← Chapters

အခန်း (၉၇-၉၉)

Vol. 7 Ch. 97-99

အခန်း (၉၇-၉၉)

Vol. 7 Ch. 97-99

(97)အဆုံးသတ်ကြတာပေါ့

ပိစ်တို့ငါးယောက် ဘလက်အဖွဲ့သားများကိုသုတ်သင်ပြီး သောအခါမှာပင် စုန်းမအိုကြီးလိုက်၍ပြေးလွှားနေသော ခွေး မိုက်ကယ်သည် ပြေးလွှားနေရာမှ ရပ်တန့်လိုက်သည်။ထိုအခါ တွင် နောက်မှလိုက်နေသောစုန်းမအိုကြီး လည်း ရပ်တန့်လိုက် သည်။ ခွေးရပ်တန့်မှုကြောင့် စုန်းမအိုကြီးသည်အနည်းငယ်စဥ်းစား လိုက်သည်။အဘယ်ကြောင့် ထိုခွေးသည်ရပ်တန့်လိုက်ရသ နည်း။.ယခင်အကွက်များပြန်လည်ထုတ်သုံးလေသလား။ ယခင်ကခွေးထုတ်သော အကွက်ကြောင့် စုန်းမအိုကြီးသည် အသက်ရှင်စေရန်အတွက်ပြေးလွှားခဲ့ရသည်။ "နေပါဦး အသံတွေတိတ်သွားပါလား" သတိပြန်ရပြီး ဘေးဘီဝဲယာကိုပြန်လည်ကြည့်ရှုမိသည်။ ထိုအခါမှ စုန်းမအိုကြီးအကြောင်းရင်းကိုသိရှိလိုက်ပြီ ဖြစ်သည်။သူ၏အဖွဲ့သားများသည် သေဆုံးနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။သူ၏အဖွဲ့သားများ သေဆုံးခြင်းနဲ့အတူ ပိစ်တို့ငါးယောက်၏စစ်သည်အဆင့်များ ကိုလည်းတွေ့လိုက်ရသည်။ "မင်းတို့ငါ့ကို အရူးလုပ်တယ်ပေါ့လေ" စုန်းမအိုကြီးအလွန်အမင်းဒေါသထွက်သွားသည်။ပိစ်တို့ငါး ယောက်သည် ယခင်ကရွှေအဆင့်တစ်၌သာရှိရာ သူ၏အဖွဲ့ သားများနဲ့သာချခိုင်းပြီး သူကိုယ်တိုင်ကတော့ ခွေးကိုလိုက်ဖမ်းနေခြင်းဖြစ်သည်။ ခွေးကသူကို အချိန်ဆွဲစေပြီး သကောင့်သား ငါးယောက်က သူတို့အဆင့်များကိုဖုံးကွယ်ပြီး သူအဖွဲ့သားများကို သတ်ဖြတ် ခဲ့သည်။သူတို့၏အကြံစည်အောက်တွင် ကျရောက်ခဲ့ရ ကြောင်း ပြန်လည်စဥ်းစားမိသောအခါ စုန်းမအိုကြီး ထိန်းသိမ်းမရလောက်အောင် ဒေါသထွက်လာသည်။ သူ၏ထိန်းသိမ်းမရသော ဒေါသနဲ့အတူ သူ၏ကိုယ်ပေါ်မှာ ချာ ကရာများထွက်ပေါ်လာလေသည်။ပလက်တီနမ်အဆ င့်၏အစွမ်းအားလွန်စွာ ပြင်းထန်လှလေသည်။ ထိုထွက်ပေါ်လာသောစွမ်းအားများကြောင့် အဝေး၌ရပ်နေ သောပိစ်တို့အုပ်စုပင် သူ၏စွမ်းအားများကိုခံစားမိသည်။ "တော်တော်များပြားတဲ့အစွမ်းတွေပဲ" ပိစ်တို့ စုန်းမအိုကြီးထံမှထွက်ပေါ်လာသော ဖိအားများကို ခံစားမိသည်။ခွေးမိုက်ကယ်ကလည်း ခေါင်းညိတ်ကြသည်။ သူလည်းထောက်ခံကြောင်း ပြသည်။ "အခုပဲ နင်တို့ကိုချက်ချင်းသတ်ပစ်မယ်" ဝုန်းးးးးးးးးးးးးးးးးးးးးး စုန်းမအိုကြီး ချက်ချင်းပင်အရှိန်ဖြင့်ပြေးထွက်လာသည်။သူ အရှိန်ဖြင့်ပြေးထွက်လာပြီး ပိစ်တို့ထံပြေးဝင်သည်။သူ၏ချွန် ထက်နေသောလက်သည်းများဖြင့် ပိစ်တို့ကိုဝင်ခုတ်လိုက် သည်။ထိုလက်သည်းများတွင်လည်း အဆိပ်များသုတ်လိမ်း ထားသည်။ထိုအဆိပ်များကလည်း ထိမိသည်နဲ့ နာကျင်မှု ပြင်းထန်ပြီးသေဆုံးစေမည်ဖြစ်သည်။ ထိုလက်သည်းများသည် ယခင်ကပိစ်တို့အုပ်စုကိုသတ်ဖြတ်ခဲ့ ဖူးသည်။ယခုလည်းထိုလက်သည်းများဖြင့် ပြန်လည် သတ်ဖြတ်ရန်ကြိုးပမ်းအားထုတ်လိုက်သည်။ "လက်သည်းအပျောက်ကုတ်ချက်" "ဒီအာရုံအရ" ပိစ်တို့ငါးယောက်ချက်ချင်းပင် ရှောင်တိမ်းလိုက်ကြသည်။ "ဝီး" သူတို့ချက်ချင်း ရှောင်တိမ်းလိုက်ပြီးသည်နဲ့ လက်သည်းခုတ် ချက်က ကျရောက်လာသည်။သူတို့ ငါးယောက် ကွန်မန်ဒါကို ကျေးဇူးတင်လိုက်ကြသည်။ ကွန်မန်ဒါသင်ကြားပေးမှုကြောင့်သာ ပလက်တီနမ်အဆင့်ရှိ စုန်းမအိုကြီး၏လက်သည်းကုတ်ချက်ကို ရှောင်တိမ်းနိုင်ကြ ခြင်းဖြစ်သည်။ကွန်မန်ဒါကြောင့် မဟုတ်လျှင် သူတို့သည်စုန်း မအ်ိုကြီးကိုလက်စားချေရန်ဆိုသည်မှာ အတွေးတစ်ခုသာသာ မျှသာဖြစ်နိုင်သည်။ထို့ပြင် စုန်းမအိုကြီး၏လက်သည်းဖြင့် အသက်ပျောက်နေမည်ဖြစ်သည်။ ."ဟင့်" စုန်းမအိုကြီး တစ်ချက်မျှတွန့်သွားသည်။မလေက်လေးမ လောက်စား ကောင်များက သူ၏လက်စွဲတော်တိုက်ကွက် အချက်ဖြင့် သုံးပြီးချတာတောင် မသေသွားသောကြောင့် ဖြစ်သည်။ပလက်တီနမ်နဲ့ရွှေအဆင့်တို့သည် အဆင့်ကြီးတစ် ဆင့်မျှ ကွာခြားနေသော်လည်း သူတို့ငါးယောက်က ရှောင်တိမ်းနိုင်ကြသည်။ "စုန်းမအိုကြီး ဒါမြည်းစမ်း" "ဝှီး" သေးငယ်လှသော အပ်ပျံများက လေထဲ၌ဝဲပျံလာသည်။ "ငပျော့လေးတွေကများ" စုန်းမအ်ိုပြောဆိုပြီး သူ၏လက်ဝှေ့ယမ်းလိုက်သည်။ဝှေ့ယမ်း လိုက်သည်နဲ့ ချာကရာအကာကွယ်တစ်ခုပေါ်လာပြီး သူထံ ပျံသန်းလာသော အပ်များကိုတားဆီးလိုက်သည်။အကာကွယ် ကြောင့် အပ်များသည်လည်း မြေပေါ်သို့ပြုတ်ကျသွားသည်။ ကျား....... လူငါးယောက်ပေါင်း ပြီးစုန်းမအိုကြီးကို ဝိုင်းဝန်းတိုက်ခိုက် လိုက်ကြသည်။ရွှေအဆင့်လုပ်ကြံသူငါးယောက်ကြောင့် စုန်းမအိုကြီး အနည်းငယ်ပြာယာခတ်သွားသည်။ ရွှေအဆင့်ငါးယောက်ကြောင့် စုန်းမအိုကြီး ဖိအားများသည် မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။စုန်းမအိုမှ တိုက်လျှင် ပိစ် တို့ငါးယောက်မှ ရှောင်တိမ်းလိုက်... ငါးယောက်ပေါင်းတိုက် လျှင် စုန်းမအိုကြီးမှပြန်လည်ခုခံလိုက်နဲ့ အ​ခြေတင်ဖြစ် နေသည်။ "ငါ့အလှည့်" စုန်းမအိုကြီးသည်ချက်ချင်းပင် သူ၏အားကိုးရဆုံးသော လက်သည်းကုတ်ချက်များဖြင့် ပြန်လည်တိုက်ခိုက်သည်။ "ရွှီး"............. တစ်ဆက်တည်းလေးချက်ကုတ်ချက် ချပစ်လိုက်သည်။ .ထန်... ပိစ်သူ့ထံ ရောက်လာသော လက်သည်းကုတ်ချက်သုံးချက်ကို ရအောင်ရှောင်တိမ်းလိုက်သည်။နောက်ဆုံးတစ်ချက်ကိုတော့ ရှောင်တိမ်းနိုင်ခြင်းမရှိရာ လက်ထဲမှ ဓားမြောင်ဖြင့် ကာကွယ် ခုခံလိုက်သည်။ ထိုခုခံကာကွယ်မှုကြောင့် စုန်းမအိုကြီး အနည်းအံအားမြင် သက်သွားသည်။ အဆင့်တစ်ဆင့်ကြီးကွာခြားနေသည်ကို တောင် တစ်ဖက်က ငပျော့ကောင်က သူ၏ကုတ်ချက်များကို ရှောင်တိမ်းနိုင်ယုံတင်မက ခုခံကာကွယ်နိုင်သောကြောင့် ဖြစ်သည်။ ."ကျား" စုန်းမအိုကြီးနောက်မှ ကျန်သောလူလေးယောက်က ဘွားခနဲ ပေါ်လာကာ စုန်းမအိုကြီးကို ဓားမြောင်ဖြင့်တိုက်ခိုက်လိုက်ကြ သည်။ "ဟင့် " စုန်းမအိုကြီး သူ၏ချာကရာများဖြင့်အကာကွယ်လုပ်ကာ ခုခံ လိုက်သည်။ "ခရက်...." "ဟင်. စုန်းမအိုကြီး ထိတ်လန့်သွားသည်။ရွှေအဆင့်ငါးလုပ်ကြံ သူများ၏ဓားမြောင်များက ပလက်တီနမ်အဆင့်၏အကာ ကွယ်ကို ဖောက်နိုင်သောကြောင့်ဖြစ်သည်။ချာကရာအကာ ကွယ်ကြီးက ရွှေလုပ်ကြံသူများ၏ဓားမြောင်ကြောင့် အက်ကွဲ သွားသည်ဖြစ်သည်။ "ဂီး" နောက်ထပ်ထွက်ပေါ်လာသောအသံကြောင့် စုန်းမအိုကြီး အလွန်မင်းထိတ်လန့်သွားရသည်။ ခွေးမိုက်ကယ်သည် ယခင်လိုနီမြန်းနေသောမျက်လုံး ချွန် ထက်နေသော ခြေသည်း လက်သည်းအစွယ်များဖြင့် စုန်းမ အိုကြီးထံခုန်ဝင်လာသည်။လူငါးယောက်ကိုတစ်ပြိုင်တည်း ခုခံကာကွယ်နေရသည့်ကြားထဲ ခွေးကဝင်ရောက်တိုက်ခိုက် လိုက်သည်။ထို့ကြောင့် နဂိုက အက်ကွဲနေသောချာကရာ အကာကွယ်ကြီး သည်လုံးဝကွဲ သွားတော့သည်။ ချာကရာအကာကွယ်အက်ကွဲသွားသည်နဲ့ ခွေး၏ချွန်ထက်လှ သော လက်သည်းများသည် စုန်းမအိုကြီးကျောသို့ကုတ်ချ လိုက်သည်။ "အား" စုန်းမအိုကြီး အော်ကြွေးလိုက်ရသည်။ခွေး၏လက်သည်း များကြောင့် သူ၏ကျောဖက်သည် စုတ်ပြဲခံလိုက်ရကာ သွေး များဖြာခနဲ ကျဆင်းလာလေသည်။ "မင်းတို့......" စုန်းမအိုကြီး၏မျက်လုံးများသည် လုံးဝနီရဲနေသလို ဒေါသ လည်းလွန်စွာထွက်နေသည်။သူ၏ အမုန်းသည် လုံးဝဖြေ လျော့ ၍မရနိုင်သော အခြေနေရှိလေသည်။ ရွှေလုပ်ကြံသူများနဲ့ခွေးကြောင့် သူသည် သွေးထွက်သည် အထိဒဏ်ရာရရှိခဲ့သည်။ထို့ကြောင့် သူသည် ခေါင်းဆောင် ကြီး ပေးသောဆေးလုံးကို သောက်သုံးလိုက်သည်။ "အဆုံးသတ်ကြတာပေါ့"

(98)စုန်းမအို၏သေခြင်း

စုန်းမအိုကြီး ဆေးလုံးကိုမြိုချလိုက်သည်။ထိုဆေးလုံးသည် စုန်းမအိုကြီးပါးစပ်ထဲရောက်သည့်ခဏနအတွင်း အရည် ပျော်သွားသည်။ထို့နောက်သူ၏တစ်ကိုယ်လုံးကို ဆေးအစွမ်း များက ပြန့်နှံသွားလေသည်။ထိုဆေးအစွမ်းများပြန့်နှံသွား သည်နဲ့ စုန်းမအိုကြီး၏အမူရာမှာပြောင်းလဲသွားသည်။ "သတိထားကြ" ပိစ်တို့လူငါးယောက်သတိထားလိုက်ကြသည်။သူတို့ငါး ယောက်သာ သတိထားခြင်းမဟုတ် ခွေးမိုက်ကယ်ပါ သတိထားနေခြင်းဖြစ်သည်။သူ၏သွေးမျိုးဆက်အစွမ်းမှာ လည်း အကန့်သတ်ရှိရာ မကြာသောအချိန်တွင် သွေး မျိုးဆက်အစွမ်းအသုံးပြုရာမှပြန်လည်အနားယူရမည် ဖြစ်သည်။ "ဟီး...ဟီး...ဟီး.." စုန်းမအိုကြီး၏အမူရာသည် လွန်စွာပျော်ရွှင်နေပုံရှိသည်။ ဆေးအစွမ်းကြောင့် ယခုအချိန်၌သူ၏အစွမ်းသည် နှစ်ဆ ဖြစ်လာပြီဖြစ်သည်။သူ၏တစ်ကိုယ်လုံးကအစွမ်းများမြင့် တက်လာမူနဲ့ အတူနီမြန်းနေသည်။ ဤသည်မှာလည်းဆေး၏အစွမ်းပင်ဖြစ်သည်။အစွမ်းကို ခေတ္တ အတွင်းဆိုးတက်စေသောအစွမ်းရှိသလို ဆိုးကျိုး လည်းရှိသည်။ဆိုးကျိုးမှာ သုံးစွဲပြီးပါက အသေချာအကျန အနားယူရမည်ဖြစ်သည်။သို့မဟုတ်ပါက သွေးကြောများပြတ် တောက်သွားပြီး သေနိုင်သည်ဖြစ်သည်။ "မင်းတို့ကိုသတ်ပြီးရင်တော့လုံးဝတန်တယ်" ကြောက်မက်ဖွယ်ကောင်းသော မျက်နှာဘေးဖြင့် စုန်းမအို ကြီးသည် ပိစ်တို့အုပ်စုကိုကြည့်ကာ ပြေးထွက်လိုက်သည်.။ "ဒုန်း" မြန်ဆန်လှသောအရှိန်ဖြင့် စုန်းမအိုကြီးပြေးထွက်သွားသည်။ ယခုချိန်၌သူ၏အရှိန်သည် ပလက်တီနမ်အဆင့်ရှစ်နီးနီး ရောက်ရှိနေပြီဖြစ်သည်။ "မြန်မြန်ကာကွယ်ကြ" ပိစ်တို့ချက်ချင်းလှုပ်ရှားသည်။သူတို့လုပ်ဆောင်လိုက်သည် ကတော့ အကာကွယ်တစ်ခုဖြစ်သည်။သူတို့၏လက်ထဲမှဓား မြောင်ငါးချောင်းကို သူတို့ရှေ့ထံသို့ညွန်ပြလိုက်သည်။ထိိုသို့ ညွှန်ပြရာမှာ ထိုဓားမြောင်များမှာ ချာကရာများထွက်ပေါ်လာ ကာ အကာကွယ်တစ်ခုဖြစ်ပေါ်လာသည်။ "ဓားမြောင်ငါးလက်အကာကွယ်" ထိုချာကရာဖြင့်ကာကွယ်ထားသော အကာကွယ်ကိုသူတို့ ကိုယ်တိုင်ကြံဆမှုဖြင့်ရရှိလာခြင်းဖြစ်သည်။အကာ ကွယ်၏အသွင်ပြင်သည် ကြီးမားသောဓားမြောင်ငါးချောင်း ကိုအဝိုင်းသဖွယ်လှုပ်ထားသည်နဲ့တူလေသည်။ သူတို့ငါးယောက်ထွက်ပြေးခြင်းမရှိပဲ အကာကွယ်လုပ်ကာ ရင်ဆိုင်လိုက်သည်။ထွက်ပြေးမည်ဆိုရအောင်လည်း ပလက်တီနမ်အဆင့်ရှိလူလက်မှ သူတို့လွတ်မြောက်အောင် ထွက်ပြေးနိုင်မည်မဟုတ်ပေ။ထိုကြောင့် ထွက်ပြေးခြင်းမပြုပဲ ရင်ဆိုင်ကာကွယ်လိုက်ခြင်းလည်းဖြစ်သည်။ "ငနာတွေသေပေတော့ မဟူရာလက်သည်းကုတ်ချက်" စုန်းမအိုကြီးသူ၏လက်သည်းဖြင့် ဓားမြောင်ငါးလက်အကာ ကွယ်ကိုလှမ်းကုတ်လိုက်သည်။စုန်းမအိုကြီးကုတ်ဟန်ပြုလိုက် ရာ လက်သည်းသဏ္ဏ န်ချာကရာပုံရိပ်ကြီးထွက်ပေါ်လာ သည်။စွမ်းအင်များပြားမှန်း ခရမ်းရောင်ချာကရာများက သက်သေပြသနေသည်။ ခရမ်းရောင်သန်းနေသော စုန်းမအိုကြီး၏လက်သည်းသဏ္ ဏန်ချာကရာများသည် ထိုဓားမြောင်ငါးလက်အကာကွယ်သို့ တည့်မတ်စွာ သွားသည်။လက်သည်းသဏ္ဏ န်ချာကရာ များသည် ဓားမြောင်အကာကွယ်သို့တိုက်ခိုက်တော့သည်။ "ခရက်..." ဓားမြောင်ငါးလက်အကာကွယ်ကြီးက ချက်ချင်းဆိုသလို အက်ရာများထလာလေသည်။ထိုအဖြစ်ကြောင့် ပိစ်တို့ငါး ယောက်လန့်သွားကြသည်။ ထိုသို့ဖြစ်ရခြင်းသည် လက်သည်းချာကရာ၏အစွန်းလေး၏အစွမ်းပင်ဖြစ်သည်။ ထို့နောက်လက်သည်းချာကရာက ဓားမြောင်ငါးလက်အကာ ကွယ်ကို ဆက်တိုက်ထိုးဖောက်တော့သည်။ "ခလွမ်း" ဓားမြောင်ငါးလက်အကာကွယ်က ဖျက်စီးသွားပြီးကျန်ရှိနေ သေးသော လက်သည်းချာကရာများက ပိစ်တို့ငါးယောက်ကို ထိမှန်သည်။ "အား.......အင့်" "ဝေါ့" ထိုလက်သည်းချာကရာများထိမှန်ခံရမှုကြောင့် ပိစ်တို့ငါး ယောက်လုံးလွင့်စင်ထွက်ကာ သွေးများအန်လိုက်ကြရသည်။ သူတို့ငါးယောက်ပြန်လည်ထပါသော်လည်း ကိုယ်ခန္ဓာ ပြင်းထန်စွာထိခိုက်ထားရာ ပြန်လည်ထနိုင်ခြင်းမရှိတော့ပေ။ "ငနာလေးတွေက အသက်ပြင်းတယ်ကော" စုန်းမအိုကြီး အနည်းငယ်အံသြ နေသည်။သူ၏အစွမ်းကို ရွှေ အဆင့်ငါးယောက်က အကာကွယ်လုပ်ပြီးခုခံရာ မသေပဲရှင် နေသေးသောကြောင့်ဖြစ်သည်။ "မင်းတို့ကိုမသေသေးတော့လဲ အခုပဲ ရှင်းလိုက်တော့တာ ပေါ့" စုန်းမအိုကြီး သူ၏လက်သည်းကိုမြောက်လိုက်သည်။ ထို့နောက် ပိစ်တို့ငါး​ယောက်ကို သေချာကြည့်လိုက်သည်။ "သေလိုက်ကြတော့" သူမ၏လက်သည်းဖြင့် ပိစ်တို့ငါးယောက်ကိုကုတ်ချလိုက် သည်။ "ထန်" "အို......" "ဟင်" အို အသံထွက်သွားသူက စုန်းမအိုကြီးဖြစ်သည်။သူမ၏လက် သည်းများက အလွန်တရာမာကြောသောအရာကို ထိမိနေသည် ဟုခံစားသောကြောင့်ဖြစ်သည်။ ဟင် ဟုအသံထွက်သူက ပိစ်တို့ငါးယောက်ဖြစ်သည်။စုန်းမအို ကြီးလက်သည်းကြောင့် သူတို့မသေရသေးသောကြောင့် ဖြစ်သည်။ဘာများ ဖြစ်နေတာလဲ" စုန်းမအိုကြီးကြည့်လိုက်တော့ သံလိုအကောင်က သူ၏လက်သည်းကိုဆက်လက်မထိုးဖောက်နိုင်အောင် လုပ်ဆောင်ထားမှန်းတွေ့လိုက်ရသည်။ ထိုသူ၏ကိုယ်သည် သူ၏လက်သည်းများမဖြတ်တောက်နိုင် အောင်ဖြစ်နေရာ အလွန်မာကျောကြောင်းပြောနိုင်လေသည်။ သူ၏ကိုယ်ခန္ဓာသည် တစ်မူထူးခြားနေရာ လူသားတော့မဖြစ် နိုင်မှန်း စုန်းမအိုကြီးအတတ်ပြောနိုင်သည်။ "ဝိုက်တီ" သူတို့ကိုကယ်တင်သူမှာ ဝိုက်တီဖြစ်ကြောင်း သိလိုက်ကြရာ ပိ စ်တို့အလွန်ဝမ်းသာသွားသည်။ဂျိတ်ရဲ့အနီးနားရှိနေသော အရာတိုင်းသည် သာမန်မဟုတ်ကြရာ သူတို့ယနေ့တော့ အသက်ရှင်ပြီဟုတွက်ဆလိုက်ကြသည်.။ "နင်ဖယ်စမ်း သူတို့ကိုငါသတ်မှာ မင်းမှမဖယ်ရင် မင်းကိုပါငါ သတ်မယ်" စုန်းမအိုကြီးဒေါသကြီးစွာအော်ဟစ်သည်။ "မရဘူးမဖယ်ပေးနိုင်ဘူး စားသုံးသူတွေကို အန္တရာယ်ပြုလို့မ ရပါဘူး" ဝိုက်တီမှဖြေကြားသည်။ ထိုအခါမှ မိမိတို့သည် ယခင်အချိန်များ၌ စျေးကြီးပေးစား သောက်ရသည်က ယခုချိန်၌အသက်ကိုကာကွယ်ပေးနေ ကြောင်း ပိစ်တို့သဘောပေါက်လိုက်ကြသည်။ "မဖယ်ပေးတော့မင်းလဲ သေပေတော့" စုန်းမအိုကြီး၏လက်သည်းကုတ်ခြင်းတိုက်ကွက်​ဖြင့် ဝိုက်တီကိုတိုက်ခိုက်လိုက်သည်။ထိုတိုက်ကွက်၌ စုန်းမအိုကြီး သည် သူ၏အစွမ်း80%အထိကို အသုံးပြုထားပြီးဖြစ်သည်။ ထို့ကြောင့် သူ၏တိုက်ကွက်သည်အလွန်ပြင်းထန်ကြောင်း ပြောစရာမလိုတော့ပေ။ ထိုတိုက်ကွက်သာ မြေပြင်ကိုတိုက်ခိုက်ပါကများစွာ နက်ရှိုင်းသော ကြီးမားသောလက်သည်းရာကြီးကို ဖြစ်ပေါ် စေမည်ဖြစ်သည်။ "ထန်" "မ....မ.......မဖြစ်နိုင်ဘူး" စုန်းမအိုကြီးရူးသွပ်မတက်ဖြစ်သွားသည်။သူ၏အစွမ်းများ စွာသုံးထားသောတိုက်ကွက်က ဝိုက်တီကို ခြစ်ရာလေးပင်မ ထင်သောကြောင့်ဖြစ်သည်။ "ရန်သူ သတ်ဖြတ်မည့်အရိပ်ယောင်ကိုတွေ့လိုက်သည် ရန်သူ ကိုစတင်ရှင်းလင်းမည်" ဝိုက်တီ၏မျက်လုံးများသည် အနီရောင်အဖြစ်ပြောင်းလဲသွား သည်။ ထိုပြောင်းလဲသွားမှုကြောင့် စုန်းမအိုကြီးသည် ဝိုက်တီကိုလန့် သွားသည်။သူ၏တိုက်ခိုက်မှုကြောင့် ဘာမှမဖြစ်သည်ကိုတွေး ရင်း ပြန်လည်သတိရကြောက်လန့်ကာ ထွက်ပြေးတော့သည်။ သူ၏စစ်သည်အဆင့်ကြောင့် ချက်ချင်းပင် အတော်တန်ဝေး ရာသို့ရောက်ရှိသွားသည်။ "စည်းမျဥ်း အရ သတ်ဖြတ်လိုစိတ်ဖြင့် အန္တရာယ်ပြုသောလူ သည် လက်တုံပြန်ခြင်းခံစားရမည်" ဝိုက်တီသည် ထိုသို့ဆိုလိုက်ပြီး သူ၏လက်ကို လေထဲ၌ဆုပ် ဟန်ပြုလိုက်သည်။ "အား" "မ...မဖြစ်နိုင်ဘူး" ဝိုက်တီလေထဲဆုပ်ဟန်ပြုသည်နဲ့ ဝိုက်တီ၏လက်ထဒသို့ စုန်းမအိုကြီး ပြန်လည်ရောက်ရှိလာသည်။ စုန်းမအိုကြီးသည် အလွန်မင်းထိတ်လန့်သွားသည်။အလွန် ဝေးကွာအောင်ပြေးပြီးသည် ဖြစ်သော်ငြားလည်း ရုတ်ချင်း ဆိုလို ဝိုက်တီ၏လက်ထဲသို့ သူသည် ပြန်ရောက်နေသည် ဖြစ်သည်။ "လေဟာနယ်ဖမ်းယူခြင်း" ပိစ်တို့စိတ်ထဲအော်မိလိုက်သည်။ထိုသို့လုပ်နိုင်သောသူသည် ဒ ဏ္ဏာရီထဲ၌သာရှိသည်ကို ယခုချိန်၌သူတို့မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ "စည်းမျဥ်းအရလက်တုံပြန်မယ်" ဝိုက်တီပြောဆိုပြီး စုန်းမအိုကြီး၏ခေါင်းကိုသူ၏လက်ဖြင့် ဖိ ချေလိုက်သည်။ "ဖြောင်း" ယခုချိန်မှစ၍စုန်းမအိုကြီးသည် လူ့လောကမှနှုတ်ဆက်သွားရ ပြီဖြစ်သည်။

(99)

ဂရိတ်စစ်တပ်နေရာ၌...... စစ်သူကြီးအယ်ဖာသည် ဂျိတ်အား သေချာရှင်းပြပေး နေသည်။စစ်သူကြီးအယ်ဖာရှင်းလင်းပြသမှုကြောင့် ဂျိတ် လည်း ဂရိတ်စစ်တပ်၏အကြောင်းရာများကို သိရှိလာရ သည်။ထိုဂရိတ်စစ်တပ်သည် လုံးဝကြီးကျစ်လစ်သိပ်သည်း သော စစ်တပ်ကြီးတစ်ခုတော့မဟုတ်သော်ငြားလည်း စည်း စနစ်ကျသောစစ်တပ်ဟုတော့ ဆိုနိုင်သည်။ ထိုသို့ တောင့်တင်းသောကြောင့်လည်း ဂရိတ်စစ်တပ်သည် ဆာဗေ့တို့နဲ့တိုက်ခိုက်ရာ၌ လက်ရည်အသာစီးတိုက်ခိုက်နိုင် ခြင်းဖြစ်သည်။ထို့ပြင် နိုင်ငံအဆင့်လေးရှိနိုင်ငံဖြစ်ရာ ထိုမျှ သောစစ်တပ်ရှိထားခြင်းလည်းဖြစ်သည်။ "ဒါတွေကတော့ ကျနော်သိထားတာတွေအကုန်ပါပဲ" စစ်သူကြီးအယ်ဖာမှဂျိတ်အား ရိုသေစွာပြောကြားသည်။ စစ်သူကြီး အယ်ဖာပြောသည်ကို ဂျိတ်ကခေါင်းညိတ်ကာ အသိမှတ်ပြုလေသည်။ထိုအခါ အယ်ဖာသည်လည်း ဂျိ တ်၏အသိမှတ်ပြုမှုကြောင့် ဝမ်းသာ သွားသည်။ "သူကဘယ်သူတုန်းဟ" "ငါလဲ မသိဘူး" စစ်တပ်ထဲရှိ စစ်သည်တော်များ အနည်းငယ်အံသြနေကြ သည်။စစ်သးကြီး အယ်ဖာသည် စစ်တပ်ထဲ၌ ဓား အရာ၌ကျွမ်းကျင်သူဟု လူသိများသည်။ထိုလိုစစ်သူကြီးက ယခုမှတပ်ထဲဝင်ဖူးသော ဂျိတ်ကို ခ ခယ ယ ပြောဆိုနေသည် ကိုတွေ့နေသောအခါ သူတို့အနေ​ဖြင့်ဂျိတ်ကို အမြင်ကတ် မိသည်မှာအမှန်ပင်​ဖြစ်သည်။ သို့သော် စစ်သည်တော်များက ဂျိတ်ကိုပြန်လည်ပြောဆိုနိုင် ခြင်းမရှိပေ။စစ်သူကြီးတစ်ယောက်လုံးက ဂျိတ်ကိုရိုသေစွာ ဆက်ဆံနေရာ ထိုသူ၏နောက်ခံသို့မဟုတ် ခွန်အားသည် အလွန်ကြီးမားမည်ဟုတော့ခန့်မှန်းတွက်ချက်လိုက်ကြသည်။ ဂျိတ်ပင် ဂရိတ်နိုင်ငံ၏စစ်တပ်အကြောင်းကိုသိရှိလာသည်။ ကျန်သောဂရိတ် နိုင်ငံ၏အကြောင်းကိုပင် ပြန်လည် တွေးတောဆက်စပ်မိသည်။ ဂရိတ်နိုင်ငံသည် နိုင်ငံအဆင့်လေးရှိသောနိုင်ငံဖြစ်သည်။လူ ဦးရေမှာ သုံးသန်းခန့်ရှိသည်။အဓိကဒေသကြီးသုံးခုဖြင့် ဂရိတ်နိုင်ငံကို ဖွဲ့စည်းထားသည်။လက်ရှိဘုရင်သည် ပလက်တီနမ်အဆင့်တစ်ဖြစ်ကာ ဂရိတ်နိုင်ငံ၌အဆင့်အမြင့် ဆုံးဖြစ်သည်။ဂရိတ်နိုင်ငံ၏စစ်အင်အားသည် အမြဲတမ်း လေးသိန်းရှိသည်။ နန်းတွင်းတပ်အင်အားသည် ငါးသောင်းရှိကာ သီးသန့်ဖြစ် သောတပ်ဖွဲ့ဖြစ်သည်။စစ်သူကြီးများသည် စစ်တပ်ကို ထိန်းချုပ်နိုင်ကာ နန်းတွင်းတပ်ကိုတော့ ဘုရင်မင်း မြတ်၏တိုက်ရိုက်အမိန့်ဖြင့် အုပ်ချုပ်သည်။ စစ်ပွဲဖြစ်၍လိုအပ်ပါက တိုင်းသူပြည်သားများထဲမှ အရေး ပေါ်စစ်မှုထမ်းစေမည်ဖြစ်သည်။စစ်မှုထမ်းခြင်းမှ မသန်စွမ်း သောသူ ကိုယ်လက်ချို့ယွင်းသောသူများသာ စစ်မှုထမ်းခြင်း မှ လွတ်ကင်းမည်ဖြစ်သည်။ တိုင်းပြည်၏အဓိက စီးပွားရေးမှာ ဂျုံစိုက်ခင်းများဖြစ်သည်။ မြင်းနှင့်သိုးစသော တိရစ္ဆာန်များလည်း ရောင်းဝယ်ဖောက်ကားကြသည်။ကိုးကွယ်ယုံကြည်မှုသည် ဘုရင်ကိုကိုးကွယ်ကြသည်။ဘုရင်သည် ပြည်သူတို့၏နတ် ဘုရားသာဖြစ်သည်။ ထိုထဲတွင် ဂျိတ်ကတော့သီးခြားလူသာ ဖြစ်သည်။ "အရှင်ဂျိတ် ပွဲကစပါတော့မယ်" "ကောင်းပြီ" အယ်ဖာပြောမှုကြောင့် ဂျိတ်ကလည်း ခေါင်းညိတ်ကာလက်ခံ လိုက်သည်။ပွဲကျင်းပမည့်နေရာသည် ကြီးမားကျယ်ပြန့်သော စစ်ကွင်းပြင်ကြီးသာဖြစ်သည်။ ယခုပွဲသည် ဒေသသုံးခုမှစစ်သည်တော်များ၏အရည်ချင်းကို စစ်ဆေးသော ပွဲလည်းဖြစ်သလို ဒေသ သုံးခု၏မည်သည့် တပ်ကပိုမိုကောင်းမွန်ကြောင်း ထုတ်ဖော်နိုင်သော ပွဲလည်း ဖြစ်သည်။ ယခုပွဲ၌ ပထမရရှိသော အဖွဲ့သည် ကျန်သောတပ် များထက် ထောက်ပံမှုပိုမိုရရှိမည်ဖြစ်ရာ ရေကုန်ရေခမ်း ကြိုးစားပြီးယှဥ်ပြိုင်ကြမည်ဖြစ်သည်။ ဒေသကြီးသုံးခုမှ ကိုယ်စားပြုအနေဖြင့် တစ်ဖွဲ့လျှင်စစ်သည် တော်အယောက်နှစ်ရာပါဝင်သည်။ထို့ကြောင့် သုံးဖွဲ့ပေါင်း ခြောက်ရာယှဥ်ပြိုင်မည်ဖြစ်သည်။ ထိုအယောက်ခြောက်ရာသည် မျိုးစုံသောပြိုင်ပွဲကိုယှဥ်ပြိုင် ရ မည်ဖြစ်သည်။ ထို့ကြောင့် ယှဥ်ပြိုင်မည့် ဒေသ သုံးခုကိုယ်စားပြုအဖွဲ့ များသည် စစ်ကွင်းပြင်၌နေရာယူအသင့်ပြင်ထားကြသည်။ ဂျိတ်ကို အယ်ဖာမှ ပွဲကြည့်ရှူရမည့်နေရာသို့ ခေါ်ဆောင်သွား သည်။ထိုနေရာသည် စစ်ရေးပြရာကိုကောင်းစွာကြည့်ရှုနိုင် သောနေရာတစ်ခုလည်း ဖြစ်သလို စစ်သူကြီးများသာထိုင်နိုင် သောအကြီးကဲများသည် ထိုင်နိုင်သောနေရာထိုင်ခင်းများ လည်းဖြစ်သည်။ "အရှင်ဂျိတ် ထိုင်ပါ" "ကောင်းပြီ" ဂျိတ်လည်း အယ်ဖာပြောပြီးသည်နဲ့ နေရာထိုင်ခင်းတစ်ခု ရွေးချယ်ကာ ထိုင်ချလိုက်သည်။ထိုသို့ထိုင်လိုက်မှုကြောင့် စစ် ကွင်းပြင်၌ရောက်ရှိကုန်ကြသော တပ်များ၏အာရုံစိုက်ခြင်း ကို ခံလိုက်ရသည်။ ရှူး.... "ဟဒီကောင်သေချင်နေတာလား ဘာလားဟ" "ဒီတစ်ခါတော့ဒီကောင်လုံးဝမောက်မာလွန်းသွားပြီကွ" ဟုတ်ပေသည်။စစ်သည်တော်များလှုပ်လှုပ်ရှားရှားဒေါသ ထွက်ရလောက်အောင်ဂျိတ်ဖန်တီးလိုက်ပေသည်။ ဒါကတော့ ဘုရင်ကြီး ၏နေရာကိုရွေးချယ်ထိုင်ထားသောကြောင့် ဖြစ်သည်။ "ဟ" အယ်ဖာလည်း အနည်းငယ်အံအားသင့်သွားသည်။သို့သော် ချက်ချင်းပင် ပြန်လည်တည်​ငြိမ်သွားသည်။ဂျိတ်အနေနဲ့ ဘုရင်နေရာ၌ထိုင်ခြင်းသည် လုံးဝပြသနာမရှိပေ။ဂျိတ်အနေ နဲ့ သူအလိုရှိသောနေရာ၌ထိုင်ချင်ပါက ထိုင်နိုင်စွမ်းရှိသည်ဟု အယ်ထာလက်ခံထားသည်။ဤသည်မှာ အယ်ဖာသည်ဂျိတ်ကို လုံးဝအကြွင်းမဲ့ယုံကြည်ကြောင်း သံသယဖွယ်မရှိတော့ပေ။ "စစ်သူကြီးများကြွလာပြီ" သတင်းပေးသောစစ်သည်တော်အသံကြောင့် စစ်ကွင်းပြင်ထဲ ရှိစစ်သည်တော်များသည် ချက်ချင်းဆိုသလို မိမိတို့၏စစ် အမူရာအနေထားဖြင့် ရပ်တန့်လိုက်ကြသည်။ထို့နောက် ကျယ် လောင်စွာအော်ဟစ်လိုက်ကြသည်။ "ကြီးမားပြီး အစွမ်းထက်လှသောနိုင်ငံဂုဏ်ဆောင်စစ်သူကြီး များကို ကြိုဆိုပါတယ်" စစ်သူကြီးငါးယောက်နဲ့အဓိကစစ်သူကြီး နန်းတွင်းတပ်မှုး များသည် ဂုဏ်ယူစွာလျှောက်လမ်းလာကြသည်။သူတို့အား လေးစားစွာအရိုသေပေးသော စစ်သည်တော်များကိုလည်း ပြန်လည်နှုတ်ဆက်ပြသ သည်။သူတို့အုပ်စု ထိုင်ရန်အလုပ်မှာ တော့ သူတို့၏မျက်နှာသည်ပြာနှမ်းသွားကြသည်။ သူတို့မမြင်ဖူးသော လူစိမ်းကဘုရင်မင်းမြတ်၏ခုံပေါ်၌ထိုင် နေသောကြောင့်ပင်ဖြစ်သည်။ "မင်းဘာလို့ဒီခုံပေါ်ထိုင်ရဲရတာလဲပြောစမ်း" ပြောလိုက်သူက နန်းတွင်းတပ်မှုးမက်စ်ပင်ဖြစ်သည်။သူသည် ယခင်ကတည်းက ဂျိတ်နဲ့ကမ္ဘမကြေသောရန်ငြိုးများရှိကြ သည်။ယခု ပြန်လည်တွေ့ကြရာ၌ စတင်ပြန်လည် စောင်းမြောင်းပြောအပြစ်တင်သည်။ "ဒီခုံကပဲ ငါထိုင်ဖို့တန်တယ်ထင်တယ် ငါထိုင်လိုက်တာ မင်းက ဘာတွေဖြစ်နေတာလဲ" ခပ်အေးအေးပြန်ဖြေသောဂျိတ်ကြောင့် မက်စ်သာမဟုတ် နောက်ကရှိသောစစ်သူကြီးများပါ ဒေါသထွက်သွားကြသည်။ "တော်ကြပါတော့ ကိုယ်နေရာကိုယ်ထိုင်ကြပါ" အသံထွက်ပေါ်လာကို ကြည့်တော့အယ်ဖာဖြစ်နေကြောင်းသူ တို့တွေ့လိုက်ရလေသည်။ "အယ်ဖာမင်းစောစောရောက်ရဲ့သားနဲ့ ဘာလို့သူ့ကိုဒီကနေမ ဖယ်ခိုင်းတာလဲ" စစ်သူကြီးများက စောဒကတက်ကြသည်။အယ်ဖာလည်း ဖြေးညင်းစွာပြောလိုက်သည်။ "ကျနော်မှာ သူ့ကိုအဲ့လိုပြောနိုင်တဲ့ အခွင့်အာဏာမရှိဘူး" စစ်သူကြီးများအနည်းငယ် အံအားသင့်သွားသည်။ထိုလူ သည် ဘယ်သူမို့လို့ထိိုသို့ထိုင်ရဲသနည်း။ ထိုစဥ်........ "ဘုရင်ကြီးကြွချီလာပြီ" ထိုအသံကြောင့်မက်စ်နဲ့စစ်သူကြီးများ ပျော်ရွှင်သွားသည်။ ဘုရင်လာရင် ဂျိတ်ဖြစ်ပျက်သွားမည့်အထိတ်လန့်အမူရာကို သူတို့မြင်ချင်နေပြီဖြစ်သည်။ ထိုအချိန်တွင် ဂျိတ်သည်ဆက်ပြီး လိမ်ညာမရနိုင်ကြောင်း သူ တို့တွေးတောထားကြသည်။

All Chapters