← Chapters

လမ်းစဥ်အသစ် 

Vol. 174 Ch. 2493

လမ်းစဥ်အသစ် 

Vol. 174 Ch. 2493

သက်စောင့်နန်းတော်အတွင်း ရီဖူရှင်း၏ နတ်အာရုံ ပုံရိပ်က သူ့မူလဝိညာဥ်ဖြစ်သည့် ကမ္ဘာ့သစ်ပင် ရှေ့တွင် ရှိနေ၏။ သူက တစ်စုံတစ်ခုကို တွေးဆ ဆင်ခြင်မိသွားပုံရသည်။

သူက စတင်ကျင့်ကြံ​လိုက်သောအခါ ကမ္ဘာ့သစ်ပင်အနီးတွင် အရာအားလုံးက လည်ပတ်လာသည်။ တရားထိုင်နေရင်း သူ၏ အခြားသော သက်စောင့်ဝိညာဥ်များက လှည့်ပတ်လာသည်။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ကမ္ဘာ့သစ်ပင်သည် လောကအတွင်းရှိ အရာအားလုံးနှင့် သဟဇာတဖြစ်နေကာ သူ့အတွက် အဆုံးမဲ့စွမ်းအင်တို့ကို ထောက်ပံ့ပေးသည်။

ဥပမာအနေနှင့် သူက ယင်ယန်စွမ်းအားတို့ကို ဝါးမြိုမိလျှင် ၎င်းတို့ကို သူ၏ ကိုယ်ပိုင်စွမ်းအားများအဖြစ် ပြောင်းလဲပေးနိုင်သည်။ ကမ္ဘာသစ်ပင်က လောကအတွင်းရှိ အရာအားလုံးကို စုပ်ယူနိုင်ပြီး ရီဖူရှင်းထံ အသန့်စင်ဆုံး မဟာလမ်းစဥ်စွမ်းအားတို့ ပြန်လည်ပေးအပ်၏။

ပြန်စဥ်းစားကြည့်သည့်အခါ သူ၏ ပင်မဝိညာဥ် ကမ္ဘာ့သစ်ပင်မရှိဘဲနှင့် အခြားအရာများလည်း တည်ရှိလိမ့်မည် မဟုတ်ပေ။ ဤကမ္ဘာ့သစ်ပင်က နတ်သစ်ပင်ဖြစ်ပြီး အခြားသော သက်စောင့်ဝိညာဥ်များ အားလုံးနှင့် မဟာလမ်းစဥ်စွမ်းအားတို့က ဤနတ်သစ်ပင်မှ ရရှိသည့် အသီးအပွင့် ဖြစ်ဖြစ်သည်။

ဤသည်မှာ အခြားသော မဟာလမ်းစဥ်စွမ်းအားများက ပြီးပြည့်စုံလုနီးပါးဖြစ်ပြီး အဆင့်ကိုးသို့ ရောက်ရှိနေလျှင်ပင် သူက အဆင့်ရှစ်မှ နောက်တစ်ဆင့်သို့ ချိုးဖျက်နိုင်ခြင်းမရှိရသည့် အကြောင်းရင်း ဖြစ်နိုင်သည်။ အရာအားလုံး၏ အရင်းအမြစ်မှာ သူ့ကမ္ဘာ့သစ်ပင်က ပြီးပြည့်စုံသော အဆင့်ထိ ပြောင်းလဲခြင်းမရှိသောကြောင့် ဖြစ်သည်။

သို့ဆိုလျှင် သူ့ကျင့်ကြံခြင်းအတားအဆီးကို ချိုးဖျက်ရန် ကမ္ဘာ့သစ်ပင်အား ပြောင်းလဲရန် နောက်တစ်ဆင့် မည်သို့ လုပ်ဆောင်သင့်သနည်း။

ရီဖူရှင်းက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ဖြစ်သည်။ ယနေ့ သူက အသက်တစ်ရာထက်ကြီးလာခဲ့ပြီ ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်းတွင် အတားအဆီးနှင့် ကြုံတွေ့ရသည်မှာ ဤသည်က ဒုတိယအကြိမ်ဖြစ်သည်။

ထို့ပြင် ဤတစ်ကြိမ်မှာ သူ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အရေးကြီးအခိုက်အတန့် ဖြစ်နိုင်ဖြစ်သည်။

သူက မကျော်ဖြတ်နိုင်ခဲ့လျှင် သူ၏ ကျင့်ကြံခြင်းခရီးလမ်းက ဤနေရာ၌ အဆုံးသတ်သွားပေမည်။

အမှန်တကယ်၌ ရီဖူရှင်းက အတော်လေး ကံကောင်းသည်ဟု ဆိုနိုင်သည်။ အတိတ်မှ လက်ရှိအချိန်အထိ ထူးချွန်လှသော ကျင့်ကြံသူများစွာ ရှိပြီး တစ်ယောက်ချင်းစီက သူတို့၏ ကျင့်ကြံခြင်းလမ်းခရီးတွင် အမျိုးမျိုးသော အဟန့်အတားတို့နှင့် တွေ့ဆုံကြရ၏။ အခြားတစ်ဖက်တွင် ရီဖူရှင်း၏ ကျင့်ကြံခြင်းခရီးက အတားအဆီးမရှိ ချောမွေ့သည်ဟု ဆိုနိုင်သည်။ ဟွာဂျီယူက သူ့ထက်အရင် အတားအဆီးကို ချိုးဖျက်နိုင်စွမ်း ရှိသည်။ သို့သော် ဟွာဂျီယူသည် သေဆုံးပြီးနောက် ပြန်လည်မွေးဖွားလာကာ ကံကောင်းစွာဖြင့် အသက်ရှင်ခဲ့သည်။ ဟွာဂျီယူသည် ယခင်က ဟွာဂျီယူ မဟုတ်တော့ပေ။ သူမက ယနေ့ သူမ ဖြစ်မလာခင် မရေတွက်နိုင်သော သေခြင်းရှင်ခြင်းတို့ကို ကြုံတွေ့ခဲ့ရပြီး မဟာဧကရီတစ်ပါး၏ အရည်အသွေးတို့နှင့် ပြည့်ဝလာသည်။

သို့သော် ရီဖူရှင်းက ကွာခြားသည်။ သူသည် ယခင်ကအတိုင်း ရိုးသားသည့် စိတ်ထားကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။

ကမ္ဘာ့သစ်ပင်က ညင်သာစွာ ယိမ်းနွဲ့နေပြီး မဟာလမ်းစဥ် အရှိန်အဝါတို့က အရောင်အသွေးစုံလင်စွာဖြင့် စီးဆင်းသည်။ အရောင်တစ်ခုချင်းစီ​က မတူညီသော လမ်းစဥ်စွမ်းအားကို ကိုယ်စားပြု၏။ ကန်းကျင်း၊ ယင်၊ ယန်၊ အသက်စွမ်းအား၊ မိုးကြိုးလျှပ်စီးစွမ်းအား အစရှိသည်တို့ ဖြစ်သည်။ များပြားလှသည့် မဟာလမ်းစဥ် စွမ်းအားတို့က ပြီးပြည့်စုံလုနီးပါးပင် ဖြစ်သည်။ ၎င်းတို့က ကမ္ဘာ့သစ်ပင်ကို ဝန်းရံနေပြီး သစ်ပင်အား တရှဲရှဲအော်မြည်သံများ ထွက်ပေါ်လာစေ၏။

ရီဖူရှင်းက စဥ်းစားတွေးတောနေသော်လည်း အချိန်များစွာ ကြာပြီးနောက်၌ပင် ၎င်းကို အပြည့်အဝ နားလည်နိုင်ခြင်း မရှိသေးပေ။

သူ ကျင့်ကြံနေသည်မှာ လပေါင်းများစွာ ကြာမြင့်သွားပြီ ဖြစ်သည်။ ရှေးဟောင်းတောင်ထွတ်ပေါ်တွင် ရီဖူရှင်းက နတ်အာရုံ ကျင့်ကြံခြင်း အခြေအနေသို့ တစ်ဖန် ဝင်ရောက်သွားခဲ့ဖြစ်သည်။ သူ နိုးထလာသည့်အခါ ထူးထူးခြားခြား ငြိမ်သက်အေးချမ်းနေပုံရ၏။ ဗုဒ္ဓအလင်းရောင်က သူ့အပေါ်တွင် တောက်ပနေပြီး လေပြေညင်းက သူ့အပေါ် ဖြတ်သန်းတိုက်ခတ်သွားသည့်အခါ ရီဖူရှင်းက လက်ကို ဆန့်ထုတ်လိုက်သည်။ သူက လောကတစ်ခွင် တည်ရှိနေသည့် စွမ်းအားများကို ထိတွေ့နိုင်သလို ခံစားရ၏။

တစ်စုံတစ်ယောက်က ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့် ဤလောကအတွင်းရှိ အရာအားလုံးကို ပိုမိုအာရုံခံကာ အသုံးချနိုင်မည် ဖြစ်သည်။

ရီဖူရှင်းက ကောင်းကင်သို့ လက်ညှိုးညွှန်ကာ ပါးလွှသည့် လေထုအတွင်း စကားလုံးများ စတင်ရေးဆွဲလိုက်သည်။ သူ၏ ဆွဲသားချက်များက လေထုအတွင်း တိုက်ရိုက်ထွင်းထုထားသလို ရှင်းလင်းလာသည်။ ထိုစကားလုံးများတွင် လမ်းစဥ် စွမ်းအားတို့ ပါဝင်နေ၏။

ရှေးဟောင်းတောင်ထွတ်၏ အောက်ဘက်တွင် မျက်မမြင်ထျယ်က ခေါင်းကိုမော့ကာ ကောင်းကင်သို့ ကြည့်လိုက်သည်။ သူက အစွမ်းထက်သော လမ်းစဥ်စွမ်းအားကို ခံစားမိ၏။

အဝေးရှိ ဖန်းစွင်နှင့် အခြားလူများသည်လည်း ထိုနေရာသို့ မော့ကြည့်ကာ ပြောလိုက်သည်။

"အဲဒီစာလုံးတွေက ဆရာရေးထားတာလား။ ကြည့်ရတာ ဆရာ့ရဲ့ ကျင့်ကြံခြင်းက အဆင့်ကိုးကို ရောက်နေပြီးသားဖြစ်မယ် ထင်တယ်။ ဒါပေမယ့် ဘာလို့ သူက အဆင့်တက်တော့မှာကို မခံစားမိသေးတာလဲ။"

ဟွာဂျီယူနှင့် ဟွာချင်းချင်းတို့က ရီဖူရှင်းထံ လျှောက်လာခဲ့သည်။ ရီဖူရှင်းက ထိုသင်္ကေတစာလုံးကို စိုက်ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။ သူ လက်ကို ယမ်းလိုက်သည့်အခါ ကောင်းကင်မှ 'လမ်းစဥ်' စာလုံးက ပျောက်ကွယ်သွား၏။

"ရှင့်ရဲ့ လမ်းစဥ်က အဆင့်ကိုးကို ရောက်နေခဲ့ပြီး သာမန်အဆင့်ကိုး ကျင့်ကြံသူထက် သာလွန်နေခဲ့ပြီ။" ဟွာချင်းချင်းက ညင်သာစွာ ပြောလိုက်သည်။ သူမသည် ယခင် ဘဝမှ မှတ်ဉာဏ်များ ပြန်လည်ရရှိခဲ့ပြီးနောက် စကားလုံးတိုင်းက ထူးခြားလှသည့် ခံစားချက်ကို ပေးစွမ်းသည်။

ရီဖူရှင်း၏ မဟာလမ်းစဥ်စွမ်းအားတို့က အလွန် အစွမ်းထက်လှပြီး သေချာပေါက် အဆင့်ရှစ်၌ ရှိမနေတော့ပေ။

ဟွာဂျီယူက ရီဖူရှင်း သက်ပြင်းချလိုက်သည်ကို ကြားသောအခါ သူမ သည် ရီဖူရှင်းက ပဟေဠိကို ဖြေရှင်း၍ မရနိုင်သေးကြောင်း နားလည်လိုက်သည်။

သူမက ရီဖူရှင်းဘေးသို့ လျှောက်လာသည်။ ဂျီယူ၏ လှပသော မျက်လုံးများက သူ့ထံသို့ ကြည့်လိုက်ပြီး မည်သည့်စကားမှ မပြောဘဲ နူးညံ့စွာ ပြုံးနေသည်။ ထိုအပြုံးက ရီဖူရှင်းအတွက် အကောင်းဆုံး နှစ်သိမ့်မှုပင် ဖြစ်သည်။

"ဂျီယူ"

ရီဖူရှင်းက သူမလက်ကို ဆုပ်ကိုင်လိုက်သည်။

"ငါ အခုထိ မလုပ်နိုင်သေးဘူး။"

"နင့်ရဲ့ သင်ယူလေ့လာနိုင်စွမ်းနဲ့ဆို အဆင့်မတက်နိုင်စရာ အကြောင်းမရှိပါဘူး။ တခြားလူတွေနဲ့ ငါတောင် လုပ်နိုင်မှတော့ နင်လည်း လုပ်နိုင်မှာပါ။ နင့်ရဲ့ လမ်းစဥ်က တခြားလူတွေနဲ့ ကွဲပြားနေတာကြောင့် အပြည့်အဝ နားမလည်သေးတာပဲ ဖြစ်မယ်။ ပြီးတော့ အဲဒါကြောင့် ဒီလိုဖြစ်လာတာပဲ။ နင့်ရဲ့ လမ်းစဥ်က တခြားလူတွေလို လွယ်ကူနေမယ်ဆိုရင် နင် ဘယ်ဟုတ်တော့မလဲ။"

ဟွာဂျီယူ၏ အသံက နူးညံ့ညင်သာနေသည်။ သူမက ရီဖူရှင်း၏ နှလုံးသားထဲမှ မချင့်မရဲဖြစ်မှုကို ခံစားမိ၏။

အဆုံးမှာတော့ ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့် မည်သူမဆို မချင့်မရဲ ဖြစ်လိမ့်မည်သာ ဖြစ်သည်။ သူက ၎င်းကို ​ဖြတ်မမြင်နိုင်ပါက သူ့ရှေ့မှ လမ်းကြောင်းကို မရှာနိုင်ရုံမျှမက နားလည်ရန်ပင် ဖြစ်နိုင်မည် မဟုတ်ပေ။

သူက အခြားလူတိုင်းနှင့် ကွဲပြားခြားနားသည်။

"အင်း။"

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူသည်လည်း တူညီသော ခံစားချက်ကို ခံစားရ၏။

သူက ဟွာချင်းချင်းကို လှည့်ကြည့်ကာ ပြောလိုက်၏။ "ဒါက တကယ်ကို အဆင့်ကိုးကျင့်ကြံသူရဲ့ လမ်းစဥ်စွမ်းအားပဲ။ ဒါပေမယ့် ငါ အဆင့်မတက်နိုင်သေးဘူး ဖြစ်နေတယ်။ ကြည့်ရတာ နားလည်သဘောပေါက်မှုက အခုထိ မလုံလောက်သေးတာ ဖြစ်မယ်။"

"အရင်တုန်းက ဗုဒ္ဓလမ်းစဥ်ကို ကျင့်ကြံတဲ့ ဗုဒ္ဓကျင့်ကြံသူတစ်ပါးက နှစ်ပေါင်း တစ်ရာကျော်အောင် လေ့လာခဲ့ပေမယ့် နားလည်သဘောပေါက်ဖို့ အမြဲကျရှုံးခဲ့တယ်။ ဒါပေမယ့် တစ်နေ့ သူ အိပ်နေရာက နိုးလာတဲ့အခါ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခဲ့တယ်။ အဲဒါက ကောင်းကင်မှာ ရှိတဲ့ တိမ်တွေ ရှင်းလင်းသွားပြီး နေမင်းကို မြင်တွေ့ခွင့်ရလိုက်သလိုပဲ။"

ဟွာချင်းချင်းက ဆက်ပြောလိုက်သည်။

"ပြီးတော့ အဲဒါက တစ်ကြိမ်ထက်ပိုပြီး ဖြစ်ခဲ့ဖူးတယ်။ ဗုဒ္ဓအကြီးအကဲက ဗုဒ္ဓကျမ်းစာတွေကို အကြိမ်ပေါင်းထောင်ချီ လေ့လာခဲ့ပြီး အကြိမ်ရေထောင်သောင်းချီအောင် ကူးယူရေးသား အခါခါ ကျက်မှတ်ခဲ့တယ်။ ဒါပေမယ့် သူက အပြည့်အဝ နားမလည်နိုင်ခဲ့ဘူး။ ဒါပေမယ့် တစ်နေ့မှာ ရုတ်တရက် နားလည်သဘောပေါက်သွားပြီး အရာအားလုံးက ဒဏ္ဍာရီ ဖြစ်လာခဲ့တယ်။"

ရီဖူရှင်းက ဟွာချင်းချင်း ပြောသည်ကို ကြားပြီးနောက် တစ်ခုခုကို သဘောပေါက်သွားသလို ခံစားလိုက်ရဖြစ်သည်။ သူက အကူအညီမဲ့စွာ ပြုံးလိုက်၏။

"ကျင့်ကြံခြင်းဆိုတာ အဲဒီလိုပါပဲ။ အခုလို ဖြစ်ရတာ ကျုပ် အရင်တုန်းက တစ်ခါမှ အတားအဆီးနဲ့ မတွေ့ကြုံဖူးလို့ ဖြစ်နိုင်တယ်။ အဲဒီဗုဒ္ဓကျင့်ကြံသူနဲ့ ကျုပ်ကြားထဲ ကွာခြားမှုက ကျုပ်မှာ အချိန်အများကြီး မရှိတာ ဖြစ်မယ်။"

သူက လက်ရှိအဆင့်၌ ထာဝရရပ်တန့်နေမည်ကို စိတ်မပူပေ။ အစကတည်းက ထာဝရဟူသော အရာဟူ၍ မရှိပေ။

သူက ဆယ်နှစ်နှင့်မလုပ်နိုင်လျှင် နှစ်တစ်ရာ ကြိုးစားရပေမည်။

ယခင်က ဗုဒ္ဓအရှင်သည် ဗုဒ္ဓကျင့်ကြံခြင်း၌ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားဖူးသည်။ သူက မည်သည့်အရာကိုမှ ဂရုစိုက်ခြင်းမရှိသည့်အတွက် ရှေးဟောင်းဗုဒ္ဓချင်းသန်ဟု ကျော်ကြားခဲ့ခြင်း ဖြစ်သည်။ ရီဖူရှင်းက ထိုသို့သော စိတ်အခြေအနေကို လေးစားသော်လည်း သူ၏ အခြေအနေက ကွဲပြားဖြစ်သည်။

"မဟာလမ်းစဥ်တွေက ဆက်စပ်နေပြီး လောကရဲ့ လမ်းစဥ်တွေ အားလုံးကြားမှာ တူညီတဲ့တစ်ခုခုရှိတယ်။ ကျင့်ကြံတာက မလုံလောက်သေးသလို ခံစားရရင် ဗုဒ္ဓကျမ်းစာတွေ လေ့လာဖို့ ကြိုးစားကြည့်နိုင်တယ်။ အဲဒါက နင့်ရဲ့ အရှိန်အဟုန်ကို ပြောင်းလဲပေးနိုင်လိမ့်မယ်။"

ဟွာချင်းချင်းက ပြုံးလျက် ပြောလိုက်သည်။

"အစွမ်းထက်ဆုံး ဗုဒ္ဓစွမ်းရည်တွေကို ကျင့်ကြံစရာမလိုဘူး။ နင် လုပ်ဖို့ လိုအပ်တာက ဗုဒ္ဓကျမ်းစာတွေကို ဖတ်ပြီး စိတ်ငြိမ်ငြိမ်နဲ့ အာရုံစိုက်ထားဖို့ပဲ။"

ရီဖူရှင်းက ဟွာချင်းချင်းကို ကြည့်လိုက်သည်။ သူမက သေချာပေါက် အရင်ကနှင့် ကွာခြားသည်။ သူမက ပို၍ အမြော်အမြင်ရှိလာ၏။ အဆုံးမှာတော့ သူမသည် ဗုဒ္ဓအရှင် နှစ်ပေါင်းများစွာ ကျင့်ကြံရာ၌ လိုက်ပါခဲ့သည့် ဗုဒ္ဓမီးအိမ်ဖြစ်ပြီး ဗုဒ္ဓအရှင်၏ ကျမ်းစာသင်ခန်းစာများကို နှစ်များစွာ နားထောင်ခဲ့ရသည့်အတွက် ကြီးမားသော ဉာဏ်ပညာကို ရရှိထား၏။ မဟုတ်လျှင် သူမက ဝိညာဉ် နိုးထလာလိမ့်မည် မဟုတ်ပေ။

"ငါ ကြိုးစားကြည့်မယ်။"

ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ ၎င်းက အလုပ်ဖြစ်မည့်ပုံရသည်။ အနည်းဆုံး ၎င်းက သူ့နှလုံးသားကို တည်ငြိမ်စေနိုင်သည်။ အမှန်တကယ်၌ လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ စိတ်အခြေအနေမှာ ယခင်ကလောက် တည်ငြိမ်ခြင်းမရှိပေ။

"ငါ နင့်ကို အဖော်ပြုပေးမယ်။"

ဟွာဂျီယူက အပြုံးနှင့် ပြောလိုက်သည်။

"ကောင်းပြီ။"

ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ဟွာဂျီယူနှင့်အတူ ရှေးဟောင်းတောင်ထိပ်ပေါ် ဆင်းလာပြီး တစ်နေရာသို့ လျှောက်သွားခဲ့သည်။ ကျမ်းစာများက သူ အဆင့်တက်ဖို့ရာ နည်းလမ်းကို ရှာဖွေနိုင်ရန် သူ့အတွက် အသုံးဝင်နိုင်မည်ဟု မျှော်လင့်ရသည်။

All Chapters