← Chapters

ပန်းချီကား

Vol. 3 Ch. 274

ပန်းချီကား

Vol. 3 Ch. 274

ထျန်းရှန်း အမိန့်တော်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် သစ်ကြံပိုးပင်များဖြင့် ပြည့်နေသည့် တောင်ကုန်း တစ်ခုပေါ်တွင် ရပ်နေခြင်း ဖြစ်လေသည်။ သစ်ကြံပိုး ရနံ့လေးများသည် ကောင်းကင် တစ်ခွင်တွင် ပျံ့နှံ့ နေလေသည်။

ဆန်းလျန်တို့ သုံးယောက်သည် လှေထိုးသမား၏ နောက်မှ တောင်ထိပ်ဆီသို့ တက်လာကြသည်။

ထျန်းရှန်း အမိန့်တော် ဂိုဏ်းချုပ်သည် နောက်ပါများ ခြံရံလျက် သူတို့ သုံးယောက်ကို ကြိုဆို နေလေသည်။

ထျန်းရှန်း ဂိုဏ်းသားများသည် ဇာပဝါဖြင့် မျက်နှာကို ဖုံးအုပ်ထားသည့် ကျောက်ရှောင်ယွီကို လှမ်းကြည့် လိုက်ကြသည်။ သူမ၏ မျက်နှာ တစ်ခုလုံးကို မမြင်ရသည့်တိုင် သူမ၏မျက်ခုံး မျက်လုံးများမှာ နတ်မိမယ် တစ်ပါးအလား ချောမော လှပလွန်းလေသည်။ သူမ၏ အလှမှာ သူတို့၏ ဂိုဏ်းချုပ် မိန်းမပျိုထက် မလျော့ပေ။

ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…

"လူစုံ တက်စုံ ရှိနေကြတာကိုး၊ ကောင်းပြီလေ၊ မင်းတို့အားလုံး ကျွန်မကို တိုက်ခိုက်ဖို့ စောင့်နေကြတာလား"

သူမသည် ကြာပန်းဖြူလေး တစ်ပွင့်အလား လှပလွန်းသူ ဖြစ်လေသည်။ သို့သော် သူမ၏ စကားလုံးများကတော့ သံမဏိအလား ခိုင်မာလွန်းလှသည်။ သူမ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည့် ပုံသဏ္ဌာန်သည် လူတိုင်းကို တုန်လှုပ် စေသည်။

အနီရောင်ဝတ် ဂိုဏ်းချုပ် မိန်းမပျိုက ကျောက်ရှောင်ယွီကို လှမ်းကြည့် လိုက်ရင်း…

"ရှင်က ကြာပန်း ကိုးပွင့် ကျောင်းတော်က ကျောက်ရှောင်ယွီပဲ ဖြစ်ရမယ်"

သူမ စကားဆုံးသည်နှင့် ထျန်းရှန်း အမိန့်တော်ဂိုဏ်းမှ ဂိုဏ်းသားများမှာ ပါးစပ် အဟောင်းသား ဖြစ်သွား ကြလေသည်။

တိုက်ခိုက် အနိုင်ယူရန် ခက်ခဲလွန်းသည့် ကြာပန်း ကိုးပွင့် ကျောင်းတော်မှ ကျောက်ရှောင်ယွီ ဖြစ်နေသောကြောင့်သာ သတ္တိရှိစွာဖြင့် ထျန်းရှန်း အမိန့်တော် ဂိုဏ်းရှိရာသို့ ရောက်ရှိလာခြင်း ဖြစ်လေသည်။ သူတို့က ကျန်းမာရေး ကောင်းပုံမရသော ယောကျ်ား တစ်ယောက်နှင့် ကလေးမလေး တစ်ယောက်ကို ခေါ်ကာ ထျန်းရှန်း အမိန့်တော်ဂိုဏ်း၏ ဌာနချုပ်သည့် ရောက်လာရဲသည့် ကျောက်ရှောင်ယွီကို အံ့သြ နေကြလေသည်။

သူမ၏ တန်ခိုးစွမ်းအား မည်မျှ ကြီးမားပါစေ။ ထျန်းရှန်း အမိန့်တော်ဂိုဏ်းကို ယခုကဲ့သို့ ပုံစံမျိုးဖြင့် အနိုင်ယူနိုင်မည် မဟုတ်ပေ။

ကျောက်ရှောင်ယွီက မဲ့ပြုံး တစ်ချက် ပြုံးလိုက်ရင်း…

"ရှင်က ထျန်းရှန်း အမိန့်တော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် အသစ်လား၊ မိုးမြေခြေရာဖျောက် တန်ခိုးစွမ်းအားက တကယ် အစွမ်းထက်တယ်လို့ ကြားဖူးတယ်၊ ဒါပေမဲ့ ရှင့်အစွမ်း ဘယ်လောက်ရှိလဲ ဆိုတာတော့ အခု ကြည့်ရတော့မှာပေါ့"

အနီရောင်ဝတ် ဂိုဏ်းချုပ် မိန်းမပျိုက ကျောက်ရှောင်ယွီ၏ စကားကို ဂရုမစိုက်ပါ။ သူမက ဆန်းလျန်ကို ကြည့်လိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

"ဆန်းသခင်လေး၊ ရှင်က ကျောက်မိန်းကလေးကို ကူညီပြီး တိုက်ခိုက်ပေးဖို့ ဒီကို ရောက်လာတာလား"

မေးခွန်း မေးလိုက်ခြင်း ဖြစ်သည့်တိုင် သူမ၏ စကားသံတွင် လေးစားမှုများစွာ ပါဝင် နေလေသည်။

ထျန်းရှန်း ဂိုဏ်းသားများမှာ ကျောက်ရှောင်ယွီ တစ်ယောက်တည်းကိုပင် အနိုင်ရအောင် ခက်ခက်ခဲခဲ ကြိုးစားရမှာ ဖြစ်လေသည်။ ယခု သူတို့ဂိုဏ်းချုပ်က နေမကောင်းပုံရသည့် လူငယ်ကို လေးလေးစားစား ဆက်ဆံ နေလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် လူငယ်မှာ ကျောက်ရှောင်ယွီ ထက်ပင် တန်ခိုးစွမ်းအား ကြီးမား ပုံရလေသည်။ ထို့ကြောင့် ကျောက်ရှောင်ယွီက သတ္တိရှိရှိဖြင့် ထျန်းရှန်း အမိန့်တော်ဂိုဏ်းသို့ ချီတက်လာခြင်း ဖြစ်ဟန်တူသည်။

ထျန်းရှန်း ဂိုဏ်းတွင် တန်ခိုးစွမ်းအား အမြင့်မားဆုံးမှာ ဂိုဏ်းချုပ် မိန်းမပျို တစ်ယောက်သာလျှင် ရှိလေသည်။ အခြားသော ဂိုဏ်းသားများမှာ ရုဟွအဆင့်ထက် မကျော်လွန် နိုင်ကြသေးပေ။ သူတို့ ဂိုဏ်းချုပ်၏ တန်ခိုးစွမ်းအား မြင့်မားမှုကြောင့်သာ ထျန်းရှန်း အမိန့်တော်ဂိုဏ်းက ပြန်လည် ဦးမော့ လာခြင်း ဖြစ်လေသည်။ သူမသာ တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့လျှင် ထျန်းရှန်း အမိန့်တော် ဂိုဏ်းတစ်ခုလုံး ပျက်စီးရမည် ဖြစ်လေသည်။

သူတို့ တစ်ဂိုဏ်းလုံးသည် ဂိုဏ်းချုပ် တစ်ယောက်တည်းကိုသာ မှီခို အားထားနေရခြင်း ဖြစ်လေသည်။

ဆန်းလျန်နှင့် အနီရောင်ဝတ် မိန်းကလေးမှာ "မိတ်ဆွေဟောင်းတွေ များလား" ဟု ကျောက်ရှောင်ယွီ တွေးလိုက်မိသည်။ ဆန်းလျန်က အသက်သုံးဆယ် အရွယ် ကျန်းမာရေး မကောင်းသည့် လူတစ်ယောက် အသွင် ရုပ်ဖျက် ထားသည့်တိုင် အနီရောင်ဝတ် မိန်းကလေးက ဆန်းလျန်ကို မှတ်မိ နေလေသည်။

"ကျုပ်တို့ မတွေ့ကြတာ အနှစ် နှစ်ဆယ်တောင် ရှိပြီနော်၊ ရှင်းမိန်းကလေးက ပိုပြီး လှလာတာပဲ၊ မင်းရဲ့ အဖေရော ကျန်းမာပါရဲ့လား"

အတိတ် တစ်ချိန်က ဆန်းလျန်နှင့် သိကျွမ်း ခဲ့ကြသည့် မြေခွေး နတ်ဘုရား သားအဖမှာ အလွန်ပင် ထူးဆန်းသူများ ဖြစ်ကြလေသည်။

ယခုလည်း ဆန်းလျန် ရုပ်ဖျက် ထားသည့်တိုင် ရှင်းစစ်စစ်နျန်သည် သူ့ကို ကောင်းကောင်း မှတ်မိနေလေသည်။

ရှင်းစစ်စစ်နျန်က သက်ပြင်း ချလိုက်ရင်း…

"ကျွန်မ အဖေ ဆုံးသွားခဲ့ပါပြီ…"

ဆန်းလျန်မှာ သူမစကားကြောင့် အံ့သြသွားသလို စိတ်မကောင်းလည်း ဖြစ်သွားရသည်။

"လောကမှာ ဘာကိုမှ ကြိုမသိနိုင်ခဲ့ဘူးပဲ၊ ကျုပ်တို့တွေ ပြန်ဆုံ ကြဦးမယ်လို့ ထင်နေတာ၊ အရင်တုန်းက မီးဖိုနံဘေးမှာ စကားအတူတူ ပြောခဲ့ကြတဲ့ ပျော်စရာ အချိန်တွေကို ကျုပ်သတိ ရနေတုန်းပါပဲ၊ မင်းရဲ့ အဖေပေးခဲ့တဲ့ အကြံဉာဏ်တွေကို ကျုပ်နားထဲမှာ အခုထိ ကြားယောင် နေဆဲပါ"

"ကျွန်မတို့ ဂုဏ်မယူရဲပါဘူးရှင်၊ ရှင့်အောင်မြင်မှုတွေကို အဖေရော ကျွန်မရော ကြားပါတယ်၊ အဖေက ပြောတယ် ရှင်ဟာ တကယ့်ကို မိုးကောင်းကင်က ချီးမြှောက်တဲ့ ပါရမီရှင်ပဲတဲ့၊ ရှင်အခု ရရှိထားတဲ့ အောင်မြင်မှုတွေဟာ ကျွန်မတို့နဲ့ ဘယ်လိုလုပ် သက်ဆိုင်ပါ့မလဲရှင်"

ရှင်းစစ်စစ်နျန်က တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ကျွန်မ ဒီနေ့လာခဲ့တာ လက်စားချေဖို့ လာခဲ့တာ၊ ရှေးဟောင်း နှောင်းဖြစ်တွေ နားထောင်ဖို့ မဟုတ်ဘူး"

ကျောက်ရှောင်ယွီက ရှင်းစစ်စစ်နျန်၏ စကားကို ဖြတ်ပြောလိုက်လေသည်။

ကျောက်ရှောင်ယွီ၏ စကားကြောင့် ရှင်းစစ်စစ်နျန်က လှပစွာ ပြုံးလိုက်လေသည်။ သူမ၏ အပြုံးက မြစ်တစ်စင်း ကဲ့သို့ ကျယ်ပြန့်ပြီး မီးစတစ်စ အလား နွေးထွေး လှလေသည်။

"ဆန်းသခင်လေး၊ နှစ်ဖက်စလုံးကို ကူပြီး တိုက်ခိုက်မှာလား၊ ဒါမှမဟုတ် ဘယ်သူ့ကိုမှ မကူညီဘဲ နေမှာလား"

ရှင်းစစ်စစ်နျန်က မေးလိုက်ခြင်း ဖြစ်သည်။

ကျောက်ရှောင်ယွီ၏ မျက်နှာကတော့ အေးအေးဆေးဆေးပင် ဖြစ်လေသည်။ ဆန်းလျန်သည် မိတ်ဆွေဟောင်း တစ်ယောက်အတွက် သူမအပေါ်တွင် စိတ်ထား ပြောင်းလဲ သွားမည့် သူမျိုး မဟုတ်ပေ။ ထို့ပြင် ဆန်းလျန် စိတ်ထား ပြောင်းလဲ သွားခဲ့လျှင်လည်း ကျောက်ရှောင်ယွီဆိုသည်က သူမကိုယ်သူ ယုံကြည်မှု အပြည့်ရှိသူ တစ်ယောက် ဖြစ်လေသည်။

"ရှင်းမိန်းကလေး၊ ကျုပ်က မင်းနဲ့ တိုက်ခိုက်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်မှာလဲ၊ မင်းဘက်ကသာ ကျောက်မိန်းကလေးကို မတိုက်ခိုက်ဘဲ နောက်ဆုတ် ပေးလိုက်ရင် ကျုပ်တို့ တိုက်ခိုက်စရာ မလိုတော့ဘူးပေါ့"

ဆန်းလျန်က ပြုံးရင်း ပြောလိုက်လေသည်။

ဆန်းလျန်၏ စကားကြောင့် ထျန်းရှန်း ဂိုဏ်းသားများမှာ ထိတ်လန့် တုန်လှုပ် သွားကြလေသည်။ သူတို့က ဆန်းလျန်နှင့် ကျောက်ရှောင်ယွီကို ရင်မဆိုင်ရဲသောကြောင့် ထိတ်လန့် သွားကြခြင်း မဟုတ်ပါ။ သူတို့၏ ဂိုဏ်းချုပ်က အလျှော့ ပေးလိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။

"ဂိုဏ်းချုပ်၊ သူတို့တွေ ဘယ်လောက်ပဲ အစွမ်းကြီးပါစေ၊ ကျုပ်တို့ မကြောက်ပါဘူး ၊ အသက်ပေးပြီး တိုက်ခိုက်မယ်"

ဂိုဏ်းသားအချို့က ရှင်းစစ်စစ်နျန်ကို စိတ်ထက်သန် စွာဖြင့် ပြောလိုက်ကြသည်။

ကျောက်ရှောင်ယွီက ရယ်မော လိုက်လေသည်။

ထို့နောက် သူမက အင်္ကျီ လက်တစ်ဖက်ကို ဝှေ့ယမ်း လိုက်ပြီး တောင်ထိပ်ရှိ ကျောက်တုံးကြီးကို ရိုက်ချ လိုက်လေသည်။ ထိုကျောက်တုံးကြီးမှာ တောင်ပေါ်တွင် နှစ်ပေါင်း တစ်သောင်းကျော် တည်ရှိနေသည့် ကျောက်တုံးကြီး ဖြစ်ပြီး သာမန် ဓားများ၊ လက်နက်များပင် ထိုးခုတ်နိုင်ခြင်း မရှိပေ။

သို့သော် ကျောက်ရှောင်ယွီ၏ လက်တစ်ဖက် ဝှေ့ယမ်း လိုက်သည်နှင့် အပိုင်းပိုင်း အစစ ဖြစ်သွားရလေသည်။

ထျန်းရှန်း အမိန့်တော် ဂိုဏ်းနှင့် ကြာပန်း ကိုးပွင့် ကျောင်းတော် နှစ်ခုလုံးသည် လော်ဝါဒမှ ခွဲထွက်သွားသည့် ဂိုဏ်းခွဲများ ဖြစ်ကြလေသည်။ ထို့ကြောင့် ကျောက်ရှောင်ယွီ အသုံးပြုသည့် ပညာကို ထျန်းရှန်း အမိန့်တော် ဂိုဏ်းသားများက သိရှိကြလေသည်။

"တာ့လော် မိုးဖြို လက်ဝါးသိုင်း…"

ထျန်းရှန်းအမိန့်တော် ဂိုဏ်းသားများ ရေရွတ် အော်ဟစ် လိုက်ကြသည်။

တာ့လော် မိုးဖြို လက်ဝါးသိုင်းမှာ ပထမဆုံး မျိုးဆက်မှ လော်ဝါဒ၏ သူတော်စင် မိန်းမပျို တီထွင်ခဲ့သည့် သိုင်းပညာ ဖြစ်လေသည်။ ထိုသိုင်းပညာမှာ ထိပ်တန်း သိုင်းပညာ တစ်ခုတော့ မဟုတ်ပေ။ သို့သော် ကျင့်ကြံသူ၏ တန်ခိုး စွမ်းအား မြင့်မားလေ ထိုသိုင်းပညာကလည်း မြင့်မားလေ ဖြစ်လေသည်။ ပထမဆုံး မျိုးဆက်မှ လော်ဝါဒ၏ သူတော်စင် မိန်းမပျိုသည် တာ့လော် မိုးဖြို လက်ဝါးသိုင်းကို အသုံးပြုကာ နတ်ဘုရား ဂိုဏ်းများစွာနှင့် ကျင့်ကြံသူ ဂိုဏ်းများစွာကို အောင်နိုင်ခဲ့သူ ဖြစ်လေသည်။

ထိုအချိန် ကာလများသည် လော်ဝါဒ သြဇာ လွှမ်းမိုးသည့် ကာလများ ဖြစ်လေသည်။ လော်ဝါဒ ကျင့်ကြံသူများသည် ယခုအချိန်အထိပင် ထိုကာလ၏ အောင်မြင်မှုများကို တသသ ဖြစ်နေ ကြရသေးသည်။

ကျောက်ရှောင်ယွီက တာ့လော် မိုးဖြို လက်ဝါးသိုင်းကို အသုံးပြုကာ ကျောက်တုံးကြီးကို အစိတ်စိတ် အမြွှာမြွှာ ဖြိုခွဲပြလိုက်ခြင်းမှာ သူမ၏ တန်ခိုးစွမ်းအား မည်မျှ ကြီးမားကြောင်း ပြသလိုက်ခြင်း ဖြစ်လေသည်။ ထျန်းရှန်း အမိန့်တော်ဂိုဏ်းမှ ဂိုဏ်းသားများကို တိုက်ခိုက်ရန်မှာ ထိုကျောက်တုံးကြီးကို ဖြိုခွဲရန် လောက်ပင် မခက်ခဲလှပေ။

ထျန်းရှန်း အမိန့်တော် ဂိုဏ်းသား အချို့မှာ ကျောက်တုံးကြီး တစ်စစီ ဖြစ်သွားပြီး ကျောက်မှုန်များ လေထဲ လွင့်သွားသည်ကို ကြည့်နေကြလေသည်။ ကျောက်ရှောင်ယွီကို ဆန့်ကျင်လျှင် သူတို့လည်း ထိုကျောက်မှုန်များကဲ့သို့ ဖြစ်သွားနိုင်သည်ဟု တွေးတောကာ တိတ်ဆိတ် ငြိမ်သက် နေကြလေသည်။

သို့သော် ရှင်းစစ်စစ်နျန်ကတော့ ကျောက်ရှောင်ယွီ၏ တာ့လော် မိုးဖြို လက်ဝါးသိုင်းကြောင့် ကြောက်လန့် သွားခြင်း မရှိပါ။

သူမက ဆန်းလျန်ကို လှမ်းကြည့်လိုက်ပြီး…

"ဆန်းသခင်လေး ၊ ကျွန်မကို ဘာလို့ ဒီလို အခက်တွေ့အောင် လုပ်ရတာလဲ"

"ကျုပ် မင်းကို အခက်တွေ့အောင် လုပ်တာမဟုတ်ပါဘူး၊ အရင်တုန်းက မင်းရဲ့အဖေ တောင်းဆိုထားတဲ့ အရာကို မင်းကို ပေးချင်တာပါ"

ဆန်းလျန်က ပြောလိုက်သည်။

ရှင်းစစ်စစ်နျန်၏ မျက်နှာမှာ လင်းလက် တောက်ပ သွားလေသည်။

"ရှင် အဲဒါကို ရှာတွေ့ပြီလား"

"မင်းလည်း အဲဒါကို လိုချင်မယ်လို့ ထင်ပါတယ်၊ အဲဒါက ကျုပ်နဲ့တော့ ပါမလာခဲ့ဘူး၊ ဒါပေမဲ့ ကျုပ်ခေါင်းထဲမှာ အကုန် မှတ်မိတယ် ၊ ဒါကြောင့် မင်းကို အကုန် ပြောပြလို့ ရပါတယ်"

ဆန်းလျန်က ရှင်းပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆန်းသခင်လေး၊ ထျန်းရှန်း အမိန့်တော် ဂိုဏ်းဆိုတာ ကျွန်မအတွက် ယာယီပါပဲ၊ ကျောက်မိန်းကလေးက ပြီးခဲ့တဲ့ ကိစ္စတွေ အားလုံးကို သင်ပုန်း ချေပစ်မယ်ဆိုရင် ကျွန်မဘက်က အလျှော့ ပေးပါ့မယ်"

ရှင်းစစ်စစ်နျန်က ကျောက်ရှောင်ယွီကို တစ်ချက် လှမ်းကြည့် လိုက်ရင်း ပြောလိုက်လေသည်။

ကျောက်ရှောင်ယွီက ဆန်းလျန်ကို တစ်ချက် လှမ်းကြည့် လိုက်သည်။ သူမက တိုက်ခိုက် ချင်သော်လည်း ဆန်းလျန်ကြောင့်တော့ ပျင်းစရာ ကောင်းသွားပြီ ဖြစ်သည်။

ဆန်းလျန်က ကျောက်ရှောင်ယွီကို ပြန်ပြုံးပြ လိုက်သည်။ ဆန်းလျန်၏ အပြုံးမှာ "တိုက်ခိုက်တာထက် စာရင် ဒီလိုက ကောင်းပါတယ်ဗျာ" ဟု ပြောနေသယောင် ဖြစ်လေသည်။

"ဘယ်တတ်နိုင်တော့ မလဲလေ၊ ဒါဆို ခုချိန်ကစပြီး ထျန်းရှန်း အမိန့်တော် ဂိုဏ်းက ကျွန်မရဲ့ လက်အောက်ခံ ဖြစ်သွားပါပြီ"

ဟု ကျောက်ရှောင်ယွီက ပြောလိုက်လေသည်။

ထျန်းရှန်း အမိန့်တော် ဂိုဏ်းသားများမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။

ဆန်းလျန်တို့ သုံးယောက်ကို တောင်ပေါ်သို့ ခေါ်လာသည့် လှေထိုးသမားက…

"ကျွန်တော်တို့ လက်မခံနိုင်ပါဘူး ဂိုဏ်းချုပ်၊ ကျွန်တော်တို့က ဂိုဏ်းချုပ်ရဲ့ အမိန့်ကိုပဲ နာခံချင်တာပါ"

"ရှင်တို့အားလုံး ကျွန်မကို ဂိုဏ်းချုပ်လို့ သတ်မှတ်တယ် ဆိုရင် ကျွန်မပြောတဲ့ စကားကို နာခံရမှာပေါ့"

ရှင်းစစ်စစ်နျန်က ပြောလိုက်သည်။

သူမ၏ တန်ခိုး စွမ်းအားများမှာ ယခင် ထျန်းရှန်း အမိန့်တော် ဂိုဏ်းချုပ်များထက် သာလွန်လေသည်။ ထို့ပြင် သူမက စိတ်သဘောထား ကောင်းမွန်သူ တစ်ယောက်ဖြစ်ပြီး တပည့်များကိုလည်း သင်ကြား ပြသ ပေးလေ့ရှိသည်။ ထို့ကြောင့် ထျန်းရှန်း အမိန့်တော် ဂိုဏ်းသားများက သူမကို များစွာ လေးစားကြလေသည်။

သူမက မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်သည်နှင့် ဂိုဏ်းသားများသည် သူမ၏စကားကို မဆန့်ကျင် ရဲကြတော့ပေ။

အမှန်တော့ ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ နှစ်ယောက် ပေါင်းပြီးသာ တိုက်ခိုက်လျှင် ရှင်းစစ်စစ်နျန် အနေဖြင့် မည်သို့မျှ အနိုင်ရမည် မဟုတ်ပေ။

ထို့ပြင် ဆန်းလျန်က သူမကို ချင်းဖုန်း နတ်သမီး၏ ဂါထာဖြစ်သည့် နတ်ဒေဝါ မြေခွေး စာတမ်းရှည်ကို ပေးမည် ဖြစ်လေသည်။ ထိုစာတမ်းရှည်မှာ သူမအနေဖြင့် လုံးဝ မငြင်းသင့်သည့် အရာ ဖြစ်လေသည်။

"ဆန်းသခင်လေး၊ ရှင့်ကို ပြောစရာ တစ်ခုရှိသေးတယ်၊ ဟို ပန်းချီကားလေ၊ ကျွန်မတို့ အဲဒီ ပန်းချီကားကို ရှင့်ကိုပေးဖို့ သိမ်းထားခဲ့ပါတယ်၊ ဒါပေမဲ့ မထင်မှတ်ဘဲ ပျောက်သွားခဲ့တယ်"

ရှင်းစစ်စစ်နျန်က ပြောလိုက်သည်။

"ရပါတယ်ဗျာ၊ အဲဒီ ပန်းချီကားက သိပ်အရေးမကြီးပါဘူး"

ဆန်းလျန်က ပြန်ပြောလိုက်သည်။

ရှင်းစစ်စစ်နျန်က သက်ပြင်း တစ်ချက် ချလိုက်ရင်း သူမ၏ ဂိုဏ်းသားများကို ပြောလိုက်သည်။

"မင်းတို့ အားလုံး သွားကြတော့၊ ငါ ဆန်းသခင်လေးနဲ့ ပြောစရာတွေ ရှိသေးတယ်"

***

All Chapters