← Chapters

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

(76)အငြိုးတေးထားခြင်း

ဂျိတ်လည်း အယ်လီနာကို သူ၏အိမ်ပြသလိုက်သည်။ "ရှင့်စန်တီနယ်မျိုးနွယ်ကအိမ်ကကော" အယ်လီနာအမေးကြောင့် ဂျိတ်အနည်းမျက်နှာပြောင်းလဲသွား သည်။ထိုပြောင်းလဲသွားသောမျက်နှာကြောင့် အယ်လီနာ လည်း ဂျိတ်ထံတွင် မကျေနပ်​သောတစ်ခုခုရှိထားပုံရသည် ဟုတွက်ဆမိသည်။ "ပြောပြမယ် အခုတော့အရင်ဝင်လိုက်ပါ" ဂျိတ်အိမ်ရောက်ချိန်တွင် ဂျိတ်၏အိမ်လေးက ဇိုက်လေ့ကျ င့်၌ထွက်ပေါ်လာသောအသံမှ လွှဲ၍ငြိမ်သက်နေသည်။တာနာ ရှာ စမ်းသပ်နေသော နေရာသည်အလုံပိတ်နေရာဖြစ်ရာ သူမ ဘယ်လောက်ပင်ပြင်းထန်သော စမ်းသပ်မှုလုပ်ပါစေ အပြင် ဘက်သို့ ထွက်လာမည်မဟုတ်ပေ။ "မီမီ ဒါက သမီးရဲ့ယုန်လေး တွေ" "ဒါက သမီးအတွက်ဖီဖီလုပ်ထားပေးတဲ့ ခြံဝနားကယုန်ရုပ် ကြီး" အယ်မလီ အယ်လီနာလက်ကိုဆွဲကာ ပြသ သည်။ အယ်မလီကတော့ မိခင်ဖြစ်သူရောက်သည်နဲ့ သူမ၏ချစ်စရာ ကောင်းသော အရာများကိုစတင်ပြသကြွားနေပြီဖြစ်သည်။ အယ်လီနာကတော့ ဂျိတ်သမီးအပေါ်အလိုလိုက်ထားပုံလေး များကိုမြင်ရသောအခါ သူမစိတ်ပျော်ရွှင်နေမိသည်။သူမ ကလေး၏ကံကောင်းပုံလည်း တွေးမိသည်။ "ဒါက ဖီဖီက သမီးအတွက်လုပ်ပေးထားတဲ့ စာအုပ်စင်လေး သမီးအကုန်ဖတ်ဖို့တောင် ညာကြီး(အများကြီး)ကျန်သေး တယ်" စာအုပ်စင်ကိုမြင်တော့ အယ်လီနာ အံသြမြင်သက်ရလေ သည်။ထိုသို့သောစာအုပ်စင်ကို သူမတစ်သက်၌တစ်ခါမှမမြင် ဖူးသောကြောင့်ဖြစ်လေသည်။ ထိုစာအုပ်စင်၌ ချစ်စရာကောင်းသော နတ်သားနတ်သမီးများ အရုပ်များဖြင့် ခြယ်သထားသည်။စာအုပ်များသည်လည်း အရည်သွေးမှာလုံးဝနိမ့်ကျခြင်းမရှိဟု သူမ ခန့်မှန်းရသည်။ သူမ စာအုပ်စင်မှစာအုပ်တစ်အုပ်ကောက်ကိုင်ကာ ဖတ်လိုက် သည်။ထိုစာအုပ်၌ကလေးများအတွက်ဟူကာ ရေးသား ထားသည်။ထိုစာအုပ်၏နာမည်သည် စင်ဒရဲလား ဖြစ်သည်။ သူမလည်း အယ်မလီလေး၏တိုက်တွန်းမှုကြောင့် ချက်ချင်း ပင်ထိုင်ဖတ်လိုက်သည်။အယ်မလီကလည်းသူမစာအုပ်ကို မိခင်ဖြစ်သူမှတကယ်ဖတ်သောကြောင့် ဝမ်းသာလေသည်။ သမီးဖြစ်သူတိုက်တွန်းသောကြောင့်သာ သူမဖတ်ရခြင်းဖြစ် သော်လည်း စိတ်ပါလာသည်။စင်ဒရဲလားလေး၏ဒုက္ခခံရပုံကိုသူမဖတ်မိသောအခါ သနားမိသည်။မိထွေးနဲ့မိထွေးပါသမီး နှစ်ယောက်၏အကျင့်ယုတ်မာမှုကို မြင်သောအခါ သူမလည်း ဒေါသထွက်ရသည်။ နောက်ဆုံး မင်းသမီးက မင်သားနဲ့ငြားသွားသောအခါမှသာ အယ်လီနာ စိတ်သက်သာရာ ရသွားသည်။ အယ်မလီဖတ်ရန် အတွက်ထားသော ကလေးများဖတ်ရန်ဆိုသော်လည်း ထို စာအုပ်များက သူမကိုဖတ်ဆက်ရန်ဆွဲဆောင်နေသည်။ ဂရိတ်နိုင်ငံ၏နယ်နမိတ်ထိစပ်နေသောနေရာ တောအုပ်တစ် ခု၌.... လူတစ်ယောက်သည် ပြေးလွှားနေလေသည်။အစက သူ၏အရှိန်မှာ အလွန်မြန်ဆန်သော်ငြားလည်း နောက်ထပ်သုံး ဆယ်မိနစ်ကြာသောအခါ ပြေးနေသောသူ၏အရှိန်မှာ တ ဖြေးဖြေးလျော့ပါးလာသည်။ ထိုလူကား တခြားမဟုတ် ဂျိတ်နဲ့တွေ့ဆုံရခဲ့ပါသော စုန်းမအို ကြီးဖြစ်သည်။ စုန်းမအိုကြီးသည် ဂရိတ်နိုင်ငံ၏တစ်ဖက် နိုင်ငံကို ရောက်အောင်ပြေးနေခြင်းဖြစ်သည်။ထိုနိုင်ငံသို့ ရောက်ပါက သူမအနေနဲ့ လိုအပ်သောအကူညီတောင်း နိုင်သည်။အကူညီရပါက သူမနေဖြင့် အယ်လီနာကိုပြန်လည် ခေါ်နိုင်မည်ဟုယူဆထားသည်။ သူမ ပြေးနေရင်း အသက်ဓာတ်ကိုလောင်ကျွမ်းပြီးပြေးခဲ့ရ သောကြောင့် သူမ၏အမြန်နှန်ုးကား မြန်ဆန်သည်။အချိန် ကြာလာသောကြောင့် တဖြေးဖြေးနှေးလာခြင်းသာဖြစ်သည်။ စုန်းမအိုကြီး သည် အသက်ဓာတ်ကိုလောင်ကျွမ်းလိုက်ပါက သူ၏အကန့်သတ် ကို မသုံးသည်ဖြစ်စေသုံးသည်ဖြစ်စေ လောင်ကျွမ်းသည်ဖြစ်သောကြောင့် အသက်ဓာတ် လောင်ကျွမ်းသည့်အတူတူ ပြေးလွှားနေရခြင်း၏အ​ကြောင်း တရားလည်းဖြစ်ပေသည်။ သူမပြေးနေသော ရှေ့၌ လူစုရှိကြောင်း စုန်းမအိုကြီး မြင် ခိုက်သည်။မြင်သော်ငြားလည်း သူမသည် ထိုလူအုပ်ကြီးကို ရှောင်သွားရန် အကြောင်းမရှိပေ။သူမ၏လက်သည်းများဖြင့် ပြေးဝင်ကာ တိုက်ခိုက်ရန်ဟန်ပြင်လိုက်သည်။ ထိုလူအုပ်ကြီးများသည်လည်း ဂျိတ်အိမ်၌လာရောက်စား သောက်နေကြသော လုပ်ကြံသူအယောက်ငါးဆယ်ပင် ဖြစ်သည်။သူတို့သည်လည်း ရွှေပြားများများရစေရန် ရှားပါး သောမစ်ရှင်ကို တာဝန်ယူဆောင်ရွက်နေကြခြင်းလည်း ဖြစ်သည်။ ထိုရှားပါးမစ်ရှင်သည် ထူးဆန်းသော မြွေတစ်ကောင်ကိုရှာ ရန်ပင်ဖြစ်သည်။ထိုမြွေ၏အဆိပ်သည် အလုံးစုံသုံး၍ရသည် ဆိုသောကြောင့် မစ်ရှင်အောင်မြင်ပါက ဆုကြေးရွှေတစ်သိန်း အထိ ထုတ်ပြန်ထားသည်။ထို့ကြောင့် ထိုမြွေရှိသည်ဟုထင်ရ သော ဂရိတ်နိုင်ငံ၏နယ်စပ်ခြားဒေသတောအုပ်သို့ သူတို့ ရောက်လာကြခြင်းပင်ဖြစ်လေသည်။ "ရှောင်ကြဟေ့" တစ်ယောက်သောလုပ်ကြံသူက အန္တရာယ်၏အငွေ့သက်ကို ရ၍ချက်ချင်း ဆော်သြ လိုက်သည်။သူထင်သည့်အတိုင်း အနက်ရောင်အရာတစ်ခု သည် သူတို့အုပ်စုထံပြေးဝင်လာသည်။ သူတို့လည်းချက်ချင်းဆိုသလို ရှောင်တိမ်းလိုက်ကြသည်။ သို့သော် သူတို့လွတ်မြောက်ခဲ့ခြင်းမရှိပေ။ "ရှီး......." ထက်လှစွာသောအသံနဲ့ အတူညအနက်ရောင်အရာတစ်ခုက သူတို့ကိုယ်ကို ပိုင်းဖြတ်သွားသည်။သူတို့​သည်လည်း ထိုအရာ ကိုတုန့်ပြန်ရှောင်တိမ်းနိုင်ခြင်းမရှိခဲ့ပေ။ သူတို့အုပ်စုသည် မကြာသေးခင်ကမှ ရွှေအဆင့်တက်ထား သောအုပ်စုဖြစ်သည်။သို့သော်လည်း စုန်းမအိုကြီး၏အဆင့်သည် ပလက်တီနမ်အဆင့်မှဖြစ်ရာ ခုခံ နိုင်ခြင်းမရှိပေ။ ယခုလည်း စုန်းမအိုကြီး၏သိုင်းကွက်ဖြစ်သော အဆိပ် လက်သည်းဖြတ်တောက်ခြင်းနဲ့ သူတို့မိတ်ဆက်ခံလိုက်ရ သည်။ထိုသိုင်းကွက်ကြောင့် လုပ်ကြံသူအယောက်သုံးဆယ်မျှ ထိုနေရာ၌ပင် နှစ်ပိုင်းပြတ်ကာ ပွဲချင်းပြီး သေဆုံးကြရသည်။ ကျန်သောလူများကလည်းစုန်းမအို၏အဆိပ်လက်သည်း တိုက်ခိုက်ကိုထိထားကြသည်။နာမည်အတိုင်းလည်း ကျန် သောလူများလည်း အဆိပ်မိထားကြသည်ဖြစ်သည်။ထို အဆိပ်ကြောင့် ကျန်သောမသေသေးသောလူများလည်း မ ကြာမီအချိန်၌သေပွဲဝင်ကြရမည်ဖြစ်သည်။ စုန်းမအိုကြီးသည် အမှန်တော့ ဂျိတ်ကိုထားသောဒေါသကို လမ်း၌တွေ့သော သူတို့အားပစ်ပုံချလိုက်ခြင်းဖြစ်သည်။ထို့ ကြောင့် လုပ်ကြံသူအုပ်စုသည် ပလက်တီနမ်အဆင့် လူ၏လက်အောက်တွင် သားကောင်သဖွယ်ဖြစ်ခဲ့ရသည်။ စုန်းမအိုကြီးသည် သူသတ်လိုက်သောသူများ၏ကျန်ရစ်ခဲ့ သောအသုံးဆောင်များပစ္စည်းများကို သူမလက် တစ်ချက်တည်းဝှေ့ရမ်း လိုက်သည်။ထိုသို့လုပ်ဆောင်သည် နဲ့ ထိုပစ္စည်းများက သူမ၏လက်စွပ်အတွင်းသို့ ရောက်ရှိသွား လေသည်။ ထိုမြင်ကွင်းကိုမြင်သူအဖို့ ထိုလက်စွပ်သည် သိုလှောင် လက်စွပ်ဖြစ်ကြောင်းသိကြမည်ဖြစ်သည်။ချာကရာအတွင်း အားထည့်သွင်း၍ သိုလှောင်သိမ်းထား၍ရသောသိုလှောင် လက်စွပ်တစ်မျိုးဖြစ်သည်။ အဆိပ်မိကာ အသက်ရှင်ကျန်နေသောလူဆယ်ယောက်ကို စုန်းမအိုကြီး ဂရုစိုက်ခြင်းမရှိပဲ ထွက်သွားလိုက်သည်။မကြာ မီသေမည်ဖြစ်သော လူများကို သူမအနေနဲ့ ဂရုစိုက်စရာမလို နေပေ။စုန်းမအိုကြီး သိမ်းယူပြီးသည်နဲ့ ဆက်လက်ပြေးသွား လိုက်လေသည်။ "ခင်ဗျားကြီးကို လက်စားချေမယ်" ကျန်ရှိကာအသက်ရှင်နေသေးသော လူများက ထွက်သွား သောစုန်းမကြီးကို ကြုံးဝါးလိုက်ကြသည်။

(77)သနားစရာလူ

"အယ်လီနာ ညစာစားမယ်ဟေ့" ဂျိတ်လှမ်းခေါ်မှ အယ်လီနာအသိပြန်ဝင်လာသည်။ထိုအခါမှ သူမ အပြင်ဘက်ကိုလှည့်ကြည့်မိသည်။ဂျိတ်ပြောသည့် အတိုင်းပင် နေလုံးကြီးသည် အနောက်ဘက်သို့ ဝင်နေပြီ ဖြစ်သည်။ အယ်လီနာ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ ကလေးများဖတ်ရန် စာအုပ်ကို သူမနေနဲ့ စိတ်ဝင်စားစွာဖတ် ရင်း ညနေစောင်းလို့စောင်းမှန်းပင် မသိဖြစ်ခဲ့ရလေသည်။ "လာပြီ" သူမနေနဲ့ ဖတ်လက်စစာအုပ်ကို မှတ်ထားပြီး စာအုပ်စင်၌ပြန်လည်ထားလိုက်သည်။ထို့နောက် မီးဖိုချောင် ထဲသို့ ဝင်လိုက်သည်။ "အားလုံးပဲ ပြောစရာရှိပါတယ် မိုက်ကယ်ကတော့သ်ိပြီးသား ပါ" ဝုတ်... မိုက်ကယ် အသံပေးရင်း ထောက်ခံလိုက်သည်။ ထိုအချိန်၌ဝိုက်တီသည် တစ်ယောက်စာထပ်ပိုချက်ခိုင်းသည့် လည်း ပြီးစီးသွားသောကြောင့် လာရောက်ချပေးနေသည်။ "မိုက်ကယ် ဘာသတင်းလဲ" ဇိုက်နဲ့ တာနာရှာမေးလိုက်သည်။သူတို့မေးသည်နဲ့ ခေါင်းလှ ည့်ကာ သူလုံးဝမဖြေနိုင်ပါဟူသောအမူရာပြသည်။မိုက် ကယ်၏ပုံစံက ဒီကိစ္စသည် ဂျိတ်ပြောမည်ဖြစ်ကြောင်းပြော နေသလိုပင်ဖြစ်သည်။ "ဒီနေ့ပြောမှာကတော့ ငါရဲ့ချစ်သူ မိန်းမပေါ့ ပြီးတော့ အယ် မလီလေးရဲ့အမေ အိမ်ကိုရောက်လာတယ်ပြောမလို့ပါ." "ဝိုး" ဇိုက်နဲ့ ဝိုက်တီပါအော်လိုက်ကြခြင်းဖြစ်သည်။ဝိုက်တီသည် စက်ရုပ်ဆိုသော်ငြားလည်း ခံစားချက်ရှိသည်။ထို့ကြောင့် ထိုသို့ပြောရာ၌ အော်လိုက်ခြင်းဖြစ်သည်။ တာနာရှာလည်း ထိုစကားကြောင့် ဝမ်းနည်းဝမ်းသာဖြစ်ရ သည်။ဝမ်းနည်းရခြင်းမှာ သူမသည် ဂျိတ်၌ပိုင်ရှင်ရှိနေသော ကြောင့်ဖြစ်သည်။ဝမ်းသာရခြင်းမှာ ပိုင်ရှင်ရှိနေကြောင်း မိမိ ဖခည်းတော်ဘုရင်ကြီးကို ပြောကာ မိမိအားလုပ်ဆောင်ခိုင်း သောအစီစဥ်ကို ပြန်လည်ချေပ ငြင်းဆိုနိုင်မည်ဖြစ်သည်။ "သူလာပါပြီ ကြိုဆိုလိုက်ပါဦး" "မီမီလာပြီ" အယ်မလီ လေးကလည်း ပြောသည်။အပေါ်ထပ်မှ အယ်လီ နာသည် ဆင်းလာပြီး မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်။အယ် လီနာဝင်လာသည်ကိူ မြင်သောအခါ လူတိုင်း အံသြမြင်သက် ကြသည်။သူမ၏အလှသည် ပြိုင်စံရှားဖြစ်အောင်လှပလွန်း လှပနေသောကြောင့်ဖြစ်သည်။ တာနာရှာလည်း ဝင်လာသောသူမကြောင့် သူမ၏အလှများ ဖုံးကွယ်ခြင်းခံလိုက်ရသလို ခံစားလိုက်ရသည်။သူမထက်ပို လှသော အလှမိန်းကလေးကို သူမအနေဖြင့် ပထမဆုံး အကြိမ်တွေ့ခဲ့ရခြင်းဖြစ်သည်။ "ကြိုဆိုပါတယ် " အယ်လီနာ ဝင်လာသည်နဲ့ လူတိုင်းနီးပါးကြိုဆိုလိုက်သည်။ အယ်လီနာကလည်း အပြုံးဖြင့် ပြန်လည်တုံပြန်လိုက်သည်။ အယ်လီနာ၏အပြုံးကြောင့် သူတို့လည်း ခေတ္တ မေ့မြောသွား ကြသည်။ "သူက ဇိုက် ငါ့ရဲ့ညီငယ်လေးပါ သူကတော့ ဆာဗေ့မျိုးနွယ်ရဲ့ မင်းသမီး တာနာရှာပါ အခုသူက ဒီမှာလာပြီးပညာသင်နေတာ ပါ" ဂျိတ်က အယ်လီနာကို ရှင်းပြလိုက်သည်။ "ကျမ အယ်လီနာပါ အယ်မလီ ရဲ့မိခင်ပါ" နှုတ်ဆက်လိုက်ရာ ဇိုက် တာနာရှာ တို့လည်းပြန်လည်တုံပြန် ကြိုဆိုကြသည်။အယ်လီနာသည် သူတို့ကကြိုဆိုခြင်းကြောင့် လည်း ပျော်ရွှင်လေသည်။ အယ်လီနာ ဝိုက်တီကိုမြင်သည်နဲ့ အံသြရပြန်သည်။အဘယ် ကြောင့် ဝိူက်တီလိုစက်ယန္တားအတတ်အရုပ်က ဂျိ တ်၏အိမ်၌ရှိနေရခြင်းအကြောင်းကိုပင်ဖြစ်သည်။ "ကဲ ထိုင်ပါ အစားသောက်လေးတွေ စားကြတာပေါ့" ဂျိတ်လည်း အယ်လီနာထိုင်ရန်နေရာကိုညွှန်ပြကာ ထိုင် စေသည်။ထို့ကြောင့် အယ်လီနာလည်း ထိုင်ကာ စားပွဲပေါ်က အစားသောက်များကို စတင် စားသောက်လိုက်လေသည်။ အယ်လီနာလည်း အစားသောက်ကိုစားသောက်လိုက်သည်နဲ့ သူမ၏မျက်နှာပြောင်းလဲသွားလေသည်။ဇိုက်လည်း ထို အခြေနေကို ခန့်မှန်းပြီးသားဖြစ်သည်။ဂျိတ်၏အစားသောက် ကိုစားသောက်တိုင်း အံသြသောအမူရာများပြကြရစမြဲပင် ဖြစ်သည်။ အယ်လီနာသည် ဂျိတ်အိမ်မှအစားသောက်ကို စတင်စား သောက်လိုက်ချိန်မှ စ၍သူမသည်အစားသောက်ကျော့ကွင်း၌ စတင်ငြိတွယ်သွားပြီဖြစ်ကြောင်း သူမကိုယ်တိုင်ပင်မသိလိုက် ဖြစ်သွားခဲ့လေသည်။ ညစာစားပြီးနောက် လူတိုင်းဆိုသလိုသူတို့ အနားယူရာနေရာ သို့ သွားရောက်ကာ အနားယူလိုက်ကြသည်။အယ်မလီ လေးလည်း အိမ်အပေါ်ထပ်တက်ကာ ပုံပြင်စာအုပ်ဖတ်ရန်စာ ကြည့်စင်သို့ သွားလိုက်လေသည်။ ထိုအခါ ဂျိတ်နဲ့ အယ်လီနာတို့လည်း နှစ်ယောက်တည်း ကျန်ရှိ ခဲ့သည်။ "ငါတို့လည်းလျှောက်ထွက်မလား" "ကောင်းတာပေါ့ရှင့်" လ​ပြည့်ညလည်းဖြစ်ရာ ဂျိတ်ခြံဝင်း၌လရောင်သည်စတင် လွှမ်းစပြုလာပြီဖြစ်သည်။ ခြံထဲ၌ ဂျိတ်နဲ့ အယ်လီနာတို့သာ လမ်းလျှောက်နေကြသည်။လမ်းလျှောက်ရင်း သူတို့နှစ်ဦး မ တွေ့စဥ်က အချိန်တုန်းကဖြစ်ပျက်ခဲ့သောအကြောင်းရာကို ပြန်လည်ပြောဆိုနေကြခြင်းဖြစ်သည်။ သူတို့နှစ်ယောက် အချိန်အတော်တန်ကြာအောင် ပြောပြီး သောအခါ တစ်ယောက်အကြောင်းကို တစ်ယောက်နားလည် လာကြသည်။အယ်မလီနေဖြင့် ဂျိတ်၏ဘဝအကြောင်းကို ပိုမို သနားမိသည်။ ဂျိတ်သူမနဲ့ မတွေ့တော့သည်နောက်ပိုင်း မျိုးနွယ်စုမှနှင်ထုတ် ခံရသည့်အကြောင်း သူတစ်ယောက်တည်း ဒီယေဂိုမြို့သို့ ရောက်လာကာ အသက်မွေးဝမ်းကြောင်းပြုသည့်အကြောင်း ပင်ဖြစ်သည်။သူနောက်ပိုင်း ခေါင်းဒဏ်ရာရပြီးနောက် ကံကောင်းလာကြောင်း လည်းပါဝင်လေသည်။ ဂျိတ်အနေနဲ့လည်း အယ်လီနာအကြောင်းကြားရတော့ သနား မိသည်။သူမလည်း သူနဲ့ခွဲပြီး နန်းတော်သို့ပြန်လိုက်သွားရ သည်။ထို့နောက်သူမတွင် ကိုယ်ဝန်ရှိကြောင်းသိသည်။သူမ တွင် ကိုယ်ဝန်ရှိကြောင်းသိသည်နဲ့ သူမ၏မိဘများသည်နန်း တွင်းမှ လူများဖြင့် ဖျက်ခိုင်းသည်.။ အယ်လီနာက ဖျက်ချပြီးပြီဆိုကာ တစ်ကိုယ်တည်းပိတ် နေသည်။ဘယ်သူကိုမှ လာတွေ့ခွင့်မပေး။ထိုအချိန်တွင်း သူ သည် အယ်မလီလေးကို ကိုယ်ဝန်ဆောင်ကာမွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူမ အယ်မလီလေးကို သုံးနှစ်ရွယ်အထိနီးပါးပြုစုစောင့် ရှောက်ကျွေးမွေးခဲ့သည်။နောက်ပိုင်း သမီးဖြစ်သူအကြောင်း ကို သူမ၏မိဘဘုရင် သိမည်စိုးရိမ်သောကြောင့် ဂျိတ်ထံသို့ ပို့ လိုက်ခြင်းဖြစ်သည်။ "ဒါဆို ဟိုစက်ယန္တားကဘာလို့ဒိီရောက်နေတာလည်း" အယ်လီနာသိချင်သဖြင့် မေးလိုက်သည်။သူမအနေနဲ့ ဝိုက်တီကို စိတ်ဝင်စားနေကြောင်းလည်းဂျိတ်သိသည်။ချစ်သူဘဝတည်း က အယ်လီနာသည်ထူးထူးဆန်းဆန်းဟူသောအသစ်သစ် သောအရာများကို လေ့လာစူးစမ်းတတ်လေ့ရှိသည်။ "ဒါက ကိုယ်ထွင်ထားတာလေ" "မယုံပါဘူး. အယ်လီနာ ရွှဲ့ ပြသည်။သူမနဲ့တွေ့စဥ်က ဘာမှမသိအေးဆေး သာနေတတ်သောလူက ခက်ခဲရှုပ်ထွေးသော အကြောင်းကို တတ်မည်ဟုသူမမယုံပေ။သူမကိုစိတ်ချမ်းသာရန် ဖြေ နေသည်ဟုသည်ထင်လေသည်။ "အသံကြားတယ်သွားကြည့်ကြစို့" "ကယ်ပါဦး " အသံနဲ့အတူ ဂျိတ်တို့၏ခြံဝအနား၌ လူငါးယောက်သည် လဲကျနေလေသည်။သူတို့သည် အားတင်းပြီးလာခဲ့ဟန်ရှိ သည်။သူတို့လာခဲ့ရာ လမ်းတစ်လျှောက်တွင်လည်း သွေးစက် များက ကျဆင်းနေးခဲ့သေသည်။ သူတို့၏ကိုယ်ခန္ဓာများကလည်း ခရမ်းရောင်သန်းလာနီးနေပြီ ဖြစ်သည်။ဂျိတ်သူတို့အနီးရောက်လာသည်ကို မြင်သည်နဲ့ သူ တို့သည် ရှိသမျှသော အားကို သုံးကာ "ကယ်ပေးပါ" တစ်ခွန်းတည်းသာအော်ကာ သတိလစ်သွားကြသည်။ထို အချိန်၌ ထိုလူငါးယောက်သည် စုတ်ပျက်နေကာ ဒဏ်ရာများ ဖြင့် သနားစရာကောင်းသောလူများဖြစ်နေလေသည်။

(78)ရှာဖွေစေခြင်း

"သူတို့ကိုကယ်လို့မရတော့ဘူးထင်တယ်" အယ်လီနာပြောလိုက်သည်။ "သူတို့တစ်ကိုယ်လုံးအဆိပ်တွေနဲ့ပြန့်နေတာပဲ အဆိပ်က လည်း တော်တော်ပြင်းတယ် ရွှေအဆင့်ကလူတွေတောင် ချက်ချင်းလက်ငင်းမဖြစ်ရင်တောင် တစ်နာရီကြာရင် သေ သွားကြမှာ" ဂျိတ်လည်း အယ်လီနာပြောသည်ကို နားထောင်နေလေသည်။ ယခုသူ၏ရှေ့၌ အဆိပ်ဖြင့်သတိလစ်ကာ လဲကျနေသူများ သည် သူထံတွင် လာရောက်စားသောက်ကြသော လုပ်ကြံ သူများဖြစ်ကြောင်းလည်းသိသည်။ "မင်းသူတို့ကို ကယ်တင်ချင်လား" ဂျိတ် အယ်လီနာကိုမေးလိုက်သည်။သူနေနဲ့ တခြားသော သူများကို ကယ်တင်ရန်ကသူ့အတွက်ပြသနာမရှိသော်လည်း သူတစ်ပါးသေခြင်းက သူ့အတွက် မည်သည့်အကျိုးရောက်မှု ရှိစေမည်မဟုတ်ပေ။ "ကယ်ချင်တယ် " အယ်လီနာ ပြောသည်နဲ့ ဂျိတ်လက်ခုပ်သုံးကြိမ်တီးလိုက် သည်။ "သူတို့ကို အထဲခေါ်သွားလိုက်" လက်ခုပ်တီးပြီးအော်ခေါ်လိုက်သည်နဲ့ အယ်လီနာ၏တစ်ဝိုက် တွင် အနည်းငယ်တုန်ခါလာကြောင်း သိရသည်။ "ရှင် ဒါကြီးတွေက." အယ်လီနာ အံသြနေသည်။သူမ မြင်နေရသည်က သမီးလေး အယ်မလီအတွက်ဆောက်ပေးထားသော ယုန်ရုပ်ကြီးနှစ်ရုပ် က အသက်ဝင်ကာ လမ်းလျှောက်လာသောကြောင့် ဖြစ်သည်။ အသက်ဝင်လာသောယုန်ရုပ်ကြီးနှစ်ရုပ်သည် လဲကျနေသော သူများကို ပွေ့ချီကာ ခြံထဲသို့ဝင်သွားကာအိမ်ထဲအထိ ပို့ဆောင်ပေးသည်။ "ရှင် သူတို့ကို ဘယ်လိုကုသမှာလဲ" ဂျိတ်ကို အယ်လီနာမေးမြန်းသည်။ထူးဆန်းသောအကြောင်း များသည် ဂျိတ်ကြောင့်ဖြစ်လာရမှန်း သူမတွေ့ကြုံနေရသည်။ သူမပင် မကယ်နိုင်သော အရာကို ဂျိတ်ကယ်တင်နိုင်မည်ထင် သောကြောင့် ထပ်မေးမြန်းခြင်းဖြစ်သည်။ "သူကယ်လိမ့်မယ် ဝိုက်တီရေ" ခေါ်သံဆုံးသည်နဲ့ ဝိုက်တီ ရောက်လာသည်။ ဝိုက်တီလည်း ဂျိတ်၏ခေါ်သံကြောင့်ရောက်ရှိလာသည်။ဂျိတ် လည်း ယုန်ရုပ်နှစ်ရုပ်ထမ်းလာသော လူငါးယောက်ကိုလက် ညိုးထိုးပြကာ "သူတို့ကို ကုသပေးလိုက်ပါ" ဂျိတ်ပြောသံပြီးသည်နဲ့ ဝိုက်တီသည်ထိုမေ့နေသောလူများထံ သွားလိုက်သည်။သွားပြီး သူတို့၏ကိုယ်ခန္ဓာကို စားပွဲပေါ်သို့ တင်လိုက်သည်။ လူငါးယောက်၏ခရမ်းရောင်ပြောင်းနေသော ကိုယ်ခန္ဓာသည် ယခုအခါစားပွဲပေါ်၌ ရောက်ရှိနေသည်ဖြစ်သည်။ထို ခရမ်းရောင်သည် သူတို့၏တစ်ကိုယ်လုံးအပြည့်ဝဖုံးရန် အနည်းငယ်သာလိုတော့သည်ဖြစ်သည်။ ထိုသို့အပြည့်ဝဖုံး သွားသည်နဲ့ သူတို့ငါးယောက်လည်း သေကြရမည်ဖြစ်သည်။ "သူက ဆေးကောကုတတ်တာလား" အယ်လီနာ ဂျိတ်ကိုမေးမြန်းသည်။ "သူကမင်းထင်ထားတာထင်ပိုတယ်" ဂျိတ်ကထိိုသို့သာဖြေသည်။ယခုအချိန်၌အယ်လီနာသည်ဝိုက် တီ၏မည်သို့ကယ်တင်မည်ကို သိရှိလိုနေသည်။ ဝိုက်တီသည် မီးဖိုချောင်သို့ ဝင်သွားလိုက်သည်။သူဝင်သွား သည်နဲ့ မီးဖိုချောင်ထဲတွင် ချက် ခုတ်ထစ်သောအသံများထွက် ပေါ်လာသည်။ သုံးမိနစ်ကြာတော့ ဝိုက်တီသည် သူလိုအပ်သော ပစ္စည်း အမယ်များကိုယူလာလေသည်။အယ်လီနာလည်း ဝိုက်တီ မည်သို့ထူးထူးဆန်းဆန်းလုပ်မည်ကိုသူမ သိလိုစိတ်ပြင်းပြ နေသည်။ "သူဘာလုပ်တာလဲ" အယ်လီနာ ဂျိတ်ကိုမေးလိုက်သည်။ "မင်းကြားဖူးမှာပါ အစားသောက်လည်း ဆေးဆိုတာလေ" ထိုစကား အယ်လီနာကြားတော့ ဝိုက်တီဆက်လှုပ်နေသည်ကို သာ ဆက်လက်ကြည့်ရှူနေသည်။ဝိုက်တီသည် သူ့အနေနဲ့ ခွက် သုံးခွက်ယူလာလေသည်။ ပထမခွက်တွင် ဆေးမှုန့်များပါရှိလေသည်။ဒုတိယခွက်တွင် တော့ အရည်ခပ်ပျစ်ပျစ်များပါရှိလေသည်။တတိယခွက်တွင် တော့ ကြည်လင်နေသော ရေပါရှိလေသည်။ ထိုသုံးခွက်ကို ဝိုက်တီနေဖြင့် ယူဆောင်လာပြီးအဆိပ်မိနေ သောလူငါးယောက်အနား ချလိုက်သည်။ပထမအခွက် မှ ဆေးမှုန့်များကို ဒုတိယအခွက်မှ အရည်ခပ်ပစ်ပစ်နဲ့ ရောစပ် လိုက်သည်။ထို့နောက် ဝိုက်တီ နေဖြင့် သမျှနေအောင် မွေ သည်။ ထို့နောက် အဆိပ်မိနေသော လူငါးယောက် လုံးကိုသုတ်လိမ်း လိုက်သည်။သုတ်လိမ်းပြီးသည်နဲ့ အဆိပ်မိကာ သတိလစ်နေ သော လူငါးယောက်၏ကိုယ်ခန္ဓာသည်ပြောင်းလဲ လာသည်ဟု အယ်လီနာခံစားမိသည်။ အယ်လီနာ မြင်သောအရာသည်အမှန်ကန်ဖြစ်လာလေသည်။ ဝိုက်တီသုတ်လိမ်းထားသော လူငါးယောက်၏ကိုယ်ခန္ဓာသည် ခရမ်းရောင်မှတဖြေးဖြေးကျဆင်းလာလေသည်။ ထိုခရမ်းရောင်အဆိပ်များသည် အငွေ့အဖြစ်သို့ပြောင်းလဲ ကာ အပြင်သို့ထွက်လာလေသည်။အဆိပ်ငွေ့များသည် အပြင် သို့ထွက်လာသောအခါ ခရမ်းရောင် အငွေ့များအဖြစ်လာ သောကြောင့် ဂျိတ်ကော အယ်မလီ ပါမြင်နိုင်လေသည်။ ထိုအချိန်၌ ဝိုက်တီသည် တတိယခွက်ကို ဇွန်းဖြင့်တီးလိုက် သည်။ထိုသို့တီးလိုက်သည်နဲ့ ခွက်ထဲမှရေများသည်လှုပ်ရှား သွားသည်။ရေလှုပ်ရှားသွားသည်နဲ့ လူငါးယောက်ကိုယ်မှ ထွက်လာသောအဆိပ်ငွေ့များသည် ထိုရေထံသို့ဦးတည် သာ ကျဆင်းလေသည်။ ကိုယ်ခန္ဓာထဲမှထွက်လာသောအဆိပ်များသည် ထိုခွက်ထဲရှိရေ ထဲသို့ဝင် ဝင်နေခြင်းကြောင့် သူမအံသြနေသည်။ "ပထမခွက်နဲ့ဒုတိယခွက်ကရောလိုက်ရင် ဆေးတစ်ခုဖြစ် တယ် အဲ့ဆေးကအဆိပ်ထုတ်ပယ်ကုသဆေးပဲ နာမည်အတိုင်း အဆိပ်ကိုပယ်ထုတ်ပေးပြီး ကိုယ်ခန္ဓာကို ကု သပေးတယ် ဒါကြောင့် ကိုယ်ထဲအဆိပ်က အငွေ့အဖြစ် ပြောင်းပြီး ထွက်သွားရတာပဲ" "တတိယခွက် ရေက အဆိပ်စုပ်ယူရေစင်ပါပဲ ဒါကြောင့် ရေ အနည်းငယ်လုပ်လိုက်တာနဲ့ အဆိပ်ငွေ့က ရေထဲရောက်လာ ကြရတာပဲ" ဂျိတ်မှ အယ်လီနာကိုသေချာရှင်းပြလိုက်သည်။ထိုအခါမှ အယ်လီနာ သည်ဝိုက်တီ၏လုပ်ဆောင်ပုံက်ို နားလည်သွား သည်။ ဝိုက်တီ၏ကုသမှုကြောင့် လူငါးယောက်သည်လည်း အဆိပ်မိ ရာမှပျောက်ကင်းသွားကာ သူတို့၏ကိုယ်ခန္ဓာကလည်း စတင် ကောင်းမွန်လာပြီဖြစ်သည်။ ဘလက်အဖွဲ့နေရာ၌..... လူတစ်ယောက်သည်သူ၏လက်အောက်ခံအယောက်ငါးရာကို မိန့်ကြားနေသည်။သူတို့ရှာဖွေရန် သတင်းအချက်လက််ကို ပြောပြကာ သူတို့အကောင်းဆုံးလုပ်ဆောင်ရန်လည်း ပြော ကြားလေသည်။ "ငါပြောသလိုရှာဖွေခဲ့ကြစမ်း ကြားလား" "ဟုတ်"

All Chapters