← Chapters

အခန်း (၁၃၃-၁၃၅)

Vol. 9 Ch. 133-135

အခန်း (၁၃၃-၁၃၅)

Vol. 9 Ch. 133-135

(133)ငါ့အလှည့်ပေါ့

ကျောင်းမှဆရာများ ရောက်ရှိလာသောကြောင့် ကျောင်းသားများပျော်ရွှင်သွားကြသည်။ဆရာများမှသာ ကျောင်းထိလာရောက်သောင်းကျန်းနေသော လူစိမ်းကိုအနိုင်ယူနိုင်မည်မဟုတ်ပါလား။လင်းရုံလည်း ဆရာများရောက်ရှိလာသောကြောင့် အနည်းငယ်အသက်ရှုသက်သာသွားသည်။ဆရာများသည် လည်း အစွမ်းထက်သောကြောင့်ဖြစ်သည်။................"အကြီးကဲအကြီးကဲ"တရားစီရင်ရေးဌာနထဲထိုအစောင့်၏အသံက လွှမ်းမိုးနေသည်။"ဘာလို့ရေးကြီးသုတ်ပျာနဲ့ ပြေးလာရတာတုန်း"အစောင့်အား အကြီးကဲမှဟန့်တားမေးလိုက်သည်။"ဟောဟဲဟောဟဲ"အနည်းငယ်အမောဖြေပြီးသည်နဲ့အစောင့်လည်း"အကြီးကဲပြောတဲ့လူတွေ့ခဲ့တယ်"အကြီးကဲဆိုသူ၏မျက်လုံးများသည်တောက်ပသွားသည်။ "ဒါဆိုသူဘယ်မှာလဲ""သူက ထန်ကျောင်းတော်မှ ဂိတ်တံခါးကြီးကိုဖျက်စီးပြီး အထဲမှာလူတစ်ယောက်နဲ့ချနေတာကိုတော့တွေ့မိတယ်"အစောင့်လည်းသူတွေ့သမျှကိုတင်ပြသည်။အထဲ၌ဘယ်သူဘယ်ဝါနဲ့ချနေသည်ကိုတော့ သူလည်းမသိပေ။."ပြီးတော့အကြီးကဲ..ဟဘယ်ရောက်သွားတာလဲ"အစောင့် ဘေးဘီဝဲယာကိုရှာကြည့်သေးသည်။အကြီးကဲဆိုသူသည်ချက်ချင်းဆိုသလိုမရှိတော့ပေ။ထန်ကျောင်းတော်မှာတော့...."မင်းဘာလို့ လင်းရုံကို ဒီလိုလုပ်ရတာလဲ"ထိုစကားကိုပြောသောကျောင်းဆရာ၏မျက်နှာသည်ဒေါသထွက်နေသည်။လင်းရုံသည် သူ၏အထက်မြက်ဆုံးသောကျောင်းသားဖြစ်ရုံသာ မက သူအမြဲဂုဏ်ယူရသောတပည့်လည်းဖြစ်သည်။တပည့်ဖြစ်သူခံရသောအခါ ဘယ်ဆရာကဒီအတိုင်းကြည့်နေမည်နည်း။ဂျိတ်ကိုအမှုန့်ဖြစ်အောင်ထုထောင်းချင်စိတ်များပေါ်ပေါက် လာသည်။ယခု ဂျိတ်ထံရောက်ရှိလာသော ကျောင်းဆရာသည် အယောက်လေးဆယ်ရှိလေသည်။အယောက်တိုင်းသည်လည်း ဝိညာဥ်အဆင့်ငါးဆယ်(သိုင်းဘ်ိုးဘေးများ)ဖြစ်ကြလေသည်။ထို့ကြောင့်ကျောင်းသားများအားတက်လာကြခြင်းလည်းဖြစ်သည်။ထန်ကျောင်းတော်သည် ကြီးကျယ်လှသောကျောင်းကြီးဖြစ်သည်နဲ့အညီ ကျောင်းဆရာများလည်းများပြားလှပေသည်။ကျောင်းတွင်လာရောက်သင်ကြားသော ကျောင်းသားဦးရေသည်တစ်သောင်းမျှရှိ၏။ထိုကြောင့် ကျောင်းတွင်သိုင်းဘိုး​ဘေးအဆင့်ဆရာများကိုခန့်ထားခြင်းဖြစ်သည်။ထန်ကျောင်းတော်သည် သိုင်းဝိညာဥ်နိူးထချိန်မှစ၍အသက်25အထိကျောင်းတက်ခွင့်ရှိသည်။ကျောင်းတွင်အတန်းလေးတန်းခွဲခြားထားသည်။ ဝိညာဥ်အဆင့်တစ်ဆယ်ကို အငယ်တန်း ဝိညာဥ်အဆင့်နှစ်ဆယ်ကို ဒုတိယတန်း ဝိညာဥ်အဆင့်သုံးဆယ်(ဂရမ်းမာစတာ)အဆင့်ကို တတိယတန်း နောက်ဆုံးအတန်းသည် ဝိညာဥ်အဆင့်လေးဆယ်(သိုင်းအကြီးကဲ)ဖြစ်သည်။ထို့ကြောင့် ကျောင်းတော်မှ ဝိညာဥ်အဆင့်လေးဆယ်(အကြီးကဲ)ရှိအယောက်ခြောက်ဆယ်နဲ့ သိုင်းဘိုးဘေးအဆင့်(lv50)လေးဆယ်ကို ကျောင်းဆရာအဖြစ်ခန့်အပ်ထားသည်။ဝိညာဥ်အဆင့်များသည်အမြင့်သို့ရောက်ရှိလာလေ တက်ရခက်ခဲနေဖြစ်၏။လင်းရုံသည် ကျောင်းတက်နှစ်မပြည့်မီ အဆင့်လေးဆယ့်တစ်ရောက်ရှိသောကြောင့် ဆရာများ၏ချီးမွှန်းခြင်းအထူးရရှိထားသူဖြစ်သည်။ထို့ကြောင့် ဆရာများက လင်းရုံကိုထိခိုက်အောင်လုပ်သော ဂျိတ်ကိုအလွတ်ပေးမည်မဟုတ်ပေ။ယခုလည်း ဆရာများသည် လင်းရုံ၏ဖြစ်ပုံကိုကြည့်ကာ ဂျိတ်အားဒေါသထွက်နေကြလေသည်။"အကြောင်းရင်းလား ပြောရရင် ခင်ဗျားတို့လင်းရုံက ဒီကောင်လေးကို သတ်ဖို့လူငှားရမ်းခဲ့တယ်လေ"ဂျိတ်မှထန်ဟောက်ကို လက်ညိုးထိုးပြသည်။"ဘာ" ကျောင်းသူကျောင်းသားများသာ မက ဆရာများပါ အံသြကုန်ကြသည်။"မင်းလိမ်ညာနေတာမဟုတ်လား"ကျောင်းဆရာတစ်ယောက်မှဝင်ပြောသည်။ဒီသတင်းသာမဟုတ်မမှန်ဆိုပါက ဂျိတ်အားဝိူင်းဝန်းအပြစ်တင်မည်ဖြစ်ပြီး သတင်းသာအမှန်ဖြစ်နေပါက သူတို့၏ကျောင်းတော်သတင်းလည်း ပျက်စီးမည်ဖြစ်သေ​ကြောင့်ဖြစ်သည်။"ကျုပ်က ပလိန်းကြီးစွပ်စွဲနေလို့လား ဒီအသံဖမ်းကျောက်တုံးကိုဖွင့်ပြမယ်"အသံဖမ်းကျောက်တုံးသည် မှတ်တမ်းတင်ထားသောအကြောင်းရာများကို ပြန်လည်ဖွင့်ပြနိုင်သည်။ဂျိတ်လည်း အသံဖမ်းကျောက်တုံးကိုဖွင့်ပြလိုက်သည်။"ယန်လုပ်ကြံရေးခေါင်းဆောင် ခင်ဗျား ကိုကျုပ်အလုပ်အပ်မယ်နောက်တစ်လကျရင် အကြီးကဲရွာကိုသွားပြီးလူသတ်ပေးပါ" အသံဖမ်းစက်မှအသံများထွက်ပေါ်လာသည်။ထိုအသံများကို လူတိုင်းကမျက်ခြေပျက်သွားမည်ကိုစိုးရိမ်နေသည့်အလား နားထောင်နေကြသည်။"ဒါနဲ့ဘယ်သူကိုသတ်ပေးရမှာလဲ""ထန်ဟောက်ဆိုတဲ့ကောင်လေးကို သတ်ပေးဒါဆိုရင် ကျုပ်လင်းရုံက ရွှေပြားတစ်ထောင်ပေးမယ်""ကောင်းပြီ"အသံဖမ်းကျောက်တုံးပြန်လည်မှိန်သွားသည်။အချင်းရာသည်အသံဖမ်းမှုပြီးဆုံးသွားကြောင်းကိုဖော်ပြလေသည်။"ဟာ"ကျောင်းသားများနဲ့ကျောင်းဆရာများ၏မျက်နှာများ သုန်မှုန်သွားသည်။ဒိီလူပြောသလို လင်းရုံမှ တကယ်ပဲလုပ်ခဲ့တာလား"လင်းရုံလည်း ဆောက်တည်ရာမရဖြစ်သွားလေသည်။အဘယ်ကြောင့်ဒီအသံဖမ်းကျောက်တုံးက ရှိနေရသနည်း။သူ အလုပ်အပ်တုန်းက ဘယ်သူမှမသိစေနိုင်ရန် ပိပိရိရိလုပ်ခဲ့သည်မဟုတ်ပါလား။ ထိုအချိန်၌"ဝီး"ဂွမ်း........လေထဲမှ လာသောမျှားတစ်စင်းသည် ဂျိတ်၏လက်ထဲကကျောက်တုံးက်ိုဖျက်စီးလိုက်၏။မြှားချက်ကြောင့် ကျောက်တုံးမှာအမှုန့်ဖြစ်သွားသည်။"ဒီကောင် ကျောင်းကိုလာဖျက်စီးတဲ့သူပဲ ဟုတ်တယ်""ပြီးတော့အကိုလင်းရုံလိုပါရမီရှင်ကို ဖျက်စီးချင်လို့အဲ့လိုအသံဖမ်းကျောက်တုံးနဲ့အယုံသွင်းပြီးလာလုပ်ကြံတာပဲ"ကျောင်းသားအုပ်ထဲမှ စကားသံထွက်ပေါ်လာသည်။ထိုစကားသံကြောင့် ကျောင်းသားများနဲ့ကျောင်းဆရာများလည်း ဖြစ်နိုင်ချေရှိသည်ဟုယူဆယုံကြည်လိုက်သည်။ထို့နောက်ဂျိတ်ကိုပိုမိုဒေါသထွက်သွားကြသည်။"မင်းကများ ငါတို့ကိုအဲ့လိုရုပ်ညံ့တဲ့အကြောင်းရာတွေနဲ့လိမ်ညာရဲတယ်ပေါ့လေ ဟုတ်လား" ဂျိတ်လည်းဆက်မပြောလိုတော့။တစ်ဖက်သားသည် လွန်စွာညဏ်ကောင်းလှသည်။သက်သေဖြစ်သောကျောက်တုံးကိုအရင်ဖျက်စီး၏။ထို့နောက်စကားလုံးအနည်းငယ်နဲ့ မိမိအားရန်မူလာအောင်လုပ်ဆောင်ခဲ့သည်။ဒေါသထွက်နေသောလူအုပ်ကြီးကို ဂျိတ်အနေနဲ့ နားလည်အောင်ရှင်းပြမနေပေ။ဒေါသထွက်သူများအားရှင်းပြနေပါက မိမိသာရေငတ်သွားမည်ဖြစ်သည်။"ကဲ စကားနဲ့အလုပ်မဖြစ်မှတော့ လက်တွေ့ဖြေရှင်းကြတာပေါ့"ဂျိတ်လည်း သူ၏တူကြီးကို ပခုံးပေါ်တင်လိုက်ကာ ကျောင်းဆရာများကိုကြည့်လိုက်သည်။ဂျိတ်၏စကားနဲ့ သူ၏​အပြုမှုကြောင့် ကျောင်းဆရာများလည်းဒေါသထွက်သွားကြ ကာ"အဲ့ကောင်ဆုံးမကြမယ်"ကျောင်းဆရာအယောက်လေးဆယ်သည် ဂျိတ်အားဝန်းရံလိုက်ကြသည်။ဂျိတ်ကိုဘယ်လိုမှထွက်ပြေး၍မရစေရန်လည်း တစ်ခါတည်းဝန်းရံချုပ်နှောင်လိုက်သည့်သဘောလည်းဖြစ်သည်။ဂိတ်တံခါးကို ဖျက်စီး လင်းရုံကို ထိခိုက်အောင်လုပ်သူကို ဘယ်နည်းနဲ့မှ အလွတ်ပေးမည်မဟုတ်ပေ။"သေစမ်း"စိတ်မြန်လက်မြန်ရှိလှသော ဆရာတစ်ယောက်မှဂျိတ်၏နောက်ကျောကို လက်ဝါးဖြင့်ရိုက်ချသည်။"ဝုန်း"ထိုဆရာမျက်နှာပျက်သွားသည်။သကောင့်သားသည် သူ့အားလှည့်ပင်မကြည့်ပဲ သူ၏တူကိုသာ လွှဲရမ်းလိုက်သောကြောင့်ဖြစ်သည်။ထိုတူနဲ့သူလက်ဝါးထိပြီး အသံထွက်ပေါ်လာခြင်းဖြစ်သည်။"မဟု​တ်ဘူးပြန်ဆုတ်မှ"ဆရာနောက်ပြန်ဆုတ်ခွာရန်ကြံလိုက်သည်။"ငါ့က်ိုစမ်းပြီးဒီတိုင်းလွတ်မယ်ထင်နေလား"တူထဲသို့လျှပ်စီးများထည့်သွင်းလိုက်သည်။တူမှတစ်ဆင့်လက်ဝါးထဲရောက်ရှိသွားသည်။ ဆရာသည်အမြန်ပင်နောက်ပြန်ဆုတ်သော်လည်း လျှပ်စီးအနည်းငယ်က သူ၏လက်ဝါးမှတစ်ဆင့် သူ့ကိုယ်ထဲဝင်သွားပြီဖြစ်သည်။"အင့်"သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။သူ၏ကိုယ်ထဲသို့ရောက်ရှိလာသောလျပ်စီးလေးက သူ၏ကိုယ်ထဲရှိသွေးကြောများကိုတိုက်ခိုက်လိုက်သောကြောင့်ဖြစ်သည်။ဘေးမှဆရာလည်း"ပထမစွမ်းရည် ကုသခြင်း"သူ၏လက်ထဲမှခြောက်ဘုံဆင့်ပြသာဒ်မှ အစွမ်းများကထွက်ပေါ်လာပြီး အစောပိုင်း၌ဂျိတ်အားတိုက်ခိုက်ခဲ့သောဆရာကိုယ်ထဲဝင်သွားသည်။ထိုအခါမှ သွေးအန်ထုတ်လိုက်ရသောဆရာ၏မျက်နှာ သွေးရောင်ပြန်လည်သန်းလာသည်။ဂျိတ်အားတိုက်ခိုက်မိသောဆရာ အလွန်မင်းလန့်သွားသည်။တစ်ဖက်လူ၏လျှပ်စီးအနည်းသာ သူကိုယ်ထဲရောက်လာသည်က ပင် သူ့အား ဒုက္ခဖြစ်စေခဲ့ရာ အများသာဆိုပါက သူဆက်မတွေးနိုင်တော့ပေ။"သူ့ကို ဒီတိုင်းမချနဲ့ ဝက်ပါခင်းပြီးတိုက်ကြ"ဆရာအယောက်လေးဆယ်၏နေရာယူပုံများက ပြောင်းလဲသွားသည်။ယခုအခါ အရပ်လေးမျက်နှာ၌ တစ်ဖက်လျှင်ဆယ်ယောက်နှုန်းရှိနေပြီဖြစ်သည်။"ဝက်ပါဖွဲ့စည်းစမ်း"ဆရာအယောက်လေးဆယ်၏ဝက်ပါပညာရပ်ကိုထုတ်သုံးလိုက်သည်။"ဝုန်း"ဂျိတ်ကိုဗဟိုပြုကာ ဖုံးအုပ်သွားသော အကာကွယ်ကြီးတစ်ခုပေါ်ပေါက်လာသည်။ထိုအကာကွယ်ကြီးတွင် ကျားဖြူ နဂါး လိပ်နက်နဲ့ ဖီးနစ်ငှက်တို့ထွက်ပေါ်လာသည်။ဤသည်မှာ ဆရာလေးဆယ်၏ဖွဲ့စည်းလိုက်သော ဝက်ပါတိုက်ကွက်လည်းဖြစ်သည်။ထိုတိုက်ကွက်ကို ထိုးဖောက်၍မရသော အကွက်ဟု လည်းခေါ်ကြသည်။အမှန်ကား ထိုအကွက်သည် အသေသတ်တိုက်ကွက်ပင်ဖြစ်သည်။ထိုအကွက်ထဲရောက်ရှိသွားသော လူသည် အယောက်လေးဆယ်နဲ့တစ်ပြိုင်တည်းရင်ဆိုင်ရသလိုဖြစ်သွားခြင်းဖြစ်ကာ အစွမ်းကြီးသတ္တ ဝါလေးကောင်၏တိုက်ခိုက်ခြင်းကို ခံရတော့မည်ဖြစ်သည်။ဂျိတ်လည်း ထိုဝက်ပါကိုကြည့်လိုက်သည်။ထိုဝက်ပါ၏အားနည်းချက်များကိုလည်း သူမြင်ယောင်လာပြီဖြစ်သည်။"အားနည်းတယ်"ယခုဆရာများ၏ဝက်ပါသည် မူရင်းဝက်ပါ၏တစ်ထောင်ပုံတစ်ပုံသာရှိသောကြောင့်ဖြစ်သည်။မူရင်းဝက်ပါ၌ နတ်ကျားရဲ မိုးပြာနဂါး ကမ္ဘာဦးလိပ်နက်နဲ့ ရှေးဦးသားရဲဖီးနစ်တို့ပါရှိလေသည်။ယခုလည်း ဂျိတ်သည် သူတို့၏အကွက်ထဲဝင်နေပြီဖြစ်ရာ အလိုက်သင့်ပင် ပွဲစင်ကြည့်ကာ လှုပ်ရှားမည်ဖြစ်သည်။"ဝေါင်း"ကျားရဲကြီးမှ ဦးစွာဟိန်းကာ ဂျိတ်အား ရိုက်ချသည်။ ဂျိတ်လည်းသူ၏တူဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။"ဂျိန်း"နှစ်ခုတိုက်မိသည်နဲ့အသံထွက်ပေါ်လာသည်။ကျားဖြူ၏တိုက်ချက်ကြောင့် ဂျိတ်လည်း ခြေတစ်လှမ်းဆုတ်ပေးလိုက်ရသည်။"ဒီလိုဆိုးတော့လဲမဆိုးပါဘူး"ထိုပြောသံကြောင့် ဝက်ပါအပြင်မှဆရာများဒေါသထွက်သွားကြသည်။ဂျိတ်အား မသေရုံတမယ်သာထားမယ်ဟုဆုံးဖြတ်လိုက်ကြသည်။ကျားပြီးတော့နဂါးလှည့်ရောက်ရှိလာလေသည်။"ဂါး"နဂါးကြီးမှ ဂျိတ်အား တိုက်ခိုက်ပြန်သည်။ထိုအချိန်မှာပင် ဖီးနှစ်ငှက်ကလည်း မီးမှုတ်ပြန်သည်။ဂျိတ်မှာ ထိုတိုက်ကွက်များကြောင့်ပြန်မတိုက်ခိုက်နိုင်ပဲ ရှောင်တိမ်းနေရသည်။သူသည် ဆရာအယောက်လေးဆယ်၏ဝိညာဥ်စွမ်းအားများဖြင့်ဖန်တီးထားသော ဝက်ပါနဲ့တိုက်ခိုက်နေရခြင်းလည်းဖြစ်သည်။ သူရှောင်တိမ်းပြီးပြန်တိုက်သည့်အခါ လိပ်နက်ကြီးကပေါ်လာပြီး ဂျိတ်၏တူရိုက်ချက်ကို ခံယူသွားသည်။နဂါးကျား ဖီးနစ်ကအလစ်တိုက်ခိုက်တိုင်းဂျိတ်ကရှောင်တိမ်းရနဲ့ ဂျိတ်ပြန်တိုက်လျှင် လိပ်ကြီးကခုခံသွားနဲ့ သံသရာလှည်နေသည်။"ဒီအချိန်ဆို ရလောက်ပြီတူတယ်"ဂျိတ်၏စကားကြောင့် အကင်းပါးသောဆရာတစ်ယောက်မှသတိထားမိသွားသည်။ဂျိတ်သည် ဝက်ပါ၌ရောက်နေသည်မှာ ငါးမိနစ်ရှိပြီဖြစ်သော်လည်း သက်တောင့်သက်သာပုံစံပင်ဖြစ်သည်။ထို့ပြင် တစ်ချက်မှလည်းဒဏ်ရာမရရှိသေးပေ။ဂျိတ်ဒဏ်ရာမရသော်လည်း ကြီးမားသောဝက်ပါကိုဖန်တီးထားရသောသူတို့၏ဝိညာဥ်စွမ်းအားကတော့ ဆက်လက်ကုန်ဆုံးနေမည်ဖြစ်သည်။ဝက်ပါဆက်လက်တည်တံရန် သူတို့အယောက်လေးဆယ်မှ အမြဲမပြတ်ဖြည့်စီးနေရသောကြောင့် ယခုချိန်တွင် ဝိညာဥ်စွမ်းအားတစ်ဝက်မျှကုန်ဆုံးသွားကြပြီဖြစ်သည်။"မကောင်းတော့ဘူးသတိထားကြ" ဝက်ပါအတွင်း၌ဂျိတ်သည် တိုက်ခိုက်မှုများကိူရှောင်တိမ်းပြီးတူကိုပိုကြီးအောင်ဖန်တီးပြီးလျှင်"မင်းတို့ပြီးတော့ငါ့အလှည့်ပေါ့"

(134)လူထူးဆန်း

ဂျိတ်လည်း တူကိုင်ကာ ချက်ချင်းစတင်လှုပ်ရှားလိုက်သည်။"ဟ သူဒီလောက်ထိမြန်နေသေးတာလား"ဆရာများလုံးဝ လန့်သွားကြသည်။ထိုသို့လန့်နေသောကြောင့်လည်းသူတို့၏ထိန်းချုပ်ထားသောသတ္တ ဝါလေးကောင်၏လှုပ်ရှားမှုများမှာ အနည်းငယ်သာနှေးကွေးသွားသော်လည်း ထိုအခိုက်တန့်က ဂျိတ်အတွက် လုံလောက်နေပြီဖြစ်သည်။"ဝုန်းဝုန်းဝုန်း"လျင်မြန်စွာပင်လှုပ်ရှားကာ ဝက်ပါ၏အကာနံရံများကို တူရိုက်ချက်81ချက်သိုင်းကိုသုံးကာ ထုလိုက်ပစ်သည်။"ဒီကောင် ကြောင့်ငါတို့ပြသနာတက်ပြီ" ဆရာများလုံးဝလန့်သွားကြသည်။ဂျိတ်သည် ဝက်ပါအစွမ်းကြောင့်ဖြစ်ပေါ်လာသော သတ္တ ဝါလေးကောင်ကိုတိုက်ခိုက်ခြင်းမရှိပဲ ဝက်ပါနံရံများကိုရိုက်ထုနေသောကြောင့်ဖြစ်သည်။ဒီဝက်ပါ၏အားနည်းချက်သည် နံရံဖြစ်ကြောင်း ဂျိတ်သိသွားသည်ကိုလည်း တုန်လှုပ်နေသည်။ခရက်တူရိုက်ချက်ကြောင့် ဝက်ပါနံရံများမှာတောင့်ခံနိုင်ခြင်းမရှိတော့ပဲစတင်အက်ကွဲလာသည်။"ကဲ တူလေးဆင့်မြောက်ရိုက်ချက်"ဂျိတ်လည်းတူဖြင့် ဝက်ပါကို ထပ်ထုလိုက်သည်။ရှေ့ကသုံးချက်ထက်ပိုမိုအားပြင်းသော လေးဆင့်မြောက်တူချက်ကြောင့် ဝက်ပါလည်းတောင့်ခံနိုင်ခြင်းမရှိတော့။"ခလွမ်း"ကွဲပျက်သွားသောအသံကြီးထွက်ပေါ်လာကာ ဝက်ပါကိုထိန်းချုပ်နေသော ဆရာများလည်းလွင့်စင်သွားကြသည်။ "ဝေါ"ဝက်ပါထိန်းသည့်ဆရာတိုင်း သွေးတစ်လုပ်စီ အန်ထုတ်လိုက်ရသည်။ ဂျိတ်ကဝက်ပါကိုသာ ရိုက်သည်ဆိုသော်ငြားလည်း သူတို့ကဝက်ပါဖြစ်တည်စေရန်ထိန်းချုပ်သည့်သူများဖြစ်ရာ သက်ရောက်မှုအကျိုးဆက်ကြောင့် သွေးများအန်ထုတ်လိုက်ကြရခြင်းဖြစ်သည်။ယခုချိန်၌ ဆရာများသည် ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိကြတော့ပေ။ဂျိတ်ပြုသမျှနုရမည့်အခြေနေသို့ပြောင်းလဲသွားကြသည်။ဂျိတ်လည်း ဝက်ပါကိုဖျက်စီးပြီးပြီဖြစ်ရာ လင်းရုံအားကြည့်လိုက်သည်။လင်းရုံသည် မရှိတော့ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်၏။"ခင်ဗျားတို့က ဝင်ပါတာကိုး ကျုပ်လင်းရုံကိုပဲ ဦးတည်ထားတာနောက်တစ်ခေါက်ဆက်ဝင်ပါမယ် ဆိုရင် သေဖို့အရင်ပြင်ထားကြပေါ့"လဲကျနေသောဆရာများကို တစ်ခွန်းသာပြောကာထန်ဟောက်ကိုခေါ်၍ကျောင်းထဲမှ ပြန်လည်ထွက်ခွာသွားသည်။ဆရာများလည်း ဂျိတ်ကို တားဝံကြခြင်းမရှိပေ။ကျောင်းထဲကထွက်သွားသည်ကိုပင် စိတ်ထဲ၌ပျော်နေမိကြသည်။ဆရာအယောက်လေး ဆယ်ပင်မနိုင်ခဲ့သော မကောင်းဆိုးဝါးကြီးမဟုတ်ပါလား။"ထန်ဟောက် မပူနဲ့ ငါမင်းရဲ့အကြောင်းကိုသေချာစုံစမ်းပေးမှာပါ""ကျနော်ကိုအဲ့လောက်ထိလုပ်ပေးတာကိုကျေးဇူးတင်ပါတယ်ဗျာ"ဂျိတ်သည် သူ၏အကြောင်းရင်းအစစ်မှန်ကိုစုံစမ်းပေးရာ၌ ထိုမျှအထိဖြစ်လာမည်ဟုသူမထင်မိသည်မှာအမှန်ဖြစ်သည်။သူ၏ဘဝအကြောင်းက ထန်မြို့၌ကြီးမားသော မျိုးနွယ်စုမှလင်းရုံနဲ့ပတ်သက်နေ​သည်ကို သိရသောအခါ သူ၏သိချင်စိတ်ကပိုမိုပြင်းပြလာသည်။"ကျုပ်တို့နှစ်ယောက်ကို နောက်ကနေ တစ်လျှောက်လုံးလေ့လာနေမှတော့ မောလောက်ပြီနော် "ဂျိတ်၏စကားကြောင့် လမ်းဘေးကွယ်ရာမှ လူတစ်ယောက်ရုတ်ခြည်းထွက်ပေါ်လာခဲ့သည်။"ခင်ဗျားက ကျုပ်လိုက်လာတာသိတယ်ပေါ့"ထိုလူမှဂျိတ်အားအံသြနေသည်။သူနောက်မှခြေရာခံလိုက်ပါကတစ်ဖက်သားမှမသိနိုင်သည်မှာကြာမြင့်ပြီဖြစ်ရာ ဒီလူကအဘယ် ကြောင့်သိသွားသနည်း။"ခင်ဗျားက ကျုပ်ဘယ်လိုသိလဲဆိုတာအံသြနေတယ်မဟုတ်လားကျုပ်နောက်ကိုခင်ဗျားလိုက်တုန်းက ခင်ဗျားဝိညာဥ်စွမ်းအားသုံးရတယ်လေ ဒါကြောင့်သိတာပဲ"("စနစ်ရှိနေမှတော့ မင်းမလိုက်တာကို ငါမသိမှသာ ငါရူးနေတာပေါ့ကွာ ")ဂျိတ်မှဖြေရှင်းပြသည်။ထိုအကြောင်းပြချက်ကြောင့် ထိုလူမှာပိုမိုအံသြရသည်။သူကြားခဲ့ဖူးသောဆရာထံမှဖြစ်သည်။"တပည့် ဒီလောကကြီးက ကျယ်ပြန့်တယ် တစ်ချို့လူတွေက မင်းသိနိုင်တဲ့အတိုင်းတာထက် မြင့်မားတယ်တစ်ချို့တွေဆို မင်းကိုရှာချင်ရင် မင်းဘယ်မှာပဲပုန်းကွယ်နေပါစေရှာဖွေနိုင်စွမ်းရှိတယ် သူတို့ကိုတွေ့ရင် မင်းလေးလေးစားစားဆက်ဆံပါ"ထိုစကားကို ထိုလူပြန်လည်ကြားယောင်မိလာသည်။ "ကျနော် ဆရာကြီးနောက်ကိုအခုလိုလိုက်မိလို့တောင်းပန်ပါတယ်ဗျ"ဂျိတ်လည်း တစ်ဖက်သားမှလိုလိုလားလားတောင်းပန်နေရာခွင့်လွတ်လိုက်သည်။"ဒါဆို ခင်ဗျားကျုပ်နောက်ကိုဘာလို့လိုက်တာလဲ"......................ထန်မြို့၏စားသောက်ဆိုင် အထူးသီးသန့်အခန်း၌ လူသုံးယောက်ထိုင်နေလေသည်။ထိုသုံးယောက်သည် ထန်ဟောက် ဂျိတ်နဲ့လမ်း၌တွေ့ခဲ့သည့်လူဖြစ်သည်။ထန်ဟောက်ကတော့ချလာသောအစားသောက်များကိုစတင်စားသောက်နေပြီဖြစ်သည်။လူသုံးယောက် ထိုအခန်းထဲ၌ ရောက်ရှိနေပြီဖြစ်သည်။အဓိက ရည်ရွယ်ချက်ကတော့ အေးဆေးသက်သာစွာစကားပြောဆိုနိုင်ခြင်းဖြစ်သည်။"ကျနော်ကတော့ ဟန်လင်းပါ ဒီမြို့ရဲ့တရားစီရင်ရေးမှခေတ္တ တာဝန်ထမ်းဆောင်နေပါတယ်""ကျနော်ကတော့ဂျိတ် လေ လွင့်သွားလာနေတဲ့လူပေါ့" ဂျိတ်၏စကားကြောင့် ဟန်လင်းလည်း ဆရာစကားကိုပိုမိုယုံကြည်လာသည်။"ဒါဆို ဆရာဂျိတ် ကျနော်ကိုကူညီပေးပါလား""ဘာကူညီရမှာလဲ ""ကျနော်ဒီနေ့ ထန်မြို့ရဲ့ကျောင်းတော်မှရောက်နေတာလေ အဲ့မှာဆရာဂျိတ်ရဲ့အစွမ်းစတွေကိုတွေ့ခဲ့ရတယ်"အစောင့်ဖြစ်သူ၏စကားကြောင့်သူကျောင်းတော်သို့ရောက်ခဲ့သည်ဖြစ်သည်။ထိုအချိန်၌ဂျိတ်သည် ဆရာလေးဆယ်၏ဝက်ပါထဲရောက်ရှိနေသည်ဖြစ်သည်။ထိုအခိုက်၌မထင်မှတ်ပဲ ဂျိတ်ကသာအနိုင်ယူပြလိုက်သောအခါ သူအလွန်မင်းအံသြခဲ့ရသည်။သူရရှိထားသောသတင်းအရ ထိုလူသည်ကျောင်းကိုလင်းရုံဆိုသော လူကြောင့်ရောက်လာရသည်ဆိုသောအခါပိုမိုသိချင်စိတ်များပြားလာသည်။ထို့ကြောင့်ဂျိတ်ထွက်သွားလာနောက်သို့လိုက်ရာလာမှ ယခုလိုဂျိတ်နဲ့တွေ့ဆုံလာရခြင်းဖြစ်သည်။ "ကျနော်က အထူးမစ်ရှင်ကြောင့် ဒီမြို့ကို ရောက်လာရတာပါ ကျနော်မစ်ရှင်ကြောင့် တရားစီရင်ရေးမှာ ခေတ္တ တာဝန်ယူပုံစံယူရတာလေကျနော်ရဲ့အဓိက မစ်ရှင်က လော့ဂိုဏ်းပါ ""ကျနော် လော့ဂိုဏ်းကို ရှာဖွေကြည့်တော့ လင်းမိသားစုနဲ့ဆက်စပ်နေတာကိုတွေ့တယ် အဲ့နောက် ကျနော် ဆက်စုံစမ်းတော့ သဲလွန်စပျောက်နေတယ်ဗျ "ဟန်လင်းမှသူ၏အကြောင်းရင်းကိုပွင့်လင်းစွာပြောပြသည်။ဤသည်မှာ သူသည်ဂျိတ်အားတကယ်ပင်ယုံကြည်ကြောင်းပြောပြခြင်းဖြစ်သည်။"ပြီးတော့ လင်းမိသားစုနဲ့ အရင်လွန်ခဲ့တဲ့ဆယ့်သုံးနှစ်တုန်းက ထန်မိသားစုနဲ့အမူမှာလည်း ဆက်စပ်နေတာကို ကျနော်တွေ့ရတယ်"ဒီစကားကြောင့် ဂျိတ်လည်း ချက်ချင်းဆိုသလို ပြသာနာများ၏အကြောင်းရာကိုဆက်စပ်ကြည့်သည်။ထို့နောက်ထန်ဟောက်ကိုကြည့်သည်။ထန်ဟောက်သည် ထန်မိသားစုနဲ့တိုက်ဆိုင်နေမလား သူတွေးကြည့်၏။လင်းမိသားစုမှလင်းရုံသည်လည်း ထန်ဟောက်ကိုလုပ်ကြံ ရန်သတ်ဖြတ်ခိုင်းရာ ထိုကိစ္စများသည် ဆက်စပ်နေမည်ဟုဂျိတ်ယုံကြည်လိုက်သည်။ထို့ကြောင့် သူသည် လင်းရုံကိုလာရှာခြင်းဖြစ်သည်။ထိုအခိုက်မှာပင်ဟန်လင်းနဲ့တွေ့ရာ ရေအသင့်ကြာအသင့်ပင်ဖြစ်သွားသည်။"ကောင်းပြီ ကျုပ်ခင်ဗျားကိုကူညီမယ်""ဗျာ"ဂျိတ်၏မထင်မှတ်သောစကားကြောင့် ဟန်လင်းလည်းဝမ်းသာသွား၏။"ဒါပေမဲ့ကျုပ်ကူညီမှာမဟုတ်ဘူး ကျုပ်ရဲ့ရောင်းရင်းက ကူညီမှာ".........................ထန်ကျောင်းတော်ကြီး၏ဆေးခန်း၌ဆရာများ ဆေးများကိုသောက်သုံးကာ သူတို့ရရှိလာသောဒဏ်ရာများကိုပြန်လည်ကုသရင်း ဝိညာဥ်စွမ်းအားများပြန်လည်ဖြည့်တင်းနေကြသည်။ သူတို့အား ကုသပြုစုနေကြသူတွေကတော့ ဆေးခန်းမှဆေးဆရာများနဲ့ ဝိညာဥ်အဆင့်ငါးဆယ်(သိုင်းဝိညာဥ်ဘိုးဘေး)အဆင့်ရှိဆရာငါးယောက်ပင်ဖြစ်သည်။ထိုဆရာများသည် ပြင်ပသို့တာဝန်အရကိစ္စဖြင့်သွားကြရာ ဂျိတ်နဲ့တွေ့ဆုံခဲ့ကြခြင်းမရှိပေ။ထို့ကြောင့် ကျောင်းတော်၏ဖြစ်ပျက်ခဲ့သောကိစ္စကို မေးမြန်းနေသည်လည်းဖြစ်သည်။မေးမြန်းသူကတော့ ဆရာဖြူ ဖြစ်သည်။ဆရာတစ်ယောက်မှပြောပြသည့်အကြောင်းရာအားလုံးကို သူသိရှိထားသည်နဲ့ဆက်စပ်ကာ တွေးတောနေသည်။"ဆရာဖြူ ဘယ်လိုလဲ"ဆရာဖြူသည် ထန်ကျောင်းတော်၏ဝါရင့်ဆရာကြီးဖြစ်ရာသူ၏စကားကို ဆရာတိုင်းလေးစားကြရသည်။ဆရာများသာမဟုတ် လက်ထောက်ကျောင်းအုပ်နဲ့ကျောင်းအုပ်ကြီးများပင်တရိုတသေဆက်ဆံကြရသည်။"ဒီကိစ္စက ကျုပ်တို့ထင်သလောက်မလွယ်ဘူး""ဘာလို့မလွယ်တာလဲ ဆရာဖြူ" "ကျုပ်စဥ်းစားကြည့်တော့ ကျောင်းကိုဝင်လာတဲ့လူစိမ်းက မဝင်ခင်အရင် ဝင်ခွင့်တောင်းသေးတယ်တဲ့ မဝင်ခိုင်းပဲ တံခါးပိတ်ပစ်တော့သူပဲတံခါးကိုဖြိုခွင်းလိုက်တာတဲ့"ဆရာဖြူ၏စကားကိုကျန်သော သိုင်းဘိုးဘေး ဆရာမှဝင်ထောက်ကာပြောသည်။"အဲ့ဒါက သူကျောင်းကိုတမင်စော်ကားတာလေ ဆရာဖြူရဲ့ ပြီးတော့.....""ကျုပ်ပြောတာနားထောင်ပါဦး နောက်တစ်ခါအဲ့လူစိမ်းလာရင်ကျုပ်ဆီလွတ်ခဲ့လိုက်စမ်းပါ အဲ့လူကသာမန်မဟုတ်ဘူးဗျ""ဘာလို့သာမန်မဟုတ်တာလဲ ဆရာဖြူရဲ့ လင်းစမ်းပါဦး""ကျုပ် တံခါးကို​သွားကြည့်ပြီးပြီ သူကတစ်ချက်ပဲ ထုခဲ့တာဗျ"ထိုစကားကြောင့် ကျန်သောဆရာများ လန့်သွားကြသည်။"သေချာလို့လား""သေချာတယ် အတိကျတစ်ချက်ပဲ ဒီလိုတံခါးကြီးကိုတစ်ချက်ပဲထုတာ ဘယ်သူတွေလုပ်နိုင်မယ်ထင်လဲ" ဆရာဖြူ၏စကားကြောင့် ဝင်ထောက်သောဆရာငြိမ်သက်သွားကာ"ကျနော်ပြောရရင် အနည်းဆုံး သိုင်းဧကရာဇ် (ဝိညာဥ်အဆင့်70)ပဲလုပ်နိုင်တာ"ဆရာများငြိမ်သက်သွားကြ၏။ထိုလူ၏တကယ့်အစွမ်းကထိုမျှဆိုပါက တိုက်ခိုက်ခဲ့သည့်အချိန်ကိုတွေးကာ လန့်သွားကြသည်။သိုင်းဧကရာဇ်ဆိုသည်မှာ လက်ရှိစွေ့နိုင်ငံ၏ဘုရင်မင်းမြတ်တစ်ပါးသာရောက်ရှိထားသောအဆင့်ဖြစ်သည်။ဝိညာဥ်အဆင့်မြင့်တက်လာလေ အထက်သို့တက်ရခက်လေဖြစ်သည်။ထိုလူစိမ်း၏တကယ့်အစွမ်းအစကို ဆရာများ မှန်း၍ရနိုင်မည်မဟုတ်ပေ။"အဲ့လူသာ လင်းရုံကိုဘာအကြောင်းကြောင့် ရှာလဲဆိုတာတော့ကျုပ်တို့မသိပင်မဲ့ ဒါကိုဆရာလေးဆယ်ကဝက်ပါဖွဲ့ပြီးတိုက်ကြသေးတယ် ဒါတောင်သူက သနားညှာတာသွားလို့ မဟုတ်ရင်အဲ့နေရာမှာတင်ခင်ဗျားတို့ပွဲချင်းပြီးသေလို့ နောက်နှစ်လို ဒီအချိန်ဆိုရင်နှစ်ပတ်လည်ကျင်းပနေရပြီဗျ" ဆရာဖြူလည်း ပြောပြကာအခန်းမှ ထွက်သွားလေသည်။ကျန်သောဆရာများကတော့ သူတို့သည်လူကိုတိုက်ခိုက်ခဲ့ခြင်းမဟုတ်ပဲမကောင်းဆိုးဝါးအကြီးစားကို တိုက်ခိုက်မိခဲ့ကြောင်းသိရှိလိုက်ကြပေသည်။"သွားလင်းရုံဘာတွေလုပ်တာလဲဆိုတာ စုံစမ်းကြ"ဆရာတွေခံလာရမှတော့ အကြောင်းရင်းမှန်ကိုသိရှိအောင်လုပ်ကြရတော့မည်ဖြစ်သည်။မဟုတ်ပါက ကျောင်း၏သိက္ခာကျဆင်းရတော့မည်ဖြစ်သည်။("ခင်ဗျားကိုတော့ကျုပ်တွေ့ချင်မိသွားပြီ")ဆရာဖြူ တွေးရင်းတစ်ကိုယ်တည်းရေရွတ်မိသည်။ဘယ်သူကများဆရာလေးဆယ်၏ဝက်ပါကြီးကို အသာလေးဖျက်စီးနိုင်မည်နည်း။ထိုလူထူးဆန်းကို သူသိချင်နေပြီဖြစ်၏။

(135)စတင်စုံစမ်းပြီ

လင်းမိသားစုအိမ်တော်"သူ့က်ိုကုလို့မရဘူးလား" လင်းမိသားစုမှအကြီးကဲမှ သမားတော်အားဆိုလိုက်သည်။လက်ရှိ၌ သူတို့သည် လင်းမိသားစု၏အခန်းထဲရောက်ရှိနေကြခြင်းဖြစ်သည်။ သူတို့ရောက်ရှိနေကြရခြင်း၏အကြောင်းရင်းမှာ လင်းရုံအား ကုသပေးရန်ဖြစ်သည်။လင်းမိသားစု၌အကြီးကဲသည် လေးယောက်ရှိသည်။ထိုလေးယောက်သည် မိသားစု တာဝန်ကိုယူကာစီမံအုပ်ချုပ်သည်။သူတို့လေးယောက်၏သိုင်းအဆင့်ကြောင့်လည်း လင်းမိသားစု၏အရှိန်ဝါ တိုးတက်နေခြင်းဖြစ်သည်။ထိုလေးယောက်လုံးသည် လင်းရုံအတွက်ရောက်ရှိနေသည်ဆိုရာလင်းရုံအားမည်မျှတန်ဖိုးထားကြောင်းသိရှိနိုင်လေသည်။အကြီးကဲလေးယောက်ကိုနံပတ်များဖြင့်သတ်မှတ်ထားလေသည်။"ကျနော်ကြိုးစားပြီးကုသကြည့်ပါမယ်"သမားတော်ကလည်း သူ၏သိုင်းဝိညာဥ်ကိုထုတ်ကာ လင်းရုံအားစတင်ကုသပေးသည်။သမားတော်ကုသပေးနေသောနေရာ၏ဘေးတွင် လင်းမိသားစုမှအကြီးကဲနဲ့ အိမ်တော်ထိန်းတို့ရှိနေကြသည်။အိမ်တော်ထိန်းသည် လင်းရုံအား အခြေနေကြည့်ကာအလစ်ခေါ်လာခြင်းကြောင့် လင်းရုံတစ်ယောက် ဂျိတ်၏လက်ထဲမှလွတ်မြောက်လာခြင်းလည်းဖြစ်သည်။သမားတော်သည် သူ၏သိူင်းဝိညာဥ်ဖြစ်သော သစ်မြက်နွယ်ဖြင့်လင်းရုံအားကုသပေးနေသည်။လင်းရုံအား ကုသရာ၌ သူ၏ဝိညာဥ်စွမ်းအားများကိုပိုမိုသုံးစွဲနေရလေသည်။အကြောင်းမှာ ဂျိတ်၏တူကြောင့် လင်းရုံ၏ကိုယ်တွင်းအင်ဂါများသည်လျှပ်စီးများဖြင့်ပြည့်နှက်နေလေသည်။ဤသည်ကိုသမားတော်မှ အရင်ဆုံးလျှပ်စီးဓာတ်များကိုခြေဖျက်ကာ ပျက်စီးသွားသော အတွင်းပိုင်းများကိုပြန်လည်ကုသ ပေးနေရသည်။တခြားသူများဆိုလျှင် လျှပ်စီးဓာတ်ကြောင့် လက်မြောက်အရှုံးပေးပြီဖြစ်သော်လည်း ယခုလင်းရုံအားကုသပေးသောသမားတော်သည်သစ်မြက်နွယ်သိုင်းဝိညာဥ်အားပိုင်ဆိုင်ထား၏။ကိုယ်ခန္ဓာ၌ထိခိုက်နေသောဒဏ်ရာမှန်သမျှကို ထိုသိုင်းဝိညာဥ်က ကုစားပျောက်ကင်းကာသက်သာစေနိုင်သောကြောင့်ဖြစ်သည်။ထိုသို့ကုသပေးလိုက်သည်မှာ နှစ်နာရီပင်ကြာမြင့်သွားလေသည်.။ "ကျုပ်ကုသပြီးသွားပြီ""ကျေးဇူးပါသမားတော်"လင်းမိသားစုအကြီးကဲများက ကုသပေးသောသမားတော်ကိုထိုက်တန်သော ပမာဏပေးလိုက်သည်။သမားတော်ကလည်းဝမ်းသာကျေနပ်ကာပြန်သွား၏။"လင်းရုံသက်သာလား""သက်သာပါတယ်"သမားတော်၏ကုသမှုကြောင့် လင်းရုံပြန်လည်သက်သာလာခဲ့ပြီဖြစ်ကာ ဝိညာဥ်စွမ်းအားများကိုပြန်လည်စုဆောင်းနေသည်။ဝိညာဥ်စွမ်းအားများပြန်လည်ပြည့်တင်းလာလေ လင်းရုံပိုမိုနေ၍ကောင်းလာသလိုခံစားလိုက်ရသည်။အစောပိုင်း၌တော့ လင်းရုံသည် ဝိညာဥ်စွမ်းအားစုဆောင်းကာ ရရှိထားသောဒဏ်ရာကိုသက်သာစေရန်လုပ်ဆောင်သော်လည်းသူ၏ကိုယ်၌ရောက်ရှိနေသော ဂျိတ်၏လျှပ်စီးများက သူ့အားဝိညာဥ်စွမ်းအားကောင်းစွာလည်ပတ်ရန်ကို တားဆီးနေခြင်းဖြစ်ရာသမားတော်ခေါ်ကာကုသလိုက်ရခြင်းဖြစ်သည်။ "အိမ်တော်ထိန်း သူ့က်ိုလာလုပ်တဲ့လူရဲ့အကြောင်းရာတွေစုံစမ်းရခဲ့လား""အစောလေးကတင်ပဲ ရလာပါတယ်ဒါပေမဲ့""ဘာဖြစ်တာလဲပြောတာပြောပါ"လင်းမိသားစုအကြီးကဲမှမေးနေပြီဖြစ်ရာ"သခင်လေးကို လုပ်သွားတဲ့လူကဘယ်ကလာမှန်းကိုမသိရပါဘူးသူ့ဘေးက ကလေးတစ်ယောက်ကတော့ ထန်ဟောက်ပါ သူရဲ့လက်ထဲကသက်သေကိုလည်း ကျနော်ဖျက်စီးခဲ့ပြီးပါပြီ"ဂျိတ်၏လက်ထဲမှကျောက်ကိုဖျက်စီးသူမှာ တခြားမဟုတ် အိမ်တော်ထိန်းသာဖြစ်သည်။မြှားဖြင့်ဂျိတ်၏လက်မှသက်သေဖြစ်သောအသံကျောက်တုံးကို ဖျက်စီးပြီး ဆရာများသံသယဝင်စေရန်ကျောင်းသားများအကြားဝင်ရောကာ အော်ဟစ်ခဲ့သူဖြစ်သည်။သူ၏အကြံကြောင့်လည်း ဆရာများကဂျိတ်အားတိုက်ခိုက်ကြခြင်းလည်းဖြစ်သည်။ကြားပြိီးသည်နဲ့ အကြီးကဲများ၏မျက်နှာရှုံတွသွားလေသည်။ "ဒီကောင်ကမသေသေးဘူးလား လင်းရုံမင်းသေချာလုပ်ခဲ့တယ်မလား""ကျနော်သေချာလုပ်ခဲ့ပါတယ် အကြီးကဲတို့ပြောသလိူမျိုးကိုယ်ယောင်ဖျောက်ပြီး တော့ကိုသွားတာပါ"လင်းရုံလည်း မိမိလုပ်သမျှကိုအမှန်တိုင်းပြောဆို၏။သူ၏စကားကြောင့်အကြီးကဲများလည်းခေါင်းစားသွားသည်။"ပြီးတော့ရှိသေးတယ် အကြီးကဲတို့ အဲ့လူက ဆရာလေးဆယ်ရဲ့ဝက်ပါကိုလဲ ရိုက်ခွဲသွားပါတယ်တဲ့""ဟ"အကြီးကဲလေးယောက်မျက်လုံးပြူးသွား၏။ဒီတစ်ခါလင်းရုံပါ လန့်သွားသည်။သူတို့အနေဖြင့် ဆရာများသုံးသောဝက်ပါကို သိထားသောကြောင့်ဖြစ်သည်။ဝိညာဥ်အဆင့်ခုနှစ်ဆယ်ရှိသောသူမှသာ လွတ်မြောက်နိုင်သည်ဖြစ်ရာ ထိုလူစိမ်းအားလန့်သွားကြလေသည်။"ဒါဆိုကျနော်တို့ဘာဆက်လုပ်မလဲ" အကြီးကဲများလည်းခေါင်းစားသွားကြသည်။သူတို့ကြံစည်နေသောအကြံကြီးကို အကောင်ထည်ဖော်နေသည်မှာကြာလှပြီဖြစ်သည်။ သူတို့၏အကြံကြီးမှာထန်မိသားစုကို ဖြိုခွင်းကာ သိမ်းပိုက်ရန်ဖြစ်သည်။ထန်မိသားစုအားဖြိုခွင်းရာ၌ ပိရိတိကျအသေးစိတ်စေရန် ထန်မိသားစုများ၏လူများကို အသေးစိတ်လှုပ်ရှားရှာဖွေစုဆောင်းခဲ့ကြသည်။ထို့နောက် တဖြေးဖြေးအစီစဥ်ဆွဲကာ သိမ်းပိုက်မည်ဖြစ်သည်။သူတို့၏သတင်းများစုံစမ်းချက်အရ ထန်မိသားစုတစ်ယောက်မှကလေးသည် အကြီးကဲရွာ၌ရှိနေကြောင်းသူတို့သတင်းရခဲ့သည်။နာမည်အားစုံစမ်းရာ ထန်ဟောက်ဟုဆိုသည်။ထိုကလေးသည်တစ်ကိုယ်တည်းသမားဖြစ်ကြောင်းလည်းသိရှိရသည်။ကျူပင်ခုတ်ကျူငုတ်မကျန်စေ ထိုကလေးအား အစဖျောက်ရန်လိုအပ်လာလေသည်။ထို့ကြောင့် ထန်ဟောက်အားသေစေရန် လင်းရုံကို အကြီးကဲများစေလွတ်လိုက်ခြင်းဖြစ်သည်။အစီစဥ်သာမအောင်မြင်ပါက မိမိတို့တစ် မိသားစုလုံး သေမည်ဖြစ်သည်။ထို့ကြောင့် တစ်ခုမျှလစ်ဟင်းသွားခြင်းမရှိအောင် လုပ်ဆောင်နေကြသည်ဖြစ်သည်။ထိုသို့စေလွတ်ရာ၌ပင် လင်းရုံကိုကိုယ်တိုင်ကိုယ်ကျသတ်စေခိုင်းခြင်းမဟုတ်ပဲ လူငှားသတ်စေခြင်းဖြစ်သည်။သူတို့စီစဥ်ထားသောအစီစဥ်အတိုင်းဆိုလျှင် ဘာမှအခက်ခဲမရှိအဆင်ပြေချောမွေ့နေမည်ဖြစ်သည်။သို့ရာတွင်ဂျိတ်၏မထင်မှတ်ထားသောပေါ်လာမှုကြောင့် သူတို့၏အစီစဥ်ကမောက်ကမဖြစ်သွားရသည်။ထိုလူသည် ထန်ဟောက်အားခေါ်ကာ ကျောင်းထဲထိလာပြီး လင်းရုံအား မေးမြန်းကာထုရိုက်ပစ်သည်။ထိုအပြုမှုကြောင့် အကြီးကဲများသည် ဂျိတ်သည်မည်သို့သောသူဖြစ်ကြောင်း ပိုမိူသိရှိလိုသည်။အဘယ်ကြောင့်ဆိုသော် ထိုလူသည် ထန်ဟောက်အားပြကာ လင်းရုံအားအဘယ်ကြောင့်သူ့အားသတ်ခိုင်းရသနည်းဟု ဒဲ့မေးသောကြောင့်ဖြစ်သည်။ကြည့်ရသည်မှာထိုလူသည်လင်းရုံကြောင့်ဖြစ်မှန်း. သိရှိနေပြီမှာအသေချာပင်ဖြစ်၏.။ "လင်းရုံမင်းဒီတိုင်းပဲဆက်ဆောင်ရွက်ကြားလား ကျန်တာငါတို့စီစဥ်လိုက်မယ်""ဟုတ်ကဲ့ပါအကြီးကဲ"ထို့နောက်အကြီးကဲတစ်သည် အိမ်တော်ထိန်းအား"သွား လော့ဂိုဏ်းကို ပြောလိုက် ထန်ဟောက်နဲ့အဲ့လူစိမ်းကိုရှင်းပေးမယ်ဆိုရင် သူတို့လိုချင်တာပေးမယ်လို့."ထိုစကားကြောင့် အကြီးကဲနှစ်လည်း"နေဦးတကယ်ကြီး အဲ့လိုလုပ်မလို့လားဟ""မတတ်နိုင်ဘူး အခုအခြေနေအတိုင်းဆိုရင် ငါတို့နှစ်ပေါင်းများစွာကြံလာတဲ့အစီစဥ်ကသူ့ကြောင့်ပျက်စီးရတော့မယ် အဲ့တော့ အဲ့လောက်တော့ရင်းပြီး သူတို့နှစ်ယောက်ကို ဒီလောက ကနေထွက်သွားခိုင်းမယ်"ကျန်သောအကြီးကဲများကလည်း အကြီးကဲတစ်ပြောသောစကားကိုနားထောင်ကာလက်ခံလိုက်ကြသည်။အကြီးကဲတစ်သည် သူတို့ လေးယောက်တွင် အသက်အကြီးဆုံးနဲ့ ဆုံးဖြတ်ချက်စီမံရာတွင်အတော်ဆုံးဖြစ်ရာလက်ခံကြသည်မှာ ထုံးစံပင်ဖြစ်သည်။"ဒါဆို ကျနော်သွားပြောလိုက်ပါတော့မယ်""အေးအေး".....................ထန်မိသားစုအတွင်း၌လည်းအစည်းဝေးထိုင်နေကြ၏။အစည်းဝေးထိုင်ရာ၌ ထန်မိသားစုမှအကြီးကဲများအပါဝင်စုစုပေါင်း ဆယ့်နှစ်ယောက်ရှိနေသည်။ထန်မိသားစုသည်လည်း လင်းမိသားစုလိုပင် အကြီးကဲလေးယောက်က ထန်မိသားစုကို ထိန်းချုပ်ကိုင်ထားသည်။ယခုအစည်းဝေး၌ သုံးယောက်ရှိကာ တစ်ယောက်တော့စစ်တပ်ထဲ၌တာဝန်ထမ်းဆောင်နေလေသည်။အကြီးကဲ ခေါင်းဆောင်ကြီးသည် လူစုံပြီးဆိုသည်နဲ့သူ၏မိန့်ခွန်းစတင်တော့သည်။"ဘာလို့အစည်းဝေးလုပ်ရတာလဲ အကြီးကဲ" တစ်ယောက်မှမေးလိုက်သည်။မေးသောသူသည် ထန်မိသားစု၏စီးပွားရေးပိုင်းကို တာဝန်ယူဆောင်ရွက်နေသောသူဖြစ်သည်။"ဒီနေ့ကပြသနာကြောင့် ခေါ်လိုက်တာ မင်းတို့ကောင်တွေကြားမှာပါလင်းရုံကိုတစ်ယောက်ယောက်ကကျောင်းမှာတီးလွတ်လိုက်တယ်ဆိုတာ""ကြားပါတယ်"သူတို့လည်း လင်းရုံကိုတီးလွတ်သောသူကို ဒေါသထွက်နေကြသည်ဖြစ်သည်။လင်းမိသားစုသည် သူတို့၏အမျိုးနွယ်ဖြစ်နေပြီဖြစ်ရာ ဒါကမထူးဆန်းပေ။"သူပဲ အရိုက်ခံရတယ်ဆိုရင် ငါခေါ်မနေဘူး အခုပြသနာမှာ လင်းရုံက ထန်ဟောက်ဆိုတဲ့သူကို သတ်ဖို့လုပ်လို့တဲ့"ထန်ဟောက်ဆိုသောစကားကြောင့် ထန်မိသားစုများငြိမ်သက်သွားကြသည်။ခုအစည်းဝေးကို ထန်မိသားစုကြီးသီးသန့်လုပ်ကြသည်ကိုလည်းရိပ်မိလာသည်။အကြောင်းမှာ သံသယဝင်ကာသွေးကွဲမည်စိုးရိမ်သောကြောင့်ဖြစ်သည်။ ထန်မိသားစုနဲ့လင်းမိသားစုဆွေမျိုးဖြစ်လာသည်မှာ ရာစုနှစ်နှစ်ခုစာမျှရှိနေရာ ထန်မိသားစု၌လည်းလင်းမိသားစုဝင်များရှိကြသည်ဖြစ်သည်။ထို့ကြောင့်ယခုအစည်းဝေး၌ ထန်မိသားစုဝင်စစ်စစ်များက သာထိုင်နေကြသည်ဖြစ်သည်။ထန်ဟောက်ဟူသောစကားကြောင့် မိသားစုကြီးငြိမ်သက်နေကြသည်။"မင်းတို့လဲ အဲ့နာမည်ကို သိမှာပါ အရင်လွန်ခဲ့တဲ့ဆယ့်သုံးနှစ်ဝန်းကျင်က ငါတို့မိသားစုရဲ့ ပါရမီရှင်လေး သူ့ကလေးမွေးရင်ပေးမယ်ဆိုတဲ့နာမည်လေးပေါ့"သူတို့၏အတိတ်ကိုပြန်လည်တမ်းတမိသွားသည်။လွန်ခဲ့သောဆယ့်သုံးနှစ်၌ ထန်မိသားစု၌ ထန်ရှင်ဟူသောကောင်လေးရှိသည်။ထိုကောင်လေးသည်လွန်စွာပါရမီပါသောကြောင့် ထန်မိသားစု၏ဘိုးဘေးအဆင့်ထိရောက်ရှိမည်ဟုမျှော်လင့်ထားကြသည်။ထိုထန်ရှင်သည် ကောင်မလေးတစ်ယောက်နဲ့ချစ်ကြိုက်ပြီးလက်ထပ်ခဲ့ကြသည်။ထိုကောင်မလေးသည်လည်း ထန်ရှင်ကဲ့သို့ပင် ပါရမီရှင်လေးဖြစ်ရာ ထန်မိသားစုကလည်း ဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်။နောက်တွင် ထန်ရှင်၏ရင်သွေးလွယ်ထားပြီဖြစ်ကြောင်း ထန်ရှင်သိသောအခါ"သားလေးမွေးလာရင် ထန်ဟောက်လို့ပေးမယ်ကွ"အတိတ်ကအကြောင်းများကို ဆွေးမြေးစွာအကြီးကဲတွေးနေမိသည်။ထို့နောက်ဆက်လက်ပြောကြားသည်။"အဲ့ကလေးက ထန်ရှင်ရဲ့ကလေးလို့ ငါမပြောနိုင်ပါဘူး ဒါပေမဲ့သူနာမည်က ထန်ဟောက်ဖြစ်နေတဲ့အပြင် သူ့ရဲ့အသက်ကလဲ ဆယ့်နှနှစ်လောက်ပဲရှိသေးတယ်လို့ သတင်းရထားတယ် ဒါကြောင့်မို့ အဲ့ကလေးအကြောင်းကို မင်းတို့ကိုစုံစမ်းစေချင်တယ်"အကြီးကဲ၏ဆန္ဒကို ထန်မိသားစုဝင်များ နားလည်ကြသည်။ထိုထန်ဟောက်သည် ထန်ရှင်၏ကလေးမဖြစ်နိုင်မှန်းသိသော်လည်း သူကိုယ်တိုင်စစ်ဆေးစေလိုသည်။ဤဆန္ဒကို နားလည်ကြသည်။အဘယ်ကြောင့်ဆိုသော်ထန်ရှင်သည် သူ၏သားဖြစ်သောကြောင့်ဖြစ်သည်။ "ပြီးတော့ အဲ့ကလေးနားမှာရှိတဲ့ လူစိမ်းအကြောင်းကိုလဲ စုံစမ်းခဲ့ကြဦး""ကောင်းပါပြီ အကြီးကဲ"................."မလာသေးဘူးလားဟ"ဟန်လင်းတစ်ယောက် ဆိုင်တစ်ဆိုင်၏ထောင့်၌ တစ်ကိုယ်တည်းရေရွတ်၍ပြောနေသည်။ထိုဆိုင်ထောင့်လေး၌စောင့်နေရသည့်အကြောင်းရင်းမှာ ဂျိတ်သည်သူ၏ရောင်းရင်းတစ်ယောက််ကိုသူ့အားကူညီရန်စေလွတ်လိုက်မည်ဟုဆိုထားသောကြောင့်ဖြစ်သည်။"သူပဲထင်တယ်"ဟန်လင်းသည် မိမိဆီသို့ဦးတည်လာနေသော သူကို ကြည့်ကာတွေးမိသည်။အကြောင်းမှာ ဂျိတ်သည် သူ၏ရောင်းရင်းသည်သာမန်တို့ထက်အနည်းငယ်ဆန်းပြားသည်ဟုဆိုထားသောကြောင့်ဖြစ်၏။မိမိရှေ့မှလျှောက်လာသောသူသည်လည်းထူးခြားသည်ဟုဆိုနိုင်ပေသည်။ထိုသူသည် မိမိ၏အနားရောက်သည်နဲ့ရပ်၌နေ၏။ ဂလေစီယာခေါ်ရေခဲတောင်စီးကရက်တစ်လိပ်ကိုထုတ်ကာစီးကရက်ဘူးပေါ်တွင် ဆေးလိပ်ကိုတစ်ဒေါက်ဒေါက်ခေါက်၏။ပြီးမျှ စီးကရက်ကိုနှုတ်ခန်းဖျားတွင်တေ့၏။ထို့နောက်မီးခြစ်ကိုခြစ်ကာမီးတို့၏။ပြီးလျှင် မီးခိုးငွေ့များကို ရှိုက်ကာ ပါးစပ်ပြင်သို့မှုတ်ထုတ်လိုက်ရာမီးခိုးမှာ ဝ ပုံစံလေးဖြစ်၍ထွက်သွားလေသည်။ဟန်လင်းကတော့ သူ့အားငေး၍သာကြည့်နေသည်။အကြောင်းမှာသိုင်းဝိညာဥ်ကမ္ဘာ၌ စီးကရက် မီးခြစ်ကဲ့သို့အရာများမရှိသောကြောင့်ဖြစ်သည်။ထိုအခြင်းရာများကို သူမသိသော်လည်း ထိုလူ၏ပုံစံမှယောကျာ်းပီသကာ ထိုအရာများကြောင့် သူ၏ပုံစံမှ ထူးခြားလေးနက်သောအသွင်ပြင်ကိုဆောင်သည်ဟုခံစားမိသည်။ဤသို့ခံစားမိသည့်လူဆိုလျှင် ဟန်လင်းအဖို့ ဂျိတ်ပြီးလျှင် ဒုတိယမြောက်လူပင်ဖြစ်လေသည်။"ကျနော်ကဆားပုလင်းပါ ဂျိတ်ကပြောတယ် ကျုပ်ခင်ဗျားကိုကူညီပေးရမယ်တဲ့" "ကောင်းပြီ ကျနော်ကဟန်လင်းပါ ကျနော်တို့လုပ်ရမှာက သဲလွန်စရှာဖွေဖို့ပါပဲ""ဒါဆိုရင် စလိုက်ကြစို့ဗျာ"

All Chapters