← Chapters

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

(88+89)

ပုန်းအောင်းနေသော လုပ်ကြံသူငါးယောက်လည်း အလွန်အမင်းအံသြထိတ်လန့်သွားကြသည်။ဒီလိုမြင်ကွင်းမျိုး ကို သူတို့နေဖြင့် တစ်ခါမှ လုံးဝမမြင်ဖူးသောကြောင့်ပင်။ အစွမ်းထက်လှပါသည်ဆိုသော လူရာချီလူအုပ်လိုက်ကြီးက ဇို က်၏ဝှေ့ယမ်းချက်တစ်ချက်ကြောင့်အကုန်မသာ ပေါ်ကုန် သွားကြလေသည်။ ယခုလည်းသူတို့ငါးယောက်မြင်နေရသောမြင်ကွင်းက တိုက်ခိုက်သောစစ်ပွဲ၌မြင်တွေ့ရနိုင်သော မြင်ကွင်းမျိုး ဖြစ်သည်။စစ်ပွဲပြင်၌တော့ လူအလောင်းများကိုမြင်နိုင်ရ သေးသည်။ယခုမြင်ကွင်းက ဖိအားကြောင့် အကောင်းတိုင်း ကျန်ရှိနေသောအလောင်းဟူ၍ပင်မရှိပေ။အမှုန့်နီးနီးဖြစ်နေ သော အလောင်းအသားစများနဲ့ သွေးရောင်များလွှမ်းခြယ် ထားသောအရာများကိုမြင်ရသည်။ "ပုန်းနေတဲ့ငါးယောက်ထွက်လာလိုက်နော် ငါဆက်မပြောချင် ဘူး" ဇိုက်၏အသံကြောင့် ပုန်းအောင်းနေသောပိစ်တို့လည်း ဇိုက် အသံကြောင့် မနေဝံ့တော့ပဲပုန်းအောင်းရာမှထွက်လာခဲ့ကြ လိုက်သည်။ "မင်းတို့ကိုတော့ ငါမသတ်တော့ဘူး ပူမနေနဲ့ မင်းတို့လုပ်ရမှာ က ဒီကရေအိုးကို ပြန်ယူသယ်ပေးဖို့ပဲ" ဇိုက်က ရေအိုးထံလက်ညိုးထိုးကာ စေခိုင်းလိုက်သည်။ထို ခိုင်းစေမှုကို လည်း ပိစ်တို့ငါးယောက်လည်း ချက်ချင်းပင် ခေါင်းညိမ်ပြလိုက်သည်။သူတို့သည် ယခုအချိန်၌ ဇိုက်ကို အလွန်အမင်းကြောက်လန့်တုန်လှုပ်နေကြသည်။ ယခင်က ရွှေအဆင့်ဆိုပါက ဂရိတ်နိုင်ငံ၌ထင်ရှားသောလူ တစ်ယောက်ဖြစ်နိုင်သလို အင်အားကြီးသောအစွမ်းထက် သော လူတစ်ယောက်လည်းဖြစ်နိုင်သည်။ ကျန်သောလူများကိုစောက်ဂရုစိုက်စရာမလိုပဲ ထင်တိုင်းကြဲ နိုင်ပြီလည်းဖြစ်သည်။ သို့သော် ယခုချိန်၌ထိုအဆင့်သို့ရောက်သော်ငြားလည်းပဲ သူ တို့နေဖြင့် ကြောက်လန့်တုန်လှုပ်နေရသေးသည်။ရွှေအဆင့် သည် ယခုချိန်၌ အစေခံသာသာအဆင့်မျှသာ ဖြစ်နေပြီ ဖြစ်သည်။ ဇိုက်၏အစွမ်းကိုလည်းသူတို့နေဖြင့် မခန့်မှန်းနိုင်ပေ။လူအုပ် လိုက်ကြီးကို လက်တစ်ဖက်တည်းဖြင့်ဝှေ့ယမ်းလိုက်ရုံဖြင့် အ​ သေ သတ်နိုင်သူသည် နတ်ဘုရားတို့၏အဆင့်ထိပင်ရှိနေ နိုင်သည်ဟုလက်ခံယုံကြည်ရသည်။ ပိစ်တို့ငါးယောက်ကတော့ သွေးရောင်များလွှမ်းခြယ်နေသော ကြားတွင်ကျန်ခဲ့သော ရေအိုးကို မယူလိုက်ကြသည်။ ထို့နောက် ဇိုက်ရှေ့မှ ယဥ်ကျေးစွာပင် အသာယာယူဆောင် ကာ မှသွားလိုက်ကြသည်။ထိုအခါ ဇိုက်တစ်ယောက်တည်း သာ ကျန်တော့သည်။ "ဟားဟား....ဟား..." "ဇိုက်ဆိုတဲ့ကောင်လေးက တကယ်နုံအနေတာပဲ ငါပြောတာ ကို အတည်ကြီးယုံတာပဲ" ဇိုက်ကိုယ့်ကို ကြည့်ကာ မြည်တမ်းလိုက်သည်။ဖျက်စီးခြင်း မျောက်ကြီးအနေဖြင့် သူဝင်ရောက်ထားသောဇိုက် ကိုယ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ "အခု ကငါ လွတ်လွတ်လပ်လပ်သွားတော့မယ်ငါ့ကိုမတားနိုင် တော့ဘူး" ဇိုက် တစ်ချက်ခုန်ကာ အဝေးသို့ရောက်သွားစေရန်ကြံရွယ် လိုက်သည်။ကြံရွယ်လိုက်သည်နဲ့ဇိုက်ကိုယ်ကို သူထိန်းချုပ် ထားကလုံးဝ လွတ်သွားကြောင်းသိလိုက်ရသည်။ "ငလူးမ ဂျိတ် " အသံကြီးနဲ့မြည်တမ်းအော်လိုက်သည်။ဇိုက်၏ကိုယ်မှ အဆောင်၏အကာကွယ်ကအသက်ဝင်လာလေသည်။ ထို့နောက် အဆောင်မှရှုပ်ထွေးနက်နဲသော အင်းကွက် စာ ကွက်များကဇိုက်ကိုယ်အနှံပေါ်ပေါက်လာသည်။ထိုသို့ ပေါ်ပေါက်လာသည်နဲ့ မဟာဖျက်စီးခြင်းမျောက်ကြီးအနေဖြင့် ဇိုက်ကိုယ်ခန္ဓာကိုထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။အဆောင်က မူလပိုင်ရှင်ကို ကိုယ်ခန္ဓာပြန်လည်လွှဲအပ်လိုက်ပြီး မဟာဖျက် စီးခြင်းမျောက်ကြီးကိုတော့ ကိုယ်တွင်း၌တဖန် ပြန်လည်ချိတ် ပိတ်ပေးလိုက်သည်။ သူခုန်ပြီးထွက်ပြေးရန် ကြံရွယ်လိုက်ကတည်းက ဂျိတ်ယခင် ကထည့်ပေးခဲ့သော အဆောင်ကစတင်အသက်ဝင်လာခြင်း ဖြစ်သည်။အဆောင်သည် လူနှစ်ယောက်၏အမိန့်ကိုသာ နာခံသည်။ပထမကတော့ ဂျိတ်၏အမိန့်ဖြစ်ကာ ဒုတိယ ကတော့ အဆောင်ထည့်သွင်းခြင်းခံရသော ဇိုက်ဖြစ်သည်။ ထိုသူတို့၏တောင်းဆိုခြင်းကို မဟာမျောက်ကြီးမှ ချိုးဖျက် ရန်ကြံရွယ်သည်နဲ့ ချက်ချင်းအဆောင်ကအသက်ဝင်လာကာ တုန့်ပြန်တားဆီးမည်ဖြစ်သည်။ "ဘုတ်" မြေပြင်ပေါ်သို့ဇိုက်လဲကျသွားသည်။ယခုချိန်၌ဇိုက်သည် အပြစ်ကင်းစင်သောကလေးတစ်ယောက်သဖွယ် အိပ်မောကျ နေသည်။သူရရှိထားသောဒဏ်ရာများလည်း ပြန်လည် သက်သာနေသည်။ဒါကလည်း အဆောင်အစွမ်းပင် ဖြစ်သည်။ဒဏ်ရာရနေသည်ကို အဆောင်မှမကုနိုင်လျှင် ထို ဒဏ်ရာကို အခွင့်ကောင်းယူကာ မဟာဖျက်စီးခြင်းမျောက် ကြီးက ထိန်းချုပ်မှုမှလွတ်ထွက်သွားမည်ဖြစ်သည်။ "ဟ ဟိုကောင်လေး မေ့မြောသွားပြီ မင်းထမ်းလာခဲ့" ရေအိုးယူပြီး သူတို့ငါးယောက်မှတော်တော်ဝေးဝေးသို့ မ ရောက်သေးရာ ဇိုက်အသံနက်ကြီးနဲ့အော်ဟစ်ပြီးမေ့မြော သွားသောမြင်ကွင်းကိုသူတို့မြင်လိုက်ကြရသည်။ထို့ကြောင့် ကျန်ရေအိုးမသယ်ရသော နှစ်ယောက်က ဇိုက်ကို ထမ်းလာ လိုက်ကြသည်။ သူတို့ငါးယောက်သည် ဇိုက်နဲ့ရေအိုးကိုထမ်းလာရင်း တွေ့လာ သောမြင်ကွင်းကို ယခုချိန်ထိ သူတို့မျက်စိများထဲမှ ဖျောက်ဖျက်နိုင်ခြင်းမရှိသေးပေ။သူတို့ထမ်းလာသောကောင် လေးက လူသတ်ခဲ့ခြင်းဖြစ်သည်ကိူပြန်စဥ်းစားမိတိုင်း ကြောက်ရွံတုန်လှုပ်လာရပြန်သည်။သူတို့ထမ်းလာသော ကောင်လေးကအကြမ်းတမ်းကောင်ဟုပြောလျှင်ပင် ဘယ်သူ မှယုံကြည်ကြမည်မဟုတ်ပေ။အိပ်နေသောသူ၏မျက်နှာသည် အပြစ်ကင်းစင်သောလူတစ်ယောက်သဖွယ်ပင်ဖြစ်သော ကြောင့် ဖြစ်၏။ "အရှင့်ဂျိတ်ရေ ပြန်ရောက်ပါပြီဗျ" "အေး ရောက်ရင်ရေအိုးကို ထားနေကြနေရာမှာပဲ ထားသွား လိုက် ဇိုက်ကိုတော့ သစ်ပင်အောက်မှ ထားခဲ့လိုက်ပါ မင်းတို့ ပင်ပန်းနေတယ်ဆိုရင်လဲ ရေအိုးထဲကရေကြိုက်သလောက် သောက်သွား" ဂျိတ်အသံကထွက်ပေါ်လာသည်။ဂျိတ်အပြောကြောင့်လုပ်ကြံ သူပိစ်တို့ငါးယောက်လည်း အံသြတုန်လှုပ်သွားကြသည်။ဘ လက်အဖွဲ့ကြီးက သဲ ကြီးမဲကြီးလိုက်ရှာနေသောရေအိုးကို ပုံ မှန်နေရာတွင်သာထားခိုင်းခြင်းကို သူတို့လည်းနားမလည်နိုင် အောင်ဖြစ်သည်။ ("ဒါက ဆရာကြီးတွေရဲ့အပြုမှုလား") လုပ်ကြံသူငါးယောက်လည်း ဂျိတ်၏အမူကျင့်တွေကို မှတ်သားထားလိုက်ကြသည်။ဒါမှသာနောက်တစ်ချိန်တွင် သူ တို့ဂျိတ်အားကျေနပ်စေနိုင်မည်ဖြစ်သည်။ ယခုတော့ ဂျိတ်ပြောဆိုသည့်အတိုင်း ရေအိုး ထားနေကြ နေရာတွင် ထားလိုက်သည်။ဇိုက်ကိုလည်း သစ်ပင်အောက် တွင်ထားလိုက်ကြသည်။ ("ရေကြိုက်သလောက်သောက်သွား") ထိုစကားကသူတို့ငါးယောက်လုံး၏နားတွင်ပြန်လည်ကြား ယောင်လာသည်။ဒီလိုစကားကြောင့် သူတို့ငါးယောက်လုံး ရေအိုးကိုကြည့်ကာ ဆုံးဖြတ်ချက်ချလိုက်ကြသည်။ "ဂလု....ဂလု....ဂလု." ငါးယောက်လုံးရေကိုသူတို့၏ဗိုက်ဖောင်းကားသွားအောင် သောက်လိုက်ကြသည်။ထိုအခါမှသူတို့ငါးယောက်လုံး ရေအိုး၏အစွမ်းကို သိရှိလာကြသည်။ရေအိုးသည် အသက် ကိုသာရှည်စေယုံမက ပင်ပန်းမူကိုလည်း ဖြေဖျောက် ပေးသည်။ထို့ပြင်သူတို့ငါးယောက်လုံးသောက်တာတောင်မှ မကုန်ခမ်းခြင်းပင်။ "ကျေးဇူးပါ ကျနော်တို့သွားလိုက်ပါဦးမယ်" ငါးယောက်လုံး ဖောင်းကားနေသောဗိုက်ကိုယ်စီဖြင့် နှုတ်ဆက်ပြန်သွားကြသည်။သူတို့နေဖြင့် ပြန်ရောက်ပါက သူ တို့သောက်ထားသောရေများကို ကိုယ်ခန္ဓာအတွက် အကျိုးဝင် အောင်လုပ်ဆောင်ကြရမည်ဖြစ်သည်။ဒါမှသာ သူတို့သောက် လိုက်ထားသောရေ၏အာနိသင်ကိုအကျိုးရှိရှိအသုံးချနိုင်မည် ဖြစ်သည်။ဘလက်အဖွဲ့ကြီးကလိုလိုလားလားရှိနေသော ရေ ကိုသူတို့နေဖြင့် အဝသောက်ခဲ့ရ၍အလွန်ပင်ကျေနပ်ပီတိဖြစ် မိလေသည်။ .......................................... "ငလူးမသားတွေ" ကျယ်လောင်သောအသံကြီးကဟိန်းထွက်လာလေသည်။ထို အခန်းထဲတွင် သူ၏အော်သံကြောင့် အခန်းတွင်းရှိ မာကျော လှသည်ဆိုပါသော ကျောက်သားနံရံများပင် အက်ကွဲ ကုန်သည်။ထိုနေရာကြီးသည် ဘလက်အဖွဲ့စည်း ကြီး၏ခေါင်းဆောင်များသာ ဝင်ရောက်ဆွေးနွေးနိုင်သော ခန်းမကြီးလည်းဖြစ်သည်။ ယခုလည်း ခေါင်းဆောင်ကြီးမှအလွန်အမင်းဒေါသထွက်နေ လေသည်။ထို့ကြောင့် ကျန်သောလက်အောက်ခံဆယ်ယောက် ကလည်း တိတ်ဆိတ်ညိမ်သက်လျက်ရှိလေသည်။ "ဒါဘယ်လိုဖြစ်တာလဲ" ခေါင်းဆောင်ကြိီးအလွန်အမင်းဒေါသထွက်နေသည်။သူယူ ခိုင်းသောအရာမပါသည့်အပြင် သူ၏အဖွဲ့သားလူများကပါ သေကုန်ကြသောကြောင့်ဖြစ်သည်။ "သတင်းအတိအကျသိပါပြီ " အခန်းထဲသို့လူတစ်ယောက်ပြေးဝင်လာသည်။ထိုလူသည် အလွန်အမင်းပြေးလွှားရလာဟန်တူသည်။ သူ၏လက်တွင်လည်း စာပါသောစူးငှက်တစ်ကောင်ပါရှိ သည်။ စူးငှက်များသည် သာမန်ကျီးကန်းတစ်ရောင်အရွယ်ရှိသည်။ လူများ၏သင်ယူမှုလည်းလွယ်ကူစွာတတ်မြောက်သည့်အပြင် သွားလာလှုပ်ရှားရာလည်းမြန်ဆန်သည်။ထို့ကြောင့်စူးငှက်ကို စာပို့ရာ၌အသုံးပြုကြလေသည်။ "ဘာသတင်းလဲ ပြောပြစမ်း" "ဒီလိုပါ သခင်ကြီးပြောတဲ့ရေတွေ့ပါပြီ တည်နေရာကဂရိတ်နိ င်ငံ ဒီယေဂိုမြို့ပါ" ထိုအခါမှခေါင်းဆောင်ကြီးသည်အလွန်စိတ်ချမ်းသာဟန် ပေါ်လာလေသည်။ထိုအခါမှကျန်သောဆယ်ယောက်လည်း သက်ပြင်းများချနိုင်လေသည်။ ခေါင်းဆောင်ကြီးသည်သူအလိုရှိသောရေတည်နေရာ ကြား၍အနည်းငယ်စိတ်ချမ်းသာ သွားသည်။ "ဒါဆိုသလင်းပြားတွေကွဲကြေကုန်တာကြကော" "သခင်ကြီးအဲ့တာလည်း အဲ့ရေနဲ့ဆိုင်နေပါတယ် အဲ့ရေကိုရ လာပြီဆိုတဲ့လူတွေရဲ့သတင်းရအပြီးမှာ သူတို့ရဲ့အသက် သလင်းပြားတွေအကုန်ကွဲကြေ ကုန်တာပါပဲ" ခေါင်းဆောင်ကြီး၏မျက်နှာတည်ကြည်သွားသည်။ထို့နောက် ဆက်ပြောသည်။ "ဘာလို့သူတို့သေကုန်တာလဲ" ပြောရမည်ဆိုလျှင် ဂရိတ်နိုင်ငံသည်နိုင်ငံသေးလေးတစ်ခုသာ ဖြစ်သည်။သူတို့၏အဖွဲ့စည်းကြီးကိုယှဥ်နိုင်သောသူမရှိပေ။ ဤသည်ကို သူ၏အဖွဲ့သားများသေကြရသနည်းဟု မေးခွန်းထုတ်သည်။ "ဒိီလိုပါ သူတို့ကလမ်းမှာ လေ့လွင့်လျှောက်သွားသူနဲ့တွေ့ တယ်လို့ဆိုပါတယ် အဲ့လူကြောင့်သူတို့သေကုန်ကြတာလို့လဲ သိထားရပါတယ်....ပြီး....ပြီးတော့...." "ဆက်ပြောလေဘာဖြစ်နေတာလဲ" ခေါင်းဆောင်ကြီး၏အမေးကြောင့် သတင်းရလာသူ အနည်းငယ်အသက်ရှုလိုက်သည်။ပြီးမှဆက်ပြောသည်။ "အဲ့လေ လွင့်သူက တစ်ချက်ယမ်းလိုက်တာအကုန်သေတယ် လို့ဆိုပါတယ်" "ဟ" ဒီတစ်ခါတော့ခေါင်းဆောင်ကြီးပါ ရှိန်သွားသည်။လူရာကျော် ကိုလက်တစ်ချက်ဝှေ့ယမ်းရုံဖြင့်အသေ သတ်လိုက်သည်ဆိုပါ လား။သူ၏အဆင့်ကမည်မျှအထိရောက်နေမည်နည်းမခန့် မှန်းနိုင်။ ခေါင်းဆောင်ကြီးအနေဖြင့် လူထူးဆန်းများသည် နေရာအနှံ သို့သွားလာနေတတ်ကြောင်းကြားဖူးပြီးဖြစ်သည်။ဤသည်မှာ အစွမ်းထက်သောလူထူးများ၏ထူးဆန်းသောအမူကျင့်ဟု လည်း ကြားမိသည်။ထိုလူများသည် ပုံစံအမျိုးမျိုးဖြင့် သွားလာလှုပ်ရှားတတ်ကြသည်။သူတောင်းစားလိုလို အိမ်ခြေ ရာမဲ့လိုလိုစသည်ဖြင့် သွားလာတတ်ကြသည်။ ထိုကဲ့သို့ လူထူးဆန်းနဲ့မိမိတို့၏အဖွဲ့သားများပြသနာတတ်ကြ ရာ လူထူးဆန်းလေ လွင့်သူကအပြစ်ပေးသွားကြောင်းဖြစ် မည်ဟုခေါင်းဆောင်ကြီးလက်ခံလိုက်သည်။ "ဒါဆိုရင် နောက်ထပ်အမိန့်ချမယ် အဲ့လိုလူထူးဆန်းတွေတွေ့ ရင် အဝေးကရှောင်ပါလို့ပြီးတော့အသက်ရေစင်ကိုလာ အောင်ယူလာပါ" ခေါင်းဆောင်ကြီးသည်ပြောစရာရှိသည်ကိုဆက်ပြောကြား ကာအစည်းဝေးကိုရုပ်သိမ်းလိုက်သည်။ "စုန်းမအိုကြီး မင်းနေခဲ့" ထိုစကားကြောင့် စုန်းမအိုကြီးမှလွှဲ၍အကုန်လုံးအခန်းထဲမှ ထွက်ခွာသွားကြသည်။ "ခေါင်းဆောင်သခင်ဘာများခိုင်းမလို့ပါလဲ" ခေါင်းဆောင်ကြီးသည် စုန်းမအိုကြီးအားအထုပ်တစ်ထုပ် ပေးသည်။ "ဒါက သားရဲမေ့မြောဆေးပဲအဲ့ဒါနဲ့ မင်းကို တိုက်ခိုက်တယ်ဆို တဲ့အကောင်ကိုအရှင်ဖမ်းလာခဲ့ပြီးတော့ အယ်လီနာကိုပြန်ခေါ် လာပါနောက်တစ်ခုက အဆင့်တိုးဆေးလုံးပဲအဲ့ဒါကမင်း တာဝန်ပြီးစေအောင်ကူညီတာပြီးတော့မင်းကအသက်ရေစင် ကိုပြောကြားပေးလို့ပဲအစောကပြောသလိုမင်းလုပ်ရမဲ့ တာဝန်ကျေပါစေ ဒါဆိုမင်းအပြစ်ကျေအေးပေးမယ်" "ကျေးဇူးတင်ပါတယ် လုပ်ဆောင်ပမယ် ခေါင်းဆောင်" စုန်းမအိုကြီးလည်း ခေါင်းဆောင်ပေးသောတာဝန်ကိုယူကာ ပြုံးရွှင်စွာထွက်လာခဲ့သည်။ ("ခွေးစုတ် အယ်လီနာမင်းတို့ပြေးမလွတ်တော့ပါဘူးကွာ")

(90)

ညသန်းခေါင်ယံအချိန်တွင် ညမင်းကြီးကား တောက်ပ နေသည်။သူ၏အလင်းရောင်ကို ဖြန့်ကျက်ထားသည်။ ဒီယေဂိုမြို့အပြင်ဘက်ရှိအိမ်လေးတစ်အိမ်၌..... အယ်လီနာဟူသောမိန်းမချောလေးသည် ဂျိတ်၏ရင်ခွင်ထဲမှီ ကာ နေလေသည်။ထို့နောက်သူမ သိလိုသောအကြောင်းအရာ များကို မေးမြန်း၏။ဂျိတ်ကလည်း သူမမေးသမျှကို ပြန်လည်ဖြေကြားပေး၏။ ထိုသို့သောအခိုက်တန့်ကို အယ်လီနာပျော်ရွှင်မိသည်။မြတ်နိုး မိသည်။သူမဘဝ၌ဒီလို လွတ်လွတ်လပ်လပ်နေထိုင်ရသော အချိန် ဟူ၍ မရှိခဲ့ပေ။ယခုမှသာ ပြန်လည်ရရှိခြင်းဖြစ်သည်။ ဒီလိုလွတ်လပ်နေသောအချိန်၌သူမသည် သူမချစ်ချင်ရသော ဂျိတ်နဲ့နေထိုင်ရသောကြောင့် သူမအနေနဲ့အတိုင်းမသိပျော် ရွှင်မိသည်။သူမချစ်ရသော ချစ်သူနဲ့ ​သူမ၏သမီးလေးနဲ့အတူ နေရသော အချိန်သည် လုံးဝအဖိုးမဖြတ်နိုင်ဟု သူမနေဖြင့် ခံယူသုံးသပ်ထားသည်။ သူမယခင်တုန်းက ငယ်စဥ်ကတည်းမှစ၍ တင်းကြပ်သော စည်းကမ်းများ၏အောက်တွင် နာခံနေထိုင်ခဲ့ရသည်။လိုချင် တာမရ သေချာကြပ်မတ်ထိန်းချုပ်ခြင်းကိုခံရသော အရုပ် ပမာဖြစ်သည်။ထိုဘဝကို စိတ်ကုန်ကာ ခြေဦးတည့်ရာ လျှောက်ပြေးရင် ဂျိတ်နဲ့တွေ့ကာ ချစ်ကြိုက်မိခဲ့ခြင်းလည်း ဖြစ်သည်။ "ရှင် မသိတာကော ရှိသေးလား" အယ်လီနာ ဆက်မေးမြန်းသည်။ဂျိတ်ကတော့ သူ၏ဝသီ အတိုင်း မရှိသည်ကိုမရှိဟုမပြောပဲ အမူရာဖြင့် လုပ်ပြလေ သည်။ထိုသည်က အယ်လီနာအပေါ်ပိုပြီး စိတ်ဝင်စားမှုတိုး စေသည်။သူမ ဘာမေးမေးပြန်လည်ဖြေကြားနေသောကြော င့် ဂျိတ်အဖြေကို သူမအနေနဲ့ ယုံရခက်မယုံရခက်နေသည်။ သူမ မေးသောမေးခွန်းမှန်သမျှ ကိုလည်း ဂျိတ်မှမသိတာမရှိ သောကြောင့် ဂျိတ်ပါးစပ်မှ "ကိုယ်ဒါတော့မသိဘူးရယ်" စကားကို ကြားရဖို့ဝေးနေပြီဖြစ်သည်။ ချစ်သူနှစ်ယောက်ထိုသို့ကြည်နူး၍ရအောင်လည်း အယ်မလီ လေးကိုအရင်ဆုံး ကြိုတင်အိပ်စက်စေခိုင်းထားသောကြောင့် ဖြစ်သည်။ ယခင်ချစ်သူဘဝက နှစ်ယောက်တစ်ကမ္ဘာဆို သော်လည်း ယခုအခါ၌ တစ်ယောက်ထပ်တိုးလာပြီဖြစ်ရာ ပြန်လည်ပြုပြင်ဆင်ခြင်ကာနေထိုင်ရသည်။ ဂျိတ်တို့နှစ်ဦးက ချစ်ကြည်နူးစွာ သာသာယာယာနေကြရသည့် ရက်များက ဆက်လက်ပြီးရှည်လျားနေပေဦးမည်ဖြစ်သည်။ ထိုအချိန်တစ်ဆက်တည်းမှာပင်... ကြီးမားကျယ်ပြန့်သော ကွင်းပြင်ကြီးတစ်ခု... ထိုကွင်းပြင်ကျယ်ကြီးသည် လွန်စွာကြီးမားသောကြောင့် လူမျိုးနွယ်စုလေးတစ်ခုနေထိုင်ကြသည်။ထိုလူမျိုးစု များ၏လူဦးရေသည် တစ်ထောင်ဝန်းကျင်ခန့်၌ရှိလေသည်။ သူတို့သည် သစ်ပင်မှရရသောအကိုင်းခက်များဖြင့် မိမိတို့ နေထိုင်ရာအိမ်အဖြစ်ရက်လုပ်ဆောက်ကာ နေထိုင်တတ်ကြ သည်။အိမ်များကိုလည်း သုံးရာနီးပါးမျှရှိသည်ဟု မြင်တွေ့ရ နိုင်သည်။ သို့သော် ယခု ညသန်းခေါင်ယံအချိန်တွင်တော့ မမျှော်လင့် သော ဖြစ်ရပ်များကဖြစ်ပျက်လာသည်။ကောင်းမွန်သော ညချမ်းလေးသည်ရုတ်တရက်ပျက်စီးသွားသလို လူ များ၏အော်သံများက ဆူညံသွားသည်။ သာယာလှပသောကွင်းပြင်ကျယ်ကြီးကလည်း မီးပင်လယ် တစ်ခုဖြစ်နေကာ လူမျိုးစုများ၏အိမ်စုများကလည်း ယခု ချိန်၌ပြာကျနေပြီဖြစ်သည်။မီးများလောင်ကျွမ်းခြင်းဟူသော အရာများကအစားထိုးနေရာယူထားလေသည်။ မီးများတောက်ပနေသော အမည်မသိအကောင်ကြီးသည် သူ၏သွားရာလမ်းကြောင်းမှန်သမျှကို မီးလောင်ကျွမ်းတိုက် သွင်းပစ်သည်။သူသွားရာ လမ်းတစ်လျှောက်၌လည်း သတ္တ ဝါ များမီးလောင်ကျွမ်းမှုကြောင့် သေဆုံးနေကြသည်ကများပြား လှသည်။တစ်ချို့သောသူများ၏မချိမဆန့်အော်သံများပင် ထွက်လျက်ရှိနေသေးသည်။ သို့သော် မီးများတောက်ပနေသောအမည်မသိအကောင်ကြီး ကတော့ ထိုအရာတွေကိုမသိဟန် ဥပက္ခာပြုထားသည်။ သူ၏အမှုရာမှာလည်း တစ်စုံတစ်စုကို ရှာဖွေနေဟန်ရှိသည်။ အနည်းငယ်ချိုင့်နေသော ချိုင့်တစ်ခုအနားအရောက်တွင် ထို အကောင်ကြီးသည် ရပ်တန့်လိုက်သည်။ထိုအကောင်ကြီး သည် သူရှာနေသောအရာကို တွေ့သည့်အမူရာဖြင့် ကျေနပ် ဟန်ပြုသည်။ ထို့နောက် သူ၏မီးလောင်နေသော လက်ကြီးကို မြောက်ကာ တစ်စုံတစ်ခုကို ရွတ်ဆိုလေသည်။ "ဟူး..... " ထိုအသံသည် အနည်းငယ်ချိုင့်သောချိူင့်မှထွက်ပေါ်လာ သည်။တစ်စုတစ်ခုသည် ထိုမြေကြီးထဲမှပွင့်ထွက်လာခဲ့လေ သည်။ မြေကြီးမှပွင့်ထွက်ပြီး ထိုအရာသည် ကောင်းကင်ပေါ်၌ပျံဝဲ နေလိုက်သေးသည်။ထို့နောက် တစ်စုံတစ်ခုကို ရွတ်ဆိုနေဟန် ရှိသော မီးတောက်နေသောအကောင်ကြီး၏ရှေ့တွင် သွားရောက်တည်ရှိလိုက်သည်။ ထိုသို့သောအဖြစ်ပျက်သည် ကျန်သောနေရာသုံးခုတွင်လည်း ဖြစ်ပျက်နေလျက်ရှိသည်။ကျန်သောသုံးခုတွင်လည်း မီးလောင်တောက်နေသော အကောင်ကြီးသည် တစ်ခုခုကိုဆ င့်ခေါ်နေကြသည်ဖြစ်သည်။ ထိုအခါ ထိုအကောင်ကြီးသည် ဝမ်းသာအားဖြင့်အော်ရယ် လိုက်လေသည်။ထိုအကောင်ကြီးကို ဂျိတ်တွေ့မည်ဆိုပါက သေချာပေါက်ပင်သိမည်ဖြစ်သည်။အဘယ်ကြောင့် ထို အကောင်သည် ဂျိတ်တစ်ယောက် ပြသာဒ်နဲ့ဖမ်းထားလိုက် သော အကောင်နဲ့ဆင်တူနေသောကြောင့်ဖြစ်သည်.။ မနက်ခင်းအချိန်............ ဂျိတ်အိမ်လေးကား တိတ်ဆိတ်ငြိမ်သက်နေသည်။သို့သော် ထိုအိမ်လေး၏အနီးနား ၌တစ်စုံတစ်ခုသည် လှုပ်ရှား သွားလာနေသည်။ ထိုတစ်စုံတစ်ခုသည် တစ်ခုခုကိုလှုပ်ရှားသည့်အလား အဆက်မပြတ်သွားလာနေသည်။ထိုစဥ်.... "ဖြောင်း" "အင့်" ထိုပြေးလွှားလှုပ်ရှားနေသော တစ်စုံတစ်ခုသည် သူ၏နောက်မှ ကျရောက်လာသောလက်စောင်းခုတ်ချက်တစ် ချက်ကြောင့် မေ့မြောသွားရလေသည်။ "ဒီကောင်က ဘာလာလုပ်တာလဲဟ. ပုန်းအောင်းနေသော ပိစ်တို့ငါးယောက် ပြန်လည်ထွက် ပေါ်လာသည်။သူတို့သည် မနက်စောစောစီစီး ဂျိတ်ထံလာရင်း တစ်စုံတစ်ခုလှုပ်ရှားသွားလာသည်ကို မြင်လိုက်သောကြောင့် အကဲဖြတ်ရင်းမေ့မြောအောင်လုပ်လိုက်ခြင်းဖြစ်သည်။ သူတို့ငါးယောက် မေ့မြောသွားသော ကောင်ကို အသေးစိတ် ရှာဖွေကြလိုက်သည်။ထိုအခါမှ သူတို့ ငါးယောက်သည် ထိုလူ သည် မည်သည်မှလာကြောင်း သိလိုက်ကြလေသည်။ မနက် စောစီး ဂျိတ်အိမ်အနီး၌ လှုပ်ရှားသောကောင်သည် ဘလက် အဖွဲ့စည်းမှ ဖြစ်ကြောင်းသူတို့သိလိုက်လေသည်။ သူတို့ သည် သူတို့မေ့မြောသွားအောင်လုပ်ထားသောကောင် လေးသည် ဘလက်အဖွဲ့မှဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့သည် မေ့မြောနေသောကောင်လေးကိုကြည့်ကာ သူတို့ အချင်းချင်းအကဲဖြတ်လိုက်ကြသည်။ ထို့နောက် ကောင်လေးထံမှရသော သတင်းအရ စုန်းမအိုကြီး သည် သည်နေရာသို့လာမည်ဖြစ်ကြောင်းသူတို့သိရှိသွားကြ သည်။စုန်းမအိုကြီးလာမည်ဖြစ်ကြောင်း သူတို့ကြားသိရသော အခါ သူတို့၏ဒေါသသည် ထောင်းခနဲ ဖြစ်သွားကြသည်။ထို့နောက် တိုင်ပင်ထားခြင်းမရှိပဲ ပြော လိုက်ကြသည်။ "စုန်းမအိုကြီး မင်းကိုငါတို့ သေအောင်သတ်မယ်"

All Chapters