အခန်း (၁၃၀-၁၃၂)
Vol. 9 Ch. 130-132
(130)နေရာကိုသိရှိခြင်း
ရထားလုံးထဲရှိ လင်းအာ ကတော့တုန်လှုပ်ခြောက်ခြားနေလေ၏။ထိုအဖြစ်ရပ်မျိုးကို ကိုယ်တိုင်တွေ့မြင်လိုက်ရခြင်းကြောင့် ဆိုလျှင်ပို၍မှန်ပေသည်။("မဖြစ်...မဖြစ်နိုင်တာ...")နာမည်ကြီးလှသော အမာရွတ်ဆိုသူကို ဂျိတ်မှ သူ၏သိုင်းဝိညာဥ်လက်နက်သီးသန့်သုံးကာ အနိုင်ယူလိုက်သောကြောင့်ဖြစ်သည်။မြင် ခဲ့ရသောတိုက်ပွဲကြောင့် ဂျိတ်၏မည်မျှသန်မာလှကြောင်းကိုလည်းသိရှိထားပြီဖြစ်သည်။("သူကဘယ်အဆင့်ရောက်နေတာလဲ")လင်းအာမခန့်မှန်းတတ်တော့။တိုက်ပွဲ၌ပြသသွားသော အင်အား အမြန်နှုန်းများသည် အနည်းဆုံး သိုင်းဂရမ်းမာစတာတော့အသာလေးရောက်ရှိနိုင်လေသည်။တိုက်ပွဲကိုမြင်လိုက်ရသော ရထားလုံးမောင်းသူများကလည်းပါးစပ်ကြီးဟလျက်နဲ့အံ့သြနေကြသည်။မိမိတို့ရထားလုံး၌ပါလာသောလူစိမ်းသည် ထိုမျှအထိကြမ်းသည်ဆိုသည်ကို မယုံနိုင်ဖြစ်နေသည်။သို့ရာတွင် လက်ငင်းမျက်မြင်ကိုယ်တွေ့မြင်ထားကြရာဂျိတ်ကိုလေးစားနေကြပြီဖြစ်သည်။"သခင်လေး...သခင်လေး ရောဂါပြန်စလာပြီနဲ့တူတယ်"အထိန်းတော်ကြီးသည် သတိလစ်ထားသော သခင်လေးလင်းဒေါင်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။သူ၏သခင်လေးသည် အမာရွတ်ဟူသောနာမည်ကြားကတည်းက ကြောက်လန့်နေပြီဖြစ်၏။ရထားလုံးအပြင်၌ဖြစ်နေသောတိူက်ပွဲကို သခင်လေးသည်ချောင်းကြည့်နေသေးသည်ကို သူပါလိုက်ပါကြည့်နေသောကြောင့်သတိလစ်ရခြင်း၏အကြောင်းကို သိထားခြင်းဖြစ်သည်။ရထားလုံးအပြင်၌ သခင်မလင်းအာခေါ်လာသော လူစိမ်းသည်အမာရွတ်ကိုအနိုင်ယူသောအခါ၌ လင်းဒေါင် ကြောက်လန့်ကာမျက်လုံးများပြူးလာ၏။ထို့နောက် တစ်ခါတည်း သတိလစ်သွားခြင်းလေသည်။သူ၏သခင်လေးသည် ထိုလူနဲ့အချင်းများဖူးကြောင်း သိထားသည်။လက်စားချေရန်လည်း သခင်လေးမှ ကြံစည်ထားသေး၏။ထိုအကြံကြံပြီး ခနတာ၌ ထိုလူစိမ်း၏တကယ့်စွမ်းရည်ကိုမြင်လိုက်သောအခါ သခင်လေးသည် ငယ်စဥ်က ရှိသော ရောဂါပြန်ထလာခြင်းဖြစ်၏။ ငယ်စဥ်ကရှိသောရောဂါသည် စိတ်လှုပ်ရှားလွန်သည်ဖြစ်သည် ကြောက်လန့်သည်ဖြစ်စေ ချက်ချင်းတုန်လှုပ်ကာသတိလစ်သွားခြင်းဖြစ်၏။ ဂျိတ်လည်း အမာရွတ်ကိုလက်စသတ်ပြီးသည်နဲ့ ရထားလုံးထဲသို့ပြန်လာလိုက်သည်။ထို့နောက် လင်းအာကို"သွားမယ်လေ ဘာလို့ရထားလုံးကိုရပ်ထားနေရဦးမယ်လဲ""ခဏလေး လေ အမာရွတ်ကို ရထားလုံးနောက်ခန်းမှာထားရဦးမယ်"လင်းအားစကားကြောင့် ဂျိတ်လည်း"ဘာလို့သူ့ကို ထည့်လာရဦးမှာလဲ""ရှင် ဘာသိလို့လဲ သူ့ကို ဖမ်းပြီးရဲမက်တွေဆီပို့ရင် ဆုငွေရမှာလေ".......................
ရထားလုံးနှစ်စင်းကား ဆက်လက်သွားလေသည်။အရည်သွေးကောင်းမွန်သောမြင်းများကို အသုံးပြုထားသောကြောင့်လည်း ပုံမှန်ခရီးသွားချိန်ထက် ပိုမိုမြန်ဆန်လေသည်။ပုံမှန်ဆိုလျှင် သွမ့်မြို့မှထန်မြို့တော်သို့သွားမည်ဆိုပါက မနက်ငါးနာရီမှသွားလျှင် ညရှစ်နာရီရောက်သည်ဖြစ်သည်။ ယခုမှာအကောင်းဆုံးမြင်းများသုံးထားသလို ဖြတ်လမ်းကိုလည်းရွေးချယ်သွားလာသောကြောင့် နေ့လယ်အချိန်၌ပင် ထန်မြို့တော်သို့ရောက်ရှိလာကြလေသည်။ယခုဆိုလျှင် ထန်မြို့တော်၏မြို့ဝင်တံခါးသို့ပင်ရောက်ရှိလာလေသည်။"ဝါး စားလို့ကောင်းတာနဲ့ အိပ်လိုက်တာ အိပ်လို့လည်းတယ်ကောင်းပါ့ဗျာ"ယခုမှ ထန်ဟောက်လည်းအိပ်နေရာမှ နိူးထလာသည်။မနက်ကအစာကောင်းများစားပြီး ရထားလုံး၌ခင်းကျင်းထားသော နူးညံသောအခင်းများကြောင့် ငိုက်မြည်းကာအိပ်ပျော်သွားခြင်းဖြစ်သည်။တိုက်ပွဲ ဖြစ်ခဲ့သည်ကိုပင် ထန်ဟောက်မသိလိုက်ပေ။ထန်ဟောက်၏အမူရာကြောင့် လင်းအာပင်ပြုံးမိသွားသည်။ဒီလိုကလေးနဲ့ ခရီးသွားရင်း လင်းရုံကိုဂျိတ်အဘယ်ကြောင့်တွေ့ချင်နေရသနည်းကို သူမအနေဖြင့်လည်း မစဥ်းစားတတ်ပေ။"ဝင်ကြေး ပေးဆောင်ရပါမယ်"တံခါးစောင့်မှပြောသည်။ ထိုအခါ ရထားလုံးပြတင်းပေါက်မှ လင်းအာလည်း မိသားစုတံဆိပ်ပြား ပြသလိုက်သည်။တံဆိပ်ပြားမြင်သောအခါ အစောင့်သည်"လင်းမိသားစုကလား ဒါဆိုပေးစရာမလိုပါဘူး ဝင်ပါဗျ"တံခါးစောင့်မှ ချက်ချင်းဆိုသလိုပြောင်းလဲသွားကာ ဝင်ခွင့်ပေးလိုက်သည်။("ဒါက ထန်မြို့တော်ပေါ့")ဂျိတ်လည်း ကြီးကျယ်လှသောမြင်ကွင်းကိုကြည့်ကာတွေးတောမိသည်။နေ့ခင်းဖြစ်၍ ပူသော်ငြားလည်း လူအုပ်ကြီးသည် နေရာအနှံ့ပြားသွားလာနေကြသည်။နေရာတိုင်းလည်း လူစုလူဝေးများဖြင့်စည်းကားနေလေသည်။ဤသည်ကား ထန်မြို့တော်၏နေ့တိုင်းတွေ့မြင်နိုင်သော မြင်ကွင်းပင်ဖြစ်လေသည်။("ဒီမြို့ကြီးက မဆိုးပါဘူး")မြို့တော်အတွင်းသွားလာလှုပ်ရှားသူများတွင် သာမန်လူများသာမကသိုင်းပညာရှင်များလည်း သွားလာလှုပ်ရှားနေကြသည်။ထို့ကြောင့်ထန်မြို့ကြီးသည် ကျားနဲ့နဂါးပုန်းကွယ်နေသောမြို့ကြီးလည်းဖြစ်ကြောင်းလည်း ပြောဆို၍ရနိုင်လေသည်။ "ဒီရထားလုံးက"ထန်မြို့၌အနေကြာသောလူတိုင်းက တံခါးပေါက်မှဝင်လာသောရထားလုံးနှစ်စင်းမြင်သည်နဲ့ အလိုက်သင့်ရှောင်တိမ်းသွားကြသည်။ထိုရထားလုံးများကို လင်းမိသားနဲ့ထန်မိသားစုမှသာစီးနှင်းကြသည်ဖြစ်ရာ လူအများက ရှောင်ကြခြင်းဖြစ်သည်။"ကျမတို့အရင်ဆုံး တရားစီရင်ရေးသွားမယ် အဲ့မှာအမာရွတ်ကိုပို့ပြီးဆုငွေယူကြတာပေါ့"ဂျိတ်လည်း ငြင်းနေခြင်းမရှိလက်ခံလိုက်သည်။တရားစီရင်ရေးဌာနသည် တရားသူကြီးဆုံးဖြတ်အမူစစ်ပေးသောနေရာလည်းဖြစ်၏။ထို့ကြောင့် ထိုနေရာရှိအစောင့်ကိုပင် သိုင်းဝိညာဥ်အဆင့်8ရှိမှသာခန့်အပ်ပေသည်။ရထားလုံးသည် လင်းအာပြောသောနေရာသို့ သွားလေသည်။"ဟေ့ ဟိုမှာ လင်းမိသားစုကထင်တယ် ဒီကိုဘာလာလုပ်တာလဲ မသိဘူး" တရားစီရင်ရေးနေရာကိုစောင့်ကြပ်ရသော အစောင့်များ၏မျက်နှာက သုံမှုံသွားသည်။ဒီနေရာကို လင်းမိသားစုရောက်လာသည်ဆိုပါက ကောင်းသောအရာမဟုတ်။ကန့်လန့်လုပ်တတ်သောကြောင့်ဖြစ်၏။လင်းမိသားစုသည်ထန်မိသားစုနဲ့ပေါင်းစည်းထားရာ တရားစီရင်ရေးကပင် ကြောက်ရလေသည်။ထို့ကြောင့် လင်းမိသားစုမှ ပြသနာရှာ၍ ရောက်လာပါက ချိုးနှိမ်ပြီးသည်းခံဆက်ဆံကြရသည်။လင်းမိသားစုတစ်ယောက်မှ တစ်ဖက်အားရိုက်နှက်သောကြောင့်တစ်ဖက်သားမှ တိုင်ကြားလျှင်ပင် တရားစီရင်ရေးမှာ မသိချင်ယောင်ကာ အမူပိတ်ရသေး၏။ထို့ကြောင့် လင်းမိသားစုဆိုသည်နဲ့အစောင့်များသည် မျက်စိမွှေးစူးနေကြခြင်းဖြစ်သည်။"ဒီနေ့ ကျမလာတာက ဆုကြေးလာထုတ်တာ"လင်းအာပြောဆိုပြီး သူမ၏ရထားလုံးမောင်းသူကို နောက်ခန်းမှထုတ်စေခိုင်းသည်။ထိုစကားကြောင့် တရားစီရင် ရေးနေရာစောင့်သူများ တွေဝေသွားသည်။ ("ဒီတစ်ခါလာတာကပြသနာရှာလာတာပဲဖြစ်ရမယ် ဒီတိုင်းဆိုရိုးလို့နောက်တစ်မျိုးပြောင်းတာပဲဖြစ်မယ်")"ဒီလူကို ဆုကြေးနဲ့လာလဲတာ""နေစမ်းပါဦး လင်းသခင်မ သူကဘယ်သူတုန်း."အစောင့်များ မိမိတို့ရှေ့ရောက်လာသော ကြိုးများဖြင့်ချည်ခံထားရသောလူကိုကြည့်လိုက်၏။သူတို့စိတ်ထဲရင်းနှီးသည် မြင်ဖူးသည်ဟုခံစားရသော်လည်း ဘယ်သူမှန်း အသေချာမသိရှိကြပေ။"သူက အမာရွတ်လေ""သူက အမာရွတ်... ဘာသူကအမာရွတ်လား"အစောင့်များ မျက်လုံးပြူးသွားကြသည်။နောက်တစ်ခေါက်သေချာပြန်ကြည့်ရာ အမာရွတ်နဲ့တူကြောင်းလည်းတွေ့ရလေသည်။အစောင့်များလုံးဝထိတ်လန့်သွားလေသည်။နာမည်ကြီး ဆိုးသွမ်းလှပါသည်ဆိုသော လူဆိုးကြီးသည် ယခုအခါ သူ၏အမေပင်ရှိပါကသေချာမမှတ်မိနိုင်လောက်အောင်ဖြစ်သည်အထိရုပ်ဆိုးနေသည်။ ဒါကလည်း ဂျိတ်၏လျှပ်စီးတူကြောင့်ဖြစ်၏။တူ၏ရိုက်ချက်အပြင်လျှပ်စီး၏အစွမ်းကြောင့် နောက်တစ်ရုပ်ထွက်သွားသည်အထိဖြစ်သွားရခြင်းလည်းဖြစ်သည်။"ဆုကြေးပေးတော့မြန်မြန်လေး""ဟုတ်...ဟုတ်...ခဏလေးစောင့်ပေးပါ"ပြောဆိုရင်း အစောင့်တစ်ယောက်သည် ဌာနထဲသို့ပြေးဝင်သွားလေ၏။အစောင့်တစ်ယောက်သာ လင်းအာအနားရှိ အမာရွတ်ကိုကြည့်လိုက် လင်းအာကိုကြည့်လိုက် အံအားသင့်နေ၏။ဒီနူးညံ့လှသော မိန်းကလေးက အမာရွတ်ကိုထိုမျှအထိ ဖြစ်အောင်လုပ်လိုက်သည်လား။ဒါကသူ၏ခေါင်းထဲရောက်ရှိလာသောအတွေးဖြစ်၏။ထိုအတွေးကြောင့် လင်းအာကို မသိစိတ်ထဲတုန်လှုပ်သွားသည်။("မိန်းမတွေက အင်မတန်ကြောက်စရာကောင်းတာပဲ")တစ်အောင့်မျှကြာသောအခါ ပြေးထွက်သွားသောအစောင့်သည်နောက်ထပ်သောအစောင့်တစ်သိုက်နဲ့ရောက်ရှိလာလေသည်။ "ရော့ သခင်မလေး ဆုကြေးငွေပါ "ပြောရင်း လင်းအာလက်ထဲသို့ တံဆိပ်ပြားပေး၏။ထိုတံဆိပ်ပြားသည် ဘဏ်တံဆိပ်ပြားလည်းဖြစ်၏။ထိုတံဆိပ်ပြားတွင် နံပတ်များလည်းပါရှိ၏။ထိုနံပတ်များသည် သင်ထုတ်ယူနိုင်သော ငွေကြေးလည်းဖြစ်လေသည်။ထိုတံဆိပ်ပြား၌ ရွှေတစ်သိန်းရေးသားထားရာ အမာရွတ်သည် မည်မျှဆိုးသွမ်းကြောင်း သိရှိနိုင်လေသည်။"ကောင်းပြီ ဒါဆို ကျမသွားပြီ"လင်းအာလည်း ဆုငွေရသည်နဲ့ ရထားလုံးနဲ့အတူ ပြန်ထွက်သွားလေသည်။"သူကိုဖမ်းပြီး သေချာစောင့်ကြပ်ထားလိုက်"ပြန်လာသောအစောင့်နဲ့အတူလိုက်ပါလာသောအစောင့်တစ်သိုက်သည် မူးမေ့နေတုန်းဖြစ်သော ရုပ်ပျက်နေသောအမာရွတ်အားထောင်ထဲသို့ပို့ဆောင်ရန် ခေါ်သွားကြလေတော့သည်။ဤသို့ဖြင့် နာမည်ကြီးအမာရွတ်သည် ထန်မြို့ရှိထောင်ထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။....................."ရော့"လင်းအာသည် တံဆိပ်ပြားက်ို ဂျိတ်အားပေး၏။ဂျိတ်သည် အမာရွတ်ကိုအနိုင်ယူခဲ့သူဖြစ်ရာ တံဆိပ်ပြားကို ဂျိတ်အား လင်းအာပေးခြင်းဖြစ်သည်။"ကျုပ်မလိုပါဘူး ကျုပ်ဖြစ်ချင်တာက လင်းရုံက်ိုတွေ့ရဖို့ပါပဲ"ရွှေတစ်သိန်းကို ဂျိတ်လက်မခံသောကြောင့် လင်းအာအံသြ သွားသည်။ထိုလူသည် ရွှေတစ်သိန်းကို သူ၏မျက်စိထဲ၌ထည့်ပုံမရပေ။သူသည် လင်းရုံကိုသာတွေ့ချင်သည်ဟုဆိုနေသည်။ထိုလူ၏စိတ်ကို သူမအနေနဲ့ဘယ်လိုမှ မခန့်မှန်းနိုင်ကြောင်း ဝန်ခံရပေတော့မည်ဖြစ်သည်။ရထားလုံးလည်းဆက်လက်မောင်းနှင်လာရာ လင်းမိသားစုနဲ့အနီးနားပင်ရောက်ရှိလာပြီဖြစ်သည်။ "ကောင်းပြီ ဒါနဲ့ ရှင်လည်းခရီးပမ်းလာတော့ကျမရဲ့လင်းမိသားစုမှာအရင်တည်းဦးမလား ပြီးမှ လင်းရုနဲ့တွေ့ဖို့ကျမစီစဥ်ပေးမယ်လေ""မလိုပါဘူး လင်းရုံဘယ်မှာရှိတယ်ဆိုတာပဲပြောလိုက်ပါ"ထိုစကားကြောင့် လင်းအာစိတ်တိုမိသည်။သူမ ကိုဖိတ်သောလူကများသလောက် သူမကပင် ငြင်းဆန်ခဲ့သည်သာဖြစ်သည်။ယခုမှာမူမိမိရှေ့လူသည် မိမိမည်မျှပင်ချိုသာစွာပြောဆိုပါစေ မိမိအားအဖက်မလုပ်ပေ။ထို့ကြောင့်လင်းအာသူမကိုယ်သူမ သံသယပင်ဝင်လာလေသည်။ငါတကယ်ကြီးရုပ်ဆိုးနေလို့လား။ဤအတွေးသည် လင်းအာဘဝ၌ပထမဆုံးဖြစ်ပေါ်လာသောအတွေးပင်ဖြစ်သည်။"လင်းရုံက ကျမတို့မိသားစုကဆိုပင်မဲ့ တစ်နှစ်မှ နှစ်ခေါက်ပြန်လာတာပါ အခုချိန်ဆိုသူက ထန်မြို့ရဲ့ကျောင်းတော်ကြီးမှာ ရှိနေမှာပါ"ဂျိတ်၏မျက်လုံးများတောက်ပလာသည်။ယခုအခါလင်းရုံဘယ်မှာရှိသလဲကို သူသိနေပြီဖြစ်သောကြောင့် ထန်ဟောက်အားခေါ်ကာရထားလုံးမှဆင်းလာလိုက်ကြသည်။ ရထားလုံးအပြင်ဘက်၌လင်းအာသည် ဂျိတ်တို့နှစ်ယောက်ထွက်သွားသောမြင်ကွင်းကို ကြည့်ကာ တံဆိပ်ပြားကို တင်းကျပ်စွာဆုပ်ကိုင်ထားရင်း ဒေါသထွက်မိသည်။
(131)အော်ခေါ်လိုက်ပြီ
ဂျိတ်လည်းထန်ဟောက်ကိုခေါ်ကာ လင်းရုံရှိသည်ဟုဆိုသောကျောင်းတော်ဆီသို့ဦးတည်လာကြသည်။"သခင်မလေး ဘယ်ကတည်းကရောက်လာတာလဲ"လင်းမိသားစု၏အိမ်တော်ထိန်းက အိမ်သို့ပြန်လည်ရောက်ရှိလာသော လင်းအာကိုမေးသည်။လင်းအာသည် သွမ်မြို့သို့နှစ်လခရီးသွားသည်ဆိုသော်လည်း တစ်လတည်းနဲ့ ပြန်လည်ရောက်ရှိလာသောကြောင့်ဖြစ်၏။"ဘာမဟုတ်ဘူး ဒီတိုင်းနေရတာပျင်းလာလို့ပြန်လာခဲ့တာ"လင်းအာလည်း ပြောရင်းသတိရသွားကာ"ဦးလေး လင်းရုံမှာ သွမ်မြို့ကဂျိတ်ဆိုတဲ့နာမည်နဲ့ သူငယ်ချင်းရှိလား"လင်းအာသည် အိမ်တော်ထိန်းအားငယ်စဥ်ကတည်းကဦးလေးဟုခေါ်လေ့ရှိသည်။ထို့ကြောင့်ထိုသို့မေးလိုက်ခြင်းဖြစ်သည်။"ဂျိတ်ဟုတ်လား ဦးလေးတော့မကြားမိပါဘူး""အဲ့ကောင်ကတော်တော်မုန်းဖို့ကောင်းတာ အခုလည်း ဒီမြို့ရောက်တာတောင် သူနဲ့တွေ့ချင်နေတယ်ဆိုပြီး ချက်ချင်းကိုလင်းရုံရှိတဲ့ကျောင်းကိုလိုက်သွားတာပဲ"လင်းအာကတော့ သူမ၏မကျေနပ်ချက်များကို အိမ်တော်ထိန်းထံဖွင့်ထုတ်နေပြီဖြစ်သည်။အိမ်တော်ထိန်းလည်း လင်းရုံကိုပါကျွေးမွေးပြုစုစောင့်ရှောက်လာသူဖြစ်ရာ လင်းရုံအကြောင်းသိသူဖြစ်သည်။"ဂျိတ်ဆိုတဲ့ကောင်လေးကဘယ်လိုပုံစံရှိလဲ သခင်မလေး သိသလောက်ပြောပါဦး"အိမ်တော်ထိန်းမေးလိုက်သည်။ပုံပန်းအသွင်ပြင်သိမှသာဘယ်သူဘယ်ဝါဖြစ်သည်ကိုခန့်မှန်း၍ရမည်ဖြစ်သောကြောင့်ဖြစ်၏။ "သူပုံစံကတော်တော်တည်ငြိမ်တဲ့ပုံမျိုး မှတ်မိပြီ သူ့ဘေးမှာလည်းကလေးတစ်ယောက်ပါသေးတယ် ခုမှဆယ်နှစ်ပြည့်တာထင်တယ်ပေတိပေစုတ်လိုလေး ""အင်း...သူကိုထန်ဟောက်လို့တော့ ခေါ်တာကြားမိတယ်"လင်းအာ၏စကားကြောင့် အိမ်တော်ထိန်းစိတ်ထဲတုန်လှုပ်သွား၏။("ဘာ....ထန်.....ထန်ဟောက်...ဆိုပါလား")"ဦးလေးဘာဖြစ်တာလဲ လန့်နေသလိုပဲ"လင်းအာလည်း အိမ်တော်ထိန်း၏အမူရာကိုကြည့်ကာမေးသည်။"ဘာမှမဖြစ်ပါဘူး သခင်မလေး အခုမှရောက်တယ်ဆိုတော့သွားနားလိုက်နော် ပြီးမှသခင်မလေး ကြိုက်တာတွေပြင်ဆင်ပေးမယ်"လင်းအာလည်းခေါင်းညိတ်ကာ အနားယူရန် အိမ်တော်ထဲသို့ဝင်သွားလေသည်။ရပ်၍ကျန်သောအိမ်တော်ထိန်းကို ယခုလင်းအာမြင်မည်ဆိုပါက နောက်ယာက်သဖွယ် မြင်တွေ့ရမည်ဖြစ်သည်။သူ၏အမူရာသည် လုံးဝကြောက်မက်ဖွယ်ကောင်းသောပုံစံဖြစ်နေသည်။ယခင်တုန်းကလို ပျော်ပျော်ရွှင်ရွှင်ပုံစံမရှိတော့ပေ။ ("ဂျိတ်တော့ ငါမသိပင်မဲ့ ထန်ဟောက်ဆိုတော့ ဧကန္တ...")အိမ်တော်ထိန်းလက်သီးများဆုတ်လိုက်သည်။("မဖြစ်ဘူး သခင်လေးကိုသတင်းပေးရမယ်")..............တရားစီရင်ရေးဌာန၌"ဟာ အကြီးကဲပြန်လာပြီနော်"အစောင့်များက အကြီးကဲဆိုသူအားနှုတ်ဆက်ကြသည်။အကြီးကဲဆိုသူ၏သွင်ပြင်သည် အသက်နှစ်ဆယ်ကျော်သာရှိသေးကာထက်မြက်သောအသွင်ပြင်ရှိသည်။ထိုသူသည် တိကျမှန်ကန်စွာလုပ်ဆောင်တတ်သောကြောင့် အစောင့်များက လေးစားရိုသေကြသည်။"ပြန်လာပါပြီ ဒါနဲ့မင်းတို့တစ်ခုခုပြောစရာရှိနေပြီနဲ့တူတယ်""အကြီးကဲကလည်း သိနေပြန်ပြီ အကြီးကဲပြောသလိုပဲ သတင်းတစ်ခုရှိတယ် အမာရွတ်ကိုဖမ်းမိထားပြီ ကျနော်တို့အချုပ်ခန်းထဲမှာပဲချုပ်ထားတယ်" "အို"အကြီးကဲဆိုသူ အံအားသင့်သွားသည်။"အဲ့လောက်ဆိုးသွမ်းတာကို ဘယ်သူဖမ်းလာတာလဲ""အကြီးကဲ ဒီတစ်ခေါက်က လင်းမိသားစုကလင်းအာဆိုတဲ့သခင်မလေးပါ""အဲ့ဆို အမာရွတ်ကိုချုပ်ထားတဲ့နေရာပြပါဦး"လင်းမိသားစုဆိုသောကြောင့် အကြီးကဲသည် မတူတန်သောမိသားစုဟု ထင်လိုက်သည်။ အကြီးကဲဆိုသူသည် ဒီထန်မြို့၌ သာလုပ်ကိုင်သောသူမဟုတ်။သူ၏အလုပ်သည် စုံထောက်ဖြစ်ကာထောက်လှမ်းရေးကိုဆောင်ရွက်ရသည်။ထောက်လှမ်းရေးမစ်ရှင်လုပ်ကိုင်ရာတွင် သူ၏မစ်ရှင်၌ကြီးမားသောကွင်းဆက်သဲလွန်စကို ရရှိရန်အလို့ငှာ ထန်မြို့သိူ့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ယခုတရားစီရင်ရေးဌာန၌ အကြီးကဲဟူသောအမည်ဖြင့် တရားစီရင်ရေးများကို ကိုင်တွယ်ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။ ထန်မြို့ရောက်ကတည်းက သူကြည့်မရသည်ကတော့ လင်းမိသားစုဖြစ်သည်။ထန်မိသားစုနဲ့အမျိုးစပ်သည့်အချက်နဲ့ လူအများကိုမင်းမူနေသည်ကိုသူ့အနေနဲ့ ကြည့်ရှု၍မရပေ။သို့ရာတွင် လိုက်နေသောသဲလွန်စပျက်မည်စိုးသောကြောင့်သာ ငြိမ်သက်နေခြင်းဖြစ်သည်။"အကြီးကဲရောက်ပါပြီ"အစောင့်များက အခန်းရှေ့ထိအထိလိုက်လံပြသကြသည်။အကြီးကဲဆိုသူလည်း ထိုအခန်းထဲသို့ဝင်သွားသည်နဲ့"အို"တစ်ခွန်းသာပြောနိုင်၏။သူ၏အစောင့်များသာ အမာရွတ်ဟူမပြောလျှင် သူပင်မယုံကြည်ဖြစ်မိမှာသေချာပေသည်။အကြီးကဲ သေချာကြည့်ရှုမှ ဝရမ်းပြေးအမာရွတ်မှန်းသိလိုက်ရသည်။"ဘယ်လိုကောင်နဲ့ တွေ့လို့ ဒီလိုတောင်ဖြစ်သွားတာလဲ"အမာရွတ်ကို အကြီးကဲမှစိတ်ဝင်စားစွာ အသေးစိတ်အကဲခတ်ကြည့်ရှုနေသည်။အမာရွတ်၏ဒဏ်ရာပြင်းထန်သောကြောင့် ရက် အနည်းငယ်ဆေးကုသပြီးမှသာ ထောင်ထဲသို့ပို့ဆောင်ပေးမည်ဖြစ်သည်။"လင်းမိသားစုကလင်းအာတော့ လုပ်တာမဖြစ်နိုင်ဘူးတစ်ယောက်ယောက်လုပ်တာကို လင်းအာကလာထုတ်တာပဲဖြစ်ရမယ်"အကြီးကဲနေနဲ့ အမာရွတ်ကိုကြည့်ခြင်းဖြင့် လင်းအာမလှုပ်နိုင်မှန်းသိရှိသွားသည်။သူအနေနဲ့ထိုသို့သုံးသပ်ရခြင်းမှာ လင်းမိသားစုကိုအသေးစိတ်လေ့လားထားသောကြောင့်ဖြစ်သည်။သိုင်းဝိညာဥ်များသည် မိဘများထံမှအမွေဆက်ခံဆင်းသက်လာခြင်းဖြစ်သည်။လင်းမိသားစုများသည် ကျားသိုင်းဝိညာဥ်နဲ့မြေခွေးသိုင်းဝိညာဥ်များသာရှိသည်။ ယခုအမာရွတ်ရထားသော ဒဏ်ရာသည်လွန်စွာပြင်းထန်လှ၏။သူ၏ဒဏ်ရာရပုံသည် ကြီးမားလေးလံသောအရာနဲ့အထုခံရသလိုဖြစ်နေသည်။မြေခွေးသိုင်းဒါမှမဟုတ် ကျားသိုင်းဝိညာဥ်နဲ့သာအမာရွတ်မှထိခိုက်မိသည်ဆိုပါက ကုတ်ရာကုတ်ချက်များ ရရှိမည် ဖြစ်သည်။ထို့ကြောင့်လင်းမိသားစုမှလူမဖြစ်နိုင်တော့ပေ။အင်အားဖြင့်ထုထောင်းခြင်းခံထရသောကြောင့်လည်း မိန်းမ မဖြစ်နိုင်ပေ။ထိုကြောင့် အမာရွတ်ကိုတိုက်ခိုက်သူသည် ယောကျာ်းဖြစ်သည်။ယခုမှကုတ်ရာမရှိသောကြောင့် လက်နက်အမျိုးစားဟုအကြီးကဲမှတွေးမိသည်။လက်နက်အမျိုးစား၌လည်း ပြင်းထန်ပြီးလေးလံသောလက်နက်များကိုစဥ်းစားရသေးသည်။ပြင်းထန်ပြီးလေးလံသော လက်နက်များတွင် ပုဆိန်တင်းပုတ် တူများရှိလေသည်။အမာရွတ်၏ထိခိုက်ပုံစံသည် အားများသောအရာ၏ထုထောင်းခြင်းကိုခံစားရရာ တူမှလွှဲမဖြစ်နိုင်တော့ပေ။လေးလံသောတူကိုကိုင်ဆောင်မည်ဆိုပါက အင်အားကြီးသောလူဖြစ်ရမည်။အမာရွတ်၏မျက်နှာမဲကျွမ်းနေရခြင်းသည် လျှပ်စီးဓာတ်ကြောင့်ဖြစ်ရမည်။ထိုအချက်များကိုစုပေါင်းပါက အမာရွတ်အားတိုက်ခိုက်အနိုင်ယူသောလူသည် လျှပ်စီးဓာတ်ပါသော လေးလံလှသော တူသိုင်းဝိညာဥ်ကို ပိုင်ဆိုင်သောခွန်အားကြီးသော လူတစ်ယောက်ဖြစ်မည်ဟုအကြီးကဲသုံးသပ်လိုက်သည်။ "အစောင့်တို့ မြို့ထဲမှာ လျှပ်စီးတူသိုင်းဝိညာဥ်ပိုင်ဆိုင်တဲ့ ခွန်အားကြီးတဲ့လူရှိမရှိ သတင်းစုံစမ်းကြစမ်း တွေ့ရင်ချက်ချင်းသတင်းပို့""ဟုတ်ကဲ့ပါ အကြီးကဲ"အစောင့်များလည်း ချက်ချင်းပင် စုံစမ်းရန်ထွက်ခွာသွားလိုက်ကြသည်။"မင်းဘယ်လိုလူဆိုတာငါသိချင်နေပြီ."အကြီးကဲ အပြင်ဘက်သို့ငေးကြည့်ကာတစ်ကိုယ်တည်းရေရွတ်လိုက်သည်။ ထိုလူနဲ့တွေ့ပါက သူလိုက်သောအမူ၏သဲလွန်စများဆက်လက်ရရှိမည်ဟု သူ၏မသိစိတ်မှခံစားမိနေသောကြောင့်ဖြစ်သည်။.............."ဒါက ထန်မြို့ရဲ့ကျောင်းတော်လား"ဂျိတ် ကျောင်းအဝင်ဝကိုကြည့်ကာရေရွတ်မိသည်။ထိုကျောင်းတော်၏ပုံစံသည် ယခင်ဘဝက တက္က သိုလ်ကျောင်းကြီးအလားကြီးမားခမ်းနားလှပေသည်။ထန်ဟောက်ကိုဆွဲပြီး ဝင်မည်အပြု "ဟေ့မင်းဘယ်သူလဲ ကျောင်းဝင်ခွင့်ပြစမ်း"ကျောင်းအစောင့်ဆိုသူမှ ဂျိတ်အားလာရောက်တားမြစ်သည်။"ဝင်ခွင့်လားမရှိဘူး"ဂျိတ်လည်း အမှန်တိုင်းဖြေသည်။"ဟယ် ကျောင်းထဲကိုခိုးဝင်ချင်တဲ့သူတွေလဲရှိတယ်နော် အံပ"ထိုစကားကိုဆိုသူကတော့ ဂျိတ်၏အနောက်မှ ရောက်လာသောသူဖြစ်သည်။ထိုလူသည် ထန်မြို့ကျောင်းတော်၏ကျောင်းသားဖြစ်သည်။ဂျိတ်အား ကျောင်းထဲ ခိုးဝင်သောသူဟုထင်နေသည်လည်းဖြစ်သည်။"ကျောင်းထဲကိုလာတာ လင်းရုံနဲ့တွေ့ချင်လို့ပဲ ပြီးရင်ပြန်ထွက်သွားမယ်""ဟ လင်းရုံတဲ့ မိုက်ရိုင်းလိုက်တဲ့ကောင်"ဒီတစ်ခါတော့ ဂျိတ်အနား၌ရှိနေကြသော ကျောင်းထဲဝင်ရန်ပြင်ဆင်နေကြသော သူတိုင်း ဂျိတ်ကို ဒေါသတကြီးဖြင့်ကြည့်လာကြသည်။အစောင့်လဲဒေါသ တကြီးကြည့်နေသည်။ "ဒီလိုကောင်ဘယ်လိုလဲဟ မိုက်ရိုင်းလိုက်တာ ငါတို့အားကျရတဲ့ သူကိုများ မလေးမစားနဲ့"များစွာသောလူများ၏အကြည့်များက ဂျိတ်နဲ့ထန်ဟောက်အပေါ်ကျရောက်လာသည်။သူတို့၏အကြည့်ဖြင့်သာ မီးလောင်စေမည်ဆိုပါက အစောကတည်းကပင် ဂျိတ်တို့လောင်ကျွမ်းပြာကျသွားမည်ဖြစ်သည်။သို့ရာတွင် ဂျိတ်ကတော့ ဖုတ်လေငပိ အတိုင်းရှိသည်ပင်မထင် အစောင့်အားဆက်လက်ပြော၏။"ခဏပဲ ဝင်ပါမယ် ""မရဘူး မင်းဒီကျောင်းထဲမဝင်ရဘူး.""ဟုတ်တယ်"အစောင့်များနဲ့ကျောင်းသားများက ဆိုကြလေသည်။လင်းရုံသည်အလွန်ထူးချွန်ထက်မြက်သောလူဖြစ်ရာ သူတို့၏လေးစားရသောပုဂ္ဂိုလ်ဖြစ်သည်။ဤသည်ကို ဂျိတ်မှ ဒဲ့တိုးပြောရာ မလေးစားလုပ်သည်ဟုဆိုကာ ဒေါသထွက်နေခြင်းလည်းဖြစ်သည်။ ထန်ဟောက်ကတော့ ဂျိတ်ကိုလေးစားပြီးရင်းလေးစားနေသည်။လူအုပ်ကြီး၏ဒေါသနဲ့ရင်ဆိုင်နေရသော်လည်း လုံးဝတည်ငြိမ်မှုပျက်ပြားခြင်းမရှိသောကြောင့်ဖြစ်၏။"မင်းဝင်လို့မရဘူး ဒါပဲ"ဂျိန်း.....ကျောင်းဂိတ်တံခါးမကြီးသည် တစ်ခါတည်းပိတ်သွားလေသည်။ဂျိတ်မဝင်နိုင်စေရန် ပိတ်ချပစ်ခြင်းလည်းဖြစ်သည်။ကျောင်းသူကျောင်းသားများကတော့ ကျောင်းထဲရောက်ရှိသွားကြ ကာဂျိတ်တို့နှစ်ယောက်သာ အပြင်၌ကျန်နေခဲ့လေသည်။"အင်း အကောင်းပြောလို့မှ မရတော့လဲ"ဂျိတ်သူ၏တူဝိညာဥ်ကို ထုတ်လိုက်သည်။"ထန်ဟောက်ကြည့်ထား နောင်တစ်ခါကျရင်မင်းလဲဒါမျိုးသုံးရင်သုံးနိုင်တယ်"ထန်ဟောက်လဲဂျိတ်အပေါ် လေးစားမူပိုမိုတိုးမြင့်လာသည်။ဂျိတ်သည် တံစဥ်း သုံးသေးသည်။ယခုအခါ တူကိုထုတ်သုံးရာ ရှားပါး သိုင်းအမွာပညာရှင်ဟုထင်သွားသည်။ဂျိတ်လည်း တူကို နောက်သို့လွှဲကာ အားဖြင့်ဂိတ်တံခါးကို ထုချလိုက်၏။"ပထမရိုက်ချက်"ဂျိန်းးး........ကျောင်းဝန်းထဲရှိလူတိုင်း ကြီးမားသောအသံကြီးကြောင့်လန့်ဖြတ်သွားကြသညအဆိုးဆုံးကတော့ ဂိတ်တံခါးနဲ့အနီး၌ရှိနေသောလူများဖြစ်သည်။သူတို့၏နားထဲသို့အသံကြီးကတိုက်ရိုက်ဝင်ရောက်လာသလိုပင်ဖြစ်သောကြောင့် နားများပင်းသွားသလိုခံစားလိုက်ရသည်။"ဘာအသံကြီးလဲဟ"ကြီးမားသောအသံကြီး ကကျောင်းအနှံ့ပြန့်နံသွား၏။"တံခါးကထွက်လာတာလား"တစ်ယောက်တစ်ပေါက်ဝေဖန်နေကြသည်။မကြာမီတွင်ဝုန်း............ "ကျောင်းမြောက်ဂိတ်ကတံခါးကြီး လဲကျသွားလို့တဲ့ဟေ့"ကျောင်းဝင်းအတွင်း သတင်းစကားများကပြန့်နှံသွားသည်။ထိုသတင်းကြောင့် ကျောင်းသားများကလည်း မြောက်ဘက်ဂိတ်နေရာသို့သွားရောက်စပ်စုကြသည်။ထို့ကြောင့်မြောက်ဘက်ဂိတ်နေရာတွင် လူများစုရုံးစုရုံးဖြစ်လာကြသည်။အဘယ်ကြောင့်တံခါးကြီး လဲကျသွားရသနည်း။"ဒီလူလုပ်တာလား"တံခါးကြီးနှစ်ချပ်သည် ဝုန်းခနဲဆိုသလိုမြည်ကာဖျက်စီးပြုတ်ကျသွားသည်။ထိုကျထားသော တံခါးပေါ်မှ ဂျိတ်တို့နှစ်ယောက်ဝင်လာသည်ကို မြင်သောအခါ ဂျိတ်လုပ်သည်ဟုအထင်မြင်ပေးကုန်ကြသည်။အစောပိုင်း၌ဂျိတ်တို့အား ဒေါသတကြီးပြောခဲ့ကြသောကျောင်းသား အစောင့်တို့ကတော့ မျက်လုံးကြီးပြူးကာလန့်နေကြပြီဖြစ်သည်။("ဒီလူက မကောင်းဆိုးဝါးကြီးလား") အစောကဝင်ခွင့်တောင်းနေသောလူသည် ယခုအခါတံခါးကြီးကိုပင်ဖျက်စီးလိုက်သည်ဖြစ်သည်။ ထိုမျှအားကောင်းသည်ဟုဆိုပါကပြောဆိုခဲ့သောမိမိတို့ဆိုပါကတွေးရင်း ချက်ချင်းပင်အလွန်မင်းကြောက်လန့်တုန်လှုပ်သွားကြသည်။ဂျိတ်တို့ကတော့ ဖြေးဖြေးချင်းဝင်ရောက်လာသလို ဂျိတ်တို့လမ်းလျှောက်လာတိုင်းကျောင်းသားများကဖယ်ပေးကြရလေသည်။တံခါးကြီးကိုဖျက်စီးခဲ့သောသူကိုက ဦးနှောက်ချောင်ပြီးရှေ့၌ပိတ်ရဲမည်နည်း။ကျောင်းဝင်းထဲသို့ရောက်ရှိသွားသောအခါ ဂျိတ်မှ"လင်းရုံ ထွက်ခဲ့စမ်း"ခြသေ့်ကဲ့သို့ရဲရင့်ကာ ကျယ်လောင်လှသောအသံကြီးကကျောင်းဝင်းတစ်ခွင်ပြန့်နှံသွားလေတော့၏။
('132)ကျောင်းမှဆရာများရောက်လာပြီ
ဂျိတ်၏အသံက ကျယ်လောင်လှရာ တစ်ကျောင်းလုံးပြန့်နှံသွားလေသည်။ဂျိတ်သည် လင်းရုံအားလာရှာခြင်းဖြစ်ကြောင်း လည်း တစ်ကျောင်းလုံးသိရှိသွားကြလေသည်။ထိုအချိန်တွင် လင်းရုံသည် သူ၏အခန်းထဲတွင် သူ၏အိမ်တော်ထိန်းနဲ့စကားပြောဆိုနေချိန်ဖြစ်သည်။လင်းရုံသည် ကျောင်း၌နားနေခန်းသီးသန့်ရရှိထားသောသူလည်းဖြစ်သည်။အကြောင်းမှာ ထူးချွန်သောကြောင့်ဖြစ်သည်။ထန်ကျောင်းတော်တွင် ဝိညာဥ်အဆင့်ငါးဆယ်(သိုင်းဘိုးဘေး)ဖြစ်ပါက ကျောင်းဆရာအဖြစ်လုပ်ကိုင်နိုင်လေသည်။လင်းရုံသည်ငယ်ရွယ်သော်လည်း ဝိညာဥ်အဆင့်လေးဆယ့်တစ်အထိရောက်ရှိထားသောကြောင့် ဆရာများနဲ့တန်းတူအခန်းတစ်ခုပေးအပ်ထားလေသည်။ထို့ကြောင့် လင်းရုံသည် အခန်းတစ်ခန်းရရှိရုံသာမက ကျောင်းမှထောက်ပံကြေးများလည်း ရရှိလေသည်။လိုအပ်လျှင်လည်း လင်းရုံမှ ဂျူနီယာအတန်းငယ်လေးများအား သင်ကြားပေးရ၏။ ထို့ကြောင့်လင်းရုံကို ဂျိတ်မှဂိတ်တံခါးဝတွင် ပြောဆိုသောအခါကျောင်းသားကျောင်းသူများက ဂျိတ်ကိုစိတ်ဆိုးဒေါသထွက်ကြခြင်းဖြစ်သည်။"ခင်ဗျားပြောတာအမှန်လား""မှန်ပါတယ် သခင်လေး သခင်မလေးက ထန်ဟောက်လိူ့ကိုသေချာပြောတာပါ"လင်းရုံရှေ့ရောက်ရှိနေသောအိမ်တော်ထိန်းသည် အစောပိုင်း၌လင်းအာနဲ့တွေ့ဆုံခဲ့သောသူပင်ဖြစ်သည်။ထန်ဟောက်ဆို၍လင်းရုံထံရောက်လာကာ သတင်းပေးခြင်းလည်းဖြစ်သည်။"လင်းရုံထွက်ခဲ့စမ်း"ထိုအသံကြောင့် လင်းရုံမျက်နှာပျက်သွားသည်။သူနေထိုင်နေသောကျောင်းတော်ကိုဘယ်ကောင်ကများ အော်ကြီးဟစ်ကျယ်လုပ်ရဲရသနည်း။"ဦးလေး ကျနော်သွားကြည့်လိုက်ဦးမယ်" "သတိထားနော် သူရဲ့အော်သံတောင်အဲ့လောက်ပြင်းထန်နေရင်အစွမ်းထက်မယ်ထင်တယ်"အိမ်တော်ထိန်းအနည်းငယ် မျက်မှောင်ကျုံကာပြောသည်။"ရတယ် ကျနော်လည်း သိုင်းအကြီးကဲပါနော်"လင်းရုံလည်း အိမ်တော်ထိန်းကိုပြောဆိုကာ အသံလားရာဘက်သို့ဦးတည်သွားသည်။အိမ်တော်ထိန်းစိတ်ထဲတွက်တော့ ဆိုးဝါးတာတစ်ခုခုဖြစ်မည်ဟုခံစားမိနေလေသည်။ထိုသို့ခံစားရခြင်းသည်လည်း တစ်စုံတစ်ရာအကြောင်းရင်းပြသနိုင်ခြင်းလည်းမရှိပေ။"ငါပဲ စိတ်ထင်တာနေမှာပါလေ"..............."ဟိူမှာ အကိုကြီးလင်းရုံထွက်လာပြီ""ဝေး ဆရာလင်းရုံထွက်လာပြီ"ကျောင်းသားကျောင်းသူများက လင်းရုံက်ိုတွေ့သည်နဲ့ ဝမ်းသာအားရအော်ဟစ်ကြလေသည်။သူတို့၏အားပေးရသော သူကိုအစွမ်းကို အော်ဟစ်ချီးမွမ်းနေကြသည်။ လင်းရုံထွက်လာသည့်ပုံစံကိုတော့ ဂျိတ်အနေနဲ့ကြည့်ရခက်နေသည်။("ယောကျာ်းဆိုရင်ယောကျာ်းလိုလာဟ")လင်းရုံလာနေသည့်ပုံစံသည် ကောဇောမွေ့ရာခင်းထားသောနေရာ၌ခြေတစ်လှမ်းခြင်းလျှောက်လမ်းနေသည့်ပုံစံမျိုးဖြစ်၏။ပြောရလျှင် လိပ်၏သွားနှုန်းနဲ့ခိုင်းနှိုင်း၍ပင်ရလေသည်။"ဟယ် အကိုကြီးကတော့ဘယ်အချိန်ကြည့်ကြည့်ချောနေတာပဲ""သိုင်းအဆင့်ကလဲမြင့်သေး ငယ်ငယ်လေးနဲ့ ရုပ်ကလဲချောသေး ငါတောင်ချစ်မိသွားပြီထင်တယ်""အကိုလင်းရုံ ကျမရှင့်ကလေးတွေမွေးပေးချင်တယ်"("ဟ")ဂျိတ်အနေနဲ့ ထိုကျောင်းသားကျောင်းသူများ၏အရူးမူးစွဲလမ်းပုံကိုအံသြရလေပြီ။ယခင်ဘဝက အိုင်ဒေါများကို ဖန်ပရိတ်သတ်များအားပေးပုံကိုပင် လွန်လွန်းသည်ဟုဂျိတ်မှတ်ချချဖူးသည်။ သို့ရာတွင် သူတို့ရူးသွပ်ခြင်းမှာ ဒီကမ္ဘာကလူတွေ၏ရူးပုံကိုမမှီကြောင်းလက်ခံရမည်ဖြစ်သည်။လင်းရုံလည်း အချိန်တစ်ခုကြာမှ ဂျိတ်အနားသို့ရောက်ရှိလာလေသည်။"ဘာလို့ဒီကိုလာပြီး အကျွန်ုပ်ကိုခေါ်ရတာလဲမိတ်ဆွေ"လင်းရုံ၏စကားကြောင့် ဂျိတ်လက်များပင်ရိုက်ချင်ရအောင်ယားလာသည်ဟုခံစားမိသည်။"ဒီကလေးကို ကြည့် မင်းသူ့ကိုသတ်ခိုင်းတာအကြောင်းပြချက်ပေးဦးမလား"ဂျိတ် သွယ်ဝိုက်မနေတော့ ဒဲ့သာ ပြောလိုက်သည်။ဂျိတ်၏စကားကြောင့် လင်းရုံပင် မျက်နှာပျက်သွားသည်။သို့ရာတွင်ချက်ချင်းပင် မျက်နှာပြန်ဆည်ကာ"အကိုလူမှားနေပြီထင်တယ် ကျနော်ဒါမျိုးမလုပ်ပါဘူး""ဟုတ်တယ် အကိုလင်းရုံက ဒါမျိုးဘာလို့လုပ်ရမှာလဲ" "ကျောင်းတံခါးကိုလည်းဖျက်စီးသေးတယ် အကိုလင်းရုံကိုလဲ လာစွပ်စွဲနေသေးတယ် အရူးလားရှင်က"လင်းရုံ၏အချစ်တော်ကောင်မလေးများကတော့ လေတိုက်စစ်ဖွင့်ကာ စတင်တိုက်ခိုက်ကြလေသည်။"ဟုတ်တယ် ခင်ဗျားကဘာလဲ "ကျောင်းသားလေးများကပါပြောဆိုကြသည်။ဂျိတ် ထိုသူများထံသို့တစ်ချက်သာကြည့်သည်။"ဂျိန်း"ဆက်ဆက်ထိမခံအောင်နှုတ်ကျွံနေကြသော ကောင်မလေးများချက်ချင်းတိတ်သွားကြ၏။သူတို့၏အဖြစ်သည် ခုန်ပေါက်နေသောယုန်လေးသည်ကျားကြီးရှေ့ရောက်သွားသောအခါ ချက်ချင်းကြောက်လန့်ကာရပ်တန့်သွားသည့်အဖြစ်မျိုးနဲ့ဆင်တူသည်။ကျောင်းသားလေးများကတော့ ချီးမထွက်ရုံတမယ်ဖြစ်သွားကြသည်။တစ်ချို့ဆိုလျှင် ဒူးပင်မခိုင် လဲကျသွား၏။ ကျောင်းသားကျောင်းသူများကို တစ်ချက်မျှကြည့်ပြီး လင်းရုံအားဆက်ပြောသည်။"လင်းရုံကြည့်ရတာ ခင်ဗျားက. မပေးချင်ဘူးနဲ့တူတယ်"လင်းရုံလည်း"ခင်ဗျား လူမှားနေပြီထင်တယ် ကျောင်းကိုလဲလာဖျက်စီးပြီး ကျုပ်ကိုလဲစွပ်စွဲနေသေး......""ဝုန်း"ရိုက်ချက်တစ်ခုနဲ့အတူ လူတစ်ယောက်သည်လွင့်စင်သွားကြောင့်ကျောင်းသားကျောင်းသူများမြင်လိုက်ကြရသည်။လွင့်စင်သွားသောလူသည် ကျောင်းခန်းနံရံကိုတိုက်ချိုးကာ လွင့်သွားခြင်းဖြစ်သည်။"အနုနည်းမရမှတော့ အကြမ်းနည်းသုံးရတာပေါ့"လင်းရုံမှမဝန်ခံသောကြောင့် ဂျိတ်မှ လျှပ်စီးတူသိုင်းဝိညာဥ်ထုတ်သုံးကာ လင်းရုံအား ထုပစ်ခြင်းဖြစ်သည်။ ကျောင်းသားကျောင်းသူများလည်း လျှပ်စီးများတဖြတ်ဖြတ်လက်နေသောတူကိုကိုင်ထားသောဂျိတ်ကိုကြည့်ရင်း ငေးမောနေကြသည်။ယခုချိန်၌ဂျိတ်သည် ကောင်းကင်မှဆင်းလာသောမိုးကြိုးနတ်ဘုရားကြီးသဖွယ်ပင်ဖြစ်သည်။ထန်ဟောက်ကတော့ ဂျိတ်စတင်တိုက်ခိုက်သည်နဲ့ အတန်ဝေးသောနေရာ၌ရောက်ရှိနေပြီသားဖြစ်သည်။"မဆိုင်သူတွေထိရင် ငါ့အပြစ်မဟုတ်ဘူးနော် ကလေးတို့"ဂျိတ်ပြောလိုက်သောစကားကြောင့် ကျောင်းသားကျောင်းသူများလည်း ဂျိတ်နဲ့ဝေးရာသို့လွတ်ပြေးကုန်ကြသည်။သို့ရာတွင် ပြေးပဲပြေးသည်တော့မဟုတ်လုံခြုံစိတ်ချရသည်ထင်သော ကျောင်းစာသင်ခန်းသို့ပြေးဝင်ကာ အခြေနေကိုစောင့်ကြည့်နေကြသည်။ဒီလိုအခြေနေအတိုင်းသာဆိုလျှင် သူတို့၏လေးစားရသောလင်းရုံသည် ပလိန်းကြီးအထိုးခံနေမည်မဟုတ်ပြန်ချမည်ဖြစ်သည်။ထို့ ကြောင့် ဖြစ်ပေါ်လာမည့်တိုက်ပွဲကြီးကိုကြည့်ရှုရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။"ခင်ဗျားက လွန်လာပြီဆိုတော့လဲ ကျုပ်လဲဒီအတိုင်းမနေဘူးဟေ့""ဝေါင်း"လူသံပြီးသည်နဲ့ ကျားဟိန်းသံကြီးထွက်ပေါ်လာသည်။"ဒါက အကိုလင်းရုံရဲ့သိုင်းဝိညာဥ်အသံပဲ"ကျောင်းသားကျောင်းသူများဝမ်းသာအားရပြောကြသည်။သို့ရာတွင် နှစ်ကိုယ်ကြားရုံသာအချင်းချင်းပြောကြခြင်းဖြစ်သည်။ဂျိတ်၏နောက်ထပ်သောအကြည့်ကို သူတို့မရင်ဆိုင်ရဲသောကြောင့်လည်းဖြစ်သည်။ဖြစ်ပေါ်လာမည့်တိုက်ပွဲအခြေနေသည် မည်သူ့ဘက်မှစတင်ကြောင်းပြောပြနေစရာမလိုပေ။ဂျိတ်သည်ထန်ကျောင်းတော်၏မြောက်ဘက်တံခါးကိုဖျက်လိုဖျက်စီးလုပ်သည့်အပြင် လင်းရုံအား စတင်ထိုးနှက်သည်ဖြစ်ရာ အများအမြင်၌သူသာလူဆိုးကြီးဖြစ်သည်။ သို့ရာတွင် ဒါတွေကိုဂျိတ်ကဂရုစိုက်နေမည်မဟုတ်။ သူလုပ်ရမည့်အရာကား ထန်ဟောက်အား လင်းရုံအဘယ်ကြောင့်သတ်ခိုင်းရသနည်းကိုသိလိုသည်သာဖြစ်သည်။စနစ်၏အစွမ်းနဲ့ဆိုပါက ချက်ချင်းသိစေနိုင်သော်လည်း ဂျိတ်အနေဖြင့် စနစ်ကိုချည်းအားမကိုးလိုပေ။ဂိမ်းဆော့ရခြင်းသည် ဂိမ်းဆော့ရခြင်း၏ခံစားချက်ကိုရရှိလိုသောကြောင့်ဖြစ်သည်။ဂိမ်းကိုမဆော့ပဲ တစ်ခါတန်းဆုံးအောင်ဟက်သောသူကို ဒီလိုခံစားချက်ကိုခံစားနိုင်မည်မဟုတ်ပေ။ထို့အတူပင်ဂျိတ်လည်း ထိုနည်းလည်းကောင်းအတိုင်းပင်။စနစ်မှ စောင်ရမ်းမိုက်သောအစွမ်းများရှိနေမှတော့ ထိုအစွမ်းများကို ကိုယ်တိုင်အသုံးပြုပြိီး သိအောင်လုပ်မည်ဖြစ်သည်။ဒါမှသာစနစ်မှအစွမ်းများကို ကိုယ်တိုင်လည်းရင်းနှီးစွာအသုံးပြုလာနိုင်မည်ဖြစ်သည်။လင်းရုံလည်း လွင့်စင်သွားရာမှ ပြန်လည်ထွက်ပေါ်လာသည်။သူ၏နောက်တွင်လည်း အဖြူရောင်ရှိသောကျားရဲကြီးတစ်ကောင်ပေါ်နေသည်။ဤသည်မှာ လင်းရုံ၏သိုင်းဝိညာဥ်ပင်ဖြစ်လေသည်။ "တွေ့လား အကိုလင်းရုံက ပါရမီရှင်ဆိုတာ"ကျောင်းသား ကျောင်းသူများသည် လင်းရုံ၏ဝိညာဥ်ကွင်းများကိုကြည့်ကာပြောနေကြခြင်းဖြစ်သည်။လင်းရုံ၏ဝိညာဥ်ကွင်းများသည် နှစ်ရာကျော်အဝါကွင်းတစ်ကွင်းနှစ်ထောင်ကျော် ခရမ်းရောင်နှစ်ကွင်းနဲ့ နှစ်တစ်သောင်းတန် အမဲရောင်ကွင်းများဖြစ်လေသည်။အများတကာ ဝိညာဥ်သိုင်းပညာရှင်စဖြစ်ပါက (တစ်နှစ်ရာအောက်)အဖြူရောင်ကွင်းကိုသာစတင်စုပ်ယူအသုံးပြုနိုင်သည်။ကိုယ်နဲ့မဆိုင်သော အစွမ်းထက်လွန်းသောအဝါရောင်(နှစ်ရာကျော်)ကို စုပ်ယူမိပါက ကိုယ်ခန္ဓာမှဝိညာဥ်စွမ်းအားကိုမထိန်းနိုင်တော့ပဲ ပေါက်ကွဲသွားနိုင်သည်ဖြစ်သည်။အစမှာတင် နှစ်ရာကျော်ရှိသော အဝါရောင်ကွင်းကို စုပ်ယူနိုင်ပါကထိုသူကိုပါရမီရှင်ဟုသတ်မှတ်ကြသည်။လင်းရုံလည်း အဝါရောင်ကွင်းကိုစတင်ထားရှိသောကြောင့် ပါရမီရှင်ဟုခေါ်ဆိုကြခြင်းဖြစ်သည်။ လင်းရုံလည်း ကျားဟိန်းသံပေးကာ ဂျိတ်အားပြန်လည်တိုက်ခိုက်၏။ကျားဖြူသိုင်းဝိညာဥ်ကိုထုတ်သုံးထားသောကြောင့်လင်းရုံ၏တိုက်ခိုက်မှုသည် ပိုမိုသန်မာလာပြီဖြစ်သည်။လင်းရုံ၏တိုက်ခိုက်မှုတိုင်းကိုလည်း ဂျိတ်မှဒီအတိုင်းကြည့်မနေပေ။တိုက်ခိုက်သမျှသော အကွက်တိုင်းကို တူလွှဲရမ်းပြီး ချေဖျက်ပစ်၏။ထိုမြင်ကွင်းကို ကျောင်း၏အပြင်ဘက်၌ သွားလာနေသော အစောင့်တစ်ယောက်မှမြင်သွားသည်။"သူပဲဖြစ်ရမယ် လျှပ်စီးနဲ့တူကိုသုံးနေတာပဲ"အစောင့်လဲ အကြီးကဲပြောသည့်စကားကို ပြန်လည်ကြားယောင်ကာချက်ချင်းပြန်လှည့်ထွက်သွားသည်။("ဒီသတင်းကိုအကြီးကဲဆီငါအမြန်သတင်းပို့ရမယ်")ထိုအခိုက်မှပင် ဂိတ်စောင့်လည်း ဆရာများနားနေခန်းသို့ပြေးလွှားသွားနေသည်။နေ့လည် အနားယူချိန်ဖြစ် သောကြောင့် ဆရာများကနားနေခန်း၌အနားယူနေကြသည်ဖြစ်သည်။"ဆရာတို့ ဆရာ""ရေးကြီးခွင်ကျယ်နဲ့ဘာဖြစ်တာလဲ"နားနေသောဆရာတစ်ယောက်မှ ဂိတ်စောင့်အားမာန်မဲလိုက်သည်။"ဆရာတို့ လူစိမ်းတစ်ယောက် ကျောင်းမြောက်ဂိတ်ကိုဖျက်စီးပြီးအခုလင်းရုံနဲ့ချနေပါတယ်""ဘာကွ"...................ဂျိတ်နဲ့လင်းရုံတို့ကား ဆက်လက်တိုက်ခိုက်နေကြဆဲ ဖြစ်သည်။လင်းရုံ၏တိူက်ခိုက်မှုက အချိန်ကြာလေပိုမိုပြင်းထန်လာသလို ဂျိတ်ကလည်း အကွက်တိုင်းကိုချေဖျက်နေဆဲ ဖြစ်သည်။အချိန်အနည်းငယ်ကြာတော့ လင်းရုံသွေးပျက်လာပြီဖြစ်သည်။တစ်ဖက်သားသည် မိမိအားသူ၏ဓားသွေးကျောက်ပမာထားကာလက်ရည်သွေးနေမှန်း ရိပ်မိလာရာ ပိုမိုဒေါသထွက်လာသည်။ "ပထမစွမ်းရည် ကျားရဲကုတ်ချက်"ထက်မြက်ပြီးကြီးမားလှသော ကျားလက်ကြီးများက ဂျိတ်ထံကျဆင်းလာလေသည်။ဒါကို ဂျိတ်မှ"ပင့်ရိုက်ချက်"တူကိုအနည်းငယ်ပိုကြီးစေပြီး အောက်မှအထက်သို့ပင့်ရိုက်ချလိုက်သည်။တူရိုက်ချက်နဲ့ကျားလက်ကြီးတို့ထိပ်တိုက်တွေ့ပြီး ပျက်စီးသွားသည်။"မ..မဖြစ်နိုင်တာ"လင်းရုံ တုန်လှုပ်သွားသည်။သူ၏ဝိညာဥ်ကွင်းအစွမ်းကိုတစ်ဖက်လူမှ တူဖြင့်သာချေဖျက်လိုက်သောကြောင့်ဖြစ်သည်။"တတိယစွမ်းရည် ကျားမင်းခွန်အားတိုးခြင်း""စတုတ္ထ စွမ်းရည် ကျားရဲကောင်းကင်ဖြိုလက်သီး"ဝိညာဥ်ကွင်းနှစ်ခုစွမ်းရည်ကို လင်းရုံဆက်တိုက်သုံးစွဲလိုက်သည်။တတိယစွမ်းရည်ကြောင့် လင်းရုံ၏ကိုယ်မှ နှစ်ဆကြီးမားလာသလိုအစွမ်းနှစ်ဆတက်သွားသည်။ဤသည်ကိုစတုတ္ထ စွမ်းရည်နဲ့ ပေါင်းစပ်သုံးစွဲလိုက်သည်။ကောင်းကင်မှကျားရဲလက်သီးများက နေရာမလပ်အောင်ပေါ်ပေါက်လာပြီး ဂျိတ်ထံသို့ဦးတည်လာကြသည်။လင်းရုံလည်း ထိုသို့နှစ်ခုဆက်တိုက်သုံးပြုလိုက်ရသောကြောင့်သူ၏ဝိညာဥ်စွမ်းရည်များနည်းပါးသွားပြီဖြစ်သည်။("မင်း ဒီတစ်ခါသေပြီပဲ ငါ့ရဲ့စတုတ္ထ စွမ်းရည်က လူတစ်ယောက်ကိုပစ်မှတ်ထားလိုက်တာနဲ့အဆုံးထိလိုက်တယ်ကွ")"ဝါး အကိုလင်းရုံက အရမ်းမိုက်တာပဲ"လင်းရုံ၏ဝိညာဥ်ကွင်းစွမ်းရည်များကိုကြည့်ကာ ကျောင်းသား များအံသြမြင်သက်နေကြသည်။"ဟင်း ဒါဆိုမှတော့လဲ"ဂျိတ်လည်း တူကို ကျားရဲလက်သီးများထံပစ်လွင့်လိုက်၏။"ပထမစွမ်းရည် တူမုန်တိုင်း""ဂျိန်း" ဂျိတ်လွင့်လိုက်သောတူသည် လေထဲ၌မြန်ဆန်စွာလည်ပတ်ကာလေပွေငယ်သဖွယ်ဖြစ်လာသည်။အချိန်စက္က န့်ပိုင်းလေးမှာပင်ထိုလေပွေငယ်လေးသည် လျှပ်စီးများရောနှောနေသော မုန်တိုင်းကြီးသဖွယ်ဖြစ်ပေါ်လာသည်။"မ..မဖြစ်နိုင်တာ"လင်းရုံသွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။သူမြင်လိုက်ရသည်ကသူ၏ကျားရဲလက်သီးများသည် ထိုမုန်တိုင်းကြောင့် လုံးဝပျက်စီးသွားသောကြောင့်ဖြစ်သည်။ထိုအခိုက်မှာပင် မုန်တိုင်းသည်ရပ်တန့်သွားကာ ငြိမ်သက်သွားသည်။ဂျိတ်လည်း ကောင်းကင်ထက်သို့ခုန်ကာ တူကိုလှမ်းကိုင်လိုက်သည်။ငြိမ်သက်သွားသည်နဲ့ လင်းရုံမြင်လိုက်ရသည်ကတော့ကောင်းကင်၌တူကြီးကိုကိုင်ကာ မိမိထံလာနေသောသူကိုပင်ဖြစ်သည်။ဒီတစ်ခါတော့လင်းရုံလည်းရှောင်တိမ်းရန်လည်း ဝိညာဥ်စွမ်းအားလည်းမရှိရာ "ဝုန်း"ကောင်းကင်မှ အရှိန်ဖြင့် မြေပြင်၌ရှိနေသော လင်းရုံကိုဂျိတ်မှ တူဖြင့်ထုချလိုက်လေသည်။"ဘယ်ကောင်က များ လင်းရုံကိုစော်ကားရဲတာလဲ."ကြီးမားသောအသံကြီးကဟိန်းထွက်လာသည်။"ဆရာတွေလာပြီ"ကျောင်းသားများ ပျော်သွားကြသည်။နောက်ဆုံးတော့ ကျောင်းမှဆရာများရောက်ရှိလာကြပြီဖြစ်သည်။