← Chapters

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

(91)စာတစ်စောင်

နေ့ရက်များကား အယ်လီနာအတွက်လှပနေသည်။ကိုယ်ချစ်ရ သောဂျိတ်နဲ့ သမီးလေးက သူမအနားတွင်ရှိနေပေးသည်။ထို့ အပြင် သူမကိုယ်တိုင်ပင်တစ်ခါမှမစားဖူးသော ဝိုက်တီချက် ကြွေးသော အစားသောက်များကြောင့်လည်း ပျော်ရွှင်နေရ သည်။ထိုသို့ပျော်ရွှင်သောဘဝကို သူမနေဖြင့်တောင့်တခဲ့ရာ ကနေ ရရှိခဲ့ပြီလည်းဖြစ်သည်။ တစ်ခါတစ်ရံဘလက်အဖွဲ့စည်းက သူမကိုပြန်လည်ခေါ် ဆောင်သွားမည်ကိုလည်း သူမစိုးရိမ်မိသည်။ဒီတစ်ခါသာ သူမဖမ်းခေါ်ဆောင်သွားခံရပါက ဂျိတ်နဲ့သမီးလေးကို ထပ် ပြီးမတွေ့နိုင်တော့မည်မှာသေချာပေသည်။ထိုအကြောင်းကို ဂျိတ်အားပြောတော့ ဂျိတ်က ပြသနာအသေးလေးပါ ကိုယ့်ကို ယုံလိုက်ပါဖြေကြားသည်။ ထိုအပြောကြောင့် အယ်လီနာ ဂျိတ်ကိုအလွန်မင်းအံသြရခဲ့ သေးသည်။သူမလည်း ရွှေအဆင့်ငါးတွင်ရှိရာ သန်မာသည် ဆိုနိုင်သော်လည်း ဘလက်အဖွဲ့စည်းနဲ့ထိပ်တိုက်တွေ့ပါက မ ရင်ဆိုင်နိုင်သောကြောင့်လည်းဖြစ်သည်။ ဂျိတ်ကိုသူမအနေနဲ့ မယုံသည်မဟုတ် ယုံကြည်သည်။ သူမ၏စိတ်အဝင်စားဆုံးမှာ ထိုအကြောင်းပြောစဥ်အခါက ဂျိ တ်ကဘယ်လိုမှမတုန်လှုပ်မကြောက်ရွံနေခြင်းပင်ဖြစ်သည်။ သူမယခင်က တွေ့ခဲ့သောချစ်သူကောင်လေးက ထိုသို့ ပြောင်းလဲသွားမည်ဟုသူမနေဖြင့်မထင်မိခဲ့သည်မှာအမှန်ပင် ဖြစ်သည်။ ယခုလည်း အယ်လီနာသည်အယ်မလီလေးနဲ့ အတူပုံပြင် စာအုပ်ဖတ်ရှုနေကြသည်။ပုံပြင်စာအုပ်များသည် များပြား လွန်းသောကြောင့် သူမတို့နှစ်ယောက်စိတ်ကျေနပ်စွာ အဝ ထိုင်ဖတ်ရှုနေကြသည်။ဂျိတ်ကတော့ သူ၏ထုံးစံအတိုင်း ထိုင်ခုံတစ်လုံး၌အသာလေးထိုင်ကာ ငြိမ်နေလေသည်။ အယ်မလီနဲ့အယ်လီနာတို့ကြည့်ပါက ဂျိတ်သည်သူ၏ကျင့်ကြံ မှုတိုးတက်လာစေရန် တရားထိုင်နေသည်ဟုထင်မှတ်နေကြ မည်ဖြစ်သည်။ဒါကလည်း ဂျိတ်နေ့တိုင်းထိိုသို့လုပ်ဆောင်နေ သောကြောင့် သံသယမဝင်ခြင်းလည်းဖြစ်သည်။ အမှန်ကားဂျိတ်နေဖြင့်တရားထိုင်နေခြင်းမဟုတ် ။သူ၏စနစ် ကို ဆင့်ခေါ်ကာ များစွာသောလုပ်ဆောင်မှုကိုလုပ်ဆောင်နေ ခြင်းဖြစ်သည်။ သိုင်းပညာများ စွာကို အသေးစိတ်ပြန်လည်လေ့လာသုံးသပ် ခြင်း စနစ်၏အစွမ်းများကိုတဖန်ခြုံငုံသုံးသပ်ခြင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ထိုသို့သောအရာများထဲမှ ဂျိတ်၏စိတ်ဝင်စားဆုံးမှာ ဆင့်ခေါ် ခြင်းနဲ့ပတ်သတ်သောအကြောင်းများပင်ဖြစ်သည်။ သူ ကိုယ်တိုင်လည်း ဆင့်ခေါ်ပြီးအသုံးပြုဖူးသည်။ထိုသို့လေ့လာ ခြင်းက ဂျိတ်အတွက်လုံးဝအကျိုးရှိသည်ဟုထင်သည်။ အသေးစိတ်အချက်လက်အထိနားလည်သဘောပေါက်နေမှ သာ အရေးကြုံပါက လွန်စွာအသုံးဝင်မည်ဖြစ်သည်။ ယခုလည်းဂျိတ်၏စိတ်ဝိညာဥ်သည် ခန်းမကြီးတစ်ခုထဲသို့ ရောက်ရှိနေသည်။ထိုခန်းမကြီးသည် အဖြူရောင်တစ်ရောင် တည်းရှိကာလွန်စွာမှလည်းကြီးမားကျယ်ပြန့်လေသည်။ ထိုအခန်းထဲတွင် ဂျိတ်သည် တခြားသောလူများ၏တိုက်ခိုက် မှုများကို သေချာကြည့်ရှုလေသည်။ထို့နောက်ကိုယ်တိုင်ကြည့် ရှုပြီးသုံးသပ်ပြီးပြီဆိုပါက သူကိုယ်တိုင်ဝင်ရောက်တိုက်ခိုက် တတ်သည်။ ထိုခန်းမထဲတွင်ရှိနေသောသူများကို တခြားသောသူများမြင်နိ င်မည်ဆိုပါက ချက်ချင်းပင်လန့်ဖြတ်ကာသေ သွားကြမည် ဖြစ်သည်။ ကိုနိုဟရွာမှ ဟာရှီရာမ (naruto)/သိုင်းဝိညာဥ်မြေမှ ထန် စန်း(soul land) မှစ၍ များစွာသောစွမ်းအားရှင်များ /ဗန် ဗိုင်းယားလိုအဆုံးထိစသောသူများက ထိုခန်းမထဲတွင် ​ငြိမ် သက်စွာရပ်နေကြသည်။ထိုသူများသည် သူတို့ကမ္ဘာနေရာ ဌာန၌အလွန့်လွန့်အစွမ်းထက်ကြသောသူများဖြစ် သော်ငြားလည်း ဂျိတ်၏ခန်းမ၌တော့ ကျောက်ရုပ်နဲ့မခြား ငြိမ်သက်စွာရပ်တန့်နေသည်။ "ဖြောင်း....ဖြောင်း....ဖြောင်း" "ဝုန်း.........." "ခွပ်..........." အသံများကဆက်တိုက်ထွက်ပေါ်နေသည်။ထိုခန်းမ ထဲ၌လှုပ်ရှားနေ​သူကတော့ နှစ်ယောက်သာရှိသည်။ကျန်သော သူများကတော့ ကျောက်သားကျောက်ခဲပမာအသက်မဲ့စွာငြိမ် သက်လျက်ရှိနေသည်။ထိုခန်းမကြီးသည်ဂျိတ်၏အတွေးတစ် ချက်အောက်တွင်ဖြစ်တည်လာခြင်းလည်းဖြစ်လို အတွေး တစ်ချက်ဖြင့် ဖျက်စီး၍လည်းရနိုင်သည်။ ထိုခန်းမတွင်လေ့ကျင့်သမျှရလာသော အစွမ်းအတွေ့ကြုံ များသည်လည်း ပြင်ပကမ္ဘာရှိဂျိတ်ကိုအမှန်တကယ်အတွေ့ကြုံ များပေးရာ ထိုခန်းမထဲ၌လေ့ကျင့်နေခြင်းဖြစ်သည်။ လှုပ်ရှားနေသော နှစ်ယောက်ကတော့ တူညီသောတိုက်ကွက် ကိုသုံးကာ လေ့ကျင့်နေကြလေသည်။သူတို့နှစ် ယောက်၏တိုက်ကွက်သုံးဟန်များက လုံးဝကွာခြားပင်မရှိ။ တိကျမြန်ဆန်သည်။အလိုရှိရာသို့ သွား၏။သက်ရောက်မှုအား ပြင်းထန်သည်။အထူးဆန်းဆုံးကတော့ နှစ်ယောက်လုံးက အစွမ်းများထုတ်သုံးပြီးတိုက်ကွက်ဖော်နေခြင်းမျိုးမရှိပေ။ ကိုယ်ခန္ဓာခွန်အားချည်းသက်သက်ဖြင့်လေ့ကျင့်နေကြခြင်း ဖြစ်သည်။ထိုခွန်အားသက်သက်ဖြင့်ပင် လေ့ကျင့်ရာ၌ လေထိုးဝှေ့များပင်ထွက်ပေါ်နေလေသည်။ထိုသို့သောလေ့ကျ င့်မှုကို ရွှေစစ်သည်များပင်လုပ်ဆောင်နိုင်မည်ဟုအာမ မခံနိုင် ပေ။ လေ့ကျင့်နေသောတစ်ယောက်ကတော့ ဂျိတ်ကိုယ်တိုင်ပင်ဖြစ် ကာ သူ၏ထိုးချက်ကန်ချက်များကလုံးဝမြန်ဆန်သည်။အား ပါနေသည်။သူနဲ့တစ်ဖက်၌လှုပ်ရှားနေသောသူကတော့ ဂျိတ် ဆင့်ခေါ်ထားသော ဘာကီ(baki hanma)ပင်ဖြစ်သည်။ ထိုဘာကီသည် ကိုယ်ခန္ဓာတိုက်ခိုက်ခြင်းအရာ၌လုံးဝ ကျွမ်းကျင်သူလည်း ဖြစ်သည်။ကိုယ်ခန္ဓာခွန်အားကို မည်သို့မည်ပုံအသုံး၍တိုက်ခိုက်ရခြင်းကိုလွန်စွာကျွမ်းကျင်သူ ဖြစ်လေသည်။လက်နက်မပါ ခြေလက်တို့ကိုအသုံးချ တိုက်ခိုက်ရာ၌လွန်စွာလည်း ဆရာကျသူတစ်ဦးဖြစ်သည်။ သူတို့ကမ္ဘာ၌ ဘာကီသည် သူမတိုက်ခိုက်နိုင်သောသူသည်အနည်းငယ်သာရှိသည်အထိ ထူးချွန်ထက်မြက်သော တိုက်ခိုက်ရေးသမားတစ်ယောက်ပင်ဖြစ်လေသည်။ သူ၏တိုက်ကွက်များလှုပ်ရှားသုံးရာ၌ သူ၏ကျွမ်းကျင်လှ သောသိုင်းကွက်များကရှိန်စရာပင်ဖြစ်သည်။ သူ၏သိုင်းကွက်များနဲ့အတူသူ၏သန်မာတောင့်တင်းလှသော ကိုယ်ခန္ဓာကလည်း တိုက်ကွက်တစ်ကွက်သုံးတိုင်း အားအပြ ည့်ရှိသောတိုက်ခိုက်မှုကိုထုတ်ဖော်ပေးသည်။ ကိုယ်ခန္ဓာခွန်အားချည်းသက်သက်ဆိုပါက ဘာကီအနေဖြင့် အစွမ်းကုန်သုံးပါက ပလက်တီနမ်အဆင့်ကလူကိုပါ အမှောက် သိပ်နေနိုင်သည်အထိအစွမ်းထက်မြက်သည်။ သူတို့နှစ်ယောက်သည် သုံးရက်နီးပါးအထိမနားမနေ တိုက်ခိုက်ခြင်းကိုလုပ်ဆောင်သည်။နောက်မှသာ ဂျိတ်အနေနဲ့ နားစေလိုက်သည်။ထိုအခါဂျိတ်တည်ဆောက်ထားသောခန်းမ ကြီးထဲမှဂျိတ်၏စိတ်ဝ်ိညာဥ်သည် ဂျိတ်ကိုယ်ခန္ဓာသို့ပြန်လည် ရောက်ရှိလာသည်။ ။ကိုယ်ခန္ဓာထဲသို့ပြန်လည်ရောက်ရှိလာသည်နဲ့ သုံးရက်စာ အလေ့ကျင့်အတွေ့ကြုံများကပါ ရရှိလာသည်။ထိုကြောင့် ဂျိ တ်သည် ယခုချိန်၌သူ၏ကိုယ်ခန္ဓာခွန်အားသက်သက်နဲ့ပင် နတ်ဘုရားတစ်ပါးကိုအမှောက်သိပ်တီးနေနိုင်ပြီဖြစ်သည်။ ဒါကလည်း ခန်းမထဲ၌ကိုယ်ခန္ဓာခွန်အားထိန်းချုပ်ကာ တိုက်ခိုက်ရေးနည်းများကိုသင်ကြားခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ ဂျိတ်အနေနဲ့ခန်းမထဲ၌သုံးရက်လေ့ကျင့်ခဲ့ပါသော်လည်း အပြင်၌ငါးမိနစ်သာရှိသေးသည်။ဒါကလည်း ဂျိတ်ပိုင်ဆိုင် ထားသောစနစ်၏အစွမ်းများထဲကတစ်ခုပင်ဖြစ်လေသည်။ "ရှင့်ကိုစာလာပို့သွားတယ်" အယ်လီနာမှနိုးလာသောဂျိတ်ကိုစာတစ်စောင်ပေးသွားသည်။ ဂျိတ်လည်းသူထံရောက်လာသောစာတစ်စောင်ကိုလှမ်းယူ လိုက်သည်။ "ဘယ်ကစာများပါလိမ့်"

(92)မာနကောင်

ဂျိတ်တစ်ယောက် အယ်လီနာပေးသောစာကိုယူလိုက်သည်။ ယခင်တုန်းကတော့ ဒီယေဂိုမြို့စားဖြစ်ကာ ယခုတစ်ခါကကော ဘယ်သူထံမှစာများဖြစ်နေမည်နည်း။ စာကိုသေချာကြည့်လိုက်တော့ အထက်တန်းစားစာလိပ်တစ် စောင်ဖြစ်ကြောင်းတွေ့ရသည်။ထိုစာလိပ်သည် ရွှေရောင် တောက်ပနေကာ အနားသတ်များတွင်လည်း ထူးခြားဆန်း ကျယ်သောအလှများဆင်ယင်စီချယ်ထားသည်။စီးထားသော ကြိုးကလည်း ရွှေကြိုးမျှင်တစ်ခုဖြစ်သည်။ ဂျိတ်ဖွင့်ကာ ကြည့်ပြီးဖတ်လိုက်သည်။ထိုအခါမှသူ့ထံပို့လိုက် သော စာတစ်စောင်၏ရည်ရွယ်ချက်ကိုသိရှိလိုက်ရသည်။ထို စာထဲတွင် ဂရိတ်ဘုရင် ကိုယ်တော်တိုင်ကပင် ဂျိတ်အား အရေးတယူပြုကာ ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ထိုစာတွင် ဂျိ တ်အားစစ်တပ်ထဲတွင်အကြီးအကဲအဖြစ် ခေတ္တ လှည့်ပတ် ကာ သင်တန်းပို့ချပေးပါရန်ဖြစ်သည်။ထိုသင်တန်းပို့ချပေးပါ က ရွှေစင်သေတ္တာလေးလုံးနဲ့ ဂျိတ်အလိုရှိရာတောင်းဆိုနိုင် ကြောင်းရေးသားထားသည်။ ထိုအခါမှ မိမိထံရောက်လာသောအယ်ဖာသည်လည်း စစ်တပ် ထဲမှဖြစ်ကြောင်းသတိရလာလေသည်။ထို့ပြင်ဂျိတ်သည် ဂရိတ်စစ်တပ်၏မည်သို့မည်ပုံတည်ဆောက်ဖွဲ့စည်းထားသည် ကိုလည်း သိလိုသေးသည်။ ဂရိတ်ဘုရင်မင်းမြတ်ကသူ့အားမဖိတ်ခေါ်လျှင်ပင် သူ့အနေနဲ့ သွားရောက်လေ့လာဦးမည်ဖြစ်သည်။ ပြီးတော့ဖိတ်စာကို ကြည့်တော့ စစ်တပ်၌ပညာပေးသင်တန်း သည် သုံးရက်ဖြစ်ကြောင်းတွေ့ရသည်။ပထမရက်သည် ဒီနေ့ ဖြစ်ကြောင်းသူ သိလိုက်ရသည်။ "ငါ့ကိုစစ်တပ်ထဲမှာ ပညာသင်ပေးဖို့တောင်းဆိုထားတဲ့ စာတစ်စောင်ပါပဲ" ဂျိတ် စာဖတ်ပြီး အယ်လီနာကိုပြန်ပေးလိုက်သည်။အယ်လီနာ လည်းဂျိတ် ပေးသောစာလိပ်ကိုသေချာဖတ်လိုက်သည်။ သူမ၏ချစ်သူသည် ထိုမျှအထိအဆင့်မြင့်လာကြောင်းကို တော့ သူမနေဖြင့်လက်ခံရသည်။ထိုထက်မကဆန်းပြားသော အရာများကိုလည်းလုပ်ဆောင်နိုင်သောကြောင့် သူမယုံကြည် မိသည်။ "ဒါဆိုရှင်ပဲ သွားပါ ကျမတို့သားအမိနှစ်ယောက်တည်းပျော်ဦး မယ်" အယ်လီနာအပြောကြောင့် ဂျိတ်မဲ့ပြုံးပြုံးမိသည်။အယ်လီ နာ၏နောက်ပြောင်မှုကသူအား အယ်လီနာကိုပိုမိုချစ်မိလာစေ သလိုပင်ဖြစ်သည်။ "ကောင်းပါပြီ ဒီဖေကြီးပြန်လာမှ ဆုံးမရမယ်" "ရှင်နော် ဘာတွေပြောနေတာလဲ" အယ်လီနာမျက်နှာလေးနီမြန်းသွားသည်။ "ဟား...စတာပါ အချစ်ရယ် ဒါဆိုကိုယ်သွားပြီ" စာဖတ်နေသောအယ်မလီလေးနဲ့ အယ်လီနာကိုဂျိတ်ခေတ္တ ခရီးသွားမည်ဖြစ်ကြောင်းနှုတ်ဆက်လိုက်သည်။ "ဝုန်း"" ချက်ချင်းဆိုသလိုပင် ဂျိတ်သည် အယ်လီနာတို့ရှေ့မှပျောက် ကွယ်သွားသည်။ "သမီး ဖေဖေကအဲ့လိုပဲလား" "ဟုတ်တယ် မီးမီးပြောပါတယ် ဖီဖီက ရုပ်ချောတဲ့မှော်ချာကြီး ပါဆိုနေ" အယ်လီနာ သမီးအပြောကြောင့် ပြုံးရုံသာပြုံးလိုက်သည်။ကြ ည့်ရသည်မှာ သူမ၏သမီးသည် ဂျိတ်ကြောင့်အလွန်မင်းပျော် ရွှင်နေပုံရသည်။ မိမိတို့ရှေ့မှတွင်ဂျိတ်ပျောက်သွားသော ကြောင့် အနည်းငယ်အံအားနေချိန်တွင် သမီးလေးကတော့ ဘယ်လိုမှမနေပေ။အမြဲတမ်းသမီးဖြစ်သူနဲ့ ထိုသို့ လုပ်ဆောင် နေပုံရလေသည်။သမီးပြောသလို ဂျိတ်သည်မှော်ဆရာချော ချောလေးဖြစ်ရမည်။ဒါမှသာ ချက်ချင်းဆိုသလို ပျောက် ကွယ်သွားနိုင်ခြင်းလည်းဖြစ်သည်။ သမီးဖြစ်သူပြောအရတော့ ထိုသို့ပျောက်သွားခြင်းသည် တယ်လီပို့နည်းဖြစ်ကြောင်း ဂျိတ်ပြောပြသည်ဟုဆိုသည်။ထို နည်းသည် ခရီးသွားလာချိန်ကိုအမြန်ဆုံးလျော့ချသောနည်း ဟုလည်း ဂျိတ်ပြောသည်ဟုလည်း ဆိုသည်။ ကြည့်ရသည်မှာ သမီးလေးလိုမျိုးသူမအံသြခြင်းမရှိအောင် သာလေ့ကျင့်ရမည်ဟုသူမ ဆုံးဖြတ်လိုက်သည်။ ဂရိတ်စစ်တပ်ဌာနချုပ်တည်နေရာဝင်ပေါက်...... အစောင့်တပ်သားနှစ်ယောက်စကားပြောနေကြသည်။ထိုအ စောင့်တပ်သားနှစ်ယောက်၏စစ်သည်အဆင့်သည် ငွေအဆ င့်တစ်ဖြစ်သည်။သူတို့သည် မြေစွမ်းအင်ကို ပိုင်ဆိုင်ကြသော သူများဖြစ်သည်။သူတို့နှစ်ယောက်စကားပြောနေစဥ် အသံထွက်ပေါ်လာမှုကြောင့် အသံထွက်ပေါ်လာရာနေရာကို ကြည့်လိုက်ကြသည်။ "ဝုန်း" ထိုအသံထွက်ပေါ်ရာနေရာမှ ဂျိတ်ထွက်ပေါ်လာလေသည်။ဂျိ တ်တစ်ယောက်တည်း ထွက်လာခြင်းဖြစ်သည်။ "မင်းဘယ်သူလဲကွ" တပ်သားနှစ်ယောက် လှံများဖြင့်ဂျိတ်ကိုချိန်ရွယ်ထားလိုက်ကြ သည်။ "ငါလား မင်းတို့ဘုရင်ဖိတ်လို့ရောက်လာတဲ့သူပဲ" "လာလိမ်နေတာမဟုတ်လား" သူတို့ဘုရင်မင်းမြတ်က မိမိတို့ရှေ့မှလူကိုဖိတ်ထားသာ်ဆိုပါ လား။လိမ်နေကြောင်းသာသူတို့ထင်နေကြသည်။သို့သော် သွားရောက်မတိုက်ခိုက်ရဲကြပေ။ရုတ်ချင်းဆိုသလို ဘွားခနဲ ပေါ်လာသော လူကမိမိတို့ထင်သလိုရိုးရှင်းနေမည်မဟုတ် ကြောင်း ရိပ်စားမိသည်။ "မင်းတို့ကမယုံပြန်ဘူးထင်တယ် ရော့ ဒါကြည့်လိုက်" ဂျိတ်ဖိတ်စာကို ပေးလိုက်သည်။အစောင့်တပ်သားနှစ်ယောက် လည်း ဂျိတ်ထံမှစာကိုဖိတ်လိုက်ကြသည်။ဘုရင့်လက်မှတ်အ မိန့်ကြီးကို သူတို့ထင်ရှားစွာမြင်လိုက်ကြသည်။ "ကျနော်တို့တောင်းပန်ပါတယ် ခွင့်လွတ်ပေးပါ ဆရာကြီး" ချက်ချင်းဆိုသလို အစောင့်နှစ်ယောက်မှ လှံများလွတ်ချကာ ဒူးထောက်တောင်းပန်လိုက်ကြသည်။ "ဒါဆိုငါဝင်လို့ရပြီလား" "ဝင်လို့ရပါတယ် ဆရာကြီး" ချက်ချင်းဆိုသလို ပြန်လည်ပြောဆိုလိုက်သည်။ထိုအခါမှ ဂျိ တ်သည် စစ်တပ်ထဲသို့ဝင်သွားလိုက်သည်။ "ဟူး" ထိုအခါမှ အစောင့်များမှ သက်ပြင်းချနိုင်လိုက်ကြသည်။ ထိုသို့ကြီးမြတ်သောသူကိုသူတို့နေဖြင့် ပြစ်မှားခါနီးဆဲဆဲဖြစ် သွားခဲ့သည် မဟုတ်ပါလား။ "ဘယ်ကလေကချေကောင်က တပ်ထဲဝင်လာတာလဲ" လူတစ်ယောက်၏အသံကထွက်ပေါ်လာသည်။ထိုအသံသည် ယခုမှဝင်လာသောဂျိတ်ကိုပြောခြင်းဖြစ်ကြောင်း လူတိုင်းသိ နိုင်လေသည်။ "ဟ စောက်ခွေးမသား" ထိုအသံကြောင့်အစောင့်နှစ်ယောက်လုံးတုန်လှုပ်သွားကာ ဆဲ မိလိုက်ကြသည်။ဘုရင်ပင်ဖိတ်ထားသောသူကိူ ဘယ်သူကမ ချေမငံဆက်ဆံလိုက်သနည်း။ ဂျိတ်လည်းအနည်းငယ်ပြုံးမိသည်။မိမိဝင်သည်နဲ့ ဘလိုင်း ကြီး မာနထောင်နေသောကောင်ကို စတင်တွေ့နေရပြီ ဖြစ်သည်။

(93)ဝန်းရံလိုက်ခြင်း

ဂျိတ်တစ်ယောက်မိမိအား ပြောသောသူကိုကြည့်လိုက်သည်။ မိမိအားပြောသူသည် ငယ်ရွယ်နေသေးသောတစ်ယောက်ဖြစ် ဟန်တူသည်။သူ၏ကိုယ်လုံးကိုယ်ပေါက်ကလည်း ယောကျာ်း ကောင်းတစ်ယောက်ဟုဆိုနိုင်သည်။ သူ၏မျက်နှာကလည်း မိန်းကလေးများချစ်ခင်နှစ်သက်ဖွယ် ကောင်းသောအသွင်ပြင်ကိုပိုင်ဆိုင်ထားသည်။သို့သော်လည်း သူသည် ဂျိတ်ကိုစတင်တွေ့ကတည်းက အပြစ်တင်ချေပြော လိုက်ကတည်းက မှားယွင်းနေခဲ့ပြီဖြစ်သည်။ "အစောင့်တွေ ဘာလို့သူကိုဝင်ခွင့်ပြုလိုက်တာလဲ မင်းတို့ မျက်လုံးတွေမွဲနေပြီလားကွာ" အစောင့်များအတော်လေးမကျေမနပ်ဖြစ်သွားကြသည်။ ထိုသို့ပြောသောသူသည် ကိုယ့်ကိုယ်ကို အထင်ကြီးဝင့်ကြွား နေသော တပ်မှူးလေးဖလက်ဖြစ်သည်။သူသည် စစ်သည် တော်တစ်သောင်းကို အုပ်ချုပ်ခွင့်ရထားသော ပထမဆုံးသော အသက်အငယ်ဆုံးစစ်သည်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူသည် မောက်မာသည်ဟုအလွန်နာမည်ကြီးလေ သည်။ယခုသူတို့ရှေ့တွင်လည်း အလွန်ပင်မောက်မာကြောင်း ကို အစောင့်စစ်သားနှစ်ယောက် မျက်မြင်ကိုယ်တွေ့ ကြုံလိုက် ရပြီဖြစ်သည်။ "မင်း" "ဘာလဲ မင်းတို့မျက်စိမွဲကြောင်း မင်းတို့လက်မခံကြဘူးပေါ့" အစောင့်စစ်သားစကားပင်မဆုံးသေး ဖလက်က ချက်ချင်း ပင်တုံပြန်ပြောဆိုသည်။ အစောင့်စစ်သားနှစ်ယောက်သည် ဝင်လာသောဂျိတ်၏အဆ င့်တန်းကိုပြောပြလိုနေသည်။ဘုရင်မင်းမြတ်ကပင် ခခယယ တောင်းပန်ကာ ခေါ်ထားသောလူဖြစ်ကြောင်း သူတို့ပြောလို သည်။သို့သော် သကောင့်သားက သူတို့နှစ်ဦးကို စကားပြောခွ င့်ပင်မပေးပေ။ "ဒီကောင်တွေမွဲနေတာဟုတ်တယ် ဒါကြောင့် သူတို့ပြန်မပြော ရဲတာ" နောက်ထပ်သော စစ်သည်များရောက်လာကြသည်။သူ တို့၏အဆင့်တန်းအရ ဖလက်၏လက်အောက်ကစစ်သည် များဖြစ်ကာ သူတို့သည် စစ်သည်တစ်ရာကိုအုပ်ချုပ်ရသော သူများဖြစ်ကြသည်။သူတို့သည် ဖလက်အား မြောက်ပင့်ကာ ဖလက်၏အာဏာအားကိုးဖြင့် အနိုင်ကျင့်သောသူများလည်း ဖြစ်ကြသည်။ အစောင့်စစ်သားများလည်း ပြန်လည်ပြောဆိုလို သော်ငြားလည်း ဂျိတ်၏လက်ဟန်ပြမှုကြောင့် အသာလေးညိ မ်နေလိုက်ကြသည်။သူတို့၏အဆင့်သည် ငွေအဆင့်တစ်သာ ဖြစ်ရာ ထိုသို့မောက်မာရိုင်းစိုင်းနေသောတပ်မှူးများကို ပြန်လည်ပြောဆိုနိုင်ခြင်းမရှိပေ။ ဤကမ္ဘာ၌စွမ်းအားကြီးသူသည်သာ အရာရာကိုဆုံးဖြတ်နိုင် ခြင်းလည်းဖြစ်သည်။ဒါကြောင့်လည်း တပ်မှုးလေးက ယခု လက်ရှိ၌သူသာအစွမ်းအကြီးဆုံးဟုထင်မှတ်ကာ မောက်မာဝ င့်ကြွားနေခြင်းဖြစ်သည်။ "ဘာလဲ အခုထိမသွားသေးဘူးလား မင်းနာချင်နေပြီထင် တယ်" ဂျိတ်ကိုဆက်လက်ပြောကြသည်။ဆဲဆိုကြသည်။ဂျိတ် ကတော့ သူတို့ကို သနားသောအမူရာဖြင့်သာကြည့်နေလေ သည်။ သူတို့သည် ဂျိတ်၏အမူရာကိုကြည့်ကာရူးနေသည်ဟုထင်ကာ အချင်းချင်းရယ်မောနေကြသည်။ဂျိတ်၏အဆင့်သည် သူတို့ ထက်မြင့်နေရာ သူတို့နေဖြင့် ဂျိတ်အားသာမန်လူအဖြစ်သာ ထင်မှတ်နေခြင်းဖြစ်သည်။ "မင်းတို့ကိုငါ တစ်ခေါက်လောက်အပြစ်လုပ်ဖူးလို့ငါကိုလာ လှောင်နေတာလား" ဂျိတ်စကားသံကြောင့် ဖလက်တို့အုပ်စု ထပ်မံရယ်မောလိုက် ကြပြန်သည်။ "မင်းအပြစ်က ဒီနေရာထိရောက်လာတာကိုက အပြစ်ပဲလေ သာမန်လူတွေက ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေလို့ ရမလား" "အော် အဲ့တာအပြစ်တဲ့လား" ဂျိတ် အံသြဟန်ပြုလိုက်သည်။ "မင်းတော့သေချင်နေပြီပဲ" ဖလက်ကို မြောက်ပင့်နေသောသူများမှ တစ်ယောက်က ဂျိတ် ကိုစတင်တိုက်ခိုက်လိုက်သည်။ ဖလက်တို့ကလည်း ထိုအခြေ နေကိုဒီအတိုင်း ကြည့်နေလိုက်ကြသည်။ သာမန်လူကို ထိုး ခြင်းက သူတို့အတွက်တော့ပြသနာကြီးကျယ်တက်စေမည် မဟုတ်ပဲ သူတို့ကသာ ဂျိတ်အမှားလုပ်၍အပြစ်ပေးသည့်ပုံစံ မျိုးဖြစ်သည်။ သူတို့အတွေးထဲ၌ ထိုစစ်သည်လက်ချက်ကြောင့်ဂျိတ် မြေပြင်၌လဲကျကာ ငိုကြွေးနေသည့်ပုံကိုမြင်ယောင်ကာပြုံး နေကြသည်။ ဂျိတ်လည်း မိမိထံလာနေသော စစ်သည်၏လက်သီးကို ဖမ်းချုပ်လိုက်သည်။ "ဟာ ဘယ်လိုဖြစ်တာလဲ" ဖလက်တို့အံသြ သွားသည်။သာမန်လူတစ်ယောက် စစ်သည် တော်တစ်ယောက်၏ထိုးချက်ကို ချုပ်ကိုင်လိုက်သည်မဟုတ် ပါလား။ "ငါ့ကိုလွတ်စမ်း ကြားလား တောသားငါက စစ်သည်တစ်ရာ အုပ်ချုပ်ရတဲ့ကောင်နော်" ဂျိတ်ချုပ်လိုက်မှုကြောင့် ရုန်းမရဖြစ်နေသော စစ်သည်တော် က ဆဲရေးတိုင်းထွာလိုက်သည်။ "ကောင်းပြီ လွတ်ပေးရတာပေါ့" ဂျိတ်အပြောကြောင့် ထိုစစ်သည်တော်သည် မိမိချိန်းခြောက်မှု ကြောင့် ကြောက်သွားသည်ဟုထင်ရှာနေသည်။သူ၏မျက်နှာ အသွင်ပြင်၌လည်း မောက်မာဝင့်ကြွားနေဟန်ရှိသည်။ "ခရက်".. ....."အား" ကမ္ဘာပျက်လုမတတ်အော်ဟစ်သံကြောင့် တပ်ထဲမှလူများလန့် သွားကြသည်။ယနေ့သည် အကြီးကဲများတပ်ထဲလာရောက်မ ည့်နေဖြစ်ရာ အတတ်နိုင်ဆုံးမဆူပူအောင်ညိမ်သက်နေကြ သည်။ဤသည်ကို ရန်ဖြစ်နေကြသေးသည်လား။ "စောက်ရူး မင်းအဲ့လိုလုပ်ရဲတယ်ပေါ့လေ" "သူအရင်လာထိုးတာကို ကျုပ်ကဒီအတိုင်းလွတ်ပေးမယ်လို့ ခင်ဗျားတို့ကထင်နေသေးတယ်ပေါ့ငနုံငအတွေ" ဂျိတ်သည် သူ့အားထိုးသောသူကို ဒီအတိုင်းပြန်လွတ်လိုက် ခြင်းမရှိ။နောက်ကလူများပါ သူလိုမောက်မာခြင်းမရှိစေရန် စံပြအနေနဲ့လက်သီးကို ချေပေးလိုက်ခြင်းဖြစ်သည်။ဂျိတ် ခွန်အားကအလွန်သန်မာသည်ဖြစ်ရာ စစ်သည် တော်၏လက်သီးမှာကျိုးကျေပဲ့ကုန်လေသည်။ ထို့ကြောင့် ထိုစစ်သည်တော်သည် ကမ္ဘာပျက်မတတ်နာကျင် အော်ဟစ်နေခြင်းဖြစ်သည်။ "ဒီကောင်ကငါတို့ကိုလာစနေတာပဲ ဝိုင်းလိုက်ကြစမ်း " ဖလက်သည် ဂျိတ်ကိုလွန်စွာမုန်းတီးသွားဟန်ရှိသည်။ထို့ ကြောင့် တပ်ထဲရှိသူ၏စစ်သည်တော်များကို ဝန်းရံခိုင်းလိုက် သည်။ စစ်သည်အင်အားတစ်ထောင်ခန့်သည်ချက်ချင်း ဆိုသလိုပင် ဂျိတ်ကိုဝန်းရံလိုက်ကြသည်။သူတို့၏လက်ထဲတွင်လည်း ဓား များလှံများကိုင်ဆောင်ထားကြလေသည်။ ယခုချိန်၌ဂျိတ်သည် စစ်သည်တော်တစ်ထောင်၏ဝန်းရံမူ အလယ်ဗဟိုသို့ရောက်ရှိသွားပြီဖြစ်သည်။ "သူ့ကိုသတ်လိုက်ကြစမ်း" တပ်မှူးလေးဖလက်က အမိန့်ပေးလိုက်သည်။

All Chapters