← Chapters

ကျောက်စိမ်းမိန်းမပျို နှလုံးသားကျင့်စဉ်၊ ရေဓာတ်ခန္ဓာ(၂)။

Vol. 44 Ch. 482

ကျောက်စိမ်းမိန်းမပျို နှလုံးသားကျင့်စဉ်၊ ရေဓာတ်ခန္ဓာ(၂)။

Vol. 44 Ch. 482

"ဒီတာအိုရောင်းရင်းက ဘယ်သူများလဲ မသိဘူး…"

ကျိုးစွေ့သည် ရုတ်တရက်ပေါ်လာသော ဤအမျိုးသမီးကို ကြည့်လိုက်ပြီး စိတ်ထဲတွင် မှန်းဆမိလိုက်သည်။ ရွှေအမြုတေအဆင့် မြောင်မြောင်ကပင် ရိုသေလေးစားနေရသည်ကို ကြည့်လျှင် ဤအမျိုးသမီးသည် ဟယ်ဟွမ်းဂိုဏ်း၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်။

ထို့အပြင် ဤအမျိုးသမီး၏ ကျင့်ကြံမှုသည် ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသည်။

ပို၍ ထူးဆန်းသည်မှာ ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီး ဖြစ်ပါလျက်နှင့် သန့်စင်ယင်စွမ်းအင် ရှိနေသေးခြင်း ဖြစ်သည်။ တကယ့်ကို ယုံကြည်နိုင်ဖွယ်ရာ မရှိပေ။

ရွှံ့နွံထဲမှ ကြာပန်းကဲ့သို့ ညစ်ညမ်းခြင်း ကင်းစင်နေသည်။

မှန်ပေသည်၊ မိစ္ဆာလမ်းစဉ်ဂိုဏ်းထဲတွင် သီလစောင့်ထိန်းသော အမျိုးသမီးကျင့်ကြံသူ ရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဤသို့ ဖြစ်နေရခြင်းမှာ ကိုးဆယ်ရာခိုင်နှုန်းသော အကြောင်းရင်းသည် သူမ ကျင့်ကြံသောကျင့်စဉ်နှင့် ကြီးမားသော ပတ်သက်မှုရှိနေ၍သာ ဖြစ်ရပေမည်။

အသက်ရှည်ခြင်းလမ်းစဉ်နှင့် ယှဉ်လျှင် ယောက်ျားမိန်းမကိစ္စသည် ပြောပလောက်စရာ မဟုတ်ပေ။

"ကျမက ရှရွှေယန်ပါ… ဟယ်ဟွမ်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပါ…"

"ပြီးတော့ ပန်းတစ်ရာမြို့တော်ရဲ့ မြို့စား ဆိုပါတော့… ခစ်ခစ်…"

ရှရွှေယန်က တခစ်ခစ် ရယ်မောလိုက်ပြီး ကျိုးစွေ့ကို ဆွဲဆောင်မှုရှိသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများသည် ကျိုးစွေ့ကို ကြည့်ရင်း ပိုမို တောက်ပလာခဲ့သည်။

ယခင်က သူမသည် ပန်းတစ်ရာမြို့တော်သို့ 'သန့်စင်ယန်ခန္ဓာ' ပိုင်ရှင် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦး ရောက်လာကြောင်း လက်အောက်ငယ်သားများ၏ သတင်းပို့ချက်ကို ကြားရုံသာ ကြားခဲ့ရသဖြင့်၊ လက်ဦးမှု ရယူရန် စိတ်မြန်လက်မြန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

အမှန်အတိုင်းဆိုရလျှင် 'သန့်စင်ယန်ခန္ဓာ' ပိုင်ရှင်များသည် ရှားပါးသော်လည်း မရှိသည်တော့ မဟုတ်ပေ။

သို့သော် 'သန့်စင်ယန်ခန္ဓာ' ဖြင့် ဝိညာဉ်သန္ဓေသားအဆင့်ထိ ကျင့်ကြံနိုင်သော ပုဂ္ဂိုလ်မှာမူ အလွန်တရာ ရှားပါးလှသည်။

လက်ချိုးရေတွက်လို့ ရရုံသာမက၊ နှစ်တစ်ထောင်မှ တစ်ခါသာ တွေ့ရခဲသော အခြေအနေမျိုး ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော 'သန့်စင်ယန်ခန္ဓာ' ပိုင်ရှင်များသည် ကျင့်ကြံခြင်းလမ်းခရီးတွင် စုန်းမများ၏ ပစ်မှတ်ထားခြင်းကို ခံရတတ်သောကြောင့် ဖြစ်သည်။

သန့်စင်ယန်ခန္ဓာကို အမြဲတမ်း ထိန်းသိမ်းထားနိုင်ရန်မှာ အင်မော်တယ်ဖြစ်လာရန်ထက်ပင် ခက်ခဲသေးသည်။

ထို့ကြောင့် ဤကဲ့သို့သော အမျိုးသားမျိုးသည် မျိုးသုဉ်းလုနီးပါး ဖြစ်နေပြီး ကြားပင်မကြားဖူးသလောက် ဖြစ်နေသည်။

ထို့အပြင် ဤအမျိုးသား၏ ခန္ဓာကိုယ်သည် 'သန့်စင်ယန်ခန္ဓာ' သက်သက် မဟုတ်ဘဲ၊ ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ် သွေးသားစွမ်းအင်များ ပါဝင်နေသည်။ သာမန် ဝိညာဉ်သန္ဓေသားအဆင့် ရုပ်ခန္ဓာကျင့်ကြံသူများပင် ဤမျှသန်စွမ်းသော သွေးသားစွမ်းအင် မရှိကြပေ။

သံသယဖြစ်ဖွယ်မလို၊ ဤအမျိုးသား၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် မယုံနိုင်လောက်အောင် ကောင်းမွန်နေပြီး အထက်တန်းစား 'ဆေးပေါင်းဖို' ဖြစ်ပေသည်။

အကယ်၍ သူမသာ ဤအမျိုးသား၏ ခန္ဓာကိုယ်မှ သန့်စင်ယန်စွမ်းအင်ကို ရယူနိုင်ပါက သူမ၏ကျင့်ကြံမှုသည် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်သို့ ချက်ချင်းဆိုသလို တက်လှမ်းနိုင်မည် ဖြစ်ပြီး၊ နတ်ဘုရားအသွင်ပြောင်းအဆင့်အတွက် အုတ်မြစ်ချနိုင်မည် ဖြစ်သည်။

ဤသည်မှာ စတုတ္ထအဆင့် ရတနာဆေးလုံးများ၊ နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်များထက် အဆပေါင်းများစွာ ပိုမို ကောင်းမွန်ပေသည်။

ထို့ကြောင့် ဤကဲ့သို့သော အမျိုးသားမျိုးကို သူမ မဖြစ်မနေ ရယူရမည် ဖြစ်ပြီး လုံးဝ ထွက်ပြေးခွင့်ပေးမည် မဟုတ်ပေ။

ပို၍ အရေးကြီးသည်မှာ၊ ဤအမျိုးသား၏ ခန္ဓာကိုယ်မှ မယုံနိုင်စရာကောင်းသော ဆွဲဆောင်မှုတစ်ခု ထွက်ပေါ်နေသည်ကို သူမ ခံစားရခြင်း ဖြစ်သည်။

ရုပ်ရည်မှာ သာမန်သာ ဖြစ်သော်လည်း ဆွဲဆောင်မှုမှာ အကန့်အသတ်မရှိ ဖြစ်နေပြီး၊ ယောက်ျားပီသသော အမျိုးသားတစ်ဦးကဲ့သို့ပင်။

ဤခံစားချက်သည် အလွန် ထူးဆန်းသော်လည်း အလွန်တရာ စစ်မှန်နေသည်။

အဘယ်ကြောင့် ဤသို့ခံစားရသည်ကို သူမ မသိသော်လည်း၊ ဤကဲ့သို့သော သာမန်ရုပ်ရည်သည် ဤအမျိုးသား၏ခန္ဓာကိုယ်နှင့် မလိုက်ဖက်ဟု ခံစားနေရသည်။

'နေပါဦး… ဒီယောက်ျားက ရုပ်ဖျက်ထားတာများလား… မူလရုပ်ရည် မဟုတ်ဘူးလား…'

ဤအကြောင်းကို တွေးမိသောအခါ ရှရွှေယန်၏ မျက်လုံးများ တောက်ပသွားပြီး ဖြစ်နိုင်ခြေရှိကြောင်း တွေးမိလိုက်သည်။

သို့သော် ဤသည်မှာ ကျင့်ကြံသူများအတွက် သာမန်ကိစ္စပင် ဖြစ်သည်။

ပန်းတစ်ရာမြို့တော်သို့ ဝင်ရောက်လာသော ကျင့်ကြံသူအများအပြားသည် ရုပ်ဖျက်ထားလေ့ ရှိကြပြီး၊ ရည်ရွယ်ချက်မှာ သူတို့၏ အစစ်အမှန်ဇာစ်မြစ်ကို အခြားသူများ မသိရှိစေရန် ဖြစ်သည်။

နာမည်ကြီးဂိုဏ်းများမှ ဝိညာဉ်သန္ဓေသား အကြီးအကဲအချို့ပင် ပါဝင်သည်။

အပေါ်ယံတွင် လူကြီးလူကောင်းများ ဖြစ်ကြသော်လည်း လက်တွေ့တွင်မူ ယောက်ျားပြည့်တန်ဆာ၊ မိန်းမပြည့်တန်ဆာ ကိစ္စများကို လုပ်ဆောင်ကြသည်။

မိမိ၏ဂုဏ်သိက္ခာ မကျဆင်းစေလိုသော်လည်း၊ ပျော်ပါးလိုကြသဖြင့် အခြားသူများ၏ ပုံစံအဖြစ် ပြောင်းလဲကြခြင်း ဖြစ်သည်။ ဟယ်ဟွမ်းဂိုဏ်းသည်လည်း ဤကိစ္စကို ကောင်းစွာ သိရှိထားသည်။

မည်သို့ပင်ဖြစ်စေ ဤကျင့်ကြံသူများသည် ဧည့်သည်များ ဖြစ်ကြပြီး ဟယ်ဟွမ်းဂိုဏ်းကို ငွေလာပေးသူများ ဖြစ်သဖြင့် ဧည့်သည်များ၏ အမှန်တရားကို ဖွင့်ချမည် မဟုတ်ပေ။

"ပန်းတစ်ရာမြို့စား ကိုယ်တိုင် လာရောက်တွေ့ဆုံတာ အံ့သြစရာပါပဲ…"

ကျိုးစွေ့ စိတ်ထဲတွင် အံ့သြသွားရသည်။

အမှန်တကယ်တွင် ပဉ္စမအဆင့် 'ချစ်ခြင်းမေတ္တာကူ' စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်ပေးနေပြီး ခန္ဓာကိုယ်အရည်အသွေးကို ပြောင်းလဲပေးနေသဖြင့်၊ အမျိုးသမီးများ၏ သူ့အပေါ်ထားရှိသော သဘောကျမှုကိုလည်း ဝိုးတဝါး အာရုံခံနိုင်သည်။

တစ်ဖက်လူက သူ့ကို သဘောကျခြင်း ရှိမရှိ၊ မုန်းတီးခြင်း ရှိမရှိ သိရှိနိုင်သည်။

ထင်ရှားသည်မှာ ရှေ့မှ ဟယ်ဟွမ်းဂိုဏ်း ဝိညာဉ်သန္ဓေသားအမျိုးသမီး ရှရွှေယန်သည် သူ့အပေါ် သဘောကျမှု မနည်းပါးပေ။

အကယ်၍ ရာခိုင်နှုန်းဖြင့် တွက်ချက်မည် ဆိုပါက အနည်းဆုံး (၆၀) အထိ ရှိနေသည်။

ပုံမှန်အားဖြင့် သူစိမ်းမိန်းကလေးတစ်ဦး၏ သဘောကျမှုမှာ (၃၀) ကျော်လျှင်ပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။

ထို့ကြောင့် ဤအမျိုးသမီးသည် သူ့ကို မြင်မြင်ချင်း ချစ်မိသွားခြင်းသာ ဖြစ်ရပေမည်။

အမှန်အတိုင်းဆိုရလျှင် သူသည် အဘယ်ကြောင့် ဤအမျိုးသမီး၏ သဘောကျမှုကို ခံရသည်ကိုမူ မသိပေ။

သူ့၏န္ဓာကိုယ်ကို မက်မောနေခြင်း ဖြစ်မည်လော။ သူသည် နေပုံထိုင်ပုံကို အသေးစိတ် ထိန်းသိမ်းထားပြီး သာမန်အမျိုးသားတစ်ဦးအဖြစ် ရုပ်ဖျက်ထားသည် မဟုတ်ပါလော။

ဝမ်းနည်းစရာမှာ သူ၏ဆွဲဆောင်မှုသည် ကြီးမားလွန်းလှပြီး၊ သာမန်ရုပ်ရည်မျိုးဖြင့်လည်း သူ၏ဆွဲဆောင်မှုကို ဖုံးကွယ်ထား၍ မရနိုင်ပေ။

"ဘယ်လိုပြောလိုက်တာလဲ ရှင်ရယ်… တာအိုရောင်းရင်းကျိုးလို ထူးချွန်တဲ့ ယောက်ျားတစ်ယောက်ကို ဧည့်ခံခွင့်ရတာ ကျမရဲ့ ဂုဏ်ယူစရာပါ…"

"ဒါပေမဲ့ တာအိုရောင်းရင်းကျိုးက ဒီလောက် ထူးချွန်နေမှတော့ တာအိုလက်တွဲဖော် ရှိနေလောက်ရောပေါ့…"

ရှရွှေယန်က တခစ်ခစ် ရယ်မောလိုက်ပြီး စမ်းသပ်မေးမြန်းလိုက်သည်။

"မရှိပါဘူးဗျာ… ကျုပ်က အရှေ့ဘက်ကန္တာရမှာ ဘာတာအိုလက်တွဲဖော်မှ မရှိပါဘူး… ကျုပ်က ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်တဲ့သူပါ…"

"ဒီလို ယောက်ျားမိန်းမကိစ္စတွေမှာ သာယာနေဖို့ အချိန်မရှိပါဘူး…"

"တာအိုလက်တွဲဖော်ဆိုတာက ဝန်ထုတ်ဝန်ပိုးတွေပါပဲ… ကျုပ်ရဲ့ ကျင့်ကြံခြင်းကို နှောင့်နှေးစေရုံပဲ ရှိမယ်…"

ကျိုးစွေ့က တည်ကြည်လေးနက်စွာ ပြောလိုက်ပြီး သူသည် တစ်ကိုယ်တည်းသမားဖြစ်ကြောင်း ဖော်ပြလိုက်သည်။

ဤသည်မှာ လိမ်ညာပြောဆိုနေခြင်းလည်း မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ အရှေ့ဘက် ကန္တာရနယ်မြေတွင် သူ့၌ မည်သည့် တာအိုလက်တွဲဖော်မျှ မရှိပေ။ တာအိုလက်တွဲဖော်များသည် ချန်လန်ပင်လယ်ဒေသတွင်သာ ရှိနေကြခြင်း ဖြစ်သည်။

"တာအိုရောင်းရင်းကျိုးက တကယ့်ကို တာအိုလမ်းစဉ်ကို လိုက်စားသူပဲ… ကျမ တကယ် လေးစားမိပါတယ်…"

"ကျမ ရှင့်လို ယောက်ျားမျိုး မတွေ့ရတာ ကြာပါပြီ…"

ဤစကားကိုကြားသောအခါ ရှရွှေယန်၏ မျက်လုံးများ တောက်ပသွားပြီး ဝမ်းသာအားရဖြစ်သွားရသည်။

သူမ၏ ထင်မြင်ယူဆချက် မှန်ကန်သည်ဟု ခံစားလိုက်ရသည်။

ဤမျှဖြူစင်သော အမျိုးသား၊ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သူသည် သေချာပေါက် လူပျိုစစ်စစ်သာ ဖြစ်ပေလိမ့်မည်။

ကလေးဘဝကတည်း ကျင့်စဉ်များကို အရူးအမူး ကျင့်ကြံထားခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ ထို့ကြောင့်သာ ခန္ဓာကိုယ်တွင် ဤမျှသန်စွမ်းသော သွေးသားစွမ်းအင်နှင့် သန့်စင်ယန်စွမ်းအင် ရှိနေခြင်းသာ ဖြစ်ရပေမည်။

ဤကဲ့သို့သော အမျိုးသားသည် အစစ်အမှန်နဂါးထက်ပင် ရှားပါးလှပြီး မျိုးသုဉ်းလုနီးပါး ဖြစ်နေပြီဟု ဆိုနိုင်သည်။

ဤအကြောင်းကိုတွေးမိသောအခါ သူမသည် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ မည်သည့်အသံ၊ မည်သည့်ခြေရာမျှ မရှိသော မမြင်ရသည့် အမှတ်အသားတစ်ခုသည် ကျိုးစွေ့၏ ခန္ဓာကိုယ်ပေါ်တွင် ချက်ချင်း ကပ်ငြိသွားလေသည်။

ဤသည်မှာ ဟယ်ဟွမ်းဂိုဏ်း၏ 'မက်မွန်ပွင့်အမှတ်အသား' ဖြစ်သည်။

ဤအမှတ်အသား စွဲကပ်သွားသည်နှင့်တပြိုင်နက် ကမ္ဘာမြေအဆုံးထိ ထွက်ပြေးလျှင်ပင် သူမသည် ဤအမျိုးသားကို ရှာဖွေနိုင်မည် ဖြစ်သည်။

ထို့အပြင် ဤအမှတ်အသားကို အသုံးပြုပြီး ထိုအမျိုးသားကို စိတ်ထွေပြားစေကာ၊ သူမကို မချစ်ဘဲ မနေနိုင်အောင် ပြုလုပ်နိုင်သေးသည်။

ဤသည်မှာ ဟယ်ဟွမ်းဂိုဏ်း အမျိုးသမီးများ၏ သီးသန့်နည်းလမ်းပင် ဖြစ်သည်။

'သောက်ကျိုးနည်း…. ငါ့ကို မန္တန်နဲ့ ပြုစားလိုက်တာလားဟ…'

'တကယ်ပဲ ဒီ ဟယ်ဟွမ်းဂိုဏ်း အမျိုးသမီးက မရိုးသားဘူးပဲ… ငါ့ကို 'ဆေးပေါင်းဖို' အဖြစ် ဖမ်းချင်နေတာလား…'

'ငါ့ကို လက်ရဲဇက်ရဲ လုပ်ဝံ့တဲ့ အမျိုးသမီးကျင့်ကြံသူ ရှိသေးတာပဲ… တကယ့်ကို သတ္တိကောင်းလွန်းတယ်…'

'မြင်မြင်ချင်းချစ်တယ် ဆိုတာတွေက တကယ်ကို အတုအယောင်တွေပါလား… ဟူး…'

'အကျိုးစီးပွားကို မက်မောတာ… ရုပ်ရည်ကို မက်မောတာကမှ ပိုပြီး လက်တွေ့ကျသေးတယ်…'

'ဟင်း... ဒီ ဟယ်ဟွမ်းဂိုဏ်း အမျိုးသမီးကလည်း အတော်လေး လှတာပဲ… သန့်စင်ယင်စွမ်းအင်လည်း ရှိသေးတယ်…'

‘ဒီလိုဆိုမှတော့ မူလခန္ဓာကိုယ်ဆီ ဖမ်းခေါ်သွားပြီး ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် ရောက်အောင် ကူညီခိုင်းရမယ်…'

'ဒီလို ဝိညာဉ်သန္ဓေသား အမျိုးသမီးတစ်ယောက် ရှိရင် နှစ်ဆယ်ချီ၊ ရာချီတဲ့ ကာလလောက် ကျင့်ကြံရမယ့် အချိန်ကို သက်သာစေမှာပဲ…'

ကျိုးစွေ့ မျက်လုံးများကို မှေးစင်းလိုက်ပြီး ဤကိစ္စ၏ ဖြစ်နိုင်ချေကို စဉ်းစားလိုက်သည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် မန္တန်အစီအရင် ခတ်လိုက်သည်ကိုလည်း သူ ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ သူသည် ကိုယ်ပွားတစ်ခုသာ ဖြစ်သည် မဟုတ်လော။

မည်သည့် မန္တန်မိသည်ဖြစ်စေ ကိုယ်ပွားသေဆုံးသွားပါက ပြီးဆုံးသွားမည် ဖြစ်သည်။ မည်သည့်မန္တန်မျှ မူလခန္ဓာကိုယ်အထိ သက်ရောက်မှု မရှိနိုင်ပေ။

ထို့ကြောင့် သူသည် ကြောက်ရွံ့ခြင်းမရှိဘဲ တစ်ဖက်လူ၏ နည်းလမ်းများကို လွှတ်ထားလိုက်သည်။ သို့မှသာ မြွေကို ခြောက်လှန့်သလို မဖြစ်စေမည် ဖြစ်သည်။

All Chapters