← Chapters

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

( 79)လက်စားချေချင်လို့ပါ

ဘလက်အဖွဲ့စည်းကြီး၏ခန်းမထဲ၌ စုန်းမအိုကြီးသည် အစီရင်ခံတင်နေသည်။ထိုအစည်းဝေး၌ ပလက်တီနမ်အဆင့် ဝင်သူမအပါဝင် ဆယ့်နှစ်ယောက်နဲ့ ခေါင်းဆောင်ကြီးတစ်ဦး ပါရှိနေသည်။ ထိုခေါင်းဆောင်ကြီးသည် ပလက်တီနမ်အဆင့်၏နောက်ဆုံး အဆင့်အရှိန်ဝါကိုထုတ်လွှတ်ပြသနေသည်။ထိုဖိအားကြောင့် ကျန်သောလူများလည်း သူ့အားကြောက်လန့်ရိုသေကြရ သည်။ ဂရိတ်နိုင်ငံတွင် ပလက်တီနမ်အဆင့်ဆို၍တစ်ယောက်တည်း သာရှိရာ သူတို့အဖွဲ့သည် ဆယ့်နှစ်ယောက်မျှရှိကာ မည်မျှပို အင်အားကြီးကာ သန်မာကြောင်း မှန်းဆ၍ရနိုင်လေသည်။ ထိုခေါင်းဆောင်ကြီးသည် မြေခွေးမျက်နှာဖုံးကိုဝတ်ဆင်ထား လေသည်။သူသည်စုန်းမအိုကြီးပြောသော အကြောင်းရာကို သေချာနားထောင်နေသည်။ အကြောင်းစုံကိုနားထောင်မိသောအခါ "ကောင်းပြီး မင်းတွေ့ရှိခဲ့တဲ့အရာကြောင့် မင်းအပြစ်ကိုငါမ ပေးတော့ဘူး မင်းဆက်လက်ပြီးတော့ စုံစမ်းပါ" "ဟုတ်ကဲ့ပါ ခေါင်းဆောင် " စုန်းမအိုကြီး ရိုသေစွာပြောဆိုလိုက်သည်။သူမ၏ရင်ထဲ လည်း အပူလုံးကြီးပျောက်ကင်းကျဆင်းသွားသည်။ စုန်းမအိုကြီးသည် သူ၏တာဝန်ဖြစ်သောအယ်လီနာကို ပြန် ခေါ်လာရန် ကျဆုံးခဲ့သည်။ထိုအပြစ်ကြောင့် သူမသည်ကြီး လေးလှစွာသော ပြစ်ဒဏ်ကို ခံစားရမည်ဖြစ်သည်။ သို့သော်သူမသည် လမ်း၌တွေ့ခဲ့သောလူများကိုသတ်ကာ ပစ္စည်း များကို ယူဆောင်ခဲ့သည်။ထိုစဥ်အခါက သူမသည် စိတ်ရှုပ်ထွေးနေသောကြောင့် ပစ္စည်းများကို ကြည့်ရှူခဲ့ခြင်းမ ရှိပေ။ ထိုပစ္စည်းများတွင် ဘူးသီးခြောက်တွင်ထည့်ထားသောရေ များက သူမကို ထိတ်လန့်စေခဲ့သည်။ အသက်ရေဟုသိကြသော ရေသည် ထိုဘူးသီးခြောက်ထဲ၌ ရှိ တေသောကြောင့်ဖြစ်သည်။သူမသည်စုစု​ပေါင်းဆယ်ဘူးကို ရရှိခဲ့သည်။ တစ်ဘူးတွင်ပါသောရေသည် သူမ၏အသက်စွမ်းအင်ကိုတစ်နှစ်စာပြန်လည်ဖြည့်စီးခဲ့သည်။သူမအနေနဲ့ ထိုရေဘူး များကို သူမကိုယ်ကျိုးအတွက်သုံးမည်ဟု ကြံသော်လည်း သူမတာဝန်ကျရှုံးခြင်းကိုသူမ ပြန်သတိရသည်။ ထို့ကြောင့် စုန်းမအိုကြီး သည် ကျန်ရှိသောရေဘူးများကို အဖွဲ့ထံသို့တင်ပြလိုက်ခြင်းဖြစ်သည်။ထို့ကြောင့် ပုန်းအောင်း နေသော ခေါင်းဆောင်ကြီးပင်ထွက်လာကာ အစည်း ဝေး၌ပါလာရသည်အထိဖြစ်သည်။ အသက်ရေ သည် ထိုခေါင်းဆောင်ကြီးလိုအပ်​သောအရာ လည်းဖြစ်သည်။သူသည် ပလက်တီနမ်နောက်ဆုံးသောအဆ င့်တွင် ပိတ်မိနေသူဖြစ်သည်။ သူသည် အဆင့်တက်ရာ၌လေးခါကျရှုံးထားပြီဖြစ်သည်။ နောက်တစ်ခါမှ အဆင့်တက်နိုင်ခြင်းမရှိပါက အဆင့် အောင်မြင်ဖို့ ရာခိုင်နှုန်းနည်းပါးလာတော့မည်ဖြစ်သည်။ ပလက်တီနမ်အဆင့်ထက်ကျော်ပါက မည်သည်အဆင့်ရှိ သနည်းမေးစရာရှိသည်။ပလက်တီနမ်အဆင့် ပြီးပါက ဒိုင်း မွန်းအဆင့် ရှိသည်။ထိုအဆင့်တွင် ငွေအဆင့်မှရသောအစွမ်း များကို နောက်ထပ် ထပ်ရသောအစွမ်းများဖြင့် ပေါင်းစပ်ကာ အစွမ်းသစ်ကို ဖန်တီးအသုံးပြုလာနိုင်သည်။ ကိုယ်ခန္ဓာ မာကျောမှုသည်လည်း အဆင့်တစ်ခုသို့တိုးတက်လာသည်။ ငွေအဆင့်လက်နက်များ မတိုးပေါက်အောင် သန်မာ မာကျော လာခြင်းဖြစ်သည်။ ထိုအဆင့်၌ ချာကရာစွမ်းရည်သည် သိပ်သည်းလာပြီး ချာက ရာများကို မိမိအလိုရှိရာပုံစံသို့ပြောင်းလဲ အသုံးပြုနိုင်လေ သည်။ ချာကရာများကို လက်နက်အဖြစ်ပြောင်းလဲ၍လည်း အသုံးပြု နိုင်လေသည်။ချာကရာများကို ဓားများအဖြစ်ပြောင်းလဲပြု ကာတိုက်ခိုက်ခြင်း လက်နက်ပုန်းများအဖြစ်ပြောင်းလဲ အသုံးပြုနိုင်သည်။ ယခုချိန်တွင်တော့ ထိုအဆင့်သည်ဘလက်အဖွဲ့ကြီးအတွက် ပင် မဖြစ်နိုင်သေးသောအိမ်မက်တစ်ခုသာဖြစ်​သည်။ "ကဲ အစည်းဝေးသိမ်းမယ်" ခေါင်းဆောင်ကြီးသည် အစည်းဝေးသိမ်းပြီးသူ၏နေရာသို့ ပြန်သွားသည်။ပြန်သွားသောလမ်းတစ်လျှောက်တွင် သူ၏အတွေးသည် ရှားပါးရတနာအသက်ရေနဲ့ ထူးဆန်းသောခွေးအကြောင်းပင်ဖြစ်သည်။ထူးဆန်းသော ခွေးသည် စုန်းမအိုကြီးလိုလူကိုပင် အသက်လောင်ကျွမ်း ပြေးရလောက်အောင် လုက်နိုင်သောကြောင့် သူအထူး စိတ်ဝင်စားနေသည်။ စုန်းမအိုကြီးသည် သူတို့အဖွဲ့၌အဆင့်8ရှိရာ ခွေးကြီးကို သူ စိတ်ဝင်စားသည်။ထိုခွေးမျိုး ရလာပါက သူ၏စီးတော်အဖြစ် လုပ်ရမည် မဟုတ်ပါက သတ်ကာ သားရဲအမြုတေယူမည်ဟု သူဆုံးဖြတ်ထားသည်။ ဂျိတ်အိမ်နေရာ မနက်10:45မိနစ် "အား ငါတို့သေ သွားကြပြီလား." လူငါးယောက်သည် သတိရလာကြသည်။သတိရလာသည်နဲ့ သူတို့အတွေးကတော့ သူတို့ကိုယ်ကိုကြည့်လိုက်ကြခြင်း ဖြစ်သည်။ခရမ်းရောင်ဖြစ်ခဲ့သော သူတို့ကိုယ်ခန္ဓာသည် ယခု ချိန်၌ သာမန်အတိုင်းပြန်ဖြစ်နေသည်ဖြစ်သည်။ သေမသေ သိစေရန် သူ့ကိုသူဆိတ်ကြည့်လိုက်သည်။ "အား ဟ ငါတို့မသေသေးဘူးဟ" သူတို့မသေကြောင်း သူတို့လက်ခံလိုက်ကြသည်။ သူတို့သည် ကြီးကျယ်ခမ်းနားသော အခန်းတစ်ခု၏ အိပ်ရာ ပေါ်သို့ရောက်နေကြောင်း သူတို့သိလိုက်ကြရသည်။ မနေ့ကအဆိပ်ကြောင့် နာကျင်ကိုက်ခဲခဲ့ကြသောသူ တို့၏ကိုယ်ခန္ဓာသည် ယခုအခါ၌လုံးဝကောင်းမွန်နေသည်။သူ တို့၏ကိုယ်ခန္ဓာသည် နာကျင်မှု ဒဏ်ရာခရီးပန်းမှုတို့လည်း မ ရှိနေပေ။ဘာမှမဖြစ်ခဲ့သော အခြေနေအတိုင်းပင်။ "မင်းတို့မသေဘူး ကောင်းတယ်" "ဟာ အရှင့်ဂျိတ်" သူတို့ငါးယောက်လုံးတစ်ပြိုင်တည်း အသံထွက်သွားကြသည်။ ဂျိတ်ဝင်လာကာ သူတို့ကိုစကားပြောလိုက်သည်နဲ့သူတို့ကို ဂျိ တ်မှကယ်တင်သည်ကိုသူတို့သိသွားကြရာ သူတို့ကျေးဇူးတင် လိုက်ကြသည်။ "ကျေးဇူးတင်ပါတယ်ဗျ" ဂျိတ်မှလွှဲ၍ သူတို့ကို ကျန်သောလူများမကယ်တင်နိုင်ဟု သူ တို့အဆိပ်စတင်မိစဥ်ကတည်းက သူတို့သိရှိကြသည်။သူတို့ ခံစားရသောအဆိပ်သည် သူတို့သိထားသောအဆိပ်အမျိုးစား တွင်မပါဝင်သောကြောင့်လည်းဖြစ်သည်။ "ပြီးတော့ ကျနော်တို့ကိုပညာသင်ပေးပါဗျ" ငါးယောက်လုံးအချင်းချင်းတိုင်ပင်ထားသည့်အလား ဂျိတ် ရှေ့ဦးညွတ်လိုက်ကြသည်။ "ဘာလို့အဲ့လိုလုပ်ကြရတာလဲ" ဂျိတ်မေးမြန်းသည်။သူတို့ခေါင်းပင်မော့ကြည့်လိုက်ခြင်း ပင်မရှိ "လက်စားချေချင်လို့ပါ"

(80)ဆရာတင်ခြင်း

"ဘာတွေဖြစ်နေတာလဲ" အယ်လီနာ ရောက်ရှိလာသည်။သူမအနေနဲ့ ဂျိတ်အားမနေ့က မှဒဏ်ရာရလာသောလူငါးယောက်က ယနေ့တွင် ဝိုင်းဝန်းဦး ညွတ်နေသောကြောင့်ဖြစ်သည်။ ထိုအသံကြောင့် လုပ်ကြံသူငါးယောက်လည်း သူတို့ခေါင်းကို မော့ကြည့်လိုက်ကြသည်။သူတို့မြင်နေသည်ကား အလွန် ချောမောလှပသော နတ်သမီးလေးတစ်ပါးပင်ဖြစ်လေသည်။ "ရှင်တို့ဘာလို့အဲ့လိုလုပ်နေကြတာလဲ ရှင်တို့ဒဏ်ရာက ချက်ချင်းကြီးပြန်မကောင်း...နေဦး ရှင့်ဆေးကအဲ့လောက် ကောင်းလား" အယ်လီနာ ဂျိတ်ကိုလှမ်းမေးလိုက်သည်။ ဂျိတ်ကတော့ ခေါင်းညိမ်ပြလိုက်သည်။ထိုဆေးသည် ကောင်းမွန်ကြောင်း ခေါင်းညိမ်ပြလိုက်သည်။ လုပ်ကြံသူငါးယောက် သူတို့အချင်းချင်းပြန်လည်ကြည့်လိုက် ကြသည်။ဂျိတ်ကိုပင် ရှင်လို့သုံးနိုင်သည်ဆိုသည်ကတော့ သူမ သည်လည်းသာမန် မဟုတ်ကြောင်းသူတို့ရိပ်မိလိုက်သည်။ထို့ ကြောင့် သူတို့ သူမထံမှတစ်ဆင့် အကူညီတောင်းနိုင်ကြောင်း ထင်လိုက်ကြသည်။ "ကျနော်တို့ကို ကူညီပေးပါ အရှင်ဂျိတ်ကတော်" သူတို့ဝိုင်းဝန်းတောင်းပန် လိုက်ကြသည်။သူမကို အရှင့်ဂျိတ် ကတော်ဟုခေါ်ခံလိုက်ရသောကြောင့် သူမနေနဲ့အနည်းငယ် ရှက်သွားသည်။ "ရှင်တို့က ဘာအကူညီများ သူ့ဆီကနေတောင်းရတာလဲ ကျမ နားထောင်ပေးပါမယ်" အယ်လီနာဆိုသည်နဲ့ လုပ်ကြံသူငါးယောက်လည်း စတင်ပြော ပြလိုက်ကြသည်။ "ဒီလိုပါ ကျနော်တို့က တောထဲမှာမစ်ရှင်တစ်ခုသွားလုပ်ကြ တာပါ ကျနော်တို့က အစကအယောက်ငါးဆယ်ရှိပါတယ် မစ် ရှင်မရှိတိုင်း ကျနော်တို့ကဒီကအရှင့်ဂျိတ်ဆီမှာ အစား သောက်ဝယ်စားလေ့ရှိပါတယ်ဗျ" ထိုအပြောကြောင့် အယ်လီနာလည်း ဂျိတ်ကိုကြည့်လိုက် သည်။ ဂျိတ်ကလည်း ဟုတ်မှန်ကြောင်း ခေါင်းညိမ်ပြသည်။ ထို့နောက် လုပ်ကြံသူတစ်ယောက်ဆက်လက်ပြောပြသည်။ "ကျနော်တို့တောထဲမှာ သွားနေတုန်း ကျနော်တို့ဆီကိုအရှိန် ဟုန်နဲ့ပြေးလာနေတဲ့ အရာဝတ္ထုကိုမြင်လိုက်ရတယ် အဲ့အရာ ကတော့ ကျနော်တို့အုပ်စုကိုဖြတ်ပြေးလိုက်တာပဲ ကျနော်တို့ ငါးယောက်တောင် ​အမြန်အော်ပြောပြီးသတိပေးရှောင်လိုက် နိုင်လို့သာ ဒီအထိရောက်အောင်အသက်ရှင်လာတာပေါ့ကျန် တဲ့ကျ နော်လူတွေကတော့ ......... ထိုလုပ်ကြံသူ ဆက်လက်ပြောဆိုနိုင်ခြင်းမရှိတော့ သူ၏မျက်စိတွင်မျက်ရည်များကျဆင်းနေသလို ဒေါသလည်း ထွက်နေလေသည်။သူသာမက သူဘေးရှိလုပ်ကြံသူလူလေး ယောက်လည်း ဝမ်းနည်းနေသလို ဒေါသလည်းထွက်နေကြ သည်။ "ကျနော်တို့ဖြစ်ချင်တာက အဲ့လိုလုပ်သွားတဲ့လူကို ကျနော်တို့ ကိုယ်တိုင်လက်စားချေချင်တယ်ဗျာ" လုပ်ကြံသူများအပြောကြောင့် အယ်လီနာစဥ်းစားရခက်သွား သည်။ ဂျိတ်ကတော့ သူတို့ပြောသည်နဲ့ ချက်ချင်းနားလည်လိုက် သည်။ သူတို့ကိုသတ်သွားသောလူကိုလည်း ချက်ချင်း သိ လိုက်သည်။သူတို့ကိုသတ်သွားသောလူသည် တခြားလူ မဟုတ်ပဲ သူထံမှ ခွေးကြောင့် ထွက်ပြေးလာသော စုန်းမအို ကြီးသာဖြစ်သည်။ စုန်းမအိုကြီးသည် ပြေးလွှားရင်း သူတို့အုပ်စုနဲ့တွေ့သွားဟန် ရှိသည်။ ထို့ကြောင့် စုန်းမအိုကြီးသည် သူ၏ဒေါသကိုတွေ့ လိုက်သောလုပ်ကြံသူအဖွဲ့အပေါ်ပုံချလိုက်ခြင်းသာဖြစ်သည်။ စုန်းမအိုကြီး၏တိုက်ကွက်ကို ရွှေအဆင့်တစ် မှလူများကမခံ နိုင်ကြချေ။ကျန်ခဲ့သော လူဆယ်ယောက်သည်လည်း အစွန် ဖျားလေးသာထိခိုက်သောကြောင့်အသက်ရှင်ကျန်ရစ်ခဲ့ရ သည်။ သို့ သော်အစွန်ဖျားလေးထိမိသော်လည်း အဆိပ်ကြောင့် ထို လုပ်ကြံသူဆယ်ယောက်မှ ငါးယောက်သည် သေဆုံးသွားကြ ရခြင်းဖြစ်သည်။ကျန်သောငါးယောက်ပင် ဂျိတ်၏ရေကို သောက်သုံးထားသောကြောင့်သာ ဂျိတ်အိမ်ရောက်သည်အထိ လျှောက်လာနိုင်ခြင်းဖြစ်သည်။ဂျိတ်အိမ်မှရေသည် စုန်းမအို ကြီး၏အဆိပ်ကိုယာယီဖိနှိပ်ထားနိုင်သောကြောင့်လည်း ဖြစ်သည်။ "မင်းတို့က မင်းတို့ပြောတဲ့အတိုင်း ဆိုရင် ပလက်တီနမ်အဆ င့်ကလူကိုမင်းတို့ရွှေအဆင့်တစ်က လက်စားချေချင်တယ် ပေါ့" ဒိီတစ်ခါဂျိတ်ဝင်ပြောလိုက်သည်။ "မင်းတို့က မင်းတို့ကိုသူ့အဆိပ်လက်သည်းနဲ့သတ်ဖြတ်သွား တဲ့ စုန်းမအိုကြီးကို သတ်ချင်တယ်ပေါ့" ထိုလုပ်ကြံသူများ အဆိပ်လက်သည်းအကြောင်း ကြားသည်နဲ့ သူတို့၏မျက်နှာများသည် ထိုစုန်းမကိုလုံးဝအမှုန့်ချေချင် သောအမူရာများဖြစ်လာကြသည်။ "ရှင် ဘယ်လိုသိတာလဲ သူတို့ကို လုပ်တဲ့သူကို" အယ်လီနာ ဂျိတ်ကိုပိုမိုအံအားသင့်ပြီးရင်းသင့်နေသည်။ ထူးဆန်းသောခွေး စက်ယန္တားပညာရှင် ပြီးတော့ တစ်ည တည်းနဲ့ပျောက်ကင်းစေသောဆေးစသည်တို့ပင်။သူမ လွန်ခဲ့သောသုံးနှစ်ကဂျိတ်နဲ့မတူညီကြောင်း သူမသိလာရ သည်။ "ကျနော်တို့သေပါစေဗျာ သူ့ကိုလက်စားချေရရင်ကျေနပ် တယ်" ငါးယောက်လုံ၏အသံကဟိန်းထွက်လာသည်။သူတို့၏အမူ ရာသည် သေခြင်းကိုကြောက်လန့်ခြင်းတစ်စက်မျှမရှိပေ။သူ တို့၏ပြတ်သားသောအမူရာကြောင့် ဂျိတ်သဘောကျကာ ဆုံးဖြတ်ချက်ချလိုက်သည်။ "ကောင်းပြီ ငါသင်ပေးမယ်"

(81)ယုံကြည်သွားကြခြင်း

"ကျေးဇူးတင်ပါတယ်" လုပ်ကြံသူငါးယောက်လည်း ဂျိတ်ကိုကျေးဇူးတင်လိုက်ကြ သည်။ "ကျေးဇူးမတင်စရာမလိုဘူးပြီးတော့ငါ့ကို ဆရာလို့မခေါ်ပါနဲ့ ဘာကြောင့်လဲဆိုတော့ ငါကအပြောပဲရှိတာ အခုလာမဲ့သူကပဲ မင်းတို့ကို သင်ပေးလိမ့်မယ်" ဂျိတ်အပြောပြီး အိမ်ဝင်းတံခါးဝမှ အသံထွက်လာလေသည်။ "သခင်ဂျိတ် ရောက်ပြီ" သြဇာအာဏာပြည့်ဝသော လူကြီးတစ်ယောက်၏အသံကြီး ထွက်ပေါ်လာလေသည်။ "မင်းတို့ငါးယောက်လုံး သူ့နဲ့သင်ရမှာဖြစ်တယ် ပြီးတော့ မင်း တို့ တော်တော်ကောင်းမွန်သက်သာနေပြီဆိုတော့ အခုပဲ သူနဲ့ လိုက်သွားလို့ရတယ်" ဂျိတ်ပြောပြီးသည် နဲ့ သူတို့လည်း ဂျိတ်ပြောသော လူကို တွေ့ ရန် ဂျိတ်နဲ့အတူအခန်းထဲမှထွက်လာကာ ခြံဝသို့ထွက်တွေ့ လိုက်ကြသည်။ သူတို့တွေ့လိုက်သည်ကတော့ အရပ်ခြောက်ပေရှိသော လူကြီး တစ်ယောက် ဖြစ်သည်။ထိုလူကြီးသည် ယောကျာ်းပီသ သော ဥပတိရုပ် ရှိကာ တောင့်တင်းသောကိုယ်ခန္ဓာကိုပိုင်ဆိုင်ထား လေသည်။ လုပ်ကြံသူငါးယောက်နေနဲ့ သူ၏ကိုယ်ခန္ဓာမှာ စစ်သည်တော် အဆင့်၏အရှိန်ဝါများကိုအာရုံခံမရဖြစ်နေသည်။အာရုံခံမရ ခြင်းမှာ အကြောင်းရင်း နှစ်မျိုးသာရှိသည်။ပထမမှာ တကယ် စစ်သည်တော်အဆင့်မရှိခြင်းဖြစ်ကာ နောက်တစ်ခါကတော့ သူတို့ထက်လုံးဝအဆင့်မြင့်မားနေသောကြောင့်ဖြစ်လေ သည်။ ထိုလူကြီးသည် လုပ်ကြံသူငါးယောက် ကတိပေးစဥ် ကတည်းက သူတို့သင်ယူရန်ဂျိတ်ဆင့်ခေါ်လိုက်သောသူ ဖြစ်သည်။ ထိုလူကြီးသည် ဂျိတ်ကိုတွေ့သည်နဲ့ အရိုသေပြုလိုက်သည်။ စနစ်မှဆင့်ခေါ်ခံရသောသူများသည် ယခင်သူတို့ဖြစ်ပျက်ခဲ့သ မှကို မှတ်မိနေမည်မဟုတ်ပဲ ဂျိတ်၏အလိုတိုင်းကို ဆောင်ရွက်ပေးမည်ဖြစ်သည်။ "ခင်ဗျား သူတို့ကိုသင်ပေးလိုက် သူတို့ပိုပြီးသန်မာထက်မြက်တဲ့ လုပ်ကြံသူဖြစ်လာတာ ကျုပ်မြင်ချင်တယ်" "သခင်ဂျိတ်ပြောရင် ကျနော်လုပ်ပေးမှာပါ" ထိုလူကြီးက ပြန်ပြောသည်။ "အရှင်ဂျိတ် သူ့ကိုယ်ခန္ဓာကနေ စစ်သည်တော်ကျင့်ကြံမှု မ တွေ့မိဘူး သူက ကျနော်တို့ထက်မြင့်တာလား. "မဟုတ်ဘူး...သူမှာ ကျင့်ကြံမှုအဆင့်မရှိဘူး" "ဘာ" လုပ်ကြံသူငါးယောက်လုံး အံအားသင့်သွားသည်။သူတို့ကို သင်ပေးမည့်လူသည် ကျင့်ကြံမှုမရှိဆိုပါလား။ထို့အချက် ကြောင့် သူတို့လက်ခံနိုင်ရန်ခက်ခဲနေကြသည်။ ထိုသို့ဖြ​စ်ကြောင်းလည်း ဂျိတ်ရိပ်မိသည်။ထို့ကြောင့် သရုပ်ပြ သစေရန် သူဆင့်ခေါ်ထားသောလူကို မျက်စပစ်ပြသည်။ထို လူသည်လည်း ဂျိတ်ဆိုလိုရင်းကို ချက်ချင်းနားလည်သည်။ "မင်းတို့က ငါကိုမယုံသက်ာဖြစ်နေတယ်ဆိုတာငါသိပါတယ် ဒါပေမဲ့ မယုံဘူးဆိုရင် လာချကြည့်ပါ ဘာလက်နက်သုံးသုံး ငါတော့မသုံးဘူး" ထိုလူကြီးသည် လုပ်ကြံသူငါးယောက်ကို ပြောဆိုစိန်ခေါ်လိုက် သည်။အပြောနဲ့ပြောပြသည်ထက် အလုပ်နဲ့သက်သေပြသည် ကို ပိုမိုထိရောက်သောကြောင့်ဖြစ်သည်။ ပိစ် ဆိုသောလုပ်ကြံသူတစ်ယောက်ကတော့ ချက်ချင်းဆို သလို ထိုလူကြီးထံသို့ခုန်ဝင်ပစ်သည်။ခုန်ဝင်ရာ၌သူ၏အလစ် တိုက်ကွက်ကိုပါ တစ်ခါတည်းအသုံးပြုလိုက်သည်။ သူ၏အလစ်တိုက်ကွက်သည် သူ၏လက်ထဲဝင်ဖွက်ထားသော ဓားမြောင်ကို ရန်သူ့အနီးရောက်မှလစ်ခနဲ ထုတ်ကာ သတ်ဖြတ်ခြင်းအကွက်ပင်ဖြစ်သည်။ "ဟ ငဝိလေးပဲ" ထိုလူကြီးတစ်ချက်သာ ပြောကာ ခုန်ဝင်လာသော ပိစ်၏ရင်ဝ ကို သူ၏ခြေထောက်ဖြင့် ကြိုတင်ကန်လိုက်သည်။လေထဲမှ ကျဆင်းလာသော ပိစ်သည် ကိုင်တွယ်စရာမလိုပြောင်းလဲနိုင် ခြင်းမရှိရာ ခြေထောက်စာကို ကောင်းကောင်းကြီးခံစားလိုက် လေသည်။ "အင့်" တစ်ခါတည်း ပိစ် မြေကြီးပေါ်သို့ ကား ခနဲ ကျသွား တော့သည်။ "မင်းတို့က ကျင့်ကြံမှူဆိုတာကြီးကို ဇွတ်အထင်ကြီးနေတာ ကိုး သူကမင်းတို့လို ကျင့်ကြံမှုတော့ မရှိဘူး ဒါပေမဲ့လို့ သူ လုပ်ကြံသူအတွေ့ကြုံကနှစ်နှစ်ရာရှိခဲ့ပြီ မင်းတို့ကဒီတိုင်းဆိုနိုင် မယ်ထင်မနေနဲ့" "ကျုပ်တော့ မယုံဘူး " နောက်ထပ်သောလုပ်ကြံသူသည် ထိုလူကြီးထံ ပြေးဝင်လိုက် ပြန်သည်။သူတို့၏စိတ်ထဲ၌ ဂျိတ်သည် လုံးဝသန်မာသော လူဖြစ်ကာ ဂျိတ်ခေါ်လာသောလူကိုတော့ သူတို့ယုံကြည်နိုင် ခြင်းမရှိပေ။ထို့ကြောင့် သူတို့ဆရာဖြစ်လာမည်ဆိုသော လူကြီးကို အနိုင်ပိုင်းရန် ကြံရွယ်လိုက်သည်။အနိုင်ပိုင်းရန် လည်း သူ၏ကျင့်ကြံမှုအဆင့်အစွမ်းကိုပါအသုံးပြုလိုက် သည်။ "လေဆင်နှာမောင်းဓားကွက်" ထိုသို့ပြောလိုက်သည်နဲ့ သူ၏လက်နှစ်ဖက်တွင်ကိုင်ထားသော ဓားကို တစ်ကိုယ်လုံးနဲ့အတူလှည်ပတ်လိုက်သည်။ လှည်ပတ် မှုမြန်ဆန်လာလေ သူကိုယ်တိုင်ပင် လေဆင်နှာ​မောင်း အဖြစ် သို့ ပြောင်းလဲသွားလေဖြစ်သည်။ ထိုလုပ်ကြံသူ၏ငွေအဆင့်တွင်ရလာသော အစွမ်းသည် အရှိန် ဟုန်ဖြစ်သည်။ထိုအစွမ်းသည်တိုက်ခိုက်မှုလုပ်တိုင်း နှစ်ဆမျှ သောအစွမ်းတိုးမှုဖြစ်ပေါ်စေနိုင်သည်။ထိုအစွမ်းကို ရွှေအဆ င့်တွင်ရနိုင်သော လက်နက်များမှတစ်ဆင့် ချာကရာထုတ် လွတ်ခြင်းနဲ့ ပေါင်းစပ်ကာ ယခုသူသုံးနေသော အကွက်ကို ဖန်တီးလိုက်ခြင်းဖြစ်သည်။ ထိုသို့ပေါင်းစပ်အသုံးပြုသောလေဆင်နှာမောင်းတိုက်ကွက်မှာ လေ ဓားချာကရာများသည် ထိုလူကြီး၏နေရာသို့ တိုက်ခိုက်သည်။လေဆင်နှာမောင်းဖြစ်ပေါ်မှုမှ လေစွမ်းအင် ဓားမှချာကရာထုတ်မှုနှစ်ခုပေါင်းစပ်သုံးခြင်းမျိုးဖြစ်သည်။ ထိုတိုက်ခိုက်မှုကို ထိုလူကြီးသည် ရှောင်တိမ်းသည်။သူသည် လေပွေဖြစ်နေသောသူကို တိုက်ခိုက်ခြင်းမရှိ အခြေနေစောင့် ကြည့်ကာ ရှောင်တိမ်းခြင်းသာပြု၏။ ကျန်သောလုပ်ကြံသူလေးယောက်သည် သူတို့၏အဖော် တိုက်ခိုက်သောအကွက်ကိုကြည့်ကာ အံအားသင့်မင်သက်နေကြ သည်။သူတို့သာထိုအကွက်ကို ခုခံနိုင်ရန် မလွယ်ကြောင်း သူ တို့သိကြလေသည်။ထိုသို့ပေါင်းစပ်တိုက်ခိုက်မှုက မူလ တိုက်ခိုက်အားထက် နှစ်ဆမျှတိုးမြင့်သွားသောကြောင့် ဖြစ်သည်။ "ဟိုလူကြီး ရှုံးပြီကွ " "အေ ဟုတ်တယ်" ဒီတစ်ခါတော့ ထိုလူကြီး ရှုံးပြီဟုအပိုင်တွက်လိုက်ကြသည်။ သူတို့ပျော်ရွှင်နေချိန်တွင် ထိုလူကြီး၏ရှောင်တိမ်းရင်း ပြောဆိုသောမှတ်ချက်စကားကြောင့် သူတို့မျက်နှာပျက်သွား ကြရသည်။ "သူသုံးတဲ့ လေပွေအကွက်ကလှတယ် မဆိုးပါဘူး ဒါပေမဲ့ အဲ့ လိုလေပွေလုပ်ရလို့ သူကမလိုအပ်ပဲ အစွမ်းတွေသုံးလွန်းနေ တယ် ပြီးတော့ ဓားနဲ့လေပေါင်းစပ်ပြီး တိုက်ခိုက်တာကလဲ မ ဟန်နေဘူး လေဓားချာကရာတွေကလည်း ပစ်မှတ်ကို တိတိကျကျမှန်မနေဘူး ရှင်းရှင်းပြောရရင် သူကလိုတာထပ်ပိုသုံးနေတာပဲ ဒါကြောင့် ပြောရရင် မင်းက အကာ သာရှိပြီးအဆံမရှိတဲ့ကောင်ပဲ" လူကြီးပြောသံကြားမှ သူတို့လည်း ပြန်လည်သတိထားကာ သုံးသပ်လိုက်ကြသည်။ထိုအခါ သူတို့အဖော်လုပ်နေသော အရာများသည် ထိုလူကြီးသုံးသပ်ချက်များနဲ့ 100%မှန်ကန် နေသည်။ "မင်းတော့မသိဘူး ငါတော့မင်းလေပွေလုပ်တာကြည့်ပြီး ခေါင်းမူးလာပြီဒါကြောင့် ငါအဆုံးသတ်ပေးရမယ်" ထိုလူကြီးသည် အမြင့်သို့ခုန်လိုက်သည်။အမြင့်ရောက် သောအခါ သူသည် ကျောက်စရစ်ခဲတစ်လုံးကို မြောက်ကာ ကန်ချလိုက်သည်။ "ဖြောင်း" သူကန်လိုက်သောကျောက်စရစ်ခဲသည် လေပွေလုပ်နေသော သူထံတည့်မှန်စွာသွားသည်။ တိကျကန်ချက်က လေပွေလုပ် နေသောအလယ်ဗဟိုတည့်တည့်သို့ကျောက်စရစ်ခဲက သွား ခြင်းပင်ဖြစ်သည်။အလယ်ဗဟိုသည် လေပွေ၏မျက်စိဖြစ် ကာ အားနည်းဆုံးသောနေရာလည်းဖြစ်သည်။ "ခွပ် အင့်" ကျောက်စရစ်ခဲသည် ပစ်မှတ်ကိုထိမှန်သည်နဲ့ အသံထွက် ပေါ်လာသည်။ထိုအသံနဲ့ လေပွေလုက်နေသော လေဆင်နှာမောင်းတိုက်ကွက်သုံးသော လူသည် မြေပြင်ပေါ် သို့လဲကျသွားသည်။လဲကျသွားသောသူ၏ခေါင်းတွင်လည်း ကျောက်စရစ်ထိမှန်ထားသောအရာပေါ်နေသည်။ "ကျင့်ကြံမှုက အရေးကြီးတယ်လို့ထင်နေသေးလား" "မထင်တော့ပါဘူး ယုံကြည်သွားပါပြီဗျ" ဒီတစ်ခါတော့ ဂျိတ်ပြောသောစကားကိုယုံကြည်လိုက်ကြ သလို ပြန်လည်တောင်းပန်လိုက်ကြသည်။ကျောက်စရစ်ခဲ မှန်၍ မေ့သွားသောတစ်ယောက်ကလွှဲ၍ ကျန်သောသူများက ထိုလူကြီးကို တောင်းပန်လိုက်ကြသည်။ ယခုအခါ၌ သူတို့ကို ထိုလူကြီးသင်ပေးပါက လက်စားချေနိုင် မည်ဟု လုံးဝသေချာစွာယုံကြည်ထားကြပြီဖြစ်သည်။

All Chapters