အခန်း (၁၀၀-၁၀၂)
Vol. 7 Ch. 100-102
(100)အရှိန်ဝါပြသခြင်း
ဘုရင်ကြီးကြွလာသည်ဟူသောသတင်းကြောင့် စစ်သည် တော်များ၏အာရုံများသည် ဂျိတ်ထံသို့ပိုမိုရောက်လာကြ သည်။သူတို့၏ဘုရင်ကြီးသည် တိုင်းပြည်၌အကြမ်းဆုံးသော အစွမ်းအထက်ဆုံးဟုသူတို့လက်ခံထားသောကြောင့် ဖြစ်သည်။သူမည်မျှပင် မောက်မာနေပါစေ ဘုရင်ကြီးကို တော့ သူကြောက်ရမည်ဟုစစ်သည်တော်များက ထင်မှတ် ထားသည်။ ("ဒီတစ်ခါ သူခံရမဲ့အလှည့်ပဲကွ ဘယ်လိုဖြစ်သွားမယ်ဆိုတာ ငါတို့ကြည့်ရတော့မှာကွ") ဒီလိုပျော်ရွှင်စွာတွေးနေကြသူကတော့ ဂျိတ်ကို ရန်စဖူးသော ဖလက်ပင်ဖြစ်သည်။ဂျိတ်ကို ဘုရင်ကြီးပညာပြသည်ကို လွန်စွာကြည့်ရှုချင်နေလေသည်။ဒါမှသာ ဂျိတ်ကသူတို့အပေါ် ဖိအားဖြင့် ဖိနှိပ်ခဲ့သည်ကို အကြွေးပြန်လည်ရယူနိုင်မည် ဖြစ်သည်။ ဂရိတ်ဘုရင်ကြီးသည် ခမ်းနားထည်ဝါစွာ ဖြင့်လျှောက်လမ်း လာခဲ့သည်။ သူလျှောက်လမ်းလာသည်နဲ့ စစ်ကွင်းပြင်၌ရှိကြ ကုန်သောစစ်သည်တော်များက အရိုပြုကြ ကုန်သည်။ စစ်သူကြီးပါမကျန် ဂရိတ်ဘုရင်လာသည်ဖြစ်သောကြောင့် အ ရိုသေပေးကြရသည်။ ဘုရင်ကြီးသည် သူ့အားအရိုသေပြုသောသူများကို ကြည့်ကာ စိတ်ချမ်းသာမိသည်။သူ့အားအလေးမပြုသောသူတွေ့ရ၍ အနည်းငယ်တော့စိတ်ထင့်သွားသည်။ ("ငါလာတာတောင် အလေးမပြုဘူး ပြီးတော့ငါ့နေရာလဲထိုင် ထားသေးတယ်") ဘုရင်ကြီးအနည်းငယ်တင်းသွားသည်။ ("နေပါဦး လခွမ်း သူလားးးဟ") ဘုရင်ကြီးငိုပင်ငိုချင်သွားသည်။ သူနေရာတွင်ထိုင်နေသော သူကို သူမသိဘဲ နေမည်လား။သူပလက်တီနမ်အဆင့်ရောက် စဥ်တွင် သူ့အားတစ်ချက်တည်းဖြင့်တီးခဲ့သော လူငယ်လေး ကို သူ့အနေနဲ့ မေ့ပစ်ဖို့ကခက်ခဲသော ကိစ္စတစ်ခုပင်ဖြစ်လေ သည်။ ဂျိတ်ကိုပြန်တွေ့သည်နဲ့ သူ၏ခံစားရဖူးသောကြောက်မက် ဖွယ်ဝေဒ နာများက ပြန်လည်ထကြွလာသည်ဟုခံစားမိသည်။ ("နေပါဦး ဖိတ်စာကမနေ့ကမှပို့တာလေ ဒါဆိုဒီနေ့မှသူ့အိမ် ရောက်မှလေ သူအိမ်ကနေ ဒီကိုလာဖို့က တစ်ရက်အချိန်ပေး ရ.....") ဘုရင်ကြီးဆက်မတွေးတော့ပေ။ဂျိတ်သည် ခွန်အားကြီးပြီး လျင်မြန်ကြောင်း သူလက်ခံလိုက်သည်။သူကိုယ်တိုင်ပင် ဂျိတ် အား ယခုအခမ်းနားသို့တက်ရောက်စေရန် ဖိတ်စာပို့ခဲ့သည်။ ဂျိတ်ဆီသို့ရောက်ပြီးသည်နဲ့ ပုံမှန်အတိုင်း ဆိုလျှင်နောက်တစ် ရက်မှသာ ဂျိတ်ကဒီကိုရောက်လာနိုင်မည်ဖြစ်သည်။ဤသည် ကို ဂျိတ်က ယနေ့ပင်ရောက်လာသည်ဆိုပါက ဂျိတ်၏အဆင့် သည် သူမမျှော်မှန်းနိုင်သောအဆင့်၌ရောက်ရှိနေကြောင်းပါ သူတစ်ခါတည်းသိရှိလက်ခံလိုက်ရသည်။ တဖြေးဖြေးနဲ့ဘုရင်ကြီးသည် ဂျိတ်ထိုင်သောနေရာအနီးသို့ ရောက်ရှိလာပြီဖြစ်သည်။ထိုသို့နီးလာလေ ဖလက်နဲ့ကျန်သော စစ်သည်တော်တို့၏စိတ်ကပိုမိုလှုပ်ရှားလာကြသည်။ဘုရင် ကြီးသည် ဘယ်လိုပုံစံဖြင့်ဂျိတ်ကို အနိုင်မည်နည်း။ဒါက သူ တို့သိချင်နေသော အရာပင်ဖြစ်သည်။ "ဟ ဗုဒ္ဓေါငါတို့မြင်တာ မှားတာလား" "မမှားလောက်ဘူး မင်းမြင်သလိုပဲငါမြင်တာနဲ့တူတယ်" စစ်သည်တော်များ အံသြနေကြသည်။သူတို့နဲ့အတူကျန်သော စစ်သူကြီးများလည်း အံသြနေကြသည်။ဘုရင်ကြီး၏နေရာ ကိုထိုင်သော ဂျိတ်အား ဘုရင်ကြီးသည်မည်သို့မျှပြောဆိုခြင်း မရှိပဲ ဂျိတ်၏ဘေးတွင်ဝင်ထိုင်လိုက်သောကြောင့်ဖြစ်သည်။ "အိမ်မက်မဟုတ်အောင် ငါ့ကိုသေချာဆွဲဆိတ်ပေးဦး" "အား...ငလူး နာတယ် ဒါကအစစ်မြင်နေရတာဟ" စစ်သည်တော်များသည် မမြင်စဖူးကိုမြင်နေရသောကြောင့် အံအားသင့်နေကြခြင်းဖြစ်သည်။ဘုရင်ကြီးသည် သူ၏နေရာ တွင်ထိုင်နေသော လူအားပြော ဆိုခြင်းပင်မရှိပဲ ဘေးတွင်ရှိ သောထိုင်ခုံနေရာတွင်ထိုင်လိုက်သောကြောင့်ဖြစ်သည်။ "မောင်မင်းတို့လဲ ထိုင်ကြပါ နေရာယူကြပါ" ဂရိတ်ဘုရင်၏အသံကြားမှာ အံအားသင့်နေသော စစ်သည် တော်များ စစ်သူကြီးများလည်း မိမိတို့နေရာတွင်ပြန်လည် ထိုင်လိုက်ကြသည်။ စစ်သူကြီးများထဲတွင် အယ်ဖာစစ်သူကြီးနဲ့နီးကပ်စွာထိုင်ရ သောစစ်သူကြီးမှ... "အယ်ဖာ သူကဘယ်သူလဲကွ ဘုရင်တောင်ဘာမှ မပြောဘူး သူကဘယ်လောက်ထိစွမ်းလို့လဲ" တိုးတိုးလေးမေးသည်။ထိုအမေးကို ဘုရင်ကြီးမသိစေလို သောကြောင့်လည်း ဖြစ်သည်။ "ဘယ်လောက်ထိစွမ်းလဲဆိုတာတော့ ငါလဲမသိဘူး ငါပြောနိုင် တာက သူရဲ့သတ်ဖြတ်ချင်းအော်ရာနဲ့တင် ငါတို့စစ်တပ်တစ်ခု လုံးကို ဖိနှိပ်ပြီးသတ်လို့တောင်ရတယ်" အယ်ဖာစကားကြောင့် ထိုစစ်သူကြီး ယုံရန်ခက်ခဲနေသည်။သူ နေနဲ့ ထိုမှအစွမ်းထက်သည်ကိုလက်ခံရန် ခဲယဥ်းနေသည်။ သို့သော် အယ်ဖာသည် ထိုလူကိုလေးစားသမှုရှိနေသောကြော င့် ငြင်းပယ်ရလည်းခက်နေသည်ဖြစ်သည်။အယ်ဖာသည် စစ်သူကြီး များ၌တိုက်ခိုက်ရေး ၌လွန်စွာအစွမ်းထက်ရုံသာ မက သူ့ထက်လည်း အစွမ်းထက်သောကြောင့်ဖြစ်သည်။ ဂရိတ်ဘုရင်ကြီးသည်လည်း သူ၏စစ်တပ်၌ ဂျိတ်လိုလူ ထူးဆန်းတစ်ယောက်သူ၏နေရာ၌ထိုင်နေသောကြောင့် မ တည်ငြိမ်မှုများဖြစ်နေသည်ကိုလည်း သူနေနဲ့ တွေ့မြင်နေရ သည်။ထို့ကြောင့် သူကိုယ်တိုင်ရှင်းပြရန်ဆုံးဖြတ်လိုက်သည်။ "ကဲ သင်တို့နေနဲ့ တစ်ခုခုထူးဆန်းနေမှန်း ခံစားနေရမယ်ဆို တာသိပါတယ် ဒီတစ်ခေါက်ပွဲက ဂရိတ်စစ်တပ်ရဲ့ဒေသကြီး သုံးခုက တပ်တွေပြိုင်ဆိုင်ရတယ်ဆိုတာလဲ အားလုံးသိပြီး သားဖြစ်ပါတယ် ဒီတစ်ခေါက် ထူးထူးခြားခြားဖြစ်စေမှာ ကတော့ ဒီကလူကြီးမင်းပဲဖြစ်ပါတယ်" "ဒီလူကြီးမင်းက ငါဘုရင်ကိုယ်တိုင်ဖိတ်ကြားထားတဲ့သူပါ သူက ဂျိတ်လို့ခေါ်ပါတယ် သင်တို့ပွဲကိုအကဲဖြတ်ပေးမှာလည်း ဖြစ်ပါတယ်" ဂရိတ်ဘုရင်အပြောကြောင့် စစ်သည်တော်များ၏အာရုံများ သူ့အပေါ်စိုက်လာကြောင်း ဂျိတ်ခံစားမိသည်။များပြားလှ သော အော်ရာများက သူ့အပေါ်ကျရောက်လာကြောင်းလည်း ခံစားမိသည်။ထိုအော်ရာများသည် သေးငယ်ပြီး အစွမ်းထက် မှုလည်းနည်းပါးသည်။အစွမ်းထက်သောသတ်ဖြတ်ခြင်း အော်ရာအနည်းငယ်ကိုမှု တပ်မှုးများစစ်သူကြီးများမှရ ကြောင်းကို သူခံစားမိသည်။သို့သော်ထိုမျှလောက်သော အော် ရာများက သူ့အပေါ်ဘယ်လိုမှ ထိခိုက်စေနိုင်မည်မဟုတ်ပေ။ ဂရိတ်ဘုရင်ကြီးသည် သူ့အပေါ်လွှဲချလိုက်ကြောင်းလည်း သူ သိသည်။စစ်တပ်ကျင်းပသောပွဲများ၌ အပြင်လူများအားဝင် ရောက်ကြည့်ရှုစေခြင်းကရှားပါးသည်။ယခုလိုဘုရင် ကိုယ်တိုင်က ဂျိတ်ကိုပြောပြခြင်းမျိုးကပို၍ပင်ရှားပါး သေး သည်။ "ဒီပွဲမှာပုံမှန်ဆိုရင် ငါဘုရင်ကပဲ အဖွင့်စကားပြောတယ်ဆိုပင် မဲ့ဒီတစ်ခေါက်မှာတော့ ဒီလူကြီးမင်းဂျိတ်ကပဲ ပွဲစတင်ဖွင့်လှစ် ဖို့ပြောကြားပေးမှာပဲဖြစ်ပါတယ်" ပြောပြီးသည်နဲ့ ဂရိတ်ဘုရင်သည် ဂျိတ်အားအမူရာပြသည်။ ဂရိတ်ဘုရင်၏တောင်းဆိုသောအမူရာကြောင့် ဂျိတ်လည်း ခေါင်းညိတ်လက်ခံလိုက်သည်။ စစ်သူကြီးများဘုရင်များထိုင်ရာ နေရာသည် စစ်ပွဲ ကွင်းပြင်၏အပေါ်မြင့်မှဖြစ်သည်။ထိူ့ကြောင့် ဂျိတ်ပြော ကြားသည်ကို ရှိသမျှသောစစ်သည်တော်တို့မှ မြင်ရကြားရ မည်ဖြစ်သည်။ အဖွင့်စကားပြောကြားခြင်းသည် လွန်စွာပင်လေးနက်သည်။ ထိုသို့ပြောကြားရင် စကားလွှဲမှားသွားသည်ဖြစ်စေ စကားလုံး များက ထစ်နေပါက စစ်သည်တော်များ၏မကောင်းသော မှတ်ချက်ကို ခံစားရမည်ဖြစ်သည်။ထို့ကြောင့် ဂျိတ်ကို အဖွင့် စကားပြောကြားစေခိုင်းခြင်းဖြစ်သည်။ ဂျိတ်လည်းအဖွင့်စကားပြောကြားရန် ထိုင်ခုံမှထလိုက်သည်။ ထိုင်ခုံမှထလိုက်သည်နဲ့ "ဒိန်း" စစ်သည်တော်တိုင်း၏ရင်ထဲဗလောင်ဆူသွားလေသည်။အ ဘယ်ကြောင့်ထိုသို့ဖြစ်သွားရမှန်းလည်း သူတို့တွေးမရပေ။ ဂျိတ်သည်ထိုင်ခုံမှထပြီး အခမ်းနားအဖွင့်စကားပြောရန် နေရာသို့သွားသည်။ထိိုသို့သွားနေသော အခိုက်သည် လွန်စွာမှ ထူးခြားသည်ဟု စစ်သည်တော်များခံစားလာရသည်။ထိုခံစား ရမှုကို စစ်သည်တော်များသာမဟုတ် ဘုရင်ကြီးနဲ့စစ်သူကြီး များပါ ခံစားလာရသည်။ ဂျိတ်လှမ်းလိုက်သောခြေလှမ်းတိုင်းသည် လွန်စွာမှခန့်ညား လှသည်ဟုထင်မြင်လာသည်။ဂျိတ်ကိုယ်မှလည်း အရာရာကို သိမ်းသွင်းနိုင်သောအော်ရာထွက်ပေါ်လာကြောင်း ကိုလည်း သူတို့ရေးတေးတေးခံစားမိလာသည်။ ဂျိတ်အဖွင့်စကားပြောရန် စတင်ပြောဆိုလိုက်သည်။ "စစ်သည်တော်တို့.....
(101)
"စစ်သည်တော်တို့" ထိုမျှသော စကားသာဆိုရသေးသော်လည်း စစ်သည်တော် များစစ်သူကြီးများ၏ရင်ထဲ လုံးဝတုန်လှုပ်သွားသည်။ ("ဒါကဘယ်လိုခံစားချက်ကြီးလဲ") တစ်ခါမှမခံစားဖူးသောခံစားချက်ကြီးကိုသူတို့ရလိုက်သည်။ "စစ်သည်တော်တို့ ဒီနေ့ဟာ ဂရိတ်စစ်သည်တော်များရဲ့ကြီး မြတ်တဲ့နေ့တစ်နေ့ပါပဲ ဒီနေ့ကနေသုံးရက်အထိ စစ်သည် တော်တို့ရဲ့အစွမ်းကုန်ကြိုးစားအားထုတ်ပြီး ယှဥ်ပြိုင်သွားကြ မဲ့ ပွဲဆိုတာလည်း စစ်သည်တော်တို့သိပြီးသားဖြစ်ပါလိမ့်မယ်" ဂျိတ်ကို စစ်သည်တော်များ၏အမြင်သည်တဖြေးဖြေး ပြောင်းလဲလာသည်။သူစိမ်းတစ်ယောက်မှ မိမိတို့အခမ်းနား အတွက်လာရောက်ပြောကြားသည်နဲ့ မတူတော့ပဲ စစ်ပွဲများစွာ ကိုအောင်မြင်စွာတိုက်နိုင်ခဲ့သော ရှုံးပွဲမရှိသောစစ်ဘုရင်ကြီးမှ မိမိတို့အားမိန့်ခွန်းစတင်ပြောကြားနေသည့်ပမာ ထင်မြင်လာ သည်။ ("ဟ စစ်သည်တော်တွေရဲ့ပုံစံက") ဂရိတ်ဘုရင်ကြီးပါအံသြ မ င်သက်သွားသည်။ယခုလက်ရှိ စစ်သည်တော်များ၏ပုံစံအပြုမှုများသည် ဂျိတ်အားသူ တို့၏စစ်သူကြီးအဖြစ်မှတ်ယူထားသည့်ပုံဖြစ်သည်။သူ တို့သည် ဂျိတ်လိုရာစေခိုင်းရာ၌ အသက်ပင်ပေးပါရစေ ကျေပွန်စွာထမ်းဆောင်ပါမည်ဆိုသော ပုံစံမျိုးပင်ဖြစ်သည်။ မိမိသည် ဂျိတ်နဲ့ယှဥ်ပါက လုံးဝနှိုင်းယှဥ်၍မရကြောင်း ဘုရင် ကြီးယုံကြည်လက်ခံလိုက်ရသည်။ "စစ်သည်တော်တို့ကို ကျုပ်လွန်စွာပင်လေးစားတယ် သင်တို့ ဟာ ဂရိတ်တိုင်းပြည်အတွက်ကို အသက်ပေးပြီးတော့ကို ကာ ကွယ်နေတဲ့အတွက် လည်းဂရိတ်နိင်ငံကြီးဟာ ယခုလို ငြိမ်းချမ်းသာယာနေတာဖြစ်တယ်လို့ကျုပ်ယုံကြည်တယ် ဒီပွဲ မှာလည်း သင်တို့ရဲ့ရှိသမျှသောစွမ်းအားတွေထုတ်ဖော်ပြသ ပြီး ဂရိတ်တိုင်းပြည်ကြီးအတွက် ကြိုးစားလိုက်ပါ" ဂျိတ်၏စကားများသည် ကြည်လင်ပြတ်သားသည်။ထစ်ငေါ့ နေသောနေရာမရှိ ရိုးရှင်းသောစကားများကိုသာသုံးသည်။ထို့ ကြောင့် စစ်သည်တော်တိုင်းကဂျိတ်ပြောသမျှကို နားလည်သည်။ ယခုချိန်၌ဂျိတ်သည် ကြီးမြတ်သောစစ်ဘုရင်အစွမ်းအသုံးပြု ထားသည်။ထို့ကြောင့် စစ်သည်တော်တိုင်းသည် ဂျိတ်အား အ ရိုသေပြုလိုစိတ် ဂျိတ်လက်အောက်မှနေလိုစိတ်များပေါ်ပေါက် လာသည်။ဒီလိုစစ်ဘုရင်လိုလူနဲ့အတူတိုက်ခိုက်ရပါက ပျော် ပျော်ကြီးပင်သေပစ်မည်ဖြစ်သည်။ ဂျိတ်၏သြဇာတက္က မအသံက စစ်ကွင်းပြင်အနှံလွှမ်းမိုး ထားသည်။သူ၏အသံကို မကြားရသောသူဟူ၍ မရှိ။ မိမိ၏အနားတွင်လာပြောပြနေသည့်အလား ကြားကြရသည်။ ဂျိတ်၏စကားလုံးများက သူတို့၏နှလုံးသားကို တည့်မှန်စွာ ထိသည်။ထိုကြောင့် စစ်သည်တော်များသည် ဂျိတ်ကိုရိုသေ လေးစားလာကြသည်။ "နောက်ဆုံးအနေနဲ့ ပြောကြားလိုတာကတော့ ကျုပ်ဒီပွဲကို လာ ရောက်ကြည့်ရှူတာဟာ အကြောင်းရင်းရှိတယ် ဒါကစမ်းသပ် မှုတစ်ခုပါလုပ်မလို့ပါပဲ ဒီစမ်းသပ်မှုကို စစ်သည်တော်တို့ရဲ့ပွဲ ကြီးပြီးသွားရင် ရိုးရှင်းစွာလုပ်သွားပါမယ်အဲ့စမ်းသပ်မှုကိုအောင်တဲ့သူကို ကျုပ်ကနေပြီး အဆင့်တက်ဆေးလုံးပေးမယ်လို့ပြောရဲတယ်" "ဝိုး" စစ်သည်တော်များ ၏လေးနက်သောအသံကြီးများကထွက် ပေါ်လာသည်။ဒီလိုအဆင့်တက်ဆေးလုံးကအမှန်ပင်ရှားပါး လှသည်။အဆင့်တက်ဆေးလုံးကိုသူတို့ရရှိပါက အချိန်ကုန် သက်သာပြီးခွန်အားစွမ်းအားများတိုးတက်လာမည် ဖြစ်သည်။ "ဒါနဲ့ မေးလို့ရမလား" စစ်သည်တော်တစ်ယောက်မှထအော်မေးလိုက်သည်။ဂျိတ် လည်းခေါင်းညိတ်ပြီး "မေးပါဘာများမေးချင်တာလဲ" ဂျိတ်မှမေးခွင့်ပေးသောထိုစစ်သည်တော်လည်းပျော်ရွှင်သွား သည်။ "အဲ့ဆေးလုံးက ဘယ်လောက်ထိအဆင့်တင်ပေးနိုင်တာလဲ" ဟုတ်ပေသည်။ဒီလိုမေးခွန်း၏အဖြေကို ရှိနေကြသော စစ်သည်တော်တိုင်းမှကြားလိုကြသည်။သူတို့အစားမေးလိုက် သောစစ်သည်တော်ကိုလည်းကျေးဇူးတင်လိုက်သည်။ "စစ်သည်တော်ရဲ့ အမေးကိုဖြေရရင် ကျုပ်ပေးမဲ့ ဆေးလုံး က အဆင့်3ဆင့်အထိတက်စေနိုင်ပါလိမ့်မယ်သင်ဘယ်အဆ င့်မှာရှိရှိ သုံးဆင့်တက်စေမှာဖြစ်တယ်ဘေးထွက်ဆိုးကျိုးမရှိ ပါဘူး" "ဝိုး......ဘာတကယ်ကြီး" "သူအဲ့လိုပြောလိုက်တာလားဟ...... " စစ်သည်တော်များထိနိးသိမ်းမရလောက်အောင် ရူးသွပ်သွား ပြီဖြစ်သည်။ဒိီလိုအဆင့်တက်ဆေးလုံးကြောင့် သူတို့ကိုယ်သူ တို့ထိန်းသိမ်းရခက်နေကြသည်။စစ်သည်တော်တိုင်းလိုလို ထို ဆေးလုံးကိုရချင်လာကြသည်။ထိုဆေးလုံးရပါက သူတို့၏အ ဆင့်သည် ယခင်ထက်သုံးဆင့်မြင့်တက်လာမည်ဖြစ်သည်။ သုံးဆင့်မြင့်တက်လာသည်နဲ့အတူ သူတ်ို့၏အခွင့်ရေး များသည်လည်းပိုမိုမြင့်တက်လာမည်ဖြစ်သောကြောင့် ဖြစ်သည်။ "ကဲကဲ ဒါကိုကပွဲပြီးမှပဲလုပ်မှာပါ အခုတော့သင်တို့ရဲ့ ရဲစွမ်းသတ္တိတွေကိုအခုပြိုင်ပွဲမှာထုတ်ဖော်ပြသလိုက်ကြပါလို့ ပြောရင်းနိဂုံးချုပ်ပါတယ်" "ဟုတ်...............ဟုတ်" စစ်သည်တော်များ၏ထောက်ခံသံများ လက်ခုပ်သြဘာပေး သံများလုံးဝဆူညံသွားသည်။စစ်သည်တော်ရင်ထဲအသည်း ထဲမှလာသော အားပေးမူနဲလက်ခုပ်တီးခြင်းဖြစ်သောကြောင့် ကွင်းတစ်ခုလုံးခြိမ့်ခြိမ့်ညံဆူညံသွားလေသည်။ ဂရိတ်ဘုရင်ကြီးလည်းဂျိတ်သည်စစ်သည်တော် တို့၏အလေးပေးမူကို ရယူနိုင်ခဲ့ကြောင်း လက်ခံလိုက်ရ တော့သည်။
(102)
ဂျိတ်၏လွမ်းမိုးမူကအမှန်တကယ်ပင်ကြီးမားလှကြောင်း ဂရိတ်ဘုရင်အနေနဲ့ဝန်ခံရမည်ဖြစ်သည်။ ယခုပွဲသည် စစ်သည်တော်များ၏ပွဲတော်ဖြစ်ပြီး ဒေသသုံးခုမှ အကြိတ်နယ်သူ့ထက်ငါအပြိုင်ကြဲသော ပွဲလည်းဖြစ်သည်။ပွဲ ကျင်းပတိုင်းလည်း စစ်သည်တော်များ၏စိတ်အာရုံနှလုံးသား ကို ဖမ်းစားနိုင်စမြဲဖြစ်လေသည်။ယနေ့ပွဲကတော့ မဟုတ် တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဂျိတ်ပြောဆိုသောအချက်ကြောင့် စစ်သည်တော်များစိတ်သည်ပွဲထက်အဆင့်တက်ဆေးလုံးကို ပိုမိုလိုလားမက်မောသွားသောကြောင့်ဖြစ်သည်။ထိုကြောင့် ပွဲ အစီစဥ်သည် ယခင်နှစ်ထက်တော့မြိုင်ဆိုင်ခြင်းမရှိတေ့ာပေ။ ထိုသို့ဖြစ်ပျက်နေသည်ကို ဂျိတ်နေဖြင့်ဂရုမစိုက် ခြင်းမရှိပေ။ ပွဲအစီစဥ်ကို လာရောက်ဖိတ်ကြးသောကြောင့် တက်ရောက်ခြင်းဖြစ်သလို အခမ်းနားပြောကြားရသည်က လည်း ဂရိတ်ဘုရင်တောင်းဆိုမှုကြောင့်သာဖြစ်လေသည်။ ဂရိတ်ဘုရင်ဂျိတ်ကို ထိုသို့တလေးတစားဆက်ဆံသောကြော င့် စစ်သူကြီးအနည်းငယ်ကတော့ အမြင်ကြည်ခြင်းမရှိပေ။ဒါ ကပြသနာမရှိပေ။ဂျိတ်၏ခွန်အားထုတ်ဖော်ပြသလိုက်ပါက သူတို့ကြောက်ရွံကာ လေးစားကြရမည်ဖြစ်သည်။ အားကြီး သောသူသည် အရာရာ၌အရှင်သခင်ဖြစ်သည်။သင်သည်သာ အားနည်းနေမည်ဆိုပါက ချနင်းခံရမည်ဖြစ်သည်။ ("စနစ် ဖန်ရှင်း(ကိုယ်ရေးအချက်အလက်ဖွင့်)ပါ") "ကောင်းပါပြီ" ဂျိတ်ရှေ့၌အချက်လက်မျက်နှာပြင်ပေါ်ပေါက်လာလေသည်။ အမည်...ဂျိတ်.. အသက်..24 ကိုယ်ခန္ဓာကျင့်ကြံခြင်း...မရှိအပ်တော့(အဆုံးထိရောက်ရှိပြီး) ကျင့်ကြံခြင်း...ပလက်တီနမ်တစ်.... ကုသိုလ်ကံစုဆောင်းမှု....ဆက်လက်စုဆောင်းဆဲ.... (ကြားဖြတ်သတိပေးချက်.....ပိစ်တို့ငါးယောက်သင့်အား အလွန်မင်းကျေးဇူးတင်နေကြသည်။သူတို့၏ကျေးဇူးတင် ချင်းသည် သင့်အားကုသိုလ်ကံတိုးတက်စေသည်) ("သူတို့က ငါ့ကိုကျေးဇူးတင်နေတယ်ဆိုပဲ မဆိုးဘူး") ဂျိတ်တွေးလိုက်သည်။ဂျိတ်၏ဖန်ရှင်မျက်နှာပြင်သည် တစ် ခြားခြားသော စနစ်ပိုင်ရှင်များကဲ့သို့ရှုပ်ထွေးနေခြင်းမရှိပေ။ တခြားခြားသောစနစ်ပိုင်ရှင်များသည် ဆုလာဒ်များစုဆောင်း ရာနေရာ အမှတ်စုရာနေရာစသည်ဖြင့် ရှိသော်လည်း ဒါမျိုး ကတော့လုပ်ဆောင်ရန်မလိုရာ ထိုသို့သောနေရာများသည် ရှင်းလင်းလျက်ရှိပြီးသားဖြစ်သည်။ စနစ်မှပစ္စည်းရရန် အမှတ်ရှာရမလား.စနစ်မှကံစမ်းမဲလှည့် ပြီး ကံထူးပြီးပစ္စည်းယူမလား ဒါမျိုးတွေက ဂျိတ်၏စနစ် အတွက်တော့ အသုံးမဝင်ပေ။အလုံးစုံရှိနေသော စနစ်ကို ပိုင်ဆိုင်နေသည်ကပင် တစ်ကွက်သာနေပြီဖြစ်သည်။ ကျင့်ကြံရန်လည်း အထူးတလည်လုပ်ဆောင်နေရန်မလိုအပ် ပေ။ကိုယ်ခန္ဓာမှ အလိုလျောက်ကျင့်ကြံကာအဆင့်တက်နေ မည်ဖြစ်သည်။ကျင့်ကြံမှုသာ ပလက်တီနမ်အဆင့်ရှိ သော်လည်း ကိုယ်ခန္ဓာက ဆက်လက်ကျင့်ကြံရန်မလိုသည် အထိပင်ရောက်ရှိနေသည်ဖြစ်သည်။ ("အသိပေးချက်...စုန်းမအိုကြီး၏ပစ္စည်းများသင့်ထံရောက် ရှိလာပါသည်။ထိုပစ္စည်းများကို သင်၏ပစ္စည်းသိုလှောင်ရုံထဲ သို့ ပို့ဆောင်ပေးပြီးဖြစ်ပါသည်။) "အန်" ထိုသို့သောသတင်းပေးချက် တက်လာခြင်းကြောင့် ဂျိတ် သေချာအောင်ပြန်စစ်ကြည့်လိုက်သည်။ထိုအခါမှ ဂျိတ် အကြောင်းရင်းကို သိလိုက်ရပြီဖြစ်သည်။ စုန်းမအိုကြီးသည် ဝိုက်တီ၏လက်ချက်ကြောင့်သေဆုံးသွားရ ခြင်းဖြစ်သည်။ဝိုက်တီသည် ဂျိတ်၏စနစ်မှ ထုတ်ထားခြင်း ဖြစ်ရာ စုန်းမအိုကြီး၏ပစ္စည်းများသည် ဂျိတ်၏သိုလှောင်ရုံ ထဲသို့ရောက်ရှိလာခြင်းဖြစ်သည်။ ("အင်း မဆိုးပါဘူး ငါတော့ဒီစနစ်ကိုသဘောကျသလိုရှိလာ ပြီ") တခြားခြားသောစနစ်များထက် ဒီအချက်ကလည်း ပိုအားသာ လေသည်။ပိုင်ရှင်မှရန်သူကိုသတ်လိုက်ခြင်းဖြင့် ရန်သူ၏ပိုင်ဆိုင်သမျှသောစည်းစိမ်များသည် ပိုင်ရှင်၏သိုလှောင်ရုံထဲသို့ရောက်သွားမည်ဖြစ်သည်။ စစ်သည်တော်ပြိုင်ပွဲကစတင်ကျင်းပပြီဖြစ်သလို စစ်သည် တော်များ၏အာရုံများသည် ပွဲပေါ်သို့ကျရောက်နေကြပြီ ဖြစ်သည်။ဘုရင်များစစ်သူကြီးများနေထိုင်ရာနေရာ၌ စားဖွယ်သောက်ဖွယ်များ လည်းခင်းကျင်းပေးထားသည်။ထို့ ကြောင့် ဂျိတ်လည်း မိမိရှေ့မှ ခင်းကျင်းထားသောသစ်သီး များထဲမှ ကောက်စားလိုက်သည်။ ထို့နောက် ပွဲများကိုလည်း ထိုင်ကာကြည့်ရူ့နေလိုက် သည်။...... ............ "ဒါဘယ်လိုဖြစ်တာလဲ" ဒေါသသံကြီးက အခန်းတွင်းထွက်ပေါ်နေသည်။ဒေါသထွက် နေသူသည် ဘလက်အဖွဲ့ခေါင်းဆောင်ပင်ဖြစ်သည်။သူသည် ကွဲကြေနေသော ကျောက်စိမ်းကိုကိုင်ထားသည်။ထို ကျောက်စိမ်းပြားသည် တခြားသောသူ၏ကျောက်စိမ်း မဟုတ် စုန်းမအိုကြီး၏ကျောက်ပြားပင်ဖြစ်သည်။အသက် ကျောက်ပြားကွဲကြေသွားခြင်းက စုန်းမအိုကြီး သေပြီ ဖြစ်ကြောင်း သိရှိစေနိုင်သည်။ "နံပတ်တစ် လာစမ်း" "ရောက်ပါပြီ. အနက်ရောင်အငွေ့သက်များခြုံလွမ်းနေသော လူက ဘလက်အဖွဲ့ခေါင်းဆောင်ကိုအရိုသေပြုလိုက်သည်။ "မင်း ဒီယေဂိုမြို့က ဂျိတ်အကြောင်းသေချာစုံစမ်းခဲ့ကြား လား" "ဟုတ်" အနက်ရောင်အငွေ့သက်နဲ့လူက ထွက်ခွာသွားသည်။ဘလက် ခေါင်းဆောင်းက ဒေါသထွက်စွာကျန်ခဲ့သည်။အဖွဲ့သားရာ ပေါင်းများစွာသေ သည်ကသူ့အတွက်ပြသနာမဖြစ်စေ ခဲ့....စုန်းမအိုလိုအထူးလေ့ကျင့်ထားသော လူဆုံးရှုံးခြင်းက သူ့အတွက်ကြီးစွာသော ဆုံးရှုံးမှုကြီးတစ်ခုသာဖြစ်သည်။ စုန်းမအိုကြီးပြောခဲ့သော ဂျိတ်ဆိုသောသူနဲ့သားရဲအကြောင်း ကို သူသတိရနေဆဲဖြစ်သည်။ ရုတ်တရက်သူ့ထံ လူတစ်ယောက်လာရောက်သည်ကိုသူခံစား မိသည်။ "ဘယ်သူလဲ" ဘလက်ခေါင်းဆောင်ထံသို့သွေးအလိမ်းလိမ်းဖြင့်လူတစ် ယောက် ဝါးကျည်တောက်ဗူးကိုင်ကာ ရောက်လာသည်ကိုတွေ့ ရလေသည်။ထိုလူသည်စုန်းမအိုကြီးနဲ့အတူလိုက်သွားသော သူဖြစ်ကြောင်း ခေါင်းဆောင်ကြီးသိလိုက်သည်။ "ခေါင်းဆောင်ကြီးအတွက်" ပြောဆိုကာ ဝါးကျည်တောက်ဗူးပေးရင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ ခေါင်းဆောင် ဖြစ်သူလည်း ထိုဝါးတောက်ဗူးကို ကိုင်ကာဖွင့် ကြည့်လိုက်သည်။ဖွင့်ကြည့်လိုက်သည်နဲ့ သူချက်ချင်းသိလိုက် ရပေသည်။ထို့နောက်အဖုံးပြန်ပိတ်ကာ ချက်ချင်းလှမ်း ခေါ်သည်။ "အစေခံ သူ့ကိုခေါ်ပြီး သေချာကုသပေးလိုက်" သူ၏အမိန့်ကြောင့် သွေးနဲ့လဲကျသတိမေ့သွားသောလူကို ကု သရန်ခေါ်ဆိုသွားကြသည်။ ထိုအခါမှ ခေါင်းဆောင်ကြီးရယ်မောလိုက်သည်။ "ဟား..ဟား...ဟား...ဟား" ခေါင်းဆောင်ကြီးရယ်မောပျော်ရွှင်နေရခြင်းအကြောင်းရင်း မှာ ထိုဝါးကျည်တောက်ထဲ၌ သူအလိုရှိသောအသက်ရေစင်ပါနေသောကြောင့်ဖြစ်သည်။ ခေါင်းဆောင်ကြီးသည် ချက်ချင်း ပင်နောက်ထပ်အမိန့် ပေးလိုက်သည်။ "အားလုံးက်ိုပြောလိုက် ငါတံခါးပိတ်ကျင့်ကြံမယ်လို့"