အခန်း (၁၁၅-၁၁၇)
Vol. 8 Ch. 115-117
(115)
ဘုရင်ကြီးအမိန့်ကချက်ချင်းဆိုသလိုထုတ်ပြန်လိုက်သည်။ထို ထုတ်ပြန်ချက်ကြောင့် နန်းတော်နဲ့နီးစပ်စွာရှိနေသောမြို့ကြီး များကတော့ နေ့မကူးပဲ သိရှိလိုက်ကြသည်။သိရှိကြသည်နဲ့ မိမိတို့၏အဖိုးတန်ပစ္စည်းများကိုလုံခြုံစွာသိမ်းကြသူကသိမ်း အဆင်သင့်ပေးနိုင်ရန်ပြင်သူကပြင်နဲ့ဖြစ်နေကြသည်။ကျန် သော နေရာကပြည်သူများကတော့မသိရှိကြသေးပေ။ ယခုခေတ်ကဲ့သို့ ဆက်သွယ်ရေးကောင်းမွန်ခြင်းမရှိအင်တာ နက်စသောအရာများလည်းမရှိရာ အမိန့်ထုတ်ပြန်ရာ၌ ဘုရင် ထုတ်ပြန်သောအမိန့်ကိုအမိန့်တော်ပြန်တမ်းထုတ်သော အဖွဲ့ တစ်ဖွဲ့ထားရှိကာ ထုတ်ပြန်ကြရလေသည်။ထိုအဖွဲ့တွင်လည်း ခေတ်အခါအလိုက် အသန်ဆုံးသောအမြန်ဆုံးသောမြင်းများ ကိုအသုံးပြုကာ အမိန့်စာထုတ်ပြန်ခြင်းကိုလုပ်ဆောင်ကြ သည်။ထိုသို့လုပ်ဆောင်ခြင်းသည်ကလည်း ထိုခေတ်အခါ အချိန်၌အမြန်ဆုံးသောနည်းတစ်ခုဟုခေါ်ဆိုနိုင်သည်။ နောက်တစ်နည်းကတော့ ငှက်များဖြင့်စာပို့ခြင်းဖြစ်သည်။ သို့သော်လည်း စာပို့ငှက်များဖြင့်စာပို့ရာ၌ စာပို့ငှက်အများစု သည် လမ်းခရီး၌ပင်သေဆုံးကြရလေသည်။ဤသည်မှာ လည်း ကြမ်းတမ်းသောငှက်ကြီးများက စာပို့ငှက်များကို သုတ်ယူစားသောက်လိုက်သောကြောင့်ဖြစ်သည်။ ဘလက်အဖွဲ့မှငှက်ဖြင့်စာပို့နိုင်ခြင်းမှာ ထိုငှက် များ၏ကိုယ်၌ဆေးတစ်မျိုးသုတ်လိမ်းထားပေးသည်။ထို ဆေး၏အနံကြောင့် ကြမ်းတမ်းသောငှက်ကြီးများက သုတ် ယူခြင်းမပြုဘဲ ရှောင်တိမ်းကြသည်။ထို့ကြောင့်လည်း ဘ လက်အဖွဲ့ကငှက်ဖြင့်စာပို့ခြင်းကို အသုံးပြုနိုင်ကြခြင်း ဖြစ်သည်။ထို့ပြင် ငှက်များ၌သုတ်လိမ်းသောဆေး၏စျေး ကွက်ကိုလည်း အသေချာချုပ်ကိုင်ထားသောကြောင့် ဝယ်ရ ခက်သည်ကလည်းတစ်ကြောင်းဖြစ်သည်။ တစ်တိုင်းပြည်လုံးပြန့်နှံရန်ဆိုလျှင်တော့ အနည်းဆုံးတော့ တစ်ပတ်ထိကြာမြင့်မည်ဖြစ်သည်။ "ရောက်ပြီလားဟေ့" ပညာရှိကြီး ရထားထိန်းကိုမေးလိုက်သည်။ "ရောက်ပါပြီ ကျနော်တို့ရှေ့မှာမြင်နေရတာက ဒီယေဂိုမြို့ပဲ" ပညာရှိကြီး ရောက်ရှိမှန်းသိလိုက်ရသောကြောင့် ဂျိတ်ကိုတွေ့ လိုစိတ်များပေါ်လာသည်။အချိန်ကား မနက်ကိုးနာရီခန့်ရှိ တော့မည်ဖြစ်သည်။နန်းတော် မှဒီယေဂိုမြို့သို့ ရောက်အောင်မောင်းလာခဲ့သည်မှာ တစ်ရက်မျှ ကြာခဲ့သည်ဖြစ်သည်။ထိုသို့ရောက်ရှိလာသည်ကလည်း အရည်သွေးကောင်းမွန်လှသော မြင်းလေးကောင်ကို ရထားလုံး၌ဆွဲကာ မောင်းနှင်စေခြင်းကြောင့်လည်း ဖြစ်သည်။ "ဟေးဟေးတော်တော် ငါကိုဒီယေဂိုမြို့ တောဘက်ကပြင် ဘက်ကအိမ်ထိပို့ပေး" ပညာရှိကြီးပြောသည့်အတိုင်း ရထားလုံးထိန်းလည်း လိုက်နာ သည်။အတော်တန်ကြာသွားပြီးသောအခါ ဒီယေဂိုမြို့၏အပြင် ဘက်၌ ထီးထီးကြီးရှိနေသော နှစ်ထပ်အိမ်တစ်လုံးက်ိုတွေ့ လိုက်ရလေသည်။ "ရပြီရပ်တော့ ငါလိုမှခေါ်လိုက်မယ်" "ကောင်းပြီ ပညာရှိကြီးဒါဆို ကျနော်မြို့ထဲမှာမြင်းတွေအတွက် အစာသွားရှာကျွေးမွေးလိုက်ဦးမယ် " ပြောဆိုပြီးသည်နဲ့ ရထားလုံးသည်မြို့ထဲသို့ပြန်လည်ဝင်ရောက် သွားလေသည်။ပညာရှိကြီးကတော့ အိမ်ရှေ့၌ရပ်၌သာကျန်ခဲ့ လေသည်။ "အင်းပိုင်ရှင်ဂျိတ်ရှိလား." ပညာရှိကြီးအသံကထွက်ပေါ်လာသည်။ ထိုအချိန်၌ဂျိတ်သည် နေ့စဥ်လုပ်ဆောင်နေကြဖြစ်သောငါး မိနစ်လေ့ကျင့်ခြင်းပြီးဆုံးသွားချိန်လည်းဖြစ်သည်။ ("ဘယ်သူလဲငါ့ကိုခေါ်နေတာ") မိမိကိုခေါ်သူအား သိရှိရန်အတွက်အပြင်သို့ထွက်လိုက်သည်။ "ခင်ဗျားလား ကျုပ်နာမည်ခေါ်တာ" ပညာရှိကြီးကိုမေးလိုက်သည်။ပညာရှိလည်း ဟုတ်မှန် ကြောင်း ပြောလိုက်သည်။ ("တကယ်ကြီးကို ငယ်နေသေးတာပဲ") ဒါကပညာရှိကြီးအတွေးဖြစ်သည်။သူ၏အကြောင်းအား ဘုရင်သာမပြောပြလျှင် သူ့အနေနဲ့ယုံစရာအကြောင်းမရှိပေ။ ဘုရင်ပြောပြထား၌သာ ယုံကြည်ခြင်းလည်းဖြစ်သည်။ "ဒါဆိုလာရင်းကဘာလဲ" ဂျိတ်စတင်မေးမြန်းပြီဖြစ်ရာ "ကျုပ်ကပညာရှိကြီးပါ ဒီတိုင်းပြည်ရဲ့ပညာရှိပေါ့ ကျုပ်လာရ တဲ့အကြောင်းက သင်ဆီအဆင့်သုံးအင်းကြောင့်ပါ အဲ့တာ သင်ကိုယ်တိုင်ရေးဆွဲထားတာလား" လာရသည့်အကြောင်းရင်းကိုမကွယ်ဝိုက်နေပဲ လိုရင်းပြော လိုက်သည်။ပြောနေရင်း ပညာရှိဖြစ်ကြောင်းတံဆိပ်ပြားပါ ထုတ်ပြသည်။ ဂျိတ်အနေနဲ့ ထိုသို့တည့်တည့်ကြီးပြောလာသောအဘ်ိုးကြီးကို သဘောကျမိသည်။ကွေ့ကောက်နေပါက လိုရင်းမရောက်နိုင် တည့်ပြောသည်ကိုသာသဘောကျသည်ဖြစ်သည်။ "ဟုတ်တယ် အဲ့ဒီအဆင့်သုံးအင်းတွေက ကျုပ်ဆီကပဲလာတာ ပါ အဲ့အင်းတွေကိုကျုပ်ရေးဆွဲခဲ့တာတော့မဟုတ်ဘူး" ထိုစကားကြောင့်အင်းများသည် ဂျိတ်ရေးဆွဲခြင်းမဟုတ်ဟု ဆိုသောကြောင့် အနည်းငယ်ညိုးငယ်သွားသည်။သူအစွမ်းစ ဖြင့်ကြိုးစားသော်လည်း အင်းအရာ၌သူသည်အဆင့်နှစ်အထိ သာရောက်ရှိလာသည်။ မိမိအားသင်ပေးမည့်သူရှိပါက နောက်ထပ်အဆင့်တက်နိုင်သည်ဟုသူ့ကိုယ်သူလည်း ယုံကြည်သည်။မရေးဆွဲဆိုသောကြောင့် သူလမ်းစပျောက်ပြီ ဖြစ်သည်။ "ဒါပေမဲ့ ကျုပ်ရေးဆွဲတတ်တယ်" ထိုစကားကြောင့် ပညာရှိကြီးပြန်လည်အားတတ်သွားသည်။ ထိုစကားကသူ့အားပြန်လည်အားဖြည့်ပေးလိုက်သကဲ့သို့ရှိ သည်။သိူ့သော် မယုံကြည်စိတ်အနည်းငယ်က သူ့အားလုံးဝ ယုံကြည်ရန်ကို တင်းခံပေးနေသည်။ "ဒါဆို အင်းဆွဲပြပါလား ကျုပ်ကလက်တွေ့သမားမို့ပါ တစ်မျိုး တော့မထင်ပါနဲ့" ပညာရှိကြီးဂျိတ်အားပြောလိုက်သည်။ "ကောင်းပြီဆွဲပြ ပါမယ်" "ဒါဆိုရင် ကျုပ်ဆီမှာ အင်းစာရွက်ပါပါ.....အောင်မလေးဗျ" ဒီတစ်ခါထအော်သည်က ပညာရှိကြီးဖြစ်သည်။သူ၏အမှုရာ များကလုံးဝတုန်လှုပ်ခြောက်ခြားနေလေသည်။ သူ့၏တစ်သက်သာ၌ တစ်ခါမှသောမဖြစ်စဖူးသောအမူရာဖြ င့်ကိုတုန်လှုပ်ခြောက်ခြားနေခြင်းဖြစ်သည်။ အကြောင်းရာ ဂျိတ်ဆွဲရန်အတွက် အင်းစာရွက်နှိုက်နေစဥ်မှာ ပင် ဂျိတ်ကလေထဲသို့လက်ညိုးထိုးကာ အင်းရေးဆွဲလိုက် သောကြောင့်ဖြစ်၏။လေထဲ၌လက်ညိုးထိုးရေးဆွဲသည်က ထူးဆန်းစွာပင် အင်းအက္ခရာများ ဖြစ်ပေါ်လာလေသည်။ထို အက္ခရာများသည် စုပေါင်းပြီးအင်းကွက်ပုံစံဖြစ်တည်လာ သည်။ထိုသို့သောမြင်ကွင်းမြင်လိုက်ရသောကြောင့် ပညာရှိ ကြီးတုန်လှုပ်သွားရခြင်းလည်းဖြစ်ပေသည်။ "ဒါက ပျောက်ဆုံးနေတဲ့အင်းဆရာခင်တွေပဲလုပ်နိုင်တာပဲ" ပညာရှိကြီးတစ်ကိုယ်တည်းရည်ရွတ်မိသည်။ထိုအဆင့်က အလွန်ပင်မြင့်မားသည်မဟုတ်ပါလား။ "ကျုပ်ကိုသင်ကြားပေးပါ" ချက်ချင်းဆိုသလိုပင်ပညာရှိကြီး ဂျိတ်အားဒူးထောက်ကာ ပြောလိုက်သည်။အရိုသေပေးကာ စင်ကြားပေးရန်တောင်း ဆိုခြင်းလည်းဖြစ်သည်။မယုံကြည်စိတ်များက လုံးဝလွင့်စင် သွားကာဂျိတ်ကမိိမအား အင်းပညာသင်ပေးရန်သာ ပညာရှိ ကြီး၏စိတ်ထဲ၌လွမ်းမိုးလျက်ရှိနေတော့လေသည်။
(116)
ထိုမျှစိတ်အားထက်သန်လှသော လူကိုတော့ ဂျိတ်အနေနဲ့ ပထမဆုံးအကြိမ်အနေနဲ့တွေ့ဆုံရခြင်းဖြစ်သည်။ ထို့ပြင်အသက်အရွယ်ကြီးနေသော်ငြားလည်း ပညာရှိဖြစ် သော်လည်း အင်းပညာသင်ယူနိုင်ရန်အတွက် ဂျိတ်၏ရှေ့ တွင် တစ်စက်မျှပင်တုံဆိုင်းမနေဘဲ ဒူးထောက်အရိုသေ ပြုသည်။ထိုသို့သောအပြုမှုကြောင့် ပညာရှိကို ဂျိတ်အနေနဲ့ လေးစားသွားသည်။ထိုသို့သောသူများသည် သူအလိုရှိရာရ ရန်အတွက် အာဏာစည်းစိမ်စသောအရာများကိုမက်မောနေ ခြင်းမရှိပဲ ပေးနိုင်သောသူများ၏အပြုမှုမျိုးသာဖြစ်လေ သည်။ ("စနစ် သူအကြောင်း အချက်လက်ပြပေးဦး") ("ကောင်းပါပြီ") ပညာရှိကြီး၏အချက်လက်များက ဂျိတ်ရှေ့တွင်ပေါ်လာလေ သည်။ထိုအရာများကိုတော့ ဂျိတ်တစ်ယောက်တည်းကသာ မြင်နိုင်သည်လည်းဖြစ်သည်။ အမည်..ဖယ်(ဂရိတ်နိုင်ငံ၏ပညာရှိ) ရာထူး....ဘုရင်အကြံပေး ပညာရှိ သိုင်းအဆင့်.....ငွေအဆင့်သုံး(ထူးခြားစွမ်း ရည်.အသုံးပြုပါ ကငါးမိနစ်အတွင်းသူ၏တိုက်ခိုက်နှုန်း လျင်မြန်မှု ဉာဏ်ရည် များတိုးမြင့်လာမည်) အသက်...80နှစ် သစ္စာရှိမှု..(8/10) 80နှစ်သည် အသက်ကြီးပြီဟုဆိုနိုင်သော်ငြားလည်း ငွေအဆ င့်စစ်သည်တော်တစ်ယောက်အနေနဲ့ တစ်ရာ့ငါးဆယ်နှစ် အထိ အသက်ရှင်နေနိုင်သည်ဖြစ်ရာကြီးပြီဟုလည်းမဆိုနိုင်ပေ။ သစ္စာရှိမှုတွင်8ဟူသောအခြေနေသည် အလွန်ယုံကြည် ကြောင်းပြသသောအခြေနေဖြစ်သည်။9ဆိုပါက ကို ယ့်၏အသက်သခင်သဖွယ်လေးစားမှုဖြစ်ပြီး 10ဆိုလျှင် တော့ မိမိ၏အသက်ပင်ပေးရပါကပေးရပါစေ လုပ်ဆောင် မည်ဖြစ်သည်။ ("မဆိုးဘူးပဲ ") ယခုလူကြီးသည် မဆိုးဟုဂျိတ်တွက်ဆလိုက်သည်။ "ထပါ ကျနော်သင်ပေးပါမယ်" ထိုစကားကိုကြားမှ ဒူးထောက်တောင်းပန်နေသော ပညာရှိ ကြီးသည် ခေါင်းမော့လာလေသည်။ "တကယ်လား " "တကယ်ပေါ့ ခင်ဗျားလိုလူကြီးကဆက်ဒူးထောက်နေမယ်ဆို ရင်ကျနော် ဘာဆက်လုပ်လို့မရဘူးလေ" ထိုအခါမှ ပညာရှိကြီးသည် ဒူးထောက်ရာမှ ထလာသည်။ သူ၏မျက်နှာတွင်လည်း အပြုံးများကပြည့်နှက်နေသည်။ သူ၏ဘဝတစ်လျှောက်လုံးလေ့လာဆည်းပူးခဲ့ရသောအင်း ပညာများ၏အဆင့်မြင့်ပညာရပ်များကို သူထပ်မံလေ့လာ ဆည်းပူးလို့ရတော့မည်ဖြစ်သောကြောင့်ဖြစ်သည်။ ပညာရှိကြီးမှ ဂျိတ်အားဆရာအဖြစ်လက်ခံစေရန် အခမ်းနား လုပ်မည်ဟုဆိုသည်။သို့သော်ဂျိတ်ကအတိုချုပ်သာလုပ်စေလို သည်။ထို့ကြောင့် ဂျိတ်က အိမ်တွင်းမှ ရေနွေးကြမ်းနဲ့ခွက်ကို ယူလာစေသည်။ထို့နောက် ပညာရှိကြီးကို ရေနွေးကြမ်းငှဲ့စေ ပြီး မိမိအား ကပ်စေခြင်းဖြင့် ဆရာလက်ခံခြင်းတပည့် လက်ခံခြင်းက ခဏလေးအတွင်းပြီးဆုံးသွားလေသည်။ "ဆရာကျနော်ကို ဖယ်လို့ခေါ်လို့ရပါတယ် ပညာရှိလို့မခေါ်ပါနဲ့" ပညာရှိကြီး ကပြောသည်။ပညာရှိဟူသောနာမည်ကို ဂျိတ်ရှေ့ တွင် မိမိကိုယ်ကို ခေါ်နေမည်ဆိုပါကဂျိတ်ကိုမိမိမှ မခန့် လေးစားလုပ်ရာရောက်သည်ဟု ပညာရှိမှအထင်ရှိသည်။ထို့ ကြောင့်လည်း ဖယ်ဟုခေါ်ဆိုနိုင်ကြောင်းပြောခြင်းလည်း ဖြစ်သည်။ "ကောင်းပြီ ဖယ် တစ်ခုတော့ ပြောစရာရှိတယ် ကျနော်မှာ လက်ခံပြီးသားတပည့်တစ်ယောက်ရှိတယ်ဗျ" "ဟေ" ပညာရှိကြီး အံသြ သွားသည်။မိမိထက်ဦးနေသောသူရှိသည် ဆိုပါလား။ "ဒါဆိုသူကကော ဘာလာသင်တာလဲ သိလို့ရမလား" "ရပါတယ် သူကတော့ လက်နက်အကြောင်းသင်တာပါ" (ဂျိတ်ရှေ့ရောက်နေချိန်၌ ပညာရှိကြီးကို ဖယ်ဟုသာခေါ်ဝေါ် သုံးနှုန်းသွားပါမည်။) လက်နက်အကြောင်းဆိုပါလား ဖယ်အံသြရသည်။ ထိုလူသည်လည်း ထူးဆန်းသောလူဖြစ်ရမည်ဟု ထင်လိုက် လေသည်။မည်သို့သောလက်နက်မျိုးကိုသူ သင်ကြားနေ သနည်း။ဒါက ဖယ်၏အတွေးသာဖြစ်သည်။ "ဒါဆို ဆရာက လက်နက်အကြောင်းလည်း သိတယ်ပေါ့" ဖယ်အနေဖြင့် ဂျိတ်ကိုဆရာဟုခေါ်ဝေါ်ရန် တုံဆိုင်းမနေပေ။ "အင်း သိတယ်လို့ပြောလို့ရတယ်" ဖယ် ကပ်သော ရေနွေးကြမ်းသောက်ရင်း ပြောသည်။ ရေနွေးကြမ်းသောက်နေခိုက် စနစ်မှအသိပေးချက်ကြားရ သောကြောင့် ဂျိတ်ရပ်တန့်သွားသည်။ ("မီးတောက်အရိုးစုနတ်ဆိုး တစ်ကောင် ဂရိတ်တိုင်းပြည် ဘက်သို့ဦးတည်လာနေသည်။သူ၏ဦးတည်ချက်မှ ဆာဗေ့ တို့၏နေရာတွင်ရှိနေသော မီးတောက်အရိုးစုဘုရင် ကြီး၏အရိုးအကြွင်းကျန်ဖြစ်သည်။ သူသည်မီတာတစ်ရာရှိကာ သွားလာမှုနှေးကွေးသည်။ဂရိတ် တိုင်းပြည်သို့ရောက်ရန် အချိန်နှစ်ရက်ကျန်သေးသည်") မီးတောက်အရိုးစုနတ်ဆိုးက လာနေသည်ဆိုပါလား။ လာရင်းအကြောင်းကိုလည်း ဂျိတ်သိရှိလိုက်သည်။ ("စနစ် အဲ့ကောင်ကိုဖမ်းမယ်ဆိုရင် ငါဘာရနိုင်လဲ") ("မီးတောက်အရိုးစုနတ်ဆိုးကိုဖမ်းဆီးခြင်းသည် ဂရိတ်နိုင်ငံ နဲ့လူများကို ကယ်တင်ရာရောက်စေသည်။ဖမ်းဆီးခြင်းဖြင့် အကျိုးဆောင်ကံကုသိုလ်အမှတ်တစ်သိန်းရယူပါ") ဂျိတ်၏မျက်လုံးများတောက်ပလာသည်။ကံကုသိုလ်မှတ်တစ် သိန်းဆိုပါလား ။ဒီယေဂိုမြို့ကိုကာကွယ်စဥ်နဲ့ ဆာဗေ့တို့ကို အန္တရာယ်မှလွတ်မြောက်အောင်လုပ်ပေးစဥ်ကပင် ကုသိုလ် မှတ်နှစ်သောင်းထိသာရရှိခဲ့ရသည်။တစ်သိန်းဆိုသည်က များပြားသောပမာဏဖြစ်လာသည်။ ကုသိုလ်မှတ်ဆိုသည်ကလည်း စနစ်မှမရနိုင်သော အရာပင် ဖြစ်လေသည်။ "ဖယ် မင်းဒိီနေ့ကံကောင်းတယ် မှော်အတတ်ပညာဆိုတာပါ မြင်ရတော့မယ်" "ဆရာ မှော်အတတ်ဆိုတာ ပါးစပ်ပြောရာဇဝင်မှပဲရှိတာ မဟုတ်ဘူးလား" မှော်ပညာဟူသည် လုံးဝမကြားဖူးမမြင်ဖူးသောကြောင့် ဖယ် ကပြောလိုက်ခြင်းဖြစ်သည်။လက်ရှိ အစွမ်းထက်ဆုံးသော ပညာဟူ၍အင်းပညာကသာ အားအကောင်းဆုံးဖြစ်နေသော ကြောင့်ဖြစ်သည်။အင်းပညာက အစွမ်းဆုံးဖြစ်သောကြောင့် တစ်ခုတည်းကျန်ရှိသော သဘာဝလွန်ပညာလည်းဖြစ်နေ သောကြောင့် ဖယ်ကအင်းကိုလက်စားခဲ့ခြင်းဖြစ်သည်။ (ထိုခေတ် အခါအချိန်၌ မှော်ပညာရပ်များစသော ပညာရပ်များကပျောက်ကွယ်ကုန်ပြီး အင်းပညာတစ်မျိုးသာ ကျန်ခဲ့သောအချိန်လည်းဖြစ်သည်။) "လောကကြီးက အင်မတန်မှကျယ်ပြောတယ် မရှိဘူးလို့ငြင်း လို့မရဘူးလေ" ဂျိတ်ရှင်းပြနေသည်ကို ဖယ်ကစိတ်ဝင်စားစွာ နားထောင်သည်။ထိုအခိုက် ဂျိတ်လက်မှတုတ်တစ်ချောင်း ကိုင်ထားသည်ကိုလည်းမြင်နေရသည်။ ဂျိတ် လည်း မှော်တုတ်ကို ကိုင်ကာ လေထဲ၌ဝေ့ရမ်းပြီး ဆို လိုက်သည်။ "သွား အဲ့အကောင်ကိုဖမ်းချုပ်ပြီးပြန်လာခဲ့" ထိုအခါ ကြီးမားသော အလင်းတန်းကြီးကကောင်းကင်ပေါ်သို့ထိုး တက်သွားသည်ကို ဖယ် မြင်လိုက်ရသည်။ထိုအလင်းတန်း ကြီးသည် တစ်စက္က န့်သာ ကြာသော်လည်းမျှော်စင်ပြသာဒ် ပုံစံရှိကြောင်း တွေ့လိုက်ရလေသည်။ထိုအလင်းတန်းကြီး သည် တစ်စက္က န့်သာကြာသည်မို့ လူများကတော့ သိမြင် လိုက်ခြင်းမရှိကြပေ။ အလင်းတန်းကြီးပျောက်ဆုံးသွားသော်လည်း ဖယ်ကတော့ အံသြစွာငေးမိနေတုန်းဖြစ်၏။ဘုရင်ကြိီးပြောလို ဂျိတ်သည် အလွန်မင်းထူးဆန်းသောသူဖြစ်ကြောင်း ပါသိရှိလိုက်ရ သည်။ "ကဲ အင်းအကြောင်း စလိုက်ကြစို့လား" ထိုအပြောကြားမှ ဖယ် သည်လည်း ငေးမောနေရာမှ ပြန်လည်သတိဝင်လာတော့သည်။
(117)
ဂျိတ်လည်း ဖယ်အား အင်းအကြောင်းကိုစတင်ပြောကြား တော့သည်။အင်းအကြောင်းမို့ ဖယ်ကလည်း အသေးစိတ် နားထောင်သည်။သူတို့နှစ်ယောက်သားသည် ခြံဝင်းအတွင်းရှိ စားပွဲခုံပေါ်တွင်ရေနွေးကြမ်းခွက်ထားကာ ထိုင်ခုံရှည်ပေါ်တွင် ထိုင်ကာ ပြောဆိုနေကြခြင်းဖြစ်သည်။ ဆရာမှတပည့်သို့ သင်ပေးသည်ဆိုသော်လည်း အချင်းချင်းထိုင်သည့်ပမာ ပေါ့ ပေါ့ပါးပါးသာသင်ခြင်းလည်းဖြစ်သည်။ ထိိုသို့သင်ကြားခြင်းသည် အထိရောက်ဆုံးသောနည်းလမ်း လည်းဖြစ်သည်။ပညာလိုသောသူကို ဆရာမှ တစ်ဦးခြင်းပေါ့ ပေါ့ပါးပါးသင်ကြားသည်ထက် ထိရောက်သောသင်ကြား နည်းမရှိတော့ပေ။ ဂျိတ်သည်ဖယ်အား အင်းအကြောင်းသင်ကြားပေးချိန် တစ် ခြားတစ်ဖက်၌တော့။ "ပြေးကြ ဟေ့အကောင်ကြီး ရောက်လာပြီဟ" "မြန်မြန်လုပ်ကြပါဟ" လူများအော်သံနဲ့အတူ အရေးပေါ်သတိပေးခေါင်းလောင်းသံ များက ဆူညံပွက်လောရိုက်လျက်ရှိနေသည်။ထိုသို့ပွက်လော ရိုက်နေသော နေရာသည် ဂရိတ်နိုင်ငံ၏ကလိတ်ဒေသတွင်ရှိ သော ခရက်မြို့ပင်ဖြစ်သည်။ထိုမြို့သည် ဂရိတ်နိုင်ငံ၏နယ်န မိတ်မြို့ဟုလည်းဆိုနိုင်ကာ ကလိတ်ဒေသ၏အစွန် ဖျား၌တည်ရှိနေသောမြို့ဖြစ်သည်။ အလွန့်လွန်ကြီးမားလှသော မကောင်းဆိုးဝါးကြီးသည် ဂရိတ် တိုင်းပြည်ဘက်သို့ဦးတည်လာနေသည်ကို ထိုမြို့မှမြင်နေရသော ကြောင့်လည်းဖြစ်သည်။အကောင်ကြီးမှာ ခန့်မှန်းချေ မီတာ100ထိမြင့်သည်ဖြစ်သည်။အမြင့်အား တိတိကျကျ တိုင်းတာနိုင်ရန်မဖြစ်နိုင်ပေ။အဘယ်ကြောင့်ဆိုသော် ထို မကောင်းဆိုးဝါးကြီးသည် အစွမ်းကြီးလာပါက ပိုမိုပြီးကြီး ထွားလာနိုင်သောကြောင့်လည်းဖြစ်သည်။ ထိုမကောင်းဆိုးဝါးကြီးခေါ် မီးတောက်အရိုးစုကြီးကလည်း ရပ်တန့်မည့်ပုံလုံးဝမပေါ်တည့်မတ်စွာသွားနေသည်။ သူ၏သွားမည့်လမ်းသည် ခရက်မြို့ကိုဖြတ်၍ ဆာဗေ့ဒေသသို့ သွားမည်ဖြစ်သည်။ဆာဗေ့ဒေသ၌ရှိသော မီးတောက်အရိုးစု ဘုရင်ကြီး၏အကြွင်းကျန်ကိုယူရန်ဖြစ်သည်။ မီးတောက်အရိုးစုကြီးသည် ကွေ့ကောက်သွားရိုးထုံးစံမရှိရာ ခရက်မြို့ကိုဖြတ်မည်ဆိုပါက ဂရိတ်ကိုပါဖြတ်သွားမည် ဖြစ်သည်။ထိုအခါထိုမကောင်းဆိုးဝါးသည်ခရက်မြို့ ရေကာမြို့ နဲ့ဒီယေဂိုမြို့ကိုပါ ဖြတ်သွားမည်ဖြစ်သည်။ထိုသို့ဖြစ်ခဲ့သည်ရှိ သော် ဂရိတ်အတွက် ဆုံးရှုံးမှုမှာ ခန့်မှန်း၍ရနိုင်မည် မဟုတ်ပေ။အဓိကသုံးမြို့ဆုံးရှုံးရခြင်းသည်နည်းနှောသော ပမာဏမဟုတ်ပေ။ (အဘယ်ကြောင့်သုံးမြို့နဲ့သူ့၏လမ်းရှိမြို့ရွာများ ဆုံးရှုံးရမည်ဟုဆိုရခြင်းသည် မီးတောက်အရိုး စု၏သွားရာလမ်းတွင်ရှိနေသောကြောင့် ဖြစ်၏။ကျန်သော တိုင်းပြည်အသေးများတစ်ခုလုံးပျက်စီးရခြင်းသည် မီးတောက်အရိုးစု မှလိုချင်စိတ်ဖြင့်တိုင်းပြည်ကိုဖျက်စီးကာ လူများ၏အသက်ကိုစုပ်ယူကာ အစွမ်းတိုးအောင်လုပ်ဆောင် သောကြောင့်ဖြစ်သည်။အစွမ်းတိုးရရန်ဆိုပါက တစ် ယောက်မကျန်သတ်ကာလုပ်ဆောင်မည်ဖြစ်သည်။) ဒိန်း.....ဒိန်းး.....ဒိန်းးးးးး... တစ်လှမ်းခြင်းလျှောက်လာသော ခြေသံများကလည်း ပြင်းထန်လှသည်။ "ဟီး....ဟီး..." မီးတောက်အရိုးစုကြီး၏လမ်းလျှောက်ရင်းထွက်ပေါ်လာ သောအသံကြီးကလည်း တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှ သည်။ မီးတောက်အရိုးစု ကြီးသည် သူ၏ပုံမှန်ခြေလှမ်းများဖြင့် ဆက်လက်သွားနေဆဲဖြစ်သည်။သူသွားခဲ့သောလမ်း တစ်လျှောက်တွင်တော့ မီးတောက်များလောင်ကျွမ်းကာကျန် ခဲ့ သို့မဟုတ်ပါက အပူတငွေ့ငွေ့ထွက်နေသောမီးကဲ့သို့နီရဲနေ သော မြေကြီးကိုသာတွေ့ရမည်ဖြစ်သည်။ "အခြေနေဘယ်လိုလဲ" "လူတွေအကုန်ပြောင်းရွေ့ပြီးပါပြီ ပြီးပါပြီ" တပ်သားမှအထက်တပ်မှူးအား အစီရင်ခံနေသည်။တပ်သား လေး၏အစီရင်ခံစာကြောင့် တပ်မှူးလည်းအနည်းငယ် သက်ပြင်းချလိုက်သည်။လူများလွတ်ရာရွေ့ပြောင်းပြီးဖြစ်ရာ ပူပင်စိတ်အနည်းငယ်လျော့ကျသွားနိုင်ပြီဖြစ်သည်။ မိမိတို့ခရက်မြို့မှအတိုင်းသားမြင်နေရသော မကောင်းဆိုးဝါး ကြီးကိုလည်းကြည့်ကာ ကြောက်လန့်နေမိသေးသည်။ အရင်ဆုံးတိုင်းသူပြည်သားများကိုဘေးလွတ်ရာရွေ့ပြောင်း ရန် မိမိတို့တတ်နိုင်သလောက်ခုခံရန် မတတ်နိုင်သည့်အဆုံးမှ တပ်ဆုတ်ခဲ့ရန် နန်းတော်မှအမိန့်ထုတ်ထားရာ တပ်မှူးသည် မကောင်းဆိုးဝါးကြီးကို ခုခံရန် ပြေးခြင်းမရှိစောင့်ဆိုင်းနေ ခြင်းဖြစ်သည်။ "အသင့်ဖြစ်ပြီလားဟေ့" "ဟုတ်" တပ်မှူး၏အော်သံကြောင့်စစ်သားများပြန်လည်ပြောဆိုလိုက် သည်။ခရက်မြို့ရိုးတွင်လည်း ကျည်တောက်အပြည့်ဖြင့်နေရာ ယူထားသော လေးသမားများ ပစ်ရန်အသင့်ဖြစ်နေသော ကျောက်ခဲပစ်စင်များနဲ့ ပစ်ရန်အမိန့်စောင့်ဆိုင်းနေသော အမြောက်များနဲ့တပ်သားများက အပြည့်နေရာယူထားကြ သည်။ အမြောက်ပစ်မည်ဆိုပါက ရှေးဦးစွာ အမြောက်ထဲသို့ယမ်းမှုန့် များထည့်ထောင်းရမည်ဖြစ်သည်။ထည့်ထောင်းပြီးကာမှ သံလုံး (အမြောက်ဆန်) ကို ထည့်ရမည်ဖြစ်သည်။နောက်မှ ယမ်းကြိုးကိုမီးရှို့်ပြီး ပစ်ခတ်ရမည်ဖြစ်သည်။ ယမ်းကြိုးကိုမီးရှို့သောအခါ ယမ်း ကြိုးမှတစ်ဆင့်ယမ်းမှုန့်များကိုလောင်ကျွမ်းမည်။ထိုအခါ ပြင်းထန်သောပေါက်ကွဲအားဖြစ်ပေါ်စေပြီး သံလုံးကို တွန်းအားဖြစ်စေသည်။ဤနည်းဖြင့် အမြောက်ပစ်ခတ်ခြင်း ဖြစ်စဥ်ဖြစ်ပေါ်သည်ဖြစ်သည်။ အမြောက်သမားများကလည်း ယမ်းကြိုးသာရှို့ရန်လိုကြ တော့သည်။သူတို့သည်လည်း စိုးရိမ်စိတ်များနေကြသည်။သူ တို့တစ်သက်၌ ထိုမျှကြီးမားလှသောမကောင်းဆိုးဝါးကိုမမြင် ဖူးသောကြောင့်ဖြစ်၏။အရိုးသာရှိပြီးကြီးမားလှသော မီးများ တောက်နေသောကြောက်မက်ဖွယ်ရာ အကောင်ကြီးကိုမမြင် ဖူးပေ။ယခုလို နဖူးတွေ့ဒူးတွေ့ မြင်ရသောအခါ ကြောက်လန့် စိတ်များကဖြစ်ပေါ်လာရလေသည်။ တပ်မှူးလည်းမကောင်းဆိုးဝါးကြီးအားမျက်ခြေမပျက်ကြည့် ရှုနေဆဲဖြစ်သည်။မကောင်းဆိုးဝါးကြီးခေါ် မီးတောက်အရိုးစု ကလည်း ပုံမှန်အတိုင်းလျှောက်နေဆဲဖြစ်သည်။ "ကဲ ပစ်တော့" တိတ်ဆိတ်နေသောအခြေနေမှတပ်မှူးကြီး၏အသံကထွက် ပေါ်လာသည်။မကောင်းဆိုးဝါးကြီးသည် ပစ်ခတ်၍ရသော အနေထား၌ရောက်ရှိနေသောကြောင့် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။အရာရှိအမိန့်ပေးပြီးသည်နဲ့ အသံများကဆူညံသွား သည်။ "ပစ်ဟေ့ ပစ်ကြ " "သေစမ်း... မင်းဒါကိုစားစမ်း" တပ်သားများ၏အသံများကထွက်ပေါ်သည်။ ဝီး...ဝီး.....ဝစ်..... တပ်သားများအသံနဲ့အတူ မြားသံများလည်းထွက်ပေါ်လာ သည်။မြားများနဲ့ ကျောက်ခဲပစ်စင်မှကျောက်ခဲများကိုလည်း ပစ်ခတ်လိုက်ကြသည်။ ကျောက်ခဲများမြားများသည် ကောင်းကင်၌များစွာဝဲပျံနေကြ သည်။ဝဲပျံပြီး မကောင်းဆိုးဝါးဆီသို့တည့်မတ်စွာပျံသန်းသွား သည်။ "ဝုန်း" ကျောက်ခဲများကတော့ မကောင်းဆိုးဝါးကြီးကိုထိမှန် ကုန်သည်။ထိမှန်သည်နဲ့ ကျောက်ခဲများပင် အမှုန့်ဖြစ်သွား သည်။ဤသည်ကိူကြည့်ခြင်းဖြင့် ကျောက်ခဲပစ်စင်၏ပစ်အား ကိုသိနိုင်လေသည်။မြားများကတော့ မကောင်းဆိုးကြီးကို ထိ မှန်စိုက်ခြင်းမရှိ ။အဘယ်ကြောင့်ဆိုသော် မကောင်းဆိုးဝါး ကြီးကိုယ်မှအလွန်အမင်းပူပြင်းလှသောကြောင့် မရောက်မီ မှာပင် အရည်ပျော်ကာမီးလောင်ပျက်စီးသွားသောကြောင့် ဖြစ်သည်။ "ဒိန်း...." "ဝုန်း" ထိုအသံကမကောင်းဆိုးကြီးကို အမြောက်ဆန်မှန်သွားသော ကြောင့်ဖြစ်သည်။ထိုပထမတစ်ချက်ပြီးသည်နဲ့ ဆက်တိုက်ဆို သလိုပင် အမြောက်သံများကဆက်တိုက်ထွက်ပေါ်လာသည်။ ခရက်မြို့စင်၌အမြောက်ဆယ်လက်ရှိရာ ဆယ် လက်လုံး၏ပစ်ခတ်မှုများက မီးတောက်အရိုးစုကြီးကို ထိမှန် ကုန်သည်။ မကောင်းဆိုးဝါးကြီးကိုကျောက်ခဲများ အမြောက်ဆန်များထိ မှန်မှုကြောင့် မကောင်းဆိုးဝါးသည်လည်းအနည်းငယ်ရပ်တ န့်သွားရသည်။ "သူရပ်သွားပြီလား" တပ်မှူးအံအားသင့်သွားသည်။မိမိတို့ခရက်မြို့တပ်ဖွဲ့၏ပစ်ခတ် မှုကြောင့် ရပ်တန့်သွားခဲ့ပြီလား။စစတပ်သားများလည်း ရပ် တန့်မှုကြောင့် အံသြနေကြသည်။ "ငါတို့လုပ်နိုင်ခဲ့ပြီလား" "မလုပ်နိုင်ခဲ့ဘူးဟေ့ ဟိုအကောင်ကြီးပြန်လှုပ်လာပြီ" ထိုရပ်တန့်သွားသည်မှာလည်း အနည်းငယ်သာကြာမြင့်ကာ ဆက်လက်ရွေ့လျားသည်။ "အားလုံးဆက်လက်ပစ်ခတ်ကြဟေ့" ဝီး........ဝီး...... ဒိန်း....ဒိန်းး....ဒိန်းးးး မီးတောက်အရိုးစုကြီးသည် အလွန်မင်းနှေးကွေးသည်ကိုပင် ကျေးဇူးတင်ရမည်ဖြစ်သည်။မဟုတ်ပါက ခရက်မြို့ရိုးမှာခဏ လေးနဲ့ ပျက်စီးသွားနိုင်သောကြောင့်ဖြစ်သည်။ ဒီတစ်ခါတော့ မီးတောက်အရိုးစုကြီးသည် ရပ်တန့်ခြင်းမရှိ တော့။ဆက်လက်သွားလာနေဆဲဖြစ်သည်။ မကောင်းဆိုးဝါး ကြီးကိုပစ်ခတ်နေသည်မှာလည်း ဆယ့်ငါး မိနစ်ပင်ရှိသွားပြီဖြစ်သည်။သို့သော် မကောင်းဆိုး ဝါးကြီး ကတော့ တစ်ချက်မှပင် ထိခိုက်သွားခြင်းမရှိပေ။ "တပ်မှူး ကျနော်တို့ပစ်စရာမကျန်တော့ပါဘူး ကုန်ပါပြီ" "ကျနော်တို့မြားတွေကလည်း သူ့အပေါ်မထိရောက်ဘူးဗျ" တပ်သားများက တပ်မှုးကိုသတင်းပေးလာကြသည်။တပ်မှုး လည်းအံကြိတ်ကာ "အားလုံးဆုတ်ခွာမယ်ဟေ့မြန်မြန်လုပ်ကြ" မဆုတ်ခွာ၍လည်းမရတော့။ မကောင်းဆိုးဝါးကြီးသည် ခ ရက်မြို့ရိုးနဲ့အတော်ပင်နီးကပ်လာပြီဖြစ်သည်။နီးကပ်မှပြေး ရန်ကြံစဥ်ပါက မိမိကိုယ်ကိုသေကြောင်းကြံသည်နဲ့မခြားပင်။ ရင်နာစွာဖြင့် ခရက်မြို့ရိုးမှအကုန်ဆုတ်ခွာလိုက်ကြသည်။မိမိ တို့နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာကြသောနေရာမို့ ရင်ထဲမကောင်း ဖျက်စီးခံရတော့မည့်အဖြစ်ကိုမြင်ယောင်နေ ကြသည်။ ထိုအခိုက်မှာပင်... "တပ်မှုးကောင်းကင်ကြီးကိုကြည့်...." "ပြေးပါဆိုမှ မင်းဘ်ိုးအေ ကောင်းကင်ကိုကြည့်ကြည့်...ကြ." တပ်မှူး ဆွံအသွားသည်။တပ်မှုးသာမက တပ်သားများပါ ဖြစ် ပျက်သွားကြခြင်းဖြစ်သည်။ကောင်းကင်၌ထူးခြားဆန်း ကျယ်သော စက်ဝိုင်းအလင်းတန်းကြီးပေါ်လာသောကြောင့် ဖြစ်၏။ ဝှန်း..... ထိုတောက်ပနေသောအလင်းတန်းစက်ဝန်း ကြီးထဲမှ အရာတစ်ခုသည် ပြုတ်ကျလာသည်။ "သောက်ကျိုးနည်း" "ဟင်...အ.အ." မြင်တွေ့လိုက်ရသောတပ်သားများနဲ့တပ်မှူးပင်စကားပင်ပီသ အောင်ဆိုနိုင်ခြင်းမရှိတော့။အကြောင်းမှာ.. ကောင်းကင်မှတောက်ပနေသောအလင်းထဲမှ ပြုတ်ကျလာ သောအရာဝတ္ထုသည် မိမိတို့မြို့ထံလာနေသော မီးတောက် အရိုးစုအပေါ် ပြုတ်ကျသွားသောကြောင့်ဖြစ်၏။ထိုအရာ သည် ပြသာဒ်ပုံစံရှိနေသည်ကိုလည်းး မြင်တွေ့လိုက်ကြရ သည်။ ဂျိန်း..... ဂါး...... မီးတောက်အရိုးစုသည်လည်း ပြသာဒ်၏မထင်မှတ်ပဲ ဖမ်းချုပ်လိုက်မှုကြောင့်အော်ဟစ်လိုက်သည်။သို့သော် အစွမ်းထက်လှသောပြသာဒ်အောက်မှ အဘယ်လွတ်မြောက် နိုင်မည်နည်း။ ပြသာဒ်ကြီးသည်လည်း မီးတောက်အရိုးစုကိုသူ၏ကိုယ် တွင်း၌ပိတ်လှောင်ပြီးသည်နဲ့ ကောင်းကင်ပေါ်သို့ပျံတက်သွား ပြန်သည်။ကောင်းကင်ရှိ အလင်းတန်းစက်ဝန်းဆီပြန်လည် ရောက်ရှိသွားပြီး ပျောက်ကွယ်သွားလေတော့သည်။ပြသာဒ် ကြီးပျောက်ကွယ်ပြီးသည်နဲ့ အလင်းတန်းစက်ဝန်းကြီးလည်း အငွေ့များသဖွယ် ပျောက်ကွယ်သွားသည်။ "မ...မ...ဖြစ်" မြင်တွေ့နေရသော ခရက်တပ်ဖွဲ့ဝင်များက တုန်လှုပ်နေဆဲ ဖြစ်သည်။ဧရာမ ဖျက်စီး၍မရနိုင်သောမကောင်းဆိုးဝါးကြီး ကို ကောင်းကင်အလင်းတန်းစက်ဝန်းမှ ပြုတ်ကျလာသော ဧရာမပြသာဒ်ကြီး ကဖိချသည်။ထိုဧရာမ ပြသာဒ်ကြီးက ကောင်းကင်ပေါ်တက်ပြီးပြန်လည်ပျောက်ကွယ်သွား သောအခါ ဧရာမ မကောင်းဆိုးဝါး ကပါ မရှိတော့ပေ။ ထိုသို့သော ဖြစ်ရပ်များကြောင့် ကောင်းကင်မှအလင်းတန်း ကြီးပျောက်ကွယ်ပြီးသည့်တိုင် မြင်သက်ငေးမောနေကြဆဲ ဖြစ်သည်။ခရက်မြို့တပ်ဖွဲ့သားများလည်း အချင်းချင်း တစ်ဦး ကိုတစ်ဦးကြည့်ကာ မယုံနိုင်ဖွယ်ဖြစ်နေကြသည်။မိမိတို့မနိုင် သောမကောင်းဆိုး ဝါးကြီးက ထိုသို့နဲ့ဇာတ်သိမ်းသွားခဲ့လေပြီလား။ မကောင်းဆိုးဝါးကြီးနောက်ဆုံးရပ်နေခဲ့သောနေရာ၌ မီးတောက်များ အပူရှိန်တငွေ့ငွေ့ထွက်နေသည့် လောင်ကျွမ်း နေသောမြေများကတော့ ရှိနေဆဲဖြစ်ရာ သူတို့တစ်သက်၌ ထို မြင်ကွင်းကို မေ့နိုင်တော့မည်မဟုတ်ပေ။