← Chapters

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

(103)

စစ်သည်တော်များ၏ပြိုင်ပွဲကလုံးဝအကြိတ်နယ်ရှိလှသည်။ပွဲ ကျင်းပရက်သည်သုံးရက်ရှိကာ ထိုသုံးရက်လုံးသည်လည်း မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့သည်။ ဒေသ သုံးခုမှ စစ်သည်တော်များ ကလည်း မိမိတို့ဒေသမှအနိုင်ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားကြသည်။ထိုသို့သောအပြိုင်ဆိုင်ပြင်းထန်မှုများကြော င့် ဂရိတ်ဘုရင်ကြီးပင်အနည်းငယ်သက်သာရာရသွားသည်။ စစ်သည်တော်များပြိုင်ပွဲသည် များစွာသောပြိုင်ပွဲများစုံလင်လှ သည်။ဓားခြင်းယှဥ်ပွဲ.လှံခြင်းယှဥ်ခြင်း စသောလက်နက်ပိုင်း ခြင်းကျွမ်းကျင်မှုများစစ်ဆေးသောပြိုင်ပွဲများ....တစ်ဦးချင်း စီး၏ညဏ်ပညာခွန်အားကိုစစ်ဆေးသောများလည်းပါဝင် သလို အုပ်စုလိုက် ပြိုင်ဆိုင်ရသောပွဲများကလည်း ပါဝင် သည်။ ပြိုင်ပွဲ၏ဒုတိယမြောက်နေ့.............. ပြိုင်ပွဲများကဆက်လက်ကျင်းပနေဆဲဖြစ်သည်။ဂျိတ်အနေဖြ င့် ပြိုင်ပွဲများကို ကြည့်ရှုအားပေးသည်ကိုကြည့်ကာ ကျန်သော စစ်သူကြီးများနေဖြင့် အနည်းယ်ငယ်တော့မကျေမနပ်ရှိနေ သေးသည်။ သူတို့နောက်ကွယ်မှ တိုးတိတ်စွာမေးမြန်းစုံစမ်းတော့ ဂျိတ် သည် စန်တီနယ်မျိုးနွယ်မှဖြစ်ကြောင်းသိလိုက်ကြရသည်။စန် တီနယ်မျိုးနွယ်သည် ဂရိတ်နိုင်ငံ၏မထင်ရှားသော သာမန် ထက်အနည်းငယ်သာထူးသောမျိုးနွယ်စုမှဖြစ်သည်။ထိုလို မျိုးနွယ်မှအစွမ်းထက်သောလူရှိကြောင်းလည်း သူတို့မသိရှိခဲ့ ကြပေ။ပိုပြီးခေါင်းစားစရာကောင်းသည်က ဂျိတ်သည်အနေ အေးသူ အေးအေးဆေးဆေးနေတတ်သူ. သူ၏မျိုးနွယ်မှနှင်ထုတ်ခံရသောသူဖြစ်သည်။ဒီလိုလူက ဘုရင်ကြီးနဲ့တစ်တန်းတည်းထိုင်နေသည်ဆိုတော့ သူတို့လုံးဝ စဥ်းစား၍မရနိုင်တော့ပေ။ "တစ်ဦးချင်း တုတ်သိုင်းပြိုင်ပွဲမှာ..တာကိုကအနိုင်ရပါ တယ်....." "စီးချင်းထိုးပြိုင်ပွဲမှာ နက်..ကအနိုင်ရပါတယ်" ပြိုင်ပွဲတိုင်း၏အနိုင်ရသူကိုကြေညာသံများကလည်း ပျံလွင့် နေဆဲဖြစ်သည်။မိမိတို့တပ်ရင်းမှအနိုင်ရမှန်းသိလျှင် ဝမ်းမြောက်ကြသောစစ်သည်တော်များကလည်းရှိကြသလို ရှုံးသွားသောသူကိုဝိုင်းဝန်းကာ အားမငယ်စေရန်ဖေးမှသော သူများကလည်း ရှိသည်။ ဂရိတ်တိုင်းပြည်နဲ့ဝေးကွာသောနေရာသုံးခု၌....... ထိုနေရာဒေသ သုံးခုလုံးသည် များပြားလှသောအပျက်စီး များနဲ့ပြည့်နှက်နေလေသည်။ချက်ချင်းကြည့်မည်ဆိုပါက ကြီးမားလွန်းလှသောမီးဘေးကြီးသင့်ထားသည့်ပုံစံရှိလေ သည်။ ထိုဒေသသုံးခုသည် ရိုးရှင်းသောတောအုပ်နေရာများ မဖြစ်ကြပဲ တိုင်းပြည်အငယ်စားလေးများဖြစ်ကြသည်။အဆ င့်တစ်တိုင်းပြည်ငယ်လေးသုံးခုဖြစ်သည်။ ထိုအဆင့်တစ်တိုင်းပြည်ငယ်လေးများ၏အခြေအနေသည် ယခုအခါ၌ပြုပြင်၌မရလောက်အောင်ဆိုးဝါးလွန်းမက ဆိုးဝါး နေလေသည်။တိုင်းပြည်သုံးခုလုံး၏နေရာသည် မီးလောင် ထားပြီးပြာပုံသည်သာကျန်ရစ်သည့်အထိနီးနီး ဆိုးဝါးနေခဲ့ ခြင်းလည်းဖြစ်သည်။အဘယ်ကြောင့် ထိုသို့သောအဖြစ်ပျက် များကို တိုင်းပြည်ငယ်လေးသုံးခု၌ဖြစ်ပျက်ခဲ့ရသနည်း။ "ဟောဟဲ ဟောဟဲ" လူတစ်ယောက်မြင်းစီးပြီး ပြေးလာနေသည်။ထိုလူသည် မီးလောင်ပြီးပျက်စီးသွားသော တိုင်းပြည်လေးသုံးခုထဲမှ တ ပ်ဖ် တိုင်းပြည်ဆိုသောတိုင်းပြည်မှလူဖြစ်သည်။သူ၏အသွင် ပြင်ကလည်း ကောင်းမွန်လှခြင်းမရှိပေ။သူ၏နာမည်သည် ရှက်...။ သူ၏ကိုယ်ခန္ဓာသည်လည်း မဲမှောင်နေသလိုမီးလောင် ဒဏ်ရာများလည်း ရှိနေသည်။သူ၏စီးနှင်းလာသောမြင်း လည်း အနည်းငယ်ထိခိုက်ထားသည်။မရပ်မနားအသော့နှင်ခဲ့ ရသောကြောင့် သူကိုယ်တိုင်လည်းပင်ပန်းနွမ်းလျှနေပြီ ဖြစ်သည်။သို့သော်လည်း ရှိသမျှအားတင်းကာ သူခရီးဆက် နှင်နေဆဲဖြစ်သည်။ ("ငါရပ်တန့်လိုက်လို့မ..မဖြစ်ဘူး..ငါဆက်သွားရမယ်") သူသည်မြင်းကိုဆက်လက်မောင်းနှင်ကာခရီးဆက်နေသည်။ သူသည် ဂရိတ်တိုင်းပြည်သို့ခရီးဆက်နေခြင်းလည်း ဖြစ်သည်။သူ၏တိုင်းပြည်နဲ့အနီးဆုံးဖြစ်ကာအင်အား ကြီးမားသောတိုင်းပြည်သည် ဂရိတ်တိုင်းပြည်ဖြစ်သောကြော င့်ဖြစ်သည်။ သူသည် သာမန်လူတစ်ယောက်မဟုတ်.. တပ်ဖ်တိုင်းပြည်တွင် ထင်ရှားကျော်ကြားလှသောစစ်သူကြီးတစ်ယောက်ဖြစ်ခဲ့ သည်။သူသည်သူ၏တိုင်းပြည်၌တစ်ဥိီးတည်းသောရွှေအဆ င့်စစ်သူကြီးလည်းဖြစ်သည်။ သူသည်ရွှေအဆင့်ရှိသောစစ်သူကြီးဖြစ်ရာ သူ၏ဘဝအခွင့် လမ်းများသည် များစွာတိုးတက်နေဦးမည်လည်းဖြစ်သည်။ သို့သော်ကံကြမ္မာဆိုးကြီးကသူ၏တိုင်းပြည်အားရိုက်ခတ်လာ ခဲ့သည်။ထိုကံကြမ္မာဆိုးအကြောင်းနဲ့ပတ်သတ်၍လည်း သူ သည် ဂရိတ်နိုင်ငံကိုသတင်းပေးလိုသည်။ထို့ကြောင့်လည်း သူသည် ရပ်နားခြင်းမရှိ ဆက်လက်သွားနေမြဲသွားနေဆဲ ဖြစ်သည်။ သူမြင်းစီးရင်းခရီးနှင်းနေစဥ်မှာ သူ၏မှတ်ညဏ် များ၌ကြောက်မက်ဖွယ်ရာဖြစ်ရပ်ကနေရာယူထားဆဲ ဖြစ်သည်။ ................. ထိုညကားလပြည့်ညဖြစ်သဖြင့် သူသည်သူ၏စစ်သည်များနဲ့ အရက်ဆိုင်၌မူးအောင်သောက်ပြီးသူ၏အိမ်တော်ကိုပြန်လာခဲ့ သည်။အိမ်ပြန်ရာတွင်လည်းတစ်ယောက်တည်းသာပြန်လာခဲ့ သည်။ ထိုစဥ်မှာသူသွားလာနေချိန်၌ငလျင်တစ်ခုလှုပ်ခတ်သွားသည် ဟုသူခံစားမိသည်။ထိုခံစားချက်သည်သူမူးနေသောကြောင့် ဖြစ်ရမည်ဟုထင်ခဲ့သည်။သို့သော်တုန်ခါမှုကြာလာလေ သူ သည်သူကိုယ်သူစတင်သံသယဝင်လာခဲ့သည်။ မကြာမီ၌လူများကြောက်မက်ဖွယ်ရာအော်သံကြောင့် သူ၏အရက်မူးအရှိန်လေးက ကြ က်ငှက်ပျောက်သလို ပျောက်သွားရသည်။ထိုအသံကြောင့် လာရာကိုကြည့်မိတော့ သူ၏ဘဝတစ်လျှောက်၌ကြောက်မက်ဖွယ်ရာမြင်ကွင်းကို စတင်မြင်ခဲ့ရပြီဖြစ်သည်။ ကြီးမားလှသော အကောင်ကြီးသည် သူ၏တိုင်းပြည်တွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ထိုအကောင်ကြီးသည် ကြောက်မက်ဖွယ်ရာကောင်းသောရုပ်အသွင်ပြင်ရှိရုံသာမက သန်မာလှသည်။သူ၏ကိုယ်၌လည်း ဘယ်တော့အခါမှမရပ်တ န့်နိုင်သောမီးတောက်များကလောင်ကျွမ်းနေလျက်ရှိသည်။ထို အကောင်ကြီးသည် မီတာနှစ်ဆယ်မျှရှိသည်။ကြီးမားသော ခြေ​ထောက်ကြီးများဖြင့် သူ၏လမ်း၌ရှိသမျှသောအရာမှန် သမျှကို ဖျက်စီးပစ်သည်.။ ထိုမြင်ကွင်းကြောင့်ရှက် တုန်လှုပ်သွားကာ ကြောက်စိတ် ကြောင့်မလှုပ်ရှားနိုင်ဖြစ်ခဲ့ရသည်။ ထိုအကောင်ကြီးသည် သူ၏တိုင်းပြည်မြို့ရိုးများကို ကန်ခြေ နှင်းပစ်သည်။သူသွားနေရာ၌လည်း သူကိုယ်မှမီးတောက်များ က ကျဆင်းလာမှုကြောင့် မီးလောင်မှုများကလည်း ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ရသည်။မြို့ရိုးများ သည် အကောင်ကြီး၏တစ်ချက်တည်းသောကန်ချက်ကြောင့်ကြွေမွ ပျက်စီးခဲ့ရသည်။ "ဂီး............ဂီးးး" ကြောက်ဖွယ်ရာအသံဆိုးကြီးအော်ဟစ်ကာ သူ၏ပါးစပ်မှ မီးတောက်များဖြင့် ပြေးလွှားနေသောလူသားများကို မှုတ် ပစ်သည်။ကြီးမားသောမီးတောက်ကြီးများက ပြေးလွှားနေ သောလူများကို ခွဲခြားနေခြင်းမရှိ ရှိသမျှသောအရာများကို လောင်ကျွမ်းပစ်လိုက်သည်။ သေမည်ကိုကြောက်သောကြောင့် ရှက်လည်း သွေးလေ ခြောက်ခြားကာ ခြေဦးတည့်ရာပြေးမိသေးသည်။ထို အကောင်ကြီးမှုတ်သောမီးတောက်လည်း လောင်ကျွမ်းခံရ သေးသည်။ကံကောင်းထောက်မှစွာပင် အကောင်ကြီးမှုတ် လိုက်သောမီးတောက်၏အစွန်ဖျားကိုသာ ရှက်ထိသွားခြင်း ကြောင့် သေစေသည်အထိမဖြစ်ခဲ့ခြင်းဖြစ်သည်။ တပ်ဖ်တိုင်းပြည်ကားထိုသို့သောအကောင်ကြီး၏လက်ချက် ကြောင့် တစ်ညအတွင်းမှာပင် သွေးပျက်ဖွယ်ကောင်းသေ နေရာဆိုးကြီးဖြစ်ပွားခဲ့ရလေသည်။ ထိုဖြစ်ရပ်ကြောင့် ရှက်သည် ကျန်သောတိုင်းပြည်များအား ထိုသို့မဖြစ်စေရန် ကြိုတင်သတိပေးမည်ဆိုကာလမ်း၌တွေ့ခဲ့ရ သောမြင်းဖြင့်ဂရိတ်တိုင်းပြည်ထံသို့မရပ်မနားပြေးလွှားခဲ့ သည်။ သုံးရက်မျှအသော့နှင်လာသောအခါ သူသည် ဂရိတ် တိုင်းပြည်ကိုစတင်မြင်လာခဲ့ပြိီလည်းဖြစ်သည်။ "ငါရောက်ခါနီးနေပြီကွ"....

( 104)

"ဒီနေ့ဆိုရင်ဖြင့် ပြိုင်ပွဲကြီးဟာပြီးဆုံးလို့ခဲ့ပါပြီ" စစ်သည်တော်၏ကြေညာချက်ကြောင့် စစ်သည်တော်များ တစ်ခဲနက် အော်လိုက်ကြသည်။ဒေသ သုံးခု၏အားပြိုင်မှုများ ကား ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ဂရိတ်နိုင်ငံ၏ဒေသသုံးခု သည် ကလိတ်ဒေသ မြူးနစ်ဒေသ ဆပ်ဘောဒေသဟူ၍ ရှိရာ ယခုအကြိမ်၌လည်း ယခင်အကြိမ်၌ဗိုလ်စွဲခဲ့သော ကလိတ် ဒေသကပင်ထပ်မံအနိုင်ရရှိသွားပြီဖြစ်သည်။ အနိုင်ထပ်မံရရှိသောဒေသ၏ စစ်သည်တော်များကတော့ ဝမ်းသာအားရအလွန်မင်းအောင်ပွဲခံကြသလို ကျန်သော စစ်သည်တော်များကလည်း သူတို့အတွက်အောင်မြင်ခြင်း လက်ခုပ်တီးပေးလိုက်ကာ ဂုဏ်ပြုလိုက်ကြသည်။ကလိတ် ဒေသရှိစစ်တပ်များ သည် ကျန်သောဒေသများထက် အသုံးစွဲ စရိတ်ပိုမိုရရှိမည်ဖြစ်ကာ ကျန်သော ဒေသများကတော့ပုံမှန် အသုံးစရိတ်သာရရှိကြမည်ဖြစ်သည်။ "နောက်ဆုံးတော့ ငါတို့စောင့်နေတဲ့အချိန်ရောက်လာပြီပဲ" "အေးဟုတ်တယ်ဟ" စစ်သည်တော်အချင်းချင်း ဆွေးနွေးလိုက်ကြသည်။ယခုနှစ်၌ စိတ်ဝင်စားမှုအများဆုံးသည် ပြိုင်ပွဲမဟုတ်ပဲ ဂျိတ်၏အဆင့် ချိုးဖျက်ဆေးလုံးကိုသာဖြစ်လေသည်။ ("အင်း ငါလဲ အဲ့ဆေးလုံးကိုရအောင်လုပ်ထားရမယ်ထင် တယ်") ဂရိတ်ဘုရင်ကြီးလည်း တွေးတောနေသည်ဖြစ်သည်။သူ အနေနဲ့ပြိုင်ခွင့်မရသော်လည်း ရသွားသောစစ်သည်တော်ထံမှ ထိုက်တန်သောတခြားသောရတနာများနဲ့ပြန်လည် လဲလှယ် မည်ဟုဆုံးဖြတ်ထားသည်။ ထိုသို့သော ဆေးလုံးသည် အမှန်တကယ်ပင်ရှားပါးလှသည် ဖြစ်သည်။အဆင့်သုံးဆင့်အထိချိုးဖျက်နိုင်သည်ဟူသော ဆေးလုံးသတင်းများတခြားသောနိုင်ငံများကြားပါက ဂရိတ် နိုင်ငံသို့သူလျှိုများစေလွတ်ကာ ထိုဆေးလုံးကိုမရရအောင် လုပ်ဆောင်သွားကြမည်မှာ အသေချာပင်ဖြစ်သည်။ ထိုကြောင့်လည်း ဂရိတ်ဘုရင်ကြီးသည်ဂျိတ်ဆေးလုံး အကြောင်းပြောပြီးကတည်းကစ၍ ထိုသတင်းမပေါက်ကြား စေရန် တင်းတင်းကြပ်ကြပ်လုပ်ဆောင်ထားလေသည်။ "ကဲ အချိန်ကျပြီ" ဂျိတ်လည်း ထိုင်ရာမှာထလိုက်သည်။ဂျိတ်ထလိုက်သည်နဲ့ စစ်သည်တော်များ၏အာရုံကိုဖမ်းစားလိုက်သည်။ဂျိတ်လည်း စင်ပေါ်မှာ ဆင်းကာ စင်ရှေ့မှ ကွင်းပြင်ဆီလျှောက်လမ်းသွား လိုက်သည်။ထို့နောက် ဂျိတ် လက်တစ်ချက်ဝှေ့ရမ်းလိုက် သည်။ "ဟ သောက်ပလုတ်တုတ် ဓားကြီးကဘယ်ကနေရောက်လာ တာလဲဟ" "ဟ ထူးဆန်းတယ်" စစ်သည်တော်များ၏အံသြမင်သက်သံများက ထွက်ပေါ်လာ လေသည်။ဂျိတ်စင်ပေါ်မှဆင်းလာတုန်းက ဘာမှမပါကြောင်း သူတို့အသေချာတွေ့ရှိပြီးဖြစ်သည်။ဤသည်ကို သူ၏လက်မှ တစ်ချက်ဝှေ့ရမ်းလိုက်သည်နဲ့ အဘယ်ကဓားတစ်ချောင်း ရောက်ရှိလာသနည်း။ "နေနေပါဦးဒီဓားက ......." ဂရိတ်ဘုရင်ကြီးပင် ရာဇအဆင့်တန်းများမေ့လျော့ကာ ထိုင် ရာမှ ဆက်ခနဲထလိုက်သည်။ဒီဓားသည် ထင်လောက်မရိုးရှင်း ကြောင်း သူအနေနဲ့ခံစားမိသည်။ကျန်သောသူများကတော့ ထိုသို့ခံစားရန်မဖြစ်နိုင်ပေ။ထွက်ပေါ်လာသောဓားကြောင့် ဘုရင်ကြီးအနေနဲ့ ဂျိတ်ဘယ်လိုဓားထုတ်လိုက်သည်ကိုပင် စ ဥ်းစားဖို့မတွေးနိုင်တော့ပေ။ ("ဒီဓားဆိုမဆိုးလောက်ပါဘူး") ဒါကဂျိတ်အတွေးဖြစ်သည်။သူအနေနဲ့စစ်ဆေးမှုပြုလုပ်နိုင် ရန် စနစ်သိုလှောင်ခန်းမှ ဓားတစ်ချောင်းရွေးကာ ထုတ်လိုက် ခြင်းဖြစ်သည်။ စနစ်မှပြသထားသောအချက်လက်များကြောင့်လည်း ဂျိတ်မှ ထိုဓားကိုရွေးချယ်လိုက်ခြင်းဖြစ်သည်။ အမျိုးစား...ဓား... အမည်.....မြစိမ်းရောင် အဆင့်တန်း....အဆင့်မြင့်ပလက်တီနမ်အဆင့် အသုံးဝင်ပုံ......တိုက်ခိုက်ရေးနေရာများတွင်သုံးသည် ထက်ပါရမီရှင်များရွေးချယ်ရာတွင် အသုံးပြုနိုင်သည်။ အားသာချက်.....ထိုဓားသည်အချောင်းငါးဆယ်အထိ ပွားနိုင်သည်။ "ဟုတ်ပြီ ငါမင်းတို့ကို ပြောထားတဲ့အတိုင်း အဆင့်ချိုးဖျက် ဆေးလုံး ရနိုင်ဖို့ စမ်းသပ်မှုကိုအခုပဲလုပ်မှာဖြစ်တယ် " စစ်သည်တော်များက ဂျိတ်ပြောသောစကားလုံးများကို မလွဲ သွားစေရန်သေချာအသေးစိတ်နားထောင်နေကြသည်။အမှန် ကတော့ ဂျိတ်ပြောသောစကားတိုင်းသည် လူတိုင်းကြားရ သည်ဖြစ်သည်။ယခုနေရာ၌ရှိနေသောစစ်သည်တော်တိုင်း သည် ဂျိတ်၏အသံကိုမိမိတို့အနား၌ပြောသကဲ့သို့ပင်ကြားနေ ရသည်ဖြစ်သည်။ "စမ်းသပ်ချက်ကတော့ ဓားကိုနှုတ်ရမှာဖြစ်တယ်" ပြောပြောဆိုဆိုဖြင့်ဂျိတ်သူ့၏လက်မှဓားကို မြေပြင်ထဲသို့ ထိုး စိုက်လိုက်သည်။ထိုးစိုက်လိုက်သည်နဲ့ ဓားစိုက်လိုက်သော နေရာသည် စက်ဝန်းပုံဖြစ်ပေါ်လာသည်။ထို့နောက်ထိုစက်ဝန်း ပုံအတိုင်း ပထမဦးစွာထိုးစိုက်လိုက်သော ဓားကိုဗဟိုပြု၍ လေးဆယ့်ကိုးချောင်းသောဓားသည်မြေကြီးမှထွက်ပေါ်လာ လေသည်။ "ဒီတစ်ခေါက်စမ်းသပ်မှုကတော့ အခုစိုက်ထားတဲ့ဓားကို မြေပြင်ကနေကျွတ်ထွက်လာအောင်နှုတ်ကြဖို့ပါပဲ"

(105)ပထမဆုံးသော တစ်ယောက်

ဂျိတ်စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်နဲ့ စစ်သည်တော်များဆူညံမှုသည် ချက်ချင်းဆိုသလိုပင်ညိမ် သက်သွားကြသည်။ညိမ်သက်ပြီး ခနအကြာ၌ လူအုပ်ကြီး သည် ချက်ချင်းပင်တုံပြန်လာကြသည်။ဂျိတ်အနီးရှိနေကြ သောစစ်သည်တော်များသည် ချက်ချင်းဆိုသလိုပင် ဓားစိုက် ထားရာနေရာသို့ လျင်မြန်စွာပြေးလွှားသွားကြသည်။ "သခင်ဂျိတ် ဓားကဘယ်လိုနှုတ်နှုတ်ရလား" စစ်သည်တော်တစ်ယောက်ဂျိတ်ကိုမေးမြန်းလိုက်သည်။ ရိုသေသမှုအနေဖြင့်လည်း ဂျိတ်ကိုခေါ်ရာ၌သခင်ဟူသော အသုံးနှုန်း ထည့်သွင်းခေါ်ဆိုလိုက်သည်။ "ရတယ် မင်းဘယ်လိုပဲနှုတ်နှုတ် ရတယ်ကိစ္စမရှိဘူး မင်း အနေနဲ့နှုတ်လို့ရတယ်" "ရတယ်တဲ့ ငါတို့ရအောင်နှုတ်ကြမယ်ဟေ့ " "ဒီအဆင့်ချိုးဖျက်ဆေးလုံးက ငါတို့အတွက်ပဲဟေ့" ပထမဆုံးသောအယောက်ငါးဆယ်ပါသော စစ်သည်တော် တစ်အုပ်သည် ဂျိတ်စိုက်ထားသောမြစိမ်းရောင်ဓားများကို စတင်ကိုင်လိုက်ကြသည်။ စစ်သည်တော်များဓားစတင်ကိုင်လိုက်သည်နဲ့ ဂရိတ်ဘုရင်နဲ့ စစ်သူကြီးတို့၏အာရုံများသည် စိုက်ထားသောမြစိမ်းရောင် ဓားအပေါ်သို့ကျရောက်လာသည်။ "ကျား.......ကျား..." မြစိမ်းရောင်ဓားများကိုင်ဆောင်ထားသော စစ်သည်တော် များ အားကုန်အော်ဟစ်ကာ စိုက်ထားသောဓားကိုဆွဲနှုတ် လိုက်ကြသည်။ သို့ရာတွင် ဓားသည်မြေကြီးမှအနည်းငယ်မျှ ပင် ကြွတက်လာခြင်းမရှိပေ။ "မဖြစ်နိုင်ဘူး.......ငါတို့အားကုန်မသုံးရသေးလို့နေမှာ" "အေး......ဟုတ်တယ် ငါတို့ထပ်ပြီးအားကုန်သုံးလိုက်ကြတာ ပေါ့" နောက်ထပ်တစ်ကြိမ် ဓားကိုကိုင်ထားသောလက်အပေါ်အား များထည့်ကာ နောက်တစ်ကြိမ်ဆွဲနှုတ်ရန်ကြိုးစားလိုက်ကြ သည်။ "ဟား...ဟားး...ဒါလေးတောင်မနှုတ်နိုင်ဘူးလား" ဓားမနှုတ်ရသေးပဲ ဘေးအနား၌ရှိနေကြသော စစ်သည်တော် များသည် ဓားကိုဆွဲနှုတ်နေသောစစ်သည်တော်များကို ဝိုင်းဝန်းလှောင်ပြောင်လိုက်ကြသည်။ ဂရိတ်ဘုရင်နဲ့စစ်သူကြီးများလည်း သူတို့နေဖြင့်မြစိမ်းရောင် ဓားကိုအသေချာကြည့်ရှုနေကြသည်။သူတို့အနေဖြင့် ဂျိတ် မြေပေါ်သို့စိုက်ထားသောဓားသည် အတော်တန်ပင်အဆင့်မြင့် ကာ ရှားပါးလှကြောင်း သူတို့ခံစားမိသည်။ဓားတစ်ချောင်းကို မြေကြီးထဲစိုက်ထည့်လိုက်သည်နဲ့ နောက်ထပ်သောပုံစံတူဓား များထွက်ပေါ်လာခြင်းကပင် အလွန်အမင်းပင်ထူးဆန်းနေပြီ ဖြစ်သည်။ သူတို့အနေဖြင့်လည်း ထိုဓားများကိုနှုတ်လိုကြသည်။သို့သော် သူတို့နေဖြင့် ယခုလိုစစ်သည်တော်များစုဝေးနေချိန် သွားရောက်နှုတ်သည်က သူတို့၏အဆင့်တန်းသိက္ခာကို ထိခိုက်စေသောကြောင့် သွားရောက်မနှုတ်ကြခြင်းလည်း ဖြစ်သည်။ "မင်းတို့ရယ်နေတယ်ဟုတ်လား.... မင်းတို့လာနှုတ်ကြည့်ပါ ဦး" ဓားကိုနှုတ်နေကြသောစစ်သည်တော်များလည်း ဘေးနားမှ လှောင်ရယ်နေသော စစ်သည်တော်များကို ပြန်လည်ပြောဆို ချေပလိုက်ကြသည်။ "ဒါဆိုလည်း မင်းတို့ဖယ်လိုက်လေငါတို့နှုတ်လိုက်ကြမယ်" "အေးအေး...မင်းတို့နှုတ်နိုင်မလားငါတို့လဲ ကြည့်ကြသေးတာ ပေါ့" ဓားကိုနှုတ်နေကြသော ပထမအဖွဲ့ရှိလူများကလည်း ဓားနှုတ် ခြင်းကိုလက်လျော့လိုက်ကြသည်။နောက်မှလှောင်ရယ်နေ သော စစ်သည်တော်အဖွဲ့များအား အလှည့်ပေးကာ ဓားကိုဆွဲ နှုတ်စေခိုင်းလိုက်ကြသည်။ "ဟား....ဟား...ဟား... မင်းတို့သေချာကြည့်ထားဒီဓားက ကျွတ်ထွက်လာပြီးဆေးလုံးကငါ့လက်ထဲရောက်လာတော့မှာ ကွ" "အပြောလားလက်တွေ့လားကြည့်ကြတာပေါ့" ဘေးမှစစ်သည်တော်များလည်း ထိုအာကျယ်နေသော စစ်သည်တော်ကို ပြန်လည်ပြောဆိုလိုက်သည်။သူတို့နေနဲ့ ထို အာကျယ်အာကျယ်ပြောနေသောစစ်သည်တော်ကို ကြည့်မရ သည်မှာအတော်တန်ကြာနေပြီဖြစ်သည်။ ထိုစစ်သည်တော်အား စစ်သည်တော် တော်တော်များများက ပင်လက်မြောက်အရှုံးပေးထားကြရသည်။သူသည်လွန်စွာ စကားများသည်။ထို့ပြင် သူမနိုင် နိုင်အောင် စကားရေလု ပြောသောကြောင့်လည်း သူ့အားခင်သောအပေါင်းသင်း စစ်သည်တော်များကခပ်ရှားရှား။ ထိုအာကျယ်ကျယ်စစ်သည်တော်ကြောင့် သူတို့အနေဖြင့် အရှက်သိက္ခာခွဲခဲ့ရဖူးသောသူများလည်း မနည်းတော့ပေ။ သူ့အားပြန်လည်လက်စားချေလိုသော်လည်း အကြောင်းတရားကမရှိပေ။ယနေ့တွင်တော့ အခွင့်လမ်းက ထွက်ပေါ်လာပြီဖြစ်ရာ အာကျယ်အာကျယ်ကောင်ကိုဆုံးမ ဖိနှိပ်ရန်အခွင့်ရေးရရှိလာပြီဖြစ်သည်။ ထိုအာကျယ်စစ်သည်တော်သည် စိုက်ထားသောမြစိမ်းရောင် ဓားတစ်လက်အနားသို့သွားသည်။သွားပြီးသည်နဲ့ သူ၏စစ်သည်တော်ချပ်ဝပ်တန်ဆာကိုအကျနပြင်ဆင်သည်။ သူသည် အနည်းငယ်ဝသော ကြောင့် စစ်သည်တော်ချပ်ဝတ်တန်ဆာနဲ့ အံဝင်ခွင်ကျခြင်းမ ရှိပေ။ထို့ကြောင့် ခနခနပြန်လည်ပြင်ဆင်နေရသည် ဖြစ်သည်။ယခုလည်းအကျနပြန်လည်ပြင်ဆင်ကာ သူ၏လက်ကို ဓားကို ဆုပ်ကိုင်လိုက်သည်။ "လာလေရော့ကွာ......" အသံကုန်အော်ဟစ်ပြီးဓားကိုဆွဲထုတ်လိုက်သည်။သို့ရာတွင် ဓားကထွက်လာခြင်းမရှိ။ "ဟား....ဟား...ဟား...ဟား..." "လေကြီးတယ်ဟ ဓားကထွက်တောင်မထွက်လာဘူး" "တစ်ချက်လေးတောင်မလှုပ်သွားတာဟေ့" ဘေးနားရှိသောစစ်သည်တော်များကလည်း ရရှိသောအခွင့် ရေးကို အဘယ်ကြောင့်အလွတ်ခံရမည်နည်း။ချက်ချင်းပင် ရရှိသေ.အခွင့်အရေးကိုအသုံးချကာ လှောင်ပြောင်လိုက်ကြ သည်။ ထိုလှောင်ပြောင်သံများကြောင့် အာကျယ်စစ်သည် အနည်းငယ်ရှက်သွားသည်။မခံချင်စိတ်ဖြင့် နောက်တစ်ကြိမ် ထပ်ကြိုးစားသည်။ဒီတစ်ခါ သူကြိုးစားရာတွင် သူ၏ရှိသမျှ သောအားကို စိုက်ထုတ်လိုက်သည်။ "ကျား.................းးးးးးးးး" ထိုအခိုက်၌မထင်မှတ်သောဖြစ်ရပ်ပေါ်ပေါက်လာလေသည်။ အာကျယ်စစ်သည်သည် သူ၏လက်ဖြင့် အားကုန်သုံးပြီး ဓားကိုဆွဲနှုတ်သော်လည်း ဓားကလှုပ်လာ ခြင်းမရှိပေ။ဓားကို အားကုန်သုံးဆွဲရခြင်းကြောင့် သူ၏မျက်နှာပင် ဖျော့တော့လာလေသည်။ အာကျယ်စစ်သည်တော်သည် အားကုန်သုံးရာ၌အလွန့် များပြားလွန်းသွားသောကြောင့် ချီးထွက်သွားလေသည်။ "ဘူ..." ........ "ဟား...ဟားဟားဟား " "ချီးတောင်ထွက်ကျတယ်ဟ" "ငလူးရယ်ရတာငါအူတောင်နာတယ်" စစ်သည်တော်များရယ်သံကြီးကထွက်ပေါ်လာလေသည်။သူ တို့နေဖြင့် အာကျယ်စစ်သည်ချီးထွက်သွားသော ကြောင့် ရယ်မောမိကြသည်။သူတို့နေဖြင့် ရယ်မောခြင်းကိုရပ်တန့်ရန် ကြိုးစားလိုက်သော်လည်း မရပေ။သူတို့ရယ်ခြင်းအား ရပ်တ န့်ရန်ကြိုးစားလိုက်သည်နဲ့ ဓားကိုအားကုန်သုံးကာဆွဲထုတ်နေ သောအာကျယ်စစ်သည်တော်၏အမူရာအသွင်ပြင်နဲ့ သူချီး ထွက်သွားသောမြင်ကွင်းကို မြင်ယောင်လာကာ ထပ်မံ ရယ်မောကြရပြန်သည်။ အာကျယ်စစ်သည်တော်လည်း လွန်စွာပင်အရှက်ရသွားကာ ချက်ချင်းပင်ထွက်သွားလေတော့သည်။စစ်သည်တော်ချပ် ဝတ်များကြောင့် အာကျယ်စစ်သည်၏ကျင်ကြီး(မစင်)သည် အပြင်ဘက်သို့ထွက်မကျလာခြင်းလည်းဖြစ်သည်။ ဒီလိုနဲ့ ဂျိတ်၏ဓားများကိုစစ်သည်တော်များလည်းဆက်လက် ဆွဲနှုတ်ကြသည်။အချိန်မှာနှစ်နာရီပင်ကြာညောင်းလာခဲ့ပြီ ဖြစ်သည်။ယခုချိန်ထိတော့ ဘယ်သူမှနှုတ်ယူနိုင်ခြင်းမရှိကြ သေးပေ။ ဓားများသည် ပေ့ါပါးသယောင်ရှိသော်လည်း ဆွဲနှုတ်ထား သောအခါ မည်မျှခက်ခဲကြောင်းကို ဆွဲနှုတ်သောစစ်သည် တော်များသာအသိဆုံးဖြစ်လေသည်။ "ကျနော်ရသွားပြီကွ" ထိုအသံကြောင့် အသံလာရာကိုစစ်သည်တော်များဝိုင်းကြည့် လိုက်ကြသည်။ငယ်ရွယ်ဟန်ရှိသောလူငယ်စစ်သည်တော်တစ် ယောက်သည် မြစိမ်းရောင်ဓားကို လေထဲ၌ကိုင်မြောက် ထားသည်ကို သူတို့အားလုံးတွေ့လိုက်ကြသည်။

All Chapters