← Chapters

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

(136) လော့ဂိုဏ်း

ဟန်လင်းနဲ့ ဆားပုလင်းတို့ကတော့ အချင်းချင်းတိုင်ပင်ကာ စတင် လှုပ်ရှားနေပြီဖြစ်၏။ဂျိတ်နဲ့ ထန်ဟောက်ကတော့ ထန် မြို့၏တည်းခိုခန်းတစ်ခုတွင်ရှိနေလေ၏။ ဂျိတ်သည် သူ၏ထုံးစံအတိုင်း တရားထိုင်ဟန်ဖြင့် ရှိ​နေသော်လည်း သူ၏စိတ်သည်ကား သူ၏စနစ်လေ့ကျင့်ခန်းထဲ၌ အမြဲလေ့ကျင့်နေသည်ဖြစ်၏။ ထိုသို့လေ့ကျင့်မှုမှာလည်း နေ့တိုင်းမပြတ်လုပ်ဆောင်နေသော သူ၏အလေ့ကျင့်တစ်ခုလည်းဖြစ်သည်။ "ဟူး ပြီးသွားပြီ" ဂျိတ်သက်ပြင်းချရင်း လေပူများမှုတ်ထုတ်လိုက်သည်။လေ့ကျင့် တုန်းက အကြောင်းရာများကိုပြန်လည်တွေးနေမိသည်။ ထန် ဟောက်၏စုံစမ်းရမည့်အကြောင်းရာများကိုသူ၏ခေါင်းထဲမှ ခေတ္တ ဖယ်ထား၏။ သူသည် ဆားပုလင်းနဲ့ဟန်လင်းကို ထိုအကြောင်းစုံစမ်းခိုင်းဖို့စေ လွတ်ထားသည်ဖြစ်ရာ စိတ်ပူပန်နေစရာမလိုပေ။အချိန်တန်လျှင် သိရမည်သာဖြစ်သည်။ ဆားပုလင်းသည် သာမန်မဟုတ်သောစုံထောက်တစ်ယောက် ဖြစ်၏။ထိုသူကို ယခင်ကသူ၏ကမ္ဘာ၌ ဆားပုလင်းနှင်းမောင်ဟုလူ သိများသည်။ရှားလော့ဟုမ်းကဲ့သို့ အမူလိုက်လျှင်မပေါ်သည့်အခါ မ ရှိသောသူဟုနာမည်ကျော်ကြားသူလည်းဖြစ်သည်။ဒီလိုလူကိုစနစ်မှ ဆင့်ခေါ်ကာ အကြောင်းရင်းသိစေရန်လိုက်စုံစမ်းခိုင်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဟန်လင်းမှ ပေါက်ကရလုပ်နေပါစေ ဆားပုလင်းကြောင့် အကုန်လုံးအမှန်တိုင်းပေါ်ပေါက်လာမည်ဖြစ်သည်။ ထို့ကြောင့် ထန်ဟောက်အား အပျင်းပြေစေရန် ထန်မြို့တော်၏ည စျေးတန်းလည်ပတ်ရန်ကြံရွယ်ထားလေသည်။ ("သခင် မေးစရာရှိပါတယ်") ("မေးပါ") ("ဒါကစနစ်ပိုင်ရှင်ကို မေးရတဲ့ ကျနော်ရဲ့တာဝန်တစ်ခုပါဘာလို့ သခင်က စနစ်ရှိရဲ့သားနဲ့ စနစ်အစွမ်းနဲ့ ဒီကမ္ဘာကိုပိုင်စိုးအုပ်ချုပ်တာ မျိုးမလုပ်ရတာလဲ") စနစ်မှ ထိုမေးခွန်းမေးလာသောကြောင့် ဂျိတ်လည်းအံသြရသည်။ စနစ်တိုင်း ဒါမျိုးများမေးမြန်းကြသည်လား။ ဂျိတ်လည်း ပုံမှန်လေသံဖြင့် ("ငါဆိုတဲ့ကောင်က ဒီစနစ်ကြောင့် မင်းပြောသလိုလုပ်လို့ရပါတယ် အဲ့လိုပိုင်စိုးအုပ်ချုပ်ရတယ်ဆိုတာ ကိုယ်အလိုရှိတာကိုရချင်ကြလို့ပဲ လေ ငါ့မှာ ငါချစ်ရတဲ့ သမီးလေးလည်းရှိတယ် အင်မတန်ချောတဲ့ မိန်းမလည်းရှိတယ် အစွမ်းထက်တဲ့စနစ်လဲရှိတယ် ဒီတော့ငါက လိုချင်တာရနေမှတော့ ဘာလို့ဒီကမ္ဘာကြီးကို အုပ်ချုပ်နေရဦးမှာ လဲ"ပြီးတော့ အခုလိုနေရတာကလဲ အေးချမ်းပါတယ်") ("သခင့်စကားကို မှတ်ထားပါတယ်") ဂျိတ်လည်း စနစ်အားပြောပြီးသည်နဲ့ ထန်ဟောက်နဲ့ည စျေး၌ပတ်လည်ရန် ထန်ဟောက်အား ခေါ်လိုက်သည်။ထို့နောက် နှစ် ယောက်သား ညစျေးပတ်ရန်တည်းခိုခန်းမှထွက်ခါလာကြသည်။ ........... ညမှောင်ရီပင် ပျိုးနေပြီဖြစ်၏။လူငါးယောက်သည် အထုပ်တစ်ထုပ် ဖြင့် လင်းမိသားစုအိမ်သို့သွားနေကြ၏။သူတို့သည် လင်းမိသားစု ရှေ့ရောက်သည်နဲ့ "ဟာ ထန်သခင်ကြီးတို့ကြွပါဗျ ကြွပါ" လင်းမိသားစုတံခါးစောင့်များက ထိုလူများကို ဝိုင်းဝန်းကြိုဆိုကြ လေသည်။ "ဗျို့ သခင်ကြီး ထန်သခင်ကြီးတွေလာတယ်" ထန်မိသားစုမှ လူလာသည်ဆိုသောကြောင့်လင်း အကြီးကဲ လေး သည်ထွက်ကြိုသည်။ "ဘာသခင်ကြီးတို့ပါလား အထဲကြွကြပါ" "နေပါစေဗျာ ကျုပ်တို့က လင်းရုံထိခိုက်သွားတယ်ကြားလို့သတင်း လာမေးတာပါဗျ သူဘယ်လိုနေသေးလဲ" ထန်မိသားစုမှ လူငါးယောက်သည် လင်းရုံထိခိုက်သွားသည်ဆို သောသတင်းကို အကြီးအကဲမှမေးမြန်းရန် စေလွတ်လိုက်ခြင်း လည်း ဖြစ်သည်။လွတ်လိုက်သောလူငါးယောက်ကလည်း ထန် မိသားစု၌ ရာထူးအဆင့်မြင့်သောလူများဖြစ်ကြသည်။ "သူလား သမားတော်ကြီးလာကုသွားလို့ တော်တော်သက်သာလာပါ ပြီ" "ရော့ သူအတွက် ဆေးထုပ်ပါလာတယ် အဲ့​တာကြိုသောက်ရင် အားရှိစေတယ်" "ဟာဗျာ နှစ်တစ်ထောင်ဂျင်းဆင်း အားနာစရာကြီး" "အားနာမနေပါနဲ့ဗျာ ဆွေမျိုးတွေပဲကို အဲ့တာသောက်ပြီးရင်သူ အားတက်လာမှာပါဗျာ" ထန်မိသားစုမှလူငါးယောက်နဲ့ လင်းမိသားစုမှအကြီးကဲ လေး နဲ့ လက်ဆုံစကားကျနေကြသည်။နှစ်တစ်ထောင်ဂျင်ဆင်းသည် အလွန်ရှားပါးသောဆေးပင်တစ်ခုဖြစ်ရာ ထန် မိသားစု၏လက်ဆောင်သည် မြင့်ကြောင်းဝန်ခံရပေမည်။ "ဒါဆိုရင် လည်း ကျုပ်တို့ကိုပြန်ခွင့်ပြုပါဗျ" "ကောင်းပါပြီဗျ အပေါက်ဝထိလိုက်ပို့ခွင့်ပြုပါဗျာ" "ဟာအကြီးကဲကလည်း အားနာစရာကြီး " "ဘာအားနာစရာလိုလည်း ဆွေမျိုးတွေပဲကို" ခြောက်ယောက်သား အချင်းချင်းပြန်ကြည့်က "ဟားဟားဟားဟား" ရယ်မောမိကြသည်။ အကြီးကဲ လေး သည်လည်း အပေါက်ဝအထိ ပြန့်ပို့ကာ အိမ်တော် ထဲပြန်ဝင်လာလိုက်သည်။ပြန်ဝင်လာသောသူ၏ပုံစံသည် အစောက ရယ်မောခဲ့သောမျက်နှာနဲ့လုံးဝဆန့်ကျင့်ဘက်ပင်ဖြစ်၏။ ......... "ခင်ဗျား ဒီနေရာဆိုတာသေချာလား" လူနှစ်ယောက်သား အမှောင်ရိပ်ခိုကာ တစ်စုံတစ်ရာကိုစောင့်ဆိုင်း နေဟန်ရှိ၏။ထိုနှစ်ယောက်ကား တစ်ခြားသူမဟုတ် ဟန်လင်းနဲ့ ဆားပုလင်းတို့ပင်ဖြစ်လေသည်။ "သေချာပါတယ် ကျနော် ဒီနေရာလို့ သတင်းရထားတာကြာပြီ" သူတို့နှစ်ယောက်သည် မီးမှိန်ပြပြဖြစ်နေဟန်ရှိသော စျေးဆိုင်ခန်း လေးတစ်ခု၏ဝင်ပေါက်အား ကြည့်ရှူနေကြသည်။ထိုဆိုင်လေး​ ၏ရှေ့လူသွားလမ်းသည် လူများရံဖန်ရံခါမှသာသွားလာလှုပ်ရှားကြ ရာ ဟန်လင်းရောက်နေသောအချိန်သည် လူရှင်းချိန်ဖြင့် တိုက်ဆိုင် နေသည်။ ထိုဆိုင်လေးသည် ညအချိန်ရောက်သောကြောင့် ဆိုင်ပိတ် ထားသည်။ထိုဆိုင်လေးသည် စားသောက်ဖွယ်ရာများရောင်းချ သောဆိုင်ဖြစ်၏။ထိုဆိုင်သည်လော့ဂိုဏ်းနဲ့ပတ်သတ်သောသဲလွန်စ ရှိနိုင်သည်ဟု သတင်းရထားသောကြောင့် လာရောက်ချောင်းနေကြ ခြင်းဖြစ်သည်။ "ဒါဆို ခင်ဗျားဆက်ကြည့်နေ ကျုပ်တော့အာရုံခံလိုက်ဦးမယ်" ဆားပုလင်းသည် နံရံကိုမှီကာ မျက်လုံးပိတ်ပြီးမှိန်းနေသည်။ဟန် လင်းကတော့ ဆက်လက်စောင့်ကြည့်နေဆဲဖြစ်သည်။ ရွတ် ရွတ် ခြေသံကြားသောကြောင့် ဟန်လင်းမျက်လုံးပြူးကာ အသဲသန်ကြ ည့်လိုက်သည်။ဆားပုလင်းကိုကြည့်တော့ သူကလှုပ်ပင်မလှုပ် ပေ။ မျက်လုံးလေးမှိတ်ကာ အတိုင်းသားလေးသာငြိမ်နေသည်။ (."ဘာလို့ဒီလိုလူကို ဂျိတ်ကလွတ်ခဲ့လိုက်ရတာလဲ") ဟန်လင်းအသေချာကြည့်နေသော လူနှစ်ယောက်သည် လမ်း အတိုင်းဆက်လက်လမ်းလျှောက်လာကြသည်။ထို့နောက် ထိုလူနှစ် ယောက်သည် ဟန်လင်းစောင့်ကြည့်နေသောဆိုင်ရှေ့မှ ဖြတ်ကာ သွားလေသည်။ "ဒီနှစ်ယောက်လည်း မဟုတ်ပြန်ဘူး" ဟန်လင်းဆက်လက်စောင့်ကြည့်၏။သူစောင့်ကြည့်နေသော နာရီဝက်အတွင်း ထိုလမ်းသို့ဖြတ်သွားလာကြသော လူတိုင်းထို ဆိုင်၏ဝင်ပေါက်သို့ဝင်ရောက်သွားခြင်းမရှိပေ။ ("ငါများသတင်းမှားနေတာလား") ထိုသတင်းရရန် ဟန်လင်းမှာအကြာကြီးကြိုးစားထားရသည် ဖြစ်၏။ဘေးမှ ဆားပုလင်းကိုကြည့်တော့ နံရံမှီလျက်သားနဲ့ မျက်လုံးမှိတ်ထားဆဲဖြစ်သည်။ ရွတ် ရွတ် နောက်ထပ်လမ်း၌လာကြသောသူများကလည်း ထိုဆိုင်လေးအား ကျော်သွားကြပြန်၏။ "ဟန်လင်း အဲ့လူတွေပဲလိုက်တော့" ရုတ်တရက်ဆိုသလို ဆားပုလင်းမှမျက်လုံးဖွင့်ကာ ပြော၏။ "ဘာလို့အဲ့ဒီလူတွေကိုလိုက်ရမှာလဲ သူတို့ကသာမန်ပဲလေ ပြီးတော့ ဆိုင်ထဲမှမဝင်ကြတာ" ဟန်လင်းမှပြန်ပြော၏။ "ခင်ဗျားကလည်း စုံထောက်ဖြစ်ပြီးတော့ ဗျာ ကျုပ်ပြောပြမယ် သာမန်လူလမ်းလျှောက်ရင် အနည်းဆုံးအသံထွက်တယ်ဗျ အခုလူ တွေက လမ်းလျှောက်ရင်ထွက်တဲ့အသံကို အတင်းထိန်းချုပ်ထား သလိုကြီး ပြောရရင် ခြေသံလုံအောင်လုပ်တာကိုမလုပ်နိုင်သေးတာ ပေါ့သူတို့အသက်ရှုနှုန်းကို နားထောင်ရင် သူတို့က သိုင်းဝိညာဥ် ပညာရှင်တွေ ဗျသာမန်လူတွေနဲ့အသက်ရှုပုံမတူ​ဘူးလေဗျာ" ဆားပုလင်းရှင်းပြသည့်နဲ့ ချိန်ကြည့်တော့ မှန်ကန်နေကြောင်း ဟန် လင်းတွေ့ရာအံသြနေသည်။ ဆားပုလင်းနဲ့ဟန်လင်းလဲ ထိုလူသုံးယောက်နောက်သို့ခြေရာခံလိုက် လေသည်။ဟန်လင်းသည် ထိုလူများနောက်သို့ခြေရာခံလေ ဆား ပုလင်းအား ပိုမိုအံသြလေဖြစ်၏။ အကြောင်းကား မိမိသည် ခြေသံမကြားစေရန်နဲ့လိုက်လာသည်ကိုမ သိစေရန် မိမိ မိသားစုမှကျင့်စဥ်ကိုသုံးကာ လိုက်လာခြင်း ဖြစ်သည်။ကျင့်စဥ်ကိုဝိညာဥ်စွမ်းအားဖြင့်လှည်ပတ်စေပြီး ကိုယ် ဖျောက်ခြင်းဖြစ်သည်။ ဆားပုလင်းသည် အဘယ်ကျင့်စဥ်သုံးကာ လိုက်သနည်းကိုသူစဥ်း စားမရဖြစ်နေသည်။အကြောင်းကား သူ၏ကိုယ်မှ ဝိညာဥ်စွမ်းအား ကို လုံးဝအာရုံခံ၍မရသောကြောင့်ဖြစ်၏။ထိုသို့အာရုံခံ၍မရခြင်း သည် အဆင့်မြင့်လွန်းသောကြောင့်နဲ့ လုံးဝသိုင်းဝိညာဥ်ပညာရှင် မဟုတ်သောကြောင့်ပင်ဖြစ်သည်။ ("ဟ ဆားပုလင်းပြောတာဟုတ်တယ်ဟ") ထိုလူသုံးယောက်၏နောက်မှခပ်ခွာခွာလိုက်လေ ဆားပုလင်း ပြောသည်မှာမှန်ကန်ကြောင်းသိလိုက်ရသည်။အကြောင်းမှာ မိမိတို့ ခြေရာခံလိုက်နေသောလူသုံးယောက်သည် တခြားလမ်းသေးမှတစ် ဆင့် ဖြတ်ကာ နောက်ဖေးလမ်းမှ မိမိတို့စောင့်ကြည့်နေသော ဆိုင် ထဲသို့သွားနေကြခြင်းဖြစ်သည်။ ထိုလူသုံးယောက်သည် ဆိုင်ခန်းထဲသို့ဝင်သွားကြရာ သူတို့နှစ် ယောက်လည်းလိုက်၍ဝင်၏။အထဲသို့ရောက်သောအခါ ထိုလူသုံး ယောက်သည် ဆိုင်ခန်း၏မြေအောက်ခန်းနေရာသို့ဝင်သွားကြ၏။ ဟန်လင်းတို့ကလည်း သူတို့အားမသိစေရန်သတိထားကာ မြေအောက်ခန်းသို့လိုက်ဝင်ပြန်၏။ဆိုင်၏မြေအောက်ခန်းသည် ကြီးမားလှရာ ဟန်လင်းပင်အံသြရလေသည်။ မြေအောက်ခန်းက ကြီးမားသလို လူအများကြီးလည်း စုပြုံနေ ကြောင်းသိလိုက်ရလေသည်။ ထို့ကြောင့် ဟန်လင်းတို့လည်းပုန်းခို၍ကောင်းသောနေရာတစ် ခု၌ရှာကာ ပုန်းခိုလိုက်ကြသည်။ ပုန်းခိုပြီးသည်နဲ့ ဟန်လင်းမအောင့်အီးနိုင်ပဲ "ခင်ဗျားဘယ်လိုသိတာလဲသူတို့ဆိုတာ" "ရိုးရိုးလေးပဲ သာမန်လူဆိုရင် ဆိုင်ရဲ့ဝင်ပေါက်နေပဲတန်းဝင်သွား မယ်လေ အစာကပြောခဲ့တဲ့အချက်တွေရယ် ပြီးတော့ ဒီလူတွေက သိုင်းဝိညာဥ်ပညာရှင်တွေလေဗျာ ဘာလို့အဝတ်ထူကြီးတွေဝတ်နေ ရဦးမှာလဲ ဒီအချမ်းလောက်ကတော့ မဝတ်လဲရနေတာကို အဲ့မှာ သံသယဖြစ်စရာကောင်းသွားပြီမို့ လိုက်ဖို့ကျုပ်ပြောရတာပဲ" ဟန်လင်းလည်း ဆားပုလင်းရှင်းပြချက်ကြောင့် နားလည်သွား၏။​ ဆားပုလင်းသည် မိမိထက်ပိုမိုထင်မြက်ကြောင်းသဘောပေါက်လာ ပြီဖြစ်သည်။အစောပိုင်း၌ ဆားပုလင်းသည် နံရံကိုမှီကာ မျက်လုံး ပိတ်နေခြင်းသည် ခေတ္တ အိပ်သည်ဟုထင်မိသည်။ ဆားပုလင်းသည် အိပ်နေခြင်းမဟုတ်ပဲ သူ၏အကြားအာရုံဖြင့် ထောက်လှမ်းနေခြင်းဖြစ်ကြောင်း ပါနားလည်သွားသည်။ဆား ပုလင်းပြောသလိုပင် ယခုလက်ရှိ ထန်မြို့၏ညအခါ အေးမြမှုသည် ဝိညာဥ်ပညာရှင်များအတွက် အဝတ်စားထူထူဝတ်စရာပင်မလိုအပ် ပေ။ "ဒါနဲ့ ဒီကောင်တွေကဘာလဲ " ဆားပုလင်းအမေးကြောင့် "ဒီကောင်တွေကလော့ဂိုဏ်းကလူတွေလို့သတင်းရထားတာ လော့ ဂိုဏ်းဆိုတာကလည်း မကောင်းတာအကုန်လုပ်ပြီးကြီးပွားနေတဲ့ ဂိုဏ်းလေ" ဟန်လင်းကလည်း ဆားပုလင်းအားရှင်းပြ၏။ဆားပုလင်းက လည်း ဟန်လင်းပြောသမျှကိုနားထောင်နေသည်။ ထို့နောက် ဟန်လင်း လူအများလုပ်ရှားနေသည်ကိုကြည့်ကာ လော့ ဂိုဏ်းအကြောင်းပြောပြသည်။ထို့နောက် လက်ရှိ အခန်းထဲ၌ရှိနေ သော ပစ္စည်းများသည်တရားမဝင်ဖြစ် ကြောင်း ဟန်လင်းသိရှိ နေသည်။ "တွေ့လား အဲ့ဒါတွေက ခုနှစ်လမ်းလျှောက်အဆိပ်တွေ တရားမဝင် ဆေးအဆိပ်တွေပေါ့ဒီပစ္စည်းတွေပါပါလာပြီဆိုတော့ ကျုပ်တို့သူတို့ ကိုနှိမ့်နင်းရအောင်" "ကောင်းပြီ" ခုနှစ်လမ်းလျှောက်အဆိပ်သည် တားမြစ်ပိတ်ပင်ထားသောပစ္စည်း ဖြစ်သည်။ထိုပစ္စည်းများကို လော့ဂိုဏ်းမှသာ ကူးသန်းနိူင်စွမ်းရှိသူ ဖြစ်သည်။ "မင်းတို့ကောင်တွေ ရပ်လိုက်စမ်း ငါတို့က တရားစီရင်ရေးကပဲ" ဟန်လင်းနဲ့​ဆားပုလင်း လူသူရှေ့ထွက်ပြကာ စတင်တားဆီးလိုက် ကြပြီဖြစ်သည်။

(137) ဖမ်းမိခြင်း

ဟန်လင်း၏အော်သံကြောင့် မြေအောက်ခန်းမှထဲရှိလူများ ရပ်တန့် သွားကြလေသည်။ မြေအောက်ခန်းကြီးသည် ကြီးမားသောမီးတိုင် ကြီးများထွန်းညှိထားခြင်းဖြစ်ရာ ဟန်လင်းနဲ့ဆားပုလင်းတို့အား ကောင်းစွာမြင်ရလေသည်။ မြေအောက်ခန်းတွင် နံရံ၌ရှိသော လော့ဂိုဏ်း၏သင်ကေတတံဆိပ် လှုပ်ရှားနေသော လူအုပ်ကြီးနဲ့ ဟန်လင်းတို့လူနှစ်ယောက်က ထင်ရှားနေလေသည်။ အခန်းမှရှိလူဆိုးများသည် ငါးဆယ်ကျော်ရှိပြီးဟန်လင်းတို့ကတော့ နှစ်ယောက်တည်းသာဖြစ်သည်။ "သူ့ကိုငါသိတယ် ထန်မြို့ရဲ့တရားစီရင်ရေးကပဲ" လူတစ်ယောက်မှ အော်ပြောသည်။ထိုအပြောကြောင့် ဟန်လင်းကို မည်သည့်နေရာမှဖြစ်ကြောင်းသိရှိသွားကြသည်။ "သူတို့နှစ်ယောက်တည်းဆိုရင် တစ်ခါတည်းရှင်းပစ်ကြတာပေါ့" မြေအောက်ခန်းရှိလူများသည် လုပ်လက်စအလုပ်များရပ်တန့်ကာ ဟန်လင်းတို့အားသတ်ရန်တာစူနေကြသည်။ ရှိသမျှသော လူတိုင်း သည် မကောင်းသည့်အလုပ်အကုန်လုပ်ဖူးသူများဖြစ်ကြသလို လူသတ်ရန်လည်းဝန်မလေးသောသူများဖြစ်ကြသည်။ "ဘာလို့ခင်ဗျားက လူစွမ်းကောင်းလိုလိုလုပ်တာလဲ" ဆားပုလင်းမှဟန်လင်းအားပြော၏။ "ဒါတွေက အသေးမွှားလေးပါ ကျုပ် ဌာနကိုလဲ စစ်ကူတောင်းထား ပြီးသား အချိန်ခနဲလေးဆွဲကူရုံပဲ" ဟန်လင်းမှပြော၏။ "သတ်ကြ ဟေ့ အဲ့လူနှစ်ယောက်ကို" လူအယောက်ငါးဆယ်မှ နှစ်ယောက်သောလူထံ​ပြေးဝင်လာကြလေ သည်။သူတို့၏လက်ထဲတွင်လည်း ဓားများလှံများ ပါဝင်သလို သူ တို့၏သိုင်းဝိညာဥ်များကိုလည်း ထုတ်ဖော်ထားကြသည်။ လူအုပ်လိုက်ကြီးဝင်လာသောကြောင့် ဆားပုလင်းနဲ့ဟန်လင်းလည်း လူချင်းခွဲလိုက်သည်။ "မင်းတို့လေးတွေက အသေးမွှားလေးတွေပါကွာ" ဟန်လင်းသည် စုံထောက်ဖြစ်သော်လည်း တိုက်ခိုက်ရေး၌ပိုမို ထူးချွန်သူတစ်ယောက်ဖြစ်သည်။ဟန်လင်း သူ၏သိုင်းဝိညာဥ်ကို ထုတ်ဖော်ပြသကာ ရန်သူအုပ်ကြားထဲတိုးဝင်သွားသည်။ "ဂီး" စူးရှသော သိမ်းငှက်အော်သံကြီးကပြန့်နှံလာသည်။လူအုပ်ကြီး လည်း ထိုစူးရှသောအော်သံကြောင့် ခေတ္တ မျှတန့်သွားသည်။ထိုသို ဖြစ်သွားသည်မှာလည်း အခွင့်ရေးဖြစ်ရာ ဟန်လင်းနဲ့​ဆားပုလင်းမှ မလွတ်ပေးနိုင်ပေ။ "ဖြောင်း ဖြောင်း ဒုတ်.. အင့်" လူလေးယောက်လဲကျသွား၏။ လဲကျသွားသောနှစ်ယောက်သည် ဒေါသကြီးစွာဖြင့်ပြန်လည်ထလာကာ ဟန်လင်းကို ဓားဖြင့်ခုတ်၏။ ဟန်လင်းလည်း ရှောင်၏။ ကျန်သောလူအုပ်ကြီးကလည်း သတိပြန်ဝင်ကာ လိုက်သတ်ကြ ပြန်သည်။ လူအုပ်ကြီးပြန်လိုက်သောကြောင့် ဟန်လင်းတို့လည်း လူစုခွဲ ကြရ ပြန်သည်။ "ဟင့် ဒီကောင်တွေကွာ သနားစရာလေးပါ" ဟန်လင်းပြောဆိုရင်း ဆားပုလင်းဘက်ကအခြေနေကိုကြည့်လိုက် သည်။ "ဟ" ဟန်လင်းမျက်လုံးပြူးကျယ်သွား၏။ဆားပုလင်းသည် မည်သည့် သိုင်းဝိညာဥ်ကိုမှ ထုတ်ဖော်အသုံးမပြုထားသောကြောင့်ဖြစ်၏။ ("ဒါဆို သူက သိုင်းဝိညာဥ်မရှိတာပေါ့") ဟန်လင်း အံအားသင့်သွားသည်။ဆားပုလင်းကိုသူ့လိုလူထင်မှတ် သောကြောင့် သူရုပ်လုံးထွက်ပြကာ အချိန်ဆွဲနေခြင်းဖြစ်သည်။ ("သူ့ကိုငါကူညီမှပဲ") ဟန်လင်း ဆားပုလင်းအားကူညီရန်ဆုံးဖြတ်လိုက်သည်။ "သေစမ်း" နောက်မှလူဆိုးတစ်ယောက်မှ ဟန်လင်းတွေဝေနေခိုက် ဓားဖြင့် ပိုင်း၏။ "ဒုတိယစွမ်းရည် ကိုယ်ခွဲ ခြင်း" ဟန်လင်းအစွမ်းအသုံးပြုလိုက်၏။သူ၏သိုင်းဝိညာဥ်သည် ငှက်ဖြစ် ရာလျင်မြန်ဖြတ်လတ်ခြင်းကို ကိုယ်စားပြု၏။ ဟန်လင်းရုတ်ခြည်းဆိုသလိုမြန်ဆန်သွားရာ လူဆိုးကောင်၏ဓားက လေကိုသာပိုင်းမိသည်။ဟန်လင်း၏စွမ်းရည်သည် မြန်ဆန်ရုံသာ မက ကိုယ်ခွဲပေး၏။ ဟန်လင်းနဲ့တူသော လူလေးယောက်သည် တစ်ပြိုင်တည်းဖြစ် ပေါ်လာသည်။ထိုသို့ဖြစ်ပေါ်လာသောကြောင့် လူဆိုးများကြောင် သွားလေသည်။ "ဒီဟာပဲဖြစ်မယ်" ဟန်လင်းကိုလိုက်သတ်နေသောလူအုပ်ကြီးသည် လေးစုကွဲသွား ပြန်သည်။အချိန်တစ်ခုကြာသည်နဲ့ပုံရိပ်များလည်း ပြန်ပျောက်ကွယ် သွားရာ တစ်ယောက်တည်းဖြစ်နေသောဟန်လင်းကို ဆက်လက် လိုက်ကြပြန်သည်။ ဆားပုလင်းကတော့ သာမန်အတိုင်းသာတိုက်ခိုက်၏။သာမန်ဟုဆိုရ ခြင်းမှာ သိုင်းဝိညာဥ်မပါရှိပဲ ဒီအတိုင်းတိုက်ခိုက်သောကြောင့် ဖြစ်၏။ "ဖြောင်း အင့်" ဆားပုလင်းသည် သိုင်းဝိညာဥ်မပါသော်လည်း သူ၏တိုက်ကွက် များက ပြင်းထန်လှ၏။သူ၏တိုက်ချက်နှစ်ချက်မိသည်နဲ့ လူတစ် ယောက်တစ်ခါတည်း တန်းမှောက်သွားရသည်ဖြစ်သည်။ "ကျား" ဆားပုလင်းအား တစ်ယောက်မှဓားဖြင့်ပိုင်း၏။ ဆားပုလင်းလည်း ဘေးသို့ရှောင်ကာ လည်ပင်းကို လက်စောင်း ခုတ်ရိုက်သည်။ "ဟင့်" ဆားပုလင်း၏လက်ခုတ်ချက် လည်ပင်းထိသွားသည်နဲ့ ထိုလူလည်း တန်းခနဲလဲကျသွားပြန်၏။ ဒီလိုနဲ့ တစ်ယောက် နှစ်ယောက် ဆယ့်လေးယောက်အထိ ဆားပုလင်းလက်ချက်ကြောင့် ကားခနဲဖြစ် သွားကြ ကုန်သည်။ ကျန်သောလူဆိုးများလည်း ဆားပုလင်းကိုသတိထားမိခြင်းမရှိ။ ဆားပုလင်းသည် သူတို့အမြင်၌ခနလေးဖြင့် ရှုံးမည်ဟုယူဆထား သောကြောင့်လည်းဖြစ်သည်။ ထို့ကြောင့် ဆားပုလင်းလည်း အပျင်းပြေစေရန် စီးကရက်လေးထုတ်ကာ ရှိုက်နေလိုက်၏။ ဟန်လင်းသည် မြန်ဆန်လွန်းရာ သူ၏အရှိန်ကိုသုံး၍ လူဆိုးများ အား အလစ်ခိုက်တိုက်ခိုက်၏။ပြေးလိုက် တိုက်ခိုက်လိုက်ဖြင့် ပျောက်ကျားကွက်သကဲ့သို့သုံးကာ လုပ်ဆောင်၏။ "ဖြောင်း ခွပ် အင့်" ကြာတော့လူဆိုးများလည်း သည်းမခံနိုင်တော့ပဲ လုံးဝပေါက်ကွဲ သွားပြီဖြစ်သည်။သကောင့်သားကို လိုက်ဖမ်းရာ၌မမိပဲ မိမိတို့က သာအဆော်ခံနေရသောကြောင့်ဖြစ်၏။ ဒီတစ်ခါ လူဆိုးများသည် ဒီအတိုင်းမလိုက်ကြတော့ပဲ သူတို့၏သိုင်း ဝိညာဥ်စွမ်းရည်များကို ထုတ်သုံးကာလိုက်ကြပြန်သည်။ "ဝုန်း ဝုန်း ဝုန်း" လူအုပ်ကြီး၏တိုက်ခိုက်မှုကြောင့် ဟန်လင်းတစ်ယောက် ဆား ပုလင်းဘက်ကူရန်မပြောနဲ့ သူတစ်ယောက်ပင်လွတ်အောင်ရုန်း ထွက်နေရလေသည်။ ဆားပုလင်း၏တကယ့်အခြေနေကိုလည်း သူမသိသေးသောကြော င့်ဖြစ်၏။ "ကဲ ကြောက်ကြစမ်း" ဟန်လင်းသူ၏ဝိညာဥ်ကွင်းများကို ပြသကာ ချိန်းချောက်ရန် ပြင်ဆင်သည်။ တောက်ပသော အဖြူရောင် အဝါရောင် ခရမ်းနှစ်ရောင်က လင်း လက်နေသည်။ ("ဟားဟား ကြောက်သွား​ပြီး ငါ့နောက်မလိုက်တော့ဘူးထင်တယ်") နောက်မှလူများ မလိုက်တော့ဘူးအထင်ဖြင့်ကြည့်လိုက်ရာ မျက်လုံးပြူးရပြန်သည်။နောက်မှလိုက်နေသော လူအုပ်သည် အစောက နှစ်ဆယ်ကျော်သာရှိသော်လည်း ယခုအခါသုံးဆယ် ကျော်မျှရှိလာသောကြောင့်ဖြစ်သည်။ "ငလူးပဲ" ဟန်လင်း စိတ်ထဲငိုကြွေးမိသည်။အရောင်ဝါပြမှ လိုက်သောသူက ပိုမိုများပြားနေလေသည်။ "အဲ့မအေဘေးကို သတ်ဟေ့ သတ်" "ဘာကောင်ကြီးမှ ဖြစ်နေဖြစ်နေ" ဟန်လင်းနောက်မှလိုက်လာသော လူဆိုးများကလုံးဝပေါက်ကွဲနေ ကြသည်ဖြစ်သည်။သူတို့၏မျက်နှာများလည်း နီရဲကာ ခြေထောက် ရာ လက်သီးရာ အညိုမည်းများရှိနေလေသည်။ အကြောင်းမှာ ဟန်လင်းအမြန်နှုန်းသုံးပြီး ကန်လိုက်တိုင်း သူ တို့၏မျက်နှာကိုသာဖြစ်၏။ ဟန်လင်း၏ကန်ချက် ထိုးချက်များက ရန်သူကိုအဆုံးမသတ်နိုင်သ ည့်အပြင် သွားသွားစသလိုဖြစ်သွားစေခဲ့သည်။ထို့ကြောင့် ဟန် လင်းကိုအသေကြေလိုက်ဖမ်းနေကြခြင်းဖြစ်၏။ "မိလို့ကတော့အရေခွံဆုပ်ပြီး ကျပ်ခိုးတိုက်ပစ်မယ်" ​ကြိမ်းဝါးသံများနဲ့ဆက်လိုက်နေကြသည်။ "ပထမစွမ်းရည် အရှိန်မြင့်ခြင်း" "စတုတ္ထ စွမ်းရည် နှစ်ဆမြင့်တင်ခြင်း" ဟန်လင်း သိုင်းဝိညာဥ်စွမ်းရည်များကိုဆက်တိုက်သုံးပြီး မြေအောက်ခန်းထဲပတ်ပြေးနေသည်ဖြစ်သည်။အချိန်ကြာလာတော့ သူလည်း ပင်ပန်းလာပြီဖြစ်သည်။ ("သေစမ်း ငါ့ဝိညာဥ်စွမ်းရည်တော်တော်ကုန်သွားတာပဲ") ဒေါသကြီးသောလူအုပ်ရန်မှ လွတ်စေရန် ဝိညာဥ်စွမ်းအား တော်တော်များများကို ဟန်လင်းသုံးလိုက်ရရာ ဝိညာဥ်စွမ်းအင် အနည်းငယ်သာကျန်ရှိတော့သည်။ "ဟန်လင်းကဘယ်ဆိုးလို့လဲ အပြေးကျပါရမီပါတာပဲ" ထိုစကားသံမှာတိုးသော်လည်း အစွမ်းသုံးတာသော ဟန်လင်းအဖို့ ကောင်းစွာကြားရ၏။ ("ဟ ဘယ်လိုဖြစ်ပြီး") ပြောသောသူသည် ဆားပုလင်းဖြစ်ကြောင်းတွေ့ရလေသည်။ဆား ပုလင်းသည် လူဆယ့်လေးယောက်နဲ့ ချနေရသောကြောင့် သူ၏အခြေနေမှာ အလွန်မင်းဆိုးဝါးမည်ဟုသူထင်မိခဲ့သည်။ ထိုဆယ့်လေးယောက်လုံးသည် သိုင်းဝိညာဥ်ထုတ်ဖော်ထားသော လူဆိုးများဖြစ်သောကြောင့်ဖြစ်သည်။ယခုတော့ ထိုလူဆယ့်လေး ယောက်မှ လဲကျနေကြပြီး ဆားပုလင်းမှာ ဇိမ်ခံကာ ဆေးလိပ် သောက်နေသောကြောင့်ဖြစ်၏။ သူ၏ပုံစံက အပြေးသန်သောမိမိအား အံသြနေသယောင်ရှိ၏။ "ဟ အေးဆေးမနေနဲ့ ငါ့ကိုကယ်ဦးလေ" ထိုစကားကြားမှ ဆားပုလင်းလည်း ခေါင်းညိမ်​ပြကာ သူ၏အကျ်ီ ထဲသို့ လက်နှိုက်လိုက်သည်ကို ဟန်လင်းမြင်ရသည်။ထို့နောက် ငွေ သတ္ထုရောင်အရာလေးတစ်ခု ထုတ်လိုက်သည်ကို ဟန်လင်းမြင်ရ သည်။ "ဒိန်း" ကျယ်လောင်လှသော အသံကြောင့် ဟန်လင်းနောက်လိုက်နေသော လူဆိုးများ ရပ်တန့်သွားကာ ဆားပုလင်းအားကြည့်လိုက်သည်။ "မင်းတို့အရှုံးပေးလိုက်တော့" "မပေးတော့ကော" လူဆိုးတစ်ယောက်မှ ဆက်ပြော၏။ "ဒိန်း" အင့် အသံတစ်ချက်နဲဲ့ အတူ အာခံသောလူဆိုး သေဆုံးသွားကာ ကြမ်းပြင်သို့ပစ်လဲသွားသည်။ သူ၏နှဖူးတွင်လည်း အပေါက်တစ်ပေါက်ဖြစ်နေကြောင်း လူတိုင်း တွေ့မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ဆားပုလင်းလက်ထဲရှိအရာမှ မီးခိုးထွက်သွား ကြောင်း တွေ့မြင်လိုက်ကြသည်။ "နောက်ထပ်လူတွေလည်း သူ့နောက်လိုက်ချင်ရင် ဆက်လုပ်ကြ လေ" ဆားပုလင်းသူ၏ ငွေရောင်အရာကို ကိုင်ကာ ပြောလိုက်သည်။ "ချလွမ်း" လူဆိုးများ ကိုင်ထားသော လက်နက်များအောက်သို့ချကာ လက် ထောင်ကာ အရှုံးပေးလိုက်ကြပြီဖြစ်၏။ သူတို့သည်လည်း ထိုအရာကိုကြောက်ရွံသောကြောင့်ဖြစ်၏။ "အကုန်လုံး ရပ်လိုက်ကြစမ်း" အသံနဲ့အတူ မြေအောက်ခန်းသို့လူအုပ်ကြီးဝင်လာကြသည်။ထိုလူ များသည် တရားစီရင်ရေးရုံးမှလူများနဲ့ ထန်မြို့၏စစ်သည်များပင် ဖြစ်လေသည်။ "ဟူးတော်ပါသေးရဲ့" ဟန်လင်းပြေးနေရာမှ ရပ်တန့်လိုက်သည်။စစ်ကူများရောက်ရှိလာ သောကြောင့် သူလည်းစိတ်သက်သာရာရသွား၏။ ဆားပုလင်း၏လက်ထဲရှိအရာကိုတွေ့သောအခါ ကြောက်လန့်မိဆဲဖြစ်သည်။မည်သို့ပင်ဖြစ်နေပါစေ လော့ဂိုဏ်းကို ဟန်လင်းတို့ဖမ်းဆီးမိနိုင်ခဲ့ပြီဖြစ်၏။

(138)

ဒေါသထွက်ခြင်း ဟန်လင်းအဖို့ လော့ဂိုဏ်းကို ဖမ်းဆီးမိသည်မှာ လေးကြိမ်မြောက် ဖြစ်သည်။သို့သော်လည်း ယခုအခေါက်၌ ရှေ့ကသုံးကြိမ်ထက် တရားခံများဂိုဏ်းသားများသာမက တရားမဝင်သောပစ္စည်းအစုံအလင်ပါဖမ်းမိခဲ့ခြင်းဖြစ်သည်။ "ဆားပုလင်းကျေးဇူးပါဗျာ ခင်ဗျားသာမကူရင်ဒီလိုဖြစ်လာမှာ မဟုတ်ဘူး" "မတရားမှုမျိုးဆို ကူညီရမှာကျုပ်​တာဝန်ပါဗျ" ဆားပုလင်းလည်း ဆေးလိပ်လေးဖွာရင်းပြော၏။ "ကျနော်တို့အကုန်လုံးဖမ်းဆီးမိပါတယ် တရားခံတွေကို အကျဥ်း ထောင်ထဲခေါ်သွားပြီး တရားမဝင်ပစ္စည်းတွေကိုလဲ သိမ်းဆည်း လိုက်ပါပြီ" စစ်သည်တစ်ဦးမှ ဟန်လင်းနဲ့ဆားပုလင်းတို့အား အရိုသေပြုကာ ပြောသည်။ထို့နောက် ဖမ်းမိသောလူဆိုးများကို ဆက်လက်စီရင်ရန် အတွက် ထွက်သွားလိုက်သည်။ "ဒါနဲ့ အစောက ခင်ဗျားဘာနဲ့အသုံးပြုပြီး ဖမ်းပေးလိုက်တာလဲဆား ပုလင်း" ဟန်လင်း သူအလွန်မင်းသိချင်နေသောမေးခွန်းကိုမေးမြန်းလိုက်ပြီ ဖြစ်၏။ဆားပုလင်းကလည်း တိုနေပြီဖြစ်သောဆေးလိပ်တိုလေး ကို နောက်ဆုံးတစ်ကြိမ်ရှိုက်ပြီး ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်ကာ "ခင်ဗျား မေးမယ်ဆိုတာကျနော်သိပါတယ် အဲ့တာကသေနတ်လို့ခေါ် တယ်" ဆားပုလင်းပြောရင်း သူ၏သေနတ်ကိုပြန်လည်ထုတ်ပြကာ ဟန် လင်းကို ကိုင်စေသည်။ဟန်လင်းလည်း ထိုသေနတ်ဟူသောအရာ ကို အလွန်မင်းအဖိုးတန်သောအရာပမာ တယုတယ ကိုင်တယ်လေ သည်။ "ဒါလေးက လူတစ်ယောက်ကို ချက်ချင်းသတ်နိုင်တဲ့နတ်ဘုရား ပစ္စည်းလေးပဲ" ဟန်လင်း တစ်ကိုယ်တည်းရေရွတ်လိုက်၏။ဆားပုလင်းကား ပြုံး၍သာနေ၏။ ဟန်လင်းသည် ထိုသေနတ်အား မျက်တောင်ပင်မခတ်ပဲ အသေးစိတ်ကြည့်ရှာနေ၏။သေနတ်တွင်ပါသော လက်ကိုင်သည့် နေရာ သေနတ်အပြင်ဆင်နဲ့ သေနတ်ပြောင်းဝတို့သည် သေ သပ် လှပရာ အမြတ်တနိုးကြည့်ရှုနေသည်။ "ဒါက သေနတ်ထဲမှာမှ revolver​(ခြောက်လုံးပြူး) လို့ခေါ်တယ် ဗျ သေနတ်တွေထဲမှာ ကျည်ဆံဆိုတဲ့အရာလေးထည့်ပစ်မှ ထိရောက်မှု ရှိတာ" ဆားပုလင်းရှင်းပြသည်ကို ဟန်လင်းနားထောင်နေသည်။ဆား ပုလင်းသည် သေနတ်ကိုရှင်းပြပြီး သေနတ်ထဲမှ ကျည်ဆံလေးများ ကိုလည်း ပြသ၏။ "ဒီrevolverတွေမှာ ကျည်ဆံခြောက်တောင့်ဆန့်တယ်လေ အစော ကနှစ်ချက်ပစ်လိုက်တော့ အခုလေးတောင့်ကျန်တယ်" ကျည်ဖြည့်အိမ်မှ လွတ်နေသောနှစ်နေရာကိုပြသကာပြောသည်။ "ဒါလေးတွေကလား" ဟန်လင်းအံသြနေသည်။ လက်သန်းထက်အနည်းငယ်သာသေး သောအရာများက သေနတ်ထဲထည့်ပစ်သောအခါ အလွန်မင်း အစွမ်းထက်လာသောကြောင့်ဖြစ်သည်။ ထိုသေးငယ်သော ကျည်ဆံဆိုသည့်အရာက သူအမြဲဂုဏ်ယူနေရ သော သံမဏိလေးမြှားထက်များစွာ သေးငယ်ကာအစွမ်းထက် သောကြောင့်ဖြစ်သည်။ သံမဏိလေးမြှားကို ယူဆောင်ပါက လူသိမြင်နိုင်ကာသေနတ်ကိုမူ သေးငယ်သောကြောင့် သယ်ယူရလွယ်ကူပေးသည်။သိုလှောင် နေရာထဲထည့်မည်ဆိုပါကလည်း မြှားအချောင်းတစ်ထောင်သာဆန့် ချိန်တွင် ကျည်ဆံများက မြှားအချောင်းတစ်ထောင်ထက်မက ပိုမို ဆန့်သောကြောင့်ဖြစ်သည်။ သေနတ်ကျည်ဆံအကြောင်းဆက်စဥ်းစားလေ ဟန်လင်း သဘောကျမိလာလေဖြစ်သည်။ ဟန်လင်းကား ထိုသေနတ်၏ဆွဲဆောင်မှုကိုလုံးဝခံလိုက်ရပြီ ဖြစ်သည်။ "ကျနော်ကို ဒါမျိုးလုပ်ပေးပါလား ဘာပဲဖြစ်ဖြစ်ကျနော်ပေးပါမယ်" ဟန်လင်း ဆားပုလင်းအားအပူကပ်ကာတောင်းဆိုနေပြီဖြစ်၏။ထို ကဲ့သို့ သေနတ်မျိုးရပါက အသက်တစ်သက်အပိုရသည့်ပမာဟု ဟန်လင်းခံစားရမည့်ယုံကြည့်ထားသည်။ အစောပိုင်း၌ လူဆိုးသည် တိုက်ခိုက်ရန် ပြင်နေတုန်းရှိသေး ဆား ပုလင်း၏ကွေးလိုက်သောလက်ညှိးကြောင့် ချက်ချင်း သေသွားခဲ့ သောကြောင့်ဖြစ်ရာ ထိုသေနတ်၏အစွမ်းကို အလွန်အမင်း သဘောကျနှစ်သက်နေပြီဖြစ်သည်။ "ကောင်းပြီ ကျန်တဲ့သူဆိုရင်တော့ငြင်းမယ်ဆိုပင်မဲ့ ခင်ဗျားကတော့ ချွင်းချက်ပေါ့" ဆားပုလင်းစကားကြောင့်ဟန်လင်းဝမ်းသာသွား၏။ချက်ချင်းပင် ဆားပုလင်းအားသူ၏အိမ်နေရာသို့ ပင့်ဖိတ်သွားလေတော့၏။နတ် ဘုရားပစ္စည်းကဲ့သို့သေနတ်ကို သူရရှိတော့မည်ဖြစ်သောကြောင့် ဖြစ်၏။ ဆားပုလင်းနဲ့ဟန်လင်းတို့ လော့ဂိုဏ်းကို စတင်ချောင်းမြောင်းကြ ည့်ရှုနေသောအချိန်၌ ဂျိတ်နဲ့ထန်ဟောက်တို့ကတော့ ညစျေးတန်းထဲ ရောက်ရှိနေသည်ဖြစ်သည်။ ထိုညစျေးတန်းသည် ထန်မြို့၏ထင်ရှားသောနေရာတစ်ခုလည်း ဖြစ်၏။ထင်ရှားသောနေရာဖြစ်သည်နဲ့အတူ စျေးရောင်းချသော အရာများကလည်း စုံလင်လှ၏။အစားသောက်များ သားရဲများ သားရဲအမြုတေများ စသည်ဖြင့် အမျိုးစုံရောင်းချကြလေသည်။ "ဘယ်လိုလဲ သဘောကျလား" "သဘောကျတာပေါ့ ကျနော်တစ်ခါမှ ဒီလိုညကြီးမလှည့်ပတ်ဖူးဘူး လေ ပြီးတော့ဒီလိုအစားကောင်းတွေလည်းမစားဖူးဘူး" လက်ထဲတွင်လည်း စားစရာအပြည့်ရှိနေသောထန်ဟောက်မှ ဂျိတ် အားအစားပလုတ်ပလောင်းဖြင့်ပြောသည်။ "ကောင်းပြီ ဒါဆို ဆက်ပြီးလှည်ကြတာပေါ့" ထန်ဟောက်နဲ့ဂျိတ်လည်း နေရာစုံအောင်လှည့်ပတ်​ကြ၏။ထန် မြို့တော်၏ညစျေးတန်းကား အလွန်အမင်းပင်လူစည်ကားလှပြီး လူ များသည်ကြိတ်ကြိတ်တိုးလျက်ရှိလေသည်။ ထိုအချိန်၌ လူဆယ့်ငါးယောက်သည် ညအချိန်ကိုအခွင့်ကောင်းယူ ကာ လှုပ်ရှားနေကြလေသည်။သူတို့သည် လူတိုင်းသွားနေကြလမ်း ဖြစ်သောလမ်းများမှ မသွားကြ။လူများ၏အိမ်အမိုးပေါ်မှ နေ၍သွားလာနေကြလေသည်။ မြင်သာအောင်ပြောရလျှင် နင်ဂျာများကဲ့သို့တစ်အိမ်နဲ့တစ်အိမ်ခေါင် မိုးပေါ်မှ ခုန်ကူးသွားလာနေကြခြင်းဖြစ်လေသည်။ "ပစ်မှတ်တွေ့လား" "မတွေ့ဘူး" "ဆက်ရှာကြ" ထိုလူဆယ့်ငါးယောက်သည် အိမ်တစ်ခုမှတစ်ခုသို့ခုန်ကူးရာ၌ အိမ် အမိုးပျက်စီးရန်မပြောနဲ့ အသံပင်မထွက်ပေ။ ထို့ကြောင့် ထိုလူများသည်သာမန်လူများမဖြစ်နိုင်ဘဲ အဆင့်မြင့် သိုင်းဝိညာဥ်ပညာရှင်များသာဖြစ်ကြလေသည်။ သူတို့သည် တစ်စုံတစ်ယောက်ကိုရှာဖွေနေသည့်အလား သွားလာ ရှာဖွေနေကြသည်။တစ်နေရာရောက်သည်နဲ့ သူတို့ထံ၌ရှိသော စာရွက်ကိုထုတ်ကာရှာကြပြန်သည်။မတွေ့ပါက နောက်တစ်နေရာသို့ ခုန်ကူးကာ ရှာဖွေနေကြပြန်သည်။ သူတို့ကိုင်ဆောင်ထားသောစာရွက်ကို တစ်ယောက်ယောက်ကသာ မြင်တွေ့မည်ပါက ထိုစာရွက်တွင် ကလေးတစ်ယောက်နဲ့ လူရွယ် တစ်ယောက်၏ပုံကိုတွေ့မည်ဖြစ်သည်။ "တွေ့ပြီ ထန်မြို့တော်ရဲ့ညစျေးတန်းရဲ့ မုန့်စျေးမှာ" တစ်ယောက်မှ အိမ်ခေါင်မိုးပေါ်မှာ နေ၍ သူ၏စာရွက်ထဲကအတိုင်း တူညီသော လူနှစ်ယောက်ကိုတွေ့ရှိပြီဖြစ်ကြောင်း သူ၏အဖော်များ သို့လှမ်းအကြောင်းကြားလိုက်၏။ သူတို့ရှာဖွေနေသောလူများသည် တခြားသူမဟုတ် ဂျိတ်နဲ့ထန် ဟောက်တို့သာဖြစ်၏။တွေ့လိုက်သောသူ၏သတင်းပေးမူကြောင့် ကျန်နေသော လူဆယ့်လေး​ယောက်သည် ဂျိတ်တို့ရှိရာနေရာအနီး သို့ရောက်ရှိလာကြသည်။ ထိုအချိန်၌ဂျိတ်သည် ထန်ဟောက်လိုချင်သော အသားပေါက်စီဝယ် ပေးနေသည်ဖြစ်၏။ထိုအသားပေါက်စီသည် အဆင့်မြင့်ဝိညာဥ် သားရဲ၏အသားဖြင့်ပြုလုပ်ထားရာ စားကောင်းသည်ဟုအလွန် နာမည်ကြီး၏။ ထန်ဟောက်လည်း ထိုအသားပေါက်စီကို စားချင်သောကြောင့်ဂျိတ် လည်းဝယ်ပေးနေသည်။ ("ရန်သူများရောက်ရှိနေပါသည်") စနစ်၏အသိပေးချက်ကြောင့် ဂျိတ်၏စိတ်ကနိုးကြားကာ ပတ်ဝန်းကျင်အခြေ​နေကိုအာရုံခံလိုက်၏။ဂျိတ်၏အာရုံသည် အလွန်ထက်မြက်နေရာ ရှုပ်လှသည်ဖြစ်သည့်လူအုပ်ကြားကိုပင် အသေးစိတ်ရှာဖွေစစ်ဆေးနေသည်။ "ဝီး...ဝစ်" လေကိုတိုးကာပျံသန်းလာသောအသံဆယ့်ငါးသံကိုဂျိတ်ကြားလိုက် ရ၏။ ထိုလေများတိုးဝေ့သောအသံအရ မိမိတို့ထံလာနေခြင်းဖြစ်ကြောင်း ဂျိတ်သိရှိလိုက်ပြီဖြစ်၏။ တိုးဝင်လာသောအရာများသည် တဖြေးဖြေးနဲ့ဂျိတ်တို့အနားရောက် ရှိလာလေသည်။ ထိုအရာများသည် ခေါင်မိုးပေါ်ရှိလူဆယ့်ငါးယောက်၏ပစ်လိုက် သောမြှားဆယ့်ငါးချောင်းဖြစ်သည်။ထိုမြှားများသည် သာမန် မဟုတ် တောထဲရှိနှစ်ငါးရာ အပင်မှခုတ်ယူကာလုပ်ထားသောကြော င့် သန်မာကာ ပုံမှန်ထက်နှစ်ဆမြန်စေ၏။ မြှား၏ထိပ်ဖူးအချွန်သည် အဆင့်သုံးသတ္ထုကိုသုံးထားရာ သိုင်း အကြီးကဲများကိုပင် ထုတ်ချင်းပေါက်သွားအောင်လုပ်ဆောင် နိုင်သည်။ ထိုအပြင် ခြေခုနှစ်လမ်း အဆိပ်ပါသုတ်ထားရာ ထိမှန်ပါက တတ်နိုင်မည်မဟုတ်ပေ။ "ဘယ်ကောင်ကများလုပ်ကြံရဲတာလဲ" ဂျိတ်ဒေါသထွက်သွား၏။ချက်ချင်းပင်သူ၏သိုင်းဝိညာဥ်တူကို ထုတ်ကာ "ပထမစွမ်းရည် လေမုန်တိုင်း" တူကိုဝှေ့ယမ်းလိုက်၏။ ထိုသို့ဝှေ့ယမ်းလိုက်သောကြောင့် မြှားဆယ့်လေးချောင်းမှာ မုန်တိုင်းနဲ့အတူလွင့်ပါသွား၏။မြှားတစ်ချောင်းကတော့ ထန် ဟောက်၏လက်အား ရှုပ်ထိထိသွားလေသည်။ ထိသွားသည်နဲ့ ထန်ဟောက်၏လက်သည်ချက်ချင်းဆိုသလိုညှိမည်း သွား၏။ ဂျိတ်လည်း မြှားလာရာလမ်းကြောင်းအတိုင်း စိတ်အာရုံလွင့်ကြည့် ရာ မိမိတို့နဲ့နီးသောအဆောက်ဦး၏ခေါင်မိုးထပ်မှလာကြောင်းသိ လိုက်ရလေသည်။ "မဟန်ဘူး ပြေးတော့" ထိူလူဆယ့်ငါးယောက်လည်း ဂျိတ်မှမိမိတို့နေရာကိုမြင်သွား ကြောင်း သိသည်နဲ့ လူစုခွဲကာပြေးကြ၏။လူစုခွဲ ခြင်းဖြင့် ရန်သူမှာ မိမိတို့အားလုံးကိုမဖမ်းမိစေနိုင်ရန်ဖြစ်သည်။ သို့ရာတွင် ဂျိတ်သည် သူတို့အားလုံးကို တည်နေရာသတ်မှတ် ပေးလိုက်ကြောင်းကိုတော့ သူတို့မသိလိုက်ပေ။ "နတ်ဘုရားအမြင်ဖြင့်ပစ်မှတ်ထားခြင်း" ထိုအစွမ်းကိုစနစ်မှယူကာ ဂျိတ်အသုံးပြုလိုက်သည်။ထိုစကားလုံး အတိုင်း မြင်ရုံဖြင့်ပစ်မှတ်ထားနိုင်ခြင်းဖြစ်သည်။ပစ်မှတ်ခံရသူမ သေမခြင်း ဘယ်နေရာရောက်နေရောက်နေ ပစ်မှတ်ထားခံရကာ သူ၏တည်နေရာသည်ပေါ်နေမည်ဖြစ်သည်။ "ထန်ဟောက်ပါးစပ်ဟ" ထန်ဟောက်လည်း ဘုမသိဘမသိဖြင့်ပါးစပ်ဟ၏။ထိုအခိုက်ဂျိတ်မှ ဆေးလုံးပစ်ထည့်လိုက်သည်။ "ဦးလေး ကျနော်ကိုဘာကျွေးတာလဲ" "သကြားလုံးလေ" "ချိုလိုက်တာ" ထန်ဟောက်မှသဘောကျစွာပြော၏။ ဆေးလုံးသည် ချိုမွှေးနေကာ ပါးစပ်ထဲရောက်သည်နဲ့အရည်ပျော် ကျသွား၏။ထို့နောက်တစ်ကိုယ်လုံးပြန့်သည်။ထိုဆေးလုံး ထန် ဟောက်သောက်ပြီးသည်နဲ့ သူ့အားသင့်နေသော ခြေခုနှစ်လှမ်း အဆိပ်သည် ဖြေသွားပြီဖြစ်၏။ ထန်ဟောက်၏လက်ညှိမည်းနေရာမှာလည်း တဖြေးဖြေး ကောင်းမွန်သက်သာလာသည်။ ထန်ဟောက်မှသူ၏ရှေ့မှပေါက်စီကိုငမ်းနေခြင်းဖြစ်ရာအဆိပ်ပြန့် သည်လည်းမသိ အဆိပ်ပြန်လည်ပြေသွားသည်ကိုလည်းမသိပေ။ "ထန်ဟောက် ဒီနားခနနေဦးနော် ဦးလေးအပေါ့ပါးသွားဦးမယ်" "မကြာနဲ့နော်" ဂျိတ်လည်းထန်ဟောက်ကွယ်ရာရောက်သည်နဲ့ချက်ချင်းပျောက် ကွယ်သွား၏။ "အခုဆိုဟိုလူငါ့တို့ကိုမလိုက်နိုင်လောက်ပါဘူး. ဂျိတ်တို့က်ိုလုပ်ကြံပြီးပြေးသွားသောလူတစ်ယောက်မှ ပြေးရင်းညှီး တွား၏။ "ဟုတ်တာပေါ့ မလိုက်နိုင်ပါဘူး" ထိုအသံကြောင့် ထိုလူအလွန်လန့်သွား၏။အဘယ်ကြောင့်ဆိုသူတို့ လုပ်ကြံသောလူနှစ်ယောက်မှတစ်ယောက်သည် မိမိအနားရောက်ရှိ နေသောကြောင့်ဖြစ်သည်။ သာမန်ပုံစံရှိသောလူသည် ယခုအခါမိမိ၏နောက်၌ရောက်နေရုံမက သူ၏လက်တွင်ကြီးမားသောတူကြီးတစ်လက်ကိုကိုင်ဆောင်ထားသ ည့်အပြင် သူ၏ကိုယ်၌လည်း မိုးကြိုးများတောက်ပနေသလိုပင်။ အထူးခြားဆုံးကတော့ သူ၏အလွန်မင်းဒေါသထွက်နေသောပုံစံပင် ဖြစ်သည်။ "မင်းကတော့ ပထမဆုံးတစ်ယောက်ပေါ့ကွာ" "အား" ...

All Chapters