← Chapters

ဒဏ္ဍာရီဆန်တဲ့ ဂိုဏ်းတူအစ်ကိုကြီး’ရန်’

Vol. 29 Ch. 410

ဒဏ္ဍာရီဆန်တဲ့ ဂိုဏ်းတူအစ်ကိုကြီး’ရန်’

Vol. 29 Ch. 410

အခန်း (၄၁၀) ဒဏ္ဍာရီဆန်တဲ့ ဂိုဏ်းတူအစ်ကိုကြီး’ရန်’

ရန်ကျောက်ကဲက ယင်လျိုဟွားကို တည်ငြိမ်စွာကြည့်ရင်း...

“မျှော်လင့်ချက်ဆိုတာ ကိုယ့်ဘာသာပြင်ဆင်ရတာပါ ၊ အရာရာကို ကြိုတင်ပြင်ဆင်ထားတဲ့သူတွေကို ကံကြမ္မာက အမြဲတမ်းမျက်နှာသာပေးပါတယ်”

ယင်လျိုဟွားက နှုတ်ခမ်းကိုတင်းတင်းစေ့လျှက် ခေါင်းကိုငုံ့ရင်း...

“ဟုတ်ကဲ့ပါ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ၊ ကျွန်မ နားလည်ပါပြီ”

သူမနှင့် ဖန်းယွင်ရှန်း ပြောဆိုနေသည့်စကားများကို ရန်ကျောက်ကဲကြားသွားသဖြင့် ယခုကဲ့သို့စကားမျိုး ပြောဆိုသည်ဟု နားလည်သွားပြီး ယင်လျိုဟွားစိတ်ထဲ မသက်မသာခံစားလိုက်ရသည်။

“ဂိုဏ်းတူအစ်မ’ဖန်း’ က ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ရောက်လာတာကိုသိလို့ တမင်သက်သက် ငါ့ကိုဆူတာလား မသိဘူး”

တွေးရင်း ယင်လျိုဟွားမျက်ဝန်းများ မှေးမှိန်သွားသည်။

အရှေ့ပင်လယ်မှ ဝါဒတောင်သို့ရောက်လာပြီးနောက် အခြားတပည့်များနှင့် မိတ်ဆွေဖွဲ့စကားစမြည်ပြောဆိုရင်း သူမအရှေ့မှ လူငယ်သည် မည်မျှ သြဇာအာဏာကြီးကြောင်း သိရှိလာရသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ခုအနက် တစ်ခုဖြစ်သော ဝါဒတောင်မှ လူငယ်များထဲတွင် ရန်ကျောက်ကဲက အထူးချွန်ဆုံး လူငယ်ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး တစ်ကမ္ဘာလုံးမှ သက်တူရွယ်တူများထက် သာလွန်သူ ဖြစ်သည်။

ယခုဆိုလျှင် သူ့ကို မည်သူမှ လူငယ်မျိုးဆက်တစ်ယောက်ဟု မရှုမြင်ကြတော့ပေ။

ပြင်ပလောကရှိ အခြားသောထိပ်သီးသိုင်းဂိုဏ်းကြီးများသို့ ရန်ကျောက်ကဲ သွားရောက်လည်ပတ်မည်ဆိုလျှင် ရန်ကျောက်ကဲကို ကြိုဆိုနှုတ်ဆက်ကြသူများမှာ ထိုဂိုဏ်းများကမှ ထိပ်တန်းအကြီးအကဲများသာ ဖြစ်ကြသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဝါအရင့်ဆုံးနှင့် စွမ်းအားအမြင့်မားဆုံးဖြစ်သော သိုင်းသူတော်စင်ကြီးဖြစ်သည့် အဘိုးအို’မော့’ သည်ပင် ရန်ကျောက်ကဲကို ‘နဂါးစီးနှင်သူရဲကောင်’ ဟူ၍ ဘွဲ့အမည် ပေးအပ်ခဲ့သည် မဟုတ်ပါလား။

လက်ရှိတွင် အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီးများနှင့် အထွတ်ထိပ်သိုင်းကျင့်ကြံသူများအမြင်တွင် ဝါဒတောင်၏ မျိုးဆက်မတူသော ထိပ်တန်းအဆင့်အကြီးအကဲ (၃)ယောက်မှာ ယွမ်ကျန်းဖုန်း ၊ ရန်တိနှင့် ရန်ကျောက်ကဲဟူ၍သာ မြင်ကြသည်။ ဖန်ကျွင်းကတော့ ရန်တိနှင့်မျိုးဆက်တူသဖြင့် ထည့်ပြောစရာမလိုတော့ဘဲ အသက် (၂၀)ကျော်ဖြင့် အောင်မြင်နေသူ ရန်ကျောက်ကဲကိုသာ မျက်စိထဲ မြင်ကြလေသည်။

ယင်လျိုဟွားနှင့်အတူ ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့ကြသော တပည့်များ၏စိတ်ထဲတွင် ရန်ကျောက်ကဲသည့် ဒဏ္ဍာရီဆန်သည့် သူရဲကောင်းတစ်ယောက်ပမာ ဖြစ်နေပေပြီ။

သူတို့အားလုံး ရန်ကျောက်ကဲနှင့် အသက်အရွယ်သိပ်မကွာကြသည့်တိုင် အဆင့်အတန်းကတော့ အလွန်ကွာခြားနေပေပြီ။

ရန်ကျောက်ကဲကို လိုက်မီရန် အပြိုင်အဆိုင်ကြိုးစားနေကြသည့် လူငယ်အနည်းစုမှလွဲလျှင် အခြားသူများကတော့ သူ၏နောက်လိုက်များသာ ဖြစ်ကြသည်ပင်။

သူတို့အားလုံးနှုတ်ဖျားက “ဂိုဏ်းတူအစ်ကိုကြီး” ဟု ခေါ်နေကြသော်လည်း ယင်လျိုဟွားအပါအဝင် အခြားသောတပည့်များအားလုံးမှာ ရန်ကျောက်ကဲကို ရင်ဆိုင်ရသည်နှင့် ထိပ်တန်းအကြီးအကဲများနှင့် ရင်ဆိုင်ရသည်ထက်ပင် ကြောက်ရွံ့မိကြသည်။

သူ၏ကျင့်ကြံခြင်းအဆင့်က တောင်ပေါ်မှထိပ်တန်းအကြီးအကဲများကို မမီသေးသော်လည်း အခွင့်အာဏာအရာတွင်တော့ ရန်ကျောက်ကဲက ဝါဒတောင်တစ်ခုလုံးတွင် ထိပ်တန်းဖြစ်သည်။

ဤသို့ဖြစ်ရသည်မှာ ရန်ကျောက်ကဲ၏ဖခင်ဖြစ်သူက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် နံပါတ် (၁) သိုင်းဆရာသခင်လည်းဖြစ် ၊ ဝါဒတောင်ဂိုဏ်းချုပ်လည်းဖြစ်သော ‘ရန်တိ’ ကြောင့် မဟုတ်ခဲ့ပေ။

သူကိုယ်တိုင်က ရန်ကျောက်ကဲ ဖြစ်နေသောကြောင့် ဖြစ်သည်။

အထူးသဖြင့် ထူးကဲယင်မိန်းမပျိုတစ်ယောက်ဖြစ်သော ယင်လျိုဟွားက ထိုအကြောင်းများကို သိရှိထားသည်ပင်။

ထူးကဲယင်မိန်းမပျိုများနှင့်ပတ်သက်ပြီး ဤလူငယ်၏သင်ပြပေးမှုက သူမ၏ဆရာဖြစ်သူ ‘ဖူအန်းစု’ ထက်ပင် သာလွန်သည်။

အသက် (၂၀)ကျော်သာ ရှိသေးသော ဤလူငယ်လေးသည် ဝါဒတောင်မှ ထူးကဲယင်မိန်းမပျိုများ ထူးကဲယင်ပြိုင်ပွဲတွင် ပါဝင်နိုင်ခြင်း၏ အဓိကပုဂ္ဂိုလ်တစ်ယောက်ဆိုလျှင် မမှားပေ။

ရန်ကျောက်ကဲက ယင်လျိုဟွားကို တည်ငြိမ်စွာကြည့်ရင်း...

“မင်း ဝီရိယရှိရှိ ကျင့်ကြံသင့်တယ် ၊ ငါက ဒီနေ့ အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာတာမို့လို့ ဘာမှမဖြစ်ဘူး ၊ ဒါပေမဲ့ ဆရာဒေါ်လေး’ဖူ’ က သူ့အလုပ်ကိစ္စတွေပြီးရင် မင်းနဲ့ ဂိုဏ်းတူညီမလေး’ဖန်း’ ဘယ်လောက်တိုးတက်လာသလဲဆိုတာ စစ်ဆေးဖို့ ရောက်လာလိမ့်မယ်”

ယင်လျိုဟွားက ခေါင်းညိတ်ရင်း...

“ဟုတ်ကဲ့ပါ... ဂိုဏ်းတူအစ်ကို’ရန်’ ကျွန်မ သေသေချာချာ ကျင့်ကြံပါ့မယ်”

သူမက မှိန်ဖျော့ဖျော့ မျက်နှာလေးဖြင့်...

“ဒါပေမဲ့ ဂိုဏ်းတူအစ်မ’ဖန်း’ က အရမ်းတော်တော့ သူနဲ့ယှဉ်လို်ကရင် ကျွန်မအမြဲတမ်း ယုံကြည်မှုကင်းမဲ့သလို ခံစားရတယ်”

“အရင်က ထူးကဲယင်ပြိုင်ပွဲအကြောင်းမှတ်တမ်းတင်ထားတာတွေကို ကျွန်မ ကြည့်ရပါတယ် ၊ ထူးကဲယင်မိန်းမပျိုတွေအားလုံးက အရမ်းတော်ကြပေမယ့် ဂိုဏ်းတူအစ်မ’ဖန်း’ ကတော့ အချိန်တိုလေးအတွင်းမှာ သူတို့ကို အမီလိုက်နိုင်ရုံသာမက ကျော်တက်သွားနိုင်ခဲ့တယ်”

ရန်ကျောက်ကဲက သူမကို စူးစိုက်ကြည့်ရင်း...

“ဒီလိုဖြစ်လာဖို့ ဂိုဏ်းတူညီမလေး’ဖန်း’ အတွက် ထိုက်တန်ပါတယ် ၊ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ရင်ဆိုင်ရတဲ့အခက်အခဲတွေက သူ့ကို တခြားသူတွေထက် သာလွန်သွားစေတာပဲ ၊ တကယ်တော့... ငါတို့ဂိုဏ်းက သူ့ကို အများကြီးထောက်ပံ့ကူညီပေးခဲ့တယ်ဆိုပေမယ့် အရာအားလုံးက သူ့ရဲ့ကြိုးစားမှုအပေါ်ပဲ မူတည်တာပါ”

သူက သိမ်မွေ့စွာဖြင့် ဆက်ပြောသည်။

“အခု မင်း နေ့တိုင်းကျင့်ကြံရမှာတွေကို ဂိုဏ်းတူညီမလေး’ဖန်း’က သင်ပြပေးတယ် မဟုတ်လား ၊ ဘယ်လိုနေလဲ...”

ယင်လျိုဟွားက မျက်နှာလေးဖြူဖျော့သွားပြီး...

“အဲဒါတွေက အရမ်းခက်တာပဲ”

ရန်ကျောက်ကဲက...

“လောကမှာ ဖြတ်လမ်းနည်းတွေ အများကြီးရှိပါတယ် ၊ ဒါပေမဲ့ ဖြတ်လမ်းလိုက်ချင်တယ်ဆိုရင်တော့ လွယ်မှာမဟုတ်ဘူး ၊ ပေးဆပ်ရတဲ့တန်ဖိုးများတတ်သလို အန္တရယ်နဲ့လည်း ရင်ဆိုင်ရတတ်တယ်”

“မင်းနဲ့ ဂိုဏ်းတူညီမလေး’ဖန်း’ ကို ငါတို့ဝါဒတောင်က တူညီတဲ့ထောက်ပံ့မှုတွေ ပေးထားပေမယ့်... ဂိုဏ်းတူညီမလေး’ဖန်း’ပဲ ရရှိပြီး မင်းမရနိုင်တာ နှစ်ခုရှိတယ် ၊ တစ်ခုက ချီလင်စမ်းချောင်းရေနှစ်ခြင်းပဲ ၊ နောက်တစ်ခုကတော့ လျှို့ဝှက်နည်းလမ်းတစ်ခုပေါ့...”

ထိုစကားကိုကြားတော့ ယင်လျိုဟွား မျက်ဝန်းများ အနည်းငယ် တုန်ခါသွားသည်။

‘ချီလင်စမ်းချောင်းရေနှစ်ခြင်း’ အကြောင်း ကြားသိပြီးနောက် ထိုအရာကို သူမ အလွန်လိုချင်တောင့်တခဲ့သည်။ စိတ်မကောင်းစရာမှာ ထိုအခွင့်အရေးက အကန့်အသတ်ရှိနေပြီး သူမ တောင်ပေါ်မရောက်ခင်မှာပင် နောက်ဆုံးအခွင့်အ‌ရေးကို ယင်လုန်ထူကို ပေးအပ်ခဲ့ပြီး ဖြစ်သည်။

ယင်လျိုဟွားမှာ စိတ်ပျက်ရုံမှလွဲပြီး မတတ်နိုင်ခဲ့ပေ။ သူမသာ ဝါဒတောင်သို့ အချိန်အနည်းငယ်စောပြီးရောက်ရှိခဲ့ပါက ထူးကဲယင်မိန်းမပျိုတစ်ယောက်အနေဖြင့် မလွဲမသွေ ထိုအခွင့်အရေးကို ခံစားရမည်ပင်။

သို့သော် ရန်ကျောက်ကဲစကားထဲမှ ‘လျှို့ဝှက်နည်းလမ်’ ဆိုသည့်စကားကြောင့် သူမမျက်ဝန်းများ တောက်ပသွားသည်။

ရန်ကျောက်ကဲက...

“ဒါပေမဲ့... အဲဒီလျှို့ဝှက်နည်းလမ်းက ပြင်းထန်တဲ့နာကျင်မှုဝေဒနာကို ခံစားရစေတယ် ၊ အဲဒါကို ခံနိုင်ရည်ရှိတဲ့လူ သိပ်မရှိဘူး”

ယင်လျိုဟွားက နှုတ်ခမ်းလေးများကို ဖိကိုက်ရင်း...

“ကျွန်မ ကြိုးစားကြည့်ချင်ပါတယ် ဂိုဏ်းတူအစ်ကိုကြီး’ရန်’”

ရန်ကျောက်ကဲက ပုံမှန်အတိုင်းပင် ခေါင်းတစ်ချက်ညိတ်ရင်း...

“မင်း သိုင်းပညာရှင်အဆင့်ရောက်ပြီဆိုရင် စမ်းကြည့်လို့ရတယ် ၊ အခုတော့ မင်းက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ပဲ ရှိသေးတော့ အရိုးတွေက အားနည်းနေသေးတယ် ၊ အဲဒီလျှို့ဝှက်နည်းလမ်းကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

ထိုစကားကိုကြားတော့ ယင်လျိုဟွား စိတ်သက်သာရာရသွားဟန်ရှိသည့်တိုင် သူမက ခေါင်းညိတ်လိုက်ရင်း...

“ကျွန်မရဲ့ ချီစွမ်းအားတွေ ပိုပြီးများပြားလာအောင် သေချာပေါက် ကြိုးစားကျင့်ကြံသွားပါ့မယ်”

ရန်‌ကျောက်ကဲက ပြုံးရင်း...

“ဒါဖြင့် ကောင်းပြီ”

ထို့နောက် သူ လှည့်ထွက်လာခဲ့သည်။

ရန်ကျောက်ကဲ၏ကျောပြင်ကိုငေးကြည့်ရင်း ယင်လျိုဟွား မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်လိုက်သည်။

“သူ့ရင်ထဲမှာ ဘယ်လိုမိန်းကလေးမျိုးကို သဘောကျတတ်တာလဲ ၊ ဖန်းယွင်ရှန်းလို မိန်းကလေးမျိုးလား ၊ ဒါမှမဟုတ် လူတွေပြောကြတဲ့ ဆုံးသွားပြီဆိုတဲ့ သူ့ချစ်သူ ‘လင်း’ မိန်းကလေးကိုလား”

သူ၏ကျောပြင်ကို ယင်လျိုဟွား စူးစိုက်ကြည့်နေကြောင်း အာရုံခံမိသည့်တိုင် ရန်ကျောက်ကဲက အရေးမစိုက်ပေ။

သို့သော် ယနေ့ ယင်လျိုဟွားပုံစံကို အကဲခတ်ပြီးသည့်နောက် သိပ်မစွံကြောင်း သိခဲ့ရသည်။  “ဝါဒတောင်၏ကိုယ်ပိုင် ထူးကဲယင်မိန်းမပျို” ဟု ပြောနေကြသော တောင်ပေါ်မှလူအချို့၏ စိတ်ကူးများ ဖြစ်မြောက်လာနိုင်မည်မဟုတ်ကြောင်း သူ သိရှိခဲ့သည်။

ယွင်ရှိုးချင်က မန်ဝမ်အတွက် ထောက်ပံ့ကူညီပေးခဲ့သလို ယင်လျိုဟွားက ဖန်းယွင်ရှန်းကို ထောက်ပံ့ကူညီပေးရန် ဖူအန်းစုက စိတ်ကူးမျှော်လင့်ထားသည်။ ထိုရည်ရွယ်ချက်သည်ပင် အောင်မြင်နိုင်ပါမည်လား မပြောနိုင်ပေ။

သို့သော် ဖူအန်းစု တောင်ပေါ်သို့ပြန်ရောက်လာပြီဖြစ်ရာ သူမကိုယ်တိုင် ကြပ်မတ်လေ့ကျင့်ပေးလျှင်တော့ ယင်လျိုဟွား အခြေအနေတိုးတက်လာမည်လား မပြောတတ်ပေ။

ရန်ကျောက်ကဲ တွေးရင်းဖြင့်ပင် ရေတံခွန်နားသို့ ပြန်ရောက်လာခဲ့သည်။

ဖန်းယွင်ရှန်းက ကျောက်ရုပ်တုတစ်ခုအလား မလှုပ်မယှက် ကျင့်ကြံနေဆဲဖြစ်ပြီး ယင်လုန်ထူက သူမနံဘေးတွင် တင်ပျဉ်ခွေထိုင်လျှက်ရှိသည်။

ရန်ကျောက်ကဲကိုမြင်တော့ ဖန်းယွင်ရှန်းက ပြုံးပြသလို ယင်လုန်ထူသည်လည်း သွားများပေါ်သည်အထိ ရယ်ပြသည်။

ရန်ကျောက်ကဲက ယင်လုန်ထူရှေ့တွင် မတ်တတ်ရပ်ရင်း...

“ဟန်လုန်အာ... အခု ဘာသိုင်းပညာတွေ လေ့ကျင့်နေသလဲ”

ယင်လုန်ထူက ရန်ကျောက်ကဲကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...

“ကျွန်တော် ဆရာသင်ပေးခဲ့တဲ့ ရွှေခန္ဓာသိုင်းပညာနဲ့ ဂိုဏ်းချုပ်သင်ပေးထားတဲ့ ခရုပတ်နွယ်လိမ်ဓားသိုင်း ကျင့်ကြံနေပါတယ် ၊ ပြီးတော့ လေမီးကပ်ဘေးသိုင်းပညာလည်း လေ့ကျင့်နေသေးတယ် ၊ ဂိုဏ်းချုပ်ပြောတာတော့... ဒီအတိုင်းဆက်သွားမယ်ဆိုရင် မကြာခင်မှာ မဟာမိုးမြေဓားသိုင်း ဒါမှမဟုတ် ခုနစ်စဉ်ကြယ်ဓားသိုင်းကို ဆက်ပြီးသင်ယူနိုင်မယ်တဲ့”

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...

“အများကြီးပါလား”

ဝါဒတောင်မှ ပင်မတိုက်ရိုက်တပည့်အချို့သာလျှင် အစွန်းရောက်ရှစ်ပါးသိုင်းပညာ (၈)ရပ်ကို သင်ယူနိုင်ခွင့် ရှိကြသည်။ သိုင်းကျမ်းစာကြည့်တိုက်ကို ကြိုက်သလို ဝင်ထွက်ခွင့်ရထားသည့် ရန်ကျောက်ကဲကတော့ ပြောနေစရာ မလိုပေ။

အခြားတပည့်များအနေဖြင့် ထိုသိုင်းပညာများကို လေ့လာလိုသည်ဆိုလျှင် ဂိုဏ်းအတွက် အကျိုးပြုသည့်လုပ်ရပ်များကို ပြုလုပ်ရမည်ဖြစ်ပြီး သိုင်းကျမ်းစာကြည့်တိုက်သို့ ဝင်ရောက်ခွင့်အား ဆုလာဘ်အဖြစ် ရွေးချယ်ရမည် ဖြစ်သည်။

ဤသည်မှာ သိုင်းပညာများကို တွန့်တိုစွာဖြင့် ကန့်သတ်ချုပ်ချယ်ထားခြင်း မဟုတ်ဘဲ တပည့်များ၏ ကြိုးစားလိုစိတ်ကို လှုံ့ဆော်ပေးရန်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မိမိစားနိုင်သည်ထက် ပိုပြီးမကိုက်မိစေရန် အကန့်အသတ် ထားရှိပေးခြင်းလည်း ဖြစ်ပေ၏။

All Chapters