အခန်း (၁၀၆-၁၀၈)
Vol. 8 Ch. 106-108
(106)
စစ်သည်တော်ကောင်လေးလက်ထဲတွင် ရောက်ရှိနေသော မြစိမ်းရောင်ဓားကသက်သေပြနေသည်။ ဆွဲနှုတ်လိုက်နိုင်သောစစ်သည်တော်ကောင် လေး၏အသွင်အပြင်ကိုကြည့်ခြင်းအားဖြင့် ငယ်ရွယ်သေး ကြောင်းပြောပြနိုင်လေသည်။သူ၏အသက်သည် နှစ်ဆယ်မျှ သာရှိနိင်ကြောင်း ခန့်မှန်းနိုင်သည်။ "မင်းဘယ်သူလဲ" ဂျိတ်ကလှမ်းမေးသည်။ "ကျနော်က ဖီးလစ်" "ကောင်းပြီဖီးလစ် မင်းငါ့ဆီလာခဲ့" ဂျိတ်ခေါ်ယူမှုကြောင့် စစ်သည်တော်ဖီးလစ်လည်း ဂျိတ်အနား သို့ဓားကိုင်ရင်းရောက်ရှိလာသည်။သူအနေနဲ့လည်း အလွန်အမင်းတုန်လှုပ်ပျော်ရွှင်နေသည်။သူသည် ဂျိတ်မိန့် ခွန်းပြောစဥ်အခါက ဂျိတ်၏ဟန်ပန်အရှိန်ဝါကြောင့်လေးစား ကြည်ညိုခဲ့ရသည်။ထိိုသို့သောလူမှ သူ့အားလာရန်ခေါ်နေ သောအခါ အဘယ်ကြောင့်မတုန်လှုပ်ပဲ နေနိုင်မည်နည်း။ ဂျိတ်လည်း ဖီးလစ်ကိုကြည့်ကာ အကဲဖြတ်လေ့လာသည်။ မြစိမ်းရောင်ဓားကိုဆွဲနှုတ်နိုင်သောသူများသည် ပါရမီပါ ကြောင်း သူအနေနဲ့သိပြီးသားဖြစ်သည်။ယခုလည်း ဖီးလစ် ဆိုသောကောင်လေးကိုစစ်ဆေးရာ မီးဓာတ်၌ပါရမီပါ ကြောင်းတွေ့ရှိရလေသည်.။အသက်နှစ်ဆယ်မျှနဲ့ ငွေအဆင့် နှစ်ရောက်နေသည်ဆိုကတည်းက ခေသူမဟုတ်ကြောင်း သက်သေပြနေပြီဖြစ်သည်။ငွေအဆင့်ရောက်ရာ၌ ဖီးလစ်ရ လာသောအစွမ်းမှာ လည်း မီးအစွမ်းပင်ဖြစ်လေသည်။ ဖီးလစ်၏မီးအစွမ်းသည် ငွေအဆင့်သုံးဖြစ်ရာအတော်တန် သောမီးတောက်ကို ထုတ်သုံးနိုင်လေသည်။သို့ရာတွက် တိုက်ပွဲကိုပြောင်းလဲစေနိုက်သည်အထိတော့ မဟုတ်ပဲ တစ်ဦး ချင်းတိုက်ခိုက်ရာတွင်လည်းကောင်း ရန်သူအားအနှောင့် ယှက်ပေးရာတွင်လည်းကောင်း အတွက်သာအသုံးချနိုင်သည် ဖြစ်သည်။ ဖီးလစ်လည်းဓားကိုင်ရင်း ဂျိတ်၏အနားသို့ရောက်ရှိလာလေ သည်။ "မင်းပါးစပ်ဟလိုက်." ."ဗျာ" ဖီးလစ်စိတ်လှုပ်ရှားနေသောကြောင့် ဂျိတ်ပြောသောစကားကို သူမကြားလိုက်ပေ။ဗျာတစ်ခွန်းသာထူးနိုင်သည်။ထိုအခိုက်မှာ ပင် ဆေးလုံးတစ်လုံးကသူထူးလိုက်သောအခါ၌ သူ၏ပါးစပ် ထဲသို့ဝင်သွားလေသည်။ "ဂလု..." ဟ ဂရိတ်ဘုရင်ကြီး မမှီလိုက်တော့။သူ့အနေနဲ့ဆေးလုံးရသော စစ်သည်တော်ထံမှ အလဲလှယ်လုပ်ကာတောင်းယူမည်ဟု ကြံရွယ်ထားသော်လည်း ဂျိတ်၏မထင်မှတ်သောလုပ်ရပ် ကြောင့် နောက်ကျခဲ့ပြီဖြစ်သည်။ ဖီးလစ်လည်း သူ၏ပါစပ်ထဲသို့တစ်ခုခုဝင်လာကြောင်း သတိထားမိသည်။သတိထားမိစဥ်မှာ ပင်သူ၏ပါးစပ်ထဲ ရောက်လာသော ဆေးလုံးသည်အရည်ပျော်သွားကြောင်း သူ ခံစားသိရှိလိုက်ရသည်။ "မဆန့်ကျင်နဲ့ ဒီအတိုင်းလေးအလိုက်သင့်နေ" ဂျိတ်၏ညွှန်ကြားသောအသံကြောင့် ဖီးလစ်လည်း ချက်ချင်း ပင် ထိုင်ချလိုက်ကာ ဆေးလုံးအစွမ်းပြချိန်ကိုသာထိုင်စောင့် လိုက်သည်။ဆေးလုံးသည်အရည်ပျော်ပြီးငါးမိနစ် အတွင်း၌ပင် အစွမ်းပြလေသည်။ ဆေးစွမ်းပြရာ၌ဖီးလစ်၏ကိုယ်ခန္ဓာသည် ပိုမိုအေးမြလာ ကြောင်း ဖီးလစ်ခံစားမိသည်။အေးမြလာရုံသာမက အစွမ်းထက်လှသောစွမ်းအားများကမိမိကိုယ်ထဲတိုးဝင် ရောက်ရှိလာကြောင်း ခံစားမိသည်။ထိုအစွမ်းများသည် ဆေးလုံးအရည်ပျော်ရာမှထွက်လာကြောင်း ဖီးလစ်နားလည် ပြီးသားဖြစ်သည်။ ဖီးလစ်၏ဆေးသောက်ပြီးဖြစ်လာမည့်အခြေနေကို လည်း စစ်သည်တော်များကလည်း သေချာကြည့်ရှုနေကြသည်။ဂျိ တ်ပြောသလိုပင် ဆေးလုံး၏အစွမ်းကိုလည်း သိရှိလိုကြခြင်း ဖြစ်သည်.။ ("ဒီခံစားချက်က") ဖီးလစ်ထိုခံစားမှုကိုပြန်လည်ခံစားခံမိလိုက်သည်။ ထိုသို့သောခံစားချက်သည် အဆင့်တက်ရာတွင်သာခံစားနိုင် သောခံစားချက်ဖြစ်ကြောင်းသူအနေနဲ့သိရှိပြီးဖြစ်သည်။ ဂျိ တ်အပေါ်မှာ ယုံကြည်ချက်ရှိသဖြင့်အလိုက်သင့်ပင်နေလိုက် သည်။ ဖီးလစ်၏ကိုယ်အတွင်း၌ ဆေးလုံးအစွမ်းများကအတင်းစုပြုံ လာသည်။ ထိုဆေးလုံးအစွမ်းများစုစည်းပြီးငွေအဆင့်သုံးအ တားဆီးကို ထိုးဖောက်လိုက်ကြသည်။ ဖီးလစ်ကိုယ်ကိုအခြေပြု၍ စွမ်းအင်စုဆောင်းသောဖြစ်စဥ် လည်းပေါ်ပေါက်လာသည်။ ထိုဖြစ်စဥ်သည် အဆင့်တက် ရာတွင်ဖြစ်ပေါ်တက်သော ဖြစ်စဥ်ဖြစ်ကြောင်း စစ်သည်တော် တို့သိရှိပြီးဖြစ်သည်။ "ဟ တကယ်ကြီးဟ " စစ်သည်တော်များအားလုံး အံအားသင့်စွာကြည့်ရှုနေကြ သည်။ဆေးလုံး၏အစွမ်းသည် လိမ်ညာနေခြင်းမဟုတ် ကြောင်း သူတို့အကြွင်းမဲ့လက်ခံလိုက်ကြသည်။ "ဘုန်း.....ဘုန်....ဘုန်း" ငွေအဆင့်သုံးအတားဆီးကိုထိုးဖောက်ပြီးသည်နဲ့မပြီးသေး ဆေးလုံးအစွမ်းများက ငွေအဆင့်လေးရှိအတားဆီးကိုပါ ဆက်လက်ထိုးဖောက်ကာ ဆက်လက်ပြီးငွေအဆင့်ငါးကိုပါ ဆက်လက်ပြီးထိုးဖောက် လိုက်ကြသည်။ "ဟာ......." စစ်သည်တော်များ ပါးစပ်ပင်ပိတ်ဖို့မေ့သည်အထိဖြစ်သွားကြ သည်။ဖီးလစ်သည် အဆင့်တက်ရာ၌တစ်ထိုင်တည်း တစ်ပြိုင်တည်း သုံးဆင့်တက်သွားသောကြောင့်ဖြစ်သည်။ ထို့ကြောင့်ဖီးလစ်သည် ယခုအခါ၌ငွေအဆင့်ခြောက်သို့ ရောက်ရှိသွားပြီဖြစ်သည်။ဆေးလုံးအစွမ်းကချက်ချင်းပြသ မှုကြောင့် စစ်သည်တော်များ၏လိုချင်တပ်မက်မှုသည် အဆုံးစွန်ထိရောက်ရှိသွားသည်ဖြစ်သည်။ထို့ကြောင့် စစ်သည်တော်တိုင်းက ဂျိတ်စိုက်ထားသောဓားအချောင်းငါး ဆယ်ကိုသူ့ထက်ငါ အသာ အပြိုင်လုကာ ဆွဲမှကြတော့သည်။ "ဘယ်လိုခံစားရလဲ" ဖီးလစ်ဘေးတွင်ရှိနေသော စစ်သည်တော်များက မေးမြန်း လိုက်ကြသည်။သူတို့နေဖြင့် ဆေးလုံးသုံးသော သူ၏ကိုယ်တွေ့ဖြစ်ရပ်ကို သိရှိလိုကြသည်မဟုတ်ပါလား။ ဖီးလစ်လည်းမျက်လုံးပိတ်ထားရာမှဖွင့်လိုက်သည်။ သူ၏ကိုယ်အဆင့်သည်သုံးဆင့်တိတိ တက်သွားသောကြောင့် အလွန်အမင်း ကျေနပ်ပီတိဖြစ်မိသည်။သူ၏ကိုယ်ခန္ဓာသည် လည်း ငွေအဆင့်ခြောက်၌ရောက်ရှိသောကြောင်း ခံစား မိသည်။ "ခံစားလို့အရမ်းကောင်းတယ် နာကျင်တာလဲမရှိဘူး အခု တောင်ကျနော်စွမ်းအားတွေပြည့်နေတာပဲ" ဖီးလစ်ပျော်ရွင်နေသည်။ "နေဦး ဆေးလုံးရဲ့ဟိုဆိုးကျိုးကောမခံစားရဘူးလား" ထိုစစ်သည်တော်မေးသောဆိုလိုရင်းကို ဖီးလစ် သဘောပေါက်မိသည်။သူပြောချင်သည်အဓိပ္ပါယ်သည် ဆေးလုံးသုံးပြီးအဆင့်တက်သူများသည် အဆင့်ထပ်မံတက် ရန်ဆက်လက်ခက်ခဲသွားသောကြောင့် ဖြစ်သည်။ "အဲ့လိုမခံစားရဘူး ကျနော်နောက်ထပ်အဆင့်တက်မယ်ဆို ရင်တောင် လွယ်ကူနေမယ်လို့ခံစားမိတယ်" "ဝိုးးးးးးး" ဘေးမှ စစ်သည်တော်များမှ ထပ်မံအံသြသွားကြသည်။ဖီး လစ်ဆီမှထပ်မံကြားရသောအခါ ဆေးလုံးကိုလိုချင်က အဆုံးစွန်ထိ ရောက်ရှိသွားပြီဖြစ်သည်။ ထိုစဥ်.... စစ်သားလေးတစ်ယောက်သည် အပြေးလွှားနဲ့ဂျိတ်အနားသို့ ရောက်ရှိသွားလေသည်။ထို့နောက်ဂျိတ်အနားမှဘုရင်ကြီးဆီ သွားကာ သတင်းသွားရောက်တင်ပြခြင်းဖြစ်လေသည်။ "ဘုရင်ကြီး တပ်ဖ်တိုင်းပြည်ကစစ်သူကြီးရောက်လာပါတယ် အရမ်းအရေးကြီးပါတယ်တဲ့"
(107)
"တပ်ဖ်တိုင်းပြည်ကဟုတ်လား" ဂရိတ်ဘုရင်ကြီး အနည်းငယ်ပြန်လည်တွေးလိုက်သည်။တပ် ဖ်တိုင်းပြည်သည် အဆင့်သေးသောနိုင်ငံဖြစ်ကာ ကောင်းမွန်သောတိုင်းပြည်ထဲတွင်ပါဝင်သည်။ထို့ကြောင့် ဝင် ခွင့်ပေးရန်ဆုံးဖြတ်လိုက်သည်။ "သူ့ကိုငါ့ရှေ့တော်မှောက် ခေါ်ဆောင်လာချေ" "အမိန့်တော်အတိုင်းပါ" စစ်သည်တော်လေးလည်း ဘုရင်ကြီးကိုအရိုသေပေးကာ ပြန်လည်ထွက်ခွာသွားလိုက်သည်။ ထို့နောက်မကြာမီမှာပင် လူတစ်ယောက်ရောက်လာကြောင်းတွေ့လိုက်ရလေသည်။ ဂရိတ်စစ်သည်တော်များကတော့ မြစိမ်းရောင်ဓားများကိုသူ့ ထက်ငါ အပြိုင်ဆွဲနှုတ်နေကြဆဲဖြစ်သည်။သို့ရာတွင် ဖီးလစ် ဆွဲနှုတ်ပြီးနောက်ပိုင်း ကျန်သောစစ်သည်တော်များကဆွဲနှုတ် နိုင်ခြင်းမရှိကြပေ။ "ဟ ဘယ်လိုဖြစ်တာလဲ " ဝင်လာသောလူကို မြင်လိုက်သည်နဲ့ တွေ့လ်ိုက်သောလူတိုင်း က အံသြနေကြသည်။ဝင်လာသောလူသည် စစ်သူကြီးဟု ကြိုတင်ပြောထား၍သာ ဝင်လာသောသူသည် စစ်သူကြီး ဖြစ်ကြောင်းသူတို့သိရှိထားကြခြင်းဖြစ်သည်။ ဝင်လာသောလူသည် စုတ်ပျက်သတ်နေသောအခြေ၌ရှိလေ သည်။စစ်သူကြီးချပ်ဝတ်တန်ဆာများက စုတ်ပျက်နေကာ သူ၏ကိုယ်ခန္ဓာကလည်း သန့်ရှင်းလေးမလုပ်ရသည်မှာကြာ နေပြီဖြစ်ကြောင်း သိရှိနိုင်သည်။ "သူ့ကိုအစားသောက်အရင်ကျွေးလိုက်ပါ" ပြောလိုက်သူကဂျိတ်ပင်။သူ့ကိုကြည့်ရုံဖြင် သူအစာမစားရ သည်မှာကြာပြီဖြစ်ကြောင်း သိလိုက်သောကြောင့်ပြောဆို ခြင်းဖြစ်သည်။ "ကျေးဇူးပါ" ထိုစစ်သူကြီးဆိုသောလူက အားတင်းပြီး ဂျိတ်ကိုပြန်လည် ပြောလိုက်သည်။ထို့နောက်သူ့အား တည်ခင်းကျွေးမွေးထား သော အစားသောက်များကို စတင်စားသောက်လိုက်သည်။ တပ်ဖ်တိုင်းပြည်မှစစ်သူကြီးသည် မစားမသောက်ရသည်မှာ ကြာနေပြီဖြစ်သောကြောင့် အားရပါးရစားသောက်နေသည်။ ထိုကြောင့် ဂရိတ်ဘုရင်ကြီးလည်း အစားစားသောက်ပြီး သောအချိန်ပြီးမှသာ မေးမြန်းမည်ဟုဆုံးဖြတ်လိုက်သည်။ အချိန်အနည်းငယ်ကြာသောအခါ တပ်ဖ်စစ်သူကြီးသည် လည်း စားသောက်ခြင်းပြီးစီးသွားပြီဖြစ်သည်။ "ကဲ မင်းဘာလို့ဒီကိုရောက်လာတာလဲပြောပြပါဦး" ထိုအခါမှ ရောက်လာရခြင်းအကြောင်းရင်းကို မေးမြန်းလိုက် သည်။ "ကျနော်ဒီကိုရောက်လာရတာက အရမ်းအရေးကြီးတဲ့ သတင်းကြောင့်ရောက်လာရတာပါဗျ...." "ကဲပြော ဘယ်လောက်အရေးကြီးလဲ" "ကျနော်ရဲ့တိုင်းပြည်တစ်ခုလုံးပျက်စီးသွားပြီ" "ဘာ" ဒီတစ်ခါတော့ဂရိတ်ဘုရင်ကြီးနဲ့ ကျန်သောစစ်သူကြီးများပါ လန့်သွားကြသည်။ထိုသတင်းကအလွန်ပင်အရေးကြီးသော သတင်းတစ်ခုဖြစ်သည်။တိုင်းပြည်တစ်ခုလုံးပျက်စီးသွား ခြင်းသည် အလွန်အရေးကြီးသောသတင်းတစ်ခုဖြစ်သည်။ ."ကျနော်ပြောလို့မပြီးသေးဘူးလေ ဘာလို့ဒီလိုဖြစ်ပျက်ခဲ့ရ တာဆိုတာကိုပေါ့" "အေးပြော ဘာကြောင့် မင်းတိုင်းပြည်တစ်ခုလုံးက ပျက်စီးခဲ့ ရတာလဲ" ဂရိတ်ဘုရင်ကြီးစိတ်အားထက်သန်စွာမေးမြန်းလိုက်သည်။ဒီ လိုသတင်းကအလွန်မင်းအရေးကြီးသောကြောင့်ဖြစ်သည်။ "မီးတွေဟုန်းဟုန်းတောက်နေတဲ့ဧရာမ မကောင်းဆိုးဝါးကြီး ကြောင့်ပါ" "မင်းလိမ်နေတာလား ဘာလို့အဲ့လိုပြောပြရတာလဲ" "မ...မဖြစ်နိုင်တာကိုမပြောစမ်းပါနဲ့လားကွာ" စစ်သူကြီးများက တပ်ဖ်စ်စစ်သူကြီးကို လိမ်လည်နေသည် ထင်သောကြောင့် မေးမြန်းလိုက်ကြသည်။သူတို့၏ဘဝ သက်တမ်းတစ်လျှောက်၌မကောင်းဆိုးဝါးကို မမြင်ဖူးသော ကြောင့်လည်း ထိုသို့သောမေးခွန်းများထုတ်နေကြခြင်း လည်းဖြစ်သည်။ "ကျုပ်က ခင်ဗျားတို့ကိုဘာလို့လိမ်ရမှာလဲ အဲ့အကောင်ကြီးကို ကျုပ်သေချာပေါက်မေ့မှာမဟုတ်ဘူး သူ့ကိုယ်မှာလဲ အရိုး လိုလိုနဲ့အကောင်ကဧရာမကြီး ပြီးတော့မီးတွေမှုတ်ထုတ်လို့ ကျုပ်တိုင်းပြည်ကလူတွေအကုန်သေကြရတာ" "ပြီးတော့ကျုပ်ဒီကိုလာရတယ်ဆ်ိုတာကလဲ ကျုပ်တိုင်းပြည်လ်ို မဖြစ်သွားရအောင် ကြိုတင်အကြောင်းလာကြားပေးတာ" ဒေါသထွက်နေသောအမူရာဖြင့်ပြန်လည် ပြောဆိုလိုက်သည်။ သူ့အနေနဲ့လည်း ဒေါသထွက်နေသည်။သူတို့ကသာ မယုံနေ သော်လည်း သူ၏တိုင်းပြည်ကတော့ပျက်စီးခဲ့ရပြီမဟုတ်ပါ လား။ "ကောင်းပြီ မောင်မင်း မောင်မင်းပြောတာကျုပ်လက်ခံပါ တယ် အခုတော့ ကျုပ်စီစဥ်ပေးတာကိုလက်ခံပေးပါ" ဂရိတ်ဘုရင်ကြီးသည် တပ်ဖ်စစ်သူကြီးကို အနည်းငယ်ပြော ပြကာ သူနေထိုင်ရန် နေရာထိုင်ခင်းပြင်ဆင်ကာချထား ပေးလိုက်သည်။ "အယ်ဖာ " "အမိန့်ရရှိပါ" စစ်သူကြီးအယ်ဖာ ဘုရင်အမိန့်ကြောင့်အရိုသေပေးလိုက် သည်.။ "မင်းနောက်လိုက်ငါးဆယ်ခေါ်သွားပြီး တပ်ဖ်တိုင်းပြည်နေရာ သွားချေ ပြီးတော့စုံစမ်းလာခဲ့" "အမိန့်တော်အတိုင်းပါ" စစ်သူကြီးအယ်ဖာလည်း အမိန့်နာခံကြောင်းပြသကာ စုံစမ်း စစ်ဆေးရန်အတွက် ထွက်ခွာသွားလိုက်သည်.။ ဂရိတ်ဘုရင်ကြီးကိုယ်တိုင်လည်း မယုံချင်သောအခြေနေရှိ သည်။သို့သော် သတင်းလာပို့သောသူသည် တပ်ဖ်စစ်သူကြီး အဆောင်ယောင် နဲ့တံဆိပ်ပြားကို ကိုင်ဆောင်ထားသည့် အပြင် အမှန်တရားကိုအမှန်တကယ်ပြောဆိုနေသောပုံရှိသော ကြောင့် သေချာအောင်စုံစမ်းစစ်ဆေးစေလိုက်ခြင်း ဖြစ်သည်.။ ဂျိတ်လည်း အနည်းငယ်စဥ်းစားလိုက်သည်။တပ်ဖ်စစ်သူကြီး ပြောသောအရာများသည် အမှန်တရားဟုဝူလက်ခံသည်။သူ ပြောသောအရာတိုင်းဆိုလျှင် သူ၏တိုင်းပြည်ကိုဖျက်စီးခဲ့ သော အကောင်ကြီးသည် သူဖမ်းဆီးခဲ့သောအကောင်နဲ့တူနေ ပြီဖြစ်သည်။သို့သော် ယခုပြောဆိုသွားသောစကားအရဆို လျှင် ထိုအကောင်အရွယ်စားသာ ကွာခြားနေခြင်းဖြစ်ကာ မီးတောက်အရိုးစုမှန်း ဂျိတ်သိရှိပြီဖြစ်သည်။ နောက်ထပ်သောမီးတောက်အရိုးစုကြီးအကြောင်းထပ်မံ ကြားလိုက်ရသောကြောင့် ဂျိတ်အိမ်ပြန်ရန်ပြင်ဆင်လိုက် သည်။သူစိုက်ထားသော မြစိမ်းရောင်ဓားများကိုလည်း ပြန်လည်ဆင့်ခေါ်လိုက်သည်။ "ကဲ စမ်းသပ်စစ်ဆေးခြင်းပြီးပြီ... နောက်မှထပ်လုပ်ပေး မယ်" စစ်သည်တော်များလည်း ဓားနှုတ်နေရင်းတန်းလန်းဓား ပျောက်သွားသောကြောင့် အနည်းငယ်ကြောင်တောင်တောင် ဖြစ်နေချိန်တွင် ဂျိတ်အသံကြားလိုက်ရသောကြောင့် ပြီးဆုံး သွားပြီဖြစ်ကြောင်း သိလိုက်ကြသည်။ သူတို့အနေနဲ့ ဆက်လက်ပြီးစမ်းသပ်ချင်သော်ငြားလည်း ဂျိ တ်အားကြောက်ရွံသောကြောင့် မပြောဝံကြပေ။ ဂျိတ်လည်းဂရိတ်ဘုရင်ကြီးကိုပြောကာ အိမ်ပြန်ရန်ကြံလိုက် သည်။ထိုအခါဘုရင်ကြီးက သူကိုယ်တိုင်အစောင့်များဖြင့်ပြန် ပို့ပေးမည်စေသော်လည်း ဂျိတ်ကငြင်းပယ်လိုက်သည်။ ထို့နောက် ဂျိတ်သည် စစ်တပ်အပြင်ဘက်အနားအထိ ဆက်လက်လျှောက်သွားလိုက်သည်။ထို့နောက်ချက်ချင်းပင် သူ၏ဘုံပြ သာဒ်ထဲသို့ဝင်ရောက်လိုက်လေသည်။ထိိုသို့ဝင် ရောက်လိုက်သည်နဲ့ အပြင်ကမ္ဘာ၌ဂျိတ်သည်လည်း ချက်ချင်း ဆ်ိုပျောက်ကွယ်သွားဖြစ်သည်။ ဘုံပြ သာဒ်၏အတွင်းတစ်နေရာ..... မီးတောက်အရိုးစုတစ်ကောင်သည် ငြိမ်သက်စွာနေလေ သည်။ထိုခဏ၌ဂျိတ်၏ကိုယ်ရနံရသွားသောကြောင့် ချက်ချင်းဆိုသလို အလွန်မင်းကြောက်လန့်တုန်လှုပ်လာပြန် လေသည်။သူ၏အမူရာသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးကြီးကိုမြင်သည်ထက်ပိုကြောက်နေဟန်ရှိလေသည်။ "ကဲ ငါမေးတဲ့အကြောင်းလေးတွေမင်းပြောပြရမယ်နော်."
(108)
"ဟင် ဟာ ဘယ်ရောက်သွားတာလဲ" ဂရိတ်စစ်သူကြီးတစ်ယောက်သည် ဂျိတ်ကိုတွေ့လိုတွေ့ငြား ဂျိတ်နောက်မှသူမြန်သလောက်မြန်အောင်လိုက်ခဲ့သည်။သူ့ အနေနဲ့ စစ်တပ်အပြင်ရောက်သွားသောဂျိတ်ကို တွေ့ဆုံလို သည်။တွေ့ဆုံပြီး ဂျိတ်ထံမှအဆင့်တက်ဆေးလုံးကိုဝယ်လို သည်။ယခုအခါတွင်ကား စစ်တပ်အပြင်သို့စက္က န့်ပိုင်းလေးသာထွက်သွားရသေး သောဂျိတ်ကို သူ့အနေနဲ့ရှာမတွေ့တော့ပေ။ဤသည်ကသူ့အား ခေါင်းစားသွားစေခဲ့လေသည်။ ဘုံပြသာဒ်အတွင်း၌......... မီးတောက်အရိုးစုသည် ဂျိတ်အားလွန်စွာပင်ကြောက်ရွံနေရာ ဂျိတ်ပြောသမျှကိုဖြေပါမည်ဟုကတိပြုလိုက်သည်။ "မင်းလိုအကောင်တွေထပ်ပြီးဒီကမ္ဘာကိုလွတ်လိုက်သေး လား" ထိုစကားကိုကြားသည်နဲ့မီးတောက်အရိုးစုသည် "သူတို့လည်းရောက်လာပြီပေါ့" တစ်ခွန်းသာဆိုသည်။ "ပြောသေချာပြီးပြည့်စုံအောင်ပြော ဘာလို့သူတို့ရောက်လာရ တာလဲဆိုတာကိုပြော" ဂျိတ်အနေနဲ့သိချင်နေပြီဖြစ်သည်။သူကြားသည်မှာဧရာမ မီးတောက်အရိုးစုအကောင်ကြီးဟုသာကြားလိုက်ခြင်းဖြစ် သော်လည်း သူတို့ဟူသောဝေါဟာရကြောင့် နောက်ထပ်သော အကောင်များလည်းရှိနေနိုင်သေးကြောင်းသဘောပေါက် လိုက်သည်။ မီးတောက်အရိုးစုသည် ခေါင်းငုံနေပြီးအနည်းငယ်ကြာမှ ပြန်လည်ပြောသည်။မီးတောက်အရိုးစုပြောကြားသောစကား များအရဆိုလျှင် ဂျိတ်သည်သူသိလိုသောအချက်လက်များ အကြောင်းများကိုပါ သေချာသိရှိလိုကိရလေသည်။ မြေအောက်ကမ္ဘာမှ အစွမ်းထက်လှသည်ဆ်ိုသော မီးတောက် အရိုးစုနတ်ဆိုးဘုရင်ကြီး တစ်ပါးပေါ်ပေါက်ခဲ့ဖူးသည်။ထို မီးတောက်အရိုးစုနတ်ဆိုးကြီးသည် အလွန်ပင်အစွမ်းထက် လှသောကြောင့် မြေအောက်ကမ္ဘာနဲ့ကမ္ဘာမြေတို့ကြားတွင် တားဆီးထားသော အတားဆီးများကို ချိုးဖောက်ပစ်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာမြေနဲ့မြေအောက်ကမ္ဘာကြားတွင် လမ်းငယ် လေးတစ်ခုဖြစ်ပေါ်လာခဲ့လေသည်။ထိုလမ်းငယ်လေးသည် ထိုမီးတောက်အရိုးစုနတ်ဆိုးတစ်ကောင်စာ သွားလာ၍ရပေ သည်။ ထိုကြောင့် မီးတောက်အရိုးစုနတ်ဆိုးသည် ထိုဖြစ်ပေါ်လာ သောလမ်းမှနေ၍ ကမ္ဘာမြေ(လူသားများနေထိုင်ရာ သို့)ရောက်ရှိလာခဲ့လေသည်။ရောက်ရှိလာပြီးသည်နဲ့ လူသား တို့ကိုစတင်ဖျက်စီးခြင်းလုပ်ဆောင်တော့လေသည်။လူသား များကိုဖျက်စီးစားသောက်ပြီး သူ၏အစွမ်းများပိုမိုမြင့်သ ထက်မြင့်လာအောင် လုပ်ဆောင်ခဲ့သည်။ ထိုအခါ လူသားများဖက်မှအစွမ်းထက်လှသော စစ်သည် တော်များကထွက်ပေါ်လာကာ ထိုနတ်ဆိုးကြီးကိုရင်ဆိုင်ကြ လေသည်။ဤသို့ဖြင့်ကြီးမားသော တိုက်ပွဲကြီးတစ်ခုဖြစ် ပေါ်လာခဲ့လေသည်။ထိုတိုက်ပွဲကြီးသည် တစ်လမျှကြာမြင့်ခဲ့ လေသည်။နောက်ဆုံးတွင် မီးတောက်အရိုးစုနတ်ဆိုးကြီးရှုံးနိ မ့်ပြီးလူသားများကအနိုင်ရရှိခဲ့လေသည်။ အနိုင်ရရှိသည်ဆိုသော်ငြားလည်း များစွာသောစစ်သည်တော် တို့ကိုလူသားများဘက်မှပေးဆပ်ခဲ့ကြရလေသည်။ မြေအောက်ကကမ္ဘာနဲ့မြေကမ္ဘာအတားဆီးမှာပြန်လည်ပိတ် သွားရာ ကျန်သောနတ်ဆိုးများကမြေကမ္ဘာပေါ်သို့ရောက်ရှိ လာခြင်းမရှိတော့ပေ။ဤသည်ကား လွန်ခဲ့သောနှစ်ပေါင်းများ စွာကပင်ဖြစ်သည်။ မီးတောက်အရိုးစု နတ်ဆိုးကြီးသည် ရှုံးနိမ့်သွားသော်လည်း အလွန်အစွမ်းထက်သည်ဖြစ်ရာ ပြန်လည်ရှင်သန်လာမည်ကို လူသားတို့စိုးရိမ်ခဲ့ကြသည်။ထို့ကြောင့် မီးတောက်အရိုးစု နတ်ဆိုးကြီး၏ကြွင်းကျန်ရစ်ခဲ့သော အရိုးငါးချောင်းကို သက်ဆိုင်ရာနယ်မြေများတွင် သီးခြားခွဲကာထားလိုက်ကြ သည်။ ယခုချိန်၌ မြေအောက်ကမ္ဘာနဲ့မြေကမ္ဘာအတားဆီးများတွင် သေးငယ်သောအပေါက်လေးများဖြစ်ပေါ်လာရာ ထိုအရာကို အခွင့်ကောင်းယူ၍ နတ်ဆိုးများကြိုးစားနေခြင်းဖြစ်သည်။ လူသားကမ္ဘာသို့ရောက်ရှိလာသောမီးတောက်နတ်ဆိုးကြီး သည် အလွန်မင်းအစွမ်းထက်ရာ သူ၏ကြွင်းကျန်ရစ်သော အရိုးများကို မြေအောက်ကမ္ဘာသို့ပြန်လည်ခေါ်ဆောင်ကာ အသက်သွင်းကြရန် မီးတောက်အရိုးစုများကကြိုးစားနေကြ ခြင်းဖြစ်သည်။အတားဆီးများတွင် ဖြစ်ပေါ်နေသောသေး ငယ်သောအရာပေါက်များမှ တစ်ဆင့် မီးတောက်အရိုးစုများ ကကြိုးစားဝင်ရောက်လာကြခြင်းဖြစ်သည်.။ ယခုတပ်ဖ်တိုင်းပြည်ကိုဖျက်စီးသွားသော မီးတောက်အရိုးစု သည် ကြွင်းကျန်ရစ်သောအရိုးများကိုလာရှာသော မိမိတို့ထဲမှ တစ်ယောက်ဖြစ်ကြောင်း မိမိသည်လာရှာသော ဆယ်ကောင် အနက်အားအနည်းဆုံးဖြစ်ကြောင်း ဆယ်ကောင်ဝင် ရောက်လာသော်လည်း ငါးကောင်မှာအတားဆီးများထိမိ သောကြောင့် သေကြေသွားရကြောင်းပြောသည်။ ဂျိတ်အနေနဲ့ မီးတောက်အရိုးစုများ ရောက်လာရခြင်း အကြောင်းရင်းကို သိရှိလိုရပြီဖြစ်ရာ ဘုံပြသာဒ်မှပြန်လည် ထွက်ခွာသွားသည်။စိတ်မငြိမ်ပဲ ကျန်သောသူကတော့ အကြောင်းရာအားလုံးကိုပြောပြလိုက်သော မီးတောက်အရိုး စုပင်ဖြစ်သည်။ထိုသို့ပြောပြလိုက်ခြင်းကြောင့် သူသည် မျိုး နွယ်စု၏အသေ သတ်ခံရခြင်းကျိန်စာကိုထိကာ သေရမည် ဖြစ်သည်။သို့သော်လည်း ဂျိတ်၏ဘုံပြသာဒ်သည် ကြီးမားသောအလွှာတစ်ခုကိုဖြစ်စေသလိုဖြစ်နေသောကြောင့် မီးတောက်အရိုးစုမသေနေရခြင်းဖြစ်သည်။ "ဂီးးးးး..... ဂျိတ်ဖမ်းထားသောမီးတောက်အရိုးစုပြောသလို မြေကမ္ဘာသို့ ရောက်ရှိလာသော ကျန်သောလေးကောင်သည် မီးတောက် အရိုးစုနတ်ဆိုးကြီး၏ကြွင်းကျန်သောအရိုးစုများကို အပြင်း ထန်ရှာဖွေနေကြပြီဖြစ်သည်။သူတို့ရှာဖွေသောနယ်မြေ အတွင်း၌လူသားများရှိနေပါကလည်း ဖျက်စီးခြင်း လုပ်ဆောင်ကာသူတို့၏အစွမ်းများကိုမြင့်တင်သွားသေး သည်။သူတို့လျှောက်လမ်းသွားသောနေရာတိုင်းကား နေရာ အနှံအပျက်စီးများနဲ့သာဖြစ်နေတော့သည်။ ဂျိတ်အနေနဲ့မီးတောက်အရိုးစုထံမှအကြောင်းရာကိုသိပြီးဖြစ် သောကြောင့် အိမ်ပြန်ကာ သမီးလေးဖြစ်သူနဲ့ပျော်ရွှင်စွာ အချိန်ကုန်ဆုံးသည်။သူ့အတွက်က မီးတောက်အရိုးစု များသည် သူ၏သမီးလေးလောက်အရေးမပါသောကြောင့် ဖြစ်၏။ .ဂရိတ်နန်းတော်၌ "အရှင်မင်းကြီး...ကင်းတပ်ပြန်ရောက်လာပါပြီ" "ကောင်းပြီဝင်စေ" ဂရိတ်ဘုရင်ကြီးပြောကြားပြီးသည်နဲ့ အယ်ဖာခေါင်းဆောင် သောကင်းထောက်တပ်သားများကရောက်ရှိလာကာ သူတို့ တွေ့ခဲ့ရသောအကြောင်းစုံကိုပြန်လည်ရှင်းပြတင်ပြကြသည်။ ထိုအကြောင်းများကိုဘုရင်ကြီးကြားရလေ မျက်နှာညိုးလေ ဖြစ်သည်။ဘုရင်ကြီးသာမဟုတ် ကင်းခေါက်တပ် များ၏မျက်နှာများလည်းမကောင်း တုန်လှုပ်ချောက်ခြားနေ ကြသည်။သူတို့သည် တိုင်းပြည်တစ်ခုလုံးမီးလောင်ပြာကျ ကာ လူသေအလောင်းများပြည့်နေသောတိုင်းပြည်ကို ကိုယ်တိုင်တွေ့မြင်လာရသောကြောင့်ဖြစ်သည်။ထို့အပြင် ကြီးမားလှသော ခြေရာကြီးကိုလည်းတွေ့မြင်လာရသော ကြောင့်ဖြစ်၏။ "ဒီနေ့ကစပြီး တစ်တိုင်းပြည်လုံးအရေးပေါ်အမိန့်ထုတ်ပြန် လိုက်.." "ကောင်းပါပြီအရှင်မင်းကြီး"