← Chapters

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

(67)ပြန်ရုတ်သိမ်းခြင်း

မိဖုရားကြီး နဲ့အိုရစ်ပါ လဲကျသွားလေသည်။ထိုသို့ဖြစ်လာ မည်ဟုသူတို့တစ်ခါမှမထင်မိပေ။အစောင့်ပြောသည့်အတိုင်း ဆိုလျှင် ခံရသည်မှာ ဘုရင်ကြီးပင်ဖြစ်သည်။ "ငါမယုံဘူးသွားကြည့်မယ်" "ဟုတ်တယ် သား မယ်တော်ကော လိုက်ပါမယ်" သားအမိနှစ်ယောက် နန်းတွင်းသမားတော်ထံသွားလိုက်ကြ သည်။သမားတော်ထံသို့ရောက်သောအခါ အစောင့် သတင်းပေးသည်အတိုင်းပင် ဘုရင်ကြီးသည် ဒဏ်ရာများဖြ င့်မေ့မြောနေလေသည်။ "အိမ်ရှေ့စံနဲ့မိဖုရားကြီးတို့ပါလား ဘုရင်ကြီးကတော့ တွေ့တဲ့ အတိုင်းပါပဲ ကျနော်နေနဲ့တေယ့အကောင်းဆုံးကြိုးစားကုသ ထားပါတယ်" သမားတော်ကြီးလည်း ဘုရင်ကြီး၏အခြေနေကို အမှန်တိုင်း ရှင်းပြလိုက်သည်။သမားတော်ပြောပုံအရဆိုလျှင် ဘုရင်ကြီး သည် တိုက်ပွဲကြီးတစ်ခုကိုဆင်နွှဲခဲ့ပုံပေါ်သည်ဟုဆိုသည်။ တိုက်ပွဲမှာလွန်စွာပြင်းထန်သောကြောင့်ဘုရင်ကြီးထိုသို့ ဖြစ်ကြောင်း ရှင်းပြသည်။သူ၏တွက်ဆချက်နဲ့ရှင်းပြနေခြင်း ဖြစ်သည်။ ဘုရင်ကြီး၏တစ်ကိုယ်လုံးမှာ ကျိုးကြေမတတ်ဖြစ်နေ ကြောင်းတွေ့ရှိရသဖြင့် သမားတော်အစွမ်းကုန်ကုသ ထားသည်။ အချိန်မှီဆေးကုလိုက်နိုင်သည်ကတစ်ကြောင်း ပလက်တီနမ် အဆင့်ရောက်နေသောကြောင့် ဘုရင်ကြီး၏ကိုယ်ခန္ဓာသည် သူများတကာထက်ပြန်လည်ကောင်းမွန်မှု မြန်ဆန်သောကြော င့်လည်း ဘုရင်ကြီးသည် အချိန်တစ်ခုအတွင်း ယခင်အတိုင်း ပြန်လည်ကောင်းမွန်လာတော့မည်ဖြစ်သည်။ အသက်အန္တရာယ်တော့မစိုးရိမ်ရကြောင်း သိလိုက်မှ သားအမိနှစ်ယောက် စိတ်ဖြေလျော့ကာ သက်ပြင်းချလိုက် သည်။သူတို့နှစ်ယောက်လည်း ဘုရင်ကြီး၏အဖြစ်ကို ကြည့် ကာ ဂျိတ်အကြောင်းကိုထပ်ဟရန် မဝံ့ရဲတော့ပေ။ ဂရိတ်နိုင်ငံ အခြေစိုက်လုပ်ကြံသူခန်းမ၏ဌာန၌......... "ခေါင်းဆောင်ကြီးရေ ခေါင်းဆောင်ကြီးသတင်းကြီးဗျ" လုပ်ကြံသူတစ်ယောက် အပြေးလွှား ပြေးလာနေသည်။ သူ၏ပုံစံသည် အလွန်ပြေးလာပုံပေါ်လေသည်။သူ၏တ ဟောဟော အသက်ရှုသွင်းပုံကို ကြည့်ချင်းအားဖြင့် အလွန့်လန့်ပြေးလာသလို အရေးကြီးသောကြောင့် ပြေးလာခြင်း ဖြစ်သည်ဟု တွေးစရာပင်မလိုပေ။ သူပြေးလာတိုင်းအထပ်ထပ်ရှိအစောင့်များက တားလိုက်ကြ သည်။ထိုအခါတွင်သူ၏တံဆိပ်ပြားကို ပြသလိုက်ရာ အစောင့် များကသူ့ကို ဝင်ခွင့်ပေးလိုက်ကြသည်။ "ဘာတွေဖြစ်လာတာလဲဟ မင်းကိုကြည့်ရတာနဲ့တင် ငါတောင် မောလာသလိုပဲ" အပြေးလွှားပြေးလာကာအော်ဟစ်သောကြောင့် ဂရိတ်နိုင်ငံ လုပ်ကြံသူအသင်းအခြေစိုက်ခေါင်းဆောင်သည် သူ၏အခန်းထဲမှထွက်လာခဲ့လေသည်။ သူသည် တခြားမဟုတ် မိုဂေါ့ဖြစ်ကာ လုပ်ကြံသူ အသင်း၏ခေါင်းဆောင်လည်းဖြစ်သည်။သူ၏စစ်သည်တော် အဆင့်သည် ရွှေအဆင့်ခြောက်ဖြစ်သည်။ "အရမ်းအရေးကြီးတယ် ခေါင်းဆောင် ဒီသတင်းသာသိရင် ခေါင်းဆောင်လဲအံသြသွားမယ်" "ဘာကိုငါက အံသြနေရမှာလဲ ပြောပါဦး " မိုဂေါ့ကို အံသြ သွားစေသည့်အကြောင်းရာကခပ်ရှားရှားပင် ဖြစ်သည်။ထို့ကြောင့်လည်း သေချာအောင်မေးမြန်းနေမှန်း ဖြစ်သည်။ အရေးကြီးသည်ဆိုသောစကားက မိုဂေါ့ကို ဆွဲဆောင်သွား သည်။ "ပြောပါမယ် ကျနော်ရလာတာက သတင်းကနှစ်ခုပါ" အနည်းငယ်အမောဖြေပြီးသည်နဲ့ သေချာလေးအကြောင်းစုံ ပြောပြလိုက်သည်။ "ဘာ....." သတင်းကြားပြီးသည်နဲ့ မိုဂေါ့လုံးဝထိတ်လန့်တုန်လှုပ်သွား လေသည်။ထိုသတင်းများကလုံးဝနယ်နယ်ရရမဟုတ်ပေ။ ပထမသတင်းသည် ဂရိတ်ဘုရင် ပလက်တီနမ်အဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။ထိုသတင်းက ဂရိတ်တိုင်းပြည် ပတ်ဝန်းကျင်ရှိတိုင်းပြည်များကိူ ဂယက်ရိုက်ခတ်နိုင်လေ သည်။ ဂရိတ်ဘုရင်ပလက်တီနမ်အဆင့်ရောက်သွားခြင်းက တိုင်းပြည်များ၏စစ်အင်အားမျှခြေကို ချိုးဖောက်ပစ်လိုက် ခြင်းလည်းဖြစ်သည်။ ဂရိတ်နိုင်ငံတွင်ပလက်တီနမ်အဆင့်ပေါ်ပေါက်လာ ကတည်းက ဂရိတ်နိုင်ငံသည် တစ်ဆစ်ချိုးပြောင်းလဲသွားပြီ ဖြစ်သည်။ "ပြောင်းလဲသွားတော့မှာပါလား" ထိုသို့သူလည်းတွေးမိသည်။ထိုအတွေးကနောက်သတင်းတစ် ခုမကြားခင်အထိ ဖြစ်သည်။နောက်တစ်သတင်းတစ်ခုက ပလက်တီနမ်အဆင့်လူကို ရွှေအဆင့်မှ ဗျင်းသွားသော သတင်းဖြစ်သည်။ ထိုသတင်းကိုဒီယေဂိုမြို့တွင်ဖြစ်ပွားကြောင်းသတင်းရရှိခဲ့ သည်။သတင်းသေချာကြောင် ထိုမြို့၌ရောက်နေကြသော လုပ်ကြံသူများက ထောက်ခံထားရာလုံးဝသေချာနေသည်။ ထိုသတင်းများကို မိုဂေါ့မယုံကြည်သော်လည်း သတင်းလာပို့ သောသူမှာ သူတို့၏100%မှန်ကန်သောသတင်းကို ဖြန့်ဝေ ပေးသော လုပ်ကြံသူသတင်းသမားဖြစ်ရာ သူလက်ခံလိုက်ရ သည်။ထိုသတင်းသမားကြောင့်သာ သူတို့အသင်းကြီးသည် များစွာတိုးတက်ခဲ့သည်ကို ငြင်းပယ်၍မရနိုင်ပေ။ သတင်းအရဆိုလျှင် ကြီးမားသောအသံကြီးသည် ဒီယေဂို မြို့၌ညနေအချိန်တွင်ထွက်ပေါ်လာခဲ့သည်။ထိုအသံပိုင်ရှင် သည် ဂျိတ်ကို ဒေါသထွက်ကာအော်နေကြောင်း သူတိူ့ကြားရုံ နဲ့သိရလေသည်။ ထို့ကြောင့် တိုက်ခိုက်မှုတစ်ခုဖြစ်တော့မည်ဖြစ်ကြောင်းသူတို့ သိသဖြင့် ဂျိတ်၏ပတ်ဝန်းကျင်အနားသို့ ပုန်းကြ ကာအခြေ နေကို စောင့်ကြည့်နေကြသည်။ သူတို့မြင်နေကြသည်ကတော့ တောက်ပသောအဝတ်စားများ ဝတ်ဆင်ထားသောလူသည် ဂျိတ်ကိုဒေါသထွက်နေကြောင်း သူတို့သိလိုက်ရသည်။ဆက်ပြီးစိတ်ဝင်စားစရာကောင်း နေသည်ကသူတို့အပြောဆိုအရ တောက်ပသောအဝတ်စား ဝတ်ဆင်ထားသောသူသည် ဂရိတ်နိုင်ငံ၏ဘုရင်ဖြစ်ကြောင်း သိရှိလိုက်ရခြင်းပင်ဖြစ်သည်။ အံအားသင့်စရာကတော့ ဘုရင်သည်ပလက်တီနမ်အဆင့်သို့ ရောက်ရှိပြီဖြစ်ကြောင်းကိုပင်။ ဘုရင်၏သားတော်အိုရစ်သည် ဂျိတ်၏သမီးကိုခိုးဖူးကြောင်း ထပ်ကြားသောအခါ ပိုလန့်သွားကြသည်။ဂျိတ်သည် မည်မျှ ထူးဆန်းသည်ကိုသူတို့သိပြီးဖြစ်သည်။သို့ရာတွင် ထိုမျှအထိ ဖြစ်မည်ဟုသူတို့ မထင်ခဲ့။ ("အိုရစ် မင်းမသေတာကံကောင်း") ဒါက ပုန်းနေသောလုပ်ကြံသူတိုင်းတွေးမိသောအတွေးပင် ဖြစ်သည်။ ခနကြာတော့ သူတို့နှစ်ယောက်တိုက်ပွဲစတင်တော့သည်။သူတို့ ထင်သည်က ပလက်တီနမ်အဆင့်သို့ရောက်ထားသော လူ တစ်ဖက်က ရွှေအဆင့်သာဖြစ်သော်ငြားလည်း ထူးခြားမှုနဲ့ပြ ည့်နှက်နေသောလူ။သူတို့ချလျှင် ဘယ်သူနိူင်မလဲ ။စိတ် လှုပ်ရှားကြသည်။ သူတို့ရှေ့၌တွေ့နေရသည်က တိုက်ပွဲတွင် ကလေးကို တစ်ချက်တည်းအမှောက်ရိုက်ပစ်သောလူကြီးကို တွေ့လိုက်ရ သလိူပင်ဖြစ်သည်။ ပလက်တီနမ်ဆိုသောသူသည် ဂျိတ်မှ လက်သီးဆုပ်ပြုရုံနဲ့ရှုံး သွားရကြောင်း တွေ့ရှိလိုက်ရလေသည်။သူတို့ထိုမြင်ကွင်းမြင် ပြီးဆက်လက်ကြည့်နိုင်စွမ်းမရှိတော့ပဲ ကြည့်နေရာမှပြေးကြ ရတော့သည်။အကြောင်းမှာ ဂျိတ်လက်သီးဆုပ်လိုက်ရာမှ ထွက်ပေါ်လာသောဖိအားကို သူတို့ မခံစားနိုင်သောကြောင့် ပြေးသွားရခြင်းဖြစ်သည်။ ထိုသို့ထူးဆန်းသောသတင်းများကို ကြားပြီးသောမိုဂေါ့ လည်း ဆုငွေထုတ်ထားသောဂျိတ်ပုံကို တစ်ချက်ကြည့်လိုက် သည်။ထို့နောက် သက်ပြင်းချကာ တစ်ခွန်းသာပြောလိုက် သည်။ "ဂျိတ်ကို ဆုကြေးထုတ်ထားတာပြန်ရုတ်သိမ်းလိုက်."

(68)တာနာရှာ စတင်သင်ယူခြင်း

ထိုသတင်းနှစ်ခုက သိုသိုသိပ်သိပ်ဖြင့်ပြန့်နှံသွားလေသည်။ပြ န့်နှံသွားရာ၌ ဂရိတ်ဘုရင်ကြီး ပလက်တီနမ်အဆင့်သို့ရောက် ရှိကြောင်းသာ ပိုမိုပြန့်သွားလေသည်။ဒါကလည်း ကောင်းသောအရာမို့ပြန့်နှံစေခြင်းဖြစ်သည်။ နောက်သတင်းတစ်ခုကတော့ ထပ်မပြန့်အောင်အချင်းချင်း ဖုံးကွယ်လိုက်ကြသည်။ထိုကြောင့်လည်း ဒုတိယသတင်းဖြစ် သော ရွှေအဆင့်လူမှပလက်တီနမ်အဆင့်ကိုဗျင်းခြင်းသည် ပျောက်ကွယ်သွားလေသည်။ "ဘာကြောင့် ဆုကြေးငွေများများထုတ်ထားတဲ့ မစ်ရှင်တာဝန် က ဘာကြောင့်ပြန်သိမ်းလိုက်ရတာလဲ" ဂျိတ်ကိုထုတ်ပြန်ထားသော တာဝန်မှပျောက်ကွယ်သွား ကြောင်း လုပ်ကြံသူများတွေ့လိုက်ရသဖြင့် မကျေနပ်ဖြစ်ကာ မြည်တွန်းနေကြသည်။ ထိုလုပ်ကြံသူများသည် ဆုကြေးများကြောင်းသတင်းများ ကြားပြီးမှ တခြားတိူင်းပြည်မှ ဂရိတ်နိင်ငံသို့ပြန်လာသော သူများဖြစ်သည်။သူတို့ရောက်လာမှ မစ်ရှင်တာဝန်ပိတ်သိမ်း သွားကြောင်း တွေ့လိုက်ရာ မကျေနပ်ဖြစ်နေကြခြင်း ဖြစ်သည်။ "ခင်ဗျားတို့က ဆုကြေးပဲမြင်တာ သူ့ကိုသွားလုပ်ကြံတဲ့လူ တိုင်းအသက်ပြန်မပါလာဘူးဆိုတာကော သိကြလား" တာဝန်ပြန်ရုတ်သိမ်းလိုက်သော တာဝန်ခံမှ ပြောလိုက်သည်။ မည်မျှကျဆုံးသွားကြောင်းကို သူအသိဆုံးဖြစ်လေသည်။ "ဒီကောင်တွေညံလို့နေမှာပေါ့ကွာ ငါတို့ဆိုသတ်နိုင်တာပေါ့" လုပ်ကြံသူများ ပြန်လည်ချေပကြသည်။သူတို့နေဖြင့် ဆုကြေးများများကိုသာ မြင်နေသည်။ "အဲ့ ကျုပ်ပြောဖို့မေ့တာ အဲ့ဂျိတ်ကိုသတ်တဲ့ထဲမှာ ရွှေအဆင့် တစ် တစ်ယောက်တောင်ပါသေးတယ် ပြီးတော့ သူလဲ မ ပြန်လမ်းမြန်းသွားရရှာရတာဗျ" "ဘာ ရွှေအဆင့်တစ်ဟုတ်လား" ဒီတစ်ခါတော့ပြန်လည်ချေပခြင်းမရှိတော့သည်။သူတို့ အားလုံးသည်ငွေအဆင့်၌သာရှိကြသည်ဖြစ်ရာ သွားလုပ်ကြံ ပါက သူတို့သာသေမည်ဖြစ်ကြောင်းကို သူတို့ယုံကြည်လိုက် သည်။ ဂျိတ်ကိုလုပ်ကြံမည် လုပ်ကြံသူများမရှိတော့ကြောင့် ခွေးမိုက် ကယ်လည်း ညအခါ၌အေးအေးဆေးဆေးအိပ်စက်ရပြီ ဖြစ်သည်။ဂရိတ်နိုင်ငံဘုရင်ကို ဗျင်းလိုက်ခြင်းက ဂျိတ်အား ဘေးရန်များကင်းရှင်းစေခဲ့သည်။ တာနာရှာ ဆုံးဖြတ်ချက်ချလိုက်သည်။ "ဟုတ်ပြီ ငါရွေးပြီးသွားပြီ" သူမ၏မျက်လုံးများက ပြတ်သားသည့်အမူရာပေါက် နေသည်။ဟုတ်ပေသည်။နှစ်ပတ်လောက် သူမလေ့လာပြီး သောအခါ သူမလေ့လာလိုသည့် ဘာသာကို သူမသေချာသိ လိုက်ပြီဖြစ်သည်။ "အရှင်ဂျိတ် ရှိလား" သူမ တံခါးခေါက်မေးလိုက်သည်။ "ဝင်လာခဲ့ပါ" ဂျိတ်၏အသံပြန်ကြားသောကြောင့် တာနာရှာလည်း ဝင်လာ လိုက်လေသည်။အထဲဝင် သောအခါ သမီးဖြစ်သူကို စာဖတ် ပြနေသော ဂျိတ်ကိုတွေ့ရသည်။ ယခုချိန်ရှိ ဂျိတ်သည် လုံးဝတည်ကြည်ခန့်ညားနေသည်။ သာမန်အချိန်စကားပြောသည့်သူပုံစံနဲ့ ယခုလက်ရှိ ပုံစံကလုံး ဝကွဲပြားသည်။ကျန်သောအချိန်၌ သူ၏ပုံစံသည် ဘယ်သူကို မှ ဂရုစိုက်သည့်ပုံမရှိသည်ပုံစံ ဖြစ်ကာ သမီးနဲ့တွေ့ချိန်ဆိုရင် တော့ သူ၏ပုံစံက သမီးလေးအတွက်ဘာလိုလိုပေးဆပ်မည့် ပုံဖြစ်သည်။ "ကဲ ပြီးပြီ သမီး " "ရဘူး ဖီဖီနောက်တစ်ခု ဖိ(ဖိတ်)ပြပါဦး" "တော်တော့လေ ညကျမှဖတ်ပြမယ်နော် အခုတော့ မမကို အ ဖေဦးစားပေးရဦးမယ်" ဂျိတ်ပြောသောကြောင့် အယ်မလီလေးလည်း ခေါင်းညိတ် ကာ လက်ခံလိုက်လေသည်။စာဖတ်ပြီးသွားပြီဖြစ်သောကြော င့် ယုန်လေးများနဲ့ဆော့ကစားရန် အယ်မလီကြံရွယ်လိုက် သည်။ အယ်မလီသည်သွား မဆော့ခင်၌ ရောက်လာသော တာနာရှာ ကို သူ၏လက်နှစ်ချောင်းဖြင့် သူ၏မျက်လုံးကိုညွှန်ပြပြီး တာ နာရှာကို ပြန်ညွှန်ပြနေသည်။ထို့နောက် လည်ပင်းကိုလှီး ဟန်ပြသည်။ ("ချုန်းမကြီး(စုန်းမကြီး)ဖေ့ဖေ့ကို မြူဆွယ်ရဲမြဆွယ်ကြည့် စောင့်ကြည့်နေတယ်တွေ့သလို့ကတေယ့ သေဖို့ပြင်ထား") ဟူသောအချိုးပင်ဖြစ်သည်။ထိုအပြုမှုကြောင့် တာနာရှာပင် အယ်မလီလေးကို အံသြနေသည်။ယခင်အကြိမ်၌ စကားဖြင့် ဆဲဆိုမိသောကြောင့် အယ်မလီသည် ဂျိတ်ဆုံးမခြင်းကို ခံခဲ့ရ သည်။ ထို့ကြောင့်ယခုအကြိမ်၌ သူမသည် လက်အမူရာများဖြင့် လုပ် ပြသွားခြင်းဖြစ်သည်။ထိုအမူရာကိုတော့ ဂျိတ်ခေါင်းယမ်း လိုက်သည်။သူ၏သမီးလေးသည် မိခင်မှလွှဲလျှင် ကျန်သော မိန်းကလေးများကို သူ့အနားမကပ်စေချင်ပုံရှိသည်။ထိုသို့ ချစ်တတ်သော သမီးလေးကြောင့်လည်း ဂျိတ်ပျော်ရွှင်နေရ သည်ဖြစ်သည်။ "ကဲ မင်းရွေးချယ်ပြီးသွားပြီလား" "ဟုတ်" တာနာရှာခေါင်းညိမ်ပြလိုက်သည်။ "ကောင်းပြီ မင်းဘာရွေးချယ်လိုက်တာလဲ" "ဒီဟာပါ " တာနာရှာပြသသောအရာကို ဂျိတ်ကြည့်လိုက်သည်။ လက်နက်ပြုလုပ်ခြင်းအတတ်ပညာဖြစ်ကြောင်းတွေ့ရလေ သည်။ "ဒီဟာ သင်မယ်ဆိုတာသေချာလား" ဂျိတ်ထပ်မံမေးမြန်းသည်။ဂျိတ်မေးမြန်းမှုကို တာနာရှာ ချက်ချင်းပြန်လည်ဖြေဆိုသည်။ "တကယ် ကျမအဲ့တာကိုရွေးမှာ" "ကောင်းပြီ ဝိုက်တီရေ လာပါဦး" ဝိုက်တီလည်း ဂျိတ်အနားသို့ရောက်လာတော့သည်။ဝိုက်တီ ရောက်သည်နဲ့ ဂျိတ်လည်း ဝိုက်တီကိုညွှန်ပြလိုက်သည်။ "သူကမင်းဆရာပဲ သူကမင်းလက်နက်ပညာကို သင်ပေးလိမ့် မယ်" တာနာရှာ အံသြ သွားသည်။ဝှိုက်တီသည် ချက်ပြုတ်ရာ၌သာ မက ထိုသို့သောလက်နက်၌ကျွမ်းကျင်ကြောင်း သူမ မသိခဲ့ ပေ။ "မင်းသာ ပညာတတ်ချင်ရင် သူ့ကိူဆရာခေါ်လိုက် ဒါဆိုရပြီ" "ဆရာ ကျမကိုလက်နက်ပညာ သင်ပေးပါ" တာနာရှာ ဝိုက်တီကို ဆရာခေါ်ကာ ဆရာတင်လိုက်ပြီ ဖြစ်သည်။ဂျိတ်လည်း ခေါင်းညိမ်လိုက်သည်။ "မင်းဒီနေ့ကစပြီးသင်ယူလို့ရပြီ ဝိုက်တီသူ့ကို အိမ်နောက်ကို ခေါ်ပြီးပညာသင်ပေးလိုက်တော့" ထိုအချိန်မှစ၍ တာနာရှာသည် လက်နက်လုပ်ဆောင်ခြင်း အတတ်ပညာကို စတင်သင်ယူရပြီဖြစ်သည်။

(69)နောက်ကွယ်ကအဖွဲ့

နောက်နေ့မှစ၍ ဂျိတ်ခြံနောက်၌အိမ်မဲမဲလေးတစ်လုံးပေါ်လာ လေသည်။ထိုအိမ်မဲလေးသည် တာနာရှာလက်နက်လုပ်မှု အတတ်ပညာကို သင်ကြားပေးမည့်နေရာလေးဖြစ်သည်။ ထိုလက်နက်သင်ကြားခြင်းကို ဝိုက်တီအစားသောက်ချက်ချိန် မှလွှဲ၍ ကျန်သောအချိန်များ၌သင်ကြားပေးသည်။ သင်ချိန် မှာအကန့်သတ်မရှိပေ။တာနာရှာ နားလိုမှသာ ရပ်တန့်သည်။ တာနာရှာလည်း လက်နက်ပညာကိုကြိုးစားသင်ယူလေသည်။ လက်နက်ပညာသင်ယူရာ၌ တာနာရှာ အရင်ဆုံးသင်ကြားရ သည်ကတော့ ပါဝင်ပစ္စည်းများကို လေ့လာရခြင်းဖြစ်သည်။ ပါဝင်ပစ္စည်းများကို သိပ္ပံနည်းအခေါ်ဖြင့်လည်းမှတ်သားရ သည်။ဥပမာ ပိုတက်ဆီယမ်နိုက်တြိတ်(ယမ်းစိမ်း)မျိုး ဖြစ်သည်။တာနာရှာလည်း မမေ့အောင် တစ်ခါတည်းကျက် မှတ်ထားသည်။ "ဒီဟာက ယမ်းစိမ်း ဒီဟာကနိုက်ထရိုလီဆာဂရင်း ဒါကတော့ စတေဘယ်လိုက်ဇာ" ပါဝင်ပစ္စည်းများသည် တကူးတကရှာနေရန် မလိုပေ။ဂျိတ်မှ လိုအပ်သောပစ္စည်းများကို စနစ်မှထုတ်ကာပေးအပ် ထားသည်။ထို့ကြောင့် တာနာရှာသည် ဝိုက်တီသင်ပေးသော သင်ခန်းစာများကို သေချာလေ့လာသည်။ ထို့နောက် လက်တွေ့လုပ်သည်။သိသာသိပြီး လုပ်တွေ့မ လုပ်ဆောင်နိုင်ပါက သင်သမျှအလကားသာဖြစ်သည်။ တာနာရှာကကြိုးစားပြီးသင်ယူနေချိန် ဂရိတ်နန်းတော်တွင် တော့...... "ဘုရင်ကြီးနိုးထလာပြီ" သမားတော်အော်သံကြောင့် နန်းတွင်းတစ်ခုလုံးလှုပ်လှုပ်ရှား ရှားဖြစ်သွားလေသည်။မိဖုရားကြီးနဲ့ အိမ်ရှေ့စံအိုရစ်လည်း ထိုသတင်းကို ကြားသည်နဲ့ ရောက်ရာနေရာမှ ပြေးလွှားကာ ရောက်လာကြလေသည်။ သူတို့ဘုရင်ကြီးကိုတွေ့တော့ သတင်းအတိုင်းမှန်ကန်ကြောင်း တွေ့ရလေသည်။ဘုရင်ကြီးသည် ခေါင်းအုံးကိုမှီကာ ဆေး သောက်နေသည်။ထိုပုံစံအရ ပြန်လည်ကောင်းမွန်လာ ကြောင်း သိနိုင်သည်။ဘုရင်ကြီးဆေးသောက်ပြီးသည်နဲ့ သူ၏ဆေးခွက််ကိုချထားလိုက်သည်။ထိုအခိုက်၌ အိမ်ရှေ့စံ အိုရစ်ကိုမြင်လေသည်။ "လာစမ်းပါဦး သားတော်" ဘုရင်ကြီးလှမ်းခေါ်လိုက်သည်။ဘုရင်ကြီးလှမ်းခေါ်သည် ဖြစ်၍ အိုရစ်လည်း ဘုရင်ကြီးအနားသို့အရောက်သွားလိုက် သည်။ "ဘာများပြောချင်လို့ပါလဲဖခမည်း......" "ဖြောင်း" အိမ်ရှေ့စံစကားမဆုံးသေး ကျယ်လောင်သောအသံနဲ့အတူ အိမ်ရှေ့စံလွှင့်စင်သွားသည်။ဘုရင်ကြီးသည် သူ့အနား ရောက်လာသော အိမ်ရှေ့စံကို ရိုက်ချလိုက်သောကြောင့် ဖြစ်သည်။ "ဝုန်း" ရိုက်ချက်ပြင်းထန်လှသောကြောင့် အိမ်ရှေ့စံမှာ အခန်းထော င့်နံရံနဲ့ တိုက်မိသည်အထိဖြစ်ရသည်။ "အဟွတ်..အဟွတ်" အိမ်ရှေ့စံအိုရစ် ပြန်လည်ထလာလေသည်။ သူ၏ကိုယ်၌လည်း သွေးအလိမ်းလိမ်းဖြင့် ပေကျံနေသည်။ ရထားသော ဒဏ်ရာသည် ပြင်းထန်သော်ငြားလည်း ကုသ၍ရ နိုင်သေးသည်။ "မောင်တော် ဘာလို့သားတော်ကိုရိုက်ရတာလဲ" မိဖုရားကြီး သည် ဘုရင်ကြီးထိိုသို့ လုပ်လိုက်သောကြောင့် အံ သြနေသည်။ "မင်းဝင်မပါနဲ့ အဲ့ကောင်က ဘယ်သူကိုစော်ကားမိလဲဆိုတာ သူမသိဘူးကွ" ဘုရင်ကြီးဒေါသထွက်စွာ အော်ဟစ်လိုက်တော့ မိဖုရားကြီး လည်း ကျောက်ရုပ်ပမာရပ်တန့်နေသည်။ထိုသို့ ဒေါသထွက် နေသော ဘုရင်ကြီးပုံစံကိုသူမ မမြင်ခဲ့ဖူးသောကြောင့်ပင်။ "မင်းတို့မသိရင်ငါပြောပြမယ် မင်းတို့ပြောလိုက်တဲ့ဂျိတ်ဆိုတဲ့ အကောင်က အမှန်ကမကောင်းဆိုးဝါးအကြီးစားကြီးပဲ မြင်ရ တဲ့သူအဆင့်ဆိုတာကလဲ ဟန်ပြပဲနေမှာ သူအစွမ်းက ပလက်တီနမ် အဆင့်ထက်ကျော်ရင်ကျော် နိုင်တယ် ဒီတစ်ခေါက်သူငါ့ကို မသတ်သွားတာကိုပဲကျေးဇူးတင်ရမှာ" ထိုစကားကြောင့် အိုရစ်မိမိဒဏ်ရာ ရနေသည်ကိုပင် မေ့လျော့ သွားသည်။မိမိခမည်းတော်မှပင် ပြောသည်ဆိုလျှင်တော့ ဂျိ တ်ကို သူအထင်သေးမိသွားကြောင်းသိရလေသည်။ "နေပါဦး သူကဆက်ပြောသေးတယ် မင်းကသူ့သမီးကို ဘာ လို့သွားခိုးတာတုန်း ဟိုကမင်းကို ဒေါသထွက်နေတာနော်" စကားကြောင့် အိုရစ် ရပ်နိုင်စွမ်းပင်ပျောက်ကာ ခြေခွေယိုင် ကာ လဲကျသွားသည်။ "သားတော်ကို ခွင့်...ခွင့်လွတ်ပါ ခမည်းတော်" "အကျိုးကြောင်းမရှင်းပြရင် မင်းဒီထက်နာတဲ့ဒဏ်ကိုခံစားရ မယ်" အိုရစ် အံကြိတ်ပြီး ပြောလိုက်သည်။ "သူ့သမီးကို ကျနော်ခိုးချင်လို့ ခိုးရတာမဟုတ်ပါဘူး အမိန့်ရ လို့ခိုးရတာပါ" "မင်းကို ဘယ်သူကအမိန့်ပေးရဲသေးတာလဲ" ဘုရင်ကြီးဒေါသထွက်လာပြန်သည်။ဂရိတ်အိမ်ရှေ့စံကိုခိုင်းရဲ သေးသောသူရှိနေသေးသည်လား။ "ကျနော်ကို ခိုင်းသူက ဘလက်အဖွဲ့ကပါ" ခွမ်း...... ဘုရင်ကြီးသောက်နေသောခွက်ပြုတ်ကျကာ ကွဲသွားသည်။ "မင်းဘာပြောလိူက်တယ်" "ကျနော်ကိုခိုင်းတာက ဘလက်အဖွဲ့က တွိုင်းဆိုတဲ့တစ် ယောက်ပါ သူက ပလက်တီနမ် အဆင့်ရှစ်ဆိုပါတယ်" ဘလက်ဆိုသောအသံကြားသည်နဲ့ ဘုရင်ကြီး ငြိမ်သက်သွား သည်။ "မောင်တော် ဘလက်အဖွဲ့ကဘာကြီးမို့ ကျမတို့သားကိုခိုင်း စေရဲတာလဲ" "မင်းမသိမှတော့ငါရှင်းပြရတာပေါ့" ရှေးဦးစွာနိုင်ငံများကို အဆင့်များဖြင့်ခွဲခြားသတ်မှတ် ထားသည်။အဆင့်အလိုက် နိုင်ငံများ၏အင်အားသည် ကွဲပြား ခြားနားသည်။ ဂရိတ်နိုင်ငံသည် အဆင့်လေးအဆင့်ရှိသောနိင်ငံဖြစ်သည်။ ဘလက်အဖွဲ့သည်အဆင့်ခုနှစ်နိုင်ငံမှလာသောအဖွဲ့ဖြစ်သည်။ သူတို့အဖွဲ့၏အာဏာသည် ကြီးမားလှသည်။သူတို့အဖွဲ့သည် သေးငယ်သောနိင်ငံများအား တာဝန်ပေးတတ်သည်။တာဝန် ပေးသည့်အတိုင်းလုပ်ဆောင်သော နိုင်ငံများကို ဆုချီးမြင့် သလို ငြင်းပယ်သည့်နိုင်ငံများကိုလည်း ချီးမြင့်လေ့ရှိသည်။ သူတို့၏နောက်၌ အဆင့်ရှစ်နိုင်ငံရှိကြောင်းလည်း တီးတိုး ပြောဆိုကြသည်။ဒါကတော့ ဘယ်သူမှမသိကြပေ။ မည်သို့ချီးမြင့်သည်ဟုဆိုလျှင် ငြင်းပယ်လိုက်သောနိုင်ငံသည် နောက်တစ်လဆိုလျှင် သမိုင်းထဲ၌သာနာမည်ကျန်တော့မည် ဖြစ်သည်။နာမည်ဆိုးနဲ့ သူတို့လိုချင်တာကိုစေခိုင်းသော အဖွဲ့ ကြီးလည်းဖြစ်သည်။ထို့ကြောင့်ဘုရင်ကြီး လန့်သွားရခြင်း ဖြစ်သည်။ ယခုလည်း ထိုအဖွဲ့ကြီးက ဂရိတ်နိုင်ငံကိုတာဝန်ပေးကြောင်း ဘုရင်ကြီးသိလိုက်သည်။ "သူတို့က မင်းကိုဘာတာဝန်ပေးလိုက်လဲ" "သူတို့ပေးလိုက်တာက ဂျိတ်ရဲ့ကလေးကိုခိုးပြီးလာပေးဖို့ပဲ ပြောလိုက်တာပါ အဲ့အချိန်က ခမည်းတော်လဲ ကျင့်ကြံနေ တော့ မပြောတော့ပဲ ကျနော်ဘာသာလုပ်ဆောင်လိုက်တာပါ ပြီးတော့ သူက အောင်မြင်ရင် ရွှေအဆင့် သိုင်းကျမ်းတစ်ခုနဲ့ ပလက်တီနမ်အဆင့်ကိုရောက်အောင်တိုးမြင့်ပေးတဲ့ဆေးပေး မယ်ဆိုလို့ပါ" အိုရစ်နေနဲ့လည်း လွယ်ကူသည်ဟုသတင်းရထားသောကြော င့်သာလုပ်ဆောင်ခြင်းဖြစ်သည်။သူ့ကိုကံဆိုးစေသည်က သူမ ခိုးမည့်ကာလ၌ဂျိတ် ကိုယ်ထဲသို့ ဂျက်ရောက်ရှ်လာခြင်းပင် ဖြစ်သည်။ထို့ကြောင့်လည်း အိုရစ်တစ်ယောက် ကံဆိုး မိုးမှောင်ကျသွားရခြင်းလည်းဖြစ်သည်။ ဘုရင်ကြီး သူ့သားအပေါ်ထားသောဒေါသကိုဖြေချလိူက် သည်။ဒီလိုဖြစ်ခဲ့သည်ဆိုရင်တော့ အခြေနေကပြောင်းလဲ သွားပြီဖြစ်သည်။သူ့သားသည် လုပ်ချင်လို့လုပ်သည်မဟုတ်ပဲ နိုင်ငံအတွက်ကော သူ့အတွက်ပါ လုပ်ခဲ့ကြောင်း ဘုရင်ကြီးသိ ရလိုက်သည်။ "သူတို့က ဘယ်ချိန်ပြန်လာမယ်ပြောလဲ" "နောက်တစ်လနေရင်ပြန်လာမယ်တဲ့" ဘလက်အဖွဲ့သည် တာဝန်အချိန်ကာလသတ်မှတ်ပေးပြီးသည် နဲ့ပြန်သွားတတ်သည်။ပေးထားသောအချိန်ပြည့်မှသာ ထိုနေ ရာသိုပြန်လည်ရောက်ရှိလာတတ်လေသည်။ထို့ကြောင့် ဘယ် အချိန်ပြန်လာမည်ကိုသိလိုသောကြောင့် ဘုရင်ကြီး မေးမြန်း ရခြင်းဖြစ်သည်။ ဘုရင်ကြီး သေချာပြန်တွေးသည်။ထို့နောက် "ကောင်းပြီ သူတို့လာရင် ခမည်းတော်လဲ ရှင်းပြပေးပါမယ်"

All Chapters