← Chapters

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

(112)

တောနက်ကြီးထဲရှိကောင်သည် အလွန်အမင်းဒေါသထွက် လျက်ရှိနေလေသည်။ထိုအကောင်ကြီးသည် တစ်ခြားမဟုတ် မီးတောက်အရိုးစုကြီးပင်ဖြစ်သည်။ယခုချိန်၌ သူ၏အရပ် သည် ဆယ်မီတာခန့်ရှိနေပြီဖြစ်သည်။လူသားများကို သတ်ဖြတ်ပြီး နောက်ပိုင်းတွင်အစွမ်းထက်လာသောကြောင့် လည်း ဖြစ်သည်။ သူအလွန်မင်းဒေါသထွက်ရသည့်အကြောင်းရင်းမှာလည်း တစ်ကောင်ပျောက်ခြင်းသည် သူ့အတွက်အလွန်အမင်း အရေးကြီးလေသည်။သူပြုလုပ်ရမည့်အစီရင်ကြောင့်လည်း ဖြစ်ပေသည်။ အစီရင်တွင် ရှေးဦးစွာ မီးတောက်အရိုးစုငါးယောက်လိုအပ် သည်။ထို့နောက် ထိုမီးတောက်အရိုးစုတိုင်းသည် ရှေးဦးက မီးတောက်အရိုးစုကြီး၏အရိုးသို့မဟုတ် ကိုယ်ခန္ဓာမှအစိတ် ပိုင်းတစ်ခုခုဖြစ်စေရရှိပိုင်ဆိုင်ထားရမည်ဖြစ်သည်။ထို လိုအပ်ချက်နှစ်ခု ပြည့်စုံမှသာ အစီရင်ကိုဆက်လက် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အစီရင်၏အစွမ်းသည်လည်း တခြားမဟုတ် ယခင်က သေဆုံးသွားခဲ့ပြီဖြစ်သော မီးတောက်အရိုးစုဘုရင်ကြီးကို ပြန်လည်ဆင့်ခေါ်ဖို့ပင်ဖြစ်သည်။ထိုမီးတောက်ဘုရင်ကြီးသာ ပြန်လည်ရှင်သန်လာမည်ဆိုပါက လူသားကမ္ဘာကို မီးတောက် အရိုးစုများက ပိုင်စိုးချုပ်ကိုင်သွားနိုင်မည်ဖြစ်သည်။ ဒေါသထွက်နေသောမီးတောက်အရိုးစုကြီးသည် ကျန်ရှိနေ သောမီးတောက်အရိုးစုများကို ဆက်သွယ်လိုက်သည်။ ကျန်ရှိ နေသောမီးတောက်အရိုးစု သုံးကောင်အနက် နှစ်ဟူသော ကောင်သည် ကျန်ရှိနေသောမီးတောက်အရိုးစု ဘုရင်၏အစိတ်ပိုင်းနဲ့ နီးစပ်နေသည်ကို သူသိရှိလိုက်ရသည်။ အမှန်တကယ်အားဖြင့် ဆာဗေ့တိုင်းပြည်၌ကျန်ရှိနေသော မီးတောက်အရိုးစုဘုရင်၏အကြွင်းကျန်ကို မီးတောက်အရိုးစု ကောင်မှ ရရှိပြီး ယခုချိန်၌ဆင့်ခေါ်ပွဲစတင်နေတော့မည် လည်းဖြစ်သည်။ သို့သော် ထိုမီးတောက်အရိုးစုသည် ကံဆိုး သွားပြီးဂျိတ်နဲ့တိုးလေတော့သည်။ ထို့ကြောင့် အကြွင်းကျန်အရိုးကိုမရသည့်အပြင် ဂျိ တ်၏ရတနာပြသာဒ်၏ချိတ်ပိတ်မှုကိုလည်းခံလိုက်ရလေ သည်။ထိုပြသာဒ်ထဲ၌ရှိနေသောကြောင့် ကျန်သောမီးတောက် အရိုးစုများ၏စိတ်ခြင်းဆက်သွယ်မှုများကို ကြားနိုင်မည် မဟုတ်သလို ဆက်သွယ်နိုင်မည်လည်းမဟုတ်ပေ။ ထို့ကြောင့် နှစ်​ဟူသော မီးတောက်အရိုးစုကို ဆက်သွယ်ကာ သွားရောက်ယူစေခိုင်းလိုက်သည်။ထိုမီးတောက်အရိုးစုက လည်း နာခံကာ သွားယူရန်ခြေလှမ်းများစတင်လိုက်လေ သည်။ ဂရိတ်တိုင်းပြည်၏ လမ်းတစ်လျှောက်၌ ဖုန့်မှုန့်များ တထောင်းထောင်းထနေသည်။ ထိုဖုန်မှုန့်များထအောင် လုပ်ဆောင်ခဲ့သော သူကား ဆက်လက်ရပ်တန့်နေခြင်းမရှိ အသားကုန်ဒုန်းစိုင်းမောင်းနှင်နေသည်။ထိုလူစီးသောမြင်းက လည်း ပင်ပန်းနွမ်းနွယ်နေ ခြင်းအလျဥ်းမရှိ သခင်ခိုင်းရာကို ဆောင်ရွက်ပေးသည်။ သူသွားရာတစ်လျှောက်၌လည်း တစ်ခါမှရပ်တန့်ခဲ့ခြင်းအလျ ဥ်းမရှိခဲ့ပေ။ "ဘယ်သူလဲ ဟ ဒုန်းစိုင်းမောင်းနေတာလဲဟ" ထိုမြင်းစီးသူဖြတ်သွားသော နေရာတစ်လျှောက်၌ ဆူညံပွက် လောရိုက်စမြဲပင်ဖြစ်သည်။ထိုအကြောင်းများကို မြင်းစီးသူ ကတော့ဂရုစိုက်ဟန်မတူ ပေ။ "ဟေ့ကောင် မင်းရပ်စမ်း ဒါက နန်းတွင်းနေရာကွ" နန်းတော်တံခါးဝကို စောင့်ကြပ်သော အစောင့်များက မြင်းစီး လာသောသူကို တားမြစ်လိုက်ကြသည်။ မြင်းစီးသူမှ တစက်မျှ အရှိန်ပင်လျော့ချခြင်းမရှိပဲ သူ၏အိတ်ထဲမှ တစ်စုံတစ်ခုကိုထုတ်ကာပြသလိုက်သည်။ "ဟ ဒီတံဆိပ်က " သူတို့တွေ့လိုက်ရသောတံဆိပ်သည် ဂရိတ်စစ်သူကြီးများတွင် သာရှိသော တံဆိပ်ဖြစ်၏။ထိုတံဆိပ်ကိုအရေးကြီးသော နေရာ၌သာသုံးကြလေသည်။ "အကုန်လုံး သူလမ်းကနေဖယ်လိုက်ကြစမ်း" တံဆိပ်ပြသလိုက်မှုကြောင့် တံဆိပ်ပြသသူ၏လမ်း တစ်လျှောက်ကို ရှောင်ဖယ်ရှဲပေးလိုက်ကြသည်။ ထိုအခါမြင်းစီးသူသည် ဆက်လက်မောင်းနှင်သွားလေသည်။ နန်းတော်၏စာကြည့်တိုက်၌ ဂရိတ်ဘုရင်ကြီးသည် ပညာရှိ ကြီးနဲ့အတူ ဆွေးနွေးနေလေသည်။သူတို့နေဖြင့် အကောင် ကြီးမကောင်းဆိုးဝါးလာလျှင် မည်သို့ကာကွယ်ရမည်ကိုပြော ကြားနေကြခြင်းလည်းဖြစ်သည်။ သူတို့နေဖြင့် တတ်နိုင်သမျှ သောလုပ်ဆောင်ချက်များဖြစ်သ သော အချက်ပေးလျှင် ရှောင်တိမ်းရန် တောင်များ၌မြေကြီး များ၌ဂူတွင်းများတူးပြီးပုန်းစေနိုင်သောတို့က်ိုလုပ်ဆောင်ပြီး ဖြစ်သည်။ "ဂျိန်း" တံခါးတွန်းဖွင့်ဖြင့်ခံရသောကြောင့် ဆွေးနွေးနေသော ဂရိတ် ဘုရင်ကြီးအနည်းငယ်စိတ်တိုသွားသည်။သူဆွေးနွေးနေစဥ် ဘယ်ကောင်ကထိုသို့ရိုင်းရိုင်းစိုင်းစိုင်းပြုမှုရဲရသနည်း။ "ကျနော်မျိုး အယ်ဖာ အရေးကြီးလို့အကျိုးကြောင်းလျှောက် တင်ပြီးမှမလာနိုင်တာကို ခွင့်ပြုပါ" စစ်သူကြီးအယ်ဖာဖြစ်သောကြောင်း ဂရိတ်ဘုရင်ကြီးနဲ့ ပညာရှိတို့သိလိုက်ရလေသည်။အယ်ဖာ၏ထိုသို့အမူရာကိုမ မြင်ဖူးသောကြောင့်လည်း အချင်းချင်းအနည်းငယ်အံအား သင့်မိသည်။ "ဘာကြောင့်လဲဆိုတာပြောပါဦး" "ဒီမှာပါ " အယ်ဖာသူယူလာသော အထုပ်ကိုသေချာကိုင်တွယ်ရင်း ပေးလိုက်သည်။ "ဒါကဘာများဖြစ်နေလို့လဲ" ဂရိတ်ဘုရင်ကြီးနဲ့ပညာရှိတို့ရေနွေးသောက်ရင်း မေးလိုက် သည်။အထုပ်ကိုတစ်ချက်မှစိတ်ဝင်စားဟန်မတူကြ။ "အထုပ်ထဲမှာ မီးလောင်ဒဏ်ခံအဆင့်သုံး အင်းချပ်ပါ" "မင်းကလဲ မီးလောင်ဒဏ်ခံအင်းလေးကို ဘာများလဲလို့ နေ စမ်းပါဦးအဆင့်ဘယ်လောက်" ပညာရှိကြီးသောက်လက်စရေနွေးကို ရပ်တန့်လိုက်သည်။ သူ၏နားကြားလွှဲသည်ထင်သောကြောင့် ထပ်မံမေးလိုက်လေ သည်။ဘေးတွင်ရှိသော ဘုရင်ကြီးကလည်း သူလည်းနား ကြားများသည်ထင်သောကြောင့် ငြိမ်သက်ကာနားထောင် နေသည်။ "အဆင့်သုံးပါ" "ဟ ကောင်းလိုက်တာဟ" ပညာရှိကြီးအပျော်လွန်သွားကာ သောက်လက်စရေနွေး ပန်းကန်ပါ ပစ်ချမိသည်။ပညာရှိ၏အပြုမှုကြောင့် ဘုရင်ကြီး ကြောင်ကြည့်မိသည်။ ပညာရှိကြီးမတုံဆိုင်းနေဘဲ အထုပ်ကိုသေချာဖြေကြည့် သည်။အထုပ်ဖြေလိုက်သည်နဲ့ တောက်ပေနေသော အင်း ဂဏန်းများရေးသားထားသော အင်းချပ်များကိုတွေ့ရလေ သည်။ "ဟား..ဟား.ဟား..ဒါပဲကွ" ပညာရှိအပြုမှုကြောင့်ဘုရင်ကြီးအံသြနေသည်။အစေပိုင်းက အထုပ်ကိုစိတ်ဝင်စားခြင်းမရှိသော သူသည် ယခု အခါ၌အသက်ပင်ပေး၍ကာကွယ်မည့်သူလိုဖြစ်နေသည်။ "နေဦး အဆင့်သုံးဟုတ်လား" ဘုရင်ကြီး အကြောင်းရာများကိူ ပြန်လည်ချိတ်ဆက်မိလာ ကာ သိရှိသွားပြီဖြစ်သည်။ယူလာသော အယ်ဖာကို ကျေးဇူးတင်သည့်ပမာကြည့်လိုက်သည်။ "မင်းတော်တယ်ကွာ မင်းကိုဆုချီးမြင့်မယ်" "ကျနော်ကြောင့်ရတာမဟုတ်ပါဘူး သူပေးခိုင်းလိုက်လို့ပါ" အယ်ဖာအပြောကြောင့် ဘုရင်ကြီးအနည်းငယ်တန့်သွား သည်။ပြီးမှ "ဂျိတ်လား" "ဟုတ်ပါတယ်" ဘုရင်ကြီး ခေါင်းညိတ်ပြလိုက်သည်။ဂျိတ်ကိုဒီတစ်ခါတော့ အကြွင်းမဲ့ယုံကြည်သွားပြီဖြစ်သည်။သူသည်အစွမ်းကြီး သော်လည်း မိမိနေရာကိုသိမ်းပိုက်ခြင်းမရှိသည့်အပြင် တိုင်းပြည်ပျက်မည့်ဘေးမှလည်း ကာကွယ်နိုင်ရန် အင်းချပ် များကိုပို့စေခဲ့သေးသည်။သူကာကွယ်ခြင်းကိုမသိစေရန် အယ်ဖာကိုကိုယ်စားပေးလွတ်စေသည့်အပေါ်လည်း ကြည်ညို မိလာသည်။ ထိုအကြောင်းကိုဂျိတ်သိပါက အံသြနေမည်မှာအမှန်ပင်။ဂျိတ် အနေနဲ့အင်းချပ်ပို့လိုက်ခြင်းဖြင့် သူအနေနဲ့ ကုသိုလ်ကံမှတ် များရရှိမည်ဖြစ်သောကြောင့် ပို့စေလိုက်ခြင်းသာဖြစ်သည်။ ဂျိတ်အတွေးကိုလည်း သူတို့သိပါက မေ့လဲသွားကြမည် ဖြစ်သည်။ "မင်းကိုလည်း ယူလာပေးလို့ကျေးဇူးတင်တယ် မင်းကိုဆုချီး မြင့်မယ်" "ကျေးဇူးတင်ပါတယ်မင်းကြီး နောက်မှဆုချီးမြင့်ပါ အရေးကြီးကိစ္စရှိသေးလို့သွားခွင့်ပြုပါ" "အေးအေး ကောင်းပြီ သွားပါ" ဘုရင်ကြီးလည်း အယ်ဖာကိုလေးစားသွားသည်။ဆုကို နောက်မှယူမည်ဆိုကာ တိုင်းပြည်ကိုကာကွယ်လိုသောစိတ် ပြင်းထန်သူဟုအယ်ဖာကို အထင်ရှိသွားစေလေသည်။အမှန် ကား အယ်ဖာသည် ဂျိတ်ပေးသောသိုင်းစာအုပ်ကို လေ့ကျင့် လိုသည်မှာ အလွန်ပင်လက်ယားနေပြီဖြစ်သောကြောင့် ဆု ပင်မယူပဲ ထွက်ခွာလာရခြင်းဖြစ်သည်။ဂျိတ်ထံမှ ပစ္စည်းရ သောအယ်ဖာနေဖြင့် ဘုရင်ကြီးထံမှဆုသည် အဖိုးတန်မည် မဟုတ်ပေ။ "ရော့ ဘုရင်ကြီးဒီအင်းချပ်တွေကို ဝေပေးလိုက် ကျန်ခဲ့သုံး ချပ်ကိုတော့ ငါ့ရဲ့အင်းအဆင့်တက်နိုင်အောင်ကူညီပေးနိုင် တယ်လို့ ငါခံစားနေရတယ် " ပညာရှိကြီးလည်း ဘုရင်အားအင်းချပ်များဝေကာ သူ၏အင်းချပ်ပညာတက်နိုင်ရန်အတွက်ကျန်သောအင်းသုံး ချပ်ကို ကိုင်ကာ သူ၏အခန်းသို့ပြန်သွားလိုက်တော့သည်။

(113)

ဂရိတ်ဘုရင်ကြီးလည်း ပညာရှိကြီးဝေပေးလိုက်သော အင်း ချပ်လေးဆယ့်ခုနှစ်ချပ်ကို ယူကာ လက်အောက်ငယ်ငါးများ ကို ဝေစေခိုင်းလိုက်သည်။ ထိုအင်းချပ်လေးဆယ့်ခုနှစ်ချပ်ကို ပုန်းခိုရန်ဖြစ်သောနေရာ ငါးဆယ့်နှစ်ခုမှ လေးဆယ့်ခုနှစ်ခုသောနေရာကိုထပ်မံ အသုံးပြုစေခိုင်းလိုက်သည်။ထိုသို့အဖိုးတန်သောအင်းချပ် များကို သုံးလိုက်ရခြင်းပေါ်၌ ဘုရင်ကြီးအနေဖြင့်မည်သို့မျှမ ခံစားရပေ။ ပညာရှိကြီးသာ အင်းအပေါ်ထားသောသူ၏ပညာသာတစ်ဆင့် တက်သွားပါက အဆင့်သုံးအင်းများထပ်မံရရှိနိုင်သောကြော င့်လည်းဖြစ်သည်။တိုင်းသူပြည်သားများ၏အသက်ထက်စာ လျှင် အဆင့်သုံးဟူသောအင်းသည်လည်း တန်ဖိုးရှိမည် မဟုတ်ပေ။ အယ်ဖာသည်လျင်မြန်သောအရှိန်ဖြင့် နန်းတော်မှပြေးထွက် သွားသည်။ "စစ်သူကြီးအယ်ဖာ မြင်းကျန်ခဲ့ပြီ နန်းတော်တံခါး၌စောင့်ကြပ်နေသောအထိန်းတော်ကြီး ကတော့ အော်၍ခေါ်သေးသည်။ထိုအသံကို အယ်ဖာမကြား နိုင်တော့။ အယ်ဖာကတော့ မြန်ဆန်စွာပင်သူ၏အိမ်တော်ကိုပြေးသွား လေသည်။သူထိုသို့ပြေးသွားခြင်းကိုတခြားသောသူများက လည်း တားမြစ်ခြင်းမရှိပေ။အယ်ဖာသူ၏အိမ်တော်ကိုပြန် ရောက်သည်နဲ့ပြုလုပ်သည်ကတော့ သူ၏အိမ်တွင်းရှိအစေခံ များကို လစာများများပေးကာ ခွင့်ရက်ရှည်ပေးလိုက်ခြင်း ဖြစ်သည်။ အစေခံများအမြင်တွင်တော့ အယ်ဖာသည်ကြင်နာတတ်ပြီး သူများအားသနားတတ်သူဖြစ်ကြောင်းထင်ပေါ်နေသည်။ အယ်ဖာအားချီးမွန်းကြ ကာ ခွင့်ရက်ရှည်ရရှိထားခြင်းကြောင့် မိမိတို့အိမ်ရှိရာသို့အသီးသီးပြန်ကြ ကုန်သည်။ အစေခံများကို အိမ်မှအနုနည်းဖြင့်နှင်ထုတ်ပြီးသောအခါမှ သာ အယ်ဖာတစ်ယောက်သက်ပြင်းချလိုက်သည်။ထို့နောက် ဂျိတ်ပေးသောစာအုပ်ကိုသေချာထုတ်ကာ စာအုပ်ကို ကိုင် လိုက်သည်။ ထို့နောက် တစ်ထိုင်တည်းဖတ်ရှုလိုက်သည်။ထိုသို့ဖတ်ရှူလိုက် သည်မှ ညနေစောင်းအချိန်မှနောက်မနက်ရှစ်နာရီအထိ တိုင်အောင်ပင်ဖြစ်လေသည်။ "ထင်တဲ့အတိုင်းပါလား" အယ်ဖာဝမ်းသာအားရလေသံဖြင့်ပြောလိုက်သည်။တစ်ည လုံးအစာမစားထားရသော်လည်း ကိစ္စမရှိပေ။ရွှေအဆင့် စစ်သည်တော်တစ်ယောက်က တစ်ပတ်မျှမစားမသောက်လဲ အင်အားများလျော့ကျသွားမည်မဟုတ်ပေ။ ယခုဂျိတ်ပေးသောသိုင်းစာအုပ်ကြောင့် သူ၏ဓားသိုင်းအပေါ် ထားရှိသောအတွေးအမြင်များက နောက်တစ်ဆင့်သို့ရောက်ရှိ သွားကြောင်း သူတပ်အပ်သိလိုက်သည်။ထိုစာအုပ်ထဲတွင်ပါရှိ သော ဓားသိုင်းဆယ်ကွက်ကလည်း အလွန်အမင်းပင်အစွမ်း အင်အားကြီးမားလှကြောင်း သိရှိပြီဖြစ်သည်။ အယ်ဖာစာအုပ်ဖတ်ရှုပြီးသည်နဲ့ စာအုပ်ကိုဂျိတ်ပေးဖူးခဲ့သော ကျောက်စိမ်းပြား လေးထဲသို့ထည့်လိုက်သည်။ထို ကျောက်စိမ်းပြားလေးသည် ယုန်ပုံသဏ္ဏာန်ရှိကာ ဆက် သွယ်ရေးလုပ်ဆောင်နိုင်သည့်အပြင် သိုလှောင် ထိန်းသိမ်း၍လဲရပေသည်။ ထိုအကြောင်းကို နောက်တစ် ခေါက်ဂျိတ်ထံပြန်ရောက်သွားမှသာ သိရှိရခြင်းဖြစ်သည်။ အယ်ဖာ သူ၏အိမ်တော်ရှိလေ့ကျင့်လေးကွင်းထဲသို့ရောက်ရှိ နေသည်။ဂျိတ်ပေးသောစာအုပ်မှသိုင်းများကို လေ့ကျင့် ရန်ဖြစ်သည်။ထိုသိုင်းများလေ့ကျင့်ပြီး သူဆက်လက်ပြီးပိုမို တိုးတက်လာမည်ကို အလွန်မင်းတောင့်တလိုလားနေသည်။ ထပ်မံပြီးတော့လည်း စောင့်ဆိုင်းရန် သည်းခံနိုင်ခြင်းလည်း မရှိတော့ပေ။ "ကဲ စကြည့်လိုက်တာပေါ့" အယ်ဖာ တစ်ကိုယ်လုံးအကြောလျော့ချလိုက်သည်။ထို့နောက် သူ၏လက်စွဲတော်ဓားကို အသေချာအကျနကိုင်တွယ်လိုက် သည်။ယခုသူလုပ်မည့်အရာကတော့ စာအုပ်တွင်ပါရှိသော ဓားသိုင်းဆယ်ကွက်ထဲမှ ပထမဦးဆုံးသောဓားသိုင်းအကွက် ဖြစ်သည့် ခုတ်ပိုင်းဟန် ကွက်ကို စတင်လေ့ကျင့်မည် ဖြစ်သည်။ ခုတ်ဟန်အကွက်သည် ရိုးရှင်း၍လွယ်ကူသည်ဟုထင်ရ သော်လည်း စင်စစ်အားလုံးဝမရိုးရှင်းပေ။ထိုဓားသိုင်းဆယ် ကွက်လုံးကျင့်လိုပါကရှေးဦးစွာ ဓားစိတ်ဆန္ဒကိုနားလည်ရန် လိုအပ်ပေသည်။ ထိုကျောက်စိမ်းပြားထဲတွင်ထည့်သွင်းထားခြင်းကသာ အ လုံခြုံဆုံးဖြစ်ကြောင်း အယ်ဖာအနေဖြင့်ခံစားမိသောကြောင့် လည်းဖြစ်သည်။ ဓားစိတ်ဆန္ဒကို ဂျိတ်ကြောင့်နားလည်ထားပြီဖြစ်ရာ ပထမဆုံး သောအကွက်ကိုစတင်စမ်းသပ်ကြည့်လိုက်သည်။သူ၏ဦးတည်ချက်ကိုလေ့ကျင့်ရေးကွင်းရှိ စမ်းသပ်အရုပ်ကြီးထံ အာရုံထားလိုက်သည်။ထိုအရုပ်ကြီးသည်အင်မတန် မာကျောသောကြောင့်လည်း အယ်ဖာမှလေ့ကျင့်ရေးအတွက် အသုံးပြုလေသည်။ ပထမဆုံးသောဓားကွက်ဖြစ်သောခုတ်ဟန်သည် မိမိဓားစိတ် ဆန္ဒပါဝင်သော ဓားခုတ်ချက်ဖြစ်သည်။ထိုဓားချက်၌မိမိ၏ အတွင်းအားပါပေါင်းစပ်အသုံးပြုနိုင်ခြင်းလည်းဖြစ်သည်။ အတွင်းအားချာကရာရိုးရိုးဖြင့်လည်း အသုံးပြု၍ရနိုင်သလို ဓာတ်ကြီးငါးပါးနဲ့လည်းရပေသည်။ "လာစမ်း ဝံပုလွေဓားခုတ်ချက်" အယ်ဖာသူ၏ဓားဖြင့် ပစ်မှတ်ရှိရာအရုပ်ကြီးကို ခုတ်ပိုင်း ဟန်ပြုလိုက်သည်။အယ်ဖာ၏ဓားမှ ဓားစိတ်ဆန္ဒပါဝင်သော အရာတစ်ခုက ထွက်လာကာအရုပ်ကြီးထံသို့တည့်မတ်စွာသွား သည်။ထိုအရာသည် ဓားစိတ်ဆန္ဒပါဝင်သောဓားရောင်စဥ် တစ်ခုဖြစ်ကာ အယ်ဖာ၏အတွင်းအားချာကရာလည်း ပါဝင် ပေသည်။ ထိုချာကရာအရောင်ကိုသေချာကြည့်မည်ဆိုပါက ရွှေရောင် ကြား၌အပြာရောင်အမှုန်အစက်စက်လေးများကိုတွေ့မြင်ရ မည်​ဖြစ်သည်။ "ဂျိန်း" ဓားရောင်စဥ်က ကျောက်ရုပ်ကြီးကိုထိမှန်သည်နဲ့ အပြာရောင် ရေခဲများထွက်ပေါ်လာသည်။ထိုရေခဲများသည်ဓားရောင်စဥ် မှပါရှိလာကာ ပစ်မှတ်ကိုထိမှန်သည်နဲ့ချက်ချင်း ထိမှန်ခဲ စေသည်။ အယ်ဖာ၏ပထမဓားကွက်ကား စစချင်းမှာပင်အောင်မြင်ခဲ့ပြီ ဖြစ်သည်။ပစ်မှတ်ကျောက်ရုပ်ကြီးအေးခဲရခြင်းထိုပစ်မှတ် တစ်ဝိုက်ဆယ်ပေခန့်ရေခဲလွမ်းသွားရခြင်းသည် သူစားခဲ့ရ သောအိုက်စခရင်ကြောင့်ဟုချက်ချင်းမှန်းဆလိုက်သည်။စား ပြီးစဥ်က သူ၏ကိုယ်တွင်းချာကရာလည်ပတ်ရာ၌အပြာရောင် အမှုန့်လေးများတွေ့ရှိခဲ့မိ ခံစားမိသောကြောင့်ဖြစ်လေသည်။ ပထမဓားကွက်ကတော့ အောင်မြင်ပြီးဖြစ်သော်လည်းကျန် သောဓားကွက်များတော့ထိုထက်အဆများစွာခက်ခဲသည် ဖြစ်သည်။ထို့ကြောင့် အယ်ဖာလည်းခုတ်ချက်ဓားကွက်ကို ပိုမို ပြီးပြည့်စုံစေရန် ဆက်လက်လေ့ကျင့်လိုက်လေသည်။ "ဘုရင်ကြီးစေခိုင်းသလို ဆောင်ရွက်ပြီးပါပြီ" အဆင့်သုံးအင်းချပ်များကို မိမိစိီစဥ်သည့်အတိုင်းလုပ်ဆောင် ပြီးသည်ဆိုမှသာ ဘုရင်ကြီးနေဖြင့်သက်ပြင်းချနိုင် တော့သည်။ ပညာရှိကြီးကလည်း အဆင့်သုံးအင်းချပ်သုံး ချပ်ယူပြီး တံခါးပိတ်လေ့ကျင့်ရာ ယခုချိန်ထိပြန်လည်ထွက် ပေါ်လာခြင်းမရှိပေ။ ပညာရှိကြီးသည် ငယ်ရွယ်စဥ်အခါကတည်းကပင် တစ်ခုလုပ် ရာ၌ ထိုတစ်ခုမပြီးမမြောက်ခြင်းမရပ်တန့်မရပ်နားတတ် သော အထုံရှိသည်။ထိုအထုံသည် သူအသက်ကြီးပြီဖြစ် သော်ငြားလည်း ပျောက်ကင်းခြင်းမရှိပေ။ တစ်ပတ်ခန့်ကြာသောအခါ...... "အောင်ပြီကွအောင်ပြီ" ပညာရှိကြီးသည် သူ၏အခန်းထဲမှဖိုသီဖတ်သီဖြင့်ထွက်လာ သည်။သို့သော်သူ၏မျက်လုံးများကတော့ တောက်ပေ နေသည်ဖြစ်သည်။သူ၏အင်းပညာအဆင့်တက်သွားကြောင်း ဖြစ်ရပေမည်။ "ငါနန်းတော်ကိုသွားဖို့ပြင်ဆင်ကြစမ်း" "ကောင်းပါပြီ" ပညာရှိကြီး၏အစေခံများကလည်း လိုက်နာလိုက်ကြသည်။

(114)

"ဘုရင်ကြီး..ဘုရင်ကြီး" မနက်ကိုးနာရီဝန်းကျင်ခန့်အချိန်ဖြစ်၏။ဘုရင်ကြီးသည် မနက်စာစားသောက်ပြီးအချိန်၌သိုင်းကျင့်ရန်ပြန်ဆင်ချိန်၌ အထိန်းတော်၏ခေါ်သံကြောင့် တန့်သွားသည်။ "ဘာများဖြစ်လာတာလဲ အထိန်းတော်ရဲ့" "ပညာရှိကြီးကမင်းကြီးနဲ့တွေ့ချင်တယ်ဆိုပြီးအခုပဲ မင်းကြီး ဆီလာနေလို့ပါ" အထိန်းတော်၏လျှောက်တင်ချက်ကပင်မပြီးဆုံးသေးပညာရှိ ကြီးကာ ရောက်ချလာလေသည်။ "မင်းကြီး ကျုပ်အင်းပညာမှာအဆင့်တက်သွားပြီကွဲ့" "တကယ်ပဲလား ပညာရှိကြီး" "ရော့ ဘုရင်ကြီး ကျုပ်ဆွဲထားတဲ့ဒုတိယအဆင့်အင်းချပ်တွေ " အရွက်နှစ်ဆယ်မျှရှိသောအင်းချပ်များကို ပေးသည်။ဘုရင် ကြီး၏ကိုယ်စားအထိန်းတော်က ထိုအင်းများလက်ခံသည်။ ထို့နောက် ထိုအထိန်းတော်မှ ရရှိလာသောအင်းချပ်များကို စစ်သည်တစ်ယောက်ကိုပြန်လည်ပေးကာ လုပ်သင့်သည်များ ကိုဆက်လက်ညွှန်ကြားလေသည်။ ဘုရင်ကြီး အလွန်ဝမ်းသာနေသည်။ပညာရှိကြီး​အင်းပညာအ ဆင့်တက်သွားပြီဆိုသောကြောင့် ဘုရင်ကြီးလည်းအတော် ပင်ဝမ်းသာသွားသည်။သူ၏တိုင်းပြည်ကရှင်သန်ရန် ရာခိုင်နှုန်းပိုမိုကောင်းမွန်ကောင်းမွန်လာသောကြောင့်လည်း ဖြစ်သည်။အဆင့်နှစ်အင်းပညာရှင်တစ်ယောက်ကိုလည်း ပိုင်ဆိုင်လာပြီဖြစ်သည်။ "ဘုရင်ကြီး ကျုပ်သိချင်တာတစ်ခုရှိတယ်" "ဘာများမေးမှာလဲ မေးပါ" ဘုရင်ကြီးခွင့်ပြုချက်ကြောင့်ပညာရှိကြီးလည်းတောင်းဆို လိုက်သည်။ "ဒိီအင်းချပ်တွေကပိုင်ရှင်ရှိတာလားရှိရင်ဘယ်သူလဲလို့သိချင် တာလား" ပညာရှိကြီး၏အမေးကြောင့် ဘုရင်ကြီးအနည်းငယ် အမ်းတမ်းတမ်းဖြစ်သွားသည်။ အမှန်တိုင်းပြောရန်သူ့အနေနဲ့ စဥ်းစားရခက်နေသည်။ "ပြသနာများရှိနေလို့လားဘုရင်ကြီး" "မရှိပါဘူး ဘေးကလူတွေအကုန်အခန်းထဲကထွက်ကြဦး ပညာရှိကြီးကိုငါဂုဏ်ပြုချင်လို့" ဘုရင်ကြီးအမိန့်ကြောင့် အထိန်းတော်အစေခံများလည်း ထွက်သွားပေးကြသည်။ဘုရင်ကြီး၏ရုတ်တရက်ဆိုသလို အပြုမှုကြောင့်ပညာရှိကြီးလည်းအနည်းငယ်ကြောင်သွား သည်။ "ဘာလို့...." "ဘာလို့လဲ ဆိုတော့ အဲ့ဒိီအင်းချပ်ပိုင်ရှင်ကလူသိမခံလို့ပဲ" ထိုစကားကြောင့်ပညာရှိကြီးစိတ်ဝင်စားသွားသည်။ "သူနာမည်ကဂျိတ် လို့ခေါ်တယ် ဒီယေဂိုမြို့မှာနေတယ် သူ့ မိသားစုလေးနဲ့အေးအေးချမ်းချမ်းနေနေတယ်" "ဒါဆို အဲ့လူကဆရာအိုကြီးများလားအနားယူပြီးနေတာဖြစ် မယ်" ပညာရှိကသူ၏ခန့်မှန်းချက်ပြောသည်။ဘုရင်ကြီးကခေါင်း အသာယာပင်ခါကာ "ဘယ်ကလာ အိုရမှာလဲ အခုမှအသက်ကနှစ်ဆယ်ကျော်ပဲရှိ သေးတယ် ဒါပေမဲ့သူ့အကြောင်းကို ခုချိန်ထိကွဲကွဲပြားပြားမ သိရသေးဘူး " "ဘာ ဒါဆိုငယ်ငယ်လေးရှိသေးတာပေါ့ဟုတ်လား" ပညာရှိကြီးပြောဆိုမှုကို ဘုရင်ကြီးလည်းခေါင်းညိမ်ကာ အဖြေပေးလိုက်သည်။ "ပြီးတော့ပြောရဦးမယ် သူ့ရဲ့အစွမ်းကဘယ်လောက်မှာရှိနေ ပြီလဲဆိုတာတောင်ကျုပ်တောင်မသိရဘူး ကျုပ်လဲသူ့ရဲ့ လက်သီးတစ်ချက်မှာရှုံးခဲ့တာ" ဒီတစ်ခါပညာရှိကြီး၏ပါးစပ်က ကြ က်ဥတစ်လုံးပစ်ထည့်၌ရ လောက်အောင်ပင် ကျယ်သွားသည်။ဘုရင်ကြီးကိုနိုင်သောလူ ရှိသည်ဆိုပါလား။ထိုလူသည်တစ်ခြားသောရပ်ခြားတိုင်းပြည် မှ အသက်ကြီးသူဆိုလည်းလက်ခံ၍ရနိုင်သေးသော်လည်း မိမိတို့တိုင်းပြည်မှပင်ဖြစ်ကာ ငယ်ရွယ်သည်ဆိုသောကြောင့် ပညာရှိကြီးအလွန်အံသြ သွားသည်။ ပညာရှိထိူသို့အထူးဆန်းဖြစ်နေသည်မှာလည်းအံသြစရာမရှိ ပေ။သူသည်သူ၏အင်းအဆင့်ပညာတက်နိုင်အောင် သူ၏အခန်းမှာပင်နေကာနေ့ညမပျက် အမြဲကြိုးစားနေသော ကြောင့်လည်းဖြစ်၏။ "ဒါဆိုရင် ဒီအင်းတွေကောက သူဆွဲထားတာလား" "အတတ်တော့မပြောနိုင်ပင်မဲ့ ဖြစ်နိုင်ချေရှိတယ်" ဘုရင်ကြီးလည်းခန့်မှန်းပြောသည်။ဂျိတ်အင်းပညာမတတ် နိုင်ဟု သူတတ်အပ်မပြောနိုင်ပါ။အထူးဆန်းလုပ်ရာ၌ ဂျိတ် သည် အလွန်ပင်ထူးဆန်းသောသူဖြစ်သောကြောင့်ဖြစ်သည်။ "ဒါဆို ကျူပ်သွားလည်ကြည့်မယ်" "အင်းပါ သွားရင်လဲ တိုးတိုးတိတ်တိတ်တော့သွားနော်.`" ပညာရှိကြီးလည်း ခေါင်းညိမ်ပြသည်။ဂျိတ်သာမည်မျှ ငယ်ရွယ်နေပါစေ သူသာအမှန်တကယ်အင်းပညာတတ် မြောက်သည်ဆိုပါက ပညာရှိကြီးအနေနဲ့ဆရာတင်ကာ ပညာသင်ယူမည်ဖြစ်သည်။ဒါကလည်း ပညာနဲ့ပတ်သက်ပါက ရိုသေလေးစွာမှူရှိသောသူ၏စိတ်ဓာတ်ပင်ဖြစ်သည်။ ပညာရှိလည်းဘုရင်ကြီးနဲ့အနည်းငယ်ဆက်လက်ပြောဆိုပြီး နန်းတော်မှထွက်လာခဲ့သည်။သူ၏ရထားလှည်းပေါ်ရောက် သည်နဲ့ "ရထားထိန်း ဒီယေဂိုမြို့ကိုသွားမယ်ဟေ့" မကြာမီတွင် နန်းတော်ဘက်မှလာသော ရထားလုံးသည် ဖု ​ န်မှု န့်တထောင်းထောင်းထစွာဖြင့်ခရီးနှင်သွားလေသည်။ နောက်နေ့မနက်၌ "ဘုရင်ကြီးပြသနာတက်ပါပြီ " လျှောက်တင်မှုကြောင့် ဘုရင်ကြီးလန့်သွားသည်။ "ဘာဖြစ်တာလဲ" "မီးလိုဧရာမ မကောင်းဆိုးကြီးက ကျနော်တို့တိုင်းပြည်ဘက် ဦးတည်လျှောက်လာနေတယ်လို့သတင်းရပါတယ်" "ဘာကွ" ဘုရင်ကြီးထိတ်လန့်သွားသည်။တပ်ဖ်တိုင်းပြည်လိုဖြစ်တော့ မှာလား ဒါမျိုးတော့မဖြစ်မခံနိုင်ပေ။ "အခုချက်ချင်း တစ်တိုင်းပြည်လုံး အရေးပေါ်အမိန့်ထုတ် လိုက်စမ်း"

All Chapters