အခန်း (၁၀၉-၁၁၁)
Vol. 8 Ch. 109-111
(109)
ဂရိတ်ဘုရင်ကြီးသည် တစ်တိုင်းပြည်လုံးအားအရေးပေါ်အမိ န့်ကြေညာထုတ်ပြန်လိုက်သည်။ ထိုထုတ်ပြန်ချက်ကြောင့် တစ် တိုင်းပြည်လုံးရှိလူများတုန်လှုပ်ခြောက်ခြားကြ ကုန်သည်။ထို အရေးပေါ်အမိန့်မျိုးကြေညာခြင်းသည် ယခင်တုန်းကတစ် တိုင်းပြည်လုံးဘေးဒုက္ခအန္တရာယ်တွေ့တုန်းကသာထုတ်ပြန်ဖူး သောကြောင့်ဖြစ်သည်။ ထိုကြောင့်တစ်တိုင်းပြည်လုံးရှိပြည်သူများထိတ်လန့်နေကြရ ခြင်းလည်းဖြစ်ပေသည်။ဒီတစ်ခေါက်၌ပိုပြီးထူးခြားသည် ကတော့ ဂရိတ်ဘုရင်ကြီးသည် စစ်သူကြီးများနဲ့တိုင်ပင်ညို နှိုင်းကာ အစီစဥ်များဆွဲထားသောကြောင့်ဖြစ်သည်။ ထိုအစီစဥ်များအတိုင်းလည်း တိုင်းပြည်တစ်ခုလုံးကိုဖျက်စီး နိုင်သောမကောင်းဆိုးဝါးကြီးရန်မှလွတ်မြောက်ရန် မြေအောက် လိုဏ်ဂူကြီးများတည်ဆောက်ထားကြသည်။ မြေအောက်လိုဏ်ဂူအပြင် တောင်အနီးနား၌ရှိနေသော မြို့ရွာ များအတွက် ထိုတောင်တွင် ကြီးမားသောလိုဏ်ဂူများကို ပြုလုပ်စေလေသည်။ထိုသို့ပြုလုပ်ရာတွင်လည်း သေချာကြံ ခိုင်စေရန် အသေးစိတ်ဂရုစိုက်ဆောင်ရွက်လေသည်။ ထိုသို့တစ်ဖက်တွင် လိုဏ်ဂူများတူးဖော်ပြုလုပ်ချိန်တွင် တစ်ဖက်တွင်လည်း ပြည်သူပြည်သားများကို လေ့ကျင့်ရေး ကွင်းဆင်းလေ့ကျင့်ခိုင်းထားသည်။ အရေးပေါ်အချက်ပေးခေါင်းလောင်းကြားပါက ချက်ချင်း ပင် အရေးကြီးသောပစ္စည်းများနဲ့မိမိနဲ့နီးစပ်ရာ လိုဏ်ဂူနေရာ သို့ဝင်အောင်းနိုင်စေရန် တစ်ခါတည်းလေ့ကျင့်သင့်ကြား ပေးသည်။ထိုလေ့ကျင့်ရေးကိုလည်း တစ်လမျှသတ်မှတ်ကာ သင်ကြားပို့ချပေးသည်။ ထိုသို့သောချက်ချင်းဆိုသလိုလုပ်ဆောင်ချက်များကြောင့် အလုပ်ပျက်ရသည်ဆိုကာ ကန့်ကွက်ကြသော ပြည်သူပြည်သားများကလည်း ရှိကြသေးသည်။ထို့ကြောင့် ဘုရင်မင်းမြတ်အမိန့်အာဏာသုံးကာဖြေရှင်းကြရသည်။ဖြေ ရှင်း၍မရသောသူများကို ဒဏ်ပေးလေသည်။ဒါတောင်မှ ငြင်းပယ်နေသောလူတစ်စုကလည်းရှိသေးသည်။ "ဘာလို့အဲ့လိုလုပ်ခိုင်းနေရတာလဲ ငါအလုပ်ပျက်တယ်" "အေးလေ" ငြင်းကောင်းသောသူများကတော့ငြင်းဆဲပင်။ "ဟ ငါသတင်းရလာတယ် ဒီလေ့ကျင့်ခန်းတွေကအလကား မဟုတ်ဘူးဟ ငါတို့တိုင်းပြည်နဲ့နီးတဲ့ အဆင့်တစ်တိုင်းပြည်တ ပ်ဖ်က ပျက်စီးသွားပြီတဲ့" ငြင်းနေသောသူများ အံသြသွားကြသည်။ "ဟ ဘယ်လိုပျက်စီးတာတဲ့လဲ" "မီးလောင်တိုက်သွင်းသလိုကိုပျက်စီးတာတဲ့ဟေ့ တစ် ယောက်ပဲအသက်ရှင်တယ် ဆိုပဲ" "ဟ ဟုတ်ပမလား" မယုံနိုင်ဟန်ဖြင့်နားထောင်သောသူမှ သတင်းပြောသောသူ အား မေးခွန်းထုတ်သည်။ "သေချာတာပေါ့ ဒီသတင်းကငါ့ဦးလေးပြောပြတာ သူက သတင်းထောက်လှမ်းရေးမှာပါသွားတာလေကွာ မကောင်းဆိုးဝါးအကြီးစားကလုပ်သွားတာတဲ့ သူရဲ့ခြေရာ တောင်မြင်ခဲ့ရတာတဲ့သေနေတဲ့အလောင်းဆိုလဲမနည်းဘူး တဲ့...အခုပြန်လာတော့လန့်ပြီးဖျားတောင်ဖျားနေပြီ" "မဖြစ်နိုင်တာကွာ" ထိုလူများငြင်းဆန်သည်မှာလည်း မကြာလိုက်ပေ။အဆင့် တစ်တိုင်းပြည်သုံးခု. မီးလောင်ပျက်စီးသွားသည်ဟူသော သတင်းကိုလည်း သူတို့ကြားလိုက်ကြရသည်။တိတိကျကျ သတင်းထွက်လာသောအခါ ဆက်လက်ပြီးငြင်းပယ်ခြင်းမရှိ တော့ပေ။ ထိုအခါမှ ဂရိတ်ဘုရင်သည် သူတိူ့အားအလကားနေ အလကားလေ့ကျင့်ပေးခြင်းမဟုတ်ကြောင်း သဘောပေါက် လာကာ လိုက်နာဆောင်ရွက်လာကြလေတော့သည်။ "ဟူး အဆင်ပြေလောက်မယ်ထင်တာပဲ " ဘုရင်ကြီးသက်ပြင်းချသည်။ "ပြေမယ်ထင်ပါတယ်ဘုရင်ကြီး...ဘုရင်ကြီးလည်းတတ်နိုင် သလောက်အစွမ်းကုန်ကြိုးစားပေးထားတာပဲလေ" ဘေးတွင်ရှိသော ပညာရှိမှဖြေသည်။ထိုပညာရှိကြီးသည်တစ် ရာရှိနေပြီဖြစ်ကာ သူ၏ဆံပင်များကလည်း ဆွတ်ဆွတ်ဖြူနေ ပြီဖြစ်သည်။သူ၏အမြော်မြင်ကြီးမှု ထက်မြက်သော ဉာဏ်ပညာတို့ကြောင့် တစ်တိုင်းပြည်လုံးမှလေးစားကိုးကွယ် ကြသည်။ယခုဘုရင်ကြီးလုပ်ဆောင်ထားသောအစီစဥ်များ မှာလည်း ထိုပညာရှိကြီးနဲ့တိုင်ပင်ကာလုပ်ဆောင်ထားခြင်း ဖြစ်သည်။ "ဘုရင်ကြီး ကျွန်တော်မျိုးပြောတဲ့အစီရင်တွေကော အဆင်ပြေရဲ့လား" ထိုစကားကြောင့် ဘုရင်ကြီးသက်ပြင်းချလိုက်သည်။ ပညာရှိကြီးပြောသောအစီရင်ဆိုသည်မှာ အဆင့်နှစ်ရှိသော အင်းကွက်များဖြစ်သည်။ထိုအဆင့်နှစ်အင်းကွက် များ၏အစွမ်းမှာ မီးလောင်ဒဏ်ကိုခံနိုင်ရန်ရှိခြင်းဖြစ်သည်။ ထိုအဆင့်နှစ်အင်းကွက်များသည် အဆင့်ခြောက်လို တိုင်းပြည်၌သာ ရှိရာ အဆင့်လေးတိုင်းပြည်ဖြစ်သောဂရိတ် နိုင်ငံအတွက် အလွန်ပင်ရှားပါးလှလေသည်။အဆင့်ခြောက် လိုတိုင်းပြည်ပင် အဆင့်သုံးအင်းကွက်ရေးဆွဲနိုင်သောဆရာ တစ်ယောက်ရှိသောကြောင့်ဖြစ်သည်။ (နိုင်ငံလို့ ရေးလိုက် တိုင်းပြည်လို့ရေးလိုက်နဲ့ ရေးမိနေတာ အခုမှသတိထားမိပါတယ်ဗျ ယခုဂရိတ်နိုင်ငံ၌အဆင့်နှစ်မီးလောင်ဒဏ်ခံအင်းကွက်သည် အရွက်ရေငါးဆယ်သာရှိ၏။ယခုဆောက်လုပ်နေသော လိုဏ်ဂူများတွင် ကပ်ထားခြင်းဖြင့် လိုဏ်ဂူများ၏မီးလောင် ဒဏ်ကိုပိုမိုတိုးမြင့်စွာခုခံနိုင်လာမည်ဖြစ်သည်။ သို့သော်လည်းလိုဏ်ဂူကငါးဆယ့်နှစ်ခုမျှရှိရာ နှစ်ခုမှာ အင်းကွက်ကပ်နိုင်မည်မဟုတ်ပေ။ ထိုအကြောင်းကိုပညာရှိအားပြောပြတော့ပညာရှိလည်း စိတ် မချမ်းသာဟန်ရှိသည်။သူကိုယ်တိုင်လည်း အဆင့်တစ်အင်း ပညာရှင်ဖြစ်၏။သို့သော်လည်း အင်းကွက်ပညာရပ်ဟူသည်အလွန် မင်း အစွမ်းထက်ရုံမကရှားပါးလွန်းသောကြောင့် သူသည် အ ဆင့်နှစ်အင်းပညာရှင်မဖြစ်သေးပေ။အဆင့်နှစ်အင်း ပညာရှင်မဖြစ်လာရခြင်းသည် အဆင့်နှစ်အင်းပညာရပ်များမ ရှိသောကြောင့်ဖြစ်သည်။ကိုယ်ကိုယ်တိုင် ကြံဆကြိုးစားနေ ရသဖြင့်လည်း လမ်းမှန်ကိုမရောက်ရှိနေနိုင်ခြင်းလည်း ဖြစ် ဟန်တူသည်။ "ခမည်းတော်... လာပါဦး" အိုရစ်၏အသံကြောင့်ဘုရင်လည်း ပညာရှိကိုနှုတ်ဆက်ကာ ထွက်ခွာလာလိုက်သည်။သားဖြစ်သူထံရောက်သည်နဲ့ အကြောင်းရင်းကို သူသ်ိလိုက်ရပြီဖြစ်သည်။သူ၏သားတော် ထံ ဘလက်အဖွဲ့ဝင်သည် ရောက်ရှိနေသောကြောင့်ဖြစ်သည်။ သားဖြစ်သူပြောသောချိန်းဆိုမှုရက်ကိုရောက်လာခြင်းကြောင့် သူရောက်လာရခြင်းဖြစ်ကြောင်းဘုရင်ကြီးနားလည်သိရှိ သည်. ရောက်ရှိနေသောဘလက်အဖွဲ့ဝင်သည် အဆင့်မြင့်မားလှရာ မိမိပင်မနိုင်ကြောင်းဘုရင်ကြီးကောင်းစွာသဘောပေါက် နားလည်သည်ဖြစ်သည်။ထို့ကြောင့် နှုတ်ခွန်းဆက်သလိုက် သည်။ "ကြီးမြတ်သောအသင်က အဘယ်ကြောင့် ရောက်လာရသ နည်း။" "ကလေးဘယ်မှာလဲ"
(110)
ထိုအနက်ရောင်လူ၏အရှိန်ဝါကထွက်ပေါ်လာသည်။ထိုအရှိန် ဝါကြောင့် ဂရိတ်ဘုရင်သည်အနည်းငယ်နောက်ဆုတ်သွား သည်။ချက်ချင်းပင် ဂရိတ်ဘုရင်သည် တိူင်းပြည်၏အရှိန်ဝါ ကိုယူငင်သုံးလိုက်ကာ နောက်ထပ်နောက်မလွင့်သွားစေရန် လုပ်ဆောင်လိုက်သည်။ "ကလေးက မရနိုင်ခဲ့ပါဘူး" ဂရိတ်ဘုရင်ပြောလိုက်သည်။ "ဘာကြောင့်လဲ" "ဘာကြောင့်လဲဆိုတော့ သူကအစွမ်းကြီးလို့ပဲ" "ငါ့ကိုလာလိမ်မနေနဲ့ ဘာလို့အဲ့လိုငနူကောင်က အစွမ်းထက် နိုင်ရမှာလဲ" အနက်ရောင်ဝတ်လူ၏အော်ရာများကထပ်မံပေါက်ထွက်လာ ပြန်သည်။သွေးဆာနေသော သတ်ဖြတ်လိုသောအော်ရာအရှိန် ဝါများက ပြည့်နှက်နေသည်။ သူဆိုသောလူသည် တခြားမဟုတ် ဂျိတ်ကိုဆိုလိုခြင်းပင် ဖြစ်သည်။ဂျိတ်၏သမီးဖြစ်သူကို လိုချင်နေခြင်းလည်း ဖြစ်သည်။သူကိုယ်တိုင်မအားလပ်၍ ဂရိတ်အိမ်ရှေ့မင်းသား ကို စေခိုင်းလိုက်ခြင်းလည်းဖြစ်သည်။သို့သော် ကလေးကိုမ ရဟုမထင်မှန်မိသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအရှိန်ဝါကြောင့် အိုရစ်ကနောက်သို့လွင့်စင်သွားကာ ဂရိတ် ဘုရင်သည်လည်း သွေးတစ်လုတ်မျှအန်လိုက်ရသည်။ "ဒါဆိုရင် ဘာလို့ကိုယ်ကိုယ်တိုင် သွားပြီးမယူချေရတာလဲ " ဂရိတ်ဘုရင်သွေးပေနေသည်ကို သုတ်ပြီးပြောလိုက်သည်။ "ကောင်းပြီ ဒါဆို သူအခုဘယ်မှာနေတာလဲ " "သူကောသူ့သမီးရယ် ဒီယေဂိုမြို့မှာနေတယ်" ထိုစကားကြောင့် အနက်ရောင်ဝတ်လူမှာ ခေတ္တ အနည်းငယ် ငြိမ်သက်သွားရသည်။ "လုပ်ကြံသူတွေလုပ်ကြံလို့မရတဲ့သူ ပြီးတော့ မင်းရှုံးခဲ့တယ် လူဆိုတာသူပေါ့" အနက်ရောင်ဝတ်လူပြောချက်ကို ဂရိတ်ဘုရင်ခေါင်းညိတ်ပြ လိုက်သည်။ဘလက်အဖွဲ့စည်း၏သတင်းအချက်လက်ရယူမှု ကလည်း မြန်ဆန်လှသည်။ ဂရိတ်ဘုရင် ဒီယေဂိုမြို့၌ရှုံးခဲ့ သောသတင်းပင် သူတို့သိရှိနေသည်။ "ဒါဆိုရင် သူပေါ့ဟုတ်လား ငါလဲစိတ်ဝင်စားသွားပြီ ဒီတစ်ခါ တော့မင်းတို့ကံကောင်းတယ်မှတ်" အနက်ရောင်ဝတ်လူသည် ပြောပြီးသည်နဲ့ချက်ချင်းပျောက် ကွယ်သွားသည်။ဂရိတ်ဘုရင်သည် အနက်ရောင်ဝတ်လူထွက် သွားသည်ကိုသာ ငေး၍ကြည့်နေလိုက်သည်။သူအနေဖြင့် ဂျိ တ်ကိုစိုးရိမ်နေခြင်းတော့မရှိပေ။သူစိတ်ဝင်စားသည်ကတော့ ဂျိတ်၏စွမ်းရည်အစစ်မှန်ကို ထိုအနက်ရောင်ဝတ်လူမှ ထုတ်ဖော်လာနိုင်အောင်စွမ်းဆောင်နိုင်မည်လားဟူ၍ပင် ဖြစ်သည်။ အနက်ရောင်ဝတ်လူသည် တော်ရုံသာမန်လူမဟုတ် လွန်စွာပင် အသေးစိတ်သောလူဖြစ်သည်။သူတစ်စုံတစ်ယောက်ကို ကိုင်တွယ်မည်ဆိုပါက ထိုလူ၏နောက်ကြောင်း ဘယ်လိုလူ များနဲ့ပတ်သတ်ပုံ ဘယ်နေရာသွားတတ်ပုံ မည်သို့မည်ပုံအကျ င့်ရှိပုံစသည်ဖြင့် ဦးစွာ စုံစမ်းလေ့ရှိသူဖြစ်သည်။ ထိုသို့လုပ်ဆောင်ပြီးမှသာ ကိုင်တွယ်လေ့ရှိသူဖြစ်သည်။ထို့ ကြောင့်လည်း ဘလက်အဖွဲ့ထဲတွင် သူကိုင်တွယ်သော ကိစ္စမှန် သမျှမအောင်မြင်သည်မရှိဟူ၍နာမည်ကြီးနေခြင်းလည်း ဖြစ်သည်။သူ၏နာမည်ပြောင်ပင် မကျရှုံး(never lose)ဟု ပေးထားကြသည်။ ယခုလည်း ဂရိတ်နန်းတော်ထဲမှထွက်ခွာပြီးသည်နဲ့ ဂျိတ်နဲ့ပတ် သတ်သောအကြောင်းရာများကိုစတင်စုံစမ်းလေတော့သည်။ ဂျိတ်မည်သည့်သောမျိုးနွယ်မှဆင်းသက်ပုံမည်သို့နေထိုင်ပုံ ကတော့ သူယခင်ကစုံစမ်းပြီးသားဖြစ်သည်။ ထိုစဥ်က ဂျိတ်သည်သူကိုယ်တိုင် ကိုင်တွယ်ရလောက်အောင် အစွမ်းထက်ခြင်းမရှိရာ ဂရိတ်နန်းတော်ထဲသွားကာ အိမ်ရှေ့မင်းသားအိုရစ်နဲ့ အလဲလှယ်လုပ်ကာကိုင်တွယ် စေခိုင်းခဲ့ခြင်းဖြစ်သည်။သာမန်အရာရှိများကို ကိုင်တွယ် စေခိုင်းနိုင်သော်လည်း အိမ်ရှေ့စံအထိ ကိုင်တွယ်စေခိုင်းခဲ့ သည်။ ထိုသို့လုပ်ဆောင်ခဲ့ခြင်းမှာ သူနောက်ထပ်ပြန်မကြည့်လောက် အောင် သေချာစေရန်ဖြစ်သည်။သို့သော်ငြားလည်းမ အောင်မြင်ရာ သူကိုယ်တိုင်နန်းတော်သို့နောက်ထပ်တစ်ကြိမ် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ "အရှင်တောင်းထားတဲ့ အချက်လက်တွေရပါပြီ" အစေခံတစ်ယောက်မှ အချက်လက်များပါသော အထုပ်တစ် ထုပ်ကို ယူဆောင်လာသည်။ "ကောင်းပြီ ဒိီနားချထား လိုက်" အနက်ရောင်ဝတ်လူသည်အစေခံချထားသော အထုပ်ကိုဖြေ ကာ ကြည့်လိုက်သည်။ထိုအထုပ်သည် သူကိုယ်တိုင် ဘလက် အဖွဲ့မှတောင်းထားသောအချက်လက်များဖြစ်၏။ထိုအချက် လက်များသည် လွန်စွာပင်အရေးပါလှ၏။သာမန်အဖွဲ့ဝင်ဆို ပါက ငွေကြေးဖြင့်ဝယ်ယူရမည်ဖြစ်ကာ သူကတော့အထူးခွင့် အဆင့်မြင့်လူဖြစ်ရာ အလကားရရှိနိုင်လေသည်။ ချထားသောအချက်လက်များကို အနက်ရောင်ဝတ်လူသေချာ ဖတ်ရှူလိုက်သည်။သူဖတ်ရှုလေ ပိုပြီးစိတ်ဝင်စားလေဖြစ်လာ လေသည်။ သာမန်လူတစ်ယောက်က တစ်နှစ်သောအချိန်အတွင်း၌ ရုတ် ချင်းဆိုသလိုအစွမ်းထက်လာခဲ့သည်က သူ့ကိုများစွာ စိတ်ဝင်စားခဲ့သည်။သာမန်လိုလူမှ ပလက်တီနမ်အဆင့်ရှိ ဂရိတ်ဘုရင်ကို ယှဥ်တီးနိုင်ခြင်း လုပ်ကြံသူများမသတ်ဖြတ် နိုင်ခြင်းက သူ့ကိုစိတ်ဝင်စားစေသည်။ ဘလက်အဖွဲ့မှစုန်းမအိုကြီးလည်း သူနဲ့ပတ်သတ်နေကြောင်း အံအားဖွယ်ရာတွေ့ရှိခဲ့ရသည်။စုန်းမအိုကြီးသည် သူလိုချင် သောကလေး၏မိခင်ကိုစောင့်ရှောက်ရသောသူဖြစ်ရာ သူ၏စိတ်ဝင်စားမှုရေချိန်မှာ ပိုမိုမြင့်တက်လာခဲ့သည်။ အသက်ရေစင်အကြောင်းပါ ပါလာသောအခါသူ၏စိတ်ကို ထိန်းချုပ်၍မရနိုင်တော့ပေ။ "ဟား....ဟား....ဟားဟား "" "ဂျိတ် မင်းကစိတ်ဝင်စားဖို့ကောင်တဲ့ကောင်ပါလား ငါမင်းကို ဖမ်းပြီးရင်သေချာနှိပ်စက်မယ် ပြီးတော့မင်းရဲ့ရတနာတွေကို ငါရှာဖွေဖော်ထုတ်ပြီးယူရမယ်ကွ.....ဟားဟား..ဟား..ဟား.."
(111)
မနက်ခင်းအချိန်ခါ၌ "သမီးလေးရေ ထမယ်ဟေ့" ဂျိတ်မှ သမီးဖြစ်သူအားနိုးလိုက်သည်။ "ထဝူး ထဝူး" ဖခင်ဖြစ်သူနိုးမှန်းသိသောကြောင့် သူ၏သေးငယ်သော လက်လေးများဖြင့် စောင်ကို သူ၏ခေါင်းသို့ခြုံကာပုန်းနေ လိုက်သည်။ "ဟားဟား....အံမယ် သမီးကလည်နေပြီပေါ့" ဂျိတ်ပင်ရယ်မောမိသည်။သမီးဖြစ်သူသည် နိုးနေပြီဖြစ် သော်လည်း မိမိနိုးသောကြောင့် ထမချင်ဟန်ဖြင့် ခေါင်းမြီုးခြုံထားသောကြောင့်ဖြစ်သည်။ "သမီးထမယ်ဆိုရင် ဒီနေ့ အိုက်စကရင်(ice cream)ကြွေး မယ်လို့ အဖေကစိတ်ကူးထားတာကို" ဂျိတ်မှ သူစိတ်ကူးထားဟန်ပြောသည်။ "တကယ်လား ဖီဖီ" အိုက်စကရင်ဟူသော အသံကြောင့် အယ်မလီလေးသည် ခေါ င်းမြီုးခြုံထားရာမှ ချက်ချင်း ထွက်လာသည်။ "ဟားဟား သမီးကိုမိပြီကွ" ထွက်လာသောသမီးကို ဂျိတ်မှဖမ်းဟန်ပြုသည်။ "ဖီဖီ ကျင့်ပုတ်" အယ်မလီသည် ထောင်ချောက်မိသွားခြင်းဖြစ်ကြောင်း သိရ သောအခါ သူ၏မျက်နှာမှာ မဲ့သွားသည်။ "ဟားဟား ဖေဖေကတကယ် ကျွေးမှာပါ" "တကယ်လား" အယ်မလီ၏မျက်လုံးဝိုင်းကြီးများက အိုက်စကရင်ဆိုသည် ကို အမှန်တကယ်စားချင်နေကြောင်း ထောက်ခံနေသည်။သူ အနေဖြင့်လည်း အိုက်စကရင်ဆိုသည်ကို စားချင်နေသည်မှာ ကြာသည်ဖြစ်သည်။သူဖတ်ဖူးသော စာအုပ်များ၏အိုက်စက ရင်ဆိုသည်မှာ အလွန်ကောင်းသောအရသာရှိသောမုန့်တစ် မျိုးဟုသူ ဖတ်ဖူးသည်ဖြစ်သည်။ ဘေးအခန်းမှ အယ်လီနာလည်းထွက်လာလေသည်။ထို အချိန်၌သမီးဖြစ်သူနဲ့ ပျော်ရွှင်နေသောဂျိတ်ကို မြင်တွေ့ သောအခါ သူစိတ်များအေးမြသွားသလိုခံစားလိုက်သည်။ သမီးအပေါ်ချစ်ခင်အလိုလိုက်သော ဂျိတ်ကြောင့် သူ၏ရွေးချယ်မှုမှန်ကန်ခဲ့ကြောင်း နားလည်လိုက်သည်။ သို့သော် ဂျိတ်သည်မိမိအားလာမနိုးဘဲ သမီးဖြစ်သူကိုသာနိုးမှု ကြောင့် မိမိထက်သမီးကိုအချစ်များပိုနေပြီလားဟုပင် အတွေးများဝင်လာသည်။ဤသို့အယ်လီနာတွေးတောမှုကို အစွမ်းထက် သောဂျိတ်လည်း မသိလိုက်သည်မှာအမှန်ပင် ဖြစ်လေသည်။ ဂျိတ်လည်းသမီးဖြစ်သူကိုနိုးပြီး ကိုယ်လက်မျက်နှာသန့်စင် စေလိုက်သည်။ပြီးတော့ သမီးဖြစ်သူကို မနက်စာစားသောက် ရန် ထမင်းစားခန်းသို့ခေါ်ဆောင်သွားလေသည်။အယ်လီနာ လည်း ဂျိတ်၏နောက်မှလိုက်ပါလာသည်။ "ဝေး ဒါဆို မီးမီး အိုက်ချကရင်စားရတော့မှာပေါ့" "ဒါပေါ့ စားရတော့မှာပေါ့ အခုချက်ချင်းတော့မဟုတ်ဘူး မနက်စာစားပြီးရင်" "ဟုတ်ပြီ" မနက်စာစားပွဲဝိုင်းတွင် လူစုံသွားပြီဖြစ်သည်။တာနာရှာ ဇိုက်နဲ ခွေးမိုက်ကယ်လည်း ရောက်ရှိနေကြပြီဖြစ်သည်။ ခွေးမိုက် ကယ်ကတော့ သူအတွက်ပြင်ဆင်ပေးထားသော အစား သောက်ခွက်နေရာတွင်နေရာယူထားပြီးဖြစ်သည်။စစ်သူကြီး အယ်ဖာလည်း စားပွဲဝိုင်းတွင်ရောက်ရှိနေပြီဖြစ်သည်။ တစ်တိုင်းပြည်လုံး လုံခြုံစေရန်စီမံကွပ်ကဲရာတွင် အယ် ဖာသည် ဂျိတ်နဲ့ပိုမိုနီးသွားစေ ဒီယေဂိုမြို့နဲ့အနီးတစ်ဝိုက်ဒေသ များကို တာဝန်ယူထားခြင်းလည်းဖြစ်သည်။ထို့ကြောင့်လည်း ဒီနေ့မနက် စားပွဲဝိုင်းတွင် ရောက်ရှိနေနိုင်ခြင်းဖြစ်သည်။ မနက်စာကတော့ မနက်စာထမင်းကြော်နဲ့ အမဲသားလုံး စွပ်ပြုတ်ဖြစ်ကာ အသီးရွက်ကြော်တို့ပါဝင်လေသည်။ ထိုအမယ်များသည်လွန်စွာကောင်းမွန်လှသောကြောင့် ဘယ် သူမှ စကားဖောင်ဖွဲ့ပြောနေခြင်းမရှိ။စားရရေးအတွက် ကိုယ့် အာရုံနဲ့ကိုယ် စားသောက်နေကြသည်။ ဆယ့်ငါးမိနစ်ခန့်အကြာ၌ စားသောက်ပြီးသွားကြပြီ ဖြစ်သည်။စားသောက်ပြီးသွားသည်နဲ့ ဝိုက်တီမှလာ၍စား သောက်ပြီးသွားသောပန်းကန်များကိုလာရောက်သိမ်းဆည်း လေသည်။ ("ဒီတစ်ခေါက်ကဘာများဖြစ်မှာလဲ စိတ်ဝင်စားနေပြီ") ဒါက စားပွဲဝိုင်းတွင်ထိုင်နေကြသောဇိုက် တာနာရှာနဲ့အယ်ဖာ တို့၏အတွေးများပင်ဖြစ်သည်။ဂျိတ်မှသမီးဖြစ်သူအား မနက်စာစားပြီးမှအိုက်စကရင်ကျွေးမယ်ပြောထားရာ သူတို့ အတွေးများများပြားစေခဲ့သည်။ အိုက်စကရင်ဆိုတာကော ဘယ်လိုလဲဘယ်လ်ိုအရသာရှိမှာလဲ ဆိုသောအတွေးများကသူ တို့ခေါင်းထဲနေရာယူထားသည်။ ."သမီးလေး အိုက်စကရင်ရပြီ ဝိုက်တီလာရင်လက်ဖြန့်လိုက်" အယ်မလီလည်း ဝိုက်တီဖက်သို့လက်ဖြန့်လိုက်သည်။ထိုအခါ မှဝိုက်တီလက်မှအရာတစ်ခုသည် အယ်မလီ၏လက်ထဲသို့ထ ည့်ပေးလိုက်သည်။ ("ဒါက ဘယ်လိုလဲဟ") ယခုချိန်၌အယ်မလီ၏လက်ထဲတွင် ကတော့ပုံစံမုန့်ကို ကိုင် ဆောင်ထားသည်။ထိုကတော့၏အပေါ်တွင်လည်း ပန်းရောင် အလုံးလေးနှစ်လုံးကို တင်ထားကြောင်းတွေ့ရှိရလေသည်။ ထိုအလုံးလေးများမှ အအေးဓာတ်များစိမ့်ထွက်နေကြောင်း လည်း သူတို့ခံစားမိကြသည်။အအေးဓာတ်ထွက်နေသော မုန့် ကိုသူတို့နေဖြင့်မမြင်ဖူး မကြားဖူးပေ။ မကြာမီ၌သူတို့၏လက်ထဲတွင်လည်း တစ်ယောက်တစ်ခုနှုန်း အိုက်စကရင်များရောက်ရှိလာပြီဖြစ်သည်.။ "သမီးအဲ့ဒါဘာမျိူးစားလဲ ဆိုတာသိလား" "မီမီး သိတယ် ဒါက စတော်ဗလီ(စတော်ဘယ်ရီ)အိုက်စကရင် ပဲ " အယ်မလီ၏မှတ်ညဏ်ကအလွန်ထက်မြက်ကြောင်း သိသာ ပေသည်။သူဖတ်ထားသောပုံပြင်များထဲမှအရာကို တွေ့သည် နဲ့လည်းပြောပြနိုင်လေသည်.။သူဖတ်ထားသော ပုံပြင်များ အလွန်ပင်များပြားသော်လည်း သူအနေဖြင့်မှတ်မိနေသည်.။ "ဉာဏ်ကောင်းလိုက်တဲ့သမီး လေး တော်လိုက်တာ အခုတော့ အိုက်စကရင်အရင်စားနော်အရည်ပျော်သွားမယ်" အယ်မလီလည်း ထိုစကားကြောင့် အိုက်စကရင်ကိုစတင် စား သုံးတော့သည်။စားသုံးသည်ဆိုသော်ငြားလည်း သကြားလုံးကို အရသာခံသလိုပင် သာဖြစ်သည်။ကျန်သောလူများလည်း တစ်ခါမှစားသောက်ခြင်းမရှိဘူးရာ အယ်မလီလေးလုပ်သည့် အတိုင်းအတုယူကာ စတင်သုံးဆောင်ကြသည်။ အအေးဓာတ်များထွက်နေသော်လည်း ထင်သလ်ိုအေးမနေ ကြောင်း သိရှိလိုက်ကြရသည်။အိုက်စကရင်(ရေခဲမုန့်)ကို စတင်အရသာခံကြည့်ရာ စတော်ဘယ်ရီအရသာဖြင့် အလွန် ပင်ကောင်းမွန်လှကြောင်းသိရှိရသည်။ရေခဲမုန့်သည် လျှာနဲ့ လျက်ကြည့်ပြီးသည်နဲ့ လျှာ၌အရည်ပျော်သွားကာ ကောင်းမွန် လှသောအရသာကိုခံစားလိုက်ကြသည်။ ("ဝါး အရမ်းကောင်းတာပဲ ဘာလို့တစ်ခါမှငါမစားဖူးရတာ လဲ") ရေခဲမုန့်အရသာသိရှိသွားသူတိုင်း အလွန်မင်းထူးဆန်းအံသြ နေကြသည်။ ("ဟ ဒါက") အယ်ဖာကတော့ မိမိကိုယ်တွင်းမှပြောင်းလဲနေသောဖြစ်စဥ် ကို အသေးစိတ်ကြည့်ရှုနေလေသည်။ရေခဲမုန့်စားလိုက် ရာတွင် ရေခဲမုန့်မှထူးဆန်းသောအအေးဓာတ်တစ်မျိုးသည် မိမိကိုယ်တွင်း၌လှည့်ပတ်နေကြောင်း ထူးဆန်းစွာ ခံစားရ သည်။ကျန်သောလူများလည်း ထိုသို့ပင်ခံစားလိုက်ရသည်။ ထူးဆန်းစွာမခံစားရသောလူဆို၌ ဇိုက် နဲ့ အယ်မလီတို့သာဖြစ် ပေသည်။ ထိုအအေးဓာတ်သည် ကိုယ်ခန္ဓာကို ဆိုးကျိုးဖြစ်စေခြင်းမရှိ သည့်အပြင် ကိုယ်ခန္ဓာကိုအေးမြလန်းဆန်းစေလေသည်။ထို့ အပြင် ယခင်ကထက်ယခုချိန်၌နှစ်ဆမျှပိုမို သန်စွမ်းလာ ကြောင်းလည်း ခံစားမိလိုက်ကြသည်။ ရေခဲမုန့်အရသာမှာကောင်းမွန်လွန်းသောကြောင့် လက် ထဲ၌ဘာမှမကျန်မှပင် လူများရေခဲမုန့်စားခြင်းကိုရပ်တန့် လိုက်ကြလေသည်။ ရေခဲမုန့်စားပြီးသောအခါ အယ်မလီလေးသည် မိခင်ဖြစ်သူ အယ်လီနာကို ခေါ်ကာ အပေါ်ထပ်သို့တက်သွားလေသည်။ သူ၏စိတ်တွင်လည်း အကြံစည်ပေါင်းများစွာနဲ့ဖြစ်သည်။ထို အကြံများမှာ သူဖတ်ခဲ့သောပုံပြင်များထဲမှ စားကောင်းသောက်ဖွယ်များကို ဖခင်ဖြစ်သူအားပြောပြကာ မိမိအား ပြန်လည်ကြွေးပေးရန်ဖြစ်သည်။ စားသောက်ပြီးသောအခါ ဇိုက်နဲ့တာနာရှာကလည်း မိမိတို့ လုပ်စရာကိုလုပ်ဆောင်ကြရန်ထွက်ခွာသွားကြသလို မိုက် ကယ်ကလည်း စားသောက်ပြီး ပြီဖြစ်ရာ အိပ်စက်ရန်နေရာ ကောင်းကို သွားရောက်ရှာဖွေနေသည်ဖြစ်သည်။ "ကဲ အခြေနေဘယ်လိုလဲ" အယ်ဖာလည်း ဂျိတ်အားအမှန်တိုင်းပြောပြလိုက်သည်။ တစ်လုံးတစ်လေမျှဖုံးကွယ်နေခြင်းမရှိ အကုမ်လုံးပြော ကြားလိုက်ခြင်းဖြစ်သည်။ အယ်ဖာပြောသည်ကို နားထောင်ကြည့်ရာ ဂရိတ် ဘုရင်၏စိတ်ထားကို ဂျိတ်သိလိုက်ရသည်။ဂရိတ်ဘုရင်သည် စိတ်ထားဆိုးယုတ်နေခြင်းမရှိရာ ကူညီရန်လည်းဆုံးဖြတ် လိုက်သည်။ "ရော့ ဒီတစ်ထုပ်ကိုမင်းဘုရင်ဆီသွားပေးလိုက်" "ဘာထုပ်လဲဗျ" အယ်ဖာလည်း ဂျိတ်ပေးသောအထုပ်ကို ကိုင်ကာပြောသည်။ "မီးဒဏ်ခံအင်း အဆင့်သုံးအခုငါးဆယ်" "ဗျာ " အယ်ဖာတစ်ခွန်းတည်းပြောနိုင်သည်။ထိုအထုပ်ထဲတွင်ရှိ သော အင်းချပ်များသည် အလွန်မင်းအဖိုးတန်နေပြီ ဖြစ်သည်။ထိုအင်းချပ်များအတွက် ဂရိတ်တိုင်းပြည်ကြီး ဗြောင်းဆန်မသွားနိုင်ဟုအာမ မခံနိုင်ပေ။အဖိုးတန်သော ရတနာထုပ်ကြီးကို ထမ်းထားရသလိုပင်ခံစားလိုက်ရသည်။ "နောက်တစ်ခုက ဒီစာအုပ်ကမင်းအတွက်ပဲ" ထိုစာအုပ်ကို အယ်ဖာရိုရိုသေသေကိုင်တွယ်ကာ ယူလိုက် သည်။ဖတ်ကြည့်တော့ ဝံပုလွေဓားဘုရင် ဆိုသော ဓားသိုင်းကျမ်းကို တွေ့ရလေ သည်။ဘေးတွင်လည်း ပလက်တီနမ်အဆင့်ဟုရေးသား ထားသည်။ "ဒါကြီးက တန်ဖိုးကြီးလွန်းပါတယ် ကျနော်မလက်ခံ." "မင်းကို ကျောက်စိမ်းပြားပေးပြီဆိုကတည်းက အခွင့်ရေး တွေကော ပေးဖို့ကြံထားပြီးသားပါ ငြင်းမနေနဲ့" ထိုစကားတစ်ခွန်းတည်းကြောင့်ပင် အယ်ဖာဂျိတ်အပေါ် အလွန်မင်း လေးစားသွားသည်။အယ်မလီလေးကိုလည်း အသက်စွန့်ကာကွယ်ပေးမည်ဟုကြုံးဝါးလိုက်သည်။ ဘယ်သူကများ လူတစ်ယောက်ကိုကာကွယ်ပေးရုံနဲ့ အကောင်းစားဆေးဝါးများနဲ့ညီမျှသော အစားသောက် သိုင်း ကျမ်းများပေးနိုင်မည်နည်း။ထိုသို့သောလူသည်ဂျိတ်မှလွဲ၍မ ရှိနိုင်ပင် ယုံကြည်ထားသည်။ တောနက်တစ်ခု၌.... "တောက် ဘာလို့တစ်ယောက်ကပျောက်နေရတာလဲ" ကြီးမားသောအသံနက်ကြီးက ဟိန်းထွက်လာခဲ့လေသည်။