အခန်း (၆၁-၆၃)
Vol. 5 Ch. 61-63
(61)တာနာရှာ၏တုန်လှုပ်မှု
"ရှင်" တာနာရှာ ကြောင်တောင်တောင်ဖြစ်သွားမိသည်။ ဂျိတ်၏အမေးကြောင့် တာနာရှာဘာဖြေရမှန်းမသိဖြစ်သွားလေသည်။ သူမသည် ဇိုက်လေ့ကျင့်ရန် ပြောသောကြောင့်သာအကြံရ၍ပြော လိုက်ခြင်းဖြစ်လေသည်။ "မင်းကဘာသင်မယ်ဆိုပြီးမတွေးမိလာဘူးပေါ့" ဂျိတ်အပြောကြောင့် တာနာရှာလည်း တွေးမိခြင်းမရှိခဲ့ ကြောင်း ခေါင်းညိမ့်ကာဝန်ခံလိုက်သည်။ "ကောင်းပြီ ဒါဆိုရင် ရော့ ဒါကိုဖတ်ပါ ဖတ်ပြီးရင်တော့ မင်း သင်ချင်တာ လာမေးပေါ့" ကြီးမားလှသောစာအုပ်ကြီးကို တာနာရှာထံသို့ပေးလိုက် သည်။တာနာရှာလည်း ဂျိတ်ပေးသော စာအုပ်ကို ကိုင်ကာ စာအုပ်ကိုသေချာကြည့်လိုက်သည်။ စာအုပ်၏အဖုံး၌......... "များပြားလှသောမျိုးစုံသောအတတ်ပညာများ" ဟူ၍ရေးသားထားလေသည်။ "ဟင့်ဘာလို့ကြီးကျယ်နေတာလဲ ငါမလေ့လာဖူးတဲ့ဟာမရှိပဲ ကို " တာနာရှာမာန်တက်ပြီးစာအုပ်အဖုံးကိုကိုင်ပြီးတစ်ကိုယ်တည်း ပြောမိသည်။တကယ်လည်း တာနာရှာသည် များပြားလှသော အတတ်ပညာအကြောင်းရာများကို လေ့လာခဲ့ဖူးပြီး ဖြစ်သည်။လေ့လာဖူးရုံသာမဟုတ် သူမကိုယ်တိုင်လည်း သူမ လေ့လာထားသော ပညာများကို ဆာဗေ့ပြည်သူများကိုသင်ကြားတတ်မြောက်စေခဲ့သည်။ ထိုပညာများဖြင့် ဆာဗေ့ပြည်သူများသည် အသက်မွေးဝမ်း ကြောင်းများစွာလုပ်ကိုင်နိုင်လာသလိုယခင်ကလို စိုက်ပျိုးရေးနဲ့အမဲလိုက်ခြင်းတွင် သူတို့မမှီခိုတော့ပေ။ယခုဆို လျှင် ဆာဗေ့များသည် မြို့ရှိလူတန်းစွာများလိုပင် ကူးသန်းရောင်းဝယ်ခြင်းပင်လုပ်ဆောင်နေကြသည် ဖြစ်သည်။ စာအုပ်အဖုံးလှန်ပြီး မာတိကာစကြည့်သည်နဲ့ သူမ၏အမူရာ ပြောင်းလဲခြင်းမရှိသေးပေ။ "ဒါတွေက ငါသင်ဖူးပါတယ်" တာနာရှာ ခေါင်းစဉ်ခြောက်ဆယ်မျှအထိတော့ သူမကျော်ကြ ည့်လိုက်သည်။နောက်ပိုင်းခေါင်းစဉ်စတင်မြင်သည်နဲ့ သူမ၏မလေ့လာသောပညာရှိသေးသလားဟုပင်သူမ ထင်မြင်မိလားသည်။ "ရူပဗေဒ အက်တမ်ကွဲထွက်ခြင်း ခေတ်မှီလက်နက်ဆန်းများ တီထွင်ခြင်း အာကာသယာဉ်မောင်းနှင်ခြင်း" သူမ ဆက်ဖတ်လေ သူမ ပိုမိုတုန်လှုပ်ခြောက်ခြားလာသည် ဖြစ်သည်။နောက်ဆုံး သူမကို သူမ ယုံနိုင်ဖွယ်မရှိအောင် သံသယဖြစ်လာသည်။ "အရှင့်....ဂျိတ် ဒါတွေ တကယ်ရှိလို့လား ရှိတာပေါ့" "ကျမ မယုံဘူးလေ" "မင်းမယုံတိုင်းမရှိဘူးလို့ ထင်နေတာလား" ထိုစကားကြောင့် တာနာရှာ တွေဝေသွားလေသည်။ဂျိတ်ပြော သောစကားက သူမကို တိုက်ရိုက်ထိမှန်စေခဲ့သည်။ "အေးလေ မင်းမှ မမြင်ဖူးတာကို ရော့ဒါယူလိုက် " ကြည်လင်နေသော ကျောက်ပြားတစ်ချပ်ကို ဂျိတ်ပေးလိုက် သည်။ထိုကျောက်ပြားကို တာနာရှာလှမ်းယူလိုက်သည်။တာနာ ရှာလှမ်းယူလိုက်သည်နဲ့ ကြည်လင်သောကျောက်ပြားသည် စာအုပ်ကအတိုင်းအချက်လက်များပေါ်ပေါက်လာလေသည်။ "အဲ့ကျောက်ပြားက မင်းအစောကဖတ်လိုက်တဲ့ အတတ်ပညာ တွေကို နားလည်အောင် သရုပ်ပြပေးထားတာပါတယ် အဲ့ဒါကို မင်းသေချာဖတ်ပြီးမှ ငါ့ကိုလာပြောပေါ့" အရင်ကလိုဆို သူမလိုချောမောလှပသော သူကိုအဖက်မ လုပ်၍စိတ်တိုကောင်းတိုမိမည်ဖြစ်သည်။ယခုကား သူမကို သူမ မမြင်ဖူးသောအတတ်ပညာများ၏အစွမ်းများက သူမကို စိတ်လှုပ်ရှားအောင် ဖန်တီးနေလေသည်။ ယခုတာနာရှာ သုံးနေသော ကျောက်ပြား၏အလုပ်လုပ် ပုံသည် ယခုခေတ်ကျနော်တို့သုံးသော စမတ်ဖုန်းများအလုပ် လုပ်ပုံနဲ့တင်တူလေသည်။အားသာချက်ကတော့ ကျနော်တို့ သုံးနေသော စမတ်ဖုန်းများလို အားသွင်းရန်မလိုခြင်းပင်ဖြစ် လေသည်။ တာနာရှာ သူမအရင်ဆုံးရှာကြည့်လိုက်သည်ကတော့ ခေတ်မှီ အတတ်ပညာကို ပင်ဖြစ်လေသည်။ထိုအတတ်ပညာများထဲက သူမသည် လက်နက် ပြုလုပ်သည့်အတတ်ပညာကို သူမထပ်မံ ရွေးချယ်လိုက်သည်။သူမနေဖြင့် သူမသည် ဆာဗေ့တို့၏တပ် အင်အားကိုယခင်ထက်ပိုမိုကြီးမားလိုလေသည်။ဒါမှသာ သူ တို့ကို မနိုင်ကျင့်သောသူမရှိတော့မည်ဟုသူမ တွေးထားခြင်း လည်းဖြစ်လေသည်။ လက်နက်ဆိုသည်အတတ်ပညာထဲမှ သူမသည် အနုမြူဗုံးကို ထပ်မံရွေးချယ်လိုက်သည်။ ပြုလုပ်ပုံနဲ့ သူ၏အစွမ်းသက်ရောက်ပုံဆိုပြီးနှစ်ခုပေါ်လာလေ သည်။ထိုနှစ်ခုတွင် တာနာရှာသည် ယခုမှစတင်ကြည့်ရှုမည် ဖြစ်ရာ အစွမ်းသက်ရောက်ပုံကို ရွေးချယ်လိုက်သည်။ ထိုသို့နှိပ်ပြီးသည် နဲ့ သူမအရင်ဆုံးတွေ့လိုက်ရသည်က ထူးဆန်းသောလက်နက်ကိုပင်ဖြစ်လေသည်။ ထိုလက်နက် သည် သူမတို့၏ ကျောက်ခဲပစ်စင် တွင်သုံးသော ကျောက်တုံး၏အရွယ်စားနဲ့ တူညီလေသည်။ ဗီဒီယိုမှဆက်လက်ပြသနေရာ သူမလည်းဆက်လက်ကြည့် သည်။ထိုအနုမြူလက်နက်ဟု ခေါ်သော အရာကို နောက် အပိုင်းတွင် မိုးပေါ်မှ ပစ်ချလိုက်သည်ကို သူမတွေ့မြင်လိုက်ရ လေသည်။ ထိုသေးငယ်သောကျောက်ခဲများသည် ကျောက်ခဲပစ်စင်မှပစ် ပါက အိမ်တစ်လုံးတော့ပျက်စီးစေနိုင်သည်။သူမ လက်ရှိမြင် နေရသော အနုမြူလက်နက်က မည်မျှအထိ ပြင်းမည်ဟု သူမတွက်ဆ မိသည်။ အများဆုံးအိမ်ဆယ်လုံး ပေါ့။ သူမ၏အမြင်များက မှားယွင်းနေကြောင်း ထပ်မံသိလိုက်ရ လေသည်။ အနုမြူ့ဟူသောအရာသည် မြေပြင်ပေါ်သို့ကျရောက်ပြီးသည် နဲ့ ကြီးမားသောတုန်ခါမှုကြီးဖြစ်ပေါ်လာကာ ပေါက်ကွဲထွက် သွားသည်။ "ဝုန်း" ကြီးမားလှသောအရှိန်ဖြင့် ပေါက်ကွဲသွားရာ မြေပြင်ကြီးလည်း အသံမြည်ဟီးကာ စုတ် ပျက်ကုန်လေသည်။ပေါက်ကွဲပြီးသွားသောအခါလည်း သူ၏ပေါက်ကွဲမှုဖြစ်ပေါ်ရာ နေရာတစ်လျှောက်၌ အသက်ရှင် နိုင်မည်ပုံ မပေါ်ကြောင်း သူမပိုသိလိုက်ရရာ ပိုမိုတုန်လှုပ်မိ လေသည်။ "မ..မဖြစ်နိုင်ဘူး" ထိုလက်နက်၏ပြင်းအားကို သူမကိုတုန်လှုပ်စေခဲ့ပြီ ဖြစ်သည်။ထိုလက်နက်၏ပြင်းအားသည် ဂရိတ်နိုင်ငံ၏ဆယ် ဆခန့်ဧရိယာကိုပင် ပျက်စီးစေခဲ့သည်ဖြစ်သည်။ သူမ၏တုန်လှုပ်မှုက ရပ်တန့်၍ရမည်မထင်တော့ပေ။
(62)အရမ်းကောင်းတာပဲ
"ညစာ စားမယ် တာနာရှာ" ထိုအခါမှ တာနာရှာ သတိပြန်လည်ဝင်ရောက်လာလေသည်။ အပြင်ကိုကြည့်တော့ နေပင်အနောက်ဘက်သို့ဝင်ရောက်နေပြီ ဖြစ်သည်။ သူမ မမြင်ဖူးသောအတတ်ပညာများကို စူးစမ်းလေ့လာနေ သောကြောင့် သူမအချိန်ကုန်မှန်းမသိကုန်ခဲ့ခြင်းလည်းဖြစ် လေသည်။ တာနာရှာ ဂျိတ်၏မီးဖိုချောင် စားသောက်ခန်းထဲသို့ရောက်ရှိ လာလေသည်။သူမ အခန်းထဲရောက်တော့ ရေမိုးချိုးထား သော ဇိုက်နဲ့ အယ်မလီ ဂျိတ်နဲ့ ခွေးကိုသူမတွေ့လိုက်ရလေ သည်။ "တာနာရှာ ဒီနေရာမှာ ထိုင်ပါ" ဂျိတ်ညွှန်ပြပေးရာ နေရာတွင် သူမထိုင်လိုက်သည်။သူမသည် သူမကြည့်မြင်ခဲ့ရသော အတတ်ပညာများကိုလေ့လာရင်းစဥ်း စားနေဆဲဖြစ်သည်။ သူမရှေ့မှ ဇိုက်ကိုကြည့်ကာ စဥ်းစား နေသည်။ ("သူကတော့ ဘာပညာများယူသင်ထားတာလဲ") ဇိုက်လည်း လှပပြီးအရိုင်းဆန်ဆန် ချောမောသော တာနာရှာ ကြောင့် ငေးမိလေသည်။ခွေးမိုက်ကယ် သူ့အား သတိပေးမှ သူ သတိရလာလေသည်။ "သူမနာမည်က တာနာရှာတဲ့လား" "ကဲ ဒီနေ့ငါတို့အိမ်ကို လူအသစ်တစ်ယောက်တိုးလာတယ်ပေါ့ သူမကတာနာရှာ ဆာဗေ့မျိုးနွယ်ရဲ့ မင်းသမီးပဲ သူမက ဒီကို ရောက်လာတာက ပညာသင်ချင်လို့ရောက်လာတာပဲ မင်းတို့ ကလဲသူကိုကြိုဆိုလိုက်ပါဦး" "ဟုတ် မမ မင်ဂရာပါ" အယ်မလီလေးမှ စတင်နှုတ်ဆက်လိုက်သည်။ထိုသို့ပြောတတ် အောင်လည်း ဂျိတ်ကနေ့လည်အချိန်၌ သင်ပေးထားရခြင်းလည်းဖြစ်လေသည်။ "မဂ်လာပါ ကျနော်ကဇိုက်ပါ တွေ့ရတာဝမ်းသာပါတယ် တာနာ ရှာ" "ဟုတ်ကဲ့ပါ" တာနာရှာမှ ပြန်လည်ဖြေကြားသည်။ "အားဝူးဝုဝု.....ဝုဝု" ခွေးမိုက်ကယ်မှလည်း သူ၏ခွေးဘာသာစကားဖြင့်ကြုဆိုလေ သည်။ "သူကမိုက်ကယ်ပါတဲ့ အချောလှလေးနဲ့တွေ့ရတာ ဝမ်းသာပါ တယ်တဲ့" ဂျိတ်မှကြားခံဘာသာပြန်ပေးလိုက်သည်။ခွေးမိုက်ကယ်က လည်း ဂျိတ်ပြောသည်ကို ထောက်ခံကြောင်း ခေါင်းညိမ်ပြ ကာ အမြီးရမ်းပြလေသည်။ ("ဒါခွေးဘာသာ မာဂဓ စကားပဲ") ဂျိတ်၏တတ်မြောက်ကျွမ်းကျင်မှုကို တာနာရှာအံသြနေလေ သည်။ ("နေပါဦးဒီခွေးကြီးက") တာနာရှာယခုမှ သေချာကြည့်မိသည်။ခွေးသည် ချစ်စဖွယ် ကောင်းအောင် လှပလုံးကစ်နေသည်ကိုတွေ့ရလေသည်။ပြီး လျှင် သူ၏အရွယ်စားသည် ကျားတစ်ကောင်၌အရွယ်စားမျှရှိ လေသည်။ ထိုသို့လုံးကစ်ကာလှပနေသော်လည်း သူ၏ခြေသည်းလက်သည်းများကို ကြည့်ခြင်းဖြင့် တောသားရဲအကြောင်းကို သိမြောက်ထားသောသူမအနေဖြင့် ထိုခွေးသည်သာမန်ခွေးတစ်ကောင်မဟုတ်ကြောင်း ကြမ်းတမ်းကာ အစွမ်းထက်သောခွေးမှန်းသူမသိလိုက်ပြီ ဖြစ်သည်။ဂျိတ်အိမ်၌ရှိသောအရာများက သာမန်ဖြစ်လျှင်သာ ပိုမိုထူးဆန်နေမည်ဖြစ်သည်။ "ဝိုက်တီ လူတစ်ယောက်ထပ်တိုးတယ်နော် တစ်ပွဲတိုးချက်ပါ" ဂျိတ်ပြောသည်နဲ့ ဝိုက်တီလည်း ခေါင်းညိမ်ပြကာ ချက်ပြုတ် နေလေသည်။ ချက်ပြုတ်ပြင်ဆင်နေတုန်းမို့ တာနာရှာလည်း ဇိုက်ကိူ မေးမြန်းသည်။ "ရှင် က ဒီမှာဘာအတတ်ပညာကို သင်နေတာလဲ" ဇိုက် ကသူအားမေးကြောင်းသိသည်နဲ့ "ကျနော်လား ထိန်းချုပ် ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေခြင်း အကြောင်းကိုသင်ယူတာပါ" ထိုစကားကြောင့် တာနာရှာခေါင်းစားသွားသည်။ထိုပညာမျိုး က ရှိကောရှိနေသေးတာလား။သူမ၏မှတ်ညဏ်ကား ငွေအ ဆင့်သို့ရောက်ပြီဖြစ်ရာ လွယ်လွယ်နဲ့မေ့လျော့နိုင်မည်မဟုတ် ပေ။ "တာနာရှာတွေးမနေနဲ့ သူကမင်းကိုပေးထားတာနဲ့ မတူဘူး သူ့အတွက်သီးသန့်သင်ယူရတာ" ထိုအခါမှ တာနာရှာသဘောပေါက် လေသည်။ဒါကြောင့် လည်း သူမ စဥ်းစားသောအခါ မသိခြင်းလည်းဖြစ်ပေသည်။ "ရပါပြီ " ထိုအသံနဲ့ အတူ ဝိုက်တီသည် ချက်ပြုတ်ပြီးသော အစား သောက်များကို ယူဆောင်လာလေသည်။ယူဆောင်လာသော အစားသောက်များ၏ရနံများက တာနာရှာကို စတင်ဆွဲဆောင် လေသည်။ထိုအစားသောက်များ၏ရနံက တာနာရှာကို အနံ တွင်ကျရှုံးအောင်ပါတစ်ခါတည်း လုပ်ဆောင်ပြီးသားဖြစ်လေ သည်။ ("ဒါဘယ်လိုအစားသောက်တွေလဲ") တာနာရှာ အံသြမြင်သက်နေသည်။သူမသည် မနက်က သူမ၌ဖြစ်ပေါ်နေသောဒေါသကြောင့် လုပ်ကြံသူများစား သောက်နေသော ဟင်းလျာများ၏ကောင်းကြောင်းကို သူမ မြင်နိုင်ခြင်းလည်းဖြစ်လေသည်။ ယခုအခါတွင်တော့သူမ ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရသ လို စားသုံးရန်သူမရှေ့သို့ရောက်ရှိနေပြီလည်းဖြစ်သည်။ ယခုညစာအတွက် ဝိုက်တီပြင်ဆင်ထားသည်ကတော့ သိုးသားကင်ဖြစ်ကာ အာလူးနှပ်ဖြစ်လေသည်။သိုးသား ကင်သည် အရောင်အဆင်းအနံ တစ်ခုမှ အပြစ်ပြောစရာမရှိ အောင် ကောင်းမွန်လေသည်။ အဓိက ဟင်းလျာကတော့ စားပွဲအလှည့်တွင် တင်ထားသော ဘဲကောင်လုံးကင်ဖြစ်လေသည်။ဘဲတစ်ကောင်လုံးကင်ထား ခြင်းဖြစ်ပြီး အရောင်ရဲကာ မွေးကြိုင်နေလေသည်။ အစားအသောက်၏ဆွဲဆောင်မှုကို ခံရသောတာနာရှာသည် တုံဆိုင်းနေခြင်းမရှိပဲ ချက်ချင်းလှုပ်ရှားလိုက်သည်။ သူမ၏ဓားဖြင့် သိုးသားကို လှီးကာ ကျန်လက်တစ်ဖက်ဖြင့် ခရင်းကိုကိုင် ဆောင်လိုက်သည်။ခရင်းဖြင့်လှီးထားသော သိုးသားကို စတင်စားသောက်လိုက်လေသည်။သိုးသားသည် သူမပါးစပ်ထဲရောက်သွားသည်နဲ့ အလွန်ကောင်းမွန်သော အရသာကို သူမခံစားလိုက်ရလေသည်။ "အရမ်းကောင်းတာပဲ"
(63)ပလက်တီနမ်အဆင့်သို့ရောက်ခြင်း
တာနာရှာ တုံဆိုင်းနေခြင်းမရှိပဲ ခပ်သွက်သွက်စားသောက်လိုက် သည်။ထိုသို့ကောင်းမွန်လှသောအစားသောက်မျိုးကို သူမ အနေဖြင့် နန်းတွင်းထဲ၌ပင်မစားဖူးပေ။ သူမအနေဖြင့် သူမရှေ့ချထားသောပန်းကန်မှအပြောင်ရှင်း မည်။ထို့နောက် အဓိကဟင်းလျာဖြစ်သောဘဲသားဟင်းကို ဆက်လက်စားသောက်မည်ဟုအစီစဥ်ချထားသည်။ ထိုအစီစဥ်ကို သူမ ကိုယ်တိုင်ကပင်ဖျက်စီးမိကြောင်းသူမ မ သိပေ။ ("ငါဘာတွေခံစားနေရတာလဲ") စားသောက်ရင်းတန်းလန်း သူမ၏ကိုယ်မှပူလောင်လာ ကြောင်း သူမခံစားမိလာသည်။အဘယ်ကြောင့်ထိုသို့ဖြစ် ပေါ်လာရကြောင်းကို အစပိုင်း၌သူမလည်းနားလည်ဟန်မ တူ။နောက်မှသူမ သတိထားမိလာသည်။ ("မဖြစ်နိုင်တာ...မဖြစ်နိုင်တာ") သူမ အတွေးများကတုန်လှုပ်လာပြန်သည်။သူမစားသောက် နေသောဟင်းလျာကြောင့်ထိုသို့ဖြစ်လာမှန်းသူမ ချက်ချင်း ပင်ရိပ်စားမိသည်။ ("ဒီဟင်းလျာက စားကောင်းယုံသက်သက်ပဲမဟုတ်ဘူးပဲ") ယခုလက်ရှိအချိန်၌ သူမကိုယ်ခန္ဓာထဲ၌ အလွန့်လွန့်သန့်စင် သောအစွမ်းများက သူမကိုယ်အနှံ့လည်ပတ်နေလေသည်။ တာနာရှာအနေဖြင့် ငွေအဆင့်ခုနှစ်ကို လွန်ခဲ့သောနှစ်ပတ် နီးပါးမှ ရောက်ရှိထားခြင်းဖြစ်သော်လည်း ယခုအခါငွေအဆ င့်ခုနှစ်ကိုအခြေထိုင်ကျစ်လစ်နေရုံမက သူမ၏ကိုယ်ခန္ဓာထဲ တွင် နောက်တစ်ဆင့်သို့တက်လှမ်းရန် စွမ်းအင်များက အ လုံလောက်ရှိနေလေသည်။ တာနာရှာ တစ်ယောက်သူမရှေ့မှ လူများကို အံသြမင်သက်နေ သည်။သူမသည် စွမ်းအင်များပြားကာ ကိုယ်ခန္ဓာပေါက်ကွဲ သွားမည် စိုးရိမ်သောကြောင့်သူမကိုယ်ကို သေချာထိန်းကာ စားသောက်နေရသည်။ သူမရှေ့မှ ဇိုက်အပါဝင်ခွေးအစ ကလေးအဆုံးကတော့ သက်တောင့်သက်သာစွာပင် စားသောက်နေသလို အဓိက ဟင်းလျာကိုပင် စားသောက်နေကြပြီဖြစ်သည်။ လူထူးဆန်းများစုဝေးနေသည်ဟုပင် ခံစားမိလာကာ သူမ ကိုယ်သူမ စိတ်ဓာတ်အနည်းငယ်ကျသွားသည်။ဒီလိုအခြေနေ ကို ခံစားရသည်က ဒါကပထမဆုံးအကြိမ်ပင်ဖြစ်လေသည်။ "ကျမ တော်ပါပြီ ကျမသွားနားပါတော့မယ်" ဂျိတ်လည်း နားလည်ကြောင်းခေါင်းညိမ်ပြကာ နားစေသည်။ တာနာရှာအနေဖြင့် သူမသည် သိုးသားဟင်းကိုတော့ ကုန်စင်အောင်စားသွားလိုက်သေးသည်။အနည်းဆုံးသူမ အနေဖြင့် အဓိကဟင်းလျာကို ထိနိုင်ခြင်းမရှိရင်တောင် အကျိုးမယုတ်စေရန်ဖြစ်သည်။ ("သူမက တကယ်လည်းထက်မြက်တာပဲ") ဂျိတ် တာနာရှာအကြောင်းတွေးလိုက်သည်။သူမထ သွားရ ခြင်းမှာ သူမကိုယ်ခန္ဓာမှနောက်ထပ်စားသောက်မည့်အစား သောက်မှ ပါဝင်သောစွမ်းအင်ကို ဆက်လက်ထိန်းသိမ်းရန် မတတ်နိုင်သောကြောင့်ဖြစ်လေသည်။ထို့ကြောင့် တာနာ ရှာသည် ချက်ချင်းအနားယူကာ သူမအဆင့်တက်ရန်ပြင်ဆင် လိုက်ခြင်းဖြစ်ကြောင်း ဂျိတ်သဘောပေါက်သည်။ တာနာရှာ တစ်ယောက်သူမနားနေသောအိမ်ထဲရောက်သည်နဲ့ ချက်ချင်းပင်ကျင့်ကြံလိုက်သည်။သူမ ကျင့်ကြံပြီး သူမကိုယ် ထဲတွင် ပြင်းထန်သောစွမ်းအားကို တစ်ကြိမ်ကိုယ်အတွင်း အနှံပြန့်အောင်လည်ပတ်လိုက်သည်။ ထိုသို့လှည်ပတ်ပြီးသည်နဲ့ ထိုစွမ်းအားများကို သူမ၏အဆင့် နောက်တစ်ဆင့်တက်လှမ်းနိုင်ရန်အသုံးချလိုက်သည်။ သူမ၏ကိုယ်အတွင်း၌ များပြားလှသောစွမ်းအားများသည် နောက်တစ်ဆင့်ဖြစ်သောငွေ အဆင့်ရှစ်ဟူသောအတားဆီး ကို စတင်တိုးဝင်ကြသည်။ "ဝုန်း" များပြားလှသောစွမ်းအားများကြောင့် အဆင့်ရှစ်ဟူသောအ တားဆီးမှာ ပျော့ဖတ်နေသောစက္ကူစပမာ ဖြစ်ကာ ပျက် တောက်သွားသည်။ "အဆင့်ရှစ်" သူမသက်ပြင်းချလိုက်သည်။ကျင့်ကြံခြင်းကို အဓိက ထား လုပ်မနေပါပဲ ဂျိတ်အိမ်၌စားသောက်ခြင်းသာလုပ်ဆောင်ပါ က လည်းမြန်ဆန်စွာ အဆင့်တက်နိုင်ကြောင်း သူမနားလည် သဘောပေါက်လာသည်။ ထိုသို့အဆင့်တက်နိုင်ပြီးနောက် သူမအနေဖြင့် ကြိုးစားပမ်းစားကျင့်ကြံကာအဆင့်တက်ရသောသူများကို သနားသွားလေသည်။ "အဆင့်တက်သွားပြီဆိုမှတော့ ငါမသိသေးတဲ့အတတ်ပညာ တွေပြန်ပြီးစူးစမ်းဖို့အချိန်ကျပြီ" ပြောပြောဆိုဆိုဖြင့် သူမ ဂျိတ်ပေးထားသောကျောက်ပြားကို ပြန်ကိုင်ကာ ဆက်လက်စူးစမ်းလိုက်လေသည်။ ဂရိတ်နန်းတွင်းအတွင်းတစ်နေရာ......... နန်းတော်အတွင်း၌ ထူးခြားသောဖြစ်ရပ်များပေါ်သည့် အတွက်ကြောင့် နန်းတွင်းသားများစိုးရိမ်ပူပန်လျက်ရှိသည်။ နန်းတွင်းတစ်ခုလုံး သာမန်မဟုတ်သောခံစားမှာကိုခံစားလာ ရသလို လေထုဖိအားကလည်း မတည်ငြိမ်ဖြစ်လာလေသည်။ အကြောင်းကား ထိုဖြစ်စဥ်များသည် တစ်စုံတစ်ယောက် အ ဆင့်ကြီးကိုဝင်ရောက်သောအခါမှသာ ဖြစ်ပေါ်တတ်သော ကြောင့်ဖြစ်သည်။ "အောင်မြင်ပါစေ.....အောင်မြင်ပါစေ" နန်းတွင်းသူနန်းတွင်းသားများသာ ဆုတောင်းနေခြင်းမဟုတ် သလို နန်းတွင်းအထူးတပ်များ မိဖုရားကြီးကပါ အောင်မြင် စေရန်ဆုတောင်းနေကြလေသည်။ထိုသို့သောဖြစ်စဥ်ကို လုပ်ဆောင်နိုင်သူမှာ အဆင့်တက်အတွက် ပုန်းအောင်းလေ့ ကျင့်နေသော သူတို့၏ဘုရင်ကြီးပင်ဖြစ်လေသည်။ "ဝုန်း" အသံကြီးက ပြန့်နှံလာလေသည်။ "ဘုရင်ကြီး အဆင့်တက်သွားပြီ" "ဘုရင်ကြီး သက်တော်ရှည်ပါစေ နိုင်ငံကိုတိုးတက်အောင် လုပ်ဆောင်နိုင်ပါစေ" နန်းတွင်းသူနန်းတွင်းသားများ၏ဘုရင်ပေါ် ဝိုင်းဝန်း ဆုတောင်းပေးကြသည်။နန်းတွင်းတစ်ခုလုံးလည်း ပျော်ရွှင် ပီတိဖြစ်ကြရလေသည်။ ပလက်တီနမ်ဟူသောအဆင့်ကို သူတို့၏ဘုရင်မင်းမြတ်သည် ဂရိတ်နိုင်ငံ၌ ပထမဦးဆုံးတက်ရောက်နိုင်သွားသော သူ အဖြစ်သတ်မှတ်ခံလိုက်ရပြီဖြစ်သည်။ "ဂရိတ်ဘုရင်မင်းမြတ် ဂလက်တီနမ်အဆင့်ကိုရောက်သွားပြီ ပဲ."