← Chapters

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

(73)သူမကို ကျုပ်ပိုင်တယ်

သူမကို မြင်သည်နဲ့ဂျိတ်၏ကြည့်၍မရသောမှတ်ညဏ်များက အလိုအလျောက်အစီရီပေါ်လာသည်။သူမနဲ့ စတင်တွေ့ခဲ့ချိန် ထို့နောက် သူမနဲ့အတူလည်ပတ်ရင်း ချစ်သူဖြစ်ခဲ့ပုံ နောက်ပိုင်းတွင်ကွဲကွာသွားကြပုံစသည်ဖြင့် ဇာတ်လမ်းတစ် ပုဒ်လို ပေါ်လာသည်။ သူမနဲ့အတူရှိသောမှတ်ညဏ်အမှတ်တရများကိုဆက်တိုက်ဆို သလိုပြန်လည် မှတ်မိလာသည်။သူမ၏အသွင်ပြင်ပုံသဏ္ဏ န်နဲ့ သူချစ်ရသောသူမ၏နာမည်ကော ဖြစ်သည်။ "အယ်လီနာ မင်းပြန်လာပြီနော်....." ဂျိတ်ပြောလိုက်သည်။အယ်လီနာ သည်သူရှေ့တွင်ရပ်နေ သော မိန်းမချောလေး၏နာမည်ပင်ဖြစ်သည်။ "အင်း" မိန်းမချောလေးမှာ မျက်ရည်စက်လက်ဖြင့် ခေါင်းညိတ် ပြသည်။ "မင်းလည်း အရင်တိုင်းလှနေဆဲပါနော်" ပြောင်းလဲခြင်းမရှိ ယခင်တိုင်းလှမြဲလှနေသော ဘယ်ချိန်ကြ ည့်ကြည့် ကြည့်မဝရှုမဝဖြစ်ရသော မိန်းမချောလေးကို ပြော လိုက်သည်။ "ရှင်ကပိုချောလာသလိုပဲ" အယ်လီနာလည်း ပြန်လည်ပြောဆိုလိုက်သည်။ အယ်လီနာ သူမ၏အတိတ်အမှတ်တရများကို ပြန်လည် တူးဆွနေသည်။သူမသည် သူကိုချစ်သွားရခြင်းမှာ အနေ အေးမှု အေးဆေးတည်ငြိမ်မှုတို့ကြောင့်ဖြစ်သည်။ယခုသူမ ပြန်လည်မြင်တွေ့ရတော့ ဂျိတ်သည်ယခင်ကထက် ထူးခြား လာသည်ဟု သူမခံစားမိသည်။ ယခင်ဂျိတ်က ရိုးရိုးကုတ်ကုတ်လေးဖြင့် အေးဆေးသူဖြစ် ကာ ယခုသူမမြင်တွေ့နေရသောသူသည် တည်ကြည်ခန့်ညား သော ဂရုစိုက်လေးစားတတ်သော ယောကျာ်းကောင်းအဖြစ် ရှိနေသည်။ထို့ပြင်ဂျိတ်၏အသွင်ပြင်က အထင်ကြီးလေးစား ချင်လာအောင် လုပ်ဆောင်နေသည်ဟုပါခံစားရသည်။ ဂျိတ်ကို ကြည့်မိသူများမှာ အလိုလိုနေရင်း ဂျိတ်ကိုလေးစား ချင်စိတ်ပေါက်လာမည်ဖြစ်သည်။သူမ၏ချစ်သူဂျိတ်သည် ယခုချိန်၌ ပြတ်သားထက်မြက်သောအမူရာ ဘယ်သူမှ ကြောက်လန့်နေခြင်းမရှိသော အရာရာကိုချုပ်ကိုင်ထား သော အရှိန်ဝါဖြင့် ထုတ်လွင့်ထားသည့်ဟု ထပ်မံခံစားရသည်။ "မီမီ" ဂျိတ်လည်းအယ်မလီလေးကိုပွေ့ရာမှ လွတ်ချပေးသည်။ လွတ်ပေးလိုက်သည်နဲ့ အယ်မလီလေးသည် အယ်လီနာ ရင်ခွင်သို့တန်းပြေး သွားသည်။ထို့နောက် အယ်လီနာရင်ခွင်ထဲသို့ တိုးဝင်လိုက် သည်။ "သမီးလေး" အယ်လီနာ သူမရင်ခွင်ထဲသို့ပြေးဝင်လာသော သမီးဖြစ်သူကို အပြည့်ဝပွေ့ဖက်လိုက်သည်။သားသမီးများသည် မိဘတို့ အတွက် အရေးကြီးဆုံးသောရင်နှစ်သည်းချာရတနာ ဖြစ်သည်။မတွေ့ရကြာပြီဖြစ်ကာ အနေဝေးသည်မှာကြာပြီ ဖြစ်သောကြောင့် သမီးဖြစ်သူကို သေချာတင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ "မီမီကအားကြီးနဲ့လုပ်နဲ့ မီးမီးအသက်ချူရဘူး" သမီးဖြစ်သူပြောမှသတိရကာ ပြန်လွတ်ပေးလိုက်သည်။ "မီမီ ဘာလဲမီးမီးတို့နဲ့ နေတော့မှာမလား လာနေနော် ဖီဖီက မျက်လှည့်ချာလေ." အယ်မလီလေးမှာ မိခင်ဖြစ်သူလာနေသည်ထင်၍ ဂျိတ်နဲ့နေရ သည်မှာကောင်းကြောင်းချီးမွန်းလေသည်။ "မီမီပါ ဖီဖီနဲ့အတူလာနေရင် အစားစာကောင်းကောင်းကြီး စားရမှာနော်ပြီး တော့သမီးမွေးထားတဲ့အကောင်လေးတွေလဲ မီးမီးပြမယ်" အယ်လီနာ ဘာမှဆက်မပြောပေ။သူမ၏ချစ်သမီးက မည်မျှ ပျော်ရွှင်စွာကောင်းကြောင်းပြောနေချိန်ကို မဖျက်စီးလို။သူမ သည် တခဏတာလာတွေ့ကြောင်းသာဖြစ်ကြောင်း သမီး ဖြစ်ကြောင်းကိုပြောပြမည်မဟုတ်ပေ။ သမီးဖြစ်သူပြောပုံအရဆိုလျှင် သမီးလိုချင်တာကို ဂျိတ်မှဖြ ည့်စီးပေးသည်ဟုဆိုသည်။သမီးအပေါ် အလိုလိုက်နေသော ဂျိတ်ကိုကြည့်ကာ သူမရင်ထဲကျေနပ်မိသည်။ "ပြီးတော့ ပုံပြင်စာအုပ်တွေကို မီးမီး မေမေ့ကိုဖတ်ပြမယ်" ထိုစကားကြားသည်နဲ့ အယ်လီနာ ဂျိတ်ကိုကြည့်လိုက်သည်။ သူမ၏အကြည့်က သေချာလားဟူသောအမေးဖြင့်မေးနေ ခြင်းမျိုးဖြစ်သည်။ ဂျိတ်လည်း....... "ဟုတ်တယ် သမီးလေးက ဉာဏ်အရမ်းကောင်းတယ် တစ် ပတ်အတွင်း စာသင်တာရသွားပြီး အခုချိန်ပုံပြင်စာအုပ်တွေ ပါ သူ့ဘာသာဖတ်တတ်နေပြီဖတ်ပြီးပြန်တောင်ပြောပြတတ် နေပြီ" "ခစ်...ခစ်" အယ်လီနာ အနည်းငယ်ရယ်မိသည်။သူမ၏သမီးလေးမှာသုံး နှစ်အရွယ်လေးနဲ့ စာတတ်ဖတ်တတ်နေပြီဖြစ်ပြီး သူမဖတ်ပြ ပုံစံကိုသူမမြင်ယောင်မိကာ အနည်းငယ်ရယ်မောမိသည်။ သမီးလေးဖတ်ပုံက သူမအတွက် ချစ်စရာကောင်းမည် ဖြစ်သည်ဟု စိတ်ကူးထဲမြင်ယောင်ကာ ပြုံးမိသည်။ အယ်လီနာ ရယ်ခြင်းပြုံးခြင်းကိုဂျိတ်နေနဲ့ ဒီအတိုင်းလေး လေးသာ ထိုင်ကြည့်နေသည်။ သူမ၏ရယ်မောသံ အပြုံးများက ကြယ်တစ်ခွန့်တစ်စင်း ပျံသန်းနေသလိုပင်။ဂျိတ်အတွက် ရှားပါးသောပိုင်ဆိုင်မှုများ တွင် ထည့်သွင်း၍ရနိုင်သည်။ သူမအပြုံးတစ်ချက်က ကျနော်ကမ္ဘာကြီးကိုအေးချမ်းသွားစေ ခဲ့တယ် ဆိုသောစာသားကို ဂျိတ်နားလည်လာပြီဖြစ်သည်။ ယခင်တုန်းက ကြားတုန်းကဆိုလျှင် အလကားပါကွာဟု သူ ပြောမိသည်။လက်တွေ့ကျကျခံစားမိသောအခါထိုစကားလုံး များ၏အနှစ်သာရကို ခံစားမိလာသည်။ "အယ်လီနာ မင်းပြောတော့ ခဏလေးဆို ဘာလို့ကြာနေတာ လဲ" အသံနဲ့အတူလူတစ်ယောက်ရောက်လာသည်။ထိုလူကတော့ တခြားမဟုတ် တစ်မိုင်အကွာတွင်ရှိခဲ့သော ဂျိတ်ထောက်လှမ်း မိခဲ့သူပင်ဖြစ်သည်။ "တောင်းပန်ပါတယ်" ထိုလူကို အယ်လီနာတောင်းပန်လိုက်သည်။ ထို့နောက် ဂျိတ်ကိုတောင်းပန်သောအကြည့်ဖြင့်သူမကြည့် လိုက်သည်။ တောင်းပန်ပါတယ်ဟုမပြောသော်လည်း သူမ၏အကြည့်က တောင်းပန်ပါတယ်လို့ပြောနေသလိုပင်။ "နောက်တစ်ခါထပ်တွေ့မှာလား" ဂျိတ်မေးလိုက်သည်။ ထိုအခါ အယ်လီနာ၏မျက်နှာမှာညှိးငယ်သွားသည်။ထိုအခြေ နေကိုကြည့်လိုက်ခြင်းအားဖြင့် ယခုတွေ့ဆုံသည် နောက်ဆုံး အကြိမ်ဖြစ်ကြောင်း သိလိုက်ပြီဖြစ်သည်။ "သမီးလေးကို သေချာဂရုစိုက်ပေးပါနော်" အယ်လီနာ ပြောဆိုကာ နောက်ပြန်သွားလိုက်သည်။ထို မြင်ကွင်းသည် ဂျိတ်အတွက် ခံစားစေရလေသည်။တိုးညှင်း စွာပြောသွားသောကြောင့် အယ်မလီလေးမှာ မသိလိုက်။မိခင် ဖြစ်သူနဲ့ ယခုတွေ့ဆုံခြင်းက နောက်ဆုံးအကြိမ်ဖြစ်ကြောင်း သူမ မသိပေ။အယ်မလီလေးသည် သူ၏မိခင်ကိုအော်ခေါ်နေ သော လူကိုကြည့်နေသောကြောင့်ဖြစ်သည်။ ယခင်ဂျိတ်အနေဖြင့် ဆိုပါက သူမထွက်ခွာသွားခြင်းကို ဒီ အတိုင်းမတတ်နိုင်ပဲ ရပ်ကြည့်နေရမည်ဖြစ်သည်။ခုချိန်တွင် တော့ မတူညီပဲ ကွဲပြားခြားနားနေပြီဖြစ်သည်။နောက်သို့လှည့် ကာ သွားနေသော အယ်လီနာကို လှမ်းဆွဲလိုက်သည်။ အယ်လီနာလည်း ရုတ်တရက်ဆွဲခြင်းခံလိုက်ရသည်။သူမ ရုတ်တရက်ဆိုသလိုကြည့်လိုက်တော့ သူမသည် ဂျိ တ်၏ရင်ခွင်ထဲ ရောက်ရှိနေပြီဖြစ်သည်။ "ဆောရီးပါ သူမကို ကျုပ်ပိုင်တယ်ဗျ"

(74)ထွက်ပြေးခြင်း

"ဆောရီးပါ သူမကိုကျုပ်ပိုင်တယ်." ထိုအသံက ဟိန်းထွက်သွားသည်။အယ်မလီလေးကတော့ ထို မြင်ကွင်းကိုကြည့်ကာ အားရပါးရလက်ခုပ်တီးနေသည်။ "မိုက်တယ် ဖီဖီ" သူမဖတ်ဖူးသော ပုံပြင်ထဲက မင်းသားနဲ့မင်းသမီးညားသော ပုံစံနဲ့ တူသည်ဟု အယ်မလီထင်မိသည်။ထိုပုံပြင်က မင်းသား မင်းသမီးထက် သူမ၏မိဘနှစ်ပါး ကပိုပြီး အဆပေါင်းများ စွာသာသည်ဟု သူမထင်မိသည်။အယ်မလီ၏မေမေကို ဂျိတ် ဖက်ထားပုံက သူမမြင်ကွင်း၌ ချစ်စရာကောင်းလှပနေသည်။ အယ်လီနာလည်း ရုတ်တရက်မို့ ဂျိတ်ဆွဲခေါ်ယူခြင်းကိုခံလိုက် ရသည်။သူမသည်လည်း ဂျိတ်ရင်ခွင်ထဲသို့ရောက်မှန်းသိ သောအခါ သူမ၏ပါးပြင်များ နီရဲလာသည်။ထိုသို့သူတို့နှစ်ဦး ကြည်နူးစွာမနေခဲ့ရသည်မှာ နှစ်အတော်တန်ပင်ကြာခဲ့ပြီ ဖြစ်သည်။ ဂျိတ်၏ရုတ်တရက်အပြုမှုက သူမကိုရင်ခုန်စေသည်။ ယောကျာ်းဆန်သော သူ၏ကြီးမားကျယ်ပြန့်သောရင်အုပ် အငွေ့သက်တို့က သူမကို ရင်ဖိုလှုပ်ရှားစေသည်။ "နင်ကိုနင် ဘာထင်နေတာလဲ သူမကို ငါ့ဆီပြန်လွတ်လိုက်ပါ" အယ်မလီကို စောင့်နေသော လူသည် မစောင့်နိုင်သည့်ထင်။ လေသံမာမာဖြင့် ပြောဆိုလာသည်။သူသည် တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားကာ သူ၏အသွင်ပြင် ကြောက်စရာကောင်းသောအသံများက သူ့အား လူဆိုးမကြီး သဖွယ်ပုံပေါက်စေသည်။ "သူများမိသားစုရဲ့ချစ်ခြင်းကို ခွဲတယ်ဆိုတာမကောင်းဘူး နော် သုံးလေးနှစ်လောက်မတွေ့ရပဲ အခုမှ ပြန်လည်စုံစည်းရ တာကို ဝင်မဖက်စွတ်ပါနဲ့ဗျာ" ထိုစကားကြောင့် အနက်ရောင်ဝတ်ရုံခြုံလူ ဒေါသပိုထွက်သွား သည်။ "သူမကို ခဏအတွင်းပြန်ပေးပါ မပေးရင် ငါ့အဆိုးမဆိုနဲ့" ထိုစကားကြောင့် အယ်လီနာ ဂျိတ်ရင်ခွင်ထဲမှထွက်ကာ အနက်ရောင်လူဆီသွားရန် ရုန်းလိုက်သည်။သူမ မည်မျှပင် ရုန်းသော်ငြားလည်း ဂျိတ်၏ပွေ့ဖက်ထားခြင်းမှ ရုန်းထွက်နိုင် ခြင်းမရှိပေ။ "အချစ်လေး ဘာလို့ရုန်းနေတာလဲ ကိုယ့်ကိုမချစ်လို့လား" ထိုအပြောကြောင့် "ရှင့်ကို မချစ်တာမဟုတ်ပါဘူး သူကအရမ်းစွမ်းတယ်ဆိုတာ ရှင် မသိဘူးလား ရှင်တို့နှစ်ယောက် ကျမကြောင့် အန္တရာယ် ဖြစ်မှာစိုးလို့ပါ" အယ်လီနာ တိုးသောအသံဖြင့်ဆိုလေသည်။ "ကိုယ့်ကို ချစ်တကယ်ချစ်ရင် ဒီတိုင်း ကိုယ့်ရင်ခွင်ထဲမှာ ငြိမ် ငြိမ်လေးနေ ကိုယ်ဖြေရှင်းလိုက်မယ်" ("သူကအရမ်းစွမ်း") အယ်လီနာဆက်ပြောချင်သော်လည်း ဂျိတ်၏အသွင်ပြင် ကြောင့် ပြောမည့်စကားပြန်သိမ်းလိုက်သည်။ခုချိန်၌ ဂျိတ် သည် မည်သည့်အရာကိူမျှကြောက်ရွံနေခြင်းမရှိကာ လာနှော င့်ယှက်သောအရာကို ရင်ဆိုင်နိုင်မည်ပုံ ရှိနေသည်။ "အီး...ချုန်းမကြီး(စုန်းမကြီး)သမီးတို့ မိသားစုချစ်ခြင်းလာမ ခွဲနဲ့" အယ်မလီလေးကလည်း ဂျိတ်၏ခြေထောက်ကို ဖက်ထား ရင်း အော်ပြောလိုက်သည်။ "ဒီတစ်ခါတော့ မင်းတို့ကိုငါသတ်ပစ်မယ်" အနက်ရောင်ဝတ်ရုံလူသည် လျင်မြတ်သောအရှိန်ဖြင့် ဂျိတ်ထံ ပြေးဝင်လာသည်။အနက်ရောင်ဝတ်ရုံလူသည် သူ၏လက်ဝါး ကို ဂျိတ်ထံသို့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းလည်းဖြစ်သည်။ ထိုအခြေနေ၌ ဂျိတ်သည် ရှောင်တိမ်းရန်ခက်ခဲပေသည်။ အယ်လီနာကို ရင်ခွင်ထဲထည့်ထားသလို သမီးလေးကလည်း သူ၏ခြေထောက်ကို ဖက်ထားသည်။ထိုလိုဖြစ်ခြင်းနေခြင်း ကရှောင်ရန်ခက်ခဲသည်။သို့သော် ဂျိတ်၏ပုံစံမှာ ရှောင်မည်ပုံ ပင်မပေါ်ပေ။ "မိုက်ကယ်ရေ ကြာတယ်နော်" "အာ ဝူးဝူ......." ကျယ်လောင်သော အသံကြီးက ထွက်ပေါ်လာသည်။ထိုအသံ ကြောင့် ဂျိတ်ထံဦးတည်ကာ တိုက်ခိုက်ရန် ရွယ်ထားသော အနက်ရောင်ဝတ်ရုံသည် ဂျိတ် ကိုမတိုက်ခိုက်တော့ပဲ နောက်သို့ပြန်ဆုတ်သွားသည်။ သူ့အနေနဲ့နောက်ပြန်ဆုတ်ခြင်းက ပညာရှိသောလုပ်ရပ်ဖြစ် စေခဲ့သည်။ထိုသို့မဟုတ်ပါက ဖြစ်လာသောအကျိုးဆက်ကို မ မျှော်လင့်နိုင်ပေ။ ကျယ်လောင်သောအသံနဲ့ အရာဝတ္ထုတစ်ခုသည် လျင်မြန်စွာ ပြေးလာသည်။သူပြေးလိုက်တိုင်းလည်း သူ့ဘေးမှ အရာ များသည် အရိပ်သဖွယ် ကျန်ရစ်ခဲ့သည်။သူ၏လှုပ်ရှားမှုမှာ မြန်ဆန်သောကြောင့် ထိုသို့ဖြစ်ရခြင်းဖြစ်သည်။ ထိုသို့မြန်ဆန်သောအရာက ဂျိတ်ကိုတိုက်ခိုက်ရန်ရွယ်သော အရာထံသို့ပြေးဝင်လာသည်။ထို့ကြောင့်လည်း အနက်ရောင် ဝတ်က ဂျိတ်ကိုမတိုက်ခိုက်ပဲ ရပ်တန့်လိုက်ရခြင်းဖြစ်သည်။ "ဘာ...ဘာကောင်ကြီးလဲ" အနက်ရောင်ဝတ်ရုံလူ ထိတ်လန့်သွားသည်။သူ ရှေ့၌ကြီးမားသောအရွယ်စားရှိ အကောင်ကြီးတစ်ကောင်က သူ့အား ဝါးစားမတတ်သောအကြည့်ဖြင့်စိုက်ကြည့်နေသည်။ သူ၏အကြည့်ကလည်း အနက်ရောင်လူကို သာစိုက်ကြည့် နေသည်။သတ်ဖြတ်ကာ အပိုင်းပိုင်းကိုက်ဖြတ်လိူစိတ် ပြင်းထန်နေသည်ကိုလည်း ထိုအကောင်ထံမှ ခံစား၍ရသည်။ ကျားတစ်ကောင်ကြီးထက်ပိုကြီးပြီး ခွေးလို့ထင်ရသောအကောင်ကြီးကို သူကိုယ်တိုင်မြင်တွေ့နေရသည်။သူ့ရှေ့မှအကောင်ကြီးကို ခွေးဟုပင် မထင် နိုင်။အရွယ်စားအရောင်သွေး အပြင်ရက်စက်ကြမ်းကြုတ်မ ည့်ပုံစံတို့ကြောင့် ဖြစ်သည်။ သူမြင်သည့်အတိုင်းလည်း မိုက်ကယ်သည် ယခုချိန်၌လုံးဝ ကြမ်းတမ်းသောအသွင်ပြင်ရှိသည်။ထက်မြက်သော လက်သည်း စူးရှသောမျက်လုံးဖြသ့် အနက်ရောင် လူ၏လှုပ်ရှားမှုကို မျက်ချေမပြတ်စောင့်ကြည့်နေသည်။ "မိုက်ကယ်ရေ ငါ့ကိုကူပါဦး အဲ့စုန်းမအိုကြီးက ငါတို့သာယာ တဲ့အချိန်လေး ဖျက်စီးနေတယ်" ထိုစကားကြောင့် မိုက်ကယ်သည် နားလည်ယောင်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။ထို့နောက် စုန်းမအိုဆိုသောအနက်ရောင် ဝတ်ရုံနဲ့လူကို သေချာအကဲခတ်လိုက်သည်။ "မင်းငါ့နာမည်ဘယ်လိုသိတာလဲ " "ဘယ်လိုလို သိသိပေါ့ အခုတော့ မိုက်ကယ်ကိုနိင်အောင်အ ရင်ချလိုက်ပါဦး" ဝုတ်.... အသံပေးပြီး မိုက်ကယ်သည် စုန်းမအိုထံပစ်ဝင်သွားသည်။ စုန်းမအို၏သေကွင်းသေကွက်ကိုပါ ချိန်ခုန်ကိုက်လိုက်သည်။ ထိုသို့လုပ်ဆောင်ချက်ကြောင့် စုန်းမအိုကြီး လန့်သွားသည်။ သူသာချက်ကောင်းမိပါက နေရာ၌ပွဲချင်းပြီးသေဆုံးရမည် ဖြစ်သည်။ နေ့စဥ် အစားကောင်းများစားသောက်လာသောကြောင့် မိုက် ကယ်ကိုယ်၌ မပြယ်သေးသောအစွမ်းများရှိသေးသည်။ လုပ်ကြံသူများတုန်းက သူ၏အစွမ်းကုန်မထုတ်သုံးလိုက်ရ အ ယားပြေရုံသာသုံးလိုက်ရသည်။ ယခုအခါ၌ ပလက်တီနမ်အဆင့်မှစုန်းမအိုကြီးကိုတိုက်ခိုက်ရ ပြီဖြစ်ရာ သူ၏အစွမ်းကုန်ထုတ်သုံးကာတိုက်ခိုက်လိုက်သည်။ စုန်းမအိုကြီးလည်း ခွေးမိုက်ကယ်တိုက်ခိုက်သောအချိန်တိုင်း ရှောင်ကွင်းနေရသည်။သူမသည် ကျင့်ကြံမှုမြင့်နေသော ကြောင့်သာ အခုထိအသက်ရှင်နေနိုင်ခြင်းဖြစ်သည်။ သို့သော် အချိန်ကြာသည်နဲ့ မိုက်ကယ်မှာ ပိုမိုမြန်ဆန်လာ သည်။သူကိုယ်တွင် မပျော်ဝင်သေးသော အစွမ်းအာနိသင် များလည်း ယခုအခါ မိုက်ကယ်အစွမ်းကုန်အသုံးချမှုကြောင့် လှုပ်ရှားအသက်ဝင်ကာ အာနိသင်ပြလာသည်။ ထိုလှုပ်ရှားချက်မြန်ဆန်လာသည်နဲ့ စုန်းမအိုကြီးရှောင်တိမ်း နိုင်စွမ်းနည်းပါးလာသည်။ရှောင်တိမ်းနိုင်စွမ်းနည်းပါးလာ သည်နဲ့ ခွေးမိုက်ကယ်၏လက်သည်းကြောင့် ဒဏ်ရာများ လည်းစတင်ရရှိလာသည်။ ထိုအချိန်မှာမှ မိုက်ကယ်ရပ်တန့်လိုက်သည်။မိုက်ကယ်နေနဲ့ သူ့ အား လိုလေသေးမရှိအောင် ကျွေးမွေးခဲ့သောဂျိတ်ကို ကျေးဇူးဆပ်လိုသည်။ ထို့ကြောင့် စုန်းမအိုကြီး ကိုဖမ်းကာ လက်ဆောင်အဖြစ်ပေးရန် ကြံရွယ်လိုက်သည်။ ယခုသူ၏အမြန်နှုန်းအတိုင်းသာဆက်သွားနေပါက ဖမ်းမိနိုင် မည်မဟုတ်ပေ။ထို့ကြောင့် မိုက်ကယ်သည် ရပ်တန့်ကာ သူ၏သွေးမျိုးဆက်ကို နှိုးဆော်ရန်ကြံရွယ်လိုက်သည်။ ထိုသို့မိုက်ကယ်လုပ်ဆောင်သည်နဲ့ စုန်းမအိုကြီးသည်မ ကောင်းသောခံစားချက်ကို ရရှိလာသည်။သူသည် မိုက်ကယ် ကိုကြည့်လိုက်သည်။မိုက်ကယ်ကိုယ်မှထွက်လာသော ထူးခြားသောအစွမ်း၏အရှိန်ကြောင့် ပြောင်းလဲတော့မည် ဖြစ်ကြောင်း သူသိလိုက်သည်။ ခွေး၏ပုံမှန်အရှိန်တောင်သူမနည်းရှောင်နေရရာ ထိုအစွမ်း သုံးပါက သူသေရန်မလွှဲပေ။ထို့ကြောင့် စုန်းမအိုကြီးသည် သူ၏အသက်စွမ်းအင်ကိုလောင်ကျွမ်းကာ ထွက်ပြေးသွား သည်။ "နောက်တစ်ခါကျရင် ပြန်လာခေါ်မယ်ဟေ့" စစ်သည်တော်အဆင့်များသတ်မှတ်ခြင်း ဂျိတ်ရောက်ရှိနေသောကမ္ဘာကြီးသည် သိုင်းသမားများကဲ့သို့ အစွမ်းထက်သောစစ်သည်တော်များရှိကြလေသည်။သိုင်း သမားများအဆင့် သတ်မှတ်သကဲ့သို့ စစ်သည်တော်များ လည်း အဆင့်ခွဲ ခြားသတ်မှတ်မှုရှိလေသည်။တစ်ဆင့်ချင်းစီ တိုင်းတွင်လည်း အဆင့်သေးဆယ်ဆင့်ရှိလေသည်။ ကြေးအဆင့် ကြေးအဆင့် သည် စစ်သည်တော်များ၏လမ်းအစဖြစ်လေ သည်။ထိုအဆင့်တွင် စစ်သည်တော်များ၏တတ်မြောက် ကျွမ်းကျင်မှုများ အစွမ်းထက်မှုများကိုရည်ညွှန်းသည်။ စစ်သည်တော်တို့၏သိုင်းကျွမ်းကျင်မှုနဲ့ သန်မာမှုတိုးတက်လာ မည်ဖြစ်သည်။ ကြေးအဆင့်စစ်သည်တော်သည် လူဆယ်ယောက်နဲ့ တစ်ပြိုင်တည်းတိုက်ခိုက်နိုင်လေသည်။ သက်တမ်း...ရှစ်ဆယ်နှစ် ငွေအဆင့်စစ်သည်တော် ထိုအဆင့်သည် သာမန်စစ်သည်တော်များနဲ့စတင်ကွဲ ပြားလာ ပြီဖြစ်လေသည်။ကိုယ်ခန္ဓာကြံခိုင်မှု လျင်မြန်မှုတို့ တိုးတက် လာသည်။ထိုအဆင့်တွင် သဘာဝအစွမ်းတစ်ခုကို ပိုင်ဆိုင်ရရှိ မည်ဖြစ်သည်။ငွေအဆင့်သေးတစ်ဆင့်စီ တက်သွားတိုင်း မိမိပိုင်ဆိုင်သော သဘာဝအစွမ်းလည်း အဆင့်မြင့်လာမည် ဖြစ်လေသည်။ (ဥပမာ-ဆေဘာ ၏သံပါသောလက်နက်များကို ထိန်းချုပ်နိုင် မှု. မြူ့၏အမြန်နှုန်းမြင့်တင်နိုင်မှု) ငွေ စစ်သည်တော်များသည် ကြေးအဆင့်စစ်သည်တစ်ရာနဲ့ တစ်ပြိုင်တည်းချနိုင်မည်ဖြစ်သည်။ သက်တမ်း...တစ်ရာ့ငါးဆယ့်နှစ် ရွှေအဆင့်စစ်သည်တော် ရွှေအဆင့်စစ်သည်တော် များသည် သာမန်လက်နက်များတိုး မပေါက်နိုင်အောင်အထိသန်မာလာပြီဖြစ်လေသည်။ကြံခိုင်မှု လျင်မြန်မှု စသည့်အာရုံငါးပါး ကလည်းငွေအဆင့်စစ်သည်တော်ထက် နှစ်ဆတိုးတက်လာပြီ ဖြစ်လေသည်။ မိမိကိုယ်တွင်းမှ စွမ်းအားကို ထုတ်ကာ သုံးနိုင် ပြီဖြစ်လေသည်။(ချာကရာ ချီလို အစွမ်းမျိုးပါ) စွမ်းအားကို မိမိကိုယ်တွင်း၌လည့်ပတ်ကာ သန်မာကျစ်လစ် အောင်လုပ်ဆောင်နိုင်သည်။ ထိုအစွမ်းကို မိမိကိုင်ဆောင်ထားသော လက်နက်ဖြင့် ပေါင်းစပ်၍လည်းအသုံးပြုနိုင်လေသည်။ ဓားကို စွမ်းအားထ ည့်ကာ သုံးပါက ပိုမိုထက်မြက်လာမည်ဖြစ်သလို ဒိုင်းတွင်ထ ည့်ကပါက ပိုမိုမာကြောလာမည်ဖြစ်လေသည်။ငွေအဆင့် ကပိုင်ဆိုင်ထားသော သဘာဝအစွမ်းနဲ့ပေါင်းစပ်သုံးစွဲပါက နှစ်ဆမျှပိုမိုအစွမ်းထက်လာမည်ဖြစ်သည်။ (အယ်ဖာသည်အပိုင်း10တွင် သူ၏စွမ်းအားကို ဓားတွင် ပေါင်းစပ်ကာ ဝံပုလွေဓားချက်တိုက်ကွက်သုံးခဲ့ပြီဖြစ်သည် လေသည်။) (mc ဂျိတ်အနေဖြင့် ယခုမှ ငွေအဆင့်တွင်ရှိနေသည် ဆိုသော်ငြားလည်း စနစ်ဖြင့် ကိုယ်ခန္ဓာကို သန့်စင် ပြောင်းလဲပြု ပြင်ထားပြီးဖြစ်ရာ စနစ်မှယူလိုက်သော မည့်သ ည့်အဆင့်ပင်ရှိသောစွမ်းအားပင်ဖြစ်နေပါစေ လက်ခံနိုင်စွမ်း ရှိလေသည်။) သက်တမ်း...နှစ် နှစ်ရာ ပလက်တီနမ်အဆင့် ရွှေအဆင့်၌မိမိကိုယ်တွင်းမှချာကရာစွမ်းအားများကို လက်နက်သို့ပို့ဆောင်ပြီးပြင်ပသို့ ထုတ်လွှတ်တိုက်ခိုက်ရသည် ဖြစ်သည်။ ခွန်အားလျင်မြန်မှု အာရုံငါးပါးလည်းတိုးတက်လာသည်။ ပလက်တီနမ်အဆင့်၌မိမိကိုယ်တွင်းမှချာကရာများကို လက်နက်အကူညီယူပြီးမှထုတ်လွှတ်စရာမလိုအပ်တော့ပေ။ ထိုချာကရာအစွမ်းများကိုတိုက်ရိုက် ပြင်ပသို့ထုတ်လွင့်၍ ကာကွယ်ခြင်း တိုက်ခိုက်ခြင်း လုပ်ဆောင်နိုင်သည်။ချာကရာစွမ်းအားကို အသုံးပြုကာ ရေပြင်တွင်လမ်းလျှောက်ခြင်းကိုလည်းလုပ်ဆောင်နိုင်သည်။ ဒိုင်းမွန်းအဆင့်ရောက်သောအခါ၌ ရေပြင်၌လမ်းလျှောက်နိုင် ယုံတင်မက ပြေးလွှားခြင်း လေပေါ်တွင်ချာကရာအစွမ်း အားကိုးဖြင့်လမ်းလျှောက်ခြင်းကိုလည်းလုပ်နိုင်မည် ဖြစ်သည်။ အဆင့်တက်လာသည်နဲ့အမျှ အရွယ်တင်လာမည်ဖြစ်သည်။ ပလက်တီနမ်အဆင့်၏သက်တမ်းသည် အများအားဖြင့်နှစ် ပေါင်းသုံးရာမျှရှိသည်။ သက်တမ်း..နှစ်သုံးရာ

(75)အိမ်

စုန်းမအိုကြီးသည် သူ၏အသက်ကိုလောင်ကျွမ်းစေပြီး ထွက်ပြေးလိုက်သည်။ယခုချိန်၌ သူမ မသေစေရန်သာ ဂရုစိုက်လိုက်သည်။သူမနေနဲ့ မသေပဲ ပြန်ရောက်နိုင်ခဲ့ပါက အယ်လီနာကိုပြန်လည်ဖမ်းခေါ်လာရန် အခွင့်ရေးရှိသည်။ သူမသာသေ သွားပါက ပြန်ရှာရန် အခွင့်ရေးကြန့်ကြာနှောင်နှေး သွားမည်ဖြစ်သည်။ ထို့သို့ထွက်ပြေးသွားသည်ကို မိုက်ကယ်လည်း သူ၏သွေးမျိုးဆက်နိုးထရစေကာ နောက်မှလိုက်သည်။ သို့သော်စုန်းမအိုသည် ယခင်အဆင့်အတိုင်းသာရှိမည်ဆိုပါက ဖမ်းမိနိုင်သော်လည်း ယခုချိန်၌စုန်းမအိုသည် သူ၏အသက် ဓာတ်ကိုလောင်ကျွမ်းကာအမြန်နှုန်းတိုးမြင့်ထားသည်။ ဝှီး စုန်းမအိုကြီး၏အမြန်နှုန်းကား သူ၏လက်ရှိပြေးနှုန်းထက် ယာယီလေးဆမျှပိုမိုမြန်ဆန်နေသည်။ ဝှီး....ဂီး.... မိုက်ကယ်လည်းနောက်မှသူ၏သုံးနိုင်သမျှသောအစွမ်းဖြင့် အသားကုန်လိုက်သည်။ မိုက်ကယ်ကတော့ သွေးမျိုးဆက်အစွမ်းကို အပြည့်ဝမ ကိုင်တွယ်နိုင်သေးသောကြောင့် စုန်းမအိုကြီးကို အမိဖမ်းရန် ကသူအတွက်မလွယ်ကူဖြစ်လာစေခဲ့သည်။ ထို့ကြောင့် မိုက်ကယ်သည် စုန်းမအိုကြီးကို မဖမ်းနိုင်တော့ပဲ လွတ်ပေးလိုက်ရတော့သည်။ ထိုအခါ စုန်းမအိုကြိီးသည်အသက်ဘေးမှ လွတ်မြောက်ကာ ထွက်ပြေးနိုင်သွားခဲ့သည်ဖြစ်သည်။ ဖမ်းမိနိုင်ခြင်းမရှိတော့ရာ မိုက်ကယ်လည်း ဂျိတ်ထံပြန်လည် လှည့်ပြန်လာလိုက်သည်။ဂျိတ်ထံရောက်သည်နဲ့ သူမ အောင်မြင်ကြောင်း ညိုးငယ်သောမျက်နှာတအီအီလုပ် ပြသည်။ ထိုအချိန်တွင်သူ၏သွေးမျိုးဆက်အစွမ်းကိုပြန်လည်ရုတ် သိမ်းထားပြီးဖြစ်သည်။မိုက်ကယ်၏သွေးမျိုးဆက်အစွမ်း လည်း အသုံးပြုချိန်ကြာလေ အသုံးပြုသူကိုပါ ဆိုးကျိုး သက်ရောက်စေသောကြောင့်ဖြစ်သည်။ ဂျိတ်လည်း "ပြသနာမရှိဘူး မင်းကြိုးစားခဲ့တာပဲ သွားစို့အိမ်ပြန်ကြမယ်" ထိုသို့ပြောသည်နဲ့ မိုက်ကယ်လည်း အိမ်ပြန်ရန်ပြင်ဆင်လိုက် သည်။သို့သော်ဒီအတိုင်းတော့ မဟုတ် သူ၏ကျောပေါ်သို့ အယ်မလီလေးစီးရန် လုပ်ဆောင်လိုက်ခြင်းပင်ဖြစ်သည်။ အယ်မလီလေး၏အနားတွင် မိုက်ကယ်သည် ဝပ်ချလိုက်ကာ သူ၏ကျောပေါ်သို့တက်ပြီးစီးပါရန် မျက်နှာအမူထားလုပ် ပြ၏။ထိုအခါ အယ်မလီလည်း မိုက်ကယ်ကျောပေါ်သို့ တက် စီးလိုက်၏။ထိုအခါမှသာမိုက်ကယ်၏မျက်နှာသည်ပျော်ရွှင် လာသည်။ "အချစ် ကိုယ်လည်း ချစ်ကိုပွေ့သွားရမလား" "နေပါစေ ကျမဘာသာလမ်းလျှောက်မယ်." ဂျိတ်နဲ့အယ်လီနာက အတူတူလမ်းလျှောက်ရင်းပြန်လာကြ သလို အယ်မလီလေးကတော့ မိုက်ကယ်ကိုစီးရင်းပြန်လာ လေသည်။ "ဂျိတ်..ဒီခွေးကတကယ်ကော စိတ်ချရလား" အယ်လီနာ ဂျိတ်ကိုမေးမြန်းသည်။ယခုခွေး၏အပြုမှုနဲ့ အစောပိုင်းကသူမမြင်ခဲ့သောခွေး၏အပြုမှုက သူမကိုထိတ် လန့်စေသည်။ခွေးရုတ်တရက်ဖောက်ပြန်ပြီး သူမသမီးကို တိုက်ခိုက်မည်ကိုစိုးရိမ်နေသည်။ "မပူပါနဲ့ မိုက်ကယ်ကလိမ္မာပါတယ် အစိုးရိမ်မလွန်ကဲနေပါနဲ့" "ဝူး...ဝုဝု...ဝူးအု...အု...ဝု" အယ်မလီကိုကျောပေါ်တင်ထားသောမိုက်ကယ်ခေါင်းက လည်း သူ့နောက်တွင်လမ်းလျှောက်လာနေသောအယ်လီနာကို လှည့်ကာ သူသည်အလွန်လိမ္မာကြောင်း သစ္စာရှိကြောင်း ယုံကြည်၍ရပါကြောင်း ခွေးဘာသာစကားဖြင့်ဆိုသည်။ ထိုအကြောင်းကို ဂျိတ်ကလည်း အယ်လီနာအားဘာသာပြန် ပြသည်။ဘာသာပြန်မှန်ကြောင်း မိုက်ကယ်မှခေါင်းညိတ် ပြသည်။ "ရှင်က ခွေးစကားတတ်တယ်ပေါ့" အယ်လီနာ အံသြနေသည်။ဂျိတ်သည် အစွမ်းထက်လှသော ခွေးကြီးတစ်ကောင်ရှိရုံသာမက ခွေးစကားကိုပါတတ်မြောက် သောကြောင့် အယ်လီနာအထင်ကြီးအံသြမိသည်။နောက်ထပ် သော အံသြစရာများရှိသေးကြောင်းကို ဂျိတ်အနေနဲ့ သူမကို ပြောပြမည်မဟုတ်ပေ။ "ရန်သူတွေလာနေပြီ ကိုက်ပရိုက်.." "မရွတ်စေနဲ့ ဝိုင်းပရိုက်"(မလွတ်စေနဲ့ ဝိုင်းလိုက်) အယ်မလီက သူ့ကိုယ်သူစစ်ပွဲအလယ်ထဲရောက်နေသည့်ပမာ မိုက်ကယ်ကိုအမိန့်ပေးသည်။သူ၏လက်ထဲတွင်လည်း တုတ် သေးသေးလေးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ သူ၏အမြင်တွင်တော့ သူသည် ဓားတစ်ချောင်းကို ကိုင် ဆောင်ထားကာ ကြီးမားသောတိုက်ပွဲဝင် ခွေးကိုစီးနင်းး ထားသည်။သူ၏ဓားဖြင့်ဝှေ့ယမ်းကာတိုက်ပွဲကိုအမိန့်ပေး နေသည်။ မိုက်ကယ်ကလည်း ရန်သူကိုကိုက်ဖြဲသည့်ပမာ ဟန်လုပ် ပြသည်။ အတိုင်ဖောက်ညီသောနှစ်ယောက်ကိုကြည့်ကာ အယ်လီနာ တော့ အံသြနေသည်။သူမ၏သမီးက အစွမ်းထက်လှသော ခွေးဆိုးကြီးကိုစီးနှင်းကာ ဆော့နေသည်။ထိုခွေးကလည်း အစောပိုင်းကအချိန်နဲ့ လားလားမျှမတူပဲ ပေါတောတောကြီး ဖြစ်နေသည်။ "မင်းထွက်သွားတော့ ကိုယ်အထီးကျန်တယ်ဆိုတာသိလား" ထိုစကားကိုမိုက်ကယ်ကြားသည်နဲ့ အနည်းငယ်ဝေးအောင် ပြေးလိုက်သည်။အလွန့်လွန်အလိုက်သိသောခွေးကြီးပင် ဖြစ်သည်။ ဂျိတ်အပြောကြောင့် အယ်လီနာမျက်နှာပန်းရောင်သန်းသွား သည်။ဂျိတ်လည်း အယ်လီနာမျက်နှာ ပန်းရောင်သန်းသွား သည်ကိုမြင်လိုက်ရသည်။အယ်လီနာသည် တစ်ခုခုဆိုရှက် တတ်သောမိန်းကလေးမျိုးဖြစ်သည်။ခုလည်းဂျိတ်အပြော ကြောင့် သူမ၏မျက်နှာပန်းရောင်သန်းသွားသည်။ "သိပါတယ်" တစ်ခွန်းသာပြောနိုင်သည်။ "ဘာလို့ မင်းလေးက ဘာလို့အရင်ကရုတ်တရက်ကြီးထွက် သွားခဲ့ရတာလဲ " ဂျိတ်မေးမြန်းလိုက်သည်။ "အရင်က အခုရှင်တွေ့တဲ့စုန်းမအိုကြီးက ကျမကိုတွေ့သွား တာလေ ဒါကြောင့် ရှင်ဒုက္ခမရောက်ရအောင်ထွက်သွားရတာ ပါ" ထိုစကားကို ဂျိတ်လက်ခံလိုက်သည်။သူဒုက္ခမဖြစ်စေရန် အယ်လီနာတစ်ယောက် အိမ်မှပြေးလာရာမှ ပြန်လည်လိုက် သွားခဲ့ရလေသည်။ထိုသို့မဟုတ်ပါက စုန်းမအိုကြီးသည် သူ့ ကြောင့်ဆိုကာ ထိုအချိန်ကတည်းက သူ့သတ်နှင့်ပြီးပြီ ဖြစ်သည်။ "ဒါဆိုအခုကြတော့ကော" "အခုက ကျမနောက်ဆုံးအကြိမ်တွေ့ချင်ဆိုလို့ ခဏလာတွေ့ ခိုင်းတာပါ ပြီးတော့ရှင်နဲ့တွေ့ပြီးတော့အခုလိုဖြစ်လာတာပဲ" အယ်လီနာထိုစကားကိုမရဲဝံပြောနေသော်လည်း သူမသည် ပျော်ရွှင်နေသည်။အချိန်တစ်ခုအထိသူမ ဂျိတ်နဲ့သူမ၏သမီး လေးနဲ့ အတူတူနေနိုင်သည်ဖြစ်သည်။ ဒီတစ်ခါဂျိတ်တားမိလိုက်သည်ကိုကျေနပ်မိသည်။သို့မဟုတ်ပါ က သူမနဲ့ဘယ်အချိန်ပြန်တွေ့ရမည်ကို သူခန့်မှန်းနိုင်မည် မဟုတ်ပေ။ ဒီလိုနဲ့သူတို့ကလည်းစကားပြောရင်းလျှောက်လာသလို မိုက် ကယ် ကလည်းအယ်မလီလေးကိုတင်လျက်အယ်မလီ စိတ်တိုင်းကျကစားပေးသည်။ထိုသို့ဖြင့် သူတို့သည် ဒီယေဂို မြို့အနီးရှိ သူတို့အိမ်ထိရောက်ရှိလာကြသည်။ "အချစ် ဒါကိုယ်တို့သားအဖနေတဲ့အိမ်ပဲ"

All Chapters