← Chapters

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

(127)ဆုံးမခြင်း

ညတာအချိန်ကိုတော့ သွမ်မြို့ရှိတည်းခိုခန်းရှာဖွေကာ တည်းလိုက်ကြသည်ဖြစ်သည်။မနက်လင်းသည်နဲ့ ဂျိတ်လည်း ထန်ဟောက်ကိုခေါ်ကာ မနက်စာစားရန် စားသောက်ဆိုင်သို့ထွက်လာကြသည်။ရတနာဆိုင်ဆိုင်နာမည်ကတော့ လှပသလိုဆိုင်ကြီးကလည်းကြီးမားကျယ်ပြန့်၏။နှစ်ထပ်ရှိသောစားသောက်ဆိုင်ကြီးလည်းဖြစ်၏။ဂျိတ်တို့ဆိုင်ရောက်တော့ အောက်ထပ်၌လူတော်တော်များများရောက်ရှိနေသည်ကိုတွေ့ရလေသည်။စားပွဲတိုင်းလိုလိုမှာပင်လူများပြည့်နှက်နေသောကြောင့် စားသောက်ဆိုင်သည်အလွန်ကောင်းမွန်သောဆိုင်ဖြစ်ကြောင်း သိနိုင်လေသည်။သွမ်မြို့၌ရှိသောအကောင်းဆုံးစားသောက်ဆိုင်ဖြစ်ရာ လူများစွာကလည်း ထိုဆိုင်မှထိုဆိုင်ဖြစ်နေကြသည်။ ရတနာစားသောက်ဆိုင်၌စားသောက်နိုင်သောလူကိုလည်း လူတိုင်းအထင်ကြီးကြ၏။အစားသောက်ကကောင်းမွန်သလို စျေးလည်းကြီးသောကြောင့်တော်ရုံလူမစားနိုင်ပေ။သို့သော်လူများစွာစားသောက်နေကြရာကောင်းမွန်သောဆိုင်ဖြစ်သည်ကိုငြင်း၍မရနိင်ပေ။ဂျိတ်တို့လည်း ဆိုင်ခန်းရှိလွတ်နေသောထောင့်စွန်းနေရာရှိစားပွဲ၌ထိုင်မည်အပြု"ဒီမှာထိုင်လို့မရတော့ပါဘူးရှင့် ဒီမှာကြိုတင်မှာထားတဲ့လူရှိနေလို့ပါ"စားပွဲထိုးမလေးမှ ပြောသည်။"ဒါဆို ဘယ်နေရာများလွတ်သေးလဲ""အားတော့နာပါတယ်ရှင့် လောဆယ်ကျမတို့မှာနေရာလွတ်တာဆိုလို့အပေါ်ထပ်ပဲရှိ​တာပါ အပေါ်ထပ်ကလဲ""အပေါ်ထပ်ကဘာဖြစ်လို့လဲ"ဂျိတ်ကစားပွဲထိုးမလေးအား မေးမြန်း၏။ "အပေါ်ထပ်က ဂုဏ်သရေရှိလူကြီးမင်းနဲ့သိုင်းဝိညာဥ်ပညာရှင်တွေပဲ တက်ခွင့်ရှိလို့ပါရှင့်"စားပွဲထိုးမလေး၏လိုရင်းကို သဘောပေါက်လေသည်။ထိုဆိုင်သည် လွန်စွာမှပါးနပ်လှ၏။ထိူသိူ့ခွဲ ခြားသတ်မှတ်ထားခြင်းဖြင့် လူများ၏အားကျမှုလေးစားမှုကိုရယူနိုင်လေသည်ဖြစ်သည်။"ဒါဆိုတက်လို့ရပြီလား"ဂျိတ်လည်း သူ၏သိုင်းဝိညာဥ်ကွင်းများကိုပြသလိုက်သည်။"ရှင့်ကသိုင်းဂရမ်းမာစတာ"စားပွဲထိုးမလေး အံသြ သွား၏။"ကြွပါရှင့် ကျမလမ်းပြပေးပါမယ်"ဂျိတ်တို့လည်း စားပွဲထိုးမလေးနောက်မှနေ၍လိုက်သွားသည်။ဂျိတ်မသိသည်အား အောက်ထပ်မှလူများသည် သူ့အားလေးစားအားကျဖွယ်အကြည့်ဖြင့်ကြည့်ရှုနေကြသည်ကို ပင်ဖြစ်၏။"ကျေးဇူးပြုပြီး ဒီမှာထိုင်ပါရှင့်" စားပွဲထိုးမလေးမှ ဂျိတ်အားနေရာထိုင်ခင်းကိုပြသ၏။ထို့နောက်စားသောက်ဆိုင်မှရရှိနိုင်သောမီနူးများကိုပေး၏။အပေါ်ထပ်တွင် အောက်ထပ်ရှိလူနဲ့နှိုင်းယှဥ်ပါက မရှိသလောက်ကိုနည်းပါးသွားကြောင်းလည်း တွေ့ရလေသည်။မီနူးများကိုကြည့်ရာ အပေါ်ထပ်ရှိဟင်းလျာများသည် အောက်ထပ်၌ရသောဟင်းလျာများထက်ပိုမိုများပြားသလိုစျေးကြီးကြောင်းလည်းတွေ့ရှိရလေသည်။"ရွှေဂျိုဝက်သားတစ်ပွဲ ရောင်ပြန်မြွေဟင်းရည်ပွဲနဲ့ ရွှေခေါက်ဆွဲနှစ်ပွဲချပေးပါ""ဟုတ် ကျေးဇူးပြုပြီးခေတ္တ စောင့်ပေးပါရှင့် "စားပွဲထိုးမလေး ပျော်ရွှင်စွာထွက်သွားလေ၏။ဂျိတ်မှာသောဟင်းများသည် ဆိုင်ထဲ၌စျေးကြီးသောဟင်းများထဲမှ ဖြစ်သလို သူမသည်လည်း ဂျိတ်ကြောင့်ဝန်ဆောင်မှုအပိုကြေးအပိုထပ်ဆောင်းရရှိမည်ဖြစ်သောကြောင့်ဖြစ်၏။ဂျိတ်မှာလိုက်သောဟင်းမီနူးများကိုထန်ဟောက်ကြည့်လိုက်ရာမျက်လုံးပြူးသွား၏။အဘယ်ကြောင့်ဆိုသော် မှာလိုက်သောဟင်း များ၏တန်ကြေးသည် ရွှေပြား1000မျှရှိနေသောကြောင့်ဖြစ်၏။ထိုတန်ကြေးက ထန်ဟောက်တစ်ဘဝလုံးရှာဖွေတောင်မရသောကြောင့်ဖြစ်၏။"ဘာလို့စျေးကြီးတာတွေမှာလိုက်တာလဲ""ဘာမှမဖြစ်ဘူး မင်းတာဝန်က ဝအောင်စားရမယ် ပိုက်ဆံကိစ္စကပူစရာမလိုဘူး"ဂျိတ်အနေနဲ့ ငွေကြေးပြသနာကစိုးရိမ်ဖွယ်မရှိ။သူသတ်ထားသောလူများ၏ငွေကြေးများပစ္စည်းများက များပြားသောကြောင့်ဖြစ်၏။ထိုအရာများကို ဂျိတ်ကစနစ်သိုလှောင်ရုံ၌သိမ်းဆည်းထား၏။လိုအပ်လျှင် စနစ်သိုလှောင်ရုံမှထုတ်သုံးလိုက်ရုံပင်ဖြစ်သည်။"စားပွဲထိုးလာစမ်း"မောက်မာလှသောအသံဖြင့် ဆိုင်အပေါ်ထပ်သို့တက်လာသော လူကြောင့် လူများတိတ်ဆိတ်သွားကြသည်။ဂျိတ်လည်း ထိုအသံထွက်ပေါ်ရာလူကို ကြည့်လိုက်၏။ ထိုလူသည်အသက်နှစ်ဆယ်ကျော်မျှသာရှိဦးမည်ဖြစ်သည်။သူသည်သခင်လေးများဝတ်ဆင်တတ်သောအဝတ်စားကို သန့်ပြန့်အောင်ဝတ်စားဆင်ယင်ထားသလို အမွေးကြိုင်လည်းဆွတ်ထား၏။ဝတ်စားဆင်ယင်မှုကသန့်ပြန့်သော်လည်း သူ၏ရုပ်ရည်ကပင်သူ့အားဖျက်စီးနေသည်။ထိုလူကိုဂျိတ်မှကြည့်ရာ သိုင်းဝိညာဥ်မာစတာတစ်ယောက်ဖြစ်ကြောင်းတွေ့ရ၏။ထို့ကြောင့်လည်း ထိုလူမောက်မာနေရသည့်အကြောင်းရင်းကို သိရှိလိုက်ရသည်ဖြစ်သည်။"ညီမလေး ဒီဖက်ကိုထိုင်နော် "ထိုလူ၏စကားကြောင့် ဂျိတ်လည်းဆက်လက်ကြည့်ရှုရာ မိန်းမပျိုလေးတစ်ယောက်ကိုတွေ့ရ၏။ထိုမိန်းမပျိုလေးသည် အလွန်ချောမောလှသောသူဖြစ်ကြောင်းတွေ့ရလေသည်။သို့ရာတွင် သူ၏မျက်နှာဘေးသည် မောက်မာဟန်ရှိလေသည်။လူများကိုမတူမတန်ဆက်ဆံလိုသော အမူရာရှိ၏။ထိုချောမောလှပသောမိန်းမပျိုလေးကို ထိုလူငယ်သည်စားသောက်ဆိုင်ခေါ်ကာကြွေးမွေးပြီးမျက်နှာလုပ်နေကြောင်းကတွေးနေစရာပင်မလိုပေ။ "ညီမလေး ထိုင်နော် ဒီနေ့ကိုကြီးဝယ်ကြွေးမှာပါ"ထိုလူ၏မျက်နှာချိုသွေးပုံကို ကြည့်ကာဂျိတ်ကတော့ ခေါင်းခါမိသည်။ထိုအချိန်၌စားပွဲထိုးလေးရောက်ရှိလာပြီးရရှိနိုင်သောမီးနူးများကို ​စားပွဲပေါ်သို့တင်ပေး၏။ထိုမိန်းမပျ်ိုလေးသည် စားပွဲပေါ်ရှိမီးနူးများကိုကြည့်ကာ မှာယူလိုက်၏။ထိုမိန်းမပျိုမှာယူသော မီးနူးများကြောင့် ထိုမောက်မာဟန်ရှိသောလူငယ်မှာ အနည်းငယ်လန့်သွား၏။မိန်းမပျိုလေးမှာလိုက်သော ဟင်းများသည် စျေးများသောကြောင့်ဖြစ်၏။သို့ရာတွင် သူ၏မျက်နှာကိုညိုးဟန်မပြု ပြုံးပျော်နေသောအမူရာဖြင့် မိန်းမပျိုအား စကားဆိုနေ၏။မှာယူထားသောအစားသောက်များမှာ အချိန်အနည်းငယ်ကြာဦးမယ်ဖြစ်ရာ ထိုလူငယ်သည် မိန်းမပျိုလေးအား စကားဖောင်ဖွဲ့ကာပြောဆိုနေလေ၏။သိူ့ရာတွင်သူပြောဆိုနေသောစကားများသည် သူ၏သိုင်းမာစတာဖြစ်ရသည်ကိုပြောဆိုနေခြင်းဖြစ်သည်။သူရင်ဆိုင်ခဲ့ရသောအခက်ခဲများကို အားပေါင်သန်ရင်းသန်သန်ပြောဆိုနေခြင်းဖြစ်သည်။ "ဝံပုလွေကြီးလာတော့ ကျုပ်ကကျုပ်ရဲ့သိုင်းဝိညာဥ်ကိုထုတ်သုံးပြီးအဆုံးသတ်ပေးလိုက်ရတာပေါ့ဗျာ"သူတော့မသိ နားထောင်နေရသောမိန်းမပျ်ိုလေးမှာတော့မျက်နှာပျက်နေပြီဖြစ်၏။​သူပြောသောစကားများကို ခေါင်းညိတ်ရုံသာ လုပ်ပြနိုင်၏။ထိုအဖြစ်ကိုမြင်နေသော ထန်ဟောက်ပင်မိန်းမပျိုလေးကိုသနားနေမိသည်။("ကျွတ် ကျွတ် ဘယ်ဘဝကဝဋ်ကြွေးတွေလဲမသိပါဘူး သူ့ခဗျာ")"လူကြီးမင်းတို့မှာတာ သုံးဆောင်လို့ရပါပြီ"စားပွဲထိုးလေးမှာ ဂျိတ်တို့မှာယူထားသောအစားသောက်များကိုသယ်ဆောင်လာကာ ဂျိတ်ထိုင်နေသောစားပွဲ၌ချပေး၏။"ထန်ဟောက် စားတော့"ဂျိတ်ပြောသည်နဲ့ထန်ဟောက်လည်းခေါင်းညိမ်ကာ ရွှေခေါက်ဆွဲကိုစတင်စားသောက်တော့သည်။"ဘယ်က အရိုင်းစိုင်းလေးက အပေါ်ထပ်မှာလာစားနေတာလဲ" မောက်မာနေသောလူငယ်သည် စားသောက်နေသောထန်ဟောက်ကိုကြည့်ကာ မနာလိုစိတ်များဖြစ်ပေါ်နေသည်။ဂျိတ်ကိုလည်း သူ့အနေနဲ့ချမ်းသာသောသာမန်လူဟုသာတွေးထင်ထားပုံရသည်။ထို့ကြောင့်သူ၏အရှိန်ဝါဖြင့် ပြသနာပြုလုပ်ရန်ကြံစည်လိုက်သည်။"စားပွဲနံပတ်ကိုးက ကောင်တွေ မင်းတို့စားပွဲပေါ်ကဟင်းတွေလာပြီးငါ့ဆီပို့ကြစမ်း"ထိုလူငယ်သည် မောက်မာစွာဆိုလိုက်၏။သို့ရာတွင် စားပွဲနံပတ်ကိုးမှ လူများသည်လှုပ်ပင်မလှုပ်ပေ။စားပွဲကိုး၌ထိုင်နေသောသူများသည် ထန်ဟောက်နဲ့ဂျိတ်တို့ပင်ဖြစ်သည်။("ဒီကောင်​တွေ ")ထိုလူငယ်ဒေါသထွက်လာ၏။သူကိုယ်တိုင်ပင်ထကာ စားပွဲနံပတ်ကိုးသို့သွားလေ၏။"မင်းတို့ကိုပြောနေတာ မင်းတို့စားပွဲပေါ်ကဟင်းတွေ ငါထိုင်တဲ့စားပွဲပေါ်လာပို့ကြစမ်းလို့ပြောနေတာမကြားဘူးလား"ထိုအဖြစ်ပျက်ကိုမြင်သော စားပွဲထိုးမလေးသည် ဂျိတ်သည် သိုင်းဂရမ်းမာစတာဖြစ်ကြောင်း ပြောလို၏။သို့ရာတွင် ထိုလူငယ်သည် မိမိ အားနှင်ထုတ်လေရာ စားပွဲထိုးမလေးလည်း ထွက်သွားလေ၏။"မင်းတို့ကငါ့ကို တောင်မဖက်မလုပ်ဘူးပေါ့လေဟုတ်လား ငါဘယ်သူလဲသိလား သိုင်းမာစတာကွ"ပြောဆိုရင်း သူ၏သိုင်းဝိညာဥ်ကွင်းနှစ်ကွင်းကိုထုတ်ဖော်ပြသ၏။အဖြူရောင်နဲ့အဝါရောင်ဝိညာဥ်ကွင်းများကတောက်ပလျက်ရှိနေ၏။ဂျိတ်လည်း ယခုချိန်၌ခေါက်ဆွဲစားသောက်ပြီးပြီဖြစ်ရာ တူကိုချကာထိုလူငယ်ဘက်ကြည့်ရင်း"ဒီမယ် သူများတွေအစားကောင်းစားနေရင် အနှောင့်ယှက်ရဘူးဆိုတာကို မသိဘူးလား.... အင်းသိမယ်လည်း မထင်ပါဘူး ကြည့်ရတာမိဘတွေက သေချာမဆုံးဘူးထင်ပါတယ် ဆုံးမရင်လဲ နားထောင်မဲ့ရုပ်လဲမဟုတ်ဘူး ဒီလောက်ဆိုးသွမ်းနေတဲ့ရုပ်ကို"ထိုစကားသည် ထိုလူငယ်၏ရင်ထဲသို့တိုက်ရိုက်ထိသွားလေ၏။ဂျိတ်၏စကားကြောင့် ထိုလူငယ်မှာ ဒေါသထွက်သွားကာ"ရော့ကွာ" ဂျိတ်ကို သူ၏ဝိညာဥ်စွမ်းအားဖြည့်စီးထားသောလက်သီးဖြင့်ထိုး၏။ဂျိတ်ကလည်း ထိုလက်သီးကို ဘယ်လက်ဖြင့်ဖမ်းပြီး ညာလက်ဖြင့်"ဖြောင်း"တစ်ဆိုင်လုံးကြားရအောင် အသံထွက်ပေါ်လာသည်။ဂျိတ်၏ညာဖက်လက်ဝါးက ထိုလူငယ်၏မျက်နှာကို မိတ်ဆက်ရာမှ အသံထွက်ပေါ်လာခြင်းဖြစ်၏။ထိုလူငယ်၏မျက်နှာတစ်ခြမ်းသည်လတ်လတ်လောလောနီရဲသောလက်ငါးချောင်းအရာရှိထင်ရှားစွာပေါ်လာလေသည်။"ခင်ဗျား"ထိုလူငယ်၏ဒေါသကား ပေါက်ကွဲသွား၏။သူလိုက်နေသောကောင်မလေး၏ရှေ့၌ ပါးရိုက်ခံလိုက်ရသည်ကား သူ့အားအရှက်ခွဲလိုက်ခြင်းပင်ဖြစ်၏။မိန်းမပျိုလေးလည်း မထင်မှတ်သောအဖြစ်ကြောင့် နည်းငယ်ကြောင်သွားသည်။ထန်ဟောက်ကတော့ ခေါက်ဆွဲစားသောက်ပြီးပြီဖြစ်ရာကျန်သောဟင်းလျာများကိုဆက်လက်စားသောက်နေ၏။ ဂျိတ်၏အစွမ်းကိုယုံကြည်သောကြောင့် ကြည့်ပင်မကြည့်သူ၏ခေါင်းကိုဟင်းလျာဘက်သို့သာစိုက်ထား၏။"ခင်ဗျားသေရမယ်"ထိုလူငယ်သည် သူ၏သိူင်းဝိညာဥ်ကိုထုတ်သုံးလိုက်၏။သူ၏သိူင်းဝိညာဥ်သည် နီရဲနေသော မြေခွေးတစ်ကောင်ဖြစ်၏။"ဒုတိယသိုင်းဝိညာဥ်စွမ်းရည် မြေခွေးကုတ်ချက်"ထိုလူငယ်ကိုယ်ကို နီရဲနေသောမြေခွေးပုံစံကဖုံးအုပ်သွား၏။ထိုပုံစံဖြစ်နေသောအချိန်၌ ထိုလူငယ်သည် တိုက်ခိုက်နည်း ကိုယ်ခန္ဓာမာကျောမှုပါ တိုးတက်သွားသည်ဖြစ်သည်။ထိုအခါ ထိုလူငယ်သည်နီရဲနေသောမြေခွေးအသွင်ပြင်နဲ့ဖြစ်သည်။"ဂရား"မြေခွေးလက်သည်းကုတ်ချက်က ဂျိတ်ထံတိုးဝင်လာ၏။ဂျိတ်ကတော့ ထိတ်လန့်နေသောအမူရာကို လုံးဝမပြပေ။"ဖြောင်း" ထိုအသံနဲ့အတူ လွင့်စင်သွားသောအသံထွက်ပေါ်လာသည်။ဒီတစ်ခါတော့ မိန်းမပျိုလေးသည် ဂျိတ်အား အံသြနေသည်။လွင့်စင်သွားသောသူသည် မောက်မာနေသောလူငယ်သာဖြစ်၏။သူ၏နောက်ထပ်သောမျက်နှာတစ်ခြမ်း၌လည်း နီရဲသောလက်ငါးချောင်းရာထပ်မံရှိနေပြီဖြစ်၏။မိန်းမပျိုလေးအံသြနေရခြင်းမှာ ဂျိတ်သည် ထိုလူငယ်အားသာမန်ရိုက်ချက်တစ်ခုတည်းဖြင့်အနိုင်ယူလိုက်သောကြောင့်ဖြစ်၏။ဂျိတ်သည် ထလာပြီးလူငယ်ထံလျှောက်လာသည်ကိူ လူငယ်သည်လွန်စွာကြောက်လန့်သွား၏။"မလာနဲ့နော် ငါကထန်မိသားစုက လင်းဒေါင်ပဲ ငါ့ကိုထိရင်မင်းပြသနာတက်မယ်"ထိုစကားကြောင့် ဂျိတ်အနည်းငယ်ရပ်တန့်သွားသည်။သူသည်လည်း ထိုမိသားစုသို့သွားရန်ပြင်နေသောကြောင့်ဖြစ်၏။ဂျိတ်အပြုမှုကြောင့် သူ့အားကြောက်လန့်သွားသည်ထင်ကာ "အခုချက်ချင်းမင်းမှာ ပါတာအကုန်ငါ့ကိုပေးပြီး တောင်းပန်မယ်ဆိုရင် ငါခွင့်လွတ်ပေးဖို့စဥ်းစားမယ်""ဖြောင်း"နောက်ထပ်သောဂျိတ်၏ရိုက်ချက်ထွက်ပေါ်လာပြန်သည်။လင်းဒေါင်သည် နောက်ထပ်တစ်ကြိမ်အရိုက်ခံလိုက်ရပြန်ပြီဖြစ်၏။"ထန်မိသားစုကဟုတ်လား ဘယ်လောက်တောင်တိုက်ဆိုင်လိုက်သလဲ ငါလဲအဲ့ကိုသွားဖို့လုပ်နေတာ "ထိုစကားကြောင့် လင်းဒေါင်သွေးပျက်သွား၏။"ကဲ ပြောစမ်းပါဦး လင်းရုံနဲ့မင်းဘာတော်လဲ"

(128)ဓားပြများနဲ့တွေ့ဆုံခြင်း

ရထားလုံးတစ်စင်းလျှင် မြင်းလေးကောင်ပါသော ရထားလုံးနှစ်ခုသည် သွမ်မြို့မှတစ်ဖြေးဖြေးခြင်းထွက်ခွာလာလေ၏။မြင်းလေးကောင်ပြေးနှင်နေသော ရထားလုံးသည်အရှိန်ပြင်းစွာမောင်းနှင်လျက်ရှိလေသည်။နှစ်တစ်ရာရှိသော သွေးသံမဏိမြင်း များကို တပ်ဆင်မောင်းနှင်ထားခြင်းဖြစ်သောကြောင့်လည်းမြန်ဆန်နေခြင်းဖြစ်သည်။ထိုသွေးသံမဏိမြင်းများသည် စျေးကြီးများသောကြောင့်အထက်တန်းစားများကသာဝယ်ယူ သုံးစွဲ ကြလေသည်။ရထားလုံးနှစ်ခုအနက် တစ်ခုသောရထားလုံး၌ ဂျိတ်နဲ့ထန်ဟောက်သည် စီးနှင်းလိုက်ပါလျက်ရှိသည်။သူတို့၏မျက်နှာခြင်းဆိုင်တွင်စားသောက်ဆိုင်၌တွေ့ခဲ့သောမိန်းမပျိုလေးကထိုင်လျက်ရှိသည်။"ကျမနာမည်ကတော့ လင်းအာပါ""ငါက ဂျိတ် သူက ငါ့နောက်လိုက်လာတဲ့သူပဲ"ဒါနဲ့ရှင့်တို့ဘာလို့ လင်းရုံကိုတွေ့ချင်ရတာလဲ"အဖြစ်ပျက်များသည် စားသောက်ဆိုင်မှစသည်ဟုဆိုရပေမည်။ဂျိတ်သည် လင်းဒေါင်ကိုဆုံးမလိုက်ပြီးလင်းရုံအကြောင်းမေးရာမှစခြင်းဖြစ်သည်။ထိုအချိန်၌ လင်းအာသည် ဂျိတ်အား စိတ်ဝင်စားနေပြီဖြစ်၏။သိုင်းဝိညာဥ်စွမ်းရည်သုံးသောလူကို သာမန်ရိုက်ချက်ဖြင့်ဆုံးမသည် ဆိုသည်က အလွန်ထက်ကြောင်းသက်သေပြနေခြင်းဖြစ်သည်။ထို့နောက် ဂျိတ်မှလင်းရုံထံသွားရန်ရှိသည်ဆိုသောအခါ လင်းအာသည် သူ၏ရထားလုံးနဲ့လိုက်ခဲ့ရန်ဖိတ်ခေါ်လိုက်လေသည်။ထန်ဟောက်လည်း ပါသွားကာ ရထားလုံးထဲရှိ အစားသောက်များကို ဆက်လက်ထားသောက်နေသည်။ဂျိတ်ကြောင့် လင်းအာလည်းထန်ဟောက်ကိုလစ်လျူရှုထားလေသည်။လင်းရုံနဲ့မည်သည့်ပြသနာဖြစ်သည်ကို သူ မသိသော်လည်းအစွမ်းထက်သောဂျိတ်ကို သူ၏မိသားစုလက်အောက်တွင်အလုပ်လုပ်ကိုင်စေလိုသောကြောင့်ဖြစ်သည်။ဂျိတ်လိုလူသာရပါက လင်းမိသားစုသည်အလွန်အစွမ်းထက်လာမည်ဖြစ်သည်။"လင်းရုံနဲ့ထန်မိသားစုကဘာတော်လဲ""ရှင့်တကယ်မသိတာလား"လင်းအာမှ ထိုအကြောင်းမသိဆို၍ ဆွံအသွားသည်။ကလေးမှအစထန်အိမ်တော်နဲ့လင်းမိသားစုအကြောင်းကိုသိကြသည်။မိမိရှေ့မှလူမှာမသိဆိုရာ ထူးဆန်းပေသည်။ "ဒါဆို ကျမရှင်းပြပါမယ်ရှင့်"လွန်ခဲ့သောနှစ်ငါးရာတွင် ထန်အိမ်တော်သည် သာမန်သာဖြစ်၏။ထိုစဥ်ကထန်မြို့တော်ဟုပင်မခေါ်ဝေါ်သေးပေ။လင်းမြို့ဟုသာသိကြ၏။အကြောင်းမှာ လင်းမိသားစုမှ အုပ်စိုးသောကြောင့်ဖြစ်သည်။သို့ရာတွင် အလွန်အစွမ်းထက်သော သိုင်းဝိညာဥ်ဧကရာဇ်တစ်ယောက်(အဆင့်65)ပေါ်ပေါက်လာခဲ့သည်။ထိုဧကရာဇ်သည် ထန်မိသားစုမှဖြစ်ရာ ထိုအချိန်မှစ၍ထန်မိသားစုသည် စတင်တိုးတက်လာလေတော့၏။လင်းမိသားစုပင်အရှိန်ဝါများကျဆင်းလာကာ ထန်မိသားစုမှာ ပိုမိုကြီးမားလာသည်။နောက်ပိုင်းတွင် ထန်မိသားစုနဲ့လင်းမိသားစုတို့သည် လက်ထပ်ထိမ်းမြားခြင်းဖြင့် ပေါင်းစည်းလိုက်ကြလေသည်။ထို့ကြောင့်ထန်အိမ်တော်နဲ့လင်းမိသားစုက ပူးတွဲတည်ရှိလာခြင်းလည်းဖြစ်သည်။လင်းအာသည်လည်း လင်းမိသားစု၌နေရာတစ်နေရာပိုင်ဆိုင်၏။ညို့ငင်မြေခွေးသိုင်းဝိညာဥ်ကိုပိုင်ဆိုင်ကာ ဝိညာဥ်အဆင့်25ရှိ၏။ သို့ရာတွင်သူမသည် အဆင့်15သာရှိကြောင်း ပြသထားလေသည်။ထို့သို့နိမ့်ချပြသထားသော်လည်းသူမ၏ရုပ်ရည် ကြောင့် လင်းမိသားစုအတွင်း၌နေရာကောင်းတစ်ခုကိုပိုင်ဆိုင်ထားသည်။ဂျိတ်ကိုသာသူမ၏လက်အောက်၌ပိုင်ဆိုင်ရမည်ဆိုပါက လင်းမိသားစုအတွင်း၌သူမ၏နေရာသည် ကြီးမားသွားမည်ဖြစ်သည်ဂျိတ်ကိုအသေချာရှင်းပြနေသည်မှာ သူမ၏လက်အောက်ကိုစည်းရုံးသိမ်းသွင်းလိုသောကြောင့်ဖြစ်သည်။"ကောင်မလေး မင်းကငယ်ပါသေးတယ် ရှင်းပြမယ်ဆိုရင် ရိုးရိုးသားသားရှင်းပြသင့်တယ်ကွ"ဂျိတ်စကားကြောင့် ရှင်းပြနေသောလင်းအား မှာ"ရှင် ဘာတွေပြောနေတာလဲ ကျမရိုးရိုးသားသားပဲရှင်းပြတာပါ""ကျန်တဲ့သူဆိုရင်တော့ မင်းကျော့ကွင်းထဲမိနေလောက်ပြီ ပြသနာက ကျော့ကွင်းထဲဝင်လာတာငါဖြစ်နေတယ်လေ"ဂျိတ် လက်ဖြောက်တီးလိုက်သည်။ "ဖြောက်"ချက်ချင်းဆိုသလိုပင် ရထားလုံးအတွင်း ဝိညာဥ်စွမ်းအားများပျောက်ပယ်သွားသည်။("မ..မဖြစ်နိုင်တာသူဘယ်ချိန်ကတည်းကသိနေတာလဲ ")လင်းအာ အံသြ ကြောက်လန့်သွား၏။ သူမ၏သိုင်းဝိညာဥ်ကို ပြသစရာမလိုပဲ သူမသည် တစ်ဖက်သားအား ညိုယူနိုင်စွမ်းရှိသူဖြစ်သည်။သာမန်လူနဲ့ သူမထက်နိမ့်ကျသောသိုင်းပညာရှင်ဆိုပါကချက်ချင်းပင်ညိုယူနိုင်သော်လည်း ဂျိတ်မှာသူမထက် အဆင့်မြင့်ရာအချိန်ယူရလေသည်။အချိန်ယူရာတွင် သူမသည် ဂျိတ်အားစကားပြောရင်း တဖြေးဖြေးချင်းညိုယူနေသည်လည်းဖြစ်၏။ဤသည်ကို ဂျိတ်မှ ဖျက်စီးလိုက်သောကြောင့်လည်း ကြောက်လန့်သွားရခြင်းလည်းဖြစ်သည်။"ဒီတစ်ခါတော့ရှိပစေတော့ နောက်တစ်ခါဆို အပြစ်ပေးခံရမယ် ခုတော့လင်းရုံအကြောင်းပြော""ဟုတ်ကဲ့ပါ ရှင့်"................ နောက်ထပ်သောရထားလုံး၌"တောက်"လင်းဒေါင် ဒေါသ တကြီး တောက်ခေါက်လိုက်သည်။"အား ဖြေးဖြေးလုပ်ဟ""ဟုတ်ကဲ့ပါသခင်လေး"လင်းဒေါင်၏နီရဲနေသော မျက်နှာပြင်အား အစေခံမှဆေးလိမ်းပေးနေသည်။သူ၏မျက်နှာတွင်ဂျိတ်၏လက်ဝါးရာက နေရာယူထားလျက်ရှိသည်။ထိုလက်ဝါးရာသည် အလွန်နာကျင်သောကြောင့် လင်းဒေါင်သူ၏အစေခံက်ို ဆေးလူးခိုင်းထားခြင်းဖြစ်သည်။"တောက် ဒီကောင်ပြန်ခံစားစေရမယ်"ပြောသာပြောရသည် သူအနေနဲ့ဂျိတ်ကိုမနိုင်ပေ။ဂျိတ်၏သာမန်ရိုက်ချက်အောက်တွင်ကျရှုံးနေရရာ သိုင်းဝိညာဥ်ဆိုသူ့အနေနဲ့ နိုင်စရာအကြောင်းလုံးဝမရှိပေ။"ဒီကောင်မတော့" လင်းဒေါင် လင်းအားကိုလည်းဒေါသထွက်နေသည်။သူမသည်သူမ၏ရထားလုံးကို သီးသန့်ထသည့်အကျင့်ရှိသည်။မည်သူ့ကိုမျှမတင်သော်လည်းယခု အခါ၌ဂျိတ်တို့ကိုတင်ထားရာဒေါသထွက်နေသည်။သူကြိုးစားပြီးပန်းပိုးခဲ့ရသောလင်းအာက သူမအားအဖက်မလုပ်သည့်အပြင် သူ့အားရိုက်သောလူကို ရထားလုံးထဲခေါ်ခြင်း​က သူ့အားအနာပေါ်တုတ်ကျစေခဲ့သည်နှယ် ဖြစ်သည်။"မေ့နေတာပဲ ငါ့အကိုကို ပြောပြီးဆုံးမခိုင်းရမယ်"ဂျိတ်သည် လင်းရုံအားလာရှာသည့်အကြောင်းကိုပြန်သတိရသွား၏။လင်းရုံနဲ့သာဆိုလျှင် ဂျိတ်ရှုံးနိုင်ကြောင်း သူတွေးထင်မိသည်။လင်းရုံသည် သူတို့လင်းမိသားစု၌ပါရမီရှင်တစ်ယောက်ဖြစ်သည်။သူသည် အသက်28နှစ်နဲ့သိုင်းဝိညာဥ်အကြီးကဲ (အဆင့်41)သို့ရောက်ရှိနေသောကြောင့်ဖြစ်သည်။ မိသားစုအကြီးအကဲများ၏သိုင်းအဆင့်နီးနီးရောက်ရှိနေသောကြောင့် သူ့အား မိသားစု၏ခေါင်းဆောင်နေရာပင်လျာထားလေသည်။အစွမ်းထက်သော ကျားဖြူသိုင်းဝိညာဥ်ကိုလည်း ပိုင်ဆိုင်ထားသောကြောင့် နာမည်လည်းကြီး၏။"ဟားဟား...မင်း ငါ့အကိုလင်းရုံလက်ထဲမှာသေစေရမယ် ဟားဟား"လင်းဒေါင်တွေးရင်းဝမ်းသာအားရ ရယ်မောနေသည်။သူ့အားဆေးလိမ်းပေးသောအစေခံပင် လင်းဒေါင်၏အပြုမှုကြောင့်ကြောင်တောင်တောင်ဖြစ်သွားလေသည်။ဟီး...ဟီး...ဟီးရုတ်တရက်ဆိုသလို ရထားလုံးကရပ်တန့်သွားသည်။ထို့ကြောင့်လင်းဒေါင်မှာ အရှိန်ဖြင့်လဲကျသွားသည်။"အား"လဲကျသွားသောအခါ ရုတ်တရက်ဖြစ်သောကြောင့်သူ၏မျက်နှာပြင်နဲ့ထိခိုက်မိသောကြောင့်ဖြစ်သည်။ "ဘာလို့ရထားလုံးရပ်သွားတာလဲ ရထားထိန်း"လင်းအာမှ မေးလိုက်သည်။"သခင်မလေး ဓားပြတွေကျနော်တို့ရထားလုံးနှစ်လုံးကိုဝိုင်းရံထားတယ်"ထိုစကားကြောင့် လင်းအာဒေါသထွက်သွားသည်။ရထားလုံးပြင်သို့ သူမ ထွက်သွားလိုက်သည်။"ဟာ အချောလေးဟ ငါတို့တော့ပွတာပဲ "ရယ်မောကာပြောဆိုနေကြသောဓားပြများအား တွေ့ရလေသည်။ထိုဓားပြများသည် အယောက်နှစ်ဆယ်မျှရှိသည်။ထို့ပြင် သူတို့သည်ဓားများကို ကိုင်ဆောင်ထားလေသည်။"ရှင်တို့ ဘယ်သူ့ကိုဓားပြတိုက်နေတယ်ဆိုတာကောသိလား""ငါတို့သိစရာလိုလို့လားကွာအချောလေးရာ မင်းကိုငါတို့ကသေချာပြုစုပေးမှာပါကွ"အငမ်းမရဖြစ်နေသောအမူရာမျိုးဖြင့် ဓားပြများ​က ပြောလိုက်ကြသည်။ လင်းအာတို့အနေဖြင့် ဂျိတ်ကောအပါဝင် ရထားထိန်းပေါင်းမှစုစုပေါင်း ခု​ နှစ်ယောက်သာရှိရာ အရေတွက်မမျှတပေ။"ကျမတို့က ထန်အိမ်တော်ကပဲ "လင်းအာပြောဆိုရင်း တံဆိပ်ပြားပြသလိုက်သည်။ထိုတံဆိပ်ကိုမြင်သော အခါ ဓားပြများလွန်စွာလန့်ဖြတ်သွား၏။ထန်အိမ်တော်ဟူသည် အလွန်နာမည်ကြီးရာ သူတို့အဖို့မသိနိုင်သည်မရှိပေ။ထန်အိမ်တော်တံဆိပ်ပြားကြောင့်ဓားပြများ ထိတ်လန့်သွားကြသည်။"ဟေ့ကောင်တွေကြောက်မနေနဲ့ သူတို့ကိုငါတို့ဖမ်းထားမယ်ဆိုရင်ထန်အိမ်တော်ကသိစရာအကြောင်းမရှိဘူး."ကျယ်လောင်သောအသံကြီးကထွက်ပေါ်လာသည်။ထိုအသံကြောင့်အစောပိုင်း၌လန့်နေဟန်ရှိသော ဓားပြများသည် ကြောက်လန့်ခြင်းမရှိတော့ပဲ ဓားပြတိုက်လိုကြပြန်သည်။ပြောလိုက်သောလူသည် ဓားပြခေါင်းဆောင်ဖြစ်ကာမျက်နှာ၌ကြီးမားသောအမာရွတ်ကြီးလည်းရှိ၏။ထိုလူကို မြင်လျှင်လင်းအာသည်ထိတ်လန့်တုန်လှုပ်သွားလေသည်။ "ရှင့်က ယုတ်မာတဲ့အမာရွတ်ပဲ""ဟားဟား...ငါ့ကိုသိတဲ့လူရှိသေးတာပဲ"အမာရွတ်ဆိုသောဓားပြခေါင်းဆောင်မှာ ရယ်မောကာပြောသည်။အမာရွတ်ဆိုသူသည် ဓားပြမှုလူသတ်မှုများ အဓ္ဓမကျင့်ကာသတ်ဖြတ်မှုများကြောင့် အလိုရှိနေသောသူဖြစ်၏။ခုချိန်သူ့အားဖမ်းမိနိုင်ခြင်းမရှိပေ။ထိူ့ပြင် သူ၏သိုင်းအဆင့်သည် သိုင်းဂရမ်းမာစတာ(lv34)ဖြစ်ပြီးနွားသိုးသိုင်းဝိညာဥ်ကိုပိုင်ဆိုင်ထားရာ ဖမ်းရခက်နေကြခြင်းဖြစ်သည်။"ကဲ ကောင်လေးတို့ ရထားလုံးပေါ်ကပါတာအကုန်ယူပြီးတော့ ဒီအချောလေးကိုတော့ ငါအရင်သုံးဆောင်မယ် ပြီးတော့မင်းတို့အလှည့်ပေါ့""ခေါင်းဆောင် အမိန့်အတိုင်းပါ"ဓားပြများကလည်း ဆာလောင်နေသောအမူရာဖြင့် ဓားများကိုင်ဆောင်ထားကာ ရထားလုံးအနီးသို့ရောက်ရှိလာကြသည်။ သူတို့၏ကိုယ်တွင်လည်း သိုင်းဝိညာဥ်ကွင်းအဖြူရောင်ကလင်းလက်တောက်ပနေသလို သိုင်းဝိညာဥ်များလည်း သူတို့၏အပေါ်၌တောက်ပနေသည်။သူတို့၏သိုင်းဝိညာဥ်များကတော့ သာမန်များဖြစ်သော တံစဥ် ဓားကောက်တို့သာဖြစ်လေသည်။အမာရွတ်ကတော့ သိုင်းဂရမ်းမာစတာဟူသောအဆင့်ကိုထုတ်ပြထားပြီး သူ၏နောက်ကျောတွင်လည်း ကြီးမားသောနွားသိုးပုံစံရှိလေသည်။"ကြောက်စရာတွေပဲ"လင်း​ဒေါင်ကြောက်လန့်တုန်လှုပ်နေသည်ဖြစ်သည်။အမာရွတ်ဟူသောနာမည်ကြားကတည်းက ရထားလုံးအပြင်မထွက်ရဲပဲ ပုန်းခိုနေခြင်းဖြစ်သည်။ထန်ယောက်ကတော့ ရထားလုံးရှိအစားများကိုစားသောက်ပြီး အိပ်ပျော်နေလေသည်။"ရှင်တို့ ကိုအနိုင်ချမဲ့သူပါလာတယ်နော်"လင်းအာစကားကြောင့် ဓားပြများတန့်သွားသည်။အမှန်တော့လင်းအာလည်း လန့်နေပြီဖြစ်သည်။သို့ရာတွင် ဓားပြများကို ဟန်ပြနေဖြ င့် ကြောက်လန့်နေခြင်းမရှိပဲ ရန်တိုက်ပေးနေခြင်းဖြစ်သည်။"ဘယ်သူမလို့ငါတို့ကကြောက်နေရမှာလဲ""သူက ရှင်တို့ကိုအနိုင်ပိုင်းနိုင်တယ်နော် ဂျိတ် အခုကူညီပေးရင် သူနဲ့တွေ့ဖို့ခေါ်သွားပေးမယ်"ထိုစကားဆုံးသွားသည်နဲ့ ရထားလုံးမှ လူတစ်ယောက်သည် ဆင်းလာလေသည်။"လင်းအာ မင်းကတော့မလွယ်ကြောပဲ ဒီတစ်ခါတော့ရှိပါစေတော့ "ဂျိတ်လည်း လင်းအာကိုပြောဆိုကာ ဓားပြများဘက်သို့မျက်နှာလှည့်လိုက်သည်။"ကဲ ဘယ်သူအရင်စပြီးလာမလဲ"

(129)အမာရွတ်၏ကျဆုံးခန်း

ဂျိတ်၏အပြောကြောင့် ဓားပြများ ရယ်မောလိုက်ကြသည်။ဂျိတ်ကသူတို့အားစနေသည်ထင်နေသောကြောင့်ဖြစ်သည်။"ဒီကောင်ကဟိတ်ဟန်များနေတာ ဘာမဟုတ်ဘူးချကြစို့"ဓားပြတစ်ယောက်မှ အရင်ဆုံးဂျိတ်ထံပြေးဝင်သွားသည်။"ရော့ကွာ "ဂျိတ်ကို ဓားပြမှအရှိန်ဖြင့်ပြေးဝင်လာပြီး ဓားဖြင့်ပိုင်း၏။ဂျိတ်လည်း ဘေးသို့ရှောင်ထွက်ကာ သိုင်းဝိညာဥ်ကိုထုတ်လိုက်၏။"ရော့ တူစာ စားလိုက်"ဂျိတ်သည် သူ၏သိုင်းဝိညာဥ်ကား ထုတ်သုံးလိုက်သည်။ဒီတစ်ခါသူသုံးလိုက်သော သိုင်းဝိညာဥ်ကား လျှပ်စီးများတောက်ပနေသော တူတစ်ချောင်းဖြစ်သည်။.ဖောင်း ဂျိတ်၏ရိုက်အားကြောင့် ဓားပြမှာလွင့်စင်ထွက်သွားသည်။တူဖြင့်အထုခံလိုက်ရသော ဓားပြမှာပြန်ပင်မထလာနိုင်တော့ပေ။"ဒီခွေးမသားကနာချင်နေပြီတူတယ်"ဓားပြများသူတို့ အဖွဲ့မှတစ်ယောက် ထိခိုက်သွားသောကြောင့်ဒေါသထွက်လာကြသည်။သူတို့သည် ဂျိတ်၏လက်ထဲရှိတူအား ကြည့်ကာ"သတ်ကြစမ်းဟေ့"ဓားပြများသည် ဂျိတ်ထံသို့ပြေးဝင်လာကြသည်။ဒီတစ်ခါတော့သိုင်းဝိညာဥ်ကွင်းအစွမ်းများပါထုတ်သုံးပြီးဝင်လာကြခြင်းဖြစ်သည်။ထို့ကြောင့် ယခုနောက်ထပ်တိုက်ခိုက်လာကြသောဓားပြများသည်အစောကဓားပြထက် အရှိန်လျင်မြန်မှု တိုက်ခိုက်မှုစွမ်းအားလူအင်အားပိုမိူများပြားလေ၏။ခေါင်းဆောင်ဖြစ်သူအမာရွတ်ကတော့ ဝင်ရောက်တိုက်ခိုက်ခြင်းမရှိသေးပေ။ဂျိတ်အား သူ၏တပည့်များနဲ့သာ ချခိုင်းထားသည်ကပင်များနေပြီဟုယူဆထားသူဖြစ်သည်။ ထန်....ထန်ဂျိတ်လည်း သူ့ထံဝင်လာသောဓားများကို တူဖြင့်ခုခံလိုက်ရာမှ အသံများထွက်ပေါ်လာလေသည်။ဓားပြများတိုက်ကွက်များကို တူဖြင့်ဝှေ့ယမ်းကာ ခုခံကာကွယ်နေသည်။ဓားပြများကလည်း တစ်နေရာတည်းမှ တိုက်ခိုက်ခြင်းမရှိ။ဘက်စုံနေရာစုံမှ အလစ်ငိုက်တိုက်ခိုက်၏။တိုက်ခိုက်ရာသောနေရာတိုင်းကိုလည်း ဂျိတ်မှတူဖြင့် ခုခံလိုက်သည်။ထို့ကြောင့် ဓားနဲ့တူထိတွေ့သည့်အခါတိုင်း မီးပွင့်များက ထွက်ပေါ်လာသည်။ဓားပြများ၏တိုက်ကွက်များက ဂျိတ်ကလည်း တူတစ်လက်ဖြင့် ရေပက်လျှင်ပင်မဝင်နိုင်သော အကွက်ဖြင့် ခုခံကာကွယ်သည်ဖြစ်သည်။နောက်ရှိ ရထားလုံးထဲမှ လင်းအာကလည်း ဂျိတ်၏အခြေနေကိုကြည့်ရှူနေလေသည်။ဂျိတ်၏တိုက်ခိုက်ရေးနဲ့သူ၏သိုင်းအဆင့်ကိုယခုအချိန်၌သိရှိရတော့မည်မဟုတ်ပါလား။ဒီတိုက်ပွဲ၌ပြသသောဂျိတ်၏စွမ်းဆောင်ရည်ကိုသူမ တစ်ယောက်အတွေးထဲအကဲဖြတ်သုံးသပ်နေသည်ဖြစ်သည်။ ("ဟွန့် အခုချိန်ထိ သူ့သိုင်းအဆင့်ထွက်လာအောင် ဒီဓားပြစုတ်တွေက မလုပ်နိုင်ဘူး")လင်းအာဒေါသထွက်နေသည်။ဓားပြများဂျိတ်ကိုတိုက်ခိုက်သည်မှာငါးမိနစ်ရှိနေပြီဖြစ်သည်။သိူ့ရာတွင် ဂျိတ်သည် သူ၏သိုင်းဝိညာဥ်ဖြစ်သော တူကိုသာထုတ်ပြီး တောက်လျှောက်ခုခံကာကွယ်နေသည်။ သိုင်းဝိညာဥ်ကွင်းကိုထုတ်သုံးခြင်းမရှိသေး။တိုက်ခိုက်သည်မှာ ကြာတော့ ဓားပြများလည်း သံသယဝင်လာလေသည်။("ငါလခွီးပဲ ဒီကောင်ကဘာကောင်လဲဟ အခုထိ ဝိုင်းချတာတောင်မဖြုံသေးဘူး")"ဟေ့ကောင်တွေ နောက်ဆုတ် ဒီကောင်ကအခုထိသူ့သိုင်းဝိညာဥ်ကွင်းစွမ်းရည်မထုတ်သုံးသေးဘူး"ဓားပြတစ်ယောက်မှ ဂျိတ်၏အခြေနေကို သိရှိကာ အော်ဟစ်လိုက်သည်။ ထိုစကားသံကြောင့် ကျန်သောသူများကလည်း သတိထားမိသွားကြသည်။"မင်းတို့သိတာနောက်ကျပြီကွ" ဂျိတ်လက်ထဲတွင်ရှိသော တူကို အရွယ်စားမြင့်တင်လိုက်၏။တူမှာကြီးမားလာပြီး လျှပ်စီးများကလည်း ပိုမိုများပြားလာကာ တူတွင်တောက်ပလျက်ရှိသည်။"မြေပြင်ထုချက်"ဂျိတ်လည်း ကိုင်ဆောင်ထားသော တူကို မြေပြင်ပေါ်သို့ထုချလိုက်သည်။"ဒိန်း"ရိုက်ချက်မှာပြင်းထန်လွန်းသောကြောင့် မြေပြင်မှာ ငလျင်လှုပ်သလိုတုန်ခါသွားသည်။ထိုသို့ဖြစ်လာမှုကြောင့်ဓားပြများဆောက်တည်ရာမရဖြစ်ကုန်ကြသည်။တစ်စက္က န့် နှစ်စက္က န့်ဟူသောအချိန်ပိုင်းလေးသည် တိုက်ပွဲ၌အပြောင်းလဲကို ဖြစ်စေနိုင်လေသည်။ထို့ကြောင့်ထိုအခြေနေကို ဂျိတ်အခွင့်ကောင်းယူကာ"လေခွင်းရိုက်ချက်19ချက်" ဂျိတ် အော်ဟစ်လိုက်ပြီး လေထဲတွင် တူရိုက်သဏ္ဏ န်ပုံ19ချက်ဝှေ့ယမ်းလိုက်သည်။"ဝုန်း..ဝုန်း....ဝုန်း..."ထိုသို့ ဝှေ့ယမ်းလိုက်သည်ပြီးသည်နဲ့"အား"နာကျင်သော အော်သံများထွက်ပေါ်လာသည်။ထိုအော်သံများသည်ဓားပြများထံမှထွက်ပေါ်လာခြင်းဖြစ်သည်။"မ..မဖြစ်နိုင်တာ"ရထားလုံးထဲမှ လင်းအာကြောက်လန့်နေသည်။လူတစ်ယောက်က သိုင်းဝိညာဥ်ကွင်းစွမ်းရည်လုံးဝမသုံးပဲ လူအုပ်ကြီးကို ဗျင်းလိုက်သောကြောင့်ဖြစ်သည်။သူများပြောပါက လင်းအာနေဖြင့်မယုံနိုင်သော်လည်း ယခုကမိမိကိုယ်တိုင်မြင်တွေ့နေရသည်ဖြစ်သည်။ဂျိတ်လေထဲ၌ တူရိုက်ဟန်19ချက်ဝှေ့ယမ်းပြီးသောအခါလေပြင်းများသည် ထွက်ပေါ်လာသောဓားကဲ့သို့သောပုံစံဖြစ်ကာ 19ယောက် သောဓားပြများကိုတိုက်ခိုက်လိုက်သောကြောင့်ဖြစ်သည်။ယခုသူမမြင်နေရသော အဖြစ်ပျက်များသည် သူမသိရှိထားသည်ထက်ဆန့်ကျင်နေလေသည်။"ကဲ ခင်ဗျားအလှည့်ပဲ အမာရွတ်"ဂျိတ် သူ၏တူကို ကိုင်မြောက်ကာ အမာရွတ်ထံညွှန်ပြရင်း ပြောလိုက်သည်။ထိုသို့သောလုပ်ရပ်ကြောင့် အမာရွတ်အလွန်ဒေါသထွက်သွားသည်။သူ့ထက်ငယ်သော ကောင်မှ သူ့အားမထီမဲ့မြင်လုပ်သည်က အလွန်ပင်ဒေါသထွက်စရာကောင်းလှ၏။သိူ့ရာတွင်သူသည် ဂျိတ်အားစိတ်ထဲ၌အနည်းငယ်ကြောက်လန့်နေပြီဖြစ်၏။သိုင်းဝိညာဥ်ကွင်းမသုံးပဲ သိူင်းဝိညာဥ်သက်သက်ဖြင့်အနိုင်ယူမှု နဲ့မြေကြီးကို တူဖြင့်ထုရိုက်လိုက်သောအခါ ဖြစ်ပေါ်လာသောတုန်ခါမှုသည် ဂျိတ်၏ခွန်အားနဲ့ သိုင်းဝိညာဥ်ဖြစ်သောသူ၏တူ မည်မျှလေးလံမည် ကို မှန်းဆမိသည်။ထို့ပြင် လေထဲတူရိုက်ခြင်းကို သူမြင်လိုက်သောအခါ၌ပင် ဂျိတ်သည် တူနဲ့တစ်သားတည်းကျနေသည့်အပြင် လေထုနဲ့လည်းအကျွမ်းတဝင်ဖြစ်ကြောင်း သိထားရပြီဖြစ်သည်။အမာရွတ်မှ ထိုသို့တွေးတောနေခြင်းကြောင့် ဂျိတ်စိတ်မရှည်တော့ပဲ"ကြာတယ် ခင်ဗျားမလာရင် ကျုပ်လာပြီ"("ဟ မြန်လိုက်တာ")ထိုမျှမြန်ဆန်မည်ဟု အမာရွတ်လုံးဝမထင်လိုက်ပေ။အလွန်လေးလံလှသောတူကို ကိုင်ထားသောဂျိတ်က မြန်ဆန်စွာမိမိထံပြေးဝင်လာသည်ကိုမြင်သောအခါ ကြောက်လန့်သွား၏။"ရော့တူစာစားလိုက်"လျှပ်စီးများလျက်နေသောတူကြီးက အမာရွတ်ခေါင်းပေါ်ကိုထုချလိုက်၏။ထိုတူထုချက်သည် မိမိအားအသက်အန္တရာယ်ခံစားစေမိသည်ဟု အမာရွတ်ခံစားမိလာသည်။ထို့ကြောင့် တုံဆိုင်းနေခြင်းမ ရှိပဲသူ၏သိုင်းဝိညာဥ်ကိုသာမက သိုင်းဝိညာဥ်ကွင်းအစွမ်းပါထုတ်သုံးလိုက်သည်။"တတိယဝိညာဥ်စွမ်းရည် နွားသိုး၏အမျက်ဒေါသ"အမာရွတ်နောက်မှ နွားသိုးကြီးသည် ဒေါသတကြီးအော်မြည်တမ်းလိုက်ပြီး အမာရွတ်ကိုယ်နဲ့ပေါင်းစပ်သွား၏။ထိုအခါအမာရွတ်၏ကိုယ်သည် နှစ်ဆကြီးလာပြီး ကြွက်သားများနဲ့ပြည့်နှက်လာသည်။အမာရွတ်၏တတိယစွမ်းရည်သည် နွားသိုး၏အမျက်ဒေါသပုံစံဖြစ်သည်။ထိုအစွမ်းသုံးပါက သုံးမိနစ်အထိ ရုပ်ပိုင်းဆိုင်ရာ ခုခံနှုန်းနဲ့ ခွန်အား က မူလရှိသည်ထက် အဆ20တိုးတက်သွားသည်ဖြစ်သည်။ထို့အချက်ကြောင့်လည်း အမာရွတ်ကိုမဖမ်းဆီးနိုင်ကြခြင်းလည်းဖြစ်သည်။"ဒုန်း"ဂျိတ်၏တူက အမာရွတ်ထံကျဆင်းသွား၏။အမာရွတ်ကလည်းသိုင်းဝိညာဥ်အစွမ်း တတိယဝိညာဥ်ကွင်းအစွမ်းများသုံးပြီးခုခံ၏။ "ဒိန်း"("ဒီကောင်က လူကောဟုတ်သေးရဲ့လား.)တူရိုက်ချက်ကြောင့်အမာရွတ်၏ခြေထောက်အောက်မှ မြေကြီးမိကအက်ကွဲလာလေသည်။ထို့နောက်အမာရွတ်၏ခြေထောက်များက မြေကြီးထဲသို့ ကျွံကျသွားသည်။အမာရွတ် ဂျိတ်အားကြောက်လန့်လာပြီဖြစ်သည်။စူအနေနဲ့ ရှိသမျှအစွမ်းကုန်ထုတ်ပြီး တူရိုက်ချက်ကိုခုခံလိုက်မှ ထိုတူရိုက်ချက်ကိုကာကွယ်နိုင်ရုံသာရှိလိုက်သည်။"အော် ခင်ဗျားကကာကွယ်နိုင်တယ်ပေါ့"ထိုစကားကြောင့် အမာရွတ်သွေးအန်ချင်သွား၏။"ဒါဆိုလည်း နောက်တစ်ချက်ထက်ခံယူပေါ့"အမာရွတ် လန့်သွား၏။သူ့အနေနဲ့ ထွက်ပြေးရအောင်လည်း ဂျိတ်ထက်မမြန်ဆန်။ ထို့ပြင်သူ၏သိူင်းဝိညာဥ်က အမြန်နှုန်းမရှိပေ။ခွန်အားနဲ့ခုခံမှုကို ပေးသော သိုင်းဝိညာဥ်ဖြစ်သည်။ "ရော့ ဒုတိယ လေပြင်းရိုက်ချက် "ဂျိတ်၏နောက်ထပ်သော တူရိုက်ချက်က အမာရွတ်ထံကျဆင်းလာပြန်သည်။ဂျိတ်သုံးနေသော တူသိုင်းသည် စနစ်မှယူထားသော သိူင်းဖြစ်သည်။ထိုတူသိုင်းသည် 81ချက်လေဟုန်ခွင်းရိုက်ချက်တူသိုင်းဖြစ်၏။ပထမတစ်ချက်မှစ၍ နောက်ထပ်သောအချက်တိုင်းတွင်တူ၏ရိုက်ချက်အားကပိုမိုတိုးသွားမည်ဖြစ်သည်။ရိုက်ချက်​များလေလေ ပိုမိုပြင်းထန်လာလေဖြစ်သည်။ ရိုက်ချက်တစ်ခုပြီးပါကနောက်ထပ်သောရိုက်ချက်သည် ပထမရိုက်ချက်ထပ် နှစ်ဆပြင်းထန်သွားမည်ဖြစ်သည်။ထိုတူသိုင်းကို တတ်မြောက်သွားပါက 81မြောက်ရိုက်ချက်သည် ဂြိုလ်တစ်လုံးကိုပင် ဖျက်စီးနိုင်စွမ်းရှိလေသည်။နောက်ထပ်သောရိုက်ချက်ကလည်း အမာရွတ်ထံကျဆင်းလာ၏။"ဒုတိယစွမ်းရည် နွားသိုးအကာကွယ်"အမာရွတ် နောက်ထပ်သောသိုင်းဝိညာဥ်စွမ်းရည်သုံးကာ ကာကွယ်ပြန်၏။ဒီတစ်ခါတော့ အမာရွတ်လည်း မကာကွယ်နိုင်တော့ပေ။ ပထမရိုက်ချက်၏ပြင်းအား နှစ်ဆရှိသော ရိုက်ချက်ကိုဘယ်လိုမှမခုခံနိုင်ပေတော့ပေ။တူကား အကာကွယ်ကိုချိုးဖောက်ကာအမာရွတ်ကိုယ်သို့တိုက်ရိုက်ကျဆင်းသွားသည်။"အား...."အမာရွတ်လည်း ဂျိတ်၏ရိုက်ချက်ကြောင့် ကျရှုံးသွားခဲ့လေပြီဖြစ်သည်။

All Chapters