← Chapters

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

(121) သိုင်းဝိညာဥ်ကမ္ဘာသို့ရောက်ရှိခြင်း

ဂျိတ် မီးတောက်အရိုးစုများကို တွေ့ပြီးသည်နဲ့ ဘုံပြသာဒ်ထဲမှပြန်လည်ထွက်ခွာခဲ့လိုက်သည်။ မီးတောက်အရိုးစုများက ထိုဘုံ ပြသာဒ်ထဲသို့ရောက်နေရာ ပြန်ထွက်နိုင်မည်ကို လုံးဝစိတ်ပူနေစရာမလိုအပ်ပေ။ဂျိတ် အိမ်ထဲတွင် ထိုင်ကာ ပုံပြင်အတူဖတ်နေကြသော သားအမိကိုကြည့်ကာ စိတ်ထဲတွေးမိသည်။ ယခုအချိန်၌ အယ်မလီနဲ့အယ်လီနာတို့သည် ပုံပြင်စာအုပ်များကို အသေချာထိုင်ဖတ်ကြည့်ရှုနေကြသည်။ဤသည်ကို ဂျိတ်မှတားမြစ်နေမည်မဟုတ်။ထိုပုံပြင်စာအုပ်များဖတ်ခြင်းက သမီးလေးအတွက် များစွာသောအသစ်ဆန်းများကို တစ်ထိုင်တည်းဖြင့်သိရှိလေ့လာနိုင်သလို မိခင်ဖြစ်သူအတွက်လည်း ကိုယ်ခန္ဓာစွမ်းအားကိုတိုးတက်စေနိုင်သောကြောင့်ဖြစ်သည်။ယခုသူတို့နှစ်ယောက် စိတ်ချမ်းသာစွာစာဖတ်နေကြသည်ကိုကြည့်ကာ ဂျိတ်စိတ်ချမ်းသာမိသည်။ နောင်လည်း မိမိ၏မိသားစုကို စိတ်ချမ်းသာစွာနေထိုင်စေလိုသည်။ထိုအကြောင်းတွေးမိသည်နဲ့ ဂျိတ်စိတ်ထဲအနည်းငယ်မထင်မကျဖြစ်သွားသည်။အကြောင်းကား ယခုချိန်၌ မိမိအားနှောက်ယှက်သောသူမရှိဟုဆိုခြင်းမှာ ရန်သူများကအကြံထုတ်နေခြင်းကြောင့်ဟု ဂျိတ်ခံစားမိသည်။ ကျန်ရှိနေသေးသော မီးတောက်အရိုးစုများ နဲ့ဘလက်အဖွဲ့ စည်းများ က လည်း မိမိတို့မိသားစုကို နှောင့်ယှက်နိုင်သည်။ထို့ပြင်အမျိုးမည်မသိနိုင်သေးသော သူများလည်း ရှိနိုင်သေး၏။လူဆိုသည်မှာ အသက်တစ်ရာ မနေထိုင်ရသော်လည်း ပြသာနာတစ်ရာမကကြုံတွေ့နိုင်သောကြောင့်ဖြစ်သည်။မိမိ၏စနစ်အစွမ်းဖြင့် မိမိ၏မိသားစုကို ကာကွယ်နိုင်သည်ဆိုသော်လည်း ပိုမိုပြီးလုံခြုံစိတ်ချစေလိုသည်။ မိမိ၏အစွမ်းကမည်မျှကြီးမားသည်အထိကို အယ်လီနာကော အယ်မလီကိုပါ အသိပေးထားခြင်းမရှိပေ။ သမီးဖြစ်သူကတော့ မိမိအားမှော်ဆရာဟုခေါ်ဆိုခြင်းရှိသော်လည်း သူ၏ဖခင်မှာ အလွန်မင်းစွမ်းသောစနစ်ပိုင်ရှင်မှန်း သိမည်မဟုတ်ပေ။ထို့အတူ အယ်လီနာသည်လည်း ဂျိတ်အားထူးဆန်းသောဆရာတစ်ယောက်နောက်ကွယ်၌ရှိကာ မှော်အစွမ်းအနည်းငယ်နဲ့ပညာအတော်တန်တတ်မြောက်ထားသည်ဟုထင်နေသည်။ဒါကလည်း မထူးဆန်းပေ။မိုက်ကယ်ခွေးအစွမ်းက လွှဲ၍ ဇိုက်ကိုယ်မှမျောက်ကြီး၏အစွမ်း တာနာရှာ၏လက်နက်ပညာ များကိုလည်းအယ်လီနာမှမမြင်ဖူးသောကြောင့်ဖြစ်၏။ ဂျိတ်၏ယခင်ကအတွေးဖြစ်သော သမီးဖြစ်သူကိုကာကွယ်ရန် တပ်တစ်ခုဖွဲ့စည်းသည့်အကြောင်းကိုပြန်လည်စဥ်းစားမိသည်။တပ်ဖွဲ့ကြီးတစ်ခုဖွဲ့စည်းပြီး ထိုတပ်ဖွဲ့ကြီးသည် ဂျိတ်၏မိသားစုနဲ့ချစ်ခင်ရသူများကိုကာကွယ်နိုင်ရန်အတွက်ဟု ဂျိတ်မှမျှော်မှန်းထားသည်။ယာယီတပ်ဖွဲ့ဝင်အနေနဲ့ စနစ်မှလူစွမ်းကောင်းများကိုဆင့်ခေါ်လိုက်ရုံသာဖြစ်သည်။ထို့အပြင် တပ်ဖွဲ့ဝင်အဖြစ်ဝင်ရောက်ရသောသူသည် ဂျိတ်၏မိသားစုကို အသက်နဲ့လဲ၍ကာကွယ်စောင့်ရှောက်မည့်သူဖြစ်ရန်လိုသလို မိသားစုဝင်ကိုလည်း ချစ်ချစ်ခင်ခင်ရှိရမည်။ထို့ပြင်တပ်ဖွဲ့ဝင်အချင်းချင်းလည်း မိသားစုဝင်ကဲ့သို့နွေးထွေးစွာဆက်ဆံရမည်ဖြစ်သည်။ထိုသို့သော တပ်ဖွဲ့ကို ဂျိတ်မှထူထောင်လိုခြင်းဖြစ်သည်။ယခင်ဘဝက စွန်ပစ်ခံဘဝဖြင့်နေထိုင်ခဲ့ဖူးသော ဂျိတ်အနေနဲ့ မိသားစု ချစ်ခြင်းက မည်မျှအရေးကြီးအရေးပါကြောင်း နားလည်ပြီးသားဖြစ်သည်။မည်မျှပင်အစွမ်းကြီးမားနေပါစေ ချစ်ခြင်းတရားမရှိသောလူသည် ဒါမှမဟုတ် တစ်ကိုယ်တည်းနေသောလူသည် အသက်ရှင်ရသည်မှာ ငြီးငွေ့ဖွယ်ကောင်းသည်ဟု လက်ခံထားသည်။ယခုလောလောဆယ်၌ ထိုတပ်ဖွဲ့ထဲတွင် ဇိုက် မိုက်ကယ်နဲ့ ဂရိတ်စစ်သူကြီး အယ်ဖာ စသည်ဖြင့်သုံးဦးသာရှိသေးသည်။ထို့ကြောင့်နောက်ထပ်ထပ်ခေါ်ရန်ဆုံးဖြတ်လိုက်သည်။("စနစ် ငါ့ရဲ့တပ်ဖွဲ့အတွက် သင့်တော်တဲ့သူကိုရှာပါ")("ကောင်းပြီ စတင်ရှာဖွေနေပါပြီ")ဂျိတ်၏အမိန့်ပေးမှုကြောင့် စနစ်လည်းစတင်ရှာဖွေသည်။ရှာဖွေသည်မှာ တစ်မိနစ်ခန့်ကြာသည်။("ရှာဖွေတွေ့ရှိပါသည်။")("ဒါဆိုဘယ်နေရာလည်း")("သိုင်းဝိညာဥ်ကမ္ဘာမှာဖြစ်ပါသည်။")စနစ်မှ ပြောကြားချက်အရ နောက်ထပ်သင့်တော်သောသူသည်သိုင်းဝိညာဥ်ကမ္ဘာမှ ဖြစ်ကြောင်း သိလိုက်ရသည်။သိလိုက်ရသည်နဲ့ဂျိတ်ခေတ္တ မျက်စိမှိတ်လိုက်သည်။ အာရုံစိတ်ကမ္ဘာ၌ ထိုင်နေသော ဂျိတ်နှစ်ယောက်မှတစ်ယောက်သည်ထိုင်နေရာမှာ နိုးထလာခဲ့သည်။(အစောပိုင်း၌ ဂျိတ်သည်နောက်ထပ်သောဂျိတ်နှစ်ယောက်အဖြစ်ခွဲထုတ်ခဲ့ပုံကိုပြောခဲ့ပြီးဖြစ်သည်။)ချက်ချင်းဆိုသလိုပင် ထိုင်ရာမှထလာသော ဂျိတ်သည်လည်း ဂျိတ်နဲ့တစ်ပုံစံတည်းတူသော ကိုယ်ခန္ဓာနဲ့ပြင်ပသို့ထွက်ပေါ်လာသည်။("မင်းကဂျိတ် (1)အခုတော့ ဂျိတ် ပဲ ငါသိုင်းဝိညာဥ်ကမ္ဘာသွားဦးမလို့ မင်းကအိမ်မှာနေပေါ့")ဂျိတ်ပြောလိုသော အတွေးကို ထိုဂျိတ်လည်း နားလည်၏။ခေါင်းညိ့မ်ပြကာ သူတာဝန်ယူမည်ဖြစ်ကြောင်းပြောသည်။ဂျိတ်ကိုယ်တိုင်လည်း ထိုအဖြစ်ကြောင့် ကိုယ့်ကိုယ်ကို ရယ်မိသေးသည်။စင်စစ်တွေးကြည့်ပါက မိမိကိုယ်ကို သုံးယောက်ဖြစ်အောင် ဖန်တီးခဲ့ပြီးမှမိမိကိုယ်ကိုယ် စကားပြောသည်နဲ့တူနေသောကြောင့်ဖြစ်သည်။"ကိုင်း သွားပြီ" လေဟာနယ်ဝင်ပေါက်တစ်ခုက ဂျိတ်ရှေ့၌ပေါ်လာသည်။ဒါက စနစ်အစွမ်းကြောင့်ဖြစ်ပေါ်လာသောကမ္ဘာကူးတံခါးပေါက်ပင်ဖြစ်သည်။ဂျိတ်လည်း ဂျိတ်(1)ကိုပြောကာ သွားသည်။သိုင်းဝိညာဥ်ကမ္ဘာ"ဟူး ဒါကသိုင်းဝိညာဥ်ကမ္ဘာပေါ့"ဂျိတ် တစ်ကိုယ်တည်းပြောဆိုလိုက်သည်။သူရောက်ရှိနေသည်ကတော့ တောတစ်ခု၏အစပ်၌ ဖြစ်သည်။စနစ်မှပြောကြားပုံအရဆိုလျှင် သူ၏အဖွဲ့၌သင့်တော်သောသူသည် ထိုအနီးနား၌ရှိနေရမည်ဖြစ်သည်။သိုင်းဝိညာဥ်ကမ္ဘာ ဆိုသောနမ်စားကို ယခုမှ သိရသည်မဟုတ်။ယခင်လူ့ဘဝတည်းကပင် သိရှိခဲ့ရသည်ဖြစ်သည်။ယခင်ဘဝကသိုင်းဝိညာဥ်များပါဝင်သော စာစဥ်များသည် လူငယ်များအကြိုက်ဖြစ်သလို ဂိမ်းများထုတ်လုပ်သည်အထိအောင်မြင်ကျော်ကြားသည်ဖြစ်သည်။ထိုသို့သော ကမ္ဘာများကမရှိဘူးဟုလည်းတကယ့်လက်တွေ့၌မပြောနိုင်။ စကြာဝဠာ များသည် မရေတွက်နိုင်အောင်တည်ရှိနေသောကြောင့်ဖြစ်သည်။ "အား ကယ်ကြပါဦး"လူငယ်လေးတစ်ယောက်အော်သံကြောင့် ဂျိတ်လည်းကြည့်မိလိုက်သည်။အသက် ဆယ့်နှစ်နှစ်ခန့်အရွယ်ရှိကောင်လေးတစ်ယောက်သည် ခြင်းတောင်းကိုလွယ်ကာပြေးနေ၏။သူ၏နောက်တွင်လည်းတောကောင်တစ်ကောင်ကလိုက်၍ရှိ၏။"ဒီကလေးပဲ ငါတွေ့ပြီ"စနစ်မှပြောကြားသောသူကို ဂျိတ်တွေ့ပြီဖြစ်၏။ထိုကလေးသည်ယခုချိန်၌အသက်ဆယ့်နှစ်နှစ်သာရှိကာ တောကောင်လိုက်ခြင်းကိုခံနေရလေသည်။တောကောင်ကလည်း ကြမ်းကြုတ်သောဝံပုလွေတစ်ကောင်ဖြစ်၏။ကောင်လေး သေသွားပါက မိမိ၏တပ်ဖွဲ့တစ်ယောက်လျော့နည်းသွားမည်ဖြစ်ရာဂျိတ်မှ ဒီအတိုင်းရပ်ကြည့်မနေနိုင်။ကောင်လေးအတွက် ကူညီရန်ဆုံးဖြတ်လိုက်လေသည်။

(122)

"အင့် ....ငါတော့သေပြီထင်တယ်" ပြေးလာသော ဆယ့်နှစ်နှစ်အရွယ်ကောင်လေးမှာ ကျောက်တုံးကိုခလုတ်တိုက်မိသောကြောင့် လဲကျသွားသည်။ဆက်ပြေးနိုင်ခြင်းလည်းမရှိတော့။သူထမ်းလာသောခြင်းတောင်းလေးမှ ပစ္စည်းများလည်း ပြန့်ကျဲသွားလေသည်။ထို့ကြောင့် အနောက်မှလိုက်လာသောဝံပုလွေသည် တဖြေးဖြေးနဲ့မှီလာလေသည်။"ဂီး.."ဝံပုလွေမှ လဲကျ၍ပြန်မထနိုင်သော ကောင်လေးကို ကြည့်ကာခုန်အုပ်လိုက်သည်။"ငါသေပြီထင်တယ်"ကောင်လေးလည်း မျက်စိမှိတ်၍သာနေလေသည်။"ကောင်လေးကို မထိစမ်းနဲ့"ခုန်အုပ်သောဝံပုလွေကို ဂျိတ်ချက်ချင်းဆိုသလိုမြန်ဆန်သောအရှိန်ဖြင့်ထိုးချလိုက်သည်။ဝံပုလွေ၏ဝမ်းဗိုက်ကိုထိုးချလိုက်ခြင်းလည်း ဖြစ်သည်။"ကိန်...ဖြောင်း"ကိန်ဟူသည်မှာ ဂျိတ်၏ထိုးချက်ကြောင့် ဝံပုလွေအော်လိုက်သောအသံဖြစ်ပြီး ဖြောင်းကတော့ဝံပုလွေသည်ထိုးချက်ကြောင့်လွင့်စင်သွားကာ သစ်ပင်နဲ့မိတ်ဆက်မိသောကြောင့်ဖြစ်သည်။ဝံပုလွေသည် နာကျင်စွာပြန်လည်ထလာပြီး ဂျိတ်ကိုတစ်ချက်ကြည့်ကာ ပြေးသွားတော့သည်။ကောင်လေးကို ဆက်လက်လိုက်ရန်လည်း မလုပ်ဆောင်တော့။ယခုသူ့အားထိုးလိုက်သောလူသည် သူထက်အင်အားကြီးသည်ကို သိလိုက်ရသောကြောင့်ဖြစ်သည်။"ဟင် ငါမသေသေးဘူးလား"မျက်စိစုံမိတ်ထားသောကောင်လေး အံသြ သွားသည်။သူအဘယ်ကြောင့် ဝံပုလွေနာကျင်သံကိုကြားနေရသနည်း။"ကောင်လေး ဘာလိူ့မျက်စိမှိတ်နေတာလဲ ထ ထ"ထိုအသံကြောင့် ကောင်လေး မျက်စဖွင့်လိုက်ရာဂျိတ်ကိုမြင်သည်။ဂျိတ်အား အလွန်ထူးဆန်းသောလူကြီးဟုအထင်ရှိနေပုံပေါ်သည်။ ထို့နောက် ဘေးဘီဝဲယာကိုကြည့်ရှုနေလေသည်။"ကောင်လေး ဘာတွေတောင်ကြည့်မြောက်ကြည့်နေတာလဲ""ဦးလေးကြီး အစောကဝံပုလွေမမြင်မိဘူးလား""မြင်တယ်လေ မျက်စိနောက်လို့ငါဆုံးမလိုက်တာထွက်ပြေးသွားပြီ"ထိုစကားကြောင့် ဂျိတ်အားပိုမိုအထင်ကြီးလေးစားသွားသည်။"ဒါဆို ဦးလေးက ကျုပ်ကိုကယ်လိုက်တာပဲ ကျုပ်ကအဲ့ကောင်ကြီးလိုက်တာခံနေရတာဗျ သေပြီတောင်တွေးထားတာ အခုဦးလေးပေါ်လာတော့ ကျုပ်မသေတော့ဘူးလေကျေးဇူးပါဗျာ"ကောင်လေးမှာ ဂျိတ်အားကျေးဇူးတင်စကားပြောကာ သူထမ်းလာသောခြင်းတောင်းမှ ပြန့်ကျဲသွားသောပစ္စည်းများကိုပြန်လည်ကောက်နေသည်။ဂျိတ်လည်း ရိုးသားသောကောင်လေးအား မိမိ၏လာရင်းအကြောင်းကိုချက်ချင်းမဖွင့်ပြောသေး။အနည်းငယ်စစ်ဆေးစမ်းသပ်စေလိုသည်။ "နေစမ်းပါဦး မင်းလိုငယ်ငယ်လေးက ဒီတောနက်ထဲကြီးဒါတွေလာရှာရတာလဲ ပြောပါဦး""ကျေးဇူးရှင်ကြီးကို ပြောပြပါမယ် ကျနော်က မိဘမဲ့သားတစ်ကောင်ကြွက်လေ ဝမ်းရေးအတွက်လာရှာလို့ပြောရင်းမမှားဘူးအခုလာတာကလဲ ဒီသစ်ဥသစ်ဖုလေးတွေလာရှာတာ အစကတော့ရှာရလွယ်တယ်ဆိုပင်မဲ့ ကြာတော့ ဒီသစ်ဥသစ်ဖုတွေကတောနက်ထဲမှာပဲရှိတော့ တောနက်ထဲအထိရှာရတာပေါ့ဗျာ"ဂျိတ်လည်း ကောင်လေး ပြောသည်ကိုသာနားထောင်နေလေသည်။ကောင်လေးသည် အမှန်တကယ်လည်း သစ်ဥသစ်ဖုများရှာပုံရှိသည်။ပြန့်ကျဲသွား၍ပြန်ကောက်နေသောပစ္စည်းများသည် သူပြောသောအရာများဖြစ်နေသောကြောင့်ဖြစ်၏။"ဒါဆို ဝမ်းရေးကဟုတ်ပါပြီ ဘယ်မှာများနေပြီးဘယ်လိုများဝတ်စားသလဲ""ဒါလားလွယ်ပါတယ် ကျနော်မှာသူများပေးထားတဲ့ အဝတ်နှစ်စုံရှိတယ်လေ မနေ့ကတစ်စုံကိုရေလျှော်လိုက်တော့ အခုကျန်တဲ့တစ်စုံကိုဝတ်တာပေါ့နေတာကလည်းမခက်ပါဘူး အကြီးကဲရွာထဲက ညောင်ပင်ကြီးနားမှာ တဲလေးတစ်လုံးရှိတယ် အဲ့တာကျနော်နေတဲ့နေရာဆိုတာ ကလေးကအစခွေးအဆုံးသိတယ်ဗျ"ပြန့်ကျဲနေသောသစ်ဥ သစ်ဖုများပြန်လည်ကောက်ပြီးသွားပြီဖြစ်ရာခြင်းတောင်းကိုပြန်လည်လွယ်လိုက်သည်။သူ့ဘဝဇာတ်ကြောင်းသည် မိမိယခင်ဘဝနဲ့ပင်ဆင်တူသလိုရှိသည်ဟုဂျိတ်ခံစားမိသည်။ သူလည်းတစ်ကောင်ကြွက်သမားဖြစ်ကာယခုမှအသက်ဆယ့်နှစ်နှစ်ဖြစ်သော်ငြားလည်း ဝမ်းရေးအတွက်မကြောက်မရွံပဲ တောနက်ထဲအထိရှာဖွေနေရလေသည်။"သစ်ဥ သစ်ဖုတွေကိုရောင်းပြီး ရင်တော့ဒီနေ့အတွက်တော့ဖူလုံသွားပြီဗျ ဒါနဲ့ကျုပ်ကိုကယ်တဲ့လူကို နာမည်တောင်မပြောပြရသေးဘူး ကျုပ်နာမည်က ထန်ဟောက်ပါ ဦးလေးကြီးနာမည်ကရော""ငါလား ငါ့နာမည်က ဂျိတ်""ဂျိတ်ဟုတ်လား နာမည်ကလဲ ဦးလေးလိုပဲ ဆန်းကြယ်တယ်နော်"ထန်ဟောက်လေးတစ်ယောက် တွေးချင်တွေးပြောချင်ရာပြောသည်။ဂျိတ်ကတော့မည်သို့စကားမျှမဆိုပဲ ထန်ယောက်လေးဘေးမှ အသာလေးလမ်းလျှောက်လာခဲ့သည်။ "ဒါနဲ့ဦးလေးကြီး ဦးလေးကြီးကဝံပုလွေကိုတောင် နိုင်တယ်ဆိုတော့ ဦးလေးကြီးကဘယ်အဆင့်လဲဗျ"("ငါလား ငါက ပလက်တီနမ်..")"ကျုပ်ထင်တာပြောရမယ်ဆိုရင် ဦးလေးကြီးက ဝိညာဥ်ဂရမ်းမာစတာအဆင့်ရှိလောက်တယ်"ထန်ဟောက်စကားကြောင့် ဂျိတ်သူပြောမည့်အဆင့်ကိုရပ်တန့်လိုက်သည်။ဟုတ်ပေသည်။သူသည်သိုင်းဝိညာဥ်ကမ္ဘာကိုရောက်ရှိနေသည်ဖြစ်သည်။ ထို့ကြောင့် သိုင်းဝိညာဥ်ကမ္ဘာ၏သိုင်းအဆင့်များအခေါ်ဝေါ်သည် ကွဲပြားသည်ဖြစ်သည်။ဝိညာဥ်သခင် ဝိညာဥ်မာစတာ ဝိညာဥ် ဂရမ်းမာစတာစသည်ဖြင့်အဆင့်များခွဲ ခြားသတ်မှတ်ထားသည်။တစ်ဆင့်ခြင်းတွင်လည်း အဆင့်သေးဆယ့်ဆင့်ရှိလေသည်။ ချာကရာအစား ဝိညာဥ်စွမ်းအားကိုအသုံးပြုကြသည်။ဝိညာဥ်အဆင့်သေးဆယ်ဆင့်ကို ဝိညာဥ်အဆင့်ကြီးတစ်ဆင့်ဟုသတ်မှတ်နိုင်သည်။1မှ 10ထိကို ဝိညာဥ်သခင် 11မှ20ကို ဝိညာဥ်မာစတာစသည်ဖြင့်ခွဲခြားသတ်မှတ်နိုင်သည်။အဆင့်တစ်ဆယ်ဆိုပါက ဝိညာဥ်ကွင်းတစ်ကွင်း ရယူနိုင်ကာ အဆင့်တစ်ဆယ့်ထက်တိုးသွားတိုင်း နောက်ထပ်သောဝိညာဥ်ကွင်းကိုရယူနိူင်သည်ဖြစ်သည်။ဝိညာဥ်ကွင်းများကို သားရဲဝိညာဥ်တိရစ္ဆာန်များမှရယူရသည်ဖြစ်သည်။မိမိသတ်ဖြတ်ထားသောသားရဲဝိညာဥ်ကောင်မှရယူထားသောဝိညာဥ်ကွင်းများ၏အစွမ်းကလည်း ရယူထားသောသိုင်းဝိညာဥ်ပိုင်ရှင်၏သိုင်းဝိညာဥ်ကို တိုးမြင့်ပေးမည်ဖြစ်သည်။ထိုသို့တိုးမြင့်ပေးရာ၌ မည်သည့်သားရဲမှရသောဝိညာဥ်ကွင်းအပေါ်မူတည်၍လည်း အစွမ်းများပြောင်းလဲသွားနိုင်သည်။"ဒါနဲ့ ဦးလေးကဘယ်သွားမှာလဲ "ထန်ဟောက်မှမေးသည်။"ဦးလေး လည်း မင်းရွာသွားမလို့ပဲ ဦးလေးက တစ်ကိုယ်ခရီးလှည့်လှည်သွားလာနေတဲ့သိုင်းဝိညာဥ်ဂရမ်းမာစတာပေါ့"ဂျိတ်အပြောကြောင့် ထန်ဟောက်ပျော်ရွှင်သွားသည်။သူကခန့်မှန်းပြောသော်လည်း ဂျိတ်မှ ဝိညာဥ်ဂရမ်းမာစတာမှန်းဖြစ်ကြောင်းသိလိုက်ရသောအခါအလွန်ပျော်ရွှင်မိသွားသည်။ "ဒါဆို ဦးလေးက ဘယ်လိုလုပ်ပြီးဝိညာဥ်ဂရမ်းမာစတာဖြစ်လာတာလဲ သူများတွေပြောတာအရမ်းခက်တယ်ပြောတယ် ပြီးတော့ဦးလေးရဲ့သိုင်းဝိညာဥ်ကဘာလဲ လက်နက်လား သားရဲလား"အကြီးအကဲရွာသွားရာလမ်းတစ်လျှောက်လုံး ထန်ဟောက်၏အမေးများကပြည့်နှက်နေသည်။သူ၏မေးလွန်းသောကြောင့် ဂျိတ်မှတစ်ခွန်းမှပြန်လည်ဖြေကြားခြင်းမရှိ တိတ်ဆိတ်လျက်သာလိုက်လာလေ၏။"ရောက်ပြီ ရှေ့ကတွေ့နေရတာက ကျနော်တို့အကြီးအကဲရွာပဲ "ထန်ဟောက်မှဂျိတ်အား လက်ညိုးထိုးညွှန်ပြသည်။အမှန်တကယ်လည်းရှေ့၌ရွာလေးတစ်ရွာရှိလေသည်။ရွာဆိုင်းဘုတ်တွင်လည်းအကြီးအကဲရွာဟုရေးထိုးထားလေသည်။"ရွာသူကြီး​ပြောတာကတော့ ကျနော်တို့ရွာကနေ ဝိညာဥ်အကြီးကဲတစ်ယောက်ပေါ်ထွက်ခဲ့ဖူးလို့တဲ့"ထန်ဟောက်ပြောသည့်အရဆိုလျှင် ဝိညာဥ်အကြီးကဲဆိုသောအဆင့်သည် ဂရမ်းမာစတာထက်မြင့်၏။ဂရမ်းမာစတာ၏ဝိညာဥ်အဆင့်သည် 21မှ30ဖြစ်ကာ ဝိညာဥ်အကြီးကဲသည် 31မှ40ဖြစ်သည်။ "ခနလေးနော် ရလာတဲ့သစ်ဖုတွေကိုသွားရောင်းလိုက်ဦးမယ်"ထန်ဟောက်မှပြောပြောဆိူဆိုဖြင့် ဆေးပစ္စည်းများဝယ်ယူသောဆိုင်သို့သွားလေသည်။"ဆိုင်ရှင် ကျနော်ပြန်ရောက်ပြီ ဒီမှာဆိုင်ရှင်လိုချင်တဲ့ပစ္စည်းတွေ"ထန်ဟောက်မှသူ၏ခြင်းတောင်းမှသူတောမှရှာဖွေလာသော သစ်ဥသစ်ဖုများကို ထုတ်ပြလိုက်သည်။ဆိုင်ရှင်ဟူသော လူကြီးသည် ထန်ဟောက်၏သစ်ဥ သစ်ဖုများအနီးသို့ရောက်လာသည်။ထို့နောက် တစ်ချက်သာကြည့်ပြီးပြောလိုက်သည်။"ကြေးပြား 30ရမယ်""ဘာ မနေ့ကတောင်60ရသေးတယ်လေ မနေ့ကထက်တောင်များသေးတယ် ""မင်းဘာပြောပြောငါ 30ပဲပေးနိုင်တယ်"ဆိုင်ရှင်မှ ချေငန်သောစကားဖြင့်ပြောဆို၏။ ထိုအနေထားအရ ဆိုင်ရှင်သည်ကလေးတစ်ယောက်ကို တမင်သက်သက်ညစ်စားနေကြောင်း သိသာလေသည်။သို့သော် လူတိုင်းကဆိုင်ရှင်အားပြောဝံခြင်းမရှိပေ။ထိုဆိုင်သည် အကြီးအကဲရွာ၌ရှိသောတစ်ခုတည်းသောဆိုင်ဖြစ်သည့်အပြင် ဆိုင်ရှင်သည် ဝိညာဥ်သခင်ဖြစ်သောကြောင့်ဖြစ်သည်။ထို့ကြောင့်လည်း ထန်ဟောက် လာရောက်ရောင်းချသည်ကို စျေးနိမ့်ဝယ်နေခြင်းဖြစ်သည်။ထန်ဟောက်လည်း စျေးနိမ့်သည့်အတွက် ခံရခက်နေသည်။သို့သော်လည်း သူ့ဖက်က ပြန်လည်တိုက်ခိုက်ရန်အားမရှိ။ထို့ကြောင့် အံကြိတ်ကာနေရသည်။ ဒီဆိုင်မှမဝယ်ရင်လည်း သူ့အနေနဲ့ရောင်းရန်ဆိုင်မရှိတော့ပေ။မရောင်းရပါကသူ့အနေနဲ့ နောက်ထပ်စားသောက်ရန် ငွေကြေးရရှိတော့မည်မဟုတ်ပေ။"ဆိုင်ရှင် ဒါကတော့ခင်ဗျားများပြီထင်တယ်"ထိုစကားကြောင့် ထန်ဟောက် ပြောသူကိုကြည့်လိုက်သည်။ပြောသူကတော့ တခြားသူမဟုတ်ဂျိတ်ပင်ဖြစ်သည်။ ဂျိတ်ဖြစ်သောကြောင့်ထန်ဟောက်အားတက်သွားသည်။ "ဘာလဲ ခင်ဗျားကရောင်းတဲ့သူလည်းမဟုတ်ပဲ ဘာလို့ဝင်ရောနေတာလဲ"ဆိုင်ရှင်လည်း ဂျိတ်ကိုခပ်မာမာပြောသည်။သူအနေနဲ့ဂျိတ်ကိုသာမန်လူအဖြစ်ထင်နေသောကြောင့် ဖြစ်၏။ထို့ကြောင့်လည်း ခပ်မာမာပြန်ပြောခြင်းဖြစ်သည်။"ဆိုင်ရှင်ကိုတောင်ပြောတဲ့သူရှိတယ်ဟ သူကဘယ်သူလဲ""ဆိုင်ရှင်က ဝိညာဥ်သခင်ဆိုတာသူမသိဘူးလား နာတော့မယ်ထင်တယ်"ဘေးမှလူများကတီးတိုးပြောဆိုနေကြသည်။"ခင်ဗျားကိုက မတော်မတရားစျေးနဲ့နှိမ်နေတော့ ကျုပ်ကဒီတိုင်းကြည့်မနေနိုင်ဘူးလေဗျာ"ဂျိတ်အပြောကြောင့် ဆိုင်ရှင်ဒေါသထွက်သွားသည်။သူ၏​ခြေကိုတစ်ချက်ဆောင့်ကာသူ၏အဆင့်ကို ထုတ်ပြလိုက်သည်။အဖြူရောင်ကွင်းလေးတစ်ကွင်းက ဆိုင်ရှင်ကိုဝန်းရံလာလေသည်။ဟုတ်ပေသည်။ထိုအဖြူရောင်အကွင်းလေးသည် ဝိညာဥ်သခင်အ ဆင့် ဖြစ်ကြောင်း ပြသောဝိညာဥ်ကွင်းဖြစ်လေသည်။ဆိုင်ရှင်ကား ဂျိတ်ကိုသူ၏အဖြူရောင်ဝိညာဥ်ကွင်းတစ်ကွင်းကိုပြသ၍စတင်ခြိမ်းခြောက်လိုက်ပြီဖြစ်သည်။

(123)သိုင်းဝိညာဥ်စစ်ဆေးခြင်း

"ဟိုလူတော့သွားပြီထင်တယ်""အေးဟ"ဘေးမှလူများကတော့ ပွစိပွစိဖြစ်ကုန်ကြသည်။အကြီးအကဲရွာ၌ ဝိညာဥ်သိုင်းပညာရှင်များမရှိ သာမန်လူများသာရှိ၏။ထို့ကြောင့်အဖြူရောင်ဝိညာဥ်ကွင်းကို ဆိုင်ရှင်မှပြသလိုက်သောအခါ ကြောက်လန့်သွားကြရခြင်းလည်းဖြစ်၏။("ကဲ စနစ် သိုင်းဝိညာဥ်အစွမ်းတွေချိန်းမယ်")("ကောင်းပါပြီ")စနစ်အသံပြီးသည်နဲ့ ဂျိတ်တစ်ကိုယ်လုံးသက်တောင့်သက်သာဖြစ်သွားရသလိုခံစားလိုက်ရသည်။ ("အင်း ဒါကသိုင်းဝိညာဥ်ပညာရှင်ဖြစ်ရတဲ့ခံစားချက်")ဂျိတ်ခေတ္တ ငြိမ်နေသည်ကို ဆိုင်ရှင်မှသူ့အားဂျိတ်မှကြောက်သွားကြောင်းထင်ပုံပေါ်နေသည်။"မင်း ငါ့ကိုလာယှဥ်ရဲတဲ့အတွက် မင်းအခုငါ့သိုင်းဝိညာဥ်ကွင်းမြင်လိုက်ရတော့ ကြောက်လန့်သွားပြီမလား"ဆိုင်ရှင်မှလေကျယ်စွာဆို၏။"ခင်ဗျားအဖြူရောင်တစ်ကွင်းတည်းကို ဘဝကြီးမှတ်နေတာလား"ဂျိတ်မှပြောဆိုရင်း သူ၏သိုင်းဝိညာဥ်ကွင်းကိုထုတ်ပြလိုက်သည်။"အ..အ.အဝါရောင်"ဆိုင်ရှင် အလွန်မင်းတုန်လှုပ်သွားသည်။အဝါရောင်ဝိညာဥ်ကွင်းသည် ဂျိတ်အားဝန်းရံနေလေသည်။အဖြူရောင်အကွင်းသည် ဆယ်နှစ်သက်တမ်းဖြစ်ပြီး အဝါရောင်ကွင်းသည် နှစ်တစ်ရာကွင်းဖြစ်သောကြောင့်ဖြစ်၏။သိုင်းဝိညာဥ် ကွင်း၏အရောင်ကွာခြားလေ အစွမ်းလည်းကွာခြားလေဖြစ်သည်။သက်တမ်းရင့်ဝိညာဥ်ကွင်းကိုပိုင်ဆိုင်ထားခြင်းသည် ပိုမိုအစွမ်းထက်ခြင်းကိုပြသသည်။အဝါရောင်ကွင်းပေါ်လာမှုကြောင့်ဆိုင်ရှင်ကြောက်လန့်တုန်လှုပ်သွားသည်။"ဆရာက လည်း သိုင်းဝိညာဥ်ပညာရှင်ဆိုတာမသိလို့ပါ ကျနော်အမြင်ကန်းသွားခဲ့ပါတယ် ခွင့်လွတ်ပါဗျာ"ဆိုင်ရှင်မှ ငိုကြီးချက်မှ ဖြစ်သောအမူရာဖြင့် ဂျိတ်အားတောင်းပန်၏။"တောင်းပန်တိုင်းပြီးမယ်ထင်နေလား ဗျ "ထိုအပြောကြောင့် ဆိုင်ရှင်မှပိုမိုထိတ်လန့်သွားသည်။သူသည်သာမန်လူများကိုသာအနိုင်ကျင့်လာသော်လည်း သူ့လိုတကယ့်သိုင်းဝိညာဥ်ပညာရှင်နဲ့တိုးသောအခါ ပိုင်ရှင်တွေ့သည့်ခွေးပမာ ခ ခယယ ဖြစ်နေလေသည်။"ကောင်လေး ငါမင်းကိုစျေးမနှိမ့်ပါတော့ဘူး ကြေးပြား100ပေးမယ် ". ထိုစကားကြောင့်ထန်ဟောက်လည်း သဘောတူလက်ခံလိုက်သည်။ဤသို့ဖြင့် ထန်ဟောက်လေး၏အရောင်းဝယ်သည် ပြီးဆုံးသွားလေသည်။ရောင်းပြီးသည်ဖြစ်ရာ ထန်ဟောက်လေးသည် အပြင်သို့ထွက်သွားလိုက်၏။ဆိုင်ရှင်ကားတုန်လှုပ်ဆဲဖြစ်၏။အဘယ်ကြောင့်ဆိုသော် ဂျိတ်သည်ဆိုင်ထဲမှမထွက်သေးသောကြောင့်ဖြစ်၏။"ဒီတိုင်းကျေအေးပေးမယ်လို့ မင်းကတကယ်ထင်နေတာလား"ထိုစကားကြောင့် ဆိုင်ရှင်လည်းအရိပ်မြင်အကောင်ပါသိလိုက်ပြီဖြစ်၏။"ဆရာ ဒါကျနော်မှာရှိတဲ့ငွေအကုန်ပါပဲဗျာ"ငွေသိမ်းဆည်းထားသောအိတ်ကလေးကို ဂျိတ်အားပေး၏။"မဆိုးဘူး ခင်ဗျား ခေါင်းကောင်းသေးတယ်"ငွေထုပ်ကိုယူပြီးထွက်သွားသောဂျိတ်ကို ကြည့်ရင်းဆိုင်ရှင်မှမကျေမနပ်ဖြစ်နေလေ၏။ငယ်သောသူများအား သူ၏ဝိညာဥ်ကွင်းပြကာခြောက်စားလာသော ငွေများမှာလည်း ဂျိတ်နဲ့တွေ့မှ သူမှာရှိသမျှငွေ ကုန်ခဲ့ရသည်ဖြစ်သည်။ထို့ကြောင့်သူထက်သာသော ဂျိတ်ကို လက်စားချေရန်လည်းကြံစဥ်လေ၏။"ဘာလို့ဆိုင်မှာကြာနေသေးတာလဲ"ထန်ဟောက်လည်း ဆိုင်မှနောက်ကျမှထွက်လာသောဂျိတ်အားမေး၏။ဂျိတ်လည်း သူရလာသောငွေထုပ်ကိုထန်ဟောက်အားပေး၏။"ဟာ ငွေတွေ"ထန်ဟောက်မျက်လုံးများအရောင်လက်လာ၏။"ဘာလို့ပေးတာလဲ""မင်းကငယ်ငယ်လေးနဲ့ ရှာဖွေစားသောက်နေရတော့ သက်သာအောင်ပေးတာ""ခင်ဗျားအဲ့လိုပေးမယ်ဆိုရင် မယူဘူးဗျာ လောကမှာဘယ်အရာမှအလကားမရဘူးဗျ"ထန်ဟောက်၏အပြောကြောင့် ဂျိတ်ပင်သဘောကျမိသည်။ "ဒါဆို ငါမင်းတဲမှာငါတည်းမယ် တည်းခ စားသောက်လို့ပါသဘောထားလိုက်""ဒါဆိုရင်တော့ ယူမယ်"ထိုအခါမှထန်ဟောက်သည် ဂျိတ်ပေးသောငွေထုပ်ကိုယူလိုက်၏။ဆက်လက်ပြီးနှစ်ယောက်သား ရွာညောင်ပင်အနီးရှိတဲသို့သွားကြ၏။ရောက်ပါပြီ။"ဒါကမင်း ရဲ့တဲလား""အင်းဟုတ်တယ်"အတော်တန်အနည်းငယ်သပ်ရပ်မှုရှိသောတဲဖြစ်ကြောင်းတွေ့ရလေသည်။ တဲဘေးတွင်လည်း မီးဖိုရာနေရာနဲ့အိုးခွက်များကိုလည်းတွေ့ရသည်။"ဦးလေးကြီး ဒီနေ့တော့ စားစရာက ကန်စွန်းဥပဲရှိတယ်စားမလား"ထန်ဟောက်လက်ထဲရှိကန်စွန်းဥနှစ်လုံးကိုဂျိတ်မြင်၏။ကန်စွန်းဥကလည်း သေးငယ်နေ၏။မည်သို့စားပြီး အာဟာရ ရမည်နည်း။"ဒီနေ့တော့ ငါကျွေးမယ် ကောင်လေး" "ဘာကျွေးမှာလဲ ဦးလေး""ငါးကင်"ဂျိတ်လည်းထန်ဟောက်ရှေ့၌ ငါးနှစ်ကောင်ကိုထုတ်လိုက်၏။ထိုသို့ထုတ်လိုက်သောကြောင့် ထန်ဟောက်၏မျက်လုံးများ တောက်ပလာသည်။"ဦးလေးကြီး ဆီမှာသိုလှောင်လို့ရတဲ့နေရာလွတ်ပစ္စည်းရှိတယ်မလား အဲ့တာကဝိညာဥ်အစွမ်းနဲ့သိုလှောင်ရတာမလား"ထန်ဟောက်၏မေးခွန်းများကဆက်တိုက်ကျဆင်းလာသည်။ဂျိတ်လည်းမီးဖိုကာ သူထုတ်လိုက်သော ငါးကင်နှစ်ကောင်ကို တုတ်နဲ့ထိုး၏။ထို့နောက် မီးမွေးထားသောနေရာ၌ငါးကင်လိုက်၏။အချိန်ကား ညနေစောင်းပြီး၍နေပင်ဝင် နေပြီဖြစ်၏။အချိန်တစ်အောင့်ကြာသောအခါ ငါးကင်သည်စား၍ရသောအ​ခြေ​နေသို့ရောက်ရှိလာသည်။ထိုအချိန်၌ဂျိတ်သည် ငါးကင်ကိုဟင်းခတ်အမွေးကြိုင်ဖြူးလိုက်သည်။"ဝါး မွေးလိုက်တာ" မွှေးကြိုင်လှသောငါးကင်အနံကြောင့် ထန်ဟောက်တံတွေးများပင်ပြန်မျိုချမိသည်။ယူပြီးစားလိုသော်လည်း ဂျိတ်မှမယူသေးရာ သူ့အနေနဲ့ယူရဲခြင်းမရှိပေ။"ကဲ စားလို့ရပြီရော့"ဂျိတ်မှငါးကင်နှစ်ကောင်ကို ယူကာတစ်ကောင်အား ထန်ဟောက်သို့ပေး၏။တစ်ကောင်ကို မိမိစား၏။"အခုလိုစားရတဲ့အတွက် ကျေးဇူးတင်ပါတယ်."ထန်ဟောက်ချီးမွမ်းလိုက်ပြီး ငါးကင်ကိုစတင်စားလိုက်၏။"ဟာ ဦးလေးကြီး ငါးကင်ကအရမ်းကောင်းတာပဲ"ပထမတစ်ကိုက်မှာပင် ထန်ဟောက်သည်ငါးကင်အရသာ၌ကျရှုံးသွားပြီဖြစ်၏။ထန်ဟောက်သည် ငါးကင်အရသာကောင်းမွန်လှသောကြောင့် စကားပင်မဆိုနိုင်တော့ပဲ ခေါင်းမဖော်တမ်းစား၏။ငါးကင်သည် အတော်တန်ကြီးမားသောကြောင့် ငါးကင်တစ်ကင်လုံးစားသောက်ပြီးသောအခါ ထန်ဟောက်ဗိုက်ဝသွားပြီဖြစ်၏။စားသောက်ပြီးဖြစ်သောအခါ မီးပုံဘေး၌ပင်ဆက်လက်ထိုင်ကာစကားပြောဆိုကြ၏။ "မင်းကြီးလာရင် ဘာလုပ်မယ်လို့ဆုံးဖြတ်ထားလဲ""ကျနော်လား ကြီးလာရင် ဦးလေးကြီးလိုသိုင်းဝိညာဥ်ပညာရှင်လုပ်မယ် ဒါဆိုရင်ကျနော်အခုလိုမွဲတွေမနေတော့ဘူးလေ ပြီးတော့သူငယ်ချင်းအများကြီးနဲ့ရန်သူတွေကိုတိုက်ခိုက်မယ်"ထန်ဟောက်အပြောများကိုဂျိတ် နားထောင်၏။ထန်ဟောက်၏ရည်မှန်းချက်သည်ကောင်းသည်ဟုဆိုနိုင်သည်။သို့သော်ယခုချိန်၌ထန်ဟောက်သည် အရောင်မတင်ရသေးသောကျောက်ရိုင်းတုံးတစ်ခုသာဖြစ်၏။အရောင်တင်ခြင်းသွေးခြင်းမခံရသေးပါက မည်မျှပင် ကောင်းနေပါစေ အလဟသသာဖြစ်သည်။"ဦးလေးကြီးကရော ဘယ်လိုသိုင်းဝိညာဥ်ပညာရှင်ဖြစ်လာတာလဲ"ထန်ဟောက်အမေးကြောင့်ဂျိတ်ဖြေရခက်သည်။သူအနေနဲ့ အလိုရှိရာကိုတောင်းတတိုင်းရနေသည်ဖြစ်ရာ ထိုမေးခွန်းက ဖြေရကျပ်စေသည်။"ဦးလေး ကဘယ်လိုပဲဖြစ်ဖြစ်သိုင်းဝိညာဥ်ပညာရှင်ဖြစ်ခဲ့ပြီ မင်းကကောဆယ့်နှစ်နှစ်ရှိနေပြီဘာလို့ကျောင်းသွားမတက်သေးတာလဲ" ထိုအမေးကြောင့် ထန်ဟောက်မျက်နှာညိုးငယ်စွာပြန်ဖြေ၏။ဆယ်နှစ်အရွယ်ဆိုပါက မျိုးရိုးမှဆင်းသက်လာသောသိုင်းဝိညာဥ်များ စတင်နိူးထပြီဖြစ်သည်။ထို့ကြောင့် ဆယ်နှစ်၌ကလေးငယ်များ၏သိုင်းဝိညာဥ်ကိုစစ်ဆေးတတ်ကြသည်။ ဝိညာဥ်စွမ်းအားကိုလည်းစစ်ဆေးကြ၏။ဝိညာဥ်စွမ်းအားများပြားလေကောင်းလေဖြစ်၏။ဝိညာဥ်စွမ်းအားများပြားပါက သိုင်းဝိညာဥ်ဆရာများအချင်းချင်းတိုက်ခိုက်ရာ၌ ရေရှည်တွင်အနိုင်ရနိင်သည်ဖြစ်သည်။စစ်ဆေး၍အစွမ်းကြီးသောမြင့်မြတ်သောသိုင်းဝိညာဥ်ဖြစ်နေပါကမိသားစုကြီးမှထောက်ပံ့ကာ ကျောင်းတက်စေသည်။သို့သော်လည်းထန်ဟောက်မှဆယ့်နှစ်နှစ်အရွယ်ရောက်နေပြီဖြစ်သော်လည်းကျောင်းတက်ခြင်းမရှိသေးပေ။"ကျနော်က ဆင်းရဲတော့ ကျောင်းတက်ဖို့မပြောနဲ့ သိုင်းဝိညာဥ်တောင်မစစ်ဆေးနိုင်ဘူး တစ်ရက်စာ စားဖို့ရှာနိုင်ရင်တောင်ကံကောင်း""ဒါဆို ဦးလေး မင်းကိုစစ်ဆေးပေးနိုင်တယ်" ထိုစကားကြောင့်ထန်ဟောက်မျက်လုံးများတောက်ပသွားလေသည်။"တကယ်လား ဒါဆိုကျနော်ကိုစစ်ပေး"ဂျိတ်လည်း ထန်ဟောက်အားစစ်ဆေးရန် သိုင်းဝိညာဥ်စစ်ဆေးကျောက်ပြားလေးကိုထုတ်လိုက်၏။"ကဲ အဲ့ကျောက်ပြားပေါ်ကိုမင်းလက်တင်လိုက်"

All Chapters