← Chapters

အခန်း (၂၄၅)

Vol. 17 Ch. 245

အခန်း (၂၄၅)

Vol. 17 Ch. 245

Translated by Hein Htet.

ဌာနေပြန် ဓားတစ်လက်

အပိုင်း (၂၄၅) {စာစဉ် ၁၇ - အပိုင်း(၁၀)}

အခမ်းအနားတောင်က ပန်းချီကားထဲ၌ ပြသထားသော မြင်ကွင်းများအားလုံးကို ထိန်းသိမ်းထားရန်အတွက် နံရံဆေးရေးပန်းချီများကဲ့သို့ တူညီသည့်နည်းလမ်းကို အသုံးပြုထားခဲ့သည်။ ကြာဖတ်လွှာကဲ့သို့ ပါးလွှာသည့် စက္ကူချပ်လေးများကို တစ်ခုပြီးတစ်ခု စုတ်ဖြဲလိုက်ရာ စုစုပေါင်း စက္ကူ (၁၀)ရွက် ရှိသည်။ ထို့နောက် ထိုအရာများအားလုံးကို လေလံသဘောမျိုးဖြင့် ရောင်းချကြ၏။

လှေပိုင်ရှင်က ချွန်းရွှေနှင့် ချိုးရှီတို့ကို အထူးတလည် လှမ်းခေါ်လိုက်ပြီး လေလံကြေညာသူများအဖြစ် လုပ်ဆောင်ခိုင်းသည်။ ပထမတွင်တော့ ချန်းပင်အန်းက ထိုအရာကို သေချာတွေးမိခဲ့ခြင်း မရှိချေ။ သို့သော် ချွန်းရွှေနှင့် ချိုးရှီတို့ နှစ်ယောက်လုံးကို လေလံကြေညာသူများအဖြစ် လုပ်ဆောင်ရန် ခေါ်ဆိုခံလိုက်ရသည့်အချိန်တွင် ချွန်းရွှေက လုပ်နေကျအလုပ်ကို လုပ်ဆောင်နေသည့်အတိုင်း လေလံပွဲကြေညာသူတာဝန်ကို အလွန်ရင်းနှီးနေတေစ်ဖက်တွင်တော့ ချိုးရှီက ဘေးတွင် ရပ်နေပြီး ချန်းပင်အန်းကို သေချာစိုက်ကြည့်နေခဲ့သည်။ ချန်းပင်အန်းက သူမကို စိုက်ကြည့်လိုက်သည့် အချိန်မှသာ သူမ၏ မျက်နှာပေါ်တွင် ကျေနပ်နေသော အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူမက အနည်းငယ် ဂုဏ်ယူနေသော အမူအရာဖြင့် ခေါင်းမော့ထားခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ချန်းပင်အန်းနှင့် တူညီသော အဆင့်အတန်းရှိသည်ဟု ခံစားလာခဲ့ရသည်။

သူမ မည်သည့်အရာများ စဉ်းစားနေကြောင်း ချန်းပင်အန်းက အမှန်တကယ် နားမလည်ခဲ့ပေ။ ထို့ကြောင့် သူက ရောင်းချတော့မည့် စာရွက်အပိုင်းများကိုသာ လှည့်ကြည့်လိုက်သည်။ ပန်းချီကား (၁၀)ချပ်ထဲတွင် တစ်ခုဆီ၌ ချီစွမ်းအား အတော်လေးကို နည်းပါးသည်။ ထို့ပြင် နောက်ဆုံးပန်းချီကားကတော့ တစ်ကြိမ်သာ ကြည့်ရှု၍ ရနိုင်သည်။

ထိုအရာက ဈေးအပေါဆုံးဖြစ်ပြီး စုစုပေါင်း နှင်းပွင့်ကျောက်စိမ်းကြေးပြား (၃၀) သာ တန်ကြေးရှိသည်။ ထိုကဲ့သို့သော ကြေးပြားများကို ဖန်တီးရန် အသုံးပြုရသည့် ကျောက်စိမ်းမျိုးကို နှင်းပွင့်ကျောက်စိမ်းဟု ခေါ်သည်။ ထိုအရာက အဖြူရောင်သန့်စင် ကုန်းမြေကြီး၏ မြောက်ပိုင်းမှ အထူးထုတ်ကုန်တစ်ခုလည်း ဖြစ်၏။

ထိုအရာကို သုခဘုံ နှစ်ခုထဲမှ အဓိက ဖြန့်ချီလာခဲ့ခြင်း ဖြစ်၏။ အကယ်၍ ထိုကြေးပြားများကို နေရောင်အောက်တွင် ချထားလိုက်မည်ဆိုလျှင် အတွင်းထဲမှ နေ၍ ကြည်လင်တောက်ပသည့် နှင်းပွင့်လေးများ ပေါ်လာသလို ဖြစ်နေခဲ့သည်။ ထို့ကြောင့်လည်း ၎င်းတို့ကို နှင်းကြေးပြားအသေးစားဟု လူသိများသည်။

ထိုကြေးပြားများ၏ ရှေ့ဘက်ခြမ်းတွင်တော့ 'ကြွယ်ဝချမ်းသာသော' ဟူသည့် စကားလုံးကို ရေးထွင်းထားသည်။ နောက်ကျောဘက်တွင်တော့ 'နှင်းဖုံးနေသည့် မြေကြီး' ဟူသော စကားလုံးကို ရေးထွင်းထားသည်။

နှင်းပွင့်ကျောက်စိမ်းများကို အမြောက်အမြား ထုတ်လုပ်ထားသည့်အပြင် သူတို့ဆီ၌ စွမ်းအင်ပမာဏ အတော်လေး ပါဝင်နေသည့်အတွက် ထိုအရာက ကုန်းမြေကြီး (၉)ခုပေါ်တွင် ရှိနေသော အင်မော်တယ်များ အသုံးချကြသည့် အထွေထွေ ငွေကြေးတစ်ခု ဖြစ်လာခဲ့သည်။

အမှန်အတိုင်း ပြောရလျှင် ထိုအရာက အဆင့်နိမ့် ကျင့်ကြံသူများ ခရီးသွားသည့် အချိန်တွင် ပြင်ဆင်ရန် လိုအပ်သည့် အရာတစ်ခုလည်း ဖြစ်သည်။ နှင်းပွင့်ကြေးပြားများကို ရွှေငွေတို့နှင့် သေချာပေါက် လဲလှယ်နိုင်သော်လည်း ရွှေငွေများကိုတော့ နှင်းပွင့်ကြေးပြားများနှင့် လဲလှယ်ရန် အာမခံချက် မရှိချေ။

အကြောင်းပြချက်ကတော့ အလွန်ရိုးရှင်းသည်။ လူသားကမ္ဘာကြီးထဲ၌ ကြွယ်ဝချမ်းသာပြီး အစွမ်းထက်သည့်သူများဆီတွင် ကိုယ်ပိုင်နယ်မြေများ ရှိကြပြီး သူတို့ ကိုးကွယ်ပူဇော်ကြသည့် အင်မော်တယ် များလည်း ရှိကြသည်။ သူတို့က ရွှေငွေကဲ့သို့သော ပစ္စည်းအမြောက်အမြားနှင့် ပူဇော်မှုများ လုပ်ဆောင်၍ မရနိုင်ပေ။ ထိုအရာက အတော်လေးကို နေရာယူပြီး အလွန်ပြဿနာများသည်။

ပြောရမည်ဆိုလျှင် နှင်းပွင့်ကြေးပြားသေတ္တာတစ်ခု ပူဇော်ခြင်းက သာ၍ ကောင်းမွန်လှပေသည်။ အကယ်၍ အထူးအလေးထားသူ တချို့ကသာ အစီအရင်များ ဖန်တီးခြင်းနှင့် တည်ဆောက်ခြင်းကို အလေးပေးမည်ဆိုလျှင်တော့ ပို၍ ကောင်းမွန်သွားနိုင်၏။

ချန်းပင်အန်းက သေချာအကဲခတ်လိုက်ပြီး ပန်းချီကား (၁၀)ချပ်ထဲမှ နောက်ဆုံးတစ်ခုကို နှင်းပွင့်ကြေးပြားအသေး (၃၀) ဖြင့် ဝယ်ယူလိုက်သည်။ ထိုအရာက နောက်ဆုံးတစ်ခု ဖြစ်နေသည့်အတွက် လှေပိုင်ရှင်က ချန်းပင်အန်းဆီသို့ ကိုယ်တိုင် လာပေးခဲ့သည်။

ချိုးရှီကတော့ သူမ၏ အစ်မဖြစ်သူ ချွန်းရွှေကဲ့သို့ ရင့်ကျက်တည်ငြိမ်မှု မရှိပေ။ သူမက လှေပိုင်ရှင်အပေါ် အကြောက်တရား မရှိသလို လေးစားမှုလည်း မရှိပေ။ သူမက သူ့အနားတွင် တိုးတိုးလေးရယ်ပြီး လိုက်လာခဲ့သည်။

လှေပိုင်ရှင်က ဘဝတစ်လျှောက်လုံး ထိုကလေးမလေး နှစ်ယောက် ကြီးပြင်းလာသည်ကို ကြည့်နေခဲ့ရသူ တစ်ယောက် ဖြစ်သည်။ ချိုးရှီဆီတွင် ချွန်းရွှေထက် ပို၍မြင့်မားသော ပါရမီရှိနေပြီး သူမက တစ်နေ့နေ့တွင် အလယ်ဘုံ(၅)ဆင့်ကို ရောက်ရန် မျှော်လင့်ချက် ရှိနေသည်။ ထို့ကြောင့်လည်း လှေပိုင်ရှင်က သူမအပေါ် အလွန်စိတ်ရှည်နေခဲ့၏။ အထူးသဖြင့် သူက သူမကို ရေရှည် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် သတ်မှတ်ထားခဲ့သည်။

သူ့လို ကျင့်ကြံသူများကို အားကိုး၍ အသက်မွေးရသည့် လူတစ်ယောက်အတွက်တော့ ရေရှည်ကို ကြည့်နိုင်ပြီး အနာဂတ်ကို ပို၍ မြင်နိုင်သည်။ သူက ရှေ့တွင် တိုက်ရိုက် မြင်နေရသည့် အရာများကို အလေးထားသည့်အပြင် နောက်နှစ်ပေါင်းများစွာအကြာ၌ ဖြစ်လာနိုင်သည့် အရာများကိုလည်း ကြိုတင် တွေးတောနိုင်သည်။

ပန်းချီကားချပ်များ အားလုံးကို ရောင်းချပြီးသွားသည့်အချိန်တွင် လှေပိုင်ရှင်က ချိုးရှီကို ကြည့်လိုက်ပြီး စားပွဲပေါ်တွင် ရှိနေသော သစ်သီးပန်းကန်ထဲမှ မီးသစ်ကြားသီး တစ်လုံးကို ကောက်ယူကာ ပေးလိုက်သည်။ ထို့နောက် သူက ထွက်ခွာသွားခဲ့သည်။

ထိုအရာကို မြင်သည့်အချိန်တွင် ချန်းပင်အန်းက အတော်လေး ရှုပ်ထွေးနေခဲ့သည်။ သူက ဇဝေဇဝါ ဖြစ်နေသည့်အချိန်တွင် ချိုးရှီဆီမှ စူးရှရှအကြည့်ကို ခံစားလိုက်ရ၏။ ကြည့်ရသည်မှာ ထိုမီးသစ်ကြားသီးက ပန်းချီကားများ ရောင်းချရာတွင် ကူညီပေးခဲ့သည့်အတွက် သူမ၏ လုပ်အားခ ဖြစ်ပုံရသည်။

သို့သော် ချန်းပင်အန်းကို ကြည့်လိုက်ပြီးနောက် ချိုးရှီ၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ သူမက သူမ၏မီးသစ်ကြားသီးကို ချွန်းရွှေ၏ ရှေ့တွင် ဝှေ့ယမ်းပြလိုက်၏။

လေမိုးကြိုးဥယျာဉ်နှင့် ကျန့်ယန်တောင်၏ ပြပွဲ ပြီးဆုံးသွားသည့်အချိန်တွင် ချန်းပင်အန်းက ကျန်းရှန်နှင့် လူချင်းခွဲလိုက်ပြီး ချွန်းရွှေ၊ ချိုးရှီတို့နှင့်အတူ ကောင်းကင်အဆင့် အခန်း(၃)ဆီသို့ ပြန်သွားခဲ့သည်။ သို့သော် သူတို့နှစ်ယောက်က လူချင်းခွဲပြီး သိပ်မကြာခင် နောက်တစ်ကြိမ် ပြန်တွေ့လိုက်ရသည်။

ခွန်လှေကြီးက တောင်ပိုင်းစမ်းချောင်းတိုင်းပြည်တွင် ဖြည်းညင်းစွာ ဆင်းသက်လိုက်၏။ ချန်းပင်အန်းနှင့် ကျန်းရှန်တို့ကလည်း ခွန်လှေပေါ်မှ ဆင်းရန် ရွေးချယ်လိုက်ကြသည်။ ထိုနေရာတွင် ချန်းပင်အန်းက အစေခံမလေး နှစ်ယောက်ကို လက်ပြနှုတ်ဆက်လိုက်ပြီး သူတို့၏ ခရီးစဉ်ကို အဆုံးသတ်လိုက်သည်။

တောင်ပိုင်း စန်းချောင်းတိုင်းပြည်ထဲတွင် ရှိနေသော အင်မော်တယ် လှေဆိပ်ကို တောင်ပိုင်းစမ်းချောင်းတိုင်းပြည်နှင့် ရှေးဟောင်းယင်းတိုင်းပြည် နယ်စပ်တွင် ရှိနေသော ဧရာမ ရေကန်ကြီးတစ်ခုပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ လုံချွမ်စီရင်စုထဲတွင် ရှိနေသော ထီးသစ်ပင်တောင်ထိပ်ပေါ်ရှိ လှေဆိပ်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ဤတစ်ခုက ပို၍ကြီးမားပြီး ခွန်လှေကြီး (၅)စီးခန့် တစ်ပြိုင်နက်တည်း ဆိုက်ကပ်နိုင်သည်။

ချွန်းရွှေ၊ ချိုးရှီတို့နှင့် လူချင်းခွဲလိုက်သည့်အချိန်တွင် ချန်းပင်အန်းဆီ၌ မည်သည့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်မျိုးမျှ ပေါ်လာခဲ့ခြင်း မရှိချေ။ သူက ခွန်လှေကြီးပေါ်တွင် နေထိုင်ခဲ့ရသည့် အချိန်အတောအတွင်း သစ်သီးမျိုးစုံနှင့် မုန့်ပဲသရေစာမျိုးစုံကို အရှက်မရှိ တောင်းဆိုခဲ့သည်။ ထိုအရာနှင့် ပတ်သက်ပြီး အစေခံမလေး နှစ်ယောက်က တိုက်ရိုက် ခံစားခဲ့ကြရသည်။

တစ်ချိန်တည်းမှာပင် ချန်းပင်အန်းက ပြင်ပကမ္ဘာကြီးကို လုံးဝမမြင်ဖူးဘဲ အမြင်ကျဉ်းသော လူတစ်ယောက်ဖြစ်ကြောင်း လှေပေါ်မှ လူများကပင် စတင်သုံးသပ်လာခဲ့ကြသည်။ သူကတော့ ရနိုင်သမျှ အခမဲ့ အကျိုးအမြတ်အားလုံးကို ရယူနေခဲ့ခြင်း ဖြစ်၏။

အကယ်၍ ချန်းပင်အန်းကတော့ ထိုအရာကို သိခဲ့ရမည်ဆိုလျှင်ပင် စဉ်းစားနေလိမ့်မည် မဟုတ်ချေ။ သို့သော် ချိုးရှီကတော့ သူ့ကိုယ်စား အတော်လေးကို ဝမ်းမသာနိုင် ဖြစ်နေခဲ့၏။ အဆုံးတွင်တော့ ချွန်းရွှေကသာ သစ်သီးနှင့် စားစရာများ တောင်းဆိုရန် ခွန်လှေ၏ စားဖိုဆောင်သို့ သွားခဲ့ရသည်။

ခွန်လှေကြီးပေါ်မှ ဆင်းလိုက်ပြီးနောက် ချန်းပင်အန်းက ထိုသစ်သီးများ၊ မုန့်များကို သယ်ဆောင်လာခဲ့သည်။ တောင်ပိုင်းစမ်းချောင်းတိုင်းပြည်၏ လှေဆိပ်ထဲတွင် လှေပေါ်မှ ဆင်းသည့် လူများများမရှိသည့်အတွက် ချန်းပင်အန်းနှင့် ကျန်းရှန်တို့က လျင်မြန်စွာ ရင်းနှီးသွားကြပြီး အတူတူ ခရီးဆက်ရန် ဆုံးဖြတ်လိုက်ကြသည်။

လှေ၏ လက်ရန်းအနားတွင် ရပ်နေရင်း ချိုးရှီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

"အစ်မ… သူက တကယ်ကို နှလုံးသားမရှိတာပဲ။ သူ လှေပေါ်ကနေ ဆင်းသွားတဲ့ အချိန်မှာတောင် လုံး၀ ဝမ်းနည်းမနေဘူး။ သူက လူသားကမ္ဘာကြီးထဲက မကောင်းတဲ့ မိန်းမတွေ အကြောင်းပဲ တွေးနေတာ ထင်တယ်…"

ချွန်းရွှေ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးနေသည့် အမူအရာတစ်ခု ပေါ်လာပြီး သက်ပြင်းချလိုက်သည်။

"သခင်လေးချန်းက တရုတ်ဇီးသီးပွင့် စားသောက်ဆိုင်ကိုတောင် စိတ်မဝင်စားဘူး။ သူက ပြည့်တန်ဆာအိမ်တွေကို စိတ်ဝင်စားမယ်လို့ နင်က ဘယ်လိုလုပ်ပြီး တွေးနိုင်ရတာလဲ။ ငါတို့ နှစ်ယောက်လုံးက အပေါ်ယံမှာ လူကြီးလူကောင်းဆန်တဲ့ လူတွေ အများကြီးကို တွေ့ဖူးတယ်။ သူတို့တွေက တရုတ်ဇီးသီးပွင့် စားသောက်ဆိုင်ရဲ့ ဆွဲဆောင်မှုကို လုံး၀ မခံနိုင်ကြဘူး။ စားသောက်ဆိုင်ထဲကနေ ထွက်လာတဲ့ မိန်းကလေးတွေက သာမန်လူသားတွေရဲ့ မျက်လုံးထဲမှာတော့ နတ်သမီးတွေ၊ ကောင်းကင်မိန်းမပျိုတွေနဲ့ နှိုင်းယှဉ်စရာကို မရှိဘူး။ အရက်နည်းနည်းလောက် သောက်ပြီးသွားရင် အဲဒီလူတွေ အားလုံးရဲ့ အစစ်အမှန်ပုံစံကို မြင်လိုက်ရတာပဲ။ တကယ်လို့ ယောကျာ်းတိုင်းကသာ သခင်လေးချန်းလို ဖြစ်နေမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ…"

"ဒါကလည်း ချန်းပင်အန်းက ငယ်သေးတာကိုး…"

ချိုးရှီက ပြန်ဖြေလိုက်သည်။ သူမက အစ်မဖြစ်သူ၏ စကားကို လုံးဝလက်ခံချင်ပုံ မရချင်ပေ။

"သူ အရွယ်ရောက်လာရင် အဲဒီလူတွေလို ဆိုးသွားမှာပဲ။ နောက်တစ်ကြိမ် ကျွန်မတို့ရဲ့ ခွန်လှေနဲ့ ခရီးသွားတဲ့အချိန်ကျရင် ကျွန်မတို့ကို ချိုချိုသာသာပြောပြီး သူနဲ့အတူ အိပ်ယာထဲခေါ်ဖို့တောင် ဖြစ်နိုင်တယ်…"

ချွန်းရွှေက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး ချိုးရှီ၏ ခါးတွင် ချိတ်ထားသော ပန်းထိုးအိတ်ကလေးကို ကြည့်၍ မေးလိုက်သည်။

"နင် တကယ်ပဲ အဲဒီလိုတွေးနေတာလား…"

ရုတ်တရက်ဆိုသလို ချိုးရှီက ပြန်လှည့်လာပြီး နှုတ်ဆက်နေသည့် ချန်းပင်အန်း၏ အမူအရာကို မမြင်ချင်ယောင်ဆောင်လိုက်သည်။ ချွန်းရွှေက လှမ်းကြည့်လိုက်သည့်အချိန်မှသာ သူတို့ကို လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်နေသော ချန်းပင်အန်းကို သတိထားမိခဲ့သည်။ ထိုအရာကမှ လက်သီးသိုင်းကို စိတ်လိုလက်ရ လေ့ကျင့်နေခဲ့သော သိုင်းပညာရှင်တစ်ယောက်နှင့် လိုက်ဖက်ညီနေခဲ့၏။

ချွန်းရွှေက အလျင်အမြန် လက်တစ်ဖက်မြှောက်ပြီး နှှုတ်ဆက်လိုက်သည်။

ချန်းပင်အန်း လှည့်ထွက်သွားမှသာ ချိုးရှီက မကျေမနပ်ဖြစ်နေသည့်အမူအရာနှင့် ပြန်လှည့်လာခဲ့သည်။ ထိုအရာကို မြင်သည့်အခါ ချွန်းရွှေကတော့ ရယ်ချင်နေခဲ့၏။

“ဘာလို့ ဒီလိုမျိုးလုပ်နေရတာလဲ..။ သူတောင် အဝေးကို ရောက်သွားပြီလေ။ သူ့ကို တလေးတစား နှှုတ်ဆက်လိုက်တော့ရော အသားပဲ့ပါသွားမှာ ကျနေတာပဲ…”

ချိုးရှီက အစ်မဖြစ်သူ၏ စွင့်ကားနေသော ရင်နှစ်မွှာကို ကြည့်ပြီး အပြုံးနှင့် ပြန်လည်တိုက်ခိုက်လိုက်သည်။

“ဟုတ်တာပေါ့…။ အစ်မရဲ့ခန္ဓာကိုယ်မျိုးနဲ့ အသားနည်းနည်း ပဲ့ပါသွားလည်း ပြဿနာမှ မရှိတာ။ ဒါပေမဲ့ ကျွန်မကတော့ နည်းနည်းလေးတောင် အပါမခံနိုင်ဘူး..”

ချက်ချင်းဆိုသလိုပင် သူတို့နှစ်ယောက်က အချင်းချင်း နောက်ပြောင်ကျီစယ် တိုက်ခိုက်နေကြလေ၏။

ခဏကြ စကားပြောခဲ့ပြီးနောက် ချန်းပင်အန်းနှင့် ကျန်းရှန်တို့ နှစ်ယောက်လုံးက တောင်ပိုင်းကို ခရီးသွားရန် စီစဉ်ထားကြောင်း နားလည်သွားကြသည်။ ချန်းပင်အန်းက ထိုသို့ လုပ်ဆောင်ရသည်မှာ အကြောင်းပြချက်တစ်ခုရှိသည်။ လုချန်းနှင့် အဘိုးကြီးယန်တို့ နှစ်ယောက်စလုံးကတောင်ပိုင်းစမ်းချောင်း တိုင်းပြည်တွင် ခွန်လှေကြီးပေါ်မှ ဆင်းရန် သူ့ကို ပြောခဲ့သည်။

ထို့ကြောင့် သူက နဂါးအိုမြို့တွင် ရှိနေသော နောက်ထပ်လှေဆိပ်ထိအောင် လှေနှင့် လိုက်သွားရန် မျှော်လင့်ချက် မရှိတော့ကျေန်းရှန်ကတော့ လှေပေါ်တွင် ဆက်လိုက်ရန် မတတ်နိုင်တော့သည့်အတွက် ဆင်းလာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာဆင်းမလာခဲ့လျှင် စားစရာအတွက် လှေပေါ်တွင် အလုပ်သမားအဖြစ် အလုပ်လုပ်ရတော့မည် ဖြစ်သည်။

အကျင့်စရိုက်အရ သူတို့နှစ်ယောက်က အတော်လေး အဆင်ပြေသည့်အတွက် တောင်ပိင်းသို့ အတူတူသွားရန် သဘောတူလိုက်ကြသည်။သူတို့ လူချင်းခွဲမည့်ကိစ္စကတော့ နောက်တစ်ပိုင်း ဖြစ်သည်။

ခွန်လှေပေါ်မှ သူတို့ဆင်းလာသော လှေဆိပ်က တောင်ပိုင်းစမ်းချောင်းတိုင်းပြည်နှင့် ရှေးဟောင်းယင်းတိုင်းပြည်၏ နယ်စပ်တွင် ရှိနေသည်။ ကျန်းရှန်က အရှေ့ပိုင်း ကုန်းမြေကြီး၏ ဘာသာစကားကို အတော်အသင့် ပြောတတ်နေ၏။ ထို့ကြောင့် သူက ရှေးဟောင်းယင်းတိုင်းပြည်နှင့် ပတ်သက်သည့်ကိစ္စတချို့ကို ချန်းပင်အန်းသိအောင် ရှင်းပြလိုက်သည်။

ရှေးဟောင်းယင်း တိုင်းပြည်၏ နန်းတွင်းကလန်က ချူးကလန်ဖြစ်ပြီး ထိုတိုင်းပြည်၏ နာမည်နှင့် ပတ်သက်၍ ပုံပြင်တစ်ပုဒ် ရှိခဲ့သည်။ ရှေးအချိန်တုန်းက လောကကြီးထဲတွင် ရှိနေသော သစ်ပင်အားလုံး၏ ဘဝသံသရာစက်ကွင်းနှင့် နွေဦးကျရောက်လာခြင်းကို တာဝန်ယူရသည့် နတ်ဘုရားမတစ်ပါး ရှိခဲ့သည်။

သို့သော် ရှေးဟောင်းယင်း တိုင်းပြည်ထဲတွင် နွေဦးရာသီ၌ အစိမ်းရောင် ပြောင်းလဲရာတွင် အတော်လေး နှေးကွေးပြီး ဆောင်းရာသီတွင် သစ်ရွက်ကြွေသည်မှာ တခြားအပင်များထက် ပို၍နှေးကွေးသော သစ်ပင်ကြီးတစ်ပင် ရှိသည်။ ထိုသစ်ပင်ကြီးကြောင့် နတ်ဘုရားမက အတော်လေးကို စိတ်မသက်မသာ ခံစားခဲ့ရ၏။ ထို့ကြောင့် နတ်ဘုရားမက အပြစ်ပေးသည့်အနေနှင့် ထိုသစ်ပင်က လုံး၀ အသိဉာဏ်ရှိလာမည် မဟုတ်ကြောင်း အမိန့်ပေးခဲ့သည်။

ကျန်းရှန်က အဆင့်(၃) ချီကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ယခုအချိန်ထိ သူ၏ ကျင့်ကြံမှုအဆင့်က မတည်ငြိမ်သေးပေ။ သို့သော် တာအိုလမ်းစဉ် လုံဟုတောင်မှ တာအိုသခင်တစ်ယောက် ဖြစ်သည့်အတွက် သူက တောင်တန်းများ၊ တောင်ကုန်းများပေါ်တွင် လျှောက်လှမ်းရသည့် အရာမျိုးနှင့် ရင်းနှီးမှု မရှိပေ။

တောင်တန်းများထဲသို့ မဝင်ခင် ကျန်းရှန်က သူ၏အိတ်ထဲမှ နေ၍ ကြေးခေါင်းလောင်းတစ်ခုကို ထုတ်ပြီး သူ၏မက်မွန်သစ်သား ဓားလက်ကိုင် အဆုံးတွင် ချည်နှောင်ထားလိုက်သည်။ သူက ထိုသို့ လုပ်ဆောင်နေသည့် အချိန်တွင် ချန်းပင်အန်းကို ရှင်းပြလိုက်၏။

"ဒါကို နတ်ဆိုးအာရုံခံ ခေါင်းလောင်းလို့ ခေါ်တယ်။ ဒါက တာအို နယ်မြေတွေထဲမှာတော့ တကယ့်ကို နာမည်ကြီးတဲ့ ပစ္စည်းတစ်ခုပဲ။ ဒါက ချီကျင့်ကြံသူတွေရဲ့ ကြားထဲမှာ နာမည်ကျော်ကြားတဲ့ ပိုင်ကျီ မှတ်တမ်းနဲ့ တူညီတဲ့ ရည်ရွယ်ချက်မျိုး ရှိတယ်။ ဒါပေမယ့် ငါ့ရဲ့ခေါင်းလောင်းကတော့ အနိမ့်ဆုံး အဆင့်ပဲ။ ဒါကြောင့် နတ်ဆိုးဖိနှိပ် ပစ္စည်းတစ်ခုလိုပဲ သတ်မှတ်နိုင်တယ်…”

“ဒီခေါင်းလောင်းထဲကို စွမ်းအားတွေ ပို့လိုက်ရင် သူက နာရီပေါင်းများစွာ အတောအတွင်း ငါ့ထက် တစ်ဆင့် ပိုပြီးမြင့်တဲ့ နတ်ဆိုးကြီးတွေကို အာရုံခံနိုင်လိမ့်မယ်။ လက်ရှိအချိန်မှာ ငါက အဆင့် (၃)ပဲ ရှိသေးတယ်။ ဒါကြောင့် ငါက အဆင့်(၅) အထက်မှာရှိတဲ့ နတ်ဆိုးကြီးတွေကိုတော့ အာရုံခံနိုင်မှာ မဟုတ်ဘူး…"

ချန်းပင်အန်းက တစ်စုံတစ်ခု ပြောချင်နေသော်လည်း အဆုံးတွင်တော့ မည်သည့်စကားမျှ မပြောခဲ့ပေ။ ကျန်းရှန်က သူနှင့် ယခုမှ တွေ့သည့် လူတစ်ယောက်ကို သူ၏ကျင့်စဉ်အဆင့်အကြောင်း ဘာကြောင့် ထိုမျှ အလွယ်တကူ ထုတ်ဖော် ပြောပြနေရသနည်း။

ထို့ပြင် သူက အဆင့်(၅)နတ်ဆိုးများကို နတ်ဆိုးကြီးများအဖြစ် သတ်မှတ်ပြောဆိုနေသည်မှာ အတော်လေးကို ထူးဆန်းနေသည်။ ထို့ကြောင့် ချန်းပင်အန်းက အတော်လေး ထူးဆန်းသလို ခံစားနေခဲ့ရ၏။ ကျန်းရှန်က သူနှင့် တူညီသော ကမ္ဘာမှ ရောက်လာခြင်း မဟုတ်သလို ဖြစ်နေသည်။

ပန်းရောင်ဝတ် ကလေးမလေးနှင့် စိမ်းပြာဝတ် ကောင်လေးတို့ နှစ်ယောက်လုံးက အလယ်ဘုံ (၅)ဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး လုံဝေတိုင်းပြည်ထဲတွင်တော့ စိမ်းပြာဝတ်ကောင်လေးကပင် တစ်နေ့နေ့တွင် သူ့ကို လူတစ်ယောက်က လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်မှာကို စိုးရိမ်နေခဲ့ရသည်။

အံ့ဩနေမိသော်လည်း ကျန်းရှန်အပေါ် ချန်းပင်အန်း၏ ခံစားချက်များကတော့ ပို၍ပင် တိုးတက်လာခဲ့ရ၏။

ကျန်းရှန်ကတော့ ချန်းပင်အန်း၏ အံ့ဩမှုကို သိပုံမရချေ။ သူကတော့ သူ့ကို နှစ်သိမ့်ရန် ကြိုးစားနေခဲ့၏။

"ဒါပေမယ့် ဘာမှ မစိုးရိမ်ပါနဲ့ သခင်လေးချန်း။ ငါတို့ နယ်ပယ်ထဲမှာ ရှိတဲ့ လူတိုင်း ပြောဖူးတယ်။ ဘယ်နတ်ဆိုးကြီးတွေကမှ အင်မော်တယ်ဂိုဏ်းတစ်ခုရဲ့ အုပ်စိုးမှုအောက်မှာရှိတဲ့ နယ်မြေထဲဝင်ပြီး ပြဿနာရှာလို့ မရနိုင်ဘူး..”

“အကြောင်းပြချက်ကတော့ အရမ်းရိုးရှင်းပါတယ်။ အဲဒီနတ်ဆိုးကြီးတွေက သူတို့ လုပ်ချင်တာလုပ်ဖို့ သတ္တိ မရှိကြဘူး။ မဟုတ်လို့ အလယ်ဘုံ (၅)ဆင့်က အင်မော်တယ် တစ်ယောက်ယောက်ကသာ သူတို့ လုပ်နေတဲ့ အရာကို ကြားသွားမယ်ဆိုရင် သူတို့က ချက်ချင်း အသက်သေသွားနိုင်တယ် မဟုတ်လား…"

ချန်းပင်အန်းက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။ တောင်တန်းများထဲသို့ ဝင်ရောက်သွားလာခဲ့သော စာသင်သားများက ခေတ်အဆက်ဆက် ပုံပြင်ပေါင်းများစွာ ရေးသားခဲ့ဖူးသည်။ အင်မော်တယ် ဟူသော သဘောတရားက သာမန် လူသားကမ္ဘာကြီးထဲတွင်တော့ ရှုပ်ထွေးပြီး အလွန် လေးစားထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ကြ၏။

လူသားကမ္ဘာကြီးနှင့် အင်မော်တယ်ကမ္ဘာကြီးက နီးကပ်စွာ ဆက်သွယ်ထားကြသည်။ သူတို့က ခွန်လှေကြီးပေါ်သို့ ရောက်သည့် အချိန်မှသာ လုံချွမ်စီရင်စုကဲ့သို့သော နေရာမျိုးက အရှေ့ပိုင်းကုန်းမြေကြီး အပါအဝင် ကုန်းမြေကြီး(၃)ခု ပေါ်တွင်ပင် အလွန်အမင်း ရှားပါးကြောင်း ချန်းပင်အန်းက နားလည်လာခဲ့ရသည်။ သာမန်လူ အများစုက အင်မော်တယ် တစ်ယောက်ပင် မမြင်ဖူးဘဲ ဘဝတစ်လျှောက်လုံး နေထိုင်ကြရသည်။

ကျန်းရှန်က အလွန် သနားကြင်နာတတ်ပြီး ရိုးသားသည့် လူတစ်ယောက် ဖြစ်၏။ သူတို့ စကားပြောဆိုရာမှတဆင့် ချန်းပင်အန်းဆီတွင် ပိုင်ကျီမှတ်တမ်း ဆောင်ထားခြင်း မရှိေ(၃)ပြားသာ တန်ကြေးရှိသည်ဟု ပြောခဲ့၏။

ထိုအရာက သူ၏ နတ်ဆိုးအာရုံခံ ခေါင်းလောင်းကဲ့သို့ အဆင့်နိမ့်ပစ္စည်းတစ်ခု ဖြစ်ပြီး သီးသန့်အလုပ်ရုံတစ်ခုမှ လုပ်ဆောင်ဖန်တီးထားခြင်း ဖြစ်သည်။ ပုံမှန် အခြေအနေမျိုးတွင်တော့ ထိုပိုင်ကျီမှတ်တမ်းက အလွန်နိမ့်ကျနေသည့်အတွက် လက်ဆောင်ပေးရန်ပင် မသင့်တော်ပေ။ သို့သော် ယခု ချန်းပင်အန်းက တစ်ခု လိုအပ်နေသည်ဖြစ်ရာ သူ့အတွက် အဆင်သင့် အသုံးပြုနိုင်၏။ မည်သို့ပင် ဖြစ်စေကာမူ ကျန်းရှန်က ပိုင်ကျီမှတ်တမ်း တစ်ခုလုံးကို မှတ်မိထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူ့အတွက်လည်း မလိုတော့ပေ။

ချန်းပင်အန်းက ထိုပစ္စည်းကို အခမဲ့ မယူချင်ခဲ့ပေ။ ထို့ကြောင့် သူက သူ၏ အိတ်ဆောင် ရတနာ ဆယ့်ငါး ထဲမှ နေ၍ နှင်းကြေးပြားအသေး (၂)ခုကို ထုတ်ကာ ကျန်းရှန်ကို ပေးလိုက်၏။

ကျန်းရှန်က ခဏတာ စဉ်းစားနေခဲ့ပြီးမှ နှင်းကြေးပြားအသေး တစ်ခုသာ လက်ခံခဲ့သည်။ သူက ထိုသို့ လုပ်လိုက်သည်မှာ ထိုပိုင်ကျီမှတ်တမ်းက အလွန် အိုမင်းနေပြီး အရည်အသွေးကလည်း အလွန်နိမ့်ကျနေသည့်အတွက် နှင်းကြေးပြားအသေး တစ်ပြားပင် တောင်းဆို၍ မရသည့် အကြောင်း ပြောခဲ့သည်။

ချန်းပင်အန်းက အနီရောင် မင်္ဂလာဝတ်စုံနှင့် သရဲမကို တွေ့ခဲ့ရသည့် အချိန်တွင် မျက်မမြင် တာအိုသခင်အိုကြီးက မျိုးရိုးစဉ်ဆက် ဆင်းသက်လာသော တောင်တန်းမြစ် ရှာဖွေခြင်း မှတ်တမ်းတစ်ခု ပေးခဲ့သည်။ ထိုအရာက လက်ရှိပိုင်ကျီမှတ်တမ်းထက် အဆပေါင်းများစွာ ပို၍ကောင်းမွန်ပြီး ချန်းပင်အန်းက လင်းရှှို့ယီကို ပေးခဲ့သည်။

ချန်းပင်အန်းက တောင်တန်းများပေါ်တွင် လမ်းလျှောက်နေရင်း ပိုင်ကျီမှတ်တမ်းထဲရှိ စာရွက်များကို လှန်ကြည့်နေခဲ့သည်။ သူက တွေ့နေရသောအရာများကို အလွန်စိတ်ဝင်စားနေခဲ့၏။ အထူးသဖြင့် နတ်ဆိုးနှင့် ဝိညာဉ်တချို့က တောင်တန်းမြစ် ရှာဖွေခြင်းမှတ်တမ်းထဲတွင် မပါဝင်သည့်အတွက် သူ့အတွက် ဗဟုသုတအသစ်များ ဖြစ်နေသည်။

တောင်တန်းများပေါ်တွင် သွားလာခြင်းနှင့် ပတ်သက်လာလျှင်တော့ ကျန်းရှန်က နောက်ထပ် (၁၀)နှစ်ခန့် ကြိုးစားလျှင်ပင် ချန်းပင်အန်းကို မမီနိုင်သေးချေ။ ချန်းပင်အန်းက တောင်တန်းများပေါ်၌ သွားနေသည့်အချိန်တွင် ပန်းခြံထဲ၌ လမ်းလျှောက်နေရသလို ဖြစ်နေသော်လည်း ကျန်းရှန်ကတော့ အသက်ပင် မနည်းရှှုနေရသည်။ သူ့အတွက်တော့ အတော်လေးကို ပင်ပန်းနေခဲ့၏။

တစ်ချိန်လုံး သတိထားနေရသော ခွန်လှေပေါ်မှ ခရီးသွားလာခြင်း အခြေအနေနှင့် ယခုက လုံးဝကို ကွဲပြားနေသည်။ ယခုတော့ သူက ခွန်လှေကြီးပေါ်တွင် မဟုတ်တော့သည့်အတွက် အလွန်ဂရုစိုက်နေစရာ မလိုတော့ချေ။ သာမန်အဆင့်(၃) သိုင်းပညာရှင်တစ်ယောက်ကပင် တိုင်းပြည်တစ်ပြည်ကို ဘေးမသီရန်မခ ဖြတ်သန်းသွားလာ၍ ရနိုင်သည်။ အရေးကြီးဆုံးတစ်ချက်ကတော့ ချန်းပင်အန်းက ကျန်းရှန်အပေါ် အတော်လေးယုံကြည်နေခဲ့၏။

သူတို့က မကြာသေးခင်အချိန်ကမှ တွေ့ဆုံကြခြင်း ဖြစ်သော်လည်း မိတ်ဆွေဟောင်းများကဲ့သို့ ခံစားနေရသည်။ သူက ကျောင်းငယ်လေး၏အပြင်ဘက်တွင် ဆရာချီနှင့် ပထမဆုံး တွေ့သည့်အချိန်၊ လီကလန်၏စံအိမ်အပြင်ဘက်မှာ လီကျိရှန်နှင့် ပထမဆုံး တွေ့ခဲ့ရသည့်အချိန်ကကဲ့သို့ တူညီသော ခံစားချက်မျိုး ဖြစ်၏။

Translated by Hein Htet.

All Chapters