← Chapters

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

(70)တာနာရှာ၏ပထမဆုံးစမ်းသပ်ခြင်း

နန်းတွင်း၌အမိန့်တစ်ခုချမှတ်လိုက်လေသည်။ဒီယေဂိုမြို့တွင် နေထိုင်သော ဂျိတ်ကို မည်သူမျှသွားရောက် ရန်စခြင်း စော်ကားခြင်းမပြုရန်ဖြစ်လေသည်။ ထိုအမိန့်ကို ဆန့်ကျင်ဖောက်ဖျက်ပါက ကြီးသောအပြစ်ဒဏ် ပေးမည်ဟုဘုရင်ကြီးမှဆိုထားသည်။ထို့ကြောင့် ဂျိတ်သည် ထူးခြားသောသူတစ်ယောက်ဖြစ်ကာ ဘုရင်ကြီးပင်လေးစား ရသောသူဖြစ်ကြောင်းထင်ကုန်ကြသည်။ တပ်မှုးတစ်ယောက်ဖြစ်သော အယ်ဖာကတော့ ထိူ သတင်းကြားသည်နဲ့ ဂျိတ်ကို လေးစားမှုပိုမိုများ ပြားလာခဲ့ သည်။ ဂျိတ်ထံရောက်ပြီးနောက်၌ သူ၏တိုက်ခိုက်နိုင်စွမ်းသည် ယခင်ကထက်များစွာ သန်မာလာကာ အစွမ်းထက်လာပြီ ဖြစ်သည်။အထူးသဖြင့် ဓားအသုံးပြုရာတွင် တပ်ထဲ၌ သူ့ကို ယှဥ်နိုင်သောသူမရှိတော့ပေ။ ထိုမျှအထိ အယ်ဖာသည် အစွမ်းထက်လာခဲ့ပြီဖြစ်သည်။ နောက်ထပ်တစ်ကြိမ် ဂျိတ်ထံသို့သွားရန်လည်း သူပြင်ဆင် ထားသည်။သွားရာ၌ လက်ဆောင်များယူဆောင်သွားရန် လည်း ဆုံးဖြတ်ထားသည်။ ထို့အပြင် ဂျိတ်၏သတင်းသည် နန်းတွင်းအထိပါ ပြန့်နှံလာခဲ့ သည်ဖြစ်သောကြောင့် ဂျိတ်ကိုလေးစားမိသည်။သူ၌ နောက် ထက်မိမိသိရန်ခက်ခဲသောလျှို့ဝှက်သောအကြောင်းများရှိနေ ဦးမည်ဟု အယ်ဖာ ထင်မိသည်။ "ရပြီကွ" ဂျိတ်ခြံထဲရှိ အိမ်မဲလေးထဲမှာ အသံထွက်ပေါ်လာလေသည်။ အိမ်မဲထဲ၌ တာနာရှာသည် ပျော်ရွှင်နေသောအမူရာဖြင့် စိတ် လှုပ်ရှားနေသည်။ယနေ့တွင် သူမသည် သူမ၏ပထမဆုံး သော အရာကို တီထွင်နိုင်ခဲ့ဖြစ်သောကြောင့်ဖြစ်သည်။ သူမ၏ပထမဆုံးသောတီထွင်မှုသည် ဒိုင်းနမိုက် ဖြစ်သည်။ သူမ၏ဒိုင်းနမိုက်သည် ယမ်းကြိုးပါရှိသော ယမ်းဘီလူးခေါ် ဒိုင်းနမိုက် ဖြစ်လေသည်။ သူမ ထွင်ထားသော ယမ်းဘီးလူးခေါ်ဒိုင်းနမိုက်စုစုပေါင်း သုံးဆယ်မျှရှိလေသည်။ ထိုယမ်းဘီလူးသုံးဆယ်သည် အခြေ ခံအကျဆုံးသော အမျိုး စားများဖြစ်လေသည်။ ယမ်းကြိုးနဲ့ တခြားသော ပါဝင်ပစ္စည်း အနည်းငယ်သာ ပါဝင်လေသည်။ "ဆရာ ကျမ ထွင်ပြီးသွားပြီ " "ဒါဆို စမ်းသပ်ဖို့ ဖောက်ခွဲခြင်းနေရာကို သွားကြမယ်" ဝိုက်တီက ပြောပြောဆိုဆိုဖြင့် ဖန်သလင်းလုံးလေးကို ထုတ် လိုက်သည်။ဖန်သလင်းလုံးသည် ရှေ့ဖြစ်ဟောသော သလင်း လုံး၏အရွယ်စားနဲ့ ဆင်တူလေသည်။ဖန်သလင်းလုံးသည် တောက်ပနေကာ အရောင်မျိုးစုံတောက်ပနေသည်။ "ဒါ ဘာကြီး လဲ" တာနာရှာ မေးမြန်းလိုက်သည်။ "ဒါကို အကျဥ်းချုံပြောရမယ်ဆိုရင် ဒီဖန်သလင်းလုံးလေးက နောက်ကမ္ဘာတစ်ခုကို သယ်ဆောင်ထားတာပဲ" "ဘာ" တာနာရှာ ထိတ်လန့်ရပြန်သည်။ထိုဖန်သလင်းလုံးလေးထဲ တွင် ကမ္ဘာတစ်ခုရှိနေမည် မထင်မိခဲ့ပေ။ သိုလှောင်ပစ္စည်းကဲ့သို့သော အရာဟု လည်းပြော၍ရနိုင်လေ သည်။ ("အင်း ငါဒီမှာ ဆက်နေမယ်ဆိုရင် အရင်ဆုံးလေ့ကျင့်ရမှာက အံသြတာခနခနမဖြစ်အောင် ထိန်းချုပ်ရတာပဲ") "ကဲကဲ ထားလိုက်တော့ ဒီဖန်သလင်းလုံးကို မင်းလက်နဲ့ကိုင် ပြီး စိတ်လျော့လိုက်ပါ" ဝိုက်တီပြောလိုက်သည်။ တာနာရှာလည်း ဖန်သလင်းလုံးကို ကိုင်ကာ စိတ်လျော့လိုက် သည်။ထိုအခါ၌ ဖန်သလင်းလုံးသည် တာနာရှာကို ဖန် သလင်းလုံးထဲသို့ ဆွဲယူလိုက်သည်။ "ဘုတ်" တာနာရှာ မြေပေါ်သို့ကျရောက်လာသလို ခံစားရသည်။ သူမ ကြည့်လိုက်တော့ နောက်ထပ်ကမ္ဘာတစ်ခုသို့ရောက်နေသလို ခံစားနေရသည်။ ယခုသူမရောက်နေသော နေရာသည် ကြီးမားကျယ်ပြန့်သော ကွင်းပြင်သို့ရောက်ရှိနေသည်။ "ကဲ မင်းလဲရောက်ပြီဆိုမှတော့ မင်းထွင်ထားတဲ့ ပစ္စည်းကို စမ်းသပ်ကြည့်တာပေါ့ကွာ" တာနရှာ သူမထွင်ထားသော ယမ်းဘီလူး အခုသုံးဆယ် ကို စတင်စမ်းသပ်ရန် လုပ်ဆောင်လိုက်သည်။ "ပထမအကြိမ် ပဲ" တာနာရှာ ပထမဆုံးသော ယမ်းဘီလူးမှ ယမ်းကြိုးကို မီးရှို့ လိုက်သည်။မီးရှို့ ပြီးသည်နဲ့ မီးလောင်ယမ်းကြိုးပါရှိသည့် ယမ်းဘီလူးကို အဝေးသို့ပစ်လွင့်လိုက်သည်။ "ဝုန်း" ကြီးမားသော အသံကြီးက ထွက်ပေါ်လာသည်။ကျယ်ပြန့် သော မြေပြင်ကြီးသည် ယမ်းဘီလူးအစွမ်းကြောင့် ပေါက်ကွဲ သွားလေသည်။ "ပထမယမ်းဘီလူး ပေါက်ကွဲမှု အောင်မြင်သည်" ဝိုက်တီသည် ပထမယမ်းဘီလူးအောင်မြင်ကြောင်း သတ်မှတ် ပေးလိုက်သည်။တာနာရှာလည်း ဒုတိယမောက်သော ယမ်းဘီလူးကို ပြန်လည်စတင်လိုက်သည်။ "ဝုန်း" တတိယ စတုတ္တ စသည်ဖြင့် တာနာရှာထွင်ထားသော ယမ်းဘီလူးအခုသုံးဆယ်သည် စမ်းသပ်အသုံးပြုပြီးသွားပြီ ဖြစ်သည်။ "လက်တွေ့စမ်းသပ်ချက် အခုသုံးဆယ် နှစ်ဆယ့်ရှစ်ခု အောင်မြင်ကာ နှစ်ခုကျရှုံးသည်" ဝိုက်တီထုတ်ပြန်လိုက်သည်။ထိုထုတ်ပြန်မှုကြောင့် တာနာရှာ အနည်းငယ်မကျေနပ်ဖြစ်သွားသည်။ နှစ်ခုကျရှုံးသွားရခြင်းမှာ ယမ်းကြိုးသည် အတွင်းရှိ ယမ်းမှုန့် များနဲ့ထိစပ်နေခြင်းမရှိသောကြောင့် မပေါက်ကွဲသွားရခြင်း ဖြစ်သည်။တာနာရှာသည် အခုသုံးဆယ်လုံးစမ်းသပ်ခြင်း အောင်မြင်ချင်သည်။ထို့ကြောင့် နှစ်ခုကျရှုံးခြင်းကို မကျေနပ် ဖြစ်နေရခြင်းဖြစ်သည်။ "ဆရာ ဒီနေရာက ဘာမှမဖြစ်ပါဘူးနော်" သူမ၏ ပေါက်ကွဲမှုစမ်းသပ်မှုကြောင့် ပျက်စီးသွားမည်ကို စိုးရိမ်နေသည်။ "ပူစရာမလိုဘူး ဒီဖန်သလင်းလုံးက ဒီလိုပျက်စီးသွားတာတွေ ကို အလိုလျောက်ပြန်လည်ပြင်ဆင်နိုင်စွမ်းရှိတယ်" ထိုအခါမှ တာနာရှာ စိတ်သက်သာရာ ရသွားသည်။ သူမ၏ရှေ့တွင်လည်း ပျက်စီးသွားသော မြေနေရာများသည် တဖြေးဖြေးပြန်လည်ကောင်းမွန်စပြုနေပြီဖြစ်သည်။ "ကဲ အခုထွက်ကြစို့ ဒီကနေထွက်ပြီးရင်နောက် တစ်ဆင့် ထပ် သင်ပေးမယ်" ဝိုက်တီမှပြောလိုက်သည်။ အသစ်ထပ်သင်ရမည်ဖြစ်သောကြောင့် တာနာရှာထပ်မံစိတ် လှုပ်ရှားသွားရလေသည်။

(71)တာနာရှာ ပညာထပ်ရခြင်း

"ဖီဖီရေ" ဂျိတ်အိပ်နေရင်း သူ့အားခေါ်သောအသံကြောင့် နိုးထလာလေ သည်။သူ့ကိုခေါ်သူကို ကြည့်တော့သမီးလေး အယ်မလီ ဖြစ်ကြောင်းတွေ့ရလေသည်။ "သမီးလေး ဘာလို့စောစောထရတာလဲ" သမီးဖြစ်သူသည် အအိပ်ကြီးသူဖြစ်သော်လည်း ယနေ့ကျမှ စောစောထနေရာမေးလိုက်သည်။ "မြန်မြန်ထ မနက်ကိုးနာရီကျရင် မေမေလာတွေ့မယ်တဲ့" မေမေဟူသော အသံကြားသည်နဲ့ ဂျိတ်ခေတ္တ တောင့်တင်း သွားသည်။ဒီကိုယ်ခန္ဓာထဲသို့ရောက်ပြီးကတည်းက သူသည် အယ်မလီမိခင်ဖြစ်တလဲ သူ၏မိန်းမဖြစ်သူကို လုံးဝစဥ်း စား၍မရခဲ့ပေ။ယခုတွေ့ရမည် ဆိုသော်ကြောင့် စိတ်လှုပ်ရှား နေသည်။ "ဒါနဲ့ သမီးက ဘယ်လိုသိတာလဲ" "ဒီမှာလေ ဖေဖေ သမီးကိုမေမေလာတွေ့မယ်ဆိုရင် ဒီကနေ အသံနဲ့သတင်းပေးတယ်လေ" အယ်မလီက သူ၏လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးလေး ကို ပြသည်။ထိုအခါမှ ဂျိတ်ဆွဲကြိုးကိုစစ်ဆေးလိုက်သည်။ ဆွဲကြိုး....ပလက်တီနမ်အဆင့်ဆွဲကြိုး ထိုဆွဲကြိုးသည် နှစ်ခုတစ်စုံအမျိုးစား ဖြစ်သည်။ လုပ်ဆောင်ချက် ထိုဆွဲကြိုးနှစ်ခုသည် တစ်ခုမှတစ်ခုသို့ အသံ ဖြင့်သတင်းပေးပို့နိုင်သည်။စွမ်းအင်ကုန်ကျမှုနည်းပါးသော ကြောင့် နှစ်နှစ်ဆယ်အထိ အသုံးပြုနိုင်သည်။ အကွာအဝေးကန့်သတ်ချက် မိုင်နှစ်ဆယ်အထိဆက်သွယ် နိုင်သည်။ထိုထက်ဝေးကွာသွားပါက မသုံးနိုင်ပါ။ ဂျိတ်လည်း ထိုအခါမှ အယ်မလီပြောခြင်းသည် အမှန်ကန် ဖြစ်ကြောင်း လက်ခံလိုက်သည်။ထိုဆွဲကြိုး၏ကန့်သတ်ချက် အရ အယ်မလီမိခင်သူမိုင်နှစ်ဆယ်အတွင်းရောက်ရှိနေ ကြောင်းပါ သိရှိလိုက်ပြီးဖြစ်သည်။ "ဒါဆိုလည်း သွားတွေ့ကြရအောင် ဖေဖေတို့ပြင်ဆင်လိုက်ကြ တာပေါ့" အယ်မလီကို ခေါ်ပြီး ခြေလက်မျက်နှာသန့်စင်ကာ ရေမိုးချိုး ခိုင်းလိုက်သည်။သူကိုယ်တိုင်လည်း ရေချိုးသန့်စင်လိုက် သည်။ဂျိတ်အနေဖြင့် ရေချိုးသန့်စင်စရာမလိုပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ကိုယ်ခန္ဓာအတွင်း မ ကောင်းသောအညစ်အကြေးများမရှိတော့သောကြောင့် ဖြစ်၏။သို့သော်လည်း စိတ်နေထိုင်ရသက်သာအောင် ရေချိုး သန့်စင်လိုက်ခြင်းဖြစ်သည်။ အယ်မလီကိုရေချိုးသန့်စင်ပြီးသည်နဲ့ အယ်မလီကြိုက်သော အဝတ်စားဆင်ပေးလိုက်သည်။အယ်မလီလေး ကြိုက်နှစ်သက်သောအဝတ်စားတွင် ယုန်ရုပ်များ နတ်သမီးပုံ များပါရှိလေသည်။21ရာစုတွင်ဝတ်ဆင်ကျသောအဝတ်စား များနဲ့ တူသည်။ "မနက်စာစားကြမယ်" ဝိုက်တီ၏အော်သံကြောင့် လူစုံတက်စုံ ထမင်းစားပွဲဝိုင်းသို့ ရောက်လာလေသည်။လူစုံလင်စွာရောက်ရှိသည်နဲ့ စတင်စား သောက်လိုက်ကြသည်။ထုံးစံအတိုင်း နဂါးသွေးထမင်းကြော် နဲ့ ဖီးနစ်ငှက်ဥပင်ဖြစ်သည်။ နဂါးနံရိုးကြော်ကိုတော့ ဒီ နေ့၌ထူးထူးခြားခြားပါဝင်ထားသည်။ "ဝိုက်တီ တာနာရှာအခြေနေဘယ်လိုလဲ" ဂျိတ် တာနာရှာ၏အခြေနေကို ဝိုက်တီကိုမေးသည်။ထိုစကား ကြောင့် စားနေသောတာနာရှာ အနည်းငယ်စိုးရိမ်သွားသည်။ သူမ သင်ယူမှုညံဖျင်းကြောင်းသိပါက နှင်ထုတ်မည်ကိုစိုးရိမ် သောကြောင့်ဖြစ်သည်။ "သူမက သူမတီထွင်မှုအနေနဲ့ ငါးမျိုးတီထွင်ပြီးပါပြီ တီထွင် ပစ္စည်းတွေရဲ့ ဖောက်ခွဲစမ်းသပ်အောင်မြင်နှုန်းကတော့ အကုန်လုံးခြုံရရရင် 83%ရှိပါတယ်" ထိုစကားကြားသောအခါ ဂျိတ်ခေါင်းညိတ်လိုက်သည်။ထို အခြေနေဆိုပါက မဆိုးဟုပြောရနိုင်သည်။သင်ကြားသော ကာလတိုအတွင်း တာနာရှာသည် သိပ္ပံနာမည်များနဲ့ပစ္စည်း အမျိုးစားများကို လေ့လာပြီးရုံသာ မက သူမဗုံးတီထွင်မှုငါး မျိုးအထိလုပ်ဆောင်နိုင်ခဲ့သည်။ ဂျိတ်၏လက်ကို ဝှေ့ယမ်းလိုက်သည်။ဝှေ့ယမ်းလိုက်သည်နဲ့ ဂျိတ်၏လက်တွင် ကျောက်ပြားအသေးစားလေးတစ်ပြား ပေါ်လာသည်။ထိုကျောက်ပြားကို ဂျိတ် တာနာရှာထံသို့ ပေးလိုက်သည်။ "ရော့ ဒါကိုယူလိုက်" ဂျိတ်ပေးမှုကြောင့် တာနာရှာ ယူလိုက်သည်။သို့သော် ထိုအရာ သည် မည်သည့်အရာဖြစ်ကြောင်းကိုမှု တာနာရှာမသိပေ။ "မင်းက လက်နက်ပြုပြင်ဖန်တီးတာကို ယူထားတာငါသိတယ် ဒါကြောင့် ငါဒီကျောက်ပြားလေးကို မင်းကိုပေးတာပဲ မင်း သင်ယူနှုန်းကကောင်းမွန်တော့ ဆုလာဒ်နေနဲ့ချီးမြင့်တာ" ထိုစကားကြောင့် တာနာရှာပျော်ရွှင်သွားသည်။ "အဲ့ကျောက်ပြားထဲမှာ နောက်ထက်ဗုံးအမျိုးနှစ်ဆယ် လုပ်နည်းအတတ်ပညာနဲ့အဲ့လိုဗုံးတွေဘယ်လိုသုံးရတယ်ဆို တာပါတယ် မင်းလောဆယ်ဗုံးလုပ်တယ်ဆိုလို့ မင်းစားသောက်ပြီးတာနဲ့ အဲ့ကျောက်ပြားကိုချိုးလိုက်ရုံပဲ ဒါဆို မင်းအဲ့ကျောက်ပြားထဲ ကပညာတွေ မင်းရပြီ" ထိုစကားကြောင့် တာနာရှာ ကျောက်ပြားလေးကိုတယုတ ရကိုင်လိုက်သည်။ထိုသို့ဂျိတ်ပေးလိုက်ခြင်းသည် တာနာရှာကို သူယုံကြည်စပြုပြီဖြစ်ကြောင်းနဲ့ သူမ၏သင်ယူမှုပါရမီကို ချီး မွန်းခြင်းလည်းဖြစ်သည်။ တာနာရှာအပင်ပန်းခံသင်ယူစရာမလိုပဲ ဂျိတ်အနေဖြင့် ချက်ချင်းတတ်မြောက်သွား အောင် တာနာရှာဦးနှောက်ထံသို့တိုက်ရိုက်ပို့ဆောင်၍လည်းရသည်။သို့သော်ထိုသို့မလုပ်ရ ခြင်းက တာနာရှာအပေါ် ယုံကြည်၍ရမရ သူမ၏ပါရမီကိုသိ ချင် သောကြောင့်ဖြစ်သည်။ "နောက်ထပ်မှတ်ထားရမှာက ဒီပညာတွေကို ပေါက်ကရနေရာ မှာမသုံးဖို့ပါပဲ" "ဟုတ် နားလည်ပါတယ် အရှင်ဂျိတ်" တာနာရှာ ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်။ စားသောက်ပြီးသည်နဲ့ အယ်မလီကို ဂျိတ်ခေါ်ကာ အပြင်သို့ ထွက်ခွာခဲ့သည်။ "ဖီဖီ အဲ့နေရာတဲ့" အယ်မလီပြောသည့်အရဆိုလျှင် သူတို့တွေ့မည့်နေရာသည် ဒီ ယေဂိုမြို့နဲ့ တစ်မိုင်အကွာတွင်ဖြစ်သည်။ထို့ကြောင့် ဂျိတ် လည်းအယ်မလီကိုပွေ့ကာ သတ်မှတ်ရာနေရာသို့ ဦးတည် လိုက်သည်။တစ်မိုင်ခရီးသည် သူ့အတွက် ပင်ပန်းစရာ အကြောင်းရင်းမရှိပေ။ ထိုအချိန်၌လည်း တာနာရှာ စားသောက်ပြီးသည်နဲ့သူမနေထိုင် သောအိမ်ထဲသို့ဝင်သွားလိုက်သည်။ရောက်သည်နဲ့ သူမ သေချာထိုင်ပြီးဂျိတ်ပေးထားသော ကျောက်ပြားကို ကိုင် လိုက်သည်။ထို့နောက် အသာယာရိုက်ချိုးလိုက်သည်။ "ခလွမ်း" ကျောက်ပြားကျိုးပဲ့သွားသည်နဲ့ အစိမ်းရောင်အလင်းတန်း လေးသည် တာနာရှာနဖူးထဲသို့ဝင်ရောက်သွားလေသည်။ထို အလင်းတန်းလေးသည်ပညာများကိုသယ်ဆောင်ထားသည် လည်းဖြစ်သည်။ ထိုအလင်းတန်းဝင်ပြီးငါးမိနစ်အကြာ၌ တာနာရှာ၏မျက်လုံး များပြန်လည်ပွင့်လာလေသည်။ သူမ၏မျက်လုံးများတွင် လည်း လေ့လာသင်ယူစိတ်ထက်သန်သောအရာများထင် ဟက်နေသည်။ သူမသည် ကျောက်ပြားမှ အချက်လက်အားလုံးကို နားလည်သဘောပေါက်သွားပြီးလည်းဖြစ်သည်။ "အခုပဲ သွားပြီးလုပ်ဆောင်ကြည့်ရမယ်"

(72)ချစ်ရသူ

ဂျိတ်လည်း သမီးဖြစ်သူကို ပွေ့ချီလာရင်း သမီးဖြစ်သူပြော နေသော တည်နေရာသို့ လမ်းလျှောက်လာသည်။ လမ်းလျှောက်လာရင်း သမီးဖြစ်သူနဲ့လရယ်ရယ်မောမော စကားများ ပြောဆိုကြသည်။ "သမီး မေမေနဲ့တွေ့ရမယ်ဆိုတော့ ပျော်နေတာလား" "အင်း" အယ်မလီလေး ခေါင်းညိတ်ဝန်ခံပြလိုက်သည်။အယ်မလီ လေးသည် မိခင်ဖြစ်သူနဲ့တွေ့ရမည်ဖြစ်သောကြောင့် အလွန် ပျော်ရွှင်ကာ တက်ကြွနေသည်။သူမဖတ်ဖူးသော ပုံပြင်လေး များမှ စာသားများကိုပင် ဆိုနေလိုက်သေးသည်။ အမှန်တော့ သမီးအယ်မလီသာ ပျော်နေသည်မဟုတ်ဂျိတ် လည်း ပျော်ရွှင်မိသည်။အယ်မလီ၏မိခင် ယခင်ဂျိ တ်၏ချစ်သူမှာ မည်သို့မည်ပုံရှိကြောင်းလွန်စွာသိချင် နေသည်။ သူအနေနဲ့သိရန် စနစ်အစွမ်းကိုအသုံးပြုကာကြည့်နိုင် သော်ငြားလည်း သူမလုပ်ခဲ့။တစ်ချို့သော အရာများက အချိန်တန်မှ တွေ့ခွင့်ရသည်က ပိုကောင်းသည်ဟု ယူဆထား သောကြောင့်ဖြစ်သည်။ အဖေဖြစ်သူနဲ့ သမီးအတိုင်ဖောက်ညီစွာစကားပြောရင်း လမ်းလျှောက်လာသည်ကို မြင်ပါက အင်မတန်ချစ်ရာ ကောင်းသောသမီးလေးကိုခန့်ညားသောဖခင်ဖြစ်သူက ပွေ့ချီ ကာ အတူတူပျော်ရွှင်ကာ လမ်းလျှောက်လာကြပုံကိုမြင်ရမည်ဖြစ်သည်။ "ဖီဖီ ဒီနေရာတဲ့ သမီးအဲ့လိုကြားတယ်" ဂျိတ်လည်းတစ်မိုင်ခန့်လျှောက်ပြီး သမီးဖြစ်သူမှ ပြောဆို သောကြောင့် ဆက်လက်လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက် သည်။ ဂျိတ်လည်း ချိန်းဆိုထားသောနေရာရောက်သည်နဲ့ ခေတ္တ ရပ် စောင့်လိုက်သည်။ငါးမိနစ်အထိ စောင့်သေးသည်။သို့သော်မ ပေါ်လာ နောက်ထပ်ဆယ့်ငါးမိနစ်အထိ ထပ်စောင့်သေး၏။ သို့သော် ပေါ်လာခြင်းမရှိရာ ဂျိတ် အနေနဲ့စောင့်ဆိုင်းခြင်းအပေါ်စိတ်ရှည် ခြင်းမရှိလာတော့ပေ။ ("စနစ် ရှာဖွေခြင်း အစွမ်းကိုသုံးပြီး ဒီတစ်မိုင်ပတ်လည် ဝန်းကျင်ကို စစ်ဆေးပေးပါ") ("ကောင်းပါပြီ") ဂျိတ် အမိန့်ပေးသည်နဲ့ စနစ်၏ရှာဖွေခြင်းကလည်း စတင် အသက်ဝင်ကာ ရှာဖွေလိုက်သည်။ စနစ်၏ရှာဖွေခြင်း အသက်ဝင်ပြီးတစ်မိနစ်အ ကြာ၌စနစ်၏အသံထွက်ပေါ်လာလေသည်။ ("ထောက်လှမ်းစစ်ဆေးမှုအရ သင်နဲ့ အနည်းငယ် ပေနှစ် ဆယ်ကွာဝေးသောနေရာအကွာအဝေး၌ လူတစ်ယောက်ရှိ သည်။နောက်ထပ် တစ်မိုင်အကွာဝေး၌လည်း လူတစ်ယောက် ထပ်မံရှိပါသည်။") ("ငါ့ကို အသေးစိတ်ပြပါ") ဂျိတ်တောင်းဆိုသည်နဲ့ ဂျိတ်သည်ထိုမြင်ကွင်းကို သေချာ ရှင်းလင်းစွာမြင်လိုက်ရသည်။ ပထမဆုံး ဝေးသောနေရာမှလူကိုကြည့်ရှုလိုက်သည်။ ဝေးနေ သောလူသည် အသက်ဓာတ်စွမ်းအားအတော်သင့်တာရှိ ကြောင်းတွေ့ရကာ သူ၏ကိုယ်ခန္ဓာတွင်အစွမ်းထက်သော အရောင်ဝါများ ထုတ်လွင့်နေသည်။ ထိုအရောင်ဝါကိုကြည့်ခြင်းအားဖြင့် ဂျိတ်စနစ်ဖန်သား ပြင်၌အသေးစိတ်အချက်လက်များပေါ်လာရလေသည်။ အမည်...စုန်းမအို အသက် 200နှစ် အဆင့် ပလက်တီနမ် အဆင့်5 တတ်မြောက်မှု.....လုပ်ကြံနည်းများ၌လွန်စွာအစွမ်းထက် သည်။.... ဂျိတ်မှအသေးစိတ်အချက်လက်ဆိုသောကြောင့် စနစ်မှ တိတိကျကျထုတ်ပေးခြင်းဖြစ်သည်။ နောက်တစ်ယောက်ကိုထပ်မံစစ်ဆေးသည်။ မိမိနဲ့နီးသောတစ်ယောက်သည် အသက်ဓာတ်ပြည့်ဝေ ကြောင်း တွေ့ရှိရသည်။ထို့ကြောင့် ငယ်ရွယ်မှန်းသိရှိ နိုင်သည်။ထို့အပြင် ထိုသူသည် တန်ပြန်ဝတ်ရုံကိုအသုံးပြုကာ ပုန်းကွယ်နေကြောင်းသိရသည်။ တန်ပြန်ဝတ်ရုံအဆင့်သည် ပလက်တီနမ်အဆင့်ရှိသည်။ တန်ပြန်ဝတ်ရုံဆိုသည်မှာ ဝတ်ဆင်သောသူမှ သူ၏ချာက ရာ(သို့မဟုတ်ချီ )ထည့်သွင်းဝတ်ဆင်ပါက ပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်သွားမည် ဖြစ်သည်။ကိုယ်ပျောက်စေ နိုင်သည်ဟုလည်း ဆိုလေသည်။နောက်ထပ်အစွမ်းမှာ တိုက်ခိုက်သမျှသောအရာများကို ပြန်လည်တန်ပြန်စေနိုင် ခြင်းလည်းဖြစ်သည်။ ထို့ကြောင့်လည်း ဂျိတ်မတွေ့ခဲ့ခြင်းဖြစ်သည်။ "ဖီဖီ သမီးမေမေကိုလဲ တွေ့ဘူး လာဘူးနဲ့တူတယ်" အယ်မလီလေးခဗျာ စောင့်နေရင်း မိခင်ဖြစ်သူကိုမမြင်သော ကြောင့် မျက်နှာမှာမရွှင်မလန်းဖြစ်လာလေသည်။ ထိုဖြစ်ရပ်ကို သူတို့အနီးမှကြည့်နေသော တစ်ယောက်လည်း ရင်ထဲခံစားနေရလေသည်။သူမနေဖြင့် မိသားစုနဲ့နေလို သော်လည်း ကံကြမ္မာက သူတို့အား တားဆီးထားသည်။ယခု လိုအဝေးမှ သူတို့မမြင်အောင် ကြည့်ရကာ တစ်ယောက်တည်းကျိတ်ပူဆွေးနေသည်။ ယခုကလာတွေ့သည်ဖြစ်သော်လည်း အခြေနေကြောင့် သူမ သည် သူတို့အားထွက်မတွေ့နိုင်ဖြစ်ခဲ့ရလေသည်။ ("ဒါက ကျမအပြစ်တွေပါ ကျမကိုခွင့်လွတ်ကျပါနော် ") သူမရင်ထဲ၌ ဟစ်ကြွေးအော်ငိုလိုက်သည်။ "မဟုတ်တာ သမီးရယ် သမီးမေမေက ဖေဖေတို့ကို ဘွားဆိုပြီး စနောက်မလို့လုပ်နေတာပါ" "တကယ်လား" "တကယ်ပေါ့" ဂျိတ်ထိုသို့ပြောလိုက်သည်နဲ့ အယ်မလီလေးပြန်လည်ရွှင်ပြ သွားသည်။ ပုန်းကွယ်နေသောသူလည်း ထိုအသံကြောင့် ဂျိတ်သည်သမီး ဖြစ်သူအပေါ် ချစ်ခင်ယုယမှန်း သူသိရှိသွားပြီဖြစ်ရာ သူမ စိတ်ချဟန်ရှိသွားသည်။သူမလည်း သူမသမီးလေးကိုကြည့်ခဲ့ ပြီးပြီမို့ ပြန်ရန်ကြံစဥ်နေသည်။ "ပေနှစ်ဆယ်အကွာဝေးမှာပုန်းနေတဲ့သူက လှည့်ပြန်တော့မ လို့လား" လှည့်ပြန်နေသောသူမ လုံးဝတုန်လှုပ်ခြောက်ချားသွားသည်။ ဂျိတ်၏အောင်မြင်လှသောအသံက သူမပေါ် သက်ရောက်ခဲ့ သည်။ ("မဖြစ်နိုင်တာ သူစိတ်ထင်ပြီးလျှောက်ပြောနေတာနေမှာ") သူမကိုယ်သူမ နှစ်သိမ့်အားတင်းလိုက်သည်။သိူ့သော် နောက်ထပ်လာသောအသံများက သူမနှစ်သိမ့်မှုကို ခြေဖျက် ပစ်လိုက်သည်။ "မမြင်ရဘူးလို့ထင်နေတာလား အမိ တန်ပြန်ဝတ်ရုံကအပြည့် ဝကာကွယ်နိုင်မယ်လို့လဲ ထင်နေတာလား ကိုယ့်သမီးဖြစ်သူ က ကိုယ့်အမေကိုမြင်ချင်တာတောင် ထွက်မပြရင်သမီးလေး က ဝမ်းနည်းသွားမှာပေါ့" သူမ စိတ်ကိုလုံးဝထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။သူမ စိတ်ဂ ယောင်ချောက်ခြားဖြစ်နေသောကြောင့် တန်ပြန်ဝတ်ရုံကို အစွမ်းမပို့လွတ်လိုက်နိုင်တော့ပေ။ထိုအခါ ပုန်းကွယ်နေသော သူမသည် ပျောက်နေရာမှပေါ်လာရပြီဖြစ်သည်။ သူမတုန်လှုပ်မှုက ဝတ်ရုံကိုပင် ပြုတ်ကျစေလောက်အောင် သတိမပြုမိတော့။ထိုအခါ ဂျိတ်နဲ့အယ်မလီတို့သည် ပုန်းကွယ် နေသော သူမကိုထင်ရှားစွာမြင်ရပြီဖြစ်သည်။ လှပတောက်ပသောမျက်ဝန်း သွယ်လျဖြောင့်စင်းသောနှာတံ ချစ်စရာကောင်းပြီးဆွဲဆောင်မှုရှိသော သူမ၏နှင်းဆီပန်း သဖွယ်နှုတ်ခမ်းစသည့်ဖြင့် အလှတရားများပြည့်စုံပေါင်းစပ် နေသောသူမကို တွေ့မြင်ရပြီဖြစ်သည်။သူမ၏ကိုယ်ခန္ဓာက လည်း အပြစ်ရှာလို့မရအောင် အချိုးစားလှပလွန်းလှသည်။ "မီမီ" အယ်မလီ လေးပျော်ရွှင်စွာအော်ခေါ်လိုက်သည်။ ထိုအခိုက်တန့်၌ ဂျိတ်၏ရင်ဘတ်တစ်ခုလုံးလည်း ဗြောင်းဆန်ကုန်ပြီဖြစ်သည်။သူ၏ကမ္ဘာကြီး တစ်ခုလုံးရပ်တ န့်သွားပြီသလားဟုပင် ခံစားမိသည်။မိမိရှေ့မှ တစ်ယောက် ကြောင့် ဂျိတ်သည်အချစ်ဟူခံစားကိုပြန်လည်နိူးထလာလေ သည်။ဒီလို အပြစ်မရှိအောင်လှပသော နတ်သမီးပျိုလေးက မိမိအယ်မလီ၏အမေ မိမိ၏ချစ်သူဖြစ်နေသည်။ ဂျိတ်သူမကို တွေ့သည်နဲ့ အရာရာက ထိုမိန်းမပျိုလေးထက် အရေးပါခြင်းမရှိတော့သလိုပါခံစားလိုက်ရ၏။ဒီလိုခံစား ချက်က ပထမဦးဆုံးပင်။သူ၏ရှေ့မှောက်၌ သူ၏ချစ်ရသူ လေးသည်လည်း သူ့အား ထိတ်လန့်အံသြသောအမူရာဖြင့် သူအားပြန်ကြည့်နေလေသည်။

All Chapters