← Chapters

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

(94)လက်စားချေလိုသောစိတ်

"ကျား" စစ်သည်တော်တစ်ထောင်ခန့်က သူတို့၏အော်ရာများထုတ် လွင့်ကာ ဂျိတ်ထံဦးတည်လိုက်သည်။ ထိုအကွက်ကို စိတ်ဓာတ်ဖြိုခွဲရေးအကွက်ဟု ဂရိတ်စစ်တပ် တွင် လူသိများသည်။စစ်သည်တော်များ၏အော်ရာများ စုပေါင်းထားသောအရှိန်ကြောင့် တစ်ဖက်သားမှရန်သူ များသည် ထိုတိုက်ကွက်ကြောင့် တိုက်ခိုက်ရေးသုံးဆယ်ရာခိုင်နှုန်းကျဆင်းသွားစေမည်ဖြစ်သည်။ ထိုတိုက်ကွက်ကြောင့်လည်း ဂရိတ်စစ်သည်တော်များသည် ဆာဗေ့တို့နဲ့တိုက်ခိုက်ရာ၌အသာစီးရရှိနိုင်ခဲ့ခြင်းလည်းဖြစ် လေသည်။ ထိုတိုက်ကွက်သည် ဂရိတ်စစ်တပ်၏ အဓိကစိတ်ဓာတ် စစ်ဆင်ရေး တိုက်ကွက်လည်းဖြစ်သည်။ထိုတိုက်ကွက်ဖြင့် ဂျိ တ်ကိုဦးစွာတိုက်ခိုက်သည်။ထိုအခါ ဂျိတ်သည် ထိုတိုက်ကွက် ကြောင့် စိတ်ထိခိုက်သွားမည်။ ထို့နောက် စိတ်ဓာတ်ကျသွားသောဂျိတ်ကို အသာလေးနွှာမည် ဖြစ်သည်။ဒါက တပ်မှူးလေးဖလက်၏လုပ်ဆောင်နေကြ အကွက်များပင်ဖြစ်သည်။ထိုအကွက်ဖြင့် ဖလက်သည် သူ၏လမ်းတွင်ပိတ်ထားသောလူများကို ဖြေရှင်းလာခဲ့သည် ကများသည်။ထိုအကွက်ကြောင့် သူ၏ရန်သူတော်တော်များ များလည်း ကျရှုံးကုန်ကြပြီးဖြစ်သည်။ ယခုလည်းတစ်ယောက်ကို အယောက်တစ်ထောင်၏အကွက် ကြောင့် ဂျိတ်သေချာပေါက်စိတ်ထိခိုက်မည်ဟု ဖလက်လုံးဝ ယုံကြည်သည်။ဂျိတ်သာစိတ်ဓာတ်မခိုင်ပါက ချက်ချင်းပင် သေ သွားမည်ဖြစ်သည်။ "ဒီလို အကွက်တွေ ဘယ်နှခေါက်သုံးလာတာလဲ ဖလက်" ထိုအသံကြောင့် ဖလက်တုန်လှုပ်သွားရသည်။သူအား ထိုသို့ ခေါ်ရဲသောသူသည် ခပ်ရှားရှားပင်ဖြစ်သည်။ပြီးလျှင် စစ်သည်တစ်ထောင်၏စိတ်ဓာတ်စစ်ဆင်ရေးအကွက်က မ ထိရောက်သည်ကိုတွေ့ရသောအခါ ပိုမိုဒေါသထွက်မိလာ သည်။ "ဒီတစ်ခါအသေ သတ်စမ်း" "ဟုတ်" အယောက်တစ်ထောင်သောအော်သံကြီးက သံပြိုင်ထွက်လာ သည်။အစောင့်နှစ်ယောက်ကတော့ ဂျိတ်ဘာမှမဖြစ်စေရန် သာ ဆုတောင်းနေသည်။ဂျိတ်လည်းတစ်ခုခုဖြစ်သွားပါက ဘုရင်ကြီးသည် တပ်မှုူးအသေးလေးဖလက်ကိုသာမက မိမိ တို့နှစ်ယောက်ကိုပါ အပြစ်ပေးနိုင်သောကြောင့်ဖြစ်သည်။ ဒီတစ်ခေါက် တပ်မှုးဖလက်အမိန့်ပေးလိုက်သည်ကတော့ အမှန်တကယ်အသေ သတ်စေခြင်းပင်ဖြစ်သည်။ထိုအမိန့် ကြောင့် ဂျိတ်ကိုဝန်းရံထားသော စစ်သည်တစ်ထောင်သည် သူတို့၏လက်နက်များကို ဂျိတ်၏သေကွင်းသေကွက်များသို့ ချိန်ရွန်ကာ အနီးသို့ကပ်လာခဲ့သည်။ "မင်းတို့ရဲ့စိတ်ဓာတ်စစ်ဆင်ရေးတိုက်ကွက်ကလဲ ထင် သလောက် မကြမ်းပါလား တကယ့်စိတ်ဓာတ်ဘယ်လိုဖိနှိပ်ရ တယ်ဆိုတာ ငါပဲ ပြသပေးပါမယ်" ဂျိတ်ပြောပြီးသည်နဲ့ ဂျိတ်၏ကိုယ်ခန္ဓာမှာ အော်ရာများစတင် ထွက်ပေါ်လာလေသည်။ထိုအော်ရာများပြန့် လွင့်လာသည်နဲ့ ထိုအော်ရာကိုခံစားမိသောစစ်သည်တော်က ထူးဆန်းသော အပြုမှုများစတင်ဖြစ်ပေါ်လာကြလေသည်။ ("ဒီအော်ရာကြီးက သတ်ဖြတ်ခြင်းသွေးဆာခြင်းကြီး မ..မဟုတ်ဘူးလား...... ") ("လိ....ပဲပေါ့ တပ်မှုးးးးဖလက်ရေ ခင်ဗျားတော့ လူမှားပြီ ဗျ") ဂျိတ်ကိုဝန်းရံထားသောစစ်သည်တော်များသည် သူ တို့၏တပ်မှူးဖလက်ကိုစိတ်ထဲမှ ကျိန်ဆဲနေကြသည်။ ထိုအော်ရာထုတ်လွင့်သည်နဲ့ ဂျိတ်ကိုဝန်းရံထားသောစစ်သည် တစ်ထောင်သာ မက အစောင့်နှစ်ယောက်နဲ့ ဖလက်တို့အုပ်စုပါ ထူးဆန်းသောအပြုမှုများဖြစ်လာကြ ကုန်သည်။ ("သူက ဘယ်သူလဲဟ") ဒီတစ်ခါတော့ ဖလက်တို့အုပ်စုလည်း အကြောက်တရားဆို တာဘာလဲ ဆိုသောအရာကိုကောင်း ကောင်းကြီးခံစားလိုက် ကြရသည်။ ("ဒီ....ဒီအော်ရာအရဆိုရင် သူကဘယ်နှယောက်တောင်သတ် ထားတာလဲဟ") ဂျိတ်သည် သွေးနတ်ဘုရား'(သတ်ဖြတ်ခြင်းနတ်ဘုရားရှီ ယန်)၏အော်ရာကို ပြန်လည်ထုတ်လွင့်ထားပြန်သည်လည်း ဖြစ်သည်။ယခုချိန်၌ သူ၏အော်ရာသည် ဘုရင်ကြီးတစ်ပါး သဖွယ်လွမ်းမိုးထားသည်။ ယခုချိန်၌ဂျိတ်၏အော်ရာသက်ရောက်မှုကြောင့် လူတိုင်း ကျောက်ရုပ်ကြီးပမာငြိမ်သက်နေကြသည်။သူတို့သည် ယခု အချိန်၌ အဖြစ်ချင်ဆုံးဆန္ဒကိုပြောရလျှင် ဂျိတ်၏ရှေ့မှ ပြေး ထွက်ချင်ကြသည်ဖြစ်သည်။ သို့သော် ဂျိတ်၏အော်ရာသက်ရောက်မှုကိုသူတို့လုံးဝမ မျှော်မှန်းမမျှော်လင့်မိခဲ့သည်မှာအမှန်ဖြစ်သည်။အော်ရာ အစွမ်းကြောင့် မလှုပ်ရှားနိုင်သော်လည်း စိတ်ထဲရင်ထဲ၌လုံးဝ အလွန်မင်းထိတ်လန့်နေကြသည်ဖြစ်သည်။ တစ်ယောက်တည်း၏အော်ရာဖြင့် လူတစ်ထောင်ကိုဖိနှိပ်ထား ခြင်းမျိုးက သူတို့တစ်ခါမှမမြင်ထူးမကြားဖူးခဲ့ပေ။ထိုအော် ရာအရ ဆိုလျှင် ဂျိတ်သတ်ခဲ့သောလူအရေတွက်ကို သူတို့ခန့် မှန်းမိလိုက်ကြသည်။ခန့်မှန်းပြီးသော အခါ သူတို့အားလုံး သေချင်စိတ်များပေါ်ပေါက်လာလေသည်။ထိုအော်ရာအရဆို လျှင် မမျှော်မှန်းနိုင်သော ပမာဏအထိသတ်ထားမှသာ ရ နိုင်သည်ဖြစ်သည်။ "အော်မေ့နေလို့ မင်းတို့နှစ်ယောက်မပါဘူး" အစောင့်နှစ်ယောက်ဘက်ကို လက်တစ်ချက်ဝှေ့ယမ်းလိုက် သည်။ထိုအခါမှ အစောင့်နှစ်ယောက်သည် ဖိအား၏အောက် မှလွတ်မြောက်သွားကြသည်။ "ကျေးဇူးပါ ဆရာ" အစောင့်နှစ်ယောက် ချက်ချင်းပင်ကျေးဇူးတင်လိုက်ကြ သည်။အစောင့်နှစ်ယောက်အား ဂျိတ်လွတ်ပေးပြီးသည်နဲ့ ဖ လက်တို့အုပ်စုကို ပြန်လည်အာရုံစိုက်လိုက်သည်။ "ကြည့်ရတာ မင်းတို့ကခုခံနိုင်သေးတယ်ထင်တယ် ဒူး ထောက်ရမယ်" "ဒုတ်" ထိုစကားဆုံးသည် နဲ့ ဖလက်အပါဝင်လူတိုင်း ဒူးထောက်သွား ကြသည်။မထောက်၍မရသောအခြေနေရှိလေသည်။ အကယ်၍ ဒူးမထောက်ပါက မထောက်သောသူသည် အော် ရာ၏အကျိုးသက်ရောက်မှုနှစ်ဆကိုပိုမိုခံစားရသည် ဖြစ်သည်။ "အိ....." ဂျိတ်ကိုဝန်းရံထားသော စစ်သည်များသွေးပျက်ခြောက်ခြား နေပြီဖြစ်သည်။ထိုသို့လူထူးဆန်းက အဘယ်ကြောင့်သူတို့ တပ်ထဲဝင်လာရသနည်းကိုသူတို့လည်းသိဟန်မတူကြ။တပ်မှုး ဖလက်ကြောင့်သာ သူတို့ခံစားနေကြသည်ကိုသာသိသည်။ "အရှင်ဂျိတ် ဘာလာလုပ်တာလဲ" စစ်သူကြီးအယ်ဖာ ဂျိတ်ကိုလှမ်းမြင်၍ အဝေးကပင်အော်ခေါ် နှုတ်ဆက်သည်။ထိုအခါဂျိတ်သည် သူ၏အော်ရာထုတ်လွင့် ထားမှုကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ ထိုအခါမှ စစ်သည်တစ်ထောင်လုံးနဲ့ ဖလက်တို့အုပ်စုသည် မြေပြင်ပေါ်သို့ပျော့ခွေစွာပစ်လဲသွားကြလေသည်။ "သူတို့က အရှင်ဂျိတ်ကိုနှောင့်ယှက်သေးလား" ထိုမြင်ကွင်းကြောင့် အယ်ဖာက ဂျိတ်ကိုမေးမြန်းသည်။ဒီလို အခြေနေကို သူလည်းကြုံတွေ့ဖူးသည်။ယခင်ကဂျိတ်၏အော် ရာထုတ်လွင့်မှုကြောင့် သူကိုယ်တိုင်လည်း အတော်ခံစားလိုက် ရသည် မဟုတ်ပါလား။ "သူတို့က စိတ်ဓာတ်စစ်ဆင်ရေးအကွက်ဘယ်လိုသုံးရလဲ ဆို တာပြခိုင်းလို့ပြပေးနေတာ" ထိုစကားနဲ့ပင် အယ်ဖာသဘောပေါက်လိုက်ပြီဖြစ်သည်။ဂျိတ် ကို သွားပြီးစသောကြောင့် ပြန်လည်တုံပြန်လိုက်ခြင်းဖြစ်ရာ စစ်သည်များထိုသို့လဲကျနေရခြင်းဖြစ်သည်။ "ကျနော်နောက်နေလိုက်ခဲ့ပါ ကျနော်တပ်အကြောင်းပြောပြပါ မယ်" "ကောင်းပြီ လမ်းပြပါ" ဂျိတ်လည်း အယ်ဖာနောက်သို့လိုက်သွားလိုက်သည်။ "နတ်ဘုရားကြီး သွားပြီ တော်သေးတာပေါ့စစ်သူကြီးအယ်ဖာ သာမလာရင် ငါတို့သေကုန်ပြီလားပဲ" "အေးဟ" စစ်သည်များသည် သူတို့ရှေ့ခပ်ဝေးဝေးတွင်ရောက်နေသော လူ၏ကျောကိုကြည့်ကာ အလွန်အမင်းကြောက်လန့်နေကြ လေသည်။ "တောက်" ဖလက်ကတော့ ဂျိတ်ကိုလုံးဝမကျေနပ်သည့်အမူရာဖြစ် နေသည်။ သူ၏စိတ်ထဲတွင်လည်း ဂျိတ်ကိုလုံးဝလက်စားချင် စိတ်များက တဖွားဖွားဖြစ်ပေါ်နေလေသည်။

(95)စတင်တိုက်ခိုက်ခြင်း

ဂျိတ်တပ်ထဲသို့ သွားလိုက်ပြီးနောက်တစ်နာရီအချိန်၌ လူ တစ်စုသည် ဂျိတ်၏အိမ်သို့ရောက်ရှိလာကြလေသည်။ထိုလူ များသည် တစ်ဆယ့်သုံးယောက်မျှရှိလေသည်။ သူတို့၏ခေါင်းဆောင်ဖြစ်သူကတော့ တခြားလူမဟုတ်စုန်းမ အိုကြီးသာဖြစ်သည်။သူမသည် ဂျိတ်အိမ်သို့များစွာသော တာဝန်များဖြင့်ရောက်ရှိလာခြင်းဖြစ်သည်။ အယ်လီနာကိုပြန်ခေါ်သွားရန် ခွေးကိုအရှင်ဖမ်းခေါ်လာရန်နဲ့ အသက်ရေစင်ကိုရှာဖွေယူဆောင်လာရန်တို့ဖြစ်သည်။ ထိုလူတစ်စုသည် စုရုံးစုရုံးဖြင့် ရောက်ရှိလာကြ သော်ငြားလည်း သူတို့အားတစ်စုံတစ်ယောက်ကမျှ သတိမ ထားဟန်မတူ။ထို့ကြောင့် သူတို့လူစုသည် ဂျိတ်အိမ်ထဲသို့ ပင် ရောက်ရှိလာကြလေသည်။ ထိုလူစုများသည် ဘလက်အဖွဲ့မှလူများဖြစ်ကြောင်းပြောစရာ မလိုတော့ပေ။အကယ်၍လည်း ဘလက်အဖွဲ့မှလူများကိုမြင် ပါကလည်း မြင်သောသူများက မမြင်ချင်ယောင်ဆောင်ကာ ရှောင်ကွင်းသွားကြမည်ဖြစ်သောကြောင့် သူတို့ အုပ်စုကလုံး ဝကြောက်လန့်နေခြင်းမရှိခြင်းလည်းဖြစ်ပေသည်။ "ရေအိုးပဲ" ခေါင်းဆောင်ဖြစ်သူမှ ရေအိုးကိုလက်ညိုးထိုးပြလိုက်သည်။ ကျန်သောအဖွဲ့သားများကလည်း ခေါင်းဆောင်ညွှန်ရာ ရေအိုးထံပြေးသွားလိုက်ကြသည်။ "ခေါင်းဆောင် ဒီရေအိုးထဲမှာခေါင်းဆောင်ပြောတဲ့ရေတွေရှိ နေပါတယ်" သူတို့ရေအိုးကိုစစ်ဆေးကြည့်တော့ ခေါင်းဆောင်ပြောသလို ပင်အသက်စမ်းရေများကိုသူတို့တွေ့ရှိခဲ့ကြသည်။ "ဟုတ်တယ်ဆိုရင် မင်းတို့က ရေအိုးလိုက် မှလာခဲ့ကြ" "ဟုတ်" ခေါင်းဆောင်ခိုင်းသည့်အတိုင်း သူတို့လည်းလုပ်ဆောင်လိုက် ကြသည်။ ဆယ်မိနစ်...ဆယ့်ငါးမိနစ် အထိမျှကြာသွားလေ သည်။ ကြာတော့ စုန်းမအိုကြီးစိတ်မရှည်လာတော့ပေ။ "ရေအိုးလေးမှ တာတောင် ဘာလို့အဲ့လောက်ကြာနေကြတာ လဲဟ" စုန်းမအိုကြီး ဆူပူငေါက်ငမ်းလိုက်သည်။ "ဒီ...ဒီရေအိုးက လေးတယ်ခေါင်းဆောင်" စုန်းမအိုကြီး ကြည့်လိုက်တော့ သူမ၏လူသုံးယောက်က ရေအိုးလေးတစ်လုံးကို မနည်းဝိုင်းမှ နေကြောင်းတွေ့ရလေ သည်။ သာမန်အနေနဲ့ ရေအိုးကို လူသုံးယောက်ဝိုင်းမှ နေသည်ကိုမြင်မည်ဆိုပါက ထိုလူသုံးယောက်သည် အလွန် ပင်အင်အားနည်းကြောင်းထင်မြင်ကြရမည်ဖြစ်သည်။ ယခုမှနေသော လူသုံးယောက်သည် ရွှေအဆင့်နှစ်သောလူ များဖြစ်ကြသည်။ဆယ့်နှစ်ယောက်လုံးသည် ရွှေအဆင့်နှစ် များဖြစ်ကြပြီး သူတို့၏ခွန်အားသည် နွားရိုင်းကြီးအကောင် ငါးဆယ်ကို အသာလေးမှနိုင်သည်။ သို့သော် ထိုမျှလောက်ခွန်အားကြီးသောကောင်များက ရေအိုး မှမနိုင်ဟုဆိုသောကြောင့် စုန်းမအိုကြီးလည်း သူကိုယ်တိုင် ပင်ဝင်ရောက်မှ ကြည့်သည်။ ပလက်တီနမ်အဆင့်၏ခွန်အားသည် လွန်စွာကြီးမားသည်။ ကျားရဲအကောင်ရေ ငါးဆယ်အထိမှနိုင်သောခွန်အားသည် စုန်းမအိုကြီးတွင်ရှိသည်။ထိုအားဖြင့် စုန်းမအိုကြီး စတင်မှ ကြည့်သည်။ "ကြွလာစမ်း...ကဲကွာ" ငါးမိနစ်ကြာသော်လည်း ရေအိုးကမူလအတိုင်းသာရှိနေသော ကြောင့် စုန်းမအိုကြီးလက်လျော့လိုက်သည်။သည်ရေအိုး သည် အဘယ်ကြောင့် လေးလံနေရသနည်းဆိုသည်ကို သူမ လည်းနားမလည်နိုင်အောင်ဖြစ်နေသည်။ "ရေအိုးမှမရင် ရေခပ်ပြီးယူလို့ရလားစမ်းကြည့်ကြ" "ဟုတ်ကဲ့ပါ" ကျန်သောသူများကလည်းခေါင်းဆောင်အမိန့်အတိုင်း လုပ်ဆောင်ကြလေသည်။ရေအိုးကိုသာ မှ၍မရ သော်ငြားလည်း ရေကိုခပ်၍ရကြောင်းသူတို့ သိရှိလိုက်ကြ သည်။ထို့ကြောင့် အသင့်ပါလာ သောဘူးသီးခြောက်များကို ထုတ်လိုက်ကြသည်။ထို့နောက်မှ ရေအိုးထဲမှရေများကို ဘူး သီးခြောက်ထဲသို့ပြောင်းထည့်လိုက်ကြသည်။ "မင်းတို့တွေထည့်လို့ပြီးပြီလား" ထိုအသံကြောင့် ရေထည့်နေကြသော ဘလက်အဖွဲ့သားများ လည်း ထိတ်လန့်သွားကြသည်။အာရုံတစ်ခုတည်းရောက်နေစ ဥ် နောက်မှထွက်ပေါ်လာသောအသံကြောင့် ထိတ်လန့်သွား ခြင်းလည်းဖြစ်သည်။ထိုထိတ်လန့်မှုကြောင့် ထည့်နေသော ရေဘူးသီး​ခြောက်ဘူးများလည်း လွတ်ကျသွားသည်။ လွတ်ကျသွားမှုကြောင့် ရေထည့်ထားသောဘူးသီးခြောက် များသည် ကွဲကျ ကုန်သည်။ "တောက်" စုန်းမအိုကြီး လွန်စွာဒေါသထွက်သွားသည်။အဖိုးတန်သော ရေထည့်ထားသော ဘူးက သူတို့နှောက်ယှက်မှုကြောင့် ကျကွဲ ကုန်သည်ဖြစ်သည်။ စုန်းမအိုကြီးလှမ်းကြည့်လိုက်တော့ လူငါးယောက်နဲ့ခွေးတစ် ကောင်ကိုမြင်တွေ့လိုက်ရသည်။ "နင်တို့တွေသေချင်တာလား" စုန်းမအိုကြီးလှမ်းပြောလိုက်သည်။ "ခင်ဗျာကိုပဲ ကျုပ်တို့က လက်စားချေပြီးသတ်မှာပါစုန်းမအို ကြီး" ထိုစကားကြောင့် စုန်းမအိုကြီး သေချာစူးစိုက်စွာကြည့်သည်။ "အော် လက်စသတ်တော့ငါ့လမ်းမှာလာရှုပ်တဲ့ ပေါက်စန အကောင်လေးတွေထဲကကို နင်တို့ကောင်တွေက ကံကောင်း ပြီးအသက်ရှင်နေတာကို အခုလိုအာခံရဲတယ်ပေါ့လေ" စုန်းမအိုကြီး၏ပြောကြားမှုကြောင့် ပိစ်တို့အလွန်မင်းဒေါသ ထွက်လာကြသည်။မိမိတို့၏သွေးသောက်ညီကိုများကို ပုရွက်ဆိတ်သဖွယ်သတ်ဖြတ်သွားသော စုန်းမအိုကြီးက ယခု လိုပြောသည်ကိုကြားရသောအခါ ထိန်းသိမ်း၍မရအောင် ဒေါသထွက်လာကြလေသည်။ "သားကြီးတို့ တိုက်မယ်." "ဘလက်အဖွဲ့သားများ သူတို့ကိုသတ်ပြီးမှရေဆက်ထည့် တော့" "ဟုတ်" တခနအတွင်း၌ လူတစ်စုသည် တစ်ဦးနဲ့တစ်ဦးသတ်ဖြတ်ရန် အတွက် မျက်နှာချင်းဆိုင်နေရာယူလိုက်ကြပြီဖြစ်သည်။

(96)သွေးကြွေးကလဲ့စား

တိုက်ပွဲကား ချက်ချင်းဆိုသလိုပင်စတင်လိုက်ပြီဖြစ်သည်။ တစ်ဖက်က လူငါးယောက်နဲ့ခွေးတစ်ကောင်ဖြစ်ကာ ကျန် တစ်ဖက်ကတော့ ဆယ့်သုံးဆယ့်သုံးယောက် ဘလက်အဖွဲ့ ကြီးဖြစ်သည်။ ပိစ်တို့ငါးယောက်ကလည်း ဓားမြောင်ကိုယ်စီကိုင်ဆောင်ထား ကာ တစ်ဖက်က ဘလက်အဖွဲ့သားနှစ်ယောက်ကတော့ အရိုး ရှည်ဓားများကိုင်ဆောင်ထားကြသည်။ ဆယ့်နှစ်ယောက်နဲ့ငါးယောက်၏တိုက်ပွဲက စတင်လိုက်ပြီ ဖြစ်သည်။တစ်ဖက်က လူအင်အားများကာ တစ်ဖက်ကတော့ လူအင်အားနည်းပါးသည်။သို့သော် စတင်တိုက်ခိုက်သည်နဲ့ ငါးယောက်ဘက်မှလူများ ဆယ့်နှစ်ယောက်သော အဖွဲ့ကိုနိုင် အောင်ထိန်းသိမ်းတိုက်ခိုက် နိုင်သည်ကိုတွေ့ရလေသည်။ မတိုက်သေးပဲ ကျန်နေသူကတော့ စုန်းမအိုကြီးသာဖြစ်သည်။ သူသည် တစ်ဖက်ကခွေးကို အသေချာစိုက်ကြည့်နေသည်။ မျက်လုံးပင်ကျွတ်ကျမတတ်သောအကြည့်မျိုးဖြင့်ဆိုလျှင် ပို၍ပင်မှန်ကန်ပေလိမ့်မည်။ "ဒီစောက်ခွေးကတော့" စုန်းမအိုကြီး ဒေါသထွက်စွာပြောလိုက်သည်။ သူ ဒေါသမထွက်ပဲ မနေနိုင် ။သူသက်တမ်းတစ်လျှောက်ခွေး လိုက်၍ပြေးရသည်က ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ထို အဖြစ်ပျက်ကိုခေါင်းဆောင်ဖြစ်သူကို တင်ပြတော့ ခေါင်းဆောင်ပင် နားကြားမှားသည် ထင်ကာသုံးကြိမ်တိုင် တိုင်ပင် သူအား မေးမြန်းခဲ့သည်။ထိုအဖြစ်ပျက်ကြောင့် သူမဒေါသထွက်မိဆဲ ပြန်တွေးတိုင်း လည်းစိတ်တိုနေရသည်ဖြစ်သည်။ "အာ...ဝု..ဝု." ခွေးမိုက်ကယ်ကတော့ စုန်းမအိုကြီးကို အဖက်မလုပ်သော ဟန်ဖြင့် အာသမ်းပြသည်။ထိုပုံစံကြောင့် စုန်းမအို ကြီး၏ဒေါသ သည်ငယ်ထိပ်သို့ဆောင်တက်သွားလေသည်။ "ငါ...မင်းကိုသတ်မယ်ပြီးတော့ နုတ်နုတ်စင်းပြီး ခွေးသား ဟင်းချိုသောက်ပစ်မယ်" စုန်းမအိုကြီး ခွေးကိုစတင်တိုက်ခိုက်သည်။စုန်းမအိုကြီး စတင်တိုက်ခိုက်သည်နဲ့ ခွေးမိုက်ကယ်၏အမူရာလည်း ချက်ချင်းပြောင်းလဲသွားသည်။ဂရုမစိုက်သော အမူရာမှ ချက်ချင်းပင် ရန်သူအားသတိထားစောင့်ကြည့်အကဲခတ် သော အမူရာသို့ပြောင်းလဲသွားသည်။ စုန်းမအိုကြီးစတင်တိုက်ခိုက်သည်နဲ့ မိုက်ကယ်၏ကိုယ်ခန္ဓာ သည်လည်း စတင်ပြောင်းလဲသွားသည်။စုန်းမအိုကြီး၏အဆ င့်နဲ့ဆိုလျှင် သူ့အနေဖြင့် သွေးမျိုးဆက်​နိုးထမှသာ ယှဥ်ပြိုင် နိုင်မည်ဖြစ်သည်။ ပလက်တီနမ်အဆင့်၏အမြန်နှုန်းကလည်း မြန်ဆန်လှသည်။ ထိုနည်းတူ သွေးမျိုးဆက်နှိုးဆော်ထားသော ခွေးမိုက်ကယ် ကလည်းမြန်ဆန်နေသည်။ ကြောင်နဲ့ကြွက်ကဲ့သို့ပင် စုန်းမအိုကြီးကလိုက်ဖမ်းလိုက် ခွေး မိုက်ကယ်ကပြေးလိုက်နဲ့ဖြစ်လေသည်။စိန်ပြေးတမ်းလိုက် တမ်းကစား သလိုပင်ဖြစ်သည်။ စုန်းမအိုကြီးက ခွေးမိုက်ကယ်ကိုလိုက်ဖမ်းနေချိန်တွင် ငါး ယောက်နဲ့ဆယ့်နှစ်ယောက်က တိုက်ခိုက်နေကြဆဲဖြစ်သည်။ ငါးယောက်အဖွဲ့က ဓားမြောင်ဖြင့် အေးဆေးတည်ငြိမ်စွာ တိုက်ခိုက်နေသလို ဘလက်အဖွဲ့သား ကတော့ လောနေသည် ဖြစ်သည်။ သူတို့သည် လူအင်အားများသလို လက်နက်ကလည်း အသာစီးရပါလျက်နဲ့ ယခုချိန်ထိတစ်ဖက်ကလူကိုမသတ်ဖြတ် နိုင်ခြင်းအပေါ် ဒေါသထွက်နေကြသည်။ သူတို့၏အရိုးရှည်ဓားသွားများက တစ်ဖက်သား၏ဓားမြောင် ကြောင့် တိုက်ကွက်များပျက်လေလေပိုမိုဒေါသထွက်လေလေ ဖြစ်သည်။စုန်းမအိုကြီး၏ဆူပူမူများခံစားထာယရသော သူ တို့သည် သူတို့၏ဒေါသကို ငါးယောက်သောအဖွဲ့ကိုသတ်ဖြတ် ခြင်းဖြင့် ဖြေဖျောက်ပစ်လိုကြသည်။ "ကဲ ညီကိုတို့ စကြမယ်လား." "ဒါပေါ့" ပိစ်တို့ငါးယောက်အချင်းချင်းပြောဆိုလိုက်ကြသည်။သူတို့ငါး ယောက်၏ပြောစကားကို ဘလက်အဖွဲ့သားများနားလည်နိုင် ခြင်းမရှိပေ။ "ဒိန်း" ပိစ်တို့ငါးယောက်သဘောတူပြီးသည်နဲ့ သူတို့၏ကိုယ်ခန္ဓာ အော်ရာများက ပြောင်းလဲပေါက်ကွဲလာသည်။ထိုအခါမှသူတို့ ပြောသောစကားကို ဘလက်အဖွဲ့သားများသဘောပေါက်လာ သည်။ ရွှေအဆင့်တစ်မှ ဆင့်ကဲဆိုးတက်သွားကြသည်။နှစ် သုံး....လေး စသည်ဖြင့် သူတို့ငါးယောက်၏အော်ရာသည် တက်ပြီးမှရပ်တန့်သွားသည်။ ရွှေအဆင့်ငါး... ထိုမြင်ကွင်းကြောင့် ဘလက်အဖွဲ့သားများ တုန်လှုပ်သွားကြ သည်။မိမိတို့နဲ့ချစဥ်က သူတို့ငါးယောက်၏အော်ရာသည် ရွှေ အဆင့်တစ်သာဖြစ်သည်။ယခုအခါ၌ သူတို့၏အဆင့်သည် ရွှေအဆင့်ငါးဖြစ်လာသည်။သူတို့ငါးယောက်သည် နဂိုတည်း က အဆင့်ကိုဖုန်းကွယ်ထားသောလူများဖြစ်ကြောင်းရိပ်မိလာ သည်။ အဆင့်မြင့်လာသည်နဲ့ပိုမိုအစွမ်းထက်လာလေသည်။ ထို့အတူ အဆင့်တက်ရန်လည်းလွန်စွာ ခက်ခဲသည်။အဆင့်မြင့်လာ လေ အဆင့်ငယ်များကိုနိုင်ရန်ပိုမိုလွယ်ကူလာလေဖြစ်သည်။ ပိစ်တို့ငါးယောက် သည် ဂျိတ်ထံမှအသက်ရေစင်ကိုအဝ သောက်သုံးခွင့်ရသောအကျိုးကျေးဇူးကြောင့် ထိုသို့အဆင့် များခုန်တက်သွားရခြင်းလည်းဖြစ်သည်။ထို့ကြောင့်လည်း သူတို့ငါးယောက်သည် ရွှေအဆင့်ငါးထိမြန်ဆန်စွာ တက် ရောက်သွားနိုင်ခြင်းလည်းဖြစ်သည်။ သို့သော် သူတို့ငါးယောက်သည် အသက်ရေစင်သောက်သုံး မည်ဆိုပါက အကျိုးသက်ရောက်မူရှိမည်မဟုတ်တော့ပေ။ အသက်ရေစင်၏အကျိုးသက်ရောက်မှုသည် သူတို့ငါး ယောက်အပေါ်ဆက်လက်အကျုံးမဝင်သောကြောင့် ဖြစ်သည်။ လူအင်အားအသာစီး လက်နက်အသာစီးရရာမှ ယခုအခါ၌ဘ လက်အဖွဲ့ သည် ကျားနဲ့တိုးသော ခွေးပေါက်လေးပမာ ဖြစ် သွားသည်။ "စလိုက်ကြစို့" ချက်ချင်းဆိုသလိုပင် ပိစ်တို့ငါးယောက်သည် ပျောက်ကွယ် သွားကြသည်။ သူတို့ငါးယောက်၏မြန်ဆန်မှုကြောင့် ဘလက်အဖွဲ့သားများ လန့်သွားကြရသည်။ရွှေအဆင့်ငါး တစ်​ယောက်၏မြန်ဆန် မှုသည် ထိုမျှမြန်ဆန်သည်ဟု သူတို့မမြင်ဖူးသောကြောင့် ဖြစ်သည်။ သူတို့ဘလက်အဖွဲ့တွင်ရှိသော ရွှေအဆင့်ငါး ၏အမြန်နှုန်း သည် ထိုမျှမြန်ဆန်သည်ဟု မမြင်ခဲ့ဘူးပေ။ယခုပိစ်တို့အမြန် နှုန်းအတိုင်းသာ ဆိုလျှင် ပိစ်တို့၏အမြန်နှုန်း သည် ရွှေအဆင့် ရှစ်.ကိုး၏အမြန်နှုန်းနီးနီးရောက်ရှိနေပြီဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာလည်း အသက်ရေစင်၏အစွမ်းပင်ဖြစ် လေသည်။အသက်ရေစင်သည် အသက်ကိုရှည်စေခြင်း အသက်ဓာတ်ပြည့်ဝစေသောကြောင့်အဆင့်ကိုတက်စေ နိုင်သည်။ကုန်ဆုံးသွားသော အားများကိုလည်း ခေတ္တ အတွင်းပြန်လည်ဖြည့်စီးပေးသည်။ ကိုယ်တွင်းရှိအဆိပ်တောက်များလည်းဖယ်ရှားသောကြောင့် ကိုယ်လှုပ်ရှားမှုမြန်ဆန်လာစေသည်။သူ၏အကျိုး သက်ရောက်မှုကလည်းအကန့်သတ် ရှိလေသည်။များစွာ သောက်သုံးပါက အသက်ရေစင်သည်အကျုံးဝင်ခြင်းရှိတော့ မည်မဟုတ်ပေ။ "မြန်ဆန်စွာသတ်ဖြတ်ခြင်း" ပြောဆိုပြီးသည်နဲ့ ပိစ်တို့ငါးယောက်၏ပုံရိပ်သည် အလွန်တရာမြန်ဆန်လှပေသည်။ထိုမြန်ဆန်သောလှုပ်ရှားမှု ကြောင့် ဘလက်အဖွဲ့သားများ ကြောင်တောင်တောင်ရပ်တန့် နေကြသည်။ပိစ်တို့၏လက်ထဲမှ ဓားမြောင်များကလည်း လျင်မြန်သွက်လက်စွာ အလှည့်ပြောင်း များဖြင့် လှုပ်ရှား နေသည်။ "အင့်.....အင့်....အင့်.....အင့်....အင့်..." ထိုမျှသာအသံထွက်လာကာ လူများလဲကျသွားလေသည်။ လဲကျသွားသူတော့ စုစုပေါင်းဆယ့်နှစ်ယောက်ဖြစ်လေသည်။ ပြောရလျှင် ဘလက်အဖွဲ့သားများကျဆုံးကုန်ခြင်းပင် ဖြစ်သည်။ ထိုအခါမှ ပိစ်တို့ငါးယောက်သည် မြန်ဆန်စွာလှုပ်စွာရာမှ ရပ် တန့်လိုက်ကြသည်။ချက်ချင်းပင် သူတို့အိတ်ထဲမှ ကျန်ရှိနေ သေးသော အသက်ရေစင်ကိုသောက်သုံးလိုက်ကြသည်။သူ တို့ငါးယောက်သုံးလိုက်သော အကွက်သည် အလွန်ပင် စွမ်းအင်ကုန်ခမ်းမှုများပြားသည်။ထို့ကြောင့် သူတို့ထိုတိုက် ကွက်သုံးပြီးသောကိုယ်တွင်းချာကရာတစ်ဝက်မျှကုန်ဆုံးသွား ရသည်။ သေဆုံးနေသော ဘလက်အဖွဲ့သားကိုသေချာကြည့်မည်ဆိုပါ က သေကွင်းသေကွက်များတိုက်ခိုက်ခံရကာသေကြရသည် ကို မြင်ရမည်ဖြစ်သည်။နှလုံး ဦးခေါင်း လည်မျို စသည့် သေကွင်းသေကွက်များ၏သေးငယ်သော ဓားမြောင်အရာ လေးများကရှိနေသည်။ထိုသေးငယ်သော နေရာများ၌ သွေး များစို့နေသည်ကိုလည်းမြင်ရမည်ဖြစ်သည်။ထို့ကြောင့်လည်း အသံတစ်ချက်သာ ထွက်နိုင်ကာ သေကြရခြင်းဖြစ်သည်။ ကုန်ဆုံးသွားသောချာကရာအင်အားကို အသက်ရေစင်ဖြင့် ပြန်လည်ဖြည့်တင်းလိုက်ကြသည်။ထို့နောက် ခွေးဖမ်းနေ သော စုန်းမအိုကြီးကို မူတည်ကာကြည့်လိုက်ကြသည်။ သူတို့ညီကိုများအတွက် သွေးကြွေးကလဲ့စားပြန်လည် လက်စားချေရမှုတော့မည်ဖြစ်သည်။

All Chapters