်ထဲမှာနေရမယ်ဆိုလည်းနေပါ မယ် ပြန်တော့မပို့ပါနဲ့နော်" ယခုမှ မီးတောက်အရိုးစုက မီးတောက်မျက်ရည်များကျဆင်း နေသည်။ဂျိတ်က သူ့အားမြေအောက်ဘုံသို့ပို့ပါက သူ၏ဘုရင်ကသူ့အားသေချာပေါက် ခြေရာခံမိမည် ဖြစ်သည်။ထို့နောက် အကြောင်းရင်းမေးမြန်းကာ သူ့အား သတ်ပစ်မည်မှာမလွဲပေ။ ထို့ကြောင့် ဂျိတ်အားတောင်းပန်နေခြင်းဖြစ်သည်။ "ကောင်းပြီ ဒါဆိုလဲ မင်းဒီမှာပဲနေတော့ ငါသွားစရာရှိတယ်" ဂျိတ် ဘုံပြသာဒ်ထဲမှ ပြန်လည်ထွက်လာခဲ့သည်။ ပြသာဒ်ထဲကထွက်လာတော့ အယ်မလီလေးက နေ့ခင်းတ ရေးတစ်မောပင် အိပ်နေလေသည်။ စာဖတ်ရင်းအိပ်ပျော် နေရာ အယ်မလီ၏သားရည်များက စာအုပ်အဖုံးပေါ်ကျဆင်း နေသည်။ဂျိတ်ပင် အနည်းငယ်ရယ်မိသည်။သည်ပုံစံက ရယ် ချင်စရာကောင်းသည်မဟုတ်ပါလား။ထို့ကြောင့် အယ်မလီ လေးကို သူ၏အိပ်ရာပေါ်တင်ပေးပြီး စောင့်ခြုံပေးကာ သိပ်ထားလိုက်သည်။ ဆာဗေ့နန်းတော်၌........ အရောင်ဝါတောက်ပနေသော အပင်လေးသည် စိမ်းလန်း တောက်ပနေသည်။အပင်အနီးနားကြည့်ရသည်မှာ အပင် သည် အစောပိုင်း၌မှစိုက်ပျိုးထားခြင်းဖြစ်သည်။ "အဖေတို့ကို နတ်ဘုရားမှ တာပဲ" အသက်ဓာတ်ပင်ကိုကြည့်ကာ ဘုရင်ကြီးသက်ပြင်းချလိုက်သည်။ ထိုအပင်ကြောင့် သူတို့ဆာဗေ့မျိုးနွယ်များပိုမိုတိုးတက်သန်မာ လာတော့မည်ဖြစ်သည်။ ဂျိတ်ဆိုသောသူ၏ဖြစ်တည်မှုသည် သူတို့နဲ့ယှဥ်ပါက ဝေးကွာ လွန်းသည်။နိီးအောင်ဘယ်လိုလုပ်ရမလဲ သူတွေးမရခဲ့။တွေး ရင်း သမီးလေးတာနာရှာကိုကြည့်မိသည်။ ("ဟ ဘာလို့ငါဒါကိုမေးနေတာလဲ" တာနာရှာလည်း အကြည့်ခံရသည်ဟုခံစားမိသဖြင့်ကြည့်ရာ မိမိဖခမည်း တော်ဘုရင်ကမိမိအားကြည့်နေကြောင်း တွေးရ သည်။ ("ဘာလို့ ဖခမည်းတော် ကကြောက်စရာကောင်းလာတယ်လို့ ခံစားမိနေပါလိမ့်")
(59)လင်ရအောင်ယူရန်လွှတ်လိုက်သောဘုရင်ကြီး
"ဝုန်း" ကြီးမား သောအသံကြီးများက အရပ်လေးမျက်နှာအနှံ ဆက်လက်ပေါ်ပေါက်လာလေသည်။ယခင်တုန်းကအတိုင်း ပင် ထိုတုန်ခါသောမြေကြီးများလည်း မြည်ဟီးလာပြီး ပေါက်ကွဲကြ ကုန်လေသည်။ထိုပေါက်ကွဲခံရသောနေရာများမှ မြေသားများလွင့်စင်ထွက်လာကာ မြေအောက်ဂူတွင်းသဏ္ ဏာန်ဖြစ်ပေါ်လာပြန်သည်။ထိုဂူထဲတွင်လည်း ချော်ရည်များ ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုလေးနေရာမှ အကောင်ကြီးလေးကောင်လည်း ထပ်မံ ထွက်ပေါ်လာလေသည်။ထိုအကောင်များသည်လည်း ဆာဗေ့ ထံသို့ဝင်ရောက်မွှေသွားသော မီးတောက်အရိုးစုနဲ့ ဆင်တူ လေသည်။ ဟုတ်ပေသည်။၎င်းတို့သည်လည်း မီးတောက်အရိုးစုများဖြစ် လေသည်။ "ဂီး.....ဂီး....." လေးကောင်လုံး သူတို့ရောက်ရှိရာနေတွင် အော်ဟစ်လိုက်ကြ ပြီး သူတို့ကိုယ်မှ အပူလိုင်းများပေါက်ကွဲထွက်ပေါ်လာလေ သည်။ယခင်မီးတောက်အရိုးစုအတိုင်းပင် သူ တို့၏ပတ်ဝန်းကျင်မှအရာအားလုံးကိုလည်း သူတို့၏အပူလိူ င်းများက လောင်ကျွမ်းတိုက်စားပစ်လိုက်လေသည်။ *********************************** "ကောင်းသောမနက်ခင်းပါဗျ " ထုံစံအတိုင်း လုပ်ကြံသူများအယောက်ငါးဆယ်တိတိ ဂျိတ်အိမ်သို့ ရောက်ရှိလာကြပြန်သည်။သူတို့သည် မနက်စာ စားသောက်ရန်အတွက် ရောက်ရှိလာခြင်းလည်းဖြစ်ပေ သည်။ ဒီတစ်ခါပို၍ထူးခြားသည်ကတော့ ၎င်းတို့၏ကျောဘက်တွင် ရေထည့်၍ရသော ဘူးသီးခြောက်ဘူးအကြီးစားများ သယ်ဆောင်လာခြင်းပင်ဖြစ်လေသည်။ မသိပါက ရေရောင်း ကာ အသက်မွေးသည့် ရေသည်နဲ့ပင် ဆင်တူလေသည်။ "မနက်စာကိုဒီထဲ ထည့်ထားလိုက်ကြပါ" ဂျိန်လက်က သစ်သားသေတ္တာပုံးလေးထံညွှန်ပြလိုက်သည်။ "ဟုတ်ကဲ့ ဒီမှာအယောက်ငါးဆယ်စာပါ " အဝေးမှနေ၍ နားထောင်နေသော ဒီရေဂိုမြို့သားမြို့သူများက လည်း အသေးစိတ်လေ့လာနေသည်။ (."တစ်ပွဲကို ရွှေတစ်ထောင်ဆိုပါလား") ထိုတန်ကြေးကသူတို့သက်တမ်းတစ်လျှောက် မရနိုင်သော ငွေကြေးပမာဏပင်ဖြစ်သည်။သို့သော်သူတို့ရှေ့မှလုပ်ကြံ သူများသည် ကျန်သောလုပ်ကြံသူများထက် ပိုပြီး လူသားဆန် သောကြောင့် ကြောက်စရာမကောင်းသောကြောင့် သူတို့သည် လည်းဂျိတ်ခြံအနားထိရောက်လာကာ အကဲခတ်နေကြသည်။ ("အင်း ငါလည်းတစ်ထောင်ကိုရအောင် စုရမယ် ငါ့ရဲ့အပျော် ပါးလေးလျော့ပြီးပေါ့") ဒီ ယေဂိုမြို့စားမင်းသက်ပြင်းချလိုက်သည်။သူတို့နေဖြင့် အကဲခတ်သည်ဆိုသည်က ကြားကောင်းအောင်ပြောသော စကားဖြစ်ကာ လုပ်ကြံသူအယောက်ငါးဆယ်၏ဟင်းလျာရနံ ကိုပါ လာရောက်အနံခံသည်ပြောလျှင်က ပို၍မှန်ကန်နေမည် ဖြစ်သည်။ ယခင်ကထက်ပိုပြီးတော့ အနံပိုရှူရသည်ဖြစ်သောကြောင့် အ ရဲစွန့်လာရောက်ကြခြင်းပင်ဖြစ်လေသည်။ လုပ်ကြံသူမှပြောရင်းဆိုရင်း အယောက်ငါးဆယ်စာရွှေပြား ငါးသောင်းကို ဂျိတ်ညွှန်ပြသောပုံးထဲသို့ထည့်လိုက်လေ သည်။ထိုသို့ထည့်သည်ကို ဂျိတ်အနေဖြင့် ရွှေပြားတကယ်ပြ ည့်လားမပြည့်လား ဂရုမစိုက်နေပေ။ ဂျိတ်ဂရုမစိုက်သော်လည်း လုပ်ကြံသူများကတော့ သေချာကို ဂရုစိုက်ကြသည်။ရွှေပေးရာ ၌ တစ်ပြားပင်မလျော့စေရန် တစ်ယောက်ချင်းစာ စစ်သည်။ပြီးတော့အယောက်ငါးဆယ် စာကို ပေါင်းစစ်သည်။သေချာပြီးဟုဆိုမှသာ ဂျိတ်ထံ ရောက်လာကာ လာရောက်စားသောက်ကြခြင်းပင်ဖြစ်သည်။ "သုံးဆောင်လို့ရပါပြီ" ဝိုက်တီ၏အသံကြားပြီးသည်နဲ့ ကိုယ်စီမိမိပန်းကန်မှ ဟင်းလျာများကို စတင်သုံးဆောင်ကြလေသည်။ "ကောင်းလိုက်တာ ဘယ်အခါစားစားမရိုးဘူး" "ဒါပေါ့" လုပ်ကြံသူများ မနက်တိုင်းလိုလိုမနက်စာလာရောက် စားသောက်သည်မှာ တစ်ပတ်ပင်ကြာလာပြီဖြစ်သည်။ တစ်နေ့ကစ၍ လုပ်ကြံသူတစ်ယောက်က ရေယူသွား၍ရလား မေးမြန်းရာ ကြိုက်သလောက်ယူပါဆိုကတည်းမှစ၍ ဒီနေ့ မနက်တွင် ရေထည့်သွားရန်ဘူးသီးခြောက်များယူလာကြ ခြင်းဖြစ်လေသည်။ "ဟော့ ဟိုမှာ ဘယ်သူလဲ ချောလိုက်တာဟ" "အေးဟ " အချင်းချင်းထောက်ခံလိုက်ကြသည်။ တရွေ့ရွေ့လျောက်လာသော သူကို လုပ်ကြံသူများအနေဖြင့် စစ်သည်တော်သိုင်းအဆင့်များမြင့်မားနေရာ အမြင်အာရုံ ကောင်းမွန်သောကြောင့် မြင်ရခြင်းဖြစ်သည်။ သာမန်မြို့သူမြို့သားများမှာမူ အနီးအနားသို့ရောက်လာမှ မြင် ကြရသည်။ "အေ့တကယ်ချောတယ်တော့ " "ဟုတ်တယ် အေ့" တရွေ့ရွေ့လျောက်လာသောသူသည် သူ၏နောက်တွင်လည်း လှည်းတစ်စီးကိုဆွဲလာလေသည်။ထိုလှည်းတွင်လည်း ထုပ်ပိုးထားသောပစ္စည်းများပါရှိသေးရာ လေးလံကြောင်းသိ နိုင်လေသည်။ "ဟယ် သူဘယ်လိုများဆွဲလာနိုင်တာလဲ ကြည့်ရတာသူမက သာမန်မဖြစ်နိုင်ဘူး" ဘယ်မိန်းကလေးတစ်ယောက်က အထုပ်များထည့်ထားသော လှည်းတစ်စီးကိုဆွဲနိုင်မည်နည်း။ထို့ကြောင့်သူတို့သည် သာမန်မဟုတ်ဟုဆိုရခြင်းဖြစ်သည်။ "ဟ သူက ဆာဗေ့မျိုးနွယ်က ထင်ရှားကျော်ကြားလှတဲ့ တာနာ ရှာမဟုတ်ဘူးလား" "ဟ သူမကဘယ်လိုဖြစ်လာတာလဲ" "ငါလဲ မသိဘူး သေချာစောင့်ကြည့်ကြတာပေါ့" လုပ်ကြံသူများတိုးတိုးတိတ်တိတ်ပြောဆိုလိုက်ကြသည်။ လှပ တောင့်တင်းသောကိုယ်ခန္ဓာအချိုးစားနဲ့ ကျန်းမာကြံခိုင် လှသော အမျိုးသမီးလေးသည် သူတို့ခြံဝင်းသို့ဦးတည်လာ ဟန်ရှိသည်။သူမ၏ကိုယ်တွင် ဆင်ယင်ထားသော အဆင်တန်ဆာအရ သူမသည်ဆာဗေ့မျိုးနွယ်မှဖြစ်ကြောင်း သိနိုင်သည်။ဆာဗေ့မျိုးနွယ်တွင် တာနာရှာမှလွှဲ၍ မည်သူရှိနိုင် မည်နည်း။ တာနာရှာ,................... တာနာရှာတစ်ယောက် ခံပြင်းလှသောစိတ်ဖြင့်ဂျိတ်ခြံဝင်းဆီ သို့ဦးတည်လာလေ၏။သူမသည် ယခုအချိန်၌ ရှက်ကြောက် ဒေါသထွက် အားငယ်စိတ်သိမ်ငယ်စိတ်စသည်ဖြင့် ရောထွေး နေသည်။သူမ၏မျက်နှာကလည်း ယခင်ကဲ့သို့ခက်ထန်တေ သလိုမရှိနေဘဲ ပျော့ပျောင်းစိတ်တိုနေသည်။ ထိုသို့လာရခြင်းမှာ သူမ၏အကြောင်းကြောင့်ဆိုပါက ဂျိတ်ထံ လာရန်မပြောနဲ့ ဂျိတ်၏ခြံဝင်းရှိရ အရပ်ကိုပင် ယောင်၍လမ်းလျှောက်မည်မဟုတ်ပေ။ယခုသူမ ဂျိတ်ခြံဝင်း ထံသို့လာရခြင်းမှာ ဆာဗေ့တိုင်းပြည်၏အမိန့်ကြောင့်ဖြစ်လေ သည်။ထိုအမိန့်ကိုမလွန်ဆန်။မငြင်းပယ်ဝံသောကြောင့် လည်းယခုချိန်ကဲ့သို့ ပစ္စည်းများကို လှည်း၌ထည့်ကာ လှည်း ကိုဆွဲလာရခြင်းဖြစ်သည်။ လွန်ခဲ့သောရက်များက....... ဆာဗေ့တိုင်းပြည်ဘုရင့်ဟောခန်းတစ်ခု၌ ဘုရင်ကြီးနဲ့တကွ ရာထူးကြီးပါသည့်ဆိုသောအကောင်များစွာ ကိုခေါ်ယူကာ စုဝေးတိုင်ပင်နေသည်။ ယခင်ကထိုသို့တိုင်ပင်သည်ဆိုပါက စစ်တပ်အကြောင်း အင်အား သူတို့၏စားနပ်ရိက္ခာအကြောင်းဖူလုံရန်မည်သို့ လုပ်ဆောင်ရမည်ဆိုသည်ပင်ဖြစ်သည်။ ယခုအခါကတော့ လုံးဝကို ကွဲပြားနေလေသည်။ထိုထက်အ လွန့်လွန့်ကြီးမားသော တိုင်းပြည်ရေးကိစ္စပင်ဖြစ်လေသည်။ ထိုကိစ္စမှအလွန်အရေးကြီးလှသောကြောင့် မင်းသမီးလေး တာနာရှာကို ငယ်သေးသည်ဆိုကာ ထိုအစည်းဝေးမှပယ်ထား လေသည်။ အမှန်တကယ်ကထိုအကြောင်းပြချက်ကဟန်ပြသာဖြစ်ကာ အဓိကအရေးကတော့မင်းသမီးမတက်ရောက်ရန်ပင်ဖြစ်လေ သည်။မင်းသမီးမတက်ရောက်ရန်သေချာမှတိုင်ပင်စည်းဝေး ခဲ့ကြသည်လည်းဖြစ်သည်။ "ဘယ့်နှယ်လုပ်ကြမတုန်း ဒီကိစ္စကပေါ့ပေါ့သေးသေးမဟုတ် ဘူး မောင်မင်းတို့" "ကျနော်တို့လည်းသုံးသပ်ပြီးပါပြီ ဒီလိုရွှေရောင်အကြံညဏ် ကိုမင်းကြီးရတာကိုက ကျနော်တို့ တိုင်းပြည်ရဲ့ ကောင်းချီးပေးတာခံရတာပါ" "ဟုတ်ပါတယ်" ဝိုင်းဝန်းကာ ဆာဗေ့ဘုရင်ကြီးအကြံညဏ်မှန်ကြောင်း ထောက်ခံလိုက်ကြသည်။ကန့်ကွက်မဲ ကြားနေမဲတောင်မရှိနေ ပေ။ "အရှင်မင်းကြီး ကျနော်တို့ကတော့ဒီကိစ္စကိုသေချာပြီးပါပြီ အရှင်မင်းကြီး အရှင်မင်းကြီး၏အကြံသာအမှန်တကယ် ဖြစ်လာမယ်ဆိုရင် ကျနော်တို့ဆာဗေ့မျိုးနွယ်တွေကို ယှဥ်ရဲတဲ့ လူရှိလာမှာမဟုတ်သလို နတ်ဘုရားတွေလဲ ကျနော်တို့မျိုးနွယ် ကိုတောင်းပန်ရမှာတောင်ဖြစ်လာနိုင်ပါတယ်" ထိုသို့ဆိုလာသောကြောင့်ဆာဗေ့ဘုရင်ကြီးအတည် ဖြစ်ကြောင်းဆုံးဖြတ်ရတော့မည်ဖြစ်သည်။ ထိုကိစ္စကာ တခြားမဟုတ်။မင်းသမီးလေး တာနာရှာကိုလင် ပေးစားရန်ဖြစ်လေသည်။ မင်းသမီးကို ပေးစားရန်လင်ကတော့ ဘယ်သူမှမဟုတ် ဂျိတ် သာဖြစ်လေသည်။မကောင်းဆိုးဝါးကို အသာလေးဗျင်းနိုင် သောသူမှ လွှဲ၍ တာနာရှာကိုကျန်သောသူများက လုံးဝမထိုက် တန်ဟုသူတို့ခံယူထားကြသည်။ ဂျိတ်ကိုတာနာရှာယူသည်နဲ့ သူတို့မျိုးနွယ်သည်လုံးဝ ပြောင်းလဲသွားမည်။ဂျိတ်ဆောင်ရွက်ချက်ဖြင့် သူတို့မျိုးနွယ် လည်း နေကဲ့သို့ တောက်ပလာမည်ဟုလုံးဝခံယူထသားသည်။ ပြီးတော့သူတို့၏မွေးလာသော သားလေးကလည်း သူတို့မျိုး နွယ်ကြီးကို တောက်ပအောင်လုပ်ဆောင်ပေးမည်ဟုသူတို့ လက်ကိုင်ထားသည်။ အစည်းဝေးပြီးသည်နဲ့ ဘုရင်ကြီးအမိန့်ထုတ်ပြန်လိုက်သည်။ ထိုအမိန့်ကား "မင်းသမီးတာနာရှာအား အမိန့်ချမှတ်လိုက်သည်။တစ် တိုင်းပြည်လုံးရှိ အကြီးကဲများ၏ထောက်ခံချက် ကြားနေမဲမ ရှိ ကန့်ကွက်မဲမရှိ ဒီဘုရင်မြတ်မှဦးဆောင်ကြေညာသည်။ ယခုအရေးသည် မိမိတို့တိုင်းပြည်၏အတိုင်းဆအကန့်သတ် မရှိတိုးတက်မည့်အရေးနဲ့လည်း ဆက်စပ်နေသည်။ မင်းသမီးတာနာရှာ လင်ရအောင်ယူစေ။ဂျိတ်ဟူသော နတ် ဘုရားသားတော်(နတ်ဘုရားဝင်စားသောလူသား)ကို ရအောင် လင်တော်လာရမည်။ လင်တော်နိုင်ခြင်းမရှိပါက ဆာဗေ့တိုင်းပြည်သို့ဟင်လာရန် စိတ်ကူးပင်မတွေးမိစေပါနဲ့။လင်ယူရာ၌ လိုအပ်ချက်များရှိပါ က အတွေ့ကြုံရင့်ကျက်သော အထိန်းတော်များက သင်ကြား ပေးမည်။ ငြင်းဆန်၍မရနိုင်ပါ။ တစ်တိုင်းပြည်လုံး၏အမိန့် ကြေညာသူ ဘုရင်ကြီး ************************************ ထိုအမိန့်က ဆာဗေ့တိုင်းပြည်တွင်အကြီးဆုံးသောအမိန့် ဖြစ်သည်။ငြင်းပယ်နေခွင့်မရှိပေ။ ထိုအမိန့်ကြောင့် တာနာရှာ သည်ရှက်လည်းရှက် ဒေါသလည်း ထွက်မိသည်။အကြောင်းကား မိန်းကလေးဖက်က ယောကျာ်း လေးကို ရအောင်လင်တော်ရမည်ဆိုသောကြောင့် သူမ၏မိန်းကလေးဂုဏ်သိက္ခာကျဆင်းကာ စျေးမရှိတော့ ကြောင့်ဖြစ်သည်။ နောက်တစ်ချက်က တစ်တိုင်းပြည်လုံးရှိ လူများသည် သူမ အား ဂျိတ်ကိုရအောင်လင်တော်ရန် အားပေးနေသောကြောင့် ဖြစ်လေသည်။ သူမ၏အချစ်ရဆုံး အားကိုးရဆုံးသော ဖခမည်းတော်မှ ထိုအကြံကို ပေးခြင်းဖြစ်ကြောင်းကြားသိရ သောအခါ သူမ ရှက်မိသည်။ယခုချိန်၌ သူမဖက်ကမှတစ် ယောက်မျှမရှိနေပေ။ ထို့ကြောင့် တာနာရှာ သည် သူမတိုင်းပြည်ရှိလူများကို ဒေါသ ထွက်စွာဖြင့် ဆာဗေ့တိုင်းပြည်မှ ယူစရာရှိတာယူကာထွက်လာ လိုက်လေသည်။ ထိုသို့ယူစရာရှိတာကို မြင်းလှည်းနဲ့ ယူရန်ပြင်ဆင်ခဲ့ သော်ငြားလည်း "သမီးတော် သမီးကဒီလိုမြင်းလှည်းနဲ့သွားမယ်ဆိုရင် နတ် ဘုရားဂျိတ်ကအထင်သေးမှာပေါ့" (ဘုရင်ကြီး၏အသုံးနှုန်းပင် အသက်ဓာတ်အပင်ကြောင့် ပြောင်းလဲနေလေသည်။) "မိန်းကလေးဖြစ်ပြီး ပေါ့ပေါ့တန်ပေါ့ပေါ့စားဆိုပြီးသူငြင်းနေ လိမ့်မယ် မိန်းကလေးဆိုတာ အိမ်မှုကိစ္စကို ဗိုင်းကောင်းကျောက်ဖိနဲ့ လုပ်တတ်နေတတ်မှ သဘောကျတာ ကွဲ့ ပြီးတော့လင်ယောကျာ်းအလိုရှိတဲ့အရာကိုလည်း ကိုယ်တိုင်မ ညှီးမညူလုပ်ပေးရတယ် မယားဝတ္တ ရားဆယ်ပါးရှိတာရှိတယ်လေ ဒါကြောင့် သမီးတော်လိုတဲ့ပစ္စည်းကိုလှည်းပေါ်တင်ပြီးတော့ သမီးဆွဲသွားလိုက် မြင်းတော့ထားခဲ့ပေါ့" ("ဟင် ဆိုင်လည်းမဆိုင်ပဲနဲ့") ထိုအချက်ကမင်းသမီးတာနာရှာကို လုံးဝဒေါသထွက်စေခဲ့ သည်။ဘုရင်ကြီးက သူ့တိုင်းပြည်အတွက် သမီးဖြစ်သူကို စတေးကာလင်ယူစေခိုင်းခဲ့သည်။သွားလျှင်တောင်မှ မယား ကောင်းပီသစေရန်ဆိုကာ မြင်းမပေးခဲ့။ ထိုအချက်က အဘယ်ကြောင့်မင်းသမီးလေးကို လှည်းကို ဘာကြောင့်ကိုယ်တိုင်ဆွဲလာရသနည်းဆိုသည့်အချက်ပင်ဖြစ် လေသည်။ မင်းသမီးသည် လှည်းကိုဆွဲလာရင်း ဂျိတ်အိမ်ရှေ့ရောက် သောအခါ အော်ခေါ်လိုက်လေတော့သည်။
(60)ဘာသင်မှာလဲ
"အရှင်ဂျိတ်" သူမ၏အသံက ထွက်ပေါ်လာသည်။သာယာချိုမြိန်လှသော အသံကြောင့် စားနေသောလုပ်ကြံသူများပင် ငေးမောတွေဝေ ကြ ကုန်သည်။ "နှမလေး ကိုကြီးကိုချစ်ရင်တင့်တင့်တယ်တယ်ထားပေးပါ မယ်" "ဟ" ရူးကြောင်ကြောင်လုပ်ကြံသူတစ်ယောက်မှ တာနာရှာကို သွား ပြီး ဖွန်ကြောင်နေလေသည်။ထို့သို့ကြောင်သောလုပ်ကြံသူ ဘေးမှ ထိုင်နေသော လုပ်ကြံသူများသည် သူ၏ဘေးမှခွာကာ ထိုင်လိုက်ကြသည်။ ထိုသို့ခွာထိုင်ပြီးသည်နဲ့..... "ဝှီး" အရှိန်ဟုန်ပြင်းစွာသော ကျောက်စရစ်ခဲက ထိုဖွန်ကြောင် သောလုပ်ကြံသူထံတည့်မတ်စွာ ပျံသန်းလာသည်။ "အမလေးဟ" အရှိန်ပြင်းစွာလာသောကျောက်စရစ်ခဲသည် ထိုသူ၏နဖူးနဲ့တ ည့်တည့် မိတ်ဆက်ချေသည်။ထိုကြောင့် ဖွန်ကြောင်သော လုပ်ကြံသူသည် တစ်ချက်သာအော်နိုင်ကာ မေ့မြောသတိလစ် သွားလေသည်။ "တော်သေးတာပေါ့" ထိုလုပ်ကြံသူဘေးမှ အဝေးသို့ခွာထိုင်လိုက်သောလုပ်ကြံ သူများလည်း ယခုမျှသာ စိတ်အေးလက်အေးရှိကြသည်။ တာနာရှာလည်း သူမအားလာဖွန်သောသူကို သူမ၏အနီးနားမှ ရှိသော ကျောက်စရစ်ခဲဖြင့် ပစ်လိုက်ခြင်းဖြစ်သည်။ မေ့အောင်ပစ်ပြီးမှသာ သူမစိတ်ဒေါသထွက်ခြင်းကို ဖြေ လျော့ချလိုက်လေသည်။ သူမကိုဖွန်ကြောင်လာသောသူကို သာသူမက သူမခဲဖြင့်ပစ် ကာ စိတ်လျော့လိုက်ရသည်။အမှန်တကယ်အားဖြင့် သူမ လည်း ဂျိတ်ထံလာသည်က ဖွန်ကြောင်ရန်ကိစ္စ(လင်ရအောင် တော်နိုင်ရေး)ပင်ဖြစ်နေလေသည်။ "အရှင်ဂျိတ်" တာနာရှာနောက်ထပ် တစ်ကြိမ်ထပ်ခေါ်လိုက်ပြန်သည်။ဒီတစ်ခါတော့ သူမအားဖွန်ကြောင်သည့်လူမရှိတော့သလို ဂျိတ် လည်းအိမ်ထဲမှ ထွက်လာလေသည်။ ဂျိတ်ထွက်လာသည်နဲ့ သူ့အားခေါ်သူမှာ ဆာဗေ့မင်းသမီး တာရှာနာဖြစ်ကြောင်းတွေ့လိုက်ရလေသည်။ "ဘာလာလုပ်တာလဲ တာနာရှာ" ဂျိတ်၏တိုးဒဲ့မေးခွန်းကြောင့် တာနာရှာဖြေရခက်သွားလေ သည်။ (ရှင့် ကို လင်တော်ရအောင်လာယူတာ) ထိုသို့သော စကားမျိုး တာရှာနာအနေနဲ့ ပြောမည်မဟုတ်ပါ။ ယခုကဲ့သို့ လူအုပ်ပေါင်းများစွာရှိနေသော နေရာတွင် ထိုသို့ စကားမျိုးပြောချင်းက သူမ၏ဂုဏ်သိက္ခာကို ထိခိုက်စေမည် ဖြစ်သည်။ "ဟိုဟာလေ ဟို" တာနာရှာ ပြောစရာစကားရှာမရဖြစ်နေလေသည်။ ဒဲ့တိုးကြီး ပြောဆိုခြင်းက သူမအားဂျိတ်က တစ်မျိုးထင်စေမည် ဖြစ်သည်။ ထိုအချိန်၌....... "အကို ကျနော်လေ့ကျင့်တော့မယ်" "အေး သွားပြီးလေ့ကျင့်တော့" ဇိုက်မှဂျိတ်ကို ပြောကြားကာ လေ့ကျင့်ရန်ထွက်သွားလေ သည်။ထိုအဖြစ်ပျက်ကြောင့် တာနာရှာ ပြောရန်အကြံညဏ်ရ သွားလေသည်။ "အရှင့်ဂျိတ် ကျမဒီကိုရောက်လာတာက အရှင်ဆီကနေ ပညာသင်ချင်လို့ပါဖမည်းတော်ကလဲ ဒီကနေပညာစုံမှပြန်ခဲ့ လို့ပြောလို့ပါ" တာနာရှာချက်ချင်း ဖြေဆိုလိုက်သည်။ "မင်းကငါ့ဆီကသင်ချင်လို့ဟုတ်လား." ဂျိတ်စဥ်းစားမိသည်။သူမက အဘယ်ကြောင့် ဒီကိုရောက်လာ ရသနည်း။ ဂျိတ်အတွေးများနေသည့်ပုံစံက တာနာရှာကို သင်ပေးရန် သ င့်မသင့်ထက် မသင်ပေးရန်ပုံပေါက်နေလေသည်။ တာနာရှာသည် ဂျိတ်၏အမူရာကြောင့် စားသောက်နေကြ သော လုပ်ကြံသူများထံ အကြည့်ဖြင့်အကူညီတောင်းလိုက် လေသည်။ အကူညီတောင်းသည်ဆိုသည်ထက် အတင်း ခြိမ်းခြောက်သည်ဆိုသည်နဲ့ ပိုဆင်တူလေသည်။ တာနာရှာ၏အကြည့်ကြောင့် လုပ်ကြံသူများနားလည်လိုက်ကြ သည်။လုပ်ကြံသူများသည် အစောကကျောက်စရစ်ခဲကြောင့် မေ့မျောသွားသောသူက သူတို့ကို စံပြသက်သေပြနေပြီ ဖြစ်သည်။ "အရှင်ဂျိတ် သူမကို ပညာသင်ပေးလိုက်ပါဒါက ကောင်းတဲ့ အကြောင်းရာကိစ္စဖြစ်ပါတယ်" "ဟုတ်ပါတယ်" ကျန်သောသူများကလည်း နောက်မှနေ၍သံယောင်လိုက်လေ သည်။ "ဖီဖီဘာတွေဖြစ်နေတာလဲ" အယ်မလီလေး ထိုများပြားသောအသံကြောင့် ဂျိတ်ထံသို့ ရောက်လာလေသည်။အယ်မလီလေးသည် မနက်စာ စား သောက်ပြီးဖြစ်သောကြောင့်သူမ၏ပါးစပ်တွင်အစားစာများ ပေကျံနေလေသည်။ ဂျိတ်လည်း အယ်မလီလေးကိုပွေ့ချီကာ ပါးစပ်တွင်ပေနေ သော အစားစာများကိုဖယ်ရှားပေးလိုက်သည်။ ("ဖေဖေဆိုပါလား") တာနာရှာရင်ထဲကို အနုမြူဗုံးအလုံးတစ်သိန်းဖောက်ခွဲလိုက် သလိုခံစားလိုက်ရသည်။သူမ အနေဖြင့် ဂျိတ်ကိုလုံးဝစိတ်မ ဝင်စားပါဟုပြောလျှင် လိမ်ရာကျသည်။ ဂျိတ်သည် နဂို တည်း၌သမီးပါရှိနေကြောင်း သိလိုက်ရသောအခါ ပျော် မိသည်။သူမနေဖြင့် ဂျိတ်ကိုလက်ထပ်စရာမလိုတော့ပေ။ သို့သော် ဂျိတ်နဲ့ရသော မိန်းကလေးကိုတော့မနာလိုမိ ပြန်သည်။ (ဘယ်လိုကောင်မက ဂျိတ်နဲ့ရတာလား ငါသိချင်လိုက်တာ) (မိန်းမတွေများကြောက်ဖို့ကောင်းချက်):::::::: "ဟိုမှာဟို မမချောချောလေးက ဖေ့ဖေ့ဆီကနေပညာသင်ချင် လို့တဲ့" အယ်မလီလေးလည်း ဂျိတ်အပြောကြောင့် တာနာရှာကိုကြည့် မိလိုက်သည်။တာနာရှာသည် ချောမောလှပကြောင်း အယ် မလီလေးလည်း တွေ့လိုက်ရလေသည်။ ဂျိတ်အပြောကြောင့် တာနာရှာ အနည်းငယ်ကျေနပ်မိသည်။ သူမအား အကောင်းပြောပေးသေးသည်။ထိုလူ၌ ကောင်းသောစိတ်နည်းနည်းရှိသေးသည်ဟု ထင်မြင်ချက်ချ လိုက်သည်။ "ချုန်းမကြီး(စုန်းမကြီး)ငါ့ဖီဖီကို လာမြူစွယ်တာမလား မလိမ် ရဲ့" ဂျိတ်ကိုသူမ၏လက်ကလေးနဲ့ ကာကွယ်ထားသည့်ပုံလုပ်ပြ လေသည်။ "ဟိဟိခိခိ.." လုပ်ကြံသူများစားရင်း ရယ်မောမိကြသည်။သို့သော်ကျယ် ကျယ်မရယ်ရဲ သူတို့သည်တာနာရှာ၏လက်ချက်ကို ကြောက်သည်မဟုတ်ပါလား။ တာနာရှာ ၏မျက်နှာကြီး နီမြန်းလာသည်။ကလေး မ၏အပြောကြောင့် သူမကိုယ်တိုင်ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေလေသည်။ကျန်သောလူဆိုရင် လက်ပါပြီးသော်လည်း ဂျိတ်၏သမီးလေးဖြစ်နေရာ သူမ လုပ်ဝံ့ခြင်းမရှိပေ။ ဂျိတ်ပင်အယ်မလီလေးအပြောကြောင့် အံသြနေသည်။ သေချာပေသည်။အယ်မလီလေးသည် စာဖတ်တတ်မြောက် သွားပြီ ဖြစ်ရာဝိုက်တီကိုပင်မခေါ်တော့ပဲ သူ့ တစ်ယောက်တည်း စာအုပ်စင်မှစာအုပ်များယူဖတ်လေ့ရှိလေ သည်။ထိုထဲမှ စုန်းမကြီးပါသောပုံပြင်များဖတ်မိရာမှ ထိုသို့ ပြောချင်းပင်ဖြစ်သည်။ "တောင်းပန်ပါတယ်ဗျ သမီးလေးက ကျနော်ကိုစိုးရိမ်လို့ပြော တာပါ မင်းကိုလဲကြည့်ရတာ အထုပ်အပိုးတွေနဲ့ဆိုတော့ ခြံ နောက်မှအိမ်လေးအသစ်တစ်လုံးရှိပါတယ် အဲ့မှာသွားနားနှင့် ပေါ့" ဂျိတ်အပြောပြီးသည်နဲ့ တာနာရှာလည်း ဂျိတ်ပြောသည့် အတိုင်း လုပ်ဆောင်လိုက်သည်။ခြံနောက်တွင်သစ်သားအိမ် ဘေးအနီး၌ လှပသောအိမ်လေးတစ်လုံးထပ်တွေ့ရာသူမ အံ သြမြင်သက်ရပြန်သည်။ "အဲ့တာမင်းနေရမဲ့နေရာပဲ" ဂျိတ်ပြောကြားချက်ကြောင့် သူမဆွဲလာသောလှည်းပေါ် ပစ္စည်းများကို သူမထိုအိမ်လေးထဲသို့အစီစဥ်တကျထားရှိ လိုက်သည်။သူမအနေဖြင့် ထိုအိမ်လေးနဲ့ သဟဇာတဖြစ် သည်ဟုခံစားမိသည်။ သူမနေဖြင့်ထိုအိမ်လေးသည်သူမခြံ ရှေ့ရောက်နေတုန်းမှ ဂျိတ်မှ စတင်ဖြစ်ပေါ်ဖန်တီးလိုက်ခြင်း ကိုတော့သိမည်မဟုတ်ပေ။ တာနာရှာပစ္စည်းများကို အစီစဥ်တကျချပြီးသည်နဲ့ ဂျိတ်ထံ ပြန်ရောက်လာလေသည်။ "အရှင်ကျမ ပြီးပါပြီ" သူမနဲ့အသက်အနည်းငယ်သာကွာသော်ငြားလည်း ဂျိ တ်၏အစွမ်းကိုသိရှိထားရာ သူမရိိုရုသေသေခေါ်လိုက်လေ သည်။ "ကောင်းပြီ မင်းဘာသင်မှာလဲ" "ရှင်"