အခန်း (၄၉-၅၁)
Vol. 4 Ch. 49-51
(49)ထိတ်လန့်ခြင်းများစွာ
ဂျိတ်ကတော့ လူအုပ်ကြီးထံမှ ပိုက်ဆံတောင်းယူပြီးသည်နဲ့ အိမ်ထဲဝင်သွားလိုက်သည်။လူအုပ်ကြီးကလည်း ဂျိတ် ပြောထားသည့်အတိုင်း အိမ်အပြင်မှာနေ၍စောင့်လိုက်ကြ လေသည်။ အစားသောက်စားရဖို့အတွက် နောက်ထပ်ဆယ့်ငါးမိနစ်စောင့် ရန်က သူတို့အတွက် အများကြီးခက်ခဲတော့မယ်မဟုတ်ပေ။ "ခင်ဗျားတို့ ဒီမှာလာထိုင်ကြပါ" ဇိုက်က လူအုပ်ကြီးအကြောင်းကို အစကတည်းက ဘေးမှ နားထောင်နေခဲ့ရာ ထိုလူအုပ်ကြီးစားသောက်ရန်နဲ့ ထိုင်ရန် အတွက်နေရာထိုင်ခင်းကို ခြံထဲ၌ပင်ပြင်ဆင်ပေးလိုက်သည်။ လူအုပ်ကြီးကလည်း ဇိုက်ပြင်ဆင်ပေးသော နေရာတွင် သူ့ နေရာကိုယ့်နေရာယူကာ စားသောက်ရန်ပြင်ဆင်လိုက်လေ သည်။ ဂျိတ်၏ခြံဝင်းအတွင်းတွင် စားသောက်ရန်ထိုင်နေသောသူ တို့သည် ဂျိတ်ခြံဝင်းအကြောင်းကိုချီးကျူးမိကြသေးသည်။ ကြီးမားကျယ်ပြန့်သော ခြံဝင်း လှပသော သစ်သားနှစ်ထပ် အိမ်နဲ့ သေ သပ်သောအိမ်လုံးလေးတစ်ခုကလည်းရှိရုံတင် မက အရိပ်အာဝါသရသောသစ်ပင်ကြီးများ ယုန်လေးများ လည်းရှိနေသေးသည်။ ခြံဝင်းဝရှိ လှပသော ယုန်ရုပ်ကြီးနဲ့အိပ်မောကျနေသော ခွေးအကြောင်းကလည်းပါသေးသည်။ အိပ်နေသောခွေး သည် အစာများစွာစားရသောကြောင့် ဗိုက်ကြီးလုံးကား နေကာ ကြည့်ပါက ခွေးဖက်တီးနဲ့တူနေသည်။ ထို့ကြောင့် အိပ်နေသော ခွေးကိုကြည့်ကာရယ်မောမိကြသေး သည်။သူတို့ပြောနေသော ခြံဝရှိ ယုန်ရုပ်ကြီးနဲ့ ခွေးဖက်တီး တို့သည် မနေ့ညကကြမ်းပါသော လုပ်ကြံသူများကို သတ်ဖြတ်ခဲ့ခြင်းကိူ သူတို့မသိကြသေးပေ။ ဂျိတ်လက်ချက်ကြောင့်သေကြသည်သာ ထင်နေကြလေ သည်။သူတို့သာ အမှန်တရားကိုသိရှိသွားပါက ချက်ချင်းပင် စားဖို့စောင့်ဆိုင်းနေမည်မဟုတ်ပဲ ထပြေးကြမည်ဖြစ်လေ သည်။ "ဝှိုက်တီရေ.. ဂျိတ် သူ၏စက်ရုပ်စားဖိုမှုးကိုခေါ်၍ မည်သို့မည်ပုံချက်ပြုတ် လုပ်ဆောင်ရန်ပြောကြားလိုက်သည်။အပွဲငါးဆယ် လုပ်ဆောင်ရမည်ဖြစ်ကြောင်းပြောသည်နဲ့ စက်ရုပ်၏အကြ ည့်သည် တောက်ပသောအကြည့်များဖြစ်ပေါ်လာသည်။ ဂျိတ်ပြောကြားပြီးသည်နဲ့ ဝိုက်တီ ချက်ချင်းပင် စတင် ချက်ပြုတ်တော့သည်။ မီးဖိုချောင်ထဲတွင်လည်း ဓားခုတ်ထစ်သံများ ကြော်လှော်သံ များစတင်ထွက်ပေါ်လာလေသည်။ ဂျိတ်ကတော့ ညွှန်ကြားပြီးသည်နဲ့ သမီးလေးဖြစ်သူအယ်မလီ စာတတ်မြောက်ရန်အတွက်သာ စိတ်ထဲထားလိုက်သည်။ ဆယ့်မိနစ်ခန့်ရောက်သည်နဲ့ မွှေးကြိုင်သောရနံများစတင် ထွက်ပေါ်လာပြီဖြစ်သည်။ "မွှေးလိုက်တာ မနက်ကအနံအတိုင်းပဲ" "အေး ဟုတ်တယ်ဟ" "ငါတို့ပေးရတာတန်မယ်လို့မျှော်လင့်ပါတယ်" "အနံနဲ့ကိုတန်နေပါပြီဟ" လုပ်ကြံသူအချင်းချင်း ထွက်လာသော ရနံကြောင့် တီးတိုး ပြောဆိုလိုက်ကြသည်။ "သုံးဆောင်လို့ရပါပြီ" အသံနဲ့အတူ ထူးခြားသောအရာတစ်ခုက အစားသောက်များ ကို ယူဆောင်လာခြင်းကြောင့် လုပ်ကြံသူများလန့်ဖြတ်သွား ကြသည်။ အကောင်ခပ်ကြီးကြီးဝ ဝကြီးက မိမိတို့စားသောက်ရန် ယူဆ သောကြောင့်ပင်ဖြစ်သည်။ "ဒါ..ဒါကြီးကဘာကြီးလဲ" ဝိုက်တီ၏ပုံစံကို ကြည့်ကာ လုပ်ကြံသူများ အံအားသင့်သွား ကြသည်။ "ငါသိပြီ ဒါက စက်ယန္တားအတတ်ပဲဖြစ်ရမယ် ဂျိတ်ကဒါကို ထွင်ထားတာဖြစ်ရမယ်" "အော် ဒါဆိုဒါကြီးက စက်ယန္တားအတတ်နဲ့လုပ်ထားတဲ့ အရာကြီးပေါ့" ဝိုက်တီကိုကြည့်ရင်း သူတို့စိတ်ထဲမှထိတ့်လန့်မှုကိုပြန်လည် တွေးတောမိကြသည်။သူတို့အတွေးထဲ၌လည်း ဂျိတ်သည် စက်ယန္တားတတ်မြောက်သောကြောင့် ဆုကြေးများပြားရ ခြင်းဖြစ်သည်ဟုထင်မှတ်ယူဆသွားကြသည်။ စက်ယန္တားပညာရှင်များသည် အလွန့်လွန့်ရှားပါးသော အဖိုးတန်ပညာရှင်များဖြစ်ကြသည်။သူတို့တစ်ယောက်သာ နိုင်ငံတစ်နိုင်ငံ၌ရှိနေပါက ထိုနိုင်ငံသည် စက်ယန္တား ပညာရှင်ကြောင့် သာမန်ထက်တိုးတက်နှုန်းမြန်ဆန်သွား နိုင်သည်။ထို့ကြောင့် ဂျိတ်ကို များပြားသောဆုကြေး ထုတ်ထားရခြင်းဖြစ်သည်ဟု အထင်ရောက်သွားကြလေ သည်။ "သုံးဆောင်ကြပါ" ဝိုက်တီကတော့ သူကိုယ်တိုင်ချက်ပြုတ်ထားသော အပွဲငါး ဆယ်တိတိကို လာရောက်ချပေးကာ အိမ်ထဲ ပြန်လည်ဝင်ရောက်သွားသည်။ဝိုက်တီဝင်သွားမှသာ လုပ်ကြံ သူအဖွဲ့က သူတို့စားရန်ပန်းကန်ကိုကြည့်လိုက်ကြသည်။ သူတို့အတွက် ပြောပြစရာစကားတစ်ခွန်းသာရှိသည်။အံသြသ င့်စရာကောင်းအောင်လှပခြင်းဖြစ်သည်။ စားရလွယ်ကူစေရန်ဇွန်းနဲ့ခက်ရင်းကိုပါ ထားရှိထားရာ အဆင်ပြေစေသည်။ထမင်းကြော်ကို မောက်မို့နေသော တောင်ကမူလေး သဖွယ်လုပ်ထားပြီးဘေးတွင်လည်း ခရမ်း ချဥ်သီးများကို ပါးပါးစီလှီးကာ ခင်းကျင်းထားသည်။ကြက်ဥ ကြော်တစ်ခုနဲ့မွှေးကြိုင်နေသော အသားလေးတုံးကိုလည်း ခင်ကျင်းထားသေးရာ မျက်စိပဒေသာဖြစ်လှသည်။ ဆွဲဆောင်နေသဖြင့် သူတို့တုံဆိုင်းမနေပဲ ချက်ချင်းတစ်လုပ် မျှဦးစွာ စားသောက်လိုက်ကြသည်။ "ကောင်းလိုက်တာ" စားလိုက်သောလူတိုင်းပါးစပ်မှထွက်လာခြင်းဖြစ်လေသည်။ ဒီလောက်ကောင်းမွန်သောဟင်းလျာကို ယခုအခါမှ စားဖူးကြ ခြင်းဖြစ်လေသည်။ "ဒါ...ဒါတကယ်ကြီးလား" "အဖိုးကြီးဘာဖြစ်တာလဲ" တုန်လှုပ်နေသောလုပ်ကြံသူအဖိုးကြီးကို ကျန်သောလူတိုင်း ဝိုင်းဝန်းလှည့်လိုက်ကြသည်။အဖိုးကြီးသည် ဇွန်းနဲ့ခက်ရင်းကိုင်ရင်း သူရှေ့၌ချထားသော ပန်းကန်မှ ဟင်းလျာကိုကြည့်ကာ အံအားသင့်နေသည်။ "လှပသေ သပ်တဲ့ ပြင်ဆင်မူ ခရမ်းချဥ်သီးတွေကလည်း တစ် ခုနဲ့တစ်ခုလှီးထားတာညီနေတာပဲ ထမင်းကလည်း ထမင်းစေ့ တစ်စေ့စီတိုင်းက လှပစားချင်စဖွယ်ပါလားပြီးတော့ အသား ကိုလည်း မီးအပူချိန်အတိကျနဲ့ အသေချာကိုချက်ထားတာပဲ" အဖိုးကြီးမှသူ့၏အမြင်ဖြင့်သုံးသပ်ပြောကြားနေလေသည်။ ထိုအဖိုးကြီးသည် ကျွမ်းကျင်သောလုပ်ကြံသူတစ် ယောက်ဖြစ်ရုံသာမက စားဖိုမှူးတစ်ယောက်လည်းဖြစ်လေ သည်။သူတို့ထဲတွင် အစားသောက်နဲ့ပတ်သတ်ပါက ထို အဖိုးကြီးကိုကျော်နိုင်မည့်လူမရှိပေ။အဖိုးကြီး အံအားသင့် နေသောကြောင့်မေးမြန်းလိုက်ကြ လေသည်။ "ငါတို့ ရွှေတစ်ထောင်ပေးရတာတန်တယ်ကွ ဘာကြောင့်လဲမ မေးနဲ့ငါပြောပြမယ်" နောက်ထပ်ထမင်းတစ်လုတ်သူ့ပါးစပ်ထဲထည့်ပြီးမှ ဆက်လက်ပြောပြသည်။ "အခုမင်းတို့ရှေ့ပန်းကန်ထဲက ကျန်တာမတွေးနဲ့ ခရမ်းချဥ် သီးပဲကြည့် ဒါက သာမန်မဟုတ်ဘူး ရွှေရောင်ခရမ်းချဥ်သီးပဲ သူက စိတ်ကိုအေးချမ်းစေတယ် အရမ်းရှားပါးတယ် တစ်လုံး ကိုရွှေပြားငါးရာတန်နေပြီသိလား" ("ဘာရွှေပြားငါးရာဟုတ်လား ") လုပ်ကြံသူများစားရင်းလန့်ဖြတ်သွားကြသည်။မိမိပေးသော စျေးထက်ဒါက အလွန်မင်းတန်နေသည်မဟုတ်ပါလား။ ("အဲ့နေပါဦး ခရမ်းချဥ်သီးပဲ တစ်လုံး ရွှေပြားငါးရာဆိုပဲ " သူတို့အချင်းချင်းပန်းကန်ကြည့်လိုက်ကြသည်။တစ်ပန်းကန် တိုင်းတွင် ခရမ်းချဥ်သီးက တစ်လုံးပါလေသည်။ ("ဟ တစ်ပန်းကန်မှ တစ်လုံး ဒါဆိုအလုံးငါးဆယ်ပေါ့ စောက် ကျိုးနည်း သူဘယ်လိုတောင် ဖြုန်းပြနေတာလဲ") လုပ်ကြံသူတိုင်းစိတ်ထဲ ပြောမိလိုက်သည်။ အဖိုးကြီးမှမပြီးသေးဘဲဆက်လက်ပြောကြားသေးသည်။ "အသားက တိမ်ကျားသစ်သားပဲ သူတို့ဘယ်လောက်မြန်တယ် ဆိုတာမင်းတို့သိမှာပါ ပြီးတော့သူတို့စွမ်းရည်ကရွှေအဆင့် တစ်ပဲ ဒီမှာသုံးထားတဲ့ ထမင်းကလည်း သာမန်မဟုတ်ပြန်ဘူး အဲ့ဒီ တိမ်ကျားသစ်သွေးနဲ့စိုက်ပျိုးထားတဲ့ စပါးကိုသုံးထားတာ ကြ က်ဥကြော်ကလဲ ကြ က်ဥမဟုတ်ပြန်ဘူး နှင်းဖြူမြွေဥတွေကွ" အဖိုးကြီးမှ စားသောက်အရသာခံရင်းရှင်းပြလေသည်။ ကျန်သောစားသောက်နေသောလူတိုင်းကလည်း မိမိတို့စား သောက်နေသောအရာသည် နတ်သုဒ္ဓါထက်ထူးကဲလာသည်ဟု ပင် ခံစားမိလာကြသည်။ပါဝင်ပစ္စည်းများကလည်း သူတို့မ ထင်ထားလောက်သောပစ္စည်းများဖြစ်နေရာ အံသြ တုန်လှုပ် ကြရပြန်သည်။ တစ်လုပ်စားလေ နောက်တစ်လုပ်ထပ်စားချင်လေဖြစ်သည်။ အရသာရနံက သူတို့အား နောက်ထပ်စားချင်အောင်ဆွဲဆောင် နေလေသည်။ ထို့ကြောင့် စကားပြောရန်ပင် မေ့လျော့ကြကာစားသောက်နေ ကြလေသည်။ "ငါ အနိမ့်ဆုံးတွက်ချက်မူအရဆိုရင် တစ်ပွဲကို ရွှေပြားငါး သောင်းမဟုတ်ရင်တစ်သိန်းပဲ" အဖိုးကြီး၏နောက်ဆုံးပြောကြားချက်ကြောင့် စားနေသော လူတိုင်းထိတ်လန့်ရပြန်သည်။ "ဒီလိုပါဝင်ပစ္စည်းတိုင်းရအောင်အရင်ရှာကြည့်ပါဦးအဲ့လိုရ လာရင်တောင် ဘယ်သူကဒီလိုကောင်းအောင်ချက်တတ်မယ် ထင်လဲ" အဖိုးကြီးပြောကြားမှုကြောင့် လူတိုင်းသူတို့ပန်းကန်မှအသား တစ်မျှင်ထမင်းတစ်စေ့မျှမကျန်စေ ရန်စားသောက်လိုက်ကြ လေသည်။ လူတိုင်းက ယခုချိန်တွင် ပေးသည်ထက်တန်သော ဟင်းလျာကြောင့် ဂျိတ်ကိုကျေးဇူးတင်နေကြသည်။သူတို့မ သိသည်က ဂျိတ်သည်သူတို့စားနေကျ နဂါးသွေးဆန်စသော အရည်သွေးမြင့်များ ကိုလူစိမ်းများအားမကြွေးလိုသော ကြောင့် ထိုပစ္စည်းများဖြင့်ဝိုက်တီအားစီမံကျွေးမွေးစေလိုက် သည်ကိုပင်။ထိုအကြောင်းရာကို သူတို့သိပါကလည်း သွေးအန်သွားနိုင်သည်။ "နောက်ထပ်တစ်ပွဲရဦးမလား" "မရပါဘူး " စက်ရုပ်ဝိုက်တီ ထွက်လာပြီးဖြေကြားလိုက်သည်။ စက်ရုပ်ဝိုက်တီသည် စားပြီးသောပန်းကန်များကိုလာရောက် သိမ်းဆည်းခြင်းလည်းဖြစ်လေသည်။ မရဘူးဆိုသည်နဲ့ လူတိုင်း စားသောက်ပြီး ခြံတွင်းမှထွက်ခွာ လာကြလေသည်။ "နေပါဦး လူကြီးမင်းတို့" စက်ရုပ်ဝိုက်တီပြောကြားမှုကြောင့် ပြန်ရန်ကြံနေကြသော လူ များပြန်လှည် လှည့်ကြည့်လာကြသည်။ "သခင်ကပြောတယ် ညတိုင်းလာလုပ်ကြံ လို့အောင်မြင်မဲ့သူကို သူလဲစောင့်နေပါတယ်လို့ပြောပေးပါ တဲ့" ("ငါ...လူးမ....လခွမ်း...သူက သိနှင့်နေတာဟ".....)
(50)
"ငလူး ပြေးကြဟေ့" လူတိုင်း ဝှိုက်တီ၏ပြောသံကြားပြီး ဂျိတ်၏ခြံဝင်းမှ ပြေး ထွက်လာခဲ့ကြသည်။မိမိတို့၏နောက်တွင် သားရဲကောင်ကြီး လိုက်လာသည့်အလား လုံးဝမရပ်မနားဘဲ ပြေးလွှားလိုက်ကြ သည်။ "ဟူးး ဟောဟဲ ဟောဟဲ" လုပ်ကြံသူတိုင်း ဒီယေဂိုမြို့ထဲရှိမိမိတို့နားခိုနေရာရောက်မှ သက်ပြင်းချကာ အမောဖြေလိုက်ကြသည်။ အမှန်အားဖြင့် မြို့ပြင်မှမြို့ထဲသို့ပြေးလွှားခြင်းက သူတို့အဆင့်ဖြင့် မောပန်းခြင်းကမဖြစ်နိုင်ပေ။သိူ့သော် ၎င်း တို့၏စိတ်ထဲတွင် ကြောက်သောစိတ်က စိုးမိုးထားရာ မောပန်းသွားကြခြင်းဖြစ်သည်။ "သူ..သူကသိနေတယ်ဗျ" လုပ်ကြံသူတစ်ယောက်မှ စတင်ပြောလိုက်သည်။ "အေးဟ ငါတို့ပြောမှသိမယ်ထင်တာ သူကအစကတည်းက သိနေတယ်ထင်တယ်" "ငါတို့ သူကိုလုပ်ကြံမဲ့မစ်ရှင်မလုပ်ကြတာကောင်းမယ်" လုပ်ကြံသူအဖိုးကြီးမှပြောကြားသည်။ "ဘာကြောင့်လို့လဲ" နောက်တစ်ယောက်မှ စောဒကတက်လိုက်သည်။ "ဟ ဟိုကသူ့ကိုသတ်မဲ့လူတွေမှန်း သိသိကြီးနဲ့ နေ့လယ်စာ ရောင်းပေးတာနော် သူမှာယန္တားရုပ်ကြီးလဲရှိသေးတယ် ငါ တို့ကိုတစ်ခါတည်းမသတ်သွားတာ ကံကောင်း ပြီးတော့သူ့ သိုင်းအဆင့်က ငါလဲ မမြင်ရဘူး အနည်းဆုံးရွှေနှစ်ထက်မြင့် နိုင်တယ်လို့ငါခံစားရတယ်" လုပ်ကြံသူများ ငြိမ်သက်သွားကြသည်။သူပြောသည်မှာ လည်း မှန်ကန်လေသည်။ဂျိတ်အနေနဲ့ သူတို့ကို နေ့လယ်စာမ ရောင်းပဲ ယန္တားရုပ်ဖြင့် သတ်၍လည်းရနိုင်လေသည်။ အဖိုးကြီးသည် ယခုလက်ရှိ၌မိမိတို့တွင် သိုင်းအဆင့်အမြင့် ဆုံးဖြစ်လေသည်။သူ၏အဆင့်သည် ငွေအဆင့်ကိုးဖြစ်ကာ အကြားမြင်အစွမ်းကို ပိုင်ဆိုင်ထားသည်။ "ပြီးတော့.. " စကားကို ဆက်မပြောတော့ပဲ အဖိုးကြီးသည် ချက်ချင်းကြာ ပန်းသဏ္ဏာန်ထိုင်ချလိုက်သည်။ "ဟသူက စကားဆက်မပြောပဲ ဘာလုပ်တာလဲဟ" အဖိုးကြီး၏အပြုမှုကြောင့် လူတိုင်းအံအားသင့်သွားကြ သည်။ "ဒါ..ဒါက သူအဆင့်တက်နေတာပဲ" "ဘာ" လူတိုင်း လန့်သွားကြသည်။အမှန်တကယ်လည်း အဖိုးကြီး၏ကိုယ်ခန္ဓာမှ အဆင့်တက်တိုင်းထွက်တက်သော အော်ရာများကို သူတို့ခံစားလိုက်ကြရသည်။ "ဝုန်း" "ဟား..ဟားငါအဆင့်တက်သွားပြီကွ နေ့လယ်စာကျေးဇူးပဲ ငါအဆင့်တက်မယ်လို့ငါမထင်ထားမိဘူး" အဖိုးကြီးမျက်လုံးဖွင့်ပြီး ဝမ်းသာအားရပြော ကြားလိုက်သည်။ငွေအဆင့်တစ်ဆယ် ။သူ့ကိုယ်သူကျေနပ် အားရသွားသည်။သူ့ဘဝတွင် ငွေအဆင့်ကိုးသည် အမြင့်ဆုံး ဖြစ်သည်ဟုထင်ခဲ့သည်။အခုအခါ အဆင့်တက်သွားသော ကြောင့် အတိုင်းမသိဝမ်းသာမိသည်။ အဖိုးကြီးစကားပြောပြီးသူတို့လည်း သူတို့ကိုယ်ထဲမှ အခြေ နေတစ်ခုကို သူတို့လည်းခံစားလိုက်ကြသည်။ ဟုတ်ပေသည်။သူတို့ပြေးလွှားမှုကြောင့် သူတို့စားသောက် လာသော နေ့လယ်စာများသည် စွမ်းအင်အဖြစ်ပြောင်းလဲကာ သူတို့ကိုယ်ခန္ဓာအတွင်းနေရာအနှံအပြားသ်ို့ ပြန့်နှံသွားသည်။ ပြည့်နှက်လာသောအခါ ပိုလျှံနေသော စွမ်းအားများသည် အ ဆင့်တက်ရန်ကိုလှုံဆော်ပေးလာသည်။ "ဝုန်း"...... အယောက်ငါးဆယ်လုံး အဆင့်တက်သွားကြလေသည်။ "ဒါ..ဒါဆို နေ့လယ်စာကအဆင့်တက်ဆေးဝါးတစ်လုံးနဲ့ညီ တယ်ပေါ့" သူတို့ချွေးသီးများကျဆင်းလာသည်။ဒါမျိုးဆိုပါက အဆင့် တက်ဆေးဝါးသည် သူတို့စားသောက်လာခဲ့သော နေ့လယ်စာ နဲ့နှိုင်းယှဥ်ပါက လုံးဝနိမ့်ကျသွားလေသည်။ သူတို့စားသောက်လာသော နေ့လယ်စာတန်ကြေးသည် အဆ င့်တက်ဆေးဝါး၏ဆယ်ပုံတစ်ပုံမျှသာ တန်ကြေးရှိသည်။ သို့သော် အာနိသင်ကအဆင့်တက်ဆေးဝါးထက်အဆပေါင်း များစွာသာလွန်လေသည်။ အဆင့်တက်ဆေးဝါးသည် အဆင့်တက်အောင်သာကူညီပေး နိုင်ကာ သူတို့စားခဲ့သော ဂျိတ်အိမ်မှ အစားသောက်ကတော့ အဆင့်တက်စေရုံသာမက သူတို့ကိုယ်ခန္ဓာကို သန်မာလာစေ ရုံမက အဆင့်တက်ရာ၌ အခြေ ခိုင်မာလာအောင်လုပ်ဆောင် ပေးသည်။ အာနိသင်က မြေကြီးနဲ့ကောင်းကင်ပမာ ကွာခြား လှသည်။ ("ငါတို့သာ ဒီလိုမျိုးအစားသောက်တစ်လ လောက်စားလိုက်ရ ရင်ဖြင့်") သူတို့ဆက်လက်မတွေးနိုင်တော့ ။ဒီလိုအစားသောက်များက သူတို့လောကကြီး၏မျှခြေကို ဇောက်ထိုးလုပ်ပစ်နိုင်မည် ဖြစ်သည်။ "အဲ့ ငါတို့ ဆက်ပြီးသွားစားကြမယ်လေ" "လဒ သူက ငါတို့ကိုလုပ်ကြံသူမှန်းသိတယ်ဟ " "နဂိုတည်းက သိပြီးသားကို နောက်ထပ်သွားပြီး ဝယ်စားတာ က ဘာဖြစ်ဦးမှာမို့လဲ" သူအပြောမှန်ကြောင်း လူတိုင်းတွေးလိုက်ကြသည်။ မထူးဇာတ်ခင်းကာ စားသောက်ရန်တွေးလိုက်ကြသည်။ "ငါတို့တစ်ခေါက်စားတာတောင် အဆင့်တက်တယ်ဆိုပါမှ တော့ အမြဲစားသောက်နေတဲ့ ဂျိတ်ဆိုရင်ကော" လူတိုင်းခေါင်းထူပူသွားသည်။ဟုတ်ပေသည်။နေ့တိုင်း ဂျိတ် ကဒီလိုအစားသောက်တွေဖြင့် စားသောက်နေမှတော့ သူ၏အဆင့်ကမတက်ပဲမဖြစ်နိုင်ပေ။ဒါကြောင့် ဂျိ တ်၏မျက်လုံးထဲတွင် မိမိတို့သည် သာမန်ပိုးကောင်လေးများ သာဖြစ်ပေလိမ့်မည်။ "ဒါဆိုလဲ ငါတို့ဆုကြေးမစ်ရှင်လွတ်လိုက်ကြစို့ ပိုက်ဆံက ဘယ်လိုရှာရှာရတယ် အဆင့်တက်တာကမလွယ်နေဘူးနော်" အယောက်ငါးဆယ်ခေါင်းချင်းဆိုင်တိုင်ပင် ကာ ဆွေးနွေး လိုက်ပြီးအဖြေထုတ်လိုက်သည်။ထွက်လာသောအဖြေကား ရှင်းသည်။ ဂျိတ်ကိုသတ်ရန်ဖြစ်သော မစ်ရှင်ကိုဆက်မယူကြရန်ပင်။ပြီး တော့ ရွှေပြားကို အမြန်ဆုံးရအောင်ရှာဖွေပြီး ဂျိတ်ထံသွား ကာ ဝယ်ယူစားသောက်ရန်ပင်ဖြစ်သည်။ တစ်အချက်က အစားသောက်သည်လွန်စွာအရသာရှိသော ကြောင့်ဖြစ်သည်။ထိုကဲ့သို့အစားသောက်မျိုးစားသောက်ဖူး သွားပြီးဖြစ်ရာ ကျန်သောအစားသောက်များကို ဝင်အောင် စားသောက်ရန်က သူတို့အတွက်ခက်ခဲလာပြီဖြစ်သည်။ နှစ် အချက်က ထိုအရသာကောင်းမွန်သော အစားသောက် များသည် သူတို့အဆင့်ကိုတိုးတက်စေနိုင်သည်။ကြိုးစားမနေ ရပါပဲ သက်တောင့်သက်သာ အဆင့်တက်စေနိုင်သည်။တစ် ချက်ခုတ် နှစ်ချက်ပြတ်ပြီးသားဖြစ်သည်။ ညနေစောင်းရောက်သောအခါ လုပ်ကြံသူငါးဆယ်သည် မျက်နှာပြောင်စွာပင် အစားသောက်ဝယ်ယူလိုကြောင်း ဂျိတ် ထံရောက်ရှိလာပြန်သည်။ "မရဘူး တစ်ရက်ကိုနေ့လယ်တစ်ချိန်ပဲရောင်းမယ်" ဂျိတ်အပြောကြောင့် သူတို့လည်းသက်ပြင်းချကာ ပြန်လှည့် သွားကြသည်။သူတို့စောဒက မတတ်ရဲ။သူတို့ကို ဂျိတ်အနေနဲ့ အသာလေးအလွယ်ကူအနိုင်ယူနိုင်ကြောင်းကိုလည်း သူတို့သိ ထားပြီးသားဖြစ်သည်။ဘယ်လိုသိကြသနည်းဟု လာမေး လျှင်တော့ သူတို့စိတ်ထဲမှခံစားချက်ကြောင့်ဟု သူတို့ဖြေ ကြ မည်ဖြစ်သည်။ အယ်မလီလေးသည် တစ်ရက်တည်းနဲ့အခြေခံ အက္ခရာများ ဖြစ်သော အေကနေဇက် (ဇိ )အထိ စကားလုံးများ တတ်မြောက်ရုံမက. စကားစုများကိုပင်အလွတ်ရနေပြီ ဖြစ်သည်။ထို့ကြောင့် ဂျိတ်လည်း သမီးဖြစ်သူအတွက် ကျေနပ်ပီတိဖြစ်မိသည်။ ညအချိန်လည်းခနတာအတွင်းရောက်ရှိလာလေသည်။ဒီယေ ဂိုမြို့ရှိဟောခန်းမတွင်လည်း လုပ်ကြံသူများပြန်လည်ရောက်ရှိ လာကြသည်မနေ့ကလူများလုပ်ကြံသူမအောင်မြင်သော ကြောင့် ယနေ့တွင် သူတို့မစ်ရှင်ယူဆောင်ရွက်ကြမည် ဖြစ်သည်။ သူတို့ရောက်ရှိသောအခါ အနည်းငယ်ထူးခြားနေကြောင်း လည်း ထပ်မံတွေ့ရှိကြသည်။ဤသည်မှာ လုပ်ကြံသူငါးဆယ် တိတိ ဟောခန်းထဲ၌မရှိနေခြင်းပင်ဖြစ်လေသည်။ "ဟ သူတို့ဘယ်ပျောက်ကုန်ကြတာလဲဟ"
(51)ပြန်ရောက်ရှိလာသူ
လုပ်ကြံသူများ အယောက်ငါးဆယ်တိတိထပ်မံပျောက်သွား သောကြောင့် အနည်းငယ်အံအားသင့်နေကြသည်။မနေ့က လုပ်ကြံသူများသေဆုံးရသောကြောင့် ကြောက်သွားနေ သလား ဟုစဥ်းစားလိုက်ကြသေးသည်။ သို့သော် လူနည်းလေ ပိုကောင်းလေဖြစ်သောကြောင့် ယခု ရောက်ရှိနေသောလုပ်ကြံသူများသည် မကြာခင်မှာပင်ပျောက် နေသော လုပ်ကြံသူအယောက်ငါးဆယ်အကြောင်းကို မေ့လျော့သွားကြပြန်သည်။ လုပ်ကြံသူများစုဝေးရောက်ရှိနေသော်လည်း ယခင်နေ့ကမဲစီ စဥ်ပေးသောလူကြီးကတော့ ယနေ့ည၌မရှိတော့ပေ။သူအနေ နဲ့ ဂျိတ်၏သတင်းအကြောင်းကို သေချာစုံစမ်းရန်တစ်ပတ်ခ န့် ပျောက်ကွယ်နေမည်ဖြစ်သည်။ ထို့ကြောင့် ယခုရောက်ရှိနေသောလုပ်ကြံသူများကလည်းမိမိ တို့မဲအမှတ်စဥ်ကျရာကိုစုဝေးကာ မစ်ရှင်ကို ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြသည်။ ပျောက်နေသောလုပ်ကြံသူငါးဆယ် ဘယ်ရောက်နေသနည်း။ ပျောက်နေသောလုပ်ကြံသူငါးဆယ်သည် လုပ်ကြံသူ ဌာနချုပ်၏အသင်းခွဲနေရာသို့ရောက်ရှိ နေကြလေသည်။ ထိုအသင်းခွဲသည် ရေကာမြို့တွင် တည်ရှိသည်။ထိုမြို့တွင် လုပ်ကြံသူအသင်း၏အသင်းခွဲကို သိုသိုသပ်သပ်ဖွဲ့စည်း ထားသည်။ ဒိီယေဂိုမြို့နဲ့အနီးဆုံးသည် ရေကာမြို့ဖြစ်သော ကြောင့် သူတို့ရေကာမြို့သို့ရောက်ရှိနေခြင်းဖြစ်သည်။ သူတို့သည်အသင်းခွဲနေရာ၌မစ်ရှင်စာရွက်များကိုပြူးတူးပြဲ ရှာဖွေနေကြသည်။ဆုကြေးများသောစာရွက်ကြီးသောမစ်ရှင် မှလွှဲ၍ ကျန်သောမစ်ရှင်များကိုသာ သဲ ကြီးမဲကြီးရှာဖွေနေ ကြသည်။ "ငါ ဒါယူမယ်.." "ငါက ဟိုဟာယူမှာနော် မလုနဲ့" ဆုကြေးများသောမစ်ရှင်ကတော့ ထုံးစံအတိုင်း ဂျိတ်ကို လုပ်ကြံရမည့်မစ်ရှင်ဖြစ်သည်။ထို့ကြောင့် ယခုရောက်ရှိနေ သောလုပ်ကြံသူငါးဆယ်သည် ကျန်သောမစ်ရှင်များကို အလု ယှက်ယူကာ မစ်ရှင်လုပ်ဆောင်ရန်ထွက်ခွာသွားကြသည်။ လုပ်ကြံသူအယောက်ငါးဆယ် ထိုသို့ဖြစ်ပျက်နေသည်ကို အသင်းခွဲရှိတာဝန်ခံပင်အံသြ နေလေသည်။ရှိသမျှသော လုပ်ကြံသူများက ဂျိတ်ကိုလုပ်ကြံမည်မစ်ရှင်အတွက် ဒီယေဂို မြို့သို့ သွားနေချိန်တွင် သူတို့ကသေးငယ်သော မစ်ရှင်များကို ယူနေကြသောကြောင့် ဖြစ်သည်။ သူတို့ကိုထိုသို့ဖြစ်စေသောအကြောင်းရင်းမှာ ဂျိ တ်၏နေ့လယ်စာကြောင့်ဖြစ်လေသည်။ရွှေပြားတစ်ထောင် တန် နေ့လယ်စာက သူတို့အတွက်အရေးပါနေပြီဖြစ်သည်။ အရသာကောင်းမွန်ခြင်း အဆင့်တက်စေခြင်းကြောင့် သူတို့ အတွက် ဂျိတ်အိမ်မှနေ့လယ်စာသည်အဖိုးတန်ဆုံးအရာ ဖြစ်လာပြီဖြစ်သည်။ နောက်တစ်ခေါက်ဝယ်စားရန် တစ်နပ်စာအလုံလောက်ရှိ သော်လည်း ကြိုတင်စုဆောင်းရန် လုပ်ကြံသူအယောက်ငါး ဆယ်လုံး ကြိုတင်ပြင်ဆင်ထားကြခြင်းလည်း ဖြစ်သည်။ ဒီယေဂိုမြို့ဟောခန်းမှာရှိသော လုပ်ကြံသူများကလည်း မိမိတို့ အမှတ်စဥ်အတိုင်း ပြန်လည်စတင်လိုက်ကြသည်။ "ခွမ်း...ခွမ်း" လုပ်ကြံမှုစတင်ပြီးတိုင်း သွားရောက်လုပ်ကြံသော သူ၏အသက်တံဆိပ်ပြားများလည်း ကွဲကြေသွားကြချည်း ဖြစ်လေသည်။ တစ်ခေါက်နှစ်ခေါက်အထိ တော့လုပ်ကြံသူများမဂရုမစိုက်ကြ သေးပေ။မက်လောက်သောဆုကြေးက သူတို့အားဆက်လက် ဆွဲဆောင်ထားသည်မဟုတ်ပါလား။ ဆယ်ယောက်အထိ သေဆုံးကြသောအခါ လုပ်ကြံသူများ လည်း စတင်သွေးပျက်လာဟန်ရှိသည်။များပြားလှသော ဆုကြေးလည်း သူတို့အပေါ်သက်ရောက်ခြင်းမရှိတော့ပေ။ ဆုကြေးနဲ့အသက်ဆိုလျှင် အသက်ကသူတို့အတွက် ပို၍အရေးကြီးသည်မဟုတ်ပါလား။ ကျန်ရှိနေသော လုပ်ကြံသူများကလည်း မစ်ရှင်ဆောင်ရွက် ခြင်းကို နားလိုက်ကြကာ အထက်မှသတင်းပြန်လာမည့်အချိန် ကိုသာစောင့်မျှော်နေလိုက်ကြလေသည်။ ("ဟ သူတို့မလာကြတော့ဘူးလား") ဒီလိုအတွေးတွေ တွေးနေသူက ခြံဝတွင်ထိုင်စောင့်နေသော ခွေးမိုက်ကယ်ပင်ဖြစ်သည်။ခွေးမိုက်ကယ် က သတ်လိုက် ခြံ ရှိ ယုန်ရုပ်ကြီး များက ခွေးမိုက်ကယ်သတ်လိုက်သောလုပ်ကြံ သူများကို မြေတူးမြုပ်ပေးလိုက်နဲ့ အလုပ်ဖြစ်နေကြသည်။ "နောက်ဆုံးတော့ သူတို့ကပျော်ပျော်ရွှင်ရွှင်နဲ့ သက်ဆုံးတိုင် နေထိုင်သွားကြတယ်တဲ့ကွယ်" ဂျိတ်ရဲ့အသံက အိမ်ထဲတွင်ပျံလွင့်နေလေသည်။ "ဖီဖီတအားမိုက်တယ်နော် ပုံပြင်က " ဂျိတ်ပြောပြသောပုံပြင်လေးနားထောင်ပြီးအယ်မလီလေး သဘောကျနေလေသည်။ဂျိတ်လည်း ဖတ် ပြ ပြီးသွားပြီဖြစ်သော ပုံပြင်စာအုပ်လေးကို ပိတ်ကာ အယ်မလီ လေး၏နဖူးလေးကိုနမ်းရှုံ့ လိုက်သည်။ "သမီးလေးသာ နောက်ထပ်စာတွေဖတ်တတ်လာရင် အဖေက သမီးကိုအဲ့လိုပုံပြင်စာအုပ်လေးတွေဖတ်ဖို့ပေးမယ်" "တကယ်နော်ဖီဖီ" "ဒါပေါ့ အခုတော့အိပ်တော့နော်" ဂျိတ်လည်းသမီးလေးအယ်မလီကိုချော့သိပ်ပြီးအိပ်စေလိုက် သည်။အယ်မလီလေးလည်း မကြာမီအချိန်တွင်း၌ပင် နှစ် နှစ်ခြိုက်ခြိုက်အိပ်မောကျသွားပြီဖြစ်သည်။ ဇိုက်လည်း ထုံးစံအတိုင်းပင် တစ်နေကုန်လေ့ကျင့်ထရသည် ဖြစ်ရာ ညရောက်သည်နဲ့သူ၏ဟောက်သံက သူနေထိုင်ရာ အိမ်ထဲတွင် အတိုင်းကြားနေရဆဲဖြစ်သည်။ ယခုချိန်အိမ်တွင် မအိပ်သူဆို၍ ဂျိတ်နဲ့လုပ်ကြံသူများထပ်လာ လေမလားဟူ၍စောင့်ဆိုင်းနေသော ခွေးမိုက်ကယ်ပင်ဖြစ် လေသည်။ ဂျိတ်လည်း တင်ပလ္လ င်ခွေသဏ္ဏ န်ထိုင်လိုက်ပြီး သူ၏စိတ် ဝိညာဥ်ကို အာရုံပြုလိုက်သည်။ဂျိတ်အနေနဲ့ ညတိုင်းညတိုင်း သူ၏စိတ်ဝိညာဥ်အာရုံကို စနစ်အစွမ်းဖြင့် စနစ်လေ့ကျင့်ခန်း ထဲဝင်၍ နေ့တိုင်းလေ့ကျင့်လေသည်။သူ့အနေနဲ့ တစ်ရက်မှမ ပျက်မခံလေ့ကျင့်လေသည်။ ယခု သူရောက်ရှိနေသောကမ္ဘာကြီး၏စည်းမျဥ်းသည် အင်း အားကြီးသူသာအနိုင်ရသည်ဖြစ်ရာ ဂျိတ်ကြိုးစားနေရခြင်း ဖြစ်သည်။ ကြိုးစားရသည့်အကြောင်းရင်းကာရိုးရှင်း၏။သူသည်ယခင် ရက်ထက်ပိုသန်မာလာရန် သမီးလေးကို ကာကွယ်နိုင်ရန် ဖြစ်သည်။ ယခုညလေ့ကျင့်သည့်အစီစဥ်သည် စိတ်ဝိညာဥ်ကို ကိုယ်ခန္ဓာ မှခွဲထုတ်ကာ ကြယ်တာရာများနဲ့ ချိတ်ဆက်ခြင်းကို လေ့ကျင့် နေခြင်းလည်းဖြစ်လေသည်။ ဆာဗေ့တို့နေရပ်နဲ့နီးစပ်သော တောရိုင်းတစ်နေရာ "ဟိး....ဟူးးးးး" တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသောအသံကြီးသည် မြေကြီးမှတုန်ဟီးလာလေသည်။ထိုအသံကြီးသည် ဆယ့်ငါးစ က္က န့်အထိမြည်နေလေသည်။ထိုသို့မြည်ပြီး တခဏ၌ မြေကြီးသည် အက်ကြောင်းထလာလေသည်။ "ဝုန်း" အက်ကြောင်းထလာသောမြေကြီးသည် ချက်ချင်းဆိုသလို ပေါက်ကွဲသွားလေသည်။ပေါက်ကွဲမှုကြောင့် ထိုနေရာ တစ်ဝိုက်သည် မြေကြီးခဲလွင့်စင်မှုများဖြစ်ပေါ်လာသည်။ မီးခိုးများလည်း ဖြစ်ပေါ်လာရလေသည်။ ပေါက်ကွဲသွားသောမြေကြီးနေရာသည် လိုဏ်ခေါင်းကြီးပမာ ဖြစ်ပေါ်လာလေသည်။ထိုလိုဏ်ခေါင်းကြီး၏အတွင်း ပိုင်းသည် နီရဲနေကာ အလွန်ပူပြင်းသော မီးများတောက် လောင်နေလေသည်။ထိုထဲမှ အရာဝတ္ထုတစ်ခုသည် လိုဏ်ခေါင်းထဲမှ ထွက်လာဟန်ရှိလေသည်။ ထိုအရာဝတ္ထု မြေပြင်ပေါ်သို့ရောက်လာသောအခါသူ၏မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကိုကြည့်ရှူလိုက်လေသည်။ ပြီးမှ ဟုတ်သည် ဟူသောအမူရာဖြင့် သူ့ကိုယ်သူခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူ၏ကြောက်ဖွယ်ကောင်းသော အသံဆိုးကြီးဖြင့် အော်ဟစ်လိုက်လေသည်။ "ငါတဖန်ပြန်ရောက်လာပြီကွ" ထိုအသံကြောင့် ထိုအကောင်ကြီး၏ပတ်ဝန်းကျင်အသံလှိုင်း ပြန်ရာတစ်လျှောက်တွင်ရှိသော အရာဝတ္ထုများသည် လောင်ကျွမ်းခြောက်သွေ့ကာ သေဆုံးကြကုန်သည်။