အခန်း (၁၃၉-၁၄၁)
Vol. 10 Ch. 139-141
(139) လုပ်ကြံစေသူကိုသိပြီ
ပထမဆုံးသောတစ်ယောက်ကိုမိပြီးသည်နဲ့ နောက်ထပ်သောပစ်မှတ် ထံဂျိတ်ဆက်လက်သွား၏။ "ငါလွတ်ပြီထင်တယ်" ပြေးလွှားနေသောလုပ်ကြံသူမှ တစ်ကိုယ်တည်းသက်ပြင်းချ၏။ထို အခိုက်ပင်မှာ သူ၏ခေါင်းကိုတူဖြင့်ထုခံလိုက်ရသောကြောင့် မူးဝေသွား၏။ "အင့်" "ဒါက နှစ်ယောက်မြောက်ပဲ" "သုံးယောက် ရှစ်ယောက်... ဆယ့်လေးယောက်... ဆယ့်ငါးယောက် လူပြည့်ပြီ" လုပ်ကြံသောဆယ့်ငါးယောက်လုံးလွတ်မြောက်သွားခြင်းမရှိ ဂျိတ် လက်ထဲသို့သာကျရောက်ကြကုန်လေသည်။ "မိပြီဆိုတော့ ထန်ဟောက်ဆီပြန်သွားရမယ်" ဂျိတ်လည်း ဖမ်းဆီးပြီးပြီဖြစ်၍ ထန်ဟောက်ဆီပြန်သွားလိုက်၏။ဂျိ တ်အနေဖြင့် ဆယ့်ငါးယောက်လုပ်ကြံသူကိုဖမ်းမိရန် အချိန်သုံး မိနစ်သာပေးလိုက်ရသည်။ "ဒါနဲ့ အစောက ဦးလေး တူထုတ်လိုက်သေးလား" ထန်ဟောက်မှ ဂျိတ်တူထုတ်လိုက်သည်ကို သူအနေဖြင့်ယေးတေး တေးသာမှတ်မိလေသည်။ "အင်းထုတ်လိုက်တယ် ပမွှားလေးတွေကလာနှောက်ယှက်လို့လေ" "ဒါဆို ကျနော်လဲ အစုံပတ်ပြီးစားပြီးပြီဆိုတော့ တည်းခိုခန်းပြန်ကြ မယ်" "မင်းသဘောပါ" ဂျိတ်နဲ့ထန်ဟောက်လည်း တည်းခိုခန်းရှိရာသို့ပြန်ခဲ့ကြလေသည်။ ထန်ဟောက်လည်း မိမိတို့တည်းခိုခန်းရောက်သည်နဲ့ ခဏအတွင်း အိပ်ပျော်သွားသည်။ မုန့်မျိုးစုံအောင်စားရသည့်အပြင် အချိန်အတော်ကြာညစျေးပတ် လျှောက်ကြည့်ရသောကြောင့် မောပန်းသွားဟန်တူသည်။ထန် ဟောက်အိပ်ပျော်သွားသောကြောင့် ဂျိတ်ထန်ဟောက်ကိုအစီရင် ရေးဆွဲပေးထားလိုက်သည်။ ထိုအစီရင်ကို ရွှေနဂါးအစီရင်ဟုခေါ်ကာ သိုင်းဝိညာဥ်အဆင့်ကိုး ဆယ်အထိခံနိုင်ရည်ရှိသည်။ အစီရင်သည် ထန်ဟောက်ဘေးအန္တရာယ်ကျရောက်ပါက အလို လျောက်ထွက်ပေါ်လာကာ ကာကွယ်ပေးမည်ဖြစ်သည်။ သုံးကြိမ်အသုံးပြုနိင်မည်ဖြစ်ပြီး ထန်ဟောက်အသက်အန္တရာယ်နဲ့ကြုံ မည်ဟု ခံစားရပါက ထိုအစီရင်မှ အထိုက်လျောက်ကာကွယ်ပေး သွားမည်ဖြစ်သည်။သုံးကြိမ်အသုံးပြုပြီးပါက ပျောက်ကွယ်သွား မည်ဖြစ်၏။ ထန်ဟောက်အား အိပ်စက်စေပြီး ဂျိတ်ကတော့တည်းခိုခန်းမှထွက် လာလိုက်သည်။ထို့နောက် ထန်မြို့တော်နဲ့ဝေးကွာသောတောအုပ်ထဲ သို့ သွားလိုက်သည်။ ညသန်းခေါင်ယံအချိန် တောအုပ်ကြီးတစ်ခု၌ဂျိတ်သည် ရောက်ရှိ နေသည်။သူ၏အသွင်ပြင်သည် နတ်ဆိုးဆန်ဆန်အသွင်ပြင်ကို ဆောင်နေလေသည်။ တောထဲရောက်သည်နဲ့ ဂျိတ်လည်း သူ၏လက်ကိုဝှေ့ယမ်းလိုက် သည်။ "ဘုတ်" မြေပြင်ပေါ်သို့ လူဆယ့်ငါးယောက်ပြုတ်ကျလာလေသည်။ "အင့်...." မြေပေါ်သို့ ပြင်းထန်စွာပြုတ်ကျသည့်အတွက် ထိုလူဆယ့်ငါးယောက် ကလည်း မေ့မြောနေရာမှ နိူးထလာကြသည်။ "အမလေး" သူတို့နိူးထလာသည်နဲ့ ဂျိတ်ကိုမြင်သည်နဲ့ လန့်ကာအော်ဟစ်မိလိုက် ကြသည်။ထိုဆယ့်လေးယောက်ထဲတွင် ပထမဆုံးဂျိတ်ဖမ်းမိသော တစ်ယောက်သည်သာ ဖမ်းသူမှာဂျိတ်ဖြစ်ကြောင်းသိသူဖြစ်သည်။ ကျန်သောလူများကလည်း သေချာပြန်ကြည့်မှ မိမိတို့သတ်ရန်ဖြစ် သောလူဖြစ်ကြောင်းသိရှိလိုက်ကြသည်။သူတို့အားကြိုးမချည်ထား သောကြောင့် ချက်ချင်းထွက်ပြေးကြရန် ကြံစဥ်လိုက်သည်။ "မလုပ်နဲ့အသုံးမဝင်ဘူး" ဂျိတ်၏စကားကြောင့် သူတို့တကယ်ပင်လှုပ်ရှား၍မရကြောင်းသိ လိုက်ကြရသည်။သူတို့၏ပါးစပ်လှုပ်စကားပြောလို့ရသည်မှ လွှဲ၍ တစ်ကိုယ်လုံးအကြောသေနေပြီဖြစ်ကြောင်း သတိထားမိလိုက် သည်။ ဂျိတ်လည်းထိုသို့ဖြစ်အောင်တမင်ဆောင်ရွက်ထားမှန်းဖြစ်သည်။ ထိုဆယ့်ငါးယောက်သည် သိုင်းအကြီးကဲခုနှစ်ယောက်နဲ့ သိုင်းဘိုး ဘေးရှစ်ယောက်တို့ဖြစ်သည်။ သို့ရာတွင်ဂျိတ်၏ဒေါသအောက်တွင် သူတို့သည်မည်သည့်သိုင်းဝိ ညာဥ်အစွမ်းမျှသုံးလိုက်ရခြင်းမရှိပဲ ချက်ချင်းအဖမ်းခံလိုက်ရခြင်း ဖြစ်သည်။ "မင်းတို့ကို ဘယ်သူကလုပ်ကြံခိုင်းတာလဲ" သူတို့တစ်ခုခုလုပ်နေကြောင်း ဂျိတ်လည်းတန်းသိလိုက်သည်။ "အသုံးမဝင်ဘူး မင်းတို့သွားကြားကအဆိပ်က ငါယူထားတာကြာ ပေါ့" ထိုလုပ်ကြံသူများသည် သူတို့၏အကြံစည်ကိုဂျိတ်မသိစေရန် ကိုယ့် ကိုယ်ကိုအဆိပ်ခတ်သတ်သေကြရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သို့ရာတွင် သူတို့သည်ဂျိတ်နဲ့ လာတိုးနေကြရာ အသုံးမဝင်တော့ပေ။ "ဘယ်သူလဲလုပ်ကြံခိုင်းတာက" ဂျိတ်ထပ်မေးလိုက်သည်။သို့သော် ဘယ်သူကမှဖြေကြားခြင်းမရှိ ပေ။ "ဟင့် မင်းတို့ကသစ္စာရှိနေကြတယ်ပေါ့" ဂျိတ်လည်း အဓိပ္ပါယ်ပါသောအပြုံးပြုံးလိုက်သည်။သူအနေနဲ့ အရိုး ရှင်းဆုံးဖြစ်အောင်မေးသော်လည်း သကောင့်သား များက ငြိမ် သက်နေကြသည်။ "ကဲ မင်းကိုအရင်စပြီးမေးရမာပေါ့" ဂျိတ်လည်း သူနဲ့နီးစပ်သော တစ်ယောက်၏ခေါင်းကိုလက်ဖြင့်ကိုင် လိုက်၏။ "စိတ်ဝိညာဥ်ရှာဖွေခြင်းမျက်လုံး" "အား " ထိုကြောက်လန့်ကာအော်လိုက်သည်ကတော့ ဂျိတ်လက်ကိုင်လိုက် သော လူ၏ဘေးမှလူများပင်ဖြစ်သည်။ယခု ဂျိတ်၏ဆံပင်များက လွင့်မျောနေသလို သူ၏မျက်လုံးများကလည်း နီရဲတောက်ပ နေသည်။မှိတ်ထားသည်ကိုပင် အနီရောင်ကတောက်ပနေခြင်း ဖြစ်သည်။ ဂျိတ်၏ကိုယ်အရှိန်ရောင်ဝါကလည်း အေးစိမ့်ကာကြောက်မက်ဖွယ် ထွက်နေသည်ဟုသူတို့ခံစားလိုက်ကြသည်။ ညအချိန်လရောင်နဲ့ပေါင်းစပ်လိုက်သောအခါ မြင်သူတိုင်းကြောစိမ့် သွားရအောင်လန့်ရမည့်နတ်ဆိုးတစ်ပါးတစ်ဖွယ်ဖြစ်သည်။ သူ့အားကျန်သောသူများကြောက်နေသည်ကိုတော့ ဂျိတ်မသိပေ။သူ သည် ခေါင်းကိုင်ထားခြင်းခံသောလူ၏စိတ်ဝိညာဥ်ထဲဝင်ရောက် ကာ စိတ်ဝိညာဥ်မှတ်ညဏ်ရှာဖွေနေလေသည်။ ရှာဖွေလိုက်သောအခါ သူတို့ဆယ့်ငါးယောက် မိမိတို့နှစ်ယောက်အား လုပ်ကြံရခြင်းအကြောင်းကို သိရှိလိုက်ရပြီဖြစ်သည်။ "မင်းတန်ဆိုပါလား မင်းတော့ ငါနဲ့တော့တွေ့ကြ ပြီပေါ့" စိတ်ဝိညာဥ်ရှာဖွေခြင်းပြီးဆုံးသွားသောအခါ သူ၏မျက်လုံးကို ပြန် ဖွင့်လိုက်၏။ "ဘုတ်" စိတ်ဝိညာဥ်ရှာဖွေခြင်းခံရသော သူကတော့ ချက်ချင်းပင်မြေပြင် ပေါ်သို့ပစ်လဲကျသွားသည်။သူ၏စိတ်ဝိညာဥ်မှ တိုက်ခိုက်ကာဝင် ရောက်ခံလိုက်ကသောကြောင့် တောင့်ခံနိုင်ခြင်းမရှိပဲ မေ့မြောသွား ခြင်းဖြစ်သည်။ မင်းတန်ဆိုသောလူသည် လော့ဂိုဏ်း၏အကြီးကဲတစ်ယောက်ဖြစ်ကာ သိုင်းဘုရင်အဆင့်(အဆင့်60)ရှိသူဖြစ်၏။သူခိုင်းစေသော ကြောင့်သာ ယခုမိမိရှေ့၌ရောက်ရှိနေသော ဆယ့်ငါးယောက်သည် မိမိအားလုပ်ကြံခြင်းဖြစ်ကြောင်းသိရှိလိုက်ရသည်။ မင်းတန်ဟူသောဂျိတ်၏စကားကြောင့် သူတို့အလွန်လန့်သွား ကြ၏။သူတို့တစ်ယောက်မှ ထုတ်မပြောသော်လည်း တစ်ဖက်သားမှ သိရှိသွားသောကြောင့်ဖြစ်သည်။ မင်းတန်သည်နောက်ရက်များမကြာမီ ထန်မြို့၌ထွက် ပေါ်လာမည်ဖြစ်ကြောင်းပါသိလိုက်ရသည်။ "မင်းတို့က ငါနဲ့ဟိုကလေးကိုလုပ်ကြံခဲ့မှတော့အပြစ်ပေးရတာပေါ့" ဂျိန်းးးးး သွေးရောင်လွှမ်းနေသော တံစဥ်းကြီးတစ်ခုက ဂျိတ်လက်ထဲရောက် ရှိလာသည်။ညအခါ၌ သေမင်းတစ်ပါး သူတို့ရှေ့၌ရောက်ရှိလာ သလိုပင်ဟု သူတို့ဆယ့်လေးယောက်လုံးခံစားလိုက်ကြ၏။ ထို့ပြင်သူတို့သည် ထိုတံစဥ်းကြီးဂျိတ်ထံ၌ပေါ်လာကတည်းက သူ တို့၏ကိုယ်မှ သိုင်းဝိညာဥ်များတုန်ခါလာကြောင်း သူတို့ခံစားမိလာ သည်။ "မင်းတို့ကိုသေအောင်တော့မလုပ်ဘူး သိုင်းဝိညာဥ်လေးပဲယူမှာပါ" ဂျိတ် သူ၏တံစဥ်းကို မြေပြင်သို့ ဒေါက်ခေါက်လိုက်သည်။ ထိုသို့ခေါက်လိုက်သည်နဲ့ လုပ်ကြံသူဆယ့်ငါးယောက်၏သိုင်းဝိညာ ဥ်များသည် အလိုလျောက်ထွက်ပေါ်လာကြကာ လေထဲ၌မျော်လွင့် နေကြသည်။ လုပ်ကြံသူများသူတို့၏သိုင်းဝိညာဥ်ကိုပြန်ခေါ်ရန်ကြိုးစား သော်လည်း သူတို့ထိန်းချုပ်၍မရကြောင်း သိရှိလိုက်ကြသည်။ သိုင်းဝိညာဥ်များနဲ့သူတို့သည် ကြိုးတစ်ချောင်းပမာသာဆက်သွယ် နေကြောင်းပါတွေ့လိုက်ရသည်။သူတို့၏သိုင်းဝိညာဥ်များကို သူတို့ မဆက်သွယ်နိုင်သည့်ခံစားချက်ကြောင့် တုန်လှုပ်လာကြသည်။ "မလုပ်ပါနဲ့တောင်းပန်ပါတယ် ဆရာလိုချင်တာပြောပါ ကျနော်တို့ ပေးပါမယ်" "ဟုတ်ပါတယ်" လုပ်ကြံသူများနောက်ဆုံးတော့စကားပြောကာ အနူးညွှတ် တောင်းပန်ကြသည်။သို့ရာတွင် သူတို့၏တောင်းပန်မှုများသည် အလုပ်မဖြစ်ခဲ့ပေ။ "မင်းတို့ငါ့ကိုလုပ်ကြံကတည်းကသိသင့်တာကွ" "ဖြုန်း" ဂျိတ်တံစဥ်းကို သိုင်းဝိညာဥ်များနဲ့ဆက်စပ်နေသော လုပ်ကြံသူများ အပေါ်ကို ရမ်းလိုက်သည်။ ထိုသို့ယမ်းလိုက်ရာ သိုင်းဝိညာဥ်များသည် ထိုလုပ်ကြံသူများထံမှ လွတ်သွားကာ တံစဥ်းထဲသို့ဝင်ရောက်သွားကြ ကုန်သည်။တံစဥ်းထဲ သို့သိုင်းဝိညာဥ်များဝင်ရောက်လာသည်နဲ့ တံစဥ်းရှိအရိုးခေါင်းကြီး မှာ ပိုမိုတောက်ပလာလေသည်။ "မဟုတ်ဘူး" လုပ်ကြံသူများလည်း သူတို့၏သိူင်းဝိညာဥ်များသည် သူတို့နဲ့ အဆက်သွယ်ပြတ်ပြီး တံစဥ်းထံသို့ပါသွားကြောင်း တွေ့လိုက်ရ သောအခါ လုံးဝစိတ်ဓာတ်ကျသွားလေတော့သည်။ လုပ်ကြံ သူတို့သည် သူတို့၏သိုင်းဝိညာဥ်မရှိသည့်အချိန်၌ပင် သူတို့ တစ်ကိုယ်လုံးပြန်လည်လှုပ်ရှား၌ရပြီဖြစ်၏။ သို့ရာတွင် သူတို့၏ဘဝတစ်လျှောက်လုံးပါရှိလာသောသိုင်းဝိညာဥ် များပျက်စီးသဖြင့် လုံးဝကြောက်လန့်တုန်လှုပ်ကာ ဘာလုပ်ရဘာ ကိုင်ရမှန်းမသိ ငေးငိုင်ကြ ကုန်လေတော့၏။ ဂျိတ်လည်း လုပ်ကြံသူကိုသိရပြီဖြစ်ရာ တည်းခိုခန်းသို့သာပြန်လာခဲ့ လိုက်လေသည်။ "မင်းတန် မင်းသေဖို့ပြင်ထားတော့"
(140) ဖမ်းရန်အစီစဥ်
မနက်ခင်းကား ပြန်လည်ရောက်ရှိလာလေသည်။ထန်ဟောက်လည်း ညကကောင်းစွာ စားသောက်ရကာ ပြည့်ပြည့်ဝ ဝအိပ်စက်ရသော ကြောင့် တက်ကြွစွာပင်နိူးထလာလေသည်။ ("ဦးလေးကြီးကအင်မတန်ကောင်းတဲ့လူကြီးပဲ") ထန်ဟောက် ဂျိတ်ကိုလွန်စွာပင်လေးစားနေပြီဖြစ်သည်။မနေ့ကသူ ဝယ်ခိုင်းသမျှကိုမညီးမညူအကုန်ဝယ်ကြွေး၏။ကြည့်ရသည်မှာ ဂျိ တ်သည်ငွေကြေးကြွယ်ဝကြောင်း ထန်ဟောက်နားလည်သည်။ ထို့ပြင် သိုင်းပညာကလည်းအလွန်တော်သလို မိမိ၏ကိစ္စကြောင့် ထန်ကျောင်းတော်ကိုပင် မျက်စိထဲပင်မထည့်သည်အထိကြမ်းသော ဂျိတ်အား အားကျနေလေသည်။ သူသည်လည်း ဂျိတ်ကဲ့သို့ အစွမ်းထက်သောသိုင်းဝိညာဥ်ပညာရှင် ဖြစ်ချင်စိတ်များပြင်းပြလာပြီဖြစ်သည်။ "ကောင်လေးထပြီလား ဒါဆိုမနက်စာသွားစားကြစို့" ဂျိတ်ပြောသံထွက်လာမှသာ သူ၏အတွေးများပြန်လည်ရပ်ဆိုင်း သွားတော့လေသည်။အမြန်ပင် အိပ်ရာမှထကာ ဂျိတ်နောက်သို့ လိုက်ရလေသည်။ "ဦးလေးကြီး ငှားထားတာလား" ထန်ဟောက်သည် သူတို့ရှေ့၌ရပ်ကာ ရှိနေသောလူကိုကြည့်ပြီး ပြောသည်။ထိုလူသည် မိမိတို့နှစ်ယောက်အားအရိုသေပြုကာ မိမိနဲ့ လိုက်ပါလာရန် ရထားလုံးအားညွှန်ပြနေလေသည်။ ထိုရထားလုံးသည် မြင်းလေးကောင်ဖြင့်ဆွဲထားပြီးအလွန်ပင်ခန့် ညားထည်ဝါလှသည်။ "မဟုတ်ဘူး မနေ့ကတွေ့တဲ့လူကမနက်စာကြွေးဖို့လာခေါ်တာ" ဂျိတ်ပြောသည့်အတိုင်းပင် ဟန်လင်းမှသူတို့အားမနက်စာကျွေးရန် လာရောက်ခေါ်ယူခြင်းလည်းဖြစ်သည်။ထို့ကြောင့် နှစ်ယောက်သား မြင်းလှည်းပေါ်သို့ဝင်ရောက်နေရာယူလိုက်ကြ၏။ "သွားမယ်" "ဟီး...ဟီး..(မြင်းအော်သံ") မြင်းလှည်းကား တည်းခိုခန်းမှနေ၍စတင်ထွက်လာတော့သည်။ မြင်းလှည်းသည် မြင်းလေးကောင်ပြေးသောကြောင့် မြန်ဆန်သလို ထိုင်ရသည်မှာလည်းအလွန်ပင်သက်တောင့်သက်သာရှိလှ၏။ "ကျနော်တို့ထန်မြို့မှ လေးနေရာရှိပါတယ်ဗျ ထန်ကျောင်းတော်ကြီး အမူထမ်းကြတဲ့မင်းမူထမ်းတွေနေတဲ့နေရာ သူဌေးတွေစုဝေးတဲ့ နေရာနဲ့ ယခုရောက်နေတဲ့နေရာပဲဖြစ်ပါတယ်" မြင်းလှည်း၌ပျင်းနေမည်စိုးသောကြောင့် လာရောပင့်သောအမူ ထမ်းမှ သေချာရှင်းပြရလေ၏။ သူပြောသောကြောင့် ထန်မြို့ကြီး သည် လေးနေရာခွဲခြားထားကြောင်းသိရှိလိုက်ရပြီဖြစ်သည်။ ဂျိတ် ဟန်လင်း၏နေရာသို့မြင်းလှည်းဖြင့်သွားနေစဥ် "ဘာ လုပ်ကြံတဲ့သူတွေပါ ပျောက်နေတယ်ဟုတ်လား" လင်းမိသားစုအကြီးကဲ ခေါင်းစားနေပြီဖြစ်၏။သူ့အနေနဲ့ ထန် ဟောက်နဲ့ဂျိတ်သေစေရန် တန်ဖိုးအကြီးကြီးရင်းနှီးထားရသည် ဖြစ်သည်။ သို့ရာတွင် သွားရောက်လုပ်ကြံသောသူများကို ဒီမနက်၌အဆက် သွယ်မရဟုကြားရခြင်းက ခေါင်းစားစေခြင်းဖြစ်သည်။လော့ ဂိုဏ်း၏လုပ်ကြံသူများသည် သူတို့ လုပ်သောမစ်ရှင်တိုင်း အောင်မြင်ကြသည်ဖြစ်သော်လည်း ယခုဟာက အောင်မအောင်မ သိရသည့်အပြင် လုပ်ကြံသူပါပျောက်နေသည်ဖြစ်၏။ "သွား နောက်ထပ်စုံစမ်းကြစမ်း" ထန်မိသားစု လင်းမိသားစုတို့က ဂျိတ်အားသေချာစုံစမ်းနေကြပြီ ဖြစ်၏။ သို့သော်လည်း ဂျိတ်သည် ယခုသူဘယ်မှာရှိသည်ကိုမသိရသည့် အပြင် သူ၏မွေးရပ်မြေဇာတိအစရှိသည်တို့ကလည်း လေထဲလွင့် သွားသောပြာပမာ ရှာမတွေ့သည်သာဖြစ်နေကြ၏။ ထန်ဟောက်ဆိုသောကလေးသာ အကြီးကဲရွာမှလာခြင်း ဖြစ်ကြောင်း သူသည်သာဂျိတ်နဲ့စတင်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းကို သာ ရှာ၍ရပေသည်။ ထို့ကြောင့် လင်းမိသားစုသည် ခေါင်းစားနေသလို ထန်မိသားစု ကတော့ ထိုသို့ဖြစ်လေပိုစုံစမ်းလေဖြစ်သည်။အစွမ်းထက်သောလူ တစ်ယောက်ကထန်မြို့၌ရုတ်တရက်ဆိုလိုပေါ်လာခြင်း၏အကြောင်း ကိုသေချာသိရှိစေရန် စုံစမ်းကြနေသည်။ "သေချာစုံစမ်းလို့သိရင် သတင်းလာပေးကြားလား" ထန်ကျောင်းတော်၏ရုံးခန်းကလည်း ယခုအခါ၌ လူစုဝေးနေသည် ဖြစ်သည်။ အသက်ကြီးနေပြီဖြစ်သောလူကြီးသည် မနက်စာအဖြစ် လက်ဖက်ရည်ကိုသုံးဆောင်နေသည်။သူ၏ဘေးတွင်လည်း လူတစ် ယောက်သည် ထိုင်လျက်ရှိလေသည်။ လက်ဖက်ရည်သောက်သုံးနေသောလူကြီးသည် ထန်ကျောင်း တော်၏ကျောင်းအုပ်ကြီးပင်ဖြစ်သည်။သူသည် ဝိညာဥ်အဆင့် ခြောက်ဆယ်ရောက်ရှိနေသော သိုင်းဘုရင်ပင်ဖြစ်လေသည်။ ဂျိတ်ကျောင်းကိုလာမွေစဥ်ကသူသည် သူ၏ခြောက်ကွင်းမြောက် သောဝိညာဥ်ကွင်းရရှိရန်အတွက် ကျောင်းမှထွက်ကာ ကြယ် တောအုပ်ထဲသွားနေချိန်ဖြစ်သည်။ထို့ကြောင့် သူ့အနေဖြင့် ဂျိတ် အားမတွေ့လိုက်ရပေ။ "ဝိညာဥ်ကွင်းရရှိခဲ့လို့ဂုဏ်ပြုပါတယ်ကျောင်းအုပ်ကြီး" "ကျေးဇူးပါဗျာ လက်ထောက်ကျောင်းအုပ်ရေ" ဒီတစ်ခေါက်ကျောင်းအုပ်သည် အလွန်ဝမ်းသာခဲ့သည်ဖြစ်သည်။သူ သည် ခွန်အားကြီးသော မျောက်ဘီလူးကိုသတ်ကာ ဝိညာဥ်ကွင်းရရှိ ခဲ့ခြင်းဖြစ်သည်။အဆိုပါမျောက်ဘီလူးသည် နှစ်ကိုးသောင်းခန့်ရှိရာ ကျောင်းအုပ်ကြီးမှ ကြိုးစားပြီးသတ်ဖြတ်ခဲ့ရလေသည်။ တန်သည်ဟုပြော၍ရသည်။နှစ်ကိုးသောင်းမျောက်ဘီလူးဝိညာဥ် ကွင်းကို ပေါင်းစပ်ပြီးသောအခါ ထန်မြို့၌အဆင့်ခြောက်ဆယ် ဝန်းကျင်တွင်ပြိုင်ဘက်ကင်းသည်အထိ ဖြစ်သွားခြင်းဖြစ်သည်။ "ဒါနဲ့ ဟိုလူစိမ်းအကြောင်းမင်းသိပြီလား" "ကျနော်သိသလောက်ကတော့ သူကလင်းရုံကို ထန်ဟောက်ဆိုတဲ့ ကလေးကို သတ်တယ်လို့ပြောပြီး လင်းရုံကိုခေါ်ဖို့ ကျောင်းထဲ ရောက်လာတာပဲ နောက်တော့" လက်ထောက်ကျောင်းအုပ်လည်း သူသိထားသမျှ ပြောပြ၏။တံခါး ကြီးကိုတစ်ချက်တည်းဖြင့်ထုပြိုအောင်မှစ၍ ဆရာများ၏ဝင်ကပါ ကိုပါ တူဖြင့် ဖျက်စီးကာပြန်ထွက်သွားသည့်အဆုံးပင်ဖြစ်သည်။ ကျောင်းအုပ်ကြီးကာ အလွန်ပင် အံသြမြင်သက်နေပြီဖြစ်သည်။ထို ကိစ္စကို သူမယုံချင်သော်လည်း ကျောင်း၌ပြိုကျနေသောတံခါးကြီးနဲ့ ထိခိုက်ထားသောဆရာများက ရှိနေသောကြောင့်သာ လက်ခံလိုက်ရ သည်။ "သူဝိညာဥ်ကွင်းထုတ်သုံးသေးလား" "သုံးပါတယ် သူသုံးတာက လင်းရုံနဲ့ချတုန်းကပါ သူရဲ့ပထမစွမ်း ရည်(အဝါရောင်အကွင်း) တစ်ခါသုံးတာပါ" "ပြီးတော့...." "ဘာပြီးတော့လဲ ဆက်ပြော" ကျောင်းအုပ်မှလောဆော်၏။ "သူ ပထမအစွမ်းနဲ့ လင်းရုံအကုန်သုံးတာတောင်မှောက်သွားတာပါ" ကျောင်းအုပ်ကြီး မျက်နှာမဲသွားသည်။သူ၏ကျောင်းအမွှေခံရသည် က ဒီအတိုင်းပြီးမည်မဟုတ်ပေ။အထက်မှလာပြီးစစ်ဆေးပါက သူ့ အနေနဲ့ ဒုက္ခတွေ့နိုင်သည်ဖြစ်သည်။သူကျောင်း၌မရှိချိန် ဆရာများ ထိခိုက်သွားသည်ဖြစ်ရာ အပြစ်ကသူ့ခေါင်းပေါ်ကျရောက်လာ နိုင်သည်ဖြစ်သည်။ "ဒါဆို သူ့အကြောင်းသိရအောင်စုံစမ်းချေ" "ကောင်းပါပြီ ကျောင်းအုပ်ကြီး" ဂျိတ်ကတော့ သူတို့သည်မိမိအားစုံစမ်းနေသည်ကိုသိပင်မသိချေ။ သိပါကလည်း ဂရုစိုက်မည်မဟုတ်ပေ။ "ကျနော်တို့ရောက်ပါပြီဗျ" မြင်းလှည်းမှလာကြိုသောသူကပြောလိုက်၏။သူတို့သည် အလွန် ကြီးမားသော ခြံကြီးတစ်ခုထဲရောက်နေကြောင်းတွေ့လိုက်ရ၏။ ကြည့်ရသည့်မှာ ဟန်လင်းသည်အမူထမ်းဖြစ်သောကြောင့် အမူ ထမ်းများ၏နေရာ၌ ခန့်ခန့်ညားညားနေနေရသည်မှာဖြစ်နိုင်သည်။ "ကြွပါ ကြွပါ" ဂျိတ်နဲ့ထန်ဟောက်အားတည်းခိုခန်းမှ ကြိုဆိုသောသူမှပင် အိမ်ထဲရှိ စားသောက်ခန်းထဲသို့ပြသပေး၏။ အစားသောက်ခန်း၌ အငွေ့တထောင်းထောင်းထနေသော ဟင်း များက စီစီရီရီရှိနေ၏။ "ဟန်လင်းကော ဘယ်မှာလဲ" "သူက ဆားပုလင်းဆီကနေပညာသင်နေတယ်လို့တော့ကြားပါတယ် ဗျ" ဂျိတ်အားရိုသေစွာပြန်လည်ဖြေကြား၏။ ဟန်လင်းအလုပ်များနေသည်ဆိုမှတော့ ခေါ်မနေတော့ပဲ စား သောက်ခန်းထဲရှိအသင့်ပြင်ဆင်ထားသော အစားသောက်များကို ထန်ဟောက်နဲ့အတူစားသောက်လိုက်၏။ အစားသောက်ကိစ္စဆိုလျှင် ထန်ဟောက်ကပြောစရာပင်မလိုပေ။သူ အားရသည်အထိ စားသောက်လိုက်၏။ စားသောက်ပြီးသောအခါ ဧည့်ခန်းသို့ဂျိတ်တို့ရောက်လာကြ၏။ "ခင်ဗျားတို့စားသောက်ပြီးပြီဆိုတော့ လာပါအသီးလေးတွေထပ် စားပါဦးလက်ဖက်ရည်လည်းသောက်ပါဦး ကျနော်တော့အခုမှအား လို့ပါ" ဟန်လင်းသည် ကပျာကရာဖြင့်ပြေးလာကာ ကြိုဆိုဧည့်ခံပြန်၏။ ထန်ဟောက်လည်း ချထားသောအသီးပန်ကန်များထဲမှ အသီးများ ကိုနိုက်စားနေပြီဖြစ်သည်။ "ဘာဖြစ်လို့ချွေးတွေထွက်နေရတာလဲ ဟန်လင်း" ဟန်လင်းသည်ကပျာကယာလာရသည့်အပြင်သူ၏ကိုယ်၌ချွေးများ စိုရွှဲနေကြောင်း တွေ့ရသောကြောင့်ဖြစ်သည်။ "ကျနော်လား ဆားပုလင်းဆီနေသေနတ်လုပ်နည်း ပညာသင်နေတာလေ" ဟန်လင်းသည် ဆားပုလင်းထံမှ သေနတ်ကိုသင်ယူနေခြင်း ဖြစ်သည်။ဆားပုလင်းသည် ဟန်လင်းအား သေနတ်လုပ်ပုံလုပ် နည်းများနဲ့ ကျည်ဆံများလုပ်နည်းကို သင်ကြားပေးနေခြင်း ဖြစ်သည်။ ဟန်လင်း သည်ပန်းပဲပညာ၌ပါကျွမ်းကျင်သောကြောင့် ဆားပုလင်း မှ လုပ်နည်းများအသေချာရှင်းပြရာ ဟန်လင်းလည်း ထိုအတိုင်း ပန်းပဲပညာဖြင့် လိုက်လံလုပ်နေခြင်းဖြစ်သည်။ ဂျိတ်ရောက်ပြီဆိုသောကြောင့် ပန်းပဲရုံမှ အပြေးထွက်ကာ လာ ရောက်တွေ့ဆုံခြင်းဖြစ်သည်။ "ဒါဆို ခင်ဗျား သေနတ်လုပ်တတ်ပြီလား" "သင်တာမကြာသေးတော့ သေနတ်အစိတ်ပိုင်းလုပ်နည်းတွေပဲ သိ ပါသေးတယ်" ဟန်လင်းမှ အမှန်ပင် သေနတ်အစိတ်ပိုင်းများလုပ်နည်းကိုသာ သင် ရသေးသည်ဖြစ်၏။ "ဒါနဲ့ သတင်းရပြီလား" "လော့ဂိုဏ်းကနောက်နှစ်ရက်နေရင် သူတို့အကြီးကဲကဒီမြို့မှ တစ်ယောက်ယောက်နဲ့တွေ့မယ်ပြောပါတယ် ဘယ်မှာတွေ့မလဲမသိ သေးပါဘူး" ဟန်လင်းလည်း သူသိသောသတင်းကိုပြောပြ၏။ "ရော့ ဒါကိုယူလိုက်" ဟန်လင်းလည်း ဂျိတ်ပေးသောအရာကိုယူကာကြည့်လိုက်၏။ကြ ည့်ပြီးလန့်ဖြတ်သွား၏။ "ဒါတွေက" သူ၏လေသံပင်တုန်ခါနေ၏။ "မင်းတန်နောက်နှစ်ရက်ဆိုလာတော့မှာ ဒီတော့ပန်းပဲလုပ်တာက နောက်မှသင် ဆားပုလင်းဆီကနေသေနတ်ပစ်နည်းသွားသင်ချေ" "ပြီးတော့ လော့ဂိုဏ်းပါ ဖမ်းဖို့ အစီစဉ် တွေပါဆွဲထားလိုက်တော့." "ကောင်းပါပြီ" ဟန်လင်း အလွန်တုန်လှုပ်ပျော်ရွှင်နေ၏။ဂျိတ်ပေးလိုက်သော အရာသည် သေနတ်နဲ့ကျည်ဘူးဖြစ်သည်။ ထိုသေနတ်နဲ့ကျည်ဘူးကို လက်တွင်ကိုယ်တိုင်ကိုင်ဆောင်ထားရရာ အလွန်ပျော်ရွှင်လွန်းသောကြောင့် သူ၏လေသံများပင် တုန်နေ ခြင်းဖြစ်၏။ ယခုမှာ မိမိသည်သေနတ်ရပြီဖြစ်ရာအသုံးပြုနည်းကိုသင်ကြားရန် ဆားပုလင်းထံသို့ မြန်ဆန်စွာပင်ပြေးလွှားလေတော့၏။ ဂျိတ်ကတော့ သူ၏ထုံးစံအတိုင်း ကုလားထိုင်၌ထိုင်ရင်း မျက်စိမှိတ် ကာ သူ၏စိတ်ကား စနစ်လေ့ကျင့်ခန်းထဲသို့ဝင်ရောက်သွားပြန်ပြီ ဖြစ်သည်။
(141) စတင်ပြီ
ဂျိတ်လည်း စနစ်လေ့ကျင့်ခန်း၌ ပုံမှန်အတိုင်းလေ့ကျင့်နေသည်။ဒီ တစ်ခေါက် သူလေ့ကျင့်သည် ကတော့ အဆောင်စာရွက်များပင်ဖြစ် လေသည်။ အဆောင်စာရွက်များကို ရေးဆွဲလေ့ကျင့်ခြင်း ဖြစ်သည်။ ထိုသို့ရေးဆွဲလေ့ကျင့်ခြင်းသည် စိတ်တည်ငြိမ်ကာ စိတ်၏စွမ်းရည် ကိုတိုးတက်စေသည်။စိတ်တည်ငြိမ်မှုမြင့်မားလေ တိုက်ပွဲ၌အနိုင်ရ နိုင်ချေပိုမိုမြင့်မားလေဖြစ်သည်။ "မရသေးဘူးဆက်ကြိုးစားရမယ်" ဂျိတ် အဆောင်များကို ကြိုးစားပြီးရေးဆွဲနေသည်။အဆောင်ရေး သည်ဆိုသည်က အဆောင်စာရွက်ရှိမန္တန်စာလုံးများတိကျမှန်ကန်ပြီး အသက်ဝင်လာရန်ဖြစ်သည်။ဒါမှသာ အဆောင်ကအစွမ်းပြမည် ဖြစ်၏။ ဂျိတ်ကြိုးစားပြီးအဆောင်ဆွဲနေသည်က တိကျမှန်ကန်မှုအတွက် အဓိကမဟုတ်ပဲ မြန်ဆန်စေရန်ဖြစ်သည်။ သူဆွဲထားသောအဆောင်တိုင်းကလည်း မြင်သူရှိပါက တိကျ မှန်ကန်သည်ကိုတွေ့ရမည်ဖြစ်၏။သူ၏စိတ်အာရုံကို ရေးဆွဲရာ၌နှစ် မြုပ်ထားသည်။ "မရသေးဘူးဆက်လုပ်မယ်" ဂျိတ်သည် အဆောင်များကို မှင်စုတ်တံဖြင့်ဆက်လက်ဆွဲနေသည်။ သူဆွဲနေသည်က မည်သည့်အစွမ်းမှမပါ သူ၏ပင်ကိုယ်ပကတိ အစွမ်းဖြင့် တစ်မိနစ်အတွင်း အဆောင်မည်မျှပြီးနိုင်သည်ကို ကြိုးစားနေခြင်းဖြစ်သည်။ သူ၏အဆောင်စာရွက်ဆွဲနှုန်းမှာ တစ်မိနစ်လျှင် ဆယ်ခုဖြစ်၏။ထို့ ကြောင့် ခြောက်စက္က န့်လျှင် အဆောင်တစ်ခုဆွဲပြီးသည်ဟုဆို နိုင်သည်။ဤအမြန်နှုန်းသည် အမြန်ဆုံးဟု အဆောင်ဆရာများက ပြောကြမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဂျိတ်ကဲ့သို့ အဆောင်စာရွက် ရေးဆွဲရန်ပစ္စည်းများအစုံလင်ရှိနေလျှင်ပင် အဆောင်တစ်ရွက်ပြီး ရန် အချိန်တစ်နာရီယူရသောကြောင့်ဖြစ်၏။ ဤသည်ကိုဂျိတ်မှ တစ်မိနစ်လျှင် ဆယ်ခုကိုနည်းသည်ဆိုကာ ကြိုးစားနေ၏။သူ၏ရည်မှန်းချက်မှာ တစ်မိနစ်ကို အဆောင်စာရွက် နှစ်ဆယ်ပြီးစေရန်ဖြစ် သည်။ပြောရလျှင် တစ်ရွက်ကိုသုံးစက္က န့် ဖြင့်ဆွဲနိုင်ရန်ဖြစ်သည်။ထိုအကြောင်းကို အဆောင်စာရွက်ရောများ သိပါက သွေးအန်သေကြမည်ဖြစ်သည်။ ("သခင် သတင်းရှိပါတယ်") စနစ်၏အသိပေးမှုကြောင့် အဆောင်ရေးရာမှတန့်လိုက်၏။ "ဘာသတင်းလဲ" "သခင်ကိုယ်ပွား1ကပြောခိုင်းလိုက်ပါတယ် သခင်သမီးလေးရဲ့ ကိုယ်ခန္ဓာနိူးထလာတော့မယ်တဲ့" "သိပြီ" ဂျိတ် အဆောင်ဆွဲ ခြင်းကိုရပ်တန့်လိုက်၏။ သူ၏သမီး၏ထူးခြားသောကိုယ်ခန္ဓာရှိကြောင်း သူသိထားပြီး ဖြစ်၏။သို့ရာတွင် ထိုသို့မြန်မြန်နိူးထမည်ဟု မထင်မိလိုက်ပေ။ ("အင်း ကြည့်ရတာငါကျွေးတဲ့အစားသောက်တွေကြောင့်ထင် တယ်") ဒီအကြောင်းပြချက်ကအဖြစ်နိုင်ဆုံးပင်။သူသည် သူ၏သမီးလေး အား စနစ်မှအကောင်းဆုံးဆိုသောအရာများသာကျွေးမွေး၏။ထို အစားသောက်များသည် အလွန်မင်းအစွမ်းများကြွယ်ဝရာ သမီး ဖြစ်သူ၏ကိုယ်ခန္ဓာကို မြန်မြန်နိူးထလာအောင် လုပ်ဆောင်ပေး သလိုဖြစ်သွား၏။ ("စနစ် သူဘယ်ချိန်နိူးထမှာလဲ") ("နောက်လေးရက်နေရင်ပါ သခင်") "လေးရက်တဲ့ ထန်ဟောက်ကိစ္စရှင်းပြ တော့သွားရမယ်" နှစ်ရက်ဆိုသောအချိန်အတွင်း၌ ဟန်လင်းကတော့ ဆားပုလင်းထံမှ သေနတ်ပစ်နည်းများသေချာလေ့ကျင့်နေ၏။သူကိုယ်တိုင်ကလည်း စိတ်ဝင်စားခြင်း ပါရမီပါနေရာ သေနတ်ပစ်ခတ်ရာကို ကျွမ်းကျင် သွားလေသည်။ "ကဲ ဆားပုလင်း ကျနော်တို့လေ့ကျင့်တာပင်ပန်းပြီးဆိုတော့ မနက်ဖြန်ည သွားဖမ်းဖို့အားမွေးရမယ်" "ဒါပေါ့" နှစ်ယောက်သား ပြောဆိုပြီးလက်ဖက်ရည်သောက်ရတ်ဆုံးဖြတ် လိုက်ကြ၏။လက်ဖက်ရည်သောက်ရန် မီးဖိုခန်းသို့ နှစ်ယောက်သား အသွား "ကိုကြီးဟန်လင်း ကြောင်လေးကော" ဟန်လင်းသည် သူ၏အိမ်၌ကြောင်မွေးထားသည်ဖြစ်သည်။ထို့ ကြောင့် ထန်ဟောက်မှကြောင်လေးအားလွန်စွာ သဘောကျရာ ခနခ နပွေ့တတ်၏။ယခုမှာ ထိုကြောင်လေးပျောက်သွားသောကြောင့် လာမေးနေခြင်းဖြစ်သည်။ "ကြောင်လေးကို ဟိုဘေး ခြံမှ အပျိုကြီး ယူသွားပြီအစောကငါတွေ့ တယ်" "ဟုတ်တယ်" ဟန်လင်းနဲ့ဆားပုလင်းလည်း ဘေးခြံမှ အပျိုကြီး ယူသွားကြောင်း တွေ့သောကြောင့်ပြောလိုက်သည်။ထိုအပျိူကြီးသည် ဟန် လင်း၏ကြောင်အား မြင်ကတည်းကကြိုက်နှစ်သက်နေရာ ဟန် လင်းထံမှဝယ်ရန်ကြိုးစား၏။ ထိုအပျိုကြီးသည် အချိုလုံးဝမစားသောကြောင့်လည်း ဟန်လင်း မှတ်မိနေသည်ဖြစ်သည်။ သို့ရာတွင် ဟန်လင်းကမရောင်းရာ ကတောက်ကဆဖြစ်ကြ၏။ အပျိုကြီးကလည်း နေ့တိုင်းဂျီရာနောက်ဆုံး အပျိုကြီးလိုသော အချိန်လာခေါ်ပြီး အချိန်တန်လျှင်ပြန်ပို့ပေးဖို့တောင်းဆိုလိုက်ရ၏။ ယခုလည်း လာရောက်ခေါ်သွားခြင်းလည်းဖြစ်သည်။ ထန်ဟောက်အားဟန်လင်းလည်း ပြောပြီး မီးဖိုခန်းသို့သွားကြ လေ၏။ "ကျုပ်တို့ကို လက်ဖက်ရည်နှစ်ခွက်ဖျော်ပေးပါ" အစေခံကို ပြောလိုက်၏။ မကြာမီ၌ ဟန်လင်းနဲ့ဆားပုလင်းအား အစေခံမှ ပူနွေးနေသော လက်ဖက်ရည်နှစ်ခွက်လာချ၏။ဟန်လင်းလည်း လာချသည်နဲ့ ယူ လိုက်၏။ထို့နောက် ခွက်ကိုကိုင်ကာ တစ်ချက်မှုတ်လိုက်၏။ ထို့နောက် တစ်ငုံသောက်လိုက်၏။ "အရင်လိုမချိုပါလား နို့ဆီမထည့်ဘူးလား" "သခင်တောင်းပန်ပါတယ် ဒီနေ့မှနို့ဆီကဝယ်ရခက်နေလို့ပါ အဲ့တာရှိ တဲ့ နို့ဆီကိုလဲဒီနေ့မှ အချိုမကြိုက်တဲ့ ဘေးခြံကအပျိုကြီးက ကြောင်လာယူရင်းလာတောင်းသွားလို့ပါ" အချိုမကြိုက်တဲ့ ဘေးခြံမှအပျိူကြီးမှကြောင်နဲ့နို့ဆီ? ဟန်လင်းနဲ့ဆားပုလင်း "-------" ................... ဒီယေဂိုမြို့၌ရှိနေသော အယ်လီနာနဲ့အယ်မလီတို့ကိုတော့ ဂျိတ်1မှ သေချာပြုစုစောင့်ရှောက်ထား၏။အားအားရှိအိမ်တွင်းပုန်းကာ စာ ဖတ်နေကြသောသားအမိကိုအပြင် ထွက်စေကာ ဒီယေဂိုမြို့လှည် ပတ်စေ၏။ သားအမိအား ပျော်ရွှင်စေရန် ဖန်တီးပေးနေခြင်းဖြစ်၏။ဂျိ တ်၏အကြံကြောင့်လည်း သူတို့လည်း အလွန်ပင်ပျော်ရွှင် ကြသည်ဖြစ်သည်။ တာနာရှာကတော့ သူ၏သင်ယူနှုန်းပိုမိုမြန်ဆန်လာသလို သူဖန်တီး ထားသောလက်နက်များကလည်းပိုမိုတိကျသေးငယ်လာကာ ပြင်း အားလည်းပိုမိုတိုးလာသည်။ဖယ်ကတော့တာနာရှာပေးသော ကျောက်ပြားလေးမှ သူမမြင်ဖူးသေးသော ပညာများကိုဆက်လက် ကြည့်ရှုနေဆဲဖြစ်သည်။ ဇိူက်လည်းကြိုးစားနေသလို မိုက်ကယ်ခွေးကတော့ သူ၏ထုံးစံစား သောက်ပြီးအိပ်စက်နေဆဲပင်ဖြစ်သည်။ ဝုန်း တောကြီးတစ်ခု၌လည်း မကောင်းဆိုးဝါးအော်သံများကဲ့သို့ထွက် ပေါ်နေသည်။သို့သော်လည်း ထိုတောကြီးသည် လူသူအ ရောက်ပေါက်ဝေးကွာလွန်းရာဘယ်သူမှမသိလိုက်ပေ။ ဘလက်အဖွဲ့ကြီး၏နေရာ၌ "ဝုန်း" ဂူကြီးတစ်ဂူ ပေါက်ကွဲထွက်လာသည်။ထိုဂူထဲမှ လူတစ်ယောက် သည်အထိခိုက်မရှိထွက်လာသည်။ "သခင်ကြီးကျန်းမာပါစေ အသက်ရှည်ပါစေ" ဆုတောင်းပေးသံများကပိုမိုကျယ်ပြန့်လာလေသည်။ဘလက်အဖွဲ့ သားများ၏အမြင်၌ထိုလူကားပိုမိုထင်ရှားလာသည်။ ဂူအပြင်ထွက်လာသောသူသည်လည်း ကျေနပ်ပီတီဖြစ်နေ၏။ သူသည်တခြားသူမဟုတ် ဘလက်အဖွဲ့ကြီး၏ခေါင်းဆောင်ပင် ဖြစ်၏။ပလက်တီနမ်နောက်ဆုံးအဆင့်၌တစ်နေသည်မှာကြာပြီ ဖြစ်၏။နောက်ဆုံး ဂျိတ်ထံမှရလာသောရေစင်အစွမ်းဖြင့် ဒိုင်းမွန်း အဆင့်ထံတက်လှမ်းသွားပြီဖြစ်သည်။ "ဟားဟား ဂျိတ် မင်းတော့သေပြီပဲ" ................... သိုင်းကမ္ဘာတွင်တော့ ဂျိတ်ပြောသောနေ့ရက်ကားရောက်ရှိလာပြီဖြစ်သည်။ ညအချိန်ဖြစ်သောကြောင့် ကောင်းကင်မှာမဲမှောင်နေ၏။ ဟန်လင်း ဂျိတ် နဲ့ဆားပုလင်းတို့က သူတို့သိရှိရာတည်နေရာသို့ထွက် ခွာလာကြသည်။လော့ဂိုဏ်းအကြီးကဲမင်းတန်သည်ဒီည၌ ထန်မြို့၏ စားသောက်ခန်း၌တစ်စုံတစ်ဦးနဲ့လာရောက်တွေ့ဆုံမည်ဟုသီးသန့် သတင်းရရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့်ဟန်လင်းအား စစ်သည်များကို လိုအပ်သည့်အချိန်တွင် ရောက်ရှိစေနိုင်ရန် ကြိုတင်ပြင်ဆင်ထားစေသည်။ ထန်ဟောက်ကိုတော့ တရားစီရင်ရေးခန်း၌ ထားကာ လှုပ်ရှားကြ မည်ဖြစ်သည်။ ညရောက်သည်နဲ့စားသောက်ဆိုင်သို့ရောက်လာကြသောလူများက များပြားလှ၏။ဟန်လင်းတို့သည် ထိုလူများထဲ မှ မင်းတန်ကိုရှာဖွေ ကြရမည်ဖြစ်သည်။ထို့ကြောင့် မျက်ခြေမပြတ်စောင့်ကြည့်နေကြ သည်။ "ဒေါက်ဒေါက်" လူတစ်ယောက်သည် အနက်ရောင်ဝတ်ရုံကိုဝတ်ကာ စားသောက် ခန်း၏အထူးအခန်းသို့ဝင်ရောက်သွားသည်။ "ဒီလူပဲ ခြေသံတည်ငြိမ်ပြီး နက်တယ် ဒါပေမဲ့အသက်ရှူနည်း ပြင်းထန်တယ် သွားလာတာအရေးကြီးကိစ္စရှိလို့သွားတဲ့ပုံစံမျိုးသူရဲ့ လူသတ်ငွေ့ပြင်းထန်တယ် သူကမင်းတန်ပဲထင်တယ်" ဒီတစ်ခေါက်ဆားပုလင်းပြောသည်ကို ဟန်လင်းယုံကြည်၏။ဆား ပုလင်းသည် ထိုသို့သောအရာ၌အလွန်ပင်ကျွမ်းကျင်သည်မဟုတ်ပါ လား။ ဂျိတ်လည်းယုံကြည်၏။သူ၏စကားမှန်ကြောင်းကို စနစ်ဖြင့် စစ်ဆေးလိုက်သောကြောင့်ဖြစ်၏။ ယနေ့ည၌ မင်းတန်ဆိုသောလူကိုစတင်ဖမ်းဆီးကြရန် စတင် လှုပ်ရှားကြပြီဖြစ်သည်။