← Chapters

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

(124)အကြောင်းရင်းအမှန်

ထန်ဟောက်လည်း ဂျိတ်ပြောသည့်အတိုင်း ကျောက်ပြားပေါ်လက်တင်လိုက်သည်။ ထိုကျောက်ပြားသည် ဝိညာဥ်စွမ်းအားနဲ့သိုင်းဝိညာဥ်ကိုပါ တစ်ခါတည်း ​စစ်ဆေးနိုင်သောကျောက်ပြားဖြစ်၏။ထန်ဟောက်လည်းယခုချိန်၌မိမိ၏သိုင်းဝိညာဥ်ကိုသိရှိရတော့မည်ဖြစ်သောကြောင့်အလွန်ပင်ပီတိဖြာနေ၏။သူအနေ့နဲ့တစ်ခါမှမစစ်ဆေးဖူးသောကြောင့်လည်းဖြစ်သည်။ကျောက်ပြားသည် ထန်ဟောက်လက်တင်လိုက်သည်နဲ့ အရောင်ဝါ ထွန်းလင်းစွာတောက်ပလာ၏။"မင်းက ဝိညာဥ်စွမ်းအားပြည့်ဝနေတာပဲ"ကျောက်ပြားမှအရောင်ဝါတောက်ပနေခြင်း၏အဓိပ္ပါယ်သည် ထန်ဟောက်၌ဝိညာဥ်စွမ်းအားပြည့်ဝသည်ဟူသောအဓိပ္ပါယ်ပင်ဖြစ်သည်။"ဦးလေးကြီး ဒါဆိုကျနော်သိုင်းဝိညာဥ်ကကော"ကျောက်ပြားပေါ်တင်ထားကာ ဖြန့်ထားသောလက်ဖဝါးမှ ပုံစံထွက်ပေါ်လာလေသည်။ထိုပုံစံကြောင့် ဂျိတ်၏မျက်နှာအနည်းငယ်ပြောင်းလဲသွားသည်။"ဒါကဘယ်လိုဖြစ်တာလဲ""ဘာကိုပြောတာလဲ ဦးလေး"ကျောက်ပြားပေါ်တင်ထားသောထန်ဟောက်လက်ဖဝါးပေါ်တွင်ပြသနေသောပုံစံကြောင့်ဖြစ်သည်။ထိုပုံစံသည် အကန့်နှစ်ကန့်နဲ့ဖြစ်ပြီးတစ်ကန့်သည်ပျက်စီးထိခိုက်ထားပြီး ကျန်တစ်ကန့်သည် ချိတ်ပိတ်အမှတ်သားဖြစ်နေသောကြောင့်ဖြစ်၏။ အကန့်နှစ်ကန့်၏အဓိပ္ပါယ်သည် သိုင်းဝိညာဥ်နှစ်ခုရှိသည်ဟုဆိုလိုနိုင်သည်။"ပြောရရင် မင်းကသိုင်းဝိညာဥ်တစ်ခုတည်းရှိတာမဟုတ်ဘူး နှစ်မြွာသိုင်းဝိညာဥ်ပဲ""ကျနော်က နှစ်မြွာသိုင်းဝိညာဥ်ပေါ့ ဒါဆိုဒါတွေက ဘာပုံစံတွေလဲ"ထန်ဟောက်လည်းပြောချင်စရာပင် ဒီလိုပုံစံကိုတစ်ခါမှမတွေ့ဖူးသောကြောင့်ဖြစ်၏။လက်နက်ဆိုလည်းမဟုတ် သားရဲလည်းမဟုတ်ရအောင် ထူးဆန်းနေသောကြောင့်ဖြစ်၏။"ဦးလေး အမှန်တိုင်းပြောတာနားထောင်ချင်လား""ဦးလေးပြောပါ ဘာပြောမလို့လဲ""မင်းသိုင်းဝိညာဥ်တစ်ခုကအခိုးခံရတာပဲ တစ်ခုကချိတ်ပိတ်ထားတဲ့ပုံစံရှိလို့ကျန်ခဲ့တာ""ဗျာ"ထန်ဟောက် ထိတ်လန့်သွားသည်။သူ၏စိတ်ကိုမထိန်းချုပ်နိုင်ပဲ ငိုင်တိုင်တိုင်ဖြစ်သွား၏။အဘယ်ကြောင့် သူ၏သိုင်းဝိညာဥ်တစ်ခုက အခိုးခံရသနည်း။"ပြောရရင် မင်းငယ်ငယ်လေးကတည်းကအခိုးခံရတယ်လို့ပြောနိုင်တယ် ဒါကြောင့် မင်းသိုင်းဝိညာဥ်တစ်ခုမရှိတော့တာပေါ့"ထန်ဟောက်တွေဝေနေသည်။အဘယ်ကြောင့် သူဒီလိုအဖြစ်ဆုံးတွေနဲ့ကြုံလာရသနည်း။ဘုတ်....ခြေသံတစ်စုံတစ်ခုကို ကြားလိုက်သောကြောင့် ဂျိတ်လှည့်ကြည့်လိုက်သည်။"မဖြစ်နိုင်တာ သူငါ့ကိုမြင်နိုင်လို့လား"အမှောင်ထဲကလူ အနည်းငယ်လန့်သွားသည်။သူနဲ့ဂျိတ်တို့သည် ပေနှစ်ရာအကွာမျှအထိဝေးကွာနေသောကြောင့်ဖြစ်သည်။သို့ရာတွင် ဂျိတ်ကြည့်သောအကြည့်သည် မင်းကိုသေချာပေါက်မြင်နေတယ်ဟူသောအကြည့်မျိုးဖြစ်၏။"ထန်ဟောက်""ဗျာ ဦးလေး" "မင်းဘာလို့သိုင်းဝိညာဥ်အခိုးခံရလဲဆိုတာမသိချင်ဘူးလား"ထိုစကားကြောင့် ထန်ဟောက်လည်း"သိချင်တာပေါ့ဗျာ ဦးလေးကသိလို့လား""ဦးလေးလည်းမသိဘူး ဒါပေမဲ့အဲ့ကိစ္စကိုသိတဲ့လူကိတော့ ဦးလေးတွေ့တယ်ထင်တယ် ခနတော့စောင့်ရမယ်"ဂျိတ်ထလိုက်သည်။ထပြီးသည်နဲ့အနည်းငယ်အညောင်းညာဆန့်၏။ဆန့်ပြီးသည်နဲ့ လက်ညှိးထိုးကာပြောလိုက်သည်။"ပေနှစ်ရာ အကွာ အမှောင်ရိပ်ခိုပြီးပုန်းနေတဲ့ကောင်လေး ငါ့ဆီလာခဲ့ပါဦး"ဂျိတ်စကားကမပြင်းထန်မကျယ်ပေ။သို့သော် ဝိညာဥ်စွမ်းအား ထည့်ပြောထားရာ အမှောင်ရိပ်ခိုနေသောလူ မှာ ကောင်းစွာ ကြားလိုက်ရ၏။"သူသိတယ်ဟ ပြေးမှ""ပြေးရင်လွတ်မယ်ထင်နေတာလား"ဂျိတ်ပြုံးလိုက်ပြီးသူ၏သိုင်းဝိညာဥ်ကိုထုတ်လိုက်သည်။ "ဂျိန်း......"ဂျိတ်၏သိုင်းဝိညာဥ် ထွက်ပေါ်လာသည်နဲ့တုန်လှုပ်ဖွယ်ကောင်းသောအသံများထွက်ပေါ်လာ၏။သိုင်းဝိညာဥ်နဲ့အတူ ဝိညာဥ်ကွင်းသုံးကွင်းလည်း ပေါ်ပေါက်လာလေသည်။ဝိညာဥ်ကွင်းသုံးကွင်းသည် အဝါရောင် ခရမ်းရောင် နဲ့အမဲရောင်တို့ဖြစ်လေသည်။အဝါရောင်သည် နှစ်တစ်ရာ ခရမ်းရောင်သည် နှစ်တစ်ထောင် အမဲရောင်သည် နစ်တစ်သောင်းကို ကိုယ်စားပြုလေသည်။"ဒါက ဦးလေးရဲ့သိုင်းဝိညာဥ်လား""အဲ့လိုဆိုရမယ်"ဂျိတ်စကားများများမပြောပေ။သူသာအလိုရှိပါက ကြိုက်နှစ်သက်ရာသိုင်းဝိညာဥ်ကိုအသုံးပြုနိုင်သောကြောင့်ဖြစ်၏။ထန်ဟောက်မျက်လုံးများတောက်ပနေသည်။သူအထင်အရဆိုလျှင်ဂျိတ်၏သိုင်းဝိညာဥ်သည် လက်နက်အမျိုးစားဖြစ်သောကြောင့် ဖြစ်၏။ကြီးမားပြီး တောက်ပနေသော လူတစ်ရပ်စာ သေမင်းတံစဥ်းကြီးပင်ဖြစ်၏။ယခုချိန်၌ဂျိတ်သည် သေမင်းတံစဥ်းကြီးကို ကိုင်ဆောင်ထားသည်။တံစဥ်းကြီး၏ပုံစံသည်မဲနက်နေပြီး အရိုးခေါင်းတစ်ခုပါရှိကာအသွားသည် သွေးရောင်များလွမ်းထားသည့်ပမာ နီရဲတောက်ပနေသည်။ထိုသေမင်းတံစဥ်းတံသည် လက်နက်အမျိုးစားသိုင်းဝိညာဥ်ဖြစ်ပြီးသူ၏အမည်သည် ဝိညာဥ်စားသုံးသူဟုခေါ်နိုင်သည်။"ဒုတိယစွမ်းရည် ဖမ်းချုပ်ခြင်း"ဂျိတ်ကိုယ်ပတ်လည်၌ ခရမ်းရောင်အကွင်းမှ တောက်ပစွာလင်းလာ၏။ဤသည်မှာဒုတိယဝိညာဥ်ကွင်းကိုအသုံးပြုကြောင်းလည်းသိစေသည်။ဂျိတ်သုံးလိုက်သော ဒုတိယစွမ်းရည်သည် ပစ်မှတ်ထားသောလူကိုဖမ်းချုပ်ကာ မိမိ၏အနားသို့ ရောက်စေခြင်းပင်ဖြစ်၏။ဂျိတ်ဝှေ့ယမ်းလိုက်သည်နဲ့ တံစဥ်းကြီးသည် အလွန်ကြီးမားသွားကာ ပြေးနေသောလူကိုလှမ်းချိတ်ဖမ်းယူလိုက်သည်။ "အမလေး"ပြေးသောလူ၏အသံပင်မဆုံးသေး ထိုလူသည်ဂျိတ်၏အနားသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာလေသည်။"သိုင်းဝိညာဥ်ဂရမ်းမာစတာ"ထိုလူသည် ပြေးခဲ့သော်ငြားလည်း မလွတ်ခဲ့ ဂျိတ်၏ကိုယ်တွင်ဝန်းရံနေသော ဝိညာဥ်ကွင်းသုံးကွင်းကိုကြည့်ကာထိုတစ်ခွန်းသာပြောနိုင်၏။အလွန်မင်းလည်းကြောက်လန့်နေသည်ဖြစ်သည်။မိမိအားဖမ်းသူသည် သိုင်းဂရမ်းမာစတာဖြစ်နေသလို သူ၏လက်ထဲတွင်ကိုင်ထားသော ကြောက်မက်ဖွယ်သိုင်းဝိညာဥ်လက်နက်ကြောင့် ထိတ်လန့်တုန်လှုပ်နေသည်။"ကဲ ဘာလို့အမှောင်ထဲကနေ ဒီကလေးကိုချောင်းကြည့်​တောလဲပြောစမ်း"ဂျိတ်၏အပြောကြောင့် ထိုလူသည်အလွန်မင်းကြောက်လန့်သွားကာ"ပြော...ပြော..ပြောပါမယ်ဗျ....သူရဲ့မိသားစုကသူ့ကိုဒီည လုပ်ကြံခိုင်းလိုက်လို့ပါ" "ဘာ"

(125)အကြောင်းရင်းစုံစမ်းခြင်း

"ဒါဆိုမင်း အကြောင်းစုံသေချာရှင်းပြစမ်း"ဂျိတ်၏ကြောက်မက်ဖွယ်ကောင်းသောအစွမ်းနဲ့သူ၏အပြောကြောင့် ထိုလူလည်း အင်မတန်ကြောက်လန့်တုန်လှုပ်သွားပြီး"ဒီလိုပါ ထန်မိသားစုက လူတစ်ယောက်ကလာပြီး ကျနော်ခေါင်းဆောင်ကိုအလုပ်လာအပ်ပါတယ် အလုပ်လာအပ်ရတာကအကြီးအကဲရွာမှာရှိနေတဲ့ ထန်ဟောက်ဆိုတဲ့ကလေး ကိုသတ်ပေးဖို့ပါတဲ့"ထိုအပြောကြောင့် ထန်ဟောက်၏မျက်နှာမကောင်းပေ။သူတွင်မိသားစုရှိသည့်သတင်းမှာပထမဆုံးကြားလိုက်ရခြင်းဖြစ်သော်လည်း သူ့အားသေစေလိုနေကြ၏။ပြောနေသောလူမှာဆက်လက်ပြီး"အဲ့လိုအလုပ်အပ်ခိုင်းတော့ ကျနော့်ခေါင်းဆောင်က ကလေးပဲ ငါလုပ်စရာမလိုဘူး မင်းလုပ်လိုက်ပါ ဆိုလို့ကျနော် ဒီကိုရောက်လာရ တာပါ"ဂျိတ်အနေနဲ့အကြောင်းရင်းကိုသိရှိလိုက်ရပြီဖြစ်သည်။တော်သေး၏။မိမိသည်စော၍ရောက်လာ၍သာတော်တော့မည်။မဟုတ်ပါကအရည်ချင်းရှိသော ကောင်လေးတစ်ယောက်သည် သေရတော့မည်ဖြစ်သည်။ယခုလာရောက်လုပ်ကြံသောလူသည် ဝိညာဥ်အဆင့်11စဦးသိုင်းဝိညာဥ်ပညာရှင်(ဝိညာဥ်ကွင်းတစ်ကွင်း)သာဖြစ်ရာဂျိတ်ကိုအဘယ်ကြောင့်ယှဥ်ပြိုင်နိုင်မည်နည်း။"အလုပ်အပ်တဲ့လူဘယ်သူဆိုတာသိလား""ကျနော်မသိပါဘူးဗျ ထန်မိသားစုကလို့ပဲသိတာပါ ကျနော်ခေါင်းဆောင်တော့သိမယ်ထင်တယ်""ကောင်းပြီ မင်းခေါင်းဆောင်ဘယ်မှာတုန်း""သူလား သူက သွမ့်မြို့မှာရှိပါလိမ့်မယ် အခုချိန်ဆို ဆောင်ကြာမြိုင်မှာပျော်ပါးနေလိမ့်မယ်" "ကောင်းပြီး သူရဲ့အကြောင်းနာမည်တွေပါပြောပါဦး"ထန်ဟောက်အားလာရောက်လုပ်ကြံရာမှ လုပ်ကြံသူခဗျာ ထန်ဟောက်အားမလုပ်ကြံရပဲ မိမိ၏အသက်မသေစေရန်အကုန်လုံးထုတ်ပြောလိုက်လေသည်။အခုတော့ လုပ်ကြံသူ၏အကြောင်းရာများကိုသိရှိလိုက်ရပြီဖြစ်ရာဆက်လက်အသုံးမဝင်တော့ပေ။"ထန်ဟောက် မင်းသူ့က်ိုဘာလုပ်ချင်လဲ သူကမင်းကိုလာသတ်တာနော်""ဦးလေး သူ့ကိုသတ်တော့မသတ်နဲ့ နောက်တစ်ခါမလုပ်ရဲအောင်ဆုံးမလိုက်""ကောင်းပြီ"ဂျိတ်၏အပြုံးကြောင့် လုပ်ကြံသူလေးမှာအလွန်မင်းထိတ်လန့်တုန်လှုပ်သွားသည်။ညအချိန်၌ဧရာမလူတစ်ရပ်စာ ရှိသောသွေးရဲရဲတောက်နေသော သေမင်းပုံတံစဥ်းကိုင်ထားသူကို မြင်လိုက်သူတိုင်း ဘယ်သူမဆိုသွေးပျက်သွားမည်ကတော့သေချာပေသည်။"နောက်တစ်ခါ မင်းအဲ့လိုမလုပ်မိအောင် ငါဆုံးမလိုက်မယ် သာမန်လူလိုလုပ်ကိုင်စားသောက် ပေတော့"ဂျိတ်ပြောဆိုရင်းသူကိုင်ထားသောတံစဥ်ကိုလုပ်ကြံသူအားပိုင်းလိုက်သည်။"တတိယစွမ်းရည် ဆွဲထုတ်ခြင်း"ဂျိတ်၏တတိယဝိညာဥ်ကွင်းအမဲရောင်ကလင်းလက်လာသည်။ထိုအတူ သူ၏တံစဥ်းကလည်း သွေးရောင်ပိုမိုတောက်ပလာသည်။"အား"လုပ်ကြံသူလည်း မိမိအားတံစဥ်းဖြင့်ပိုင်းသောကြောင့် သေပြီထင်ကာအော်လိုက်၏။သို့ရာတွင် မိမိ၏ကိုယ်ခန္ဓာမှာ ဘာမှမဖြစ်ရာ ဂျိတ်ကိုပြန်ကြည့်လိုက်သည်။ထိုအခါမှ သူ၏ကြောက်လန့်တုန်လှုပ်မှုများကပိုမိုပြင်းထန်လာသည်။ဂျိတ်၏တံစဥ်းတွင် သူ၏သိုင်းဝိညာဥ်ဖြစ်သော ဓားမြောင် ပါသွားသောကြောင့်ဖြစ်၏။("ငါ့ရဲ့သိုင်းဝိညာဥ်လေး")"နောက်တစ်ခါ မင်းအဲ့လိုမလုပ်မိအောင် ငါဆုံးမလိုက်မယ် သာမန်လူလိုလုပ်ကိုင်စားသောက် ပေတော့"ဂျိတ်ပြောခဲ့သောစကားများကို လုပ်ကြံသူပြန်ကြားယောင်လာသည်။ဂျိတ်သည်တကယ်ကြီး သူ့အားသူစကားအတိုင်းလုပ်ဆောင်သွားကြောင်းသိလိုက်ရပြီး ဝမ်းနည်းအားပြင်းထန်သောကြောင့်မေ့မြောသွား၏။သိုင်းဝိညာဥ်ပါသွားပါက ယူထားသောသိုင်းဝိညာဥ်ကွင်းသည်အစွမ်းပြသနိုင်ခြင်းရှိတော့မည်မဟုတ်ပေ။"ဦးလေး တံစဥ်းမှာ ကပ်ပါလာတဲ့ ဓားမြောင်က""မင်းတွေးသလိုပါပဲ တတိယဝိညာဥ်စွမ်းရည်ကဆွဲထုတ်တာပဲ ငါ့ရဲ့သိုင်းဝိညာဥ်နဲ့ပေါင်းစပ်တော့ အစွမ်းကြီးသွားပြီး သူများရဲ့သိုင်းဝိညာဥ်ကိုပါဆွဲထုတ်နိုင်တဲ့အထိရောက်လာတာပဲ" ထိုစကားကြောင့် ထန်ဟောက် ဂျိတ်ကိုအလွန်မင်းလေးစားသွား၏။အစွမ်းထက်လှသောလူကြီးက အစွမ်းထက်လှသောသိုင်းဝိညာဥ်ကိုပိုင်ဆိုင်ထားသောကြောင့်ဖြစ်၏။"ကဲ မင်းဘာလုပ်ချင်သေးလဲ""ကျနော်...ကျနော်..""ကျနော်ကိုဦးလေးတစ်ခုကူညီဗျာ ကူညီပေးရင်ဦးလေးဘာခိုင်းခိုင်းရာသက်ပန်လုပ်ပေးပါမယ်"ထန်ဟောက်ပြောလိုက်၏။"ဒါဆို မင်းကဘာများအကူညီတောင်းချင်တာလဲ""ကျနော်ရဲ့မိသားစုအကြောင်းကိုသိချင်လို့ပါ အဲ့တာဦးလေးလုပ်ပေးပါလား ဘာလို့ကျနော်ကိုမိသားစုကနေစွန့်ပစ်ပြီး သတ်ခိုင်းတဲ့အထိလုပ်ရသလဲဆိုတာသိချင်ပါတယ်"ထန်ဟောက်ရင်ထဲထိုအရာကဒွိဟဖြစ်စေခဲ့သည်။သူ မမြင်ဖူးသောရှိမှန်းပင်မသိခဲ့သောမိသားစုက အဘယ်ကြောင့်သူ့အား သေစေလိုသနည်း။ထိုအကြောင်းရာများက သူ့အားခေါင်းခဲစေလေသည်။ "ကောင်းပြီ ငါလုပ်ပေးမယ် ဒါဆိုရင်ပထမဦဆုံးငါတို့ သွမ့်မြို့ကိုသွားကြတာပေါ့ကောင်လေး မင်းလက်ငါ့ကိုပေး"ထန်ဟောက်လည်း ဂျိတ်အားလက်ပေးကမ်းလိုက်သည်။"ဝုန်း"ဂျိတ်လည်း ထန်ဟောက်လက်ကိုကိုင်ကာ ကိုယ်ဖော့သိုင်းဖြင့် ခုန်လိုက်၏။တစ်ချက်ခုန်လိုက်သည်နဲ့ အကြီးကဲရွာမှ အပြင်သို့ရောက်ရှိသွားလေသည်။("ဝါး သူကအဲ့လောက်ထိကိုစွမ်းတယ်ပေါ့"ထန်ဟောက်တစ်ယောက်ကတော့ အံသြရင်းအံသြနေရလေသည်။သိုင်းဂရမ်စမာစတာတစ်ယောက်ကထိုမျှမြန်ဆန်စွာသွားနိုင်ကြောင်း သူယခုမှသိလိုက်ရသည်ဟုထင်သည်။သူ၏အတွေးသည်နောက်မှမှားကြောင်းကိုမူ နောက်မှသိရှိလိုက်ရလေသည်။ဂျိတ်သည် ထန်ဟောက်ကိုလက်ဖြင့်ဆုပ်ကိုင်ထားကာ ခုန်ပြီးသွားနေသည်။သူ၏တစ်ချက်ခုန်သည်နဲ့ခရီးတော်တော်ရောက်ရာ နှေးသည်ဟုမဆိုနိုင်ပေ။သူအနေနဲ့ ချက်ချင်းရောက်အောင်သွားနိုင် သော်လည်း ထန်ဟောက်ပါရာ ယခုကဲ့သို့သွားခြင်းကိုသာရွေးချယ်လိုက်သည်။နာရီဝက်ခန့်ကြာအောင်သွားပြီသောအခါ၌ ဂျိတ်တို့နှစ်ယောက်သွမ့်မြို့ကိုရောက်ရှိလေသည်။သွမ့်မြို့သည် အကြီးအကဲရွာနဲ့လည်းနီးသောကြောင့်ဖြစ်၏။ဆောင်ကြာမြိုင်ကိုလည်း သူ့အနေနဲ့လိုက်ရှာနေစရာမလိုပေ။ညအချိန်၌ ထွန်းလင်းတောက်ပနေသောမီးပုံးများနဲ့မိန်းမပျိုလေးများစုဝေးနေသောအဆောက်ဦးကြီးသည် သွမ့်မြို့၏တစ်ခုတည်းသောနေရာကြီးပင်ဖြစ်သည်။"ထန်ဟောက် မင်းဒီနေရာမှာနေဦး ငါသွားပေးလိုက်ဦးမယ်"ထန်ဟောက်အား အပြင်၌စောင့်ဆိုင်းစေပြီး ဂျိတ်သည် ဆောင်ကြာမြိုင်ထဲသို့ဝင်သွားလေသည်။"အကိုကြီးဘာများလိုရှိသလဲ"မျက်နှာချေမှုန့်များခြယ်သထားသောမိန်းမတစ်ယောက်မှ ဂျိတ်အားမေးမြန်းသည်။ထိုမိန်းမသည် ဆောင်ကြာမြိုင်၏ဝင်ဝ၌ ဧည့်သည်ခေါ်သောသူပင်ဖြစ်လေသည်။ "ပြီးတော့အကိုကြီးပျော်ပါးမယ်ဆိုရင် စျေးလျော့ပေးမယ်နော်"ထိုမိန်းမသည်ဂျိတ်အားကြည့်ကာ စားမတတ်သောအမူရာဖြင့်လုပ်ပြသည်။ဂျိတ်၏ခန့်ညားသောရုပ်ကြောင့်လည်း စားမတတ်ကြည့်နေခြင်းဖြစ်သည်။"ယန်လုပ်ကြံသူခေါင်းဆောင် ဘယ်အခန်းမှာပျော်ပါးနေလဲသိချင်တယ်""အကို အဲ့လိုမရဘူးလေ ကျမတို့မှာစည်းကမ်းရှိတယ် သူများပျော်ပါးနေတဲ့အခန်းကိုမပြောရ....ရ...""ဒါဆိုရင်ကော"ဂျိတ် အထုပ်တစ်ထုပ်အား ထိုမိန်းမထံပစ်ပေးလိုက်သည်။မိန်းမသည်လည်း ဂျိတ်ပစ်ပေးသောအထုပ်ကို ကိုင်ကြည့်ရာလေးနေကြောင်းသိရသည်။"အဲ့လိုဆိုရင်တော့ ချွင်းချက်ရှိပါတယ်ရှင့် သူက အခန်း12မှာပါ""ကောင်းပြီ" ဂျိတ်လည်းအခန်း12ရှိရာသို့သွားလိုက်၏။ဧည့်ခေါ်မိန်းမလည်း ဂျိတ်ပေးသောရွှေထုပ်ကြောင့်ပျော်ရွှင်နေသည်။အထုပ်ထဲ၌ရွှေသုံးချောင်းပါရှိသောကြောင့် အလွန်မင်းတက်ကြွနေသည်။ထိုမိန်းမချက်ချင်းပြောပြလာရသည်မှာလည်း ဂျိတ်၏ငွေတန်ခိုးကြောင့်သာဖြစ်လေသည်။ငွေသည် လောက၌ခရီးအတော်တန်ပေါက်ရောက်စေသည်ကိုလည်း ဂျိတ်မှသဘောပေါက်နားလည်ထားပြီးသားဖြစ်သည်။ဒါကြောင့် ယခုပြသနာကိုလည်း ငွေဖြင့်ရှင်းလိုက်ခြင်းဖြစ်သည်။အခန်း12တွင် အသက်လေးဆယ်ခန့်လူကြီးသည် သူ၏ရင်ထဲတွင်ကောင်မလေးတစ်ယောက်ကိုထားကာ သောက်စားမူးယစ်ခြင်းဖြင့်လောကစည်းစိမ်ခံစားနေသည်။"ဝုန်း"ပြင်းထန်သောကန်ချက်ကြောင့် တံခါးမှပွင့်ထွက်သွားသည်။ထိုအသံကြောင့် လောကစည်းစိမ်ခံစားနေသောလူကြီးသည် ထိတ်လန့်သွားသည်။သူ၏စည်းစိမ်ကိုဖျက်စီးသောကြောင့် ဒေါသထွက်သွားသည်။ "ဘယ်သူလဲကွ ငါ့ကိုလာရှုပ်တာ""ခင်ဗျားက ယန်လုပ်ကြံရေးအသင်းခေါင်းဆောင်လား""ဟုတ်တယ်ကွာ"ထို့နောက် အခန်း12အတွင်း၌ ရိုက်နှက်သံများစတင်ထွက်ပေါ်လာလေသည်။

(126)သိရှိရခြင်း

ပြင်းထန်သောအသံများက ထွက်ပေါ်လာသည်။အခန်း12၌ဖျော်ဖြေနေရသော မိန်းကလေးပင် ကြောက်လန့်ကာထွက်သွားပြီဖြစ်၏။"ဝုန်း "ကြောက်မက်ဖွယ်ကောင်းသောအသံကြီးနဲ့အခန်း12မှတစ်စုံတစ်ခုထွက်လာလေသည်။ထွက်လာသောအရာကြောင့် တံခါးမှာလည်းကျိုးပဲ့ပျက်စီးကုန်၏။ လွင့်ထွက်လာသောသူသည် အခန်း12မှလွင့်ထွက်လာကာ ဆောင်ကြာမြိုင်၏အဆောက်ဦးအပြင်ဝအထိပါလွင့်ထွက်သွားလေ၏။"အဟွတ် အဟွတ်"လွင့်ထွက်လာသော အရာသည်လူတစ်ယောက်ဖြစ်ကာ ထိခိုက်ထားသောကြောင့် ချောင်းပင်ဆိုးနေသည်။သူ၏ပုံစံကလည်း စုတ်ပျက်နေ၏။"ဘယ်သူလဲကွ ဒီနေရာကိုစော်ကားရဲတာ.."ဆောင်ကြာမြိုင်ကိုစောင့်ကြပ်သောအစောင့်များရောက်ရှိလာသည်။ထိုအစောင့်များသည်အနည်းဆုံးလူဦးရေသုံးဆယ်မျှပါလေသည်။ထိုအစောင့်များသည် အခင်းဖြစ်ပွားရာ အခန်းသို့ ဦးတည်ကာ သွားနေကြသည်ဖြစ်သည်။"သောင်းကျန်းတဲ့ကောင်တော့မသေရင်တောင် ဒုက္ခိတဖြစ်မယ်လို့ကျုပ်ပြောရဲတယ်""ဒီကောင် ဆောင်ကြာမြိုင်အကြောင်းမသိပဲ ဝင်သောင်းကျန်းတာကိုး ကံဆိုးတာပေါ့" မြို့ထဲမှ လူများကဆွေးနွေးပြောဆိုနေကြ၏။သူတို့ပြောသည့်အတိုင်းလည်း ဆောင်ကြာမြိုင်၌လာရောက်သောင်းကျန်းသောသူတိုင်း ပယ်ပယ်နယ်နယ်အတီးခံကြသောကြောင့်ဖြစ်၏။"မင်းလား ဒီလိုဖြစ်အောင်လုပ်တာ မလှုပ်နဲ့"အခန်း12ထဲတွင်ရှိနေသေးသောလူကို အစောင့်များက အပြင်မှနေ၌ပြောဆိုလိုက်သည်။သူတို့၏လက်ထဲတွင်လည်း ဓားများတုတ်များကို ကိုင်ဆောင်ထားကြသည်။"လူကြီးမင်းတို့ ပြသနာလေးရှိလို့ရှင်းလိုက်တာ အဲ့လောက်ဖြစ်သွားမယ်လို့ ကျုပ်မထင်မိဘူး တောင်းပန်ပါတယ်ဗျာ"ဂျိတ်မှတောင်းပန်ဆိုရင်း အခန်း12မှထွက်လာခဲ့သည်။"ငလူး သိုင်းဂရမ်းမာစတာဟ"ဓားများတုတ်များဖြင့်ဝန်းရံထားသောအစောင့်များ ဇောချွေးပြန်သွားသည်။တောင်းပန်စကားဆိုနေသောလူသည် ဝိညာဥ်ကွင်းများဝန်းရံလျက်ရှိ၏။ အရောင်တောက်ပနေသော ဝိညာဥ်ကွင်းသုံးကွင်းရှိသည်ကိုမျက်ကန်းမှသာမမြင်နိုင်မည်ဖြစ်သည်။ထိုဝိညာဥ်ကွင်းသုံးကွင်းသည် သိုင်းဂရမ်းမာစတာတစ်ယောက်ဖြစ်ကြောင်းသက်သေပြသနေသည်။ထိုလိုလူကို မိမိတို့မှဝန်းရံမိရာသေလုမတတ်ကြောက်ရွံသွားကြသည်။"ကျုပ်နည်းနည်းအားပါသွားလို့ အခန်းကတော့ရစရာမရှိတော့ဘူးဒါလေးကလျော်ကြေးပါ"ဂျိတ်မှအစောင့်များ၏ခေါင်းဆောင်ဖြစ်သူထံပေးကမ်းလိုက်၏။"ခလွင်"ပေးကမ်းလိုက်သောအထုပ်ထဲမှာအသံအရ ဂျိတ်ပေးကမ်းသည်မှာအတော်တန်ပင်များကြောင်း သူသိလိုက်သည်။"ဟ ငြိမ်လှချီလား ဘာဖြစ်နေတာလဲ"အပြင်ဘက်ရှိလူများ​က ထုံးစံအတိုင်းပွဲကြမ်းသောအသံများကြားရခြင်းမရှိသောကြောင့် အံ့သြနေကြသည်။"ဟာထွက်လာပြီ ကြည့်ဟိုမှာ ဟ.." "ငါမျက်စိမှားတာလား"အပြင်ဘက်ရှိလူများမျက်လုံးပြူးသွားကြသည်။အကြောင်းမှာ ဂျိတ်အားဝင်သွားသောအစောင့်တစ်အုပ်ကြီးမှ တလေးတစားရိုရိုသေသေလက်ခံနေကြခြင်းဖြစ်သည်။ဒီလိုအဖြစ်ပျက်မျိုးက တစ်ခါမှမမြင်ဖူးသောကြောင့်ဖြစ်၏။"ဟာ ကိုကြီးကလည်း အဲ့လိုလုပ်နေသေးတယ် ညီလေးတို့ကိုပြောလိုက်တာမဟုတ်ဘူး အခုတော့ကိူကြီးကအလုပ်ရှုပ်သွားသေးတယ်""ရပါတယ်ဗျာ ပြသနာမရှိပါဘူး"အစောင့်များနဲ့ဂျိတ်ကတော့ စကားလက်ဆုံကြရင်းအပြင်ဘက်သို့ထွက်လာကြသည်။မသိလျှင် နှစ်ပေါင်းများစွာကြာမတွေ့ခဲ့ရသောညီကိုများပြန်တွေ့သည်ပမာပင်။အပြင်ဘက်၌ထွက်လာသောအချိန်၌ဂျိတ်သည် သူ၏သိုင်းဝိညာဥ်များကိုပြန်လည်ရုတ်သိမ်းထားသည်ဖြစ်သည်။"ကဲ သွားလိုက်ပါဦးမယ်" ဂျိတ်သည် လွင့်ထားသွားသောယန်လုပ်ကြံရေးခေါင်းဆောင်ကိုဂုတ်မှကိုင်ဆွဲကာ ထွက်သွားလိုက်ပြီဖြစ်သည်။"ဟုတ်ကဲ့ပါကိုကြီး နောက်လိုရင်ညီလေးတို့ဆီမှာအကူညီတောင်းနော်"ကျန်ရစ်ခဲ့သောအစောင့်များကလည်း ဂျိတ်အား ကျေးဇူးတင်ပြောဆိုကြသည်။"ဦးလေးကြီး အစောင့်တွေကဦးလေးကြီးကိုဘာမှမလုပ်ဘူးလား""သိုင်းဂရမ်းမာစတာကို လုပ်ရဲရင်သူတို့ငါ့အကြောင်းသိသွားမှာပေါ့"ဂျိတ်ပြောသည်က လည်းမှန်ကန်သဖြင့်ထန်ဟောက်လည်း လက်ခံယူဆလိုက်သည်။"ဟော အကိုကြီး သူသွားပြီဗျ အခန်း12ကတော်တော်ကြီးပျက်စီးသွားတာနော်"အစောင့်လေးတစ်ယောက်မှ အစောင့်ခေါင်းဆောင်အားပြော၏။ "မင်းဘာသိလို့လည်း သူကဂရမ်းမာစတာနော် ငါတို့ဝိုင်းချရင်နိုင်မယ်ထင်လား."ထိုစကားကြောင့် အစောင့်ငယ်လည်းငြိမ်သက်သွားသည်။"မင်းတို့ဘာကြောင့် ငါအဲ့လိုဆက်ဆံကြလဲဆိုတာကြည့်လိုက်"အစောင့်ခေါင်းဆောင်လည်းဂျိတ်ပေးသောအိတ်ကိုပြသလိုက်သည်။"ရွှေပြားတွေ"ဟုတ်ပေသည်။များစွာသောရွှေပြားများသည် အိတ်ထဲ၌ရှိနေသောကြောင့်ဖြစ်၏။ထိုပမာဏနဲ့သာဆိုပါက အခန်း12ကပျက်စီးသွားသောအရာများကိုပြန်လည်ပြုပြင်နိုင်သည့်အပြင် များစွာပိုနေဦးမည်ဖြစ်၏။အစောင့်များအား ငြိမ်သက်အောင်လုပ်ပြီးယဥ်ကျေးစွာ ပြောဆိုဆက်ဆံလာခြင်းသည် အချက်နှစ်ချက်ကြောင့်ဖြစ်သည်။ထိုအချက်နှစ်ချက်ကိုလည်း ဂျိတ်မှမည်သို့အသုံးချရမည်ကို သိရှိနေခြင်းဖြစ်သည်။ ပထမဦးစွာ ဂျိတ်သည် အခန်းမှထွက်လာရာ၌ဂရန်းမာစတာဖြစ်ကြောင်းပြသလိုက်၏။ထိုကြောင့် အစောင့်များသည် သူ့အားရှိန်သွားကြ၏။နောက်ထပ် ငွေဖြင့်ပေါက်လိုက်သောအခါ ပြောနေစရာမလိုတော့ပေ။အပြင်ထိ ဂျိတ်အား ယဥ်ကျေးစွာဆက်ဆံကာလိုက်ပို့ပေးလိုက်ကြခြင်းဖြစ်သည်။ထိုအချက်နှစ်ချက်သာမပြည့်စုံပါက အခြေနေသည်ပြောင်းလဲသွားနိုင်သည်ဖြစ်သည်။တခြားလူသာဂျိတ်ကဲ့သို့ သိုင်းဂရမ်းမာစတာမဟုတ်ပါက ငွေမည်မျှပင်ရှိနေပါစေ ရိုက်နှက်ခံရမည်ဖြစ်သည်။ထို့နောက်ပါလာသော ငွေကိုလည်း လျော်ကြေးအဖြစ်ဆိုကာယူသွားကြမည်ဖြစ်သည်။လူသူကင်းရှင်းနေသောနေရာသို့ရောက်သောအခါ ထိခိုက်ထားသောယန်လုပ်ကြံသူခေါင်းဆောင်ကို စတင်စစ်ဆေးမေးမြန်းသည်။"မင်းကိုတာဝန်ပေးတဲ့ထန်မိသားစုကလူကဘယ်သူလဲ"ထိုစကားတစ်ခွန်းကြောင့် ယန်လုပ်ကြံသူခေါင်းဆောင်မှာ ချက်ချင်းဆိုသလိုအခြေနေ နားလည်သွားပြီဖြစ်၏။သူစေခိုင်းလိုက်သောလူ၏မစ်ရှင် ကျဆုံးသွားကြောင်းလည်းတန်းသိရှိလိုက်ပြီဖြစ်၏။ "မပြောနိုင်ဘူးကွာ ငါဘယ်တော့မှမပြောဘူးကွ"ယန်လုပ်ကြံသူခေါင်းဆောင် တင်းမာစွာပြော၏။ပြောသာပြောသည် သူ၏လက်ရှိအခြေနေက ဂျိတ်လက်ချက်ကြောင့်တန်ပြန်မတိုက်ခိုက်နိုင်သည့်အပြင် ထွက်ပြေးဖို့ပင်မဖြစ်နိုင်ပေ။"ကောင်းပြီ ဒါဆိုလည်း မင်းလည်းသာမန်လူသာအဖြစ်နေပေတော့"ဂျိတ်၏လက်ထဲသို့ သွေးရောင်လွှမ်းသော သေမင်းတံစဥ်းကြီးရောက်ရှိလာလေသည်။ထိုတံစဥ်းကို မြင်သည်နဲ့ ယန်လုပ်ကြံသူသည် ဆောက်တည်ရာမရလုံးဝတုန်လှုပ်သွား၏။"မ...မ....မဖြစ်နိုင်တာ ဒါက ပျောက်ကွယ်သွားတဲ့ဒဏ္ဏာရီလာ သိုင်းဝိညာဥ်ကြီး...ကြီးပဲ"လုပ်ကြံသူခေါင်းဆောင်၏မျက်နှာ သွေးမရှိသည့်ပမာ ဖျော့တော့သွား၏။တစ်ကိုယ်လုံးလည်း လုံးဝတုန်လှုပ်ခြောက်ခြားနေ၏။"အော် ခင်ဗျားက ဒီသိုင်းဝိညာဥ်ကိုသိတယ်ပေါ့" "ကျုပ်က ရှေးဟောင်းစာအုပ်မှာမြင်ဖူးလို့ပါ ဒီသိုင်းဝိညာဥ်ကအရမ်းအစွမ်းထက်လွန်းတယ် "လုပ်ကြံသူခေါင်းဆောင်မှ ဖျော့တော့စွာဆို၏။"မင်းလည်း ဒီသိုင်းဝိညာဥ်အကြောင်း သိနေမှတော့ အသက်ရှင်ဖို့အကြောင်းပါမရှိတော့ဘူး"ထိုစကားတစ်ခွန်းကြောင့် လုပ်ကြံသူခေါင်းတောင်လုံးဝ သွေးလေခြောက်ချားသွား၏။ထိုသိုင်းဝိညာဥ်အကြောင်းကို သူသိနေ၍ဖြစ်၏။ရှေးဟောင်းစာအုပ်၌ထိုသိုင်းဝိညာဥ်သည် အလွန်မင်းကြောက်စရာကောင်းကြောင်းဖော်ပြထားသည်။ထိုသိုင်းဝိညာဥ်ပိုင်ရှင်သည်တစ်ယောက်တည်းဖြင့် ပင် လောက ကိုတုန်လှုပ်ခြောက်ခြားစေနိုင်သောကြောင့်ဖြစ်၏။သိုင်းဝိညာဥ်များကို စားသုံးနိုင်ရုံမက ဝိညာဥ်ကိုပါ စားသုံးနိုင်သောအစွမ်းထက်သည့်ရှားပါးသိုင်းဝိညာဥ် သည် ယခုချိန်၌သူ၏ရှေ့၌ရှိနေသည်။ ထိိုသိုင်းဝိညာဥ်၏ထူးခြားချက်သည် ရန်သူ၏ဝိညာဥ်ကိုပါ စုပ်ယူစားသုံးကာ သိုင်းဝိညာဥ်ပိုင်ရှင်ကိုပါ ဝိညာဥ်အဆင့်မြင့်တင်ပေးနိုင်သောကြောင့်ဖြစ်၏။ထိုအချက်များထက် သူအကြောက်ဆုံးသောအချက်မှာ စုပ်ယူခံလိုက်သောဝိညာဥ်၏မှတ်ညဏ်များကိုပိုင်ရှင်ကသိရှိနိုင်ခြင်းကြောင့်ဖြစ်၏။"ကျနော်ပြောပြမယ် ကျနော်ကိုမသတ်ပါနဲဗျာ ကျနော်ကိုလုပ်ခိုင်းသူက.................."ဂျိတ်တစ်ယောက် ခပ်ကြမ်းကြမ်းပင်စစ်ဆေးမေးမြန်းနေစရာမလိုခဲ့ပေ။သူသုံးနေသော သိုင်းဝိညာဥ်၏အကြောင်းကိုသိနေသူနဲ့အမှတ်မထင်တွေ့ရှိနေသည်ဖြစ်သည်။ထိုလူကလည်း မိမိ၏သိုင်းဝိညာဥ်ကိုလွန်စွာကြောက်ရွံနေသည်ဖြစ်ရာ အချိန်ပင်သိပ်မဖြုန်းလိုက်ရ။အနည်းငယ်ပြောသည်နဲ့ပင်တစ်ဖက်သားမှအကုန်လုံးထုတ်ဖော်ပြောဆိုလိုက်ပြီဖြစ်သည်။"ကောင်လေး ညနက်နေပြီ ဒီညတော့တစ်နေရာရှာပြီးတည်းခိုကြတာပေါ့နောက်နေ့မနက်မှ ထန်မိသားစုကိုသွားကြမယ်...""ဟုတ်ကဲ့ဦးလေးကြီး" ထန်ဟောက်လည်းဂျိတ်စကားကိုလက်ခံသည်။"ကဲ ထန်မိသားစုက လင်းရုံရေ စောင့်နေပေတော့"

All Chapters