အခန်း (၅၂-၅၄)
Vol. 4 Ch. 52-54
(52)အရေးတကြီးကိစ္စ
"ဟူး ငါ့ကောင်တို့အသင့်ပဲလား " လုပ်ကြံသူတစ်ဦးမှနေ၍ စတင်ပြောကြားလိုက်သည်။ "ဒါပေါ့ကွာ ကဲတစ်ယောက်ကို ရွှေပြားတစ်ထောင်စီစုပြီးဒိုးကြ စို့ " "ကဲ သွားကြတာပေါ့" သူတို့အယောက်စီတိုင်း၏ မျက်နှာတွေကလည်း တက်ကြွကာ စိတ်လှုပ်ရှားနေဟန်ရှိသည်။ ညကတစ်ညလုံးမစ်ရှင် လုပ်ဆောင်ခဲ့ကြသော်လည်း သူတို့နေဖြင့် အိပ်ချင်စိတ်မရှိ ပေ။ငွေအဆင့်သို့ရောက်သောသူများအနေဖြင့် သုံးလေးရက် မျှ အိပ်ရေးပျက်သည်က ဘာမှမဖြစ်နိုင်စေပေ။ လုပ်ကြံသူအယောက်ငါးဆယ်လည်း မနက်စာစားသောက်ရန် အတွက် ညကသဲကြီးမဲကြီး မစ်ရှင်လုပ်ကာ ရှာဖွေလာကြခြင်း ဖြစ်လေသည်။ မနက်စာ စားရရန်အတွက်လည်း ဂျိတ်မနက်စာစားချိန်ကို ဒီ ယေဂိုမြို့သားတစ်ယောက်ထံမှ ရွှေနှစ်ပြားပေးပြီးမေးမြန်း လာခဲ့ခြင်းလည်းဖြစ်သည်။ မနက်ခင်းပိုင်းကြီး ဂျိတ်၏ခြံရှေ့၌ လူအယောက်ငါး ဆယ်သည် တက်ကြွစွာဖြင့်ရောက်ရှိနေပြီဖြစ်သည်။ "ဆရာဂျိတ်ရေ ကျနော်တို့မနက်စာဝယ်စားပါမယ်ဗျ ကျေးဇူးပြုပြီးတော့" သူတို့တစ်ပြိုင်တည်းအော်သံက ဟိန်းခနဲထွက်ပေါ်လာသည်။ သူတို့အော်သံကြောင့် ဂျိတ်လည်း မိမိအိမ်ရှေ့သို့ သူတို့ ရောက်လာကြောင်း သိလိုက်ကြသည်။ ဂျိတ်လည်းအိမ်ထဲမှထွက်လာကာ "ပေး အစားသောက်ကြေး" ဂျိတ်တောင်းသည်နဲ့ လုပ်ကြံသူတစ်ယောက်သည် သူတို့ အားလုံးစုထားသော ငွေထုပ်တစ်ထုပ်ကို ဂျိတ်ထံအားပေး လိုက်သည်။ "ဒီမှာပါ ဆရာ အယောက်ငါးဆယ်စာ ရွှေပြားငါးသောင်းပါ ဆရာ" ဂျိတ်ကမိမိထံရောက်လာသော ငွေထုပ်ကိုရေတွက်ခြင်းမရှိပဲ ယူဆောင်သွားလေသည်။ "မင်းတို့ဆယ့်ငါးမိနစ်စောင့် ပါ" ပြောဆိုပြီးသည်နဲ့ အိမ်ထဲပြန်ဝင်သွားလေသည်။ မနေ့ကသူတို့စားသောက်ခဲ့သောစားပွဲကို ဇိုက်မှပြန်သိမ်းခြင်း မရှိသေးရာ သူတို့လည်းမနေ့ကထိုင်ခဲ့နေရာ၌ပင် ပြန်လည် ထိုင်ကာ ဝှိုက်တီလာပို့မည်ဟင်းလျာကို ထိုင်စောင့်နေလိုက်ကြ သည်။ ("ဘာရွှေပြားငါးသောင်းဟုတ်လား") ခြံပင်မှာ ပုန်းကွယ်ကာနားထောင်နေသော ဒီယေဂိုမြို့စားအံ အားထိတ်လန့်သွားသည်။မိမိတို့အခွန်ကောက်ခံရာ၌ ရွှေပြား ငါးသောင်းသည် တစ်နှစ်စာပမာဏမျှရှိလေသည်။ ထိုသို့ ပမာဏမျှရှိသော ငွေသည် ဂျိတ်အနေဖြင့် တစ်ထိုင်တည်းရ သွားသောကြောင့် မြို့စားမင်းပင် မနာလိုသွားလေသည်။ "ဝှိုက်တီရေ သူတို့ကို မနေ့ကလုပ်ပေးသလိုလုပ်ပေးလိုက် နော် ပြီးတော့ ငါတို့အတွက်လဲ ပုံမှန်လုပ်ထားပေး" ဂျိတ်အသံကြားသည်နဲ့ ဝှိုက်တီလည်း သူသိကြောင်း ခေါင်း ညိမ်ပြကာ ဓားများစတင်ကိုင်ဆောင်လိုက်သည်။ထို့နောက် ဓားဖြတ်တောက်သံ ချက်ပြုတ်သံများက မီးဖိုချောင်တွင် စတင်ဆူညံလာတော့သည်။ ငါးမိနစ်ကြာသည်နဲ့ မီးဖိုချောင်မှမွှေးကြိုင်သောရနံများက စတင်ထွက်ပေါ်လာပြီဖြစ်သည်။ "ဟေး အနံစရပြီဟေ့" လုပ်ကြံသူများ ဟေးခနဲပြောဆိုလိုက်ကြသည်။ယခုကဲ့သို့ ပေါ့ ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်စကားပြောနေကြပုံကိုကြည့်ပြီး သူတို့သည် လုပ်ကြံသူဟုဆိုပါက ဘယ်သူမှယုံကြမည်မဟုတ် ပေ။ ညအချိန်ရောက်လျှင် သတ်မှတ်သောမစ်ရှင်အတိုင်း သွေးအေးအေးဖြင့်လုပ်ကြံသတ်ဖြတ်ရသော လူများသည် ယခုမနက်ခင်း၌ အစားအသောက်ကြောင့် အူမြူးနေကြလေ သည်။ ဒါကလည်း ဂျိတ်အစားအသောက်၏အစွမ်းဟုလည်းပြောဆို နိုင်သည်။ဂျိတ်၏အစားသောက်လွှမ်းမိုးမူအောက်ကို သူတို့ ကိုယ်တိုင်လည်းရောက်မှန်းမသိရောက်သွားကြလေသည်။ "ရောက်လာပါပြီ" ဝှိုက်တီမှ အပွဲငါးဆယ်ပါသောတွန်းလှည်းကြီးဖြင့်ရောက်ရှိ လာလေသည်။ လုပ်ကြံသူတို့ရှေ့ရောက်သည်နဲ့ ဝှိုက်တီလည်း အပွဲငါးဆယ်ချပြီး သူတို့ထံမှ ပြန်လည်ထွက်သွားလေသည်။ လုပ်ကြံသူများလည်း မိမိတို့ထံရောက်ရှိလာသော အဟား သောက်ပန်းကန်များကို ကိုယ်စီကိုင်ကာစတင် သွားသောက် လိုက်ကြသည်။ "ကောင်းတယ်ဟ အေးဟ စားကောင်းလိုက်တာ" "ငါတော့မှားပြီထင်တယ် ဒီဟာစားပြီးကတည်းက ကျန်တာမြို မကျတော့ဘူးထင်ပါတယ်ကွာ" ကျန်သောလူများလည်းရယ်မောလိုက်ကြသည်။သူပြောသည် မှာလည်းမှန်နေသည်ကိုး။ "ဂလု" မြို့စားမင်း တံတွေးတစ်ချက်မြိုချလိုက်သည်။သူတို့စား သောက်ပုံကို ကြည့်ကာ သူပင်သရေကျမိသည်။ သို့သော် သူ့ တွင် ရွှေပြားတစ်ထောင်ဆိုသောပမာဏက ကြီးမားလေ သည်။ထို့ကြောင့် သူတို့စားသောက်ပုံကိုသာကြည့်သာ အသာ လေးလျှိုကာ ပြန်လာလိုက်သည်။ ဂျိတ်ကတော့ အိမ်အပေါ်ထပ်၌ စဥ်းစားနေလေသည်။သူစဥ်း စားနေသည်ကတော့ သမီးဖြစ်အတွက် စာအုပ်လုပ်ပေးရန် ပင်ဖြစ်သည်။သမီးလေးဖြစ်သူက မနေ့ကမှ အခြေ ခံစကား စုများတတ်မြောက်သည်ဖြစ်ရာ လွယ်ကူရိုးရှင်းသော ပုံပြင် များကို သာဦးစွာ ထားရန်ဆုံးဖြတ်လိုက်သည်။ "စနစ် ငါလိုချင်တဲ့ သုံးနှစ်သားကလေးဖတ်နိုင်မဲ့ စာအုပ်စင် လေး.........................." "ကောင်းပါပြီ" စနစ်အသံထွက်လာပြီ မကြာမီမှာပင် အိမ်အပေါ်ထပ်ရှိထောင့် တစ်နေရာ၌ စာအုပ်စင်လေးတစ်စင်ပေါ်လာပြီဖြစ်သည်။ထို စာအုပ်စင်တွင် ဂျိတ်တောင်းဆိုသည့်အတိုင်း သုံးနှစ်သားများ အတွက် ဖတ်နိုင်သော ပုံပြင်စာအုပ်လေးများ ကအစီရီထားရှိ ထားသည်။ရေကြည့်မည်ဆိုပါက စာအုပ်ပေါင်းငါးဆယ်မျှ ရှိ လေသည်။ ထိုစာအုပ်စင်သည် ကလေးများအတွက် အထူးလုပ်ဆောင် ထားသည်ဟုဆိုနိုင်သည်။ကာတွန်းပုံလေးများ နတ်သမီးပုံ လေးများဖြင့် လှပအောင်ပြင်ဆင်ထားသကဲ့သို့ရှိသည်။ စာအုပ်စင်တွင်လည်း ထားရှိထားသော စာအုပ်များကလည်း ကလေးများအတွက် ဦးစားပေးထားသော နတ်သမီးပုံပြင် များ ကာတွန်းလေးများဖြစ်လေသည်။စာအုပ်၏စာရွက် အရည်သွေး စာရွက်တစ်ရွက်ခြင်းစီ၏စာရွက်သားကလည်း ကောင်းမွန်လှသည်။A-4စာရွက်သားကဲ့သို့အမျိုးစားမျိုးကို သုံးစွဲထားသည်။ရုပ်ပြကာတွန်းလည်းဖြစ်ရာ စာရွက် တိုင်း၌လှပသော ရုပ်ပြများနဲ့စာများရေးသားထားသည်။ ပုံပြင်စာအုပ်များသည် အရောင်သွေးစုံလင်ရုံသာမက ထို ပုံပြင်စာအုပ်များ၏အားသာချက်သည် ထိုပုံပြင်စာအုပ်မှ အကြောင်းရာများကိုအလိုလျောက်အသံထွက်ပြနိုင်ခြင်းပင် ဖြစ်လေသည်။ မနက်ခင်း ထလာသော သမီးလေးဖြစ်သူအယ်မလီလေး ခြေ လက်သန့်စင်ပြီးသည်နဲ့ ဂျိတ်မှ စာအုပ်စင်ကိုပြသလိုက်သည်။ အယ်မလီလေး စာအုပ်စင်ကိုမြင်သည်နဲ့ စာအုပ်စင်ကို မျက်တောင်မခတ်မျှမခတ်ပဲ စိုက်ကြည့်နေသည်။လှပသော ပုံစံများဆင်ယင်ထားသော စာအုပ်စင် စာအုပ်များကြောင့် အယ်မလီလေး အလွန်နှစ်သက်ကြောင်း သူ၏အမှုရာများက ဖော်ပြလေသည်။ "ဖီဖီ ကိုချစ်တယ်" "မှ" အယ်မလီလေးခုန်ပေါက်ပြီး ဂျိတ်၏ပါးကိုနမ်းလိုက်သည်။ သမီးဖြစ်သူ အနမ်းပေးသောကြောင့် ဂျိတ်၏ရင်ထဲ အေးမြ သွားသည်။ သူတို့သားအဖနှစ်ယောက်၏ချစ်ခြင်းကား အေးမြလှပေ သည်။ဂျိတ်ဘဝနေနဲ့လည်း သမီးလေးသာရှိပါက သူ့ဘဝက ပြည့်စုံနေပြီလည်းဖြစ်သည်။ ထိုအချိန်၌..... "အရှင့်ဂျိတ် ကူညီပေးပါဦးဗျ အရေးကြီးပါတယ်" အသံကြီးနဲ့အတူလူတစ်ဦးသည် ဂျိတ်ခြံဝသို့ရောက်ရှိလာလေ သည်။
(53)စိတ်ဝင်စားစရာပဲ
ထိုအသံကြောင့် ဂျိတ်သာမက စားသောက်နေကြဆဲဖြစ်သော လုပ်ကြံသူများလည်း ခေတ္တ ရပ်တန့်သွားကြသည်။ စားသောက်နေသော လုပ်ကြံသူများလည်း အသံလာရာဘက် ကိုလှည့်ကြည့်လိုက်ကြသည်။ "ဟ ဆာဗေ့တစ်ယောက်ပါလား" ဆာဗေ့တစ်ယောက် ဒီကိုရောက်လာသည်က သူတို့အတွက် ထူးဆန်းလေသည်။ဂရိတ်နိုင်ငံနဲ့ ဆာဗေ့တို့မတည့် ကြ သည်မှာ နှစ်တစ်ရာ ပင်ကြာပီဖြစ်သည်။ ဂျိတ်က ဆာဗေ့နဲ့ တည့်သည်ဆိုသောကြောင့်ဆာဗေ့က ဂျိတ် ထံလာသည်ဆိုလျှင်တော့ သူတို့အတွက်မဆန်းကျယ်တော့ ပေ။ "နေပါဦး သူကအစောကဘယ်လိုခေါ်လိုက်တာ" "အရှင်ဂျိတ်ဆိုပါလား ငါနားကြားလွှဲတာမဟုတ်ပါဘူးနော်" "အေး မင်းနားကြားမလွှဲဘူးငါတို့လဲ အဲ့အတိုင်းပဲ ကြားလိုက် တာပဲ" သူတို့တစ်ချက်အေးစက်စက်ဖြစ်သွားသလိုခံစားလိုက်ရ သည်။ထိုအခေါ်အဝေါ်အရဆိုလျှင် ဂျိတ်၏နောက်တွင် ဆာ ဗေ့တို့ပါရှိနေလေသည်။ ယန္တယားပညာရှင် ဆန်းကြယ်သောစာဖိုမှုး ဆာဗေ့ တို့၏အကြီးကဲ များပြားလှသော ဂုဏ်ပုဒ်များက ဂျိတ်ထံတွင် စုပုံနေသည်။ သူတို့ဂျိတ်ကိုလုပ်ကြံရန် ငြင်းပယ်လိုက်ကြခြင်းကသူတို့ အတွက်ကောင်းမွန်သောလုပ်ရပ်ဖြစ်ကြောင်း သူတို့ခံစား မိသည်။ မဟုတ်ပါက ဆာဗေ့တို့၏ပစ်မှတ်ဖြစ်လာပြီး သူတို့ဘဝ တစ်လျှောက်လုံး ပုန်းကွယ်ပြေးလွှားနေရမည်ဖြစ်သည်။ ဆာဗေ့၏အသံကြောင့် ဂျိတ်လည်းအပြင်သို့ထွက်လာခဲ့ သည်။ဂျိတ်ကိုမြင်သည်နဲ့ ဆာဗေလည်း ပြေးလွှားလာရာမှ စိတ်ကိုလွတ်ချဖြေလျော့ လိုက်လေသည်။မရပ်မနားပဲ ပြေးလွှားခဲ့သောကြောင့် ဆာ ဗေ့၏ကိုယ်လည်း ချွေးများရွှဲနေလျက်ရှိလေသည်။ "ရေသောက်လိုက်ပါ" ဂျိတ်လည်း ရေအပြည့်ဖြည့်လာသောခွက်ကို ထိုဆာဗေ့အား တိုက်လိုက်သည်။ဆာဗေ့လူငယ်သည် အပြေးလွှားလာခဲ့ရ ခြင်းကြောင့် အလွန်ပင်ပန်းနေသည်ဖြစ်သည်။ ထိုဆာဗေ့လည်း ဂျိတ်ပေးသောရေခွက်ကို တရိုတသေဖြင့်ယူ ကာ အငမ်းမရသောက်ချလိုက်သည်။ "ဂလု...ဂလု.." သူသောက်လိုက်သော အခါ ရေများကသူ၏လည်ချောင်းထဲ ဖြတ်သန်းပြီးသည်နဲ့ အေးမြလာသည်ဟုသူစတင်ခံစားလာ မိသည်။အစပိုင်းက သူ၏စိတ်ထင်သည်ဟုသာထင်မိ သော်လည်း တစ်ကိုယ်လုံး ချွေးများပျောက်ကွယ်ပြီး လန်းဆန်းလာမှသာ တကယ့်အစစ်မှန်ဖြစ်ကြောင်း သူသိရှိ လိုက်သည်။ ထို့နောက်သူ၏ကိုယ်ခန္ဓာသည် ပြောင်းလဲသွားလေသလားဟု သူခံစားမိလာသည်။ရေသောက်ပြီးသည်နဲ့ သူ၏ကိုယ်ခန္ဓာ သည် စွမ်းအင်များပြည့်သိပ်နေသည့်အလားခံစားမိလာ သည်။နောက်ထပ်ဒီလိုအကြိမ်နှစ်ဆယ်ပြေးလွှားလျင်ပင် မ မောနိုင်ဟုသူသေချာယုံကြည်သည်။ ("ဟူး ရေတောင်ဆန်းကြယ်နေတာပဲ") လုပ်ကြံသူများ မြင်သက်ကြရပြန်သည်။သူတို့စားနေသော အစားသောက်သာမက တိုက်လိုက်သောရေပင် အစွမ်းထက် နေသည်မဟုတ်ပါလား။ "ကျနော်တို့ကော ရေသောက်လို့ရမလားဗျ" လုပ်ကြံသူများလည်း ဂျိတ်ကိုဝိုင်းဝန်းတောင်းဆိုလိုက်ကြ သည်။ဇက်ရဲလက်ရဲလူသတ်တတ်သောလူကြမ်းကြီး များသည် ဂျိတ်ရှေ့၌ သကြားလုံးမစားရမည်ကိုစိုးရိမ် သောကလေးသူငယ်လေးပမာဖြစ်နေသည်။ သူတို့နေဖြင့်ဂျိတ်ထက်အသက်ကြီးသော်လည်း ဂျိတ်သည်သူ တို့အတွက်ထူးခြားဆန်းကြယ်သော လူမဟုတ်နတ်ဘုရား တစ်ပါးလိုသာဖြစ်လေသည်။ ဂျိတ်လည်းလုပ်ကြံသူတို့ကို တစ်ချက်ကြည့်ကာ "ဝိုက်တီရေ သူတို့စားပြီးရေသောက်ချင်လို့တဲ့ မီးဖိုချောင်ထဲ ကရေအိုးထုတ်လာခဲ့လိုက်ကွာ" "ရေး " လုပ်ကြံသူများ သည်ဂျိတ်သည်သူတို့၏တောင်းဆိုချက်ကို လိုက်လျောသောကြောင့်ပျော်ရွှင်သွားကြသည်။ ဂျိတ်အတွက်ကနှစ်မျိုးသောအချက်ကြောင့်သာ တောင်းဆိုချက်ကိုလိုက်လျောပေးမည်ဖြစ်သည်။ ပထမအချက်ကတော့ သူ့အားကျေးဇူးရှိသောလူနဲ့နောက်တစ် ချက်ကတော့ တန်ရာတန်ကြေးကြောင့်သာဖြစ်သည်။လုပ်ကြံ သူများလည်း တန်ရာတန်ကြေးပေးပြီးစားသောက်ကြခြင်း ဖြစ်ရာလိုက်လျောထားခြင်းဖြစ်လေသည်။ ဂျိတ်စကားကြောင့် ဝိုက်တီလည်း မီးဖိုချောင်သို့ဝင်သွားလိုက် သည်။ ထို့နောက် ဝိုက်တီသည် ဂျိတ်ပြောသောအရာကိုမှကာ စားသောက်နေသူများနေရာသို့ ထွက်လာခဲ့သည်။ "ခင်ဗျားတို့သောက်ချင်နေတဲ့ရေရပါပြီ" ပြောဆိုပြီးချပေးသွားလေသည်။ ရေအိုး၏အသွင်သည် မြေအိုးလေးဖြစ်ကာ အပေါ်ကို သစ်သားပြားဖြင့်ဖုံးထားသည်။သောက်ရန်အတွက်လည်း ဝါး ခွက်လေးတစ်ခွက်ပါရှိသည်။ ခြေမြန်လက်မြန်ရှိလှသော တစ်ဦးက စားပြီးသောက်ပြီးဖြစ် ရာ ဦးစွာသောက်လိုက်လေသည်။ "အား လန်းသွားတာပဲ" သူအသံကြောင့် ကျန်သောလူများလည်း ရေအိုးလေးကို သေချာစိုက်ကြည့်လိုက်ကြသည်။ "ရေမှာအရသာမရှိဘူးဆိုပင်မဲ့ ဒီရေကငါ့သောက်ခဲ့ရေထဲမှာ အကောင်းဆုံးလို့ငါကျိန်ပြောရဲတယ်" ဆက်လက်ပြောဆိုမှုကြောင့် ကျန်သောသူများလည်းရေအိုး ဆီသို့ ဦးတည်လိုက်သည်။ သူတို့လည်းရေသောက်ပြီးသည်နဲ့ အစောဆုံးလူပြောခဲ့စကား ကို ထောက်ခံလိုက်ကြသည်။ "ကဲ မင်းလဲအမောပြေပြီလို့ငါထင်တယ် ဘာကြောင့်ဒီကိုပြေး လာတာလဲ" ဆာဗေ့လည်းထိုအခါမှ သူလာရင်းကိစ္စကိုပြောပြရန်သတိရ လေသည်။ "ဒီ..ဒီလိုပါကအရှင် ထူးဆန်းတဲ့မကောင်းဆိုးဝါးကြီးတစ် ကောင် ကျနော်တို့မြို့ထဲရောက်နေလို့ပါ သူကအကောင်လဲကြီး တယ်ပြီးတော့ သူ့တစ်ကိုယ်လုံးမှာမီးတောက်နေတယ် အထူး ခြားဆုံးက တစ်ကိုယ်လုံးကအရိုးတွေကြီးပဲ သူပုံစံက တစ်ခုခု ကိုရှာဖွေနေပုံရတယ် ပြီးတော့ သူကတွေ့ကရာဖျက်ဆီးနေလို့ ကျနော်တို့လည်းတားကြသေးတယ် ဒါပေမဲ့ ကျနော်တို့ ရှိသမျှ နည်းနဲ့လုပ်ကြည့်ပြီးပြီတားမရလို့ အကူညီလာတောင်းတာပါ" ဆာဗေ့ပြောစကားကြောင့် ဂျိတ်စိတ်ဝင်စားသွားသည်။ "ကောင်းပြီ ငါလိုက်ခဲ့မယ်" ဂျိတ်အပြောကြောင့် ဆာဗေ့လည်း အလွန်ဝမ်းမြောက်သွား လေသည်။ဘာကြောင့်မှန်းမသိပင်မဲ့ သူ့စိတ်ထဲ၌ ဂျိတ်သည် ထိုအကောင်ကြီးကို အနိုင်ယူနိုင်ကြောင်း ခံစားနေရသည်။ "ဝိုက်တီရေ အယ်မလီလေးကို မနက်စာကျွေးပြီးစာအုပ်စင် ကသူလိုချင်တာ ပေးဖတ်ပေးလိုက်နော်" ဂျိတ်စကားကြားသည် နဲ့ ဝိုက်တီလည်း ခေါင်းညိမ်ကာသူလုပ် ပေးမည်ဖြစ်ကြောင်းပြသလိုက်သည်။ "ဘာနဲ့သွားမှာလဲ အရှင်" ဆာဗေ့လည်းဂျိတ်ကို တရိုတသေမေးလိုက်သည်။ယခု ချက်ချင်း ဆာဗေ့တို့၏မြို့တော်သွားရန် မြင်းဖြစ်ဖြစ် လိုအပ် လေသည်။ဒါမှသာ အချိန်စောနိုင်သမျှထက်စောကာ အကောင်ကြီးဖျက်စီးနှုန်းနည်းမည်ဖြစ်သည်။ "မလိုဘူး" ဂျိတ်မှချက်ချင်းပြောဆ်ိုကာ ဂျိတ်လက်ကိုဆာဗေ့ပခုံးပေါ်တင် လိုက်သည်။ "မလှုပ်ရှားနဲ့ညိမ်နေလိုက်" ဂျိတ်ပြောစကားကြောင့် ဆာဗေ့လည်းငြိမ်နေလိုက်သည်။ "တယ်လီပို့နည်း"(ရုပ်နာမ်ပါသွားလာနည်း) ချက်ချင်း ဂျိတ်နဲ့ဆာဗေ့တို့ ဂျိတ်ခြံမှချက်ချင်းပျောက်ကွယ် သွားကြသည်။ "ဟ စောက်ကျိုးနည်း" ထိုသို့ပျောက်ကွယ်သွားမူကြောင့် ရေသောက်နေကြသော လုပ်ကြံသူများလည်း ရေသီးကုန်ကြသည်။ ရုတ်တရက်ကြီးပျောက်ကွယ်သွားခြင်းက သူတို့ကိုထိတ်လန့် စေခဲ့သည်။ "နောက် ငါတို့ ဆန်းကြယ်တာမြင်ရင် အထူးဆန်းအံသြမနေ အောင် လေ့ကျင့်ကြရမယ်နဲ့တူတယ်" "အင်း ဟုတ်တယ်" .................................. ဂျိတ်နဲ့ဆာဗေ့လူငယ်လည်း ဆာဗေ့တို့၏မြို့ထဲသို့ရောက်ရှိ သွားကြသည်။ ချက်ချင်းဆိုသလိုရောက်ရှိသွားသောကြောင့် ဆာဗေ့လူငယ် လေးလည်း အံသြတုန်လှုပ်နေသည်။ ("ဒါကြောင့် ငါတို့ဘုရင်ကြီးကသူ့ကိုလေးစားတာကိုး") ချက်ချင်းပင် ဆာဗေ့လူငယ်လေးသည် ဂျိတ်အား သူ၏လေးစားအားကျရသော နတ်ဘုရားတစ်ဦးအဖြစ် စိတ် ထဲထိသတ်မှတ်လိုက်လေသည်။ "ပြေးကြသူ့အနားမှာမနေကြနဲ့" စသောအသံများက ဆူညံနေသည်။ဆာဗေ့လူငယ်ပြောသော အကောင်ကြီးကြောင့်ဆာဗေ့များ ပြေးလွှားနေခြင်းလည်း ဖြစ်သည်။ ဆာဗေ့လူငယ်လေးပြောသော အကောင်ကြီးက တစ်စုံတစ်ခု ကို ရှာဖွေနေဟန်ရှိလေသည်။ သူ၏ကိုယ်မှမီးတောက်ကြီး များကြောင့် သူသွားလေရာနေရာတိုင်း မီးလောင်ပြာကျနေ လေသည်။ "စိတ်ဝင်စားစရာပဲ"
(54)ရုတ်ချည်းထွက်လာသောသတိပေးချက်
"ဂိး.....ဂိး" ထိုအကောင်ကြီး၏အော်သံက ပြန့်လွင့်လာပြန်သည်။ထို အသံလှိုင်းကြီး ပြန့်လွင့်လာသည်နဲ့ ထိုအကောင် ကြီး၏ကိုယ်ခန္ဓာမှ မီးတောက်ကြီးများကလည်း ပြန့်လွင့်လာ လေသည်။ထိုမီးတောက်ကြီးများက ရှေ့၌ရှိသောအရာဝတ္ထု များကိုတိုက်စားလောင်ကျွမ်းဖျက်စီး ပစ်လိုက်သည်။ "ငါတို့တော့သေပြီထင်တယ်" မြန်ဆန်လှသော မီးတောက်ကြီးပြန့်နှံမူကြောင့် မပြေးနိုင် သော ဆာဗေ့များသည်မျက်စိမိတ်ကာ သူတို့ကိုယ်တိုင် အသေခံရန်အသင့်ပြင်ဆင်လိုက်သည်။ ထိုအခိုက်မှာပင် ဂျိတ်က လက်ကွက်ပုံစံကိုခပ်မြန်မြန်ဖော်ကာ မန္တရားတစ်ခုကိုအမြန်သုံးလိုက်သည်။ "မီးတောက်ချိတ်ပိတ်" လက်ကွက် ပုံစံပြီးဆုံးသည်နဲ့ မမြင်နိုင်သော အရာကြီးက ပြန့် ကားလာသောမီးတောက်ကို တားဆီးလိုက်သည်။မီးတောက် များလည်း ရှေ့သို့ဆက်သွားနိုင်ခြင်းမရှိတော့ပဲ ရပ်တန့်သွား လေသည်။ "ဟ မီးတောက်ကြီးရပ်သွားပြီဟ... ငါတို့မသေတော့ဘူးကွ" မျက်စိစုံမှိတ်ကာ သေရန်ပြင်ဆင်ထားသော ဆာဗေ့များက မီးတောက်များသူတို့ထံ မရောက်လာသောကြောင့် သူတို့မ သေနိုင်ကြောင်း သိသွားကြ ကာဝမ်းသာပျော်ရွှင်သွားကြ သည်။ "ခင်ဗျားတို့ဝေးဝေးကိုရှောင်နေပေးပါ ကျုပ်ကိုင်တွယ် ပေးလိုက်မယ်" ဂျိတ်ပြောကြားမှုကြောင့် သူတို့သည် ဂျိတ်အားကျေးဇူးတင် ပြီး ဂျိတ်ပြောသည့်အတိုင်းဝေးရာသို့ပြေးသွားလိုက်ကြ သည်။ "ဂီး... ဂီး" သူ၏မီးတောက်ကြီးသည် ဂျိတ်ကြောင့်ရပ်တန့်သွားရရာ ထို အကောင်ကြီးသည် ဒေါသထွက်သွားရလေသည်။ ("သခင်၏ရှေ့မှရှိသော အကောင်သည်မြေအောက် ကမ္ဘာမှ ဖြစ်သည်။") ("အိုး ငါ့ကိုအသေးစိတ်ရှင်းပြပါလား") ("ယခုသင့်ရှေ့၌ရောက်ရှိနေသော အကောင်သည် မြေအောက်ကမ္ဘာမှ လာသောအကောင်ဖြစ်သည်။ယခင်က တွေ့ခဲ့ဖူးသော နတ်ဆရာမကြီးကိုချုပ်ကိုင်သောနတ်ဆိုးသည် လည်းထိုနေရာမှပင်ဖြစ်သည်။ နတ်ဆရာမကြီးကို ချုပ်ကိုင်သောနတ်ဆိုးကတော့ ငရဲဟူသော ကြောက်မက်ဖွယ်နေရာ၌နေထိုင်ခြင်းဖြစ်သည်။ သူတို့ကိုလည်းအဆင့်တန်းများခွဲခြားထားပါသေးသည်။နတ် ဆရာမကို ချုပ်ကိုင်ခဲ့သော နတ်ဆိုးသည် အဆင့်နှစ်အဆင့်ရှိ နတ်ဆိုးဖြစ်ကာ ယခုလက်ရှိ သခင်မြင်နေရသော အကောင် သည်အဆင့်သုံးနတ်ဆိုးဖြစ်သည်။ လူသား များ၏သိုင်းအဆင့်နဲ့ ယှဥ်ကြည့်သော် အဆင့်သုံး နတ်ဆိုး၏အစွမ်းသည် ပလက်တီနမ်အဆင့် နောက်ဆုံးအဆ င့်နဲ့တူညီသည်။ ယခုနတ်ဆိုး၏အမျိုးစားသည် မီးတောက်အရိုးစုအမျိုးစား ဖြစ်သည်။မီးတောက်အရိုးစုသည် မီးတောက်ချော်ရည် ထဲ၌နေထိုင်သည်။") ("ဒီကောင်က မီးတောက်အရိုးစုတဲ့လား") ဂျိတ်တွေးမိလိုက်သည်။ ယခုသူတွေ့နေရသော မီးတောက်အရိုးစုသည် ပလက်တီနမ် အဆင့်မှစစ်သည်တော်နဲ့ ညီမျှသော်လည်း ဂျိတ်အနေနဲ့ ကြောက်ရွံခြင်းမရှိပေ။ "ဂီး...ဂီး" ထိုမီးတောက်အရိုးစုကြီးသည် သူရှာဖွေနေခြင်းကိုရပ်တန့် ကာ သူ၏အမူရာသည်ဂျိတ်ဘက်သို့မျက်နှာမူလိုက်လေသည်။ အစောပိုင်းဿ တစ်ခုခုရှာနေသော မီးတောက်အရိုးစု ၏အမူရာသည် ယခုအခါဂျိတ်အားဒေါသထွက်နေလေသည်။ သူ၏အရိုးခြောက်ပါးစပ်မှလည်း ဂျိတ်နားမလည်သော စကားများတစ်ခုခုပြောနေသကဲ့သို့ရှိသည်။ ("သူ ဘာတွေပြောနေတာလဲ စနစ်ရေ") ("ငလူးမ လူသားဘာလိုငါရဲ့မီးတောက်ကိုရပ်တန့်လိုက်တာ လဲ မအေ.ိုး") ("သူအဲ့အတိုင်းပြောလိုက်တာပါ") ငင့် ဂျိတ်ဘာသာပြန်ခိုင်းလိုက်မှ မိမိရှေ့မှမီးတောက်အရိုးစုသည် မိမိအားကျိန်ဆဲနေကြောင်းသိလိုက်ရသည်။ "ဂီး" မီးတောက်အရိုးကြီးသည် သူ၏ပါးစပ်မှ မီးတောက်များကို ဂျိတ်ထံသို့မှုတ်ထုတ်လိုက်သည်။ မီးတောက်ကြီးများက ပြင်းထန်သောအပူရှိန်ဖြင့် ဂျိတ်ထံသို့ ဥိီးတည်သွားသည်။ ဂျိတ်လည်း လက်ကွက်ပုံသဏ္ဏ န်ကိုမြန်ဆန်စွာဖော်လိုက် နေသည်။ယခု ဂျိတ်ဖော်လိုသောလက်ကွက် မန္တရား(သိုင်းကွက်)သည် ခြောက်ဆယ့်လေးကွက်ရှိ သော်ငြားလည်း မြန်ဆန်စွာပုံဖော်မူကြောင့် တခဏအတွင်း လက်ကွက်ဖော်ခြင်းပြီးမြောက်သွားလေသည်။ "ရေနဂါးတိုက်ကွက်" ဂျိတ်ပါးစပ်မှရေမှုတ်ထုတ်လိုက်သည်။ဂျိတ်မှုတ်ထုတ်လိုက် သော ရေသည် အပြင်ရောက်သည်နဲ့ကြီးမားသောရေနဂါး အသွင်ပြောင်းသွားလေသည်။ ထိုပြောင်းလဲသွားသောရေနဂါးကြီးသည် ဂျိတ်ထံရောက်လာ သောမီးတောက်များနဲ့ထိပ်တိုက်တွေ့ဆုံလေသည်။ မီးတောက်နဲ့ရေနဲ့တွေ့ဆုံမှုကြောင့် ရေခိုးငွေ့များပြန်လေ သည်။အပူနဲ့အအေးထိတွေ့မူကြောင့် ရေခိုးရေငွေ့များ ထွက် ပေါ်လာလေသည်။ မီးတောက်နဲ့ရေနဂါး၏ပြင်းထန်သော အစွမ်းများကြောင့် ဂျိ တ်နဲ့မီးတောက်အရိုးစုပတ်ဝန်းကျင်တွင် ရေခိုးရေငွေ့များ လွမ်းသွားလေသည်။ "ကဲ နောက်တစ်ကွက်ခံပေတော့" ဂျိတ်နောက်ထပ်လက်ကွက်သိုင်းပြန်လည်ပုံဖော် ပြောင်းလဲလိုက်ပြီးတိုက်ခိုက်လိုက်သည်။ "ရေငွေ့မှရေခဲအသွင်ပြောင်းလဲခြင်း" ထိုတိုက်ကွက်ကြောင့် ရေငွေ့များအခိုးငွေ့များက မီးတောက် အရိုးစုနားကပ်ကာစုဝေးသွားသည်။စုဝေးသွားပြီးသည် ချက်ချင်းပင်ရေငွေ့မှရေခဲအဖြစ်သို့ပြောင်းလဲသွားသည်။ထို ရေခဲများပြောင်းလဲသွားသည်နဲ့ မီးတောက်အရိုးစုကို ရေခဲ များက ကပ်တွယ်ခဲလိုက်လေသည်။ ရေခဲအဖြစ်သို့ပြောင်းလဲသွားသည်နဲ့ မီးတောက်အရိုးစုကြီး သည်ရေခဲတုံးကြီးထဲပိတ်မိပြီးသားဖြစ်သွားသည်။ပုံမှန်အား ဖြင့် မီးတောက်နေတတ်သော မီးတောက်အရိုးစုသည် ယခု အခါ မီးတောက်ခြင်းမရှိနိုင်တော့ပဲ ရေခဲတုံးထဲ၌ ငြိမ်သက် ရပ်တန့်သွားတော့သည်။ "ဒီကောင်ကြီးကငြိမ်သွားပြီ သေ သွားပြီလား" ဂျိတ်၏ခန့်မှန်းချက် ပင်မပြီးသေးခင် ရေခဲတုံးထဲမှငြိမ်နေ သောမီးတောက်အရိုးစု၏ကိုယ်သည် မီးများပြန်လည် တောက်လာသည်ကိုတွေ့မြင်လိုက်ရသည်။ ပြန်လည်တောက်ပလာသောမီးတောက်များကြောင့် သူ့အား ပိတ်ခဲထား သောရေခဲတုံးကြီးသည် တဖြေးဖြေးအရည်ပျော် ကျလာလေသည်။ ရေခဲတုံးအရည်ပျော်ပြီးနောက် မီးတောက်အရိုးစုသည် ပြန်လည်ထွက်ပေါ်လာလေသည်။သူ၏ဒေါသထွက်ပုံသည် ယခင်ထက်ပိုမိုဒေါသထွက်နေကြောင်း မြင်သောသူတိုင်းက ပြောနိုင်သည်။ ("သတိပေးချက် မီးတောက်အရိုးစု၏ဒေါကများပိုမိုမြင့်တက် လာလေသည်။သူ၏ပိတ်လောင်ထားသော အဆင့်ကို အတင်း ချိုးဖျက်ရည် သူကြံနေပါသည်သတိထားပါ") စနစ်၏ရုတ်ချည်းအသံကထွက်ပေါ်လာလေသည်။