← Chapters

အခန်း (၁၄၂-၁၄၄)

Vol. 10 Ch. 142-144

အခန်း (၁၄၂-၁၄၄)

Vol. 10 Ch. 142-144

(142) အန္တရာယ်ကျရောက်ခြင်း

စားသောက်ဆိုင်၏အထူးခန်း၌ လူတစ်ယောက်သည် ထိုင်၍နေ လေ၏။သူ၏ရှေ့တွင်လည်းစားကောင်းသောက်ဖွယ်များ အလျှံပယ်ချထားသလို သူ၏ဘေးတွင်လည်း မိန်းမပျိုလေးများက ဝန်းရံလျက်ရှိ၏။ ကျွီ တံခါးဖွင့်သံနဲ့အတူ စားသောက်ဆိုင်၏အထူးခန်းထဲသို့လူတစ် ယောက်ရောက်ရှိလာလေ၏။ထိုလူသည်သူ၏ခေါင်းကို ခေါင်းမြှီး ခြုံထားသောကြောင့် မျက်နှာကိုသေချာမြင်ရန်မလွယ်ကူပေ။ "မင်းတို့သွားကြတော့" ထိုလူလာသည်နဲ့ ထိုင်စောင့်နေသောသူသည်သူ၏ဘေးမှ မိန်းကလေးများကိုလွတ်လိုက်၏။မိန်းကလေးများသည်လည်း အခန်းထဲမှထွက်သွားကြ ကုန်၏။ "ခင်ဗျားက ကျုပ်ကိုစောင့်တာတောင်ဇိမ်ခံပြီးစောင့်တတ်နေတယ် ပေါ့" သြဇာပါသောလေသံဖြင့်ဝင်လာသူကဆို၏။ "လာအကို မင်းတန် ကျုပ်စောင့်နေတာကြာပြီစားသောက်ပါဥိီး" ဟုဆိုကာ အစားသောက်များဖြင့်ဧည့်ခံလေ၏။ ထိုအခါမှသူ၏ခေါင်းခြုံထားသည်ကိုချထားလိုက်၏။ ထိုအခါ ဝင်လာသူ၏ရုပ်ကိုမြင်တွေ့ရလေသည်။ သူသည်ခေါင်းပြောင်နေပြီး မှုတ်ဆိတ်ပါးသိုင်းမွှေး များရှိသော လူကြမ်းအသွင်ရှိသည်။လူသတ်ရာတွင်လည်း လက်မတွန့်မည်ပုံစံ ရှိ၏။ ဝင်လာသောသူသည် လော့ဂိုဏ်းမှအကြီးကဲဖြစ်သူမင်းတန်ဖြစ်၏။ ယနေ့ညဒီစားသောက်ဆိူင်၌ အကြောင်းရင်းတစ်ခုကြောင့် သူတို့နှစ် ဦးတွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။ မင်းတန်လည်း ထိုလူဧည်ခံသောအစားသောက်များကိုအားရပါးရ စားသောက်၏။ "မင်းလည်း ငါ့ကိုလာတွေ့တယ်ဆိုတော့ အကြောင်းရှိရမယ် အိမ် ရှေ့စံတစ်ရဲ့ အိမ်တော်ထိန်း" ."ဟားဟား....အကိုမင်းတန်တို့ကတော့ သိနေတယ်နော်ဒါကြောင် လည်းလော့ဂိုဏ်းက နာမည်ကြီးနေတာမဆန်းပါဘူး" တစ်ဖက်လူကလည်း မိမိမှာဟုတ်မှန်ကြောင်းရယ်မောကာပြော၏။ "ဒီတစ်ခေါက်က အိမ်ရှေ့စံကပြောလိုက်တယ် ခင်ဗျားနဲ့အတူ အလုပ်တွဲလုပ်မယ်တဲ့" "ဒါဆို အိမ်ရှေ့စံက ကျုပ်တို့တောင်းဆိုတာလက်ခံလိုက်တယ်ပေါ့ ဟုတ်လား" "ဟုတ်ပါတယ် အိမ်ရှေ့စံသာဘုရင်ဖြစ်မယ်ဆိုရင် ခင်ဗျားတို့ကို နိုင်ငံရဲ့ ဂိုဏ်းအနေနဲ့ တရားဝင်လုပ်ပေးမယ်တဲ့" ထိုစကားကြောင့် မင်းတန်လည်း ခေါင်းညိတ်ကာလက်ခံလိုက် သည်။ "ဘယ်ဆိုးလို့လဲ အိမ်ရှေ့စံကလက်ခံပြီဆိုမှတော့ ရော့ ကျုပ်ဘက် ကပေးရမဲ့ နောက်ဆုံးဆေးပဲ" ပုလင်းလေးတစ်လုံးကို အထိန်းတော်ဖြစ်သူအားပေးလိုက်၏။ အထိန်းတော်မှလည်း ထိုပုလင်းလေးကို သေချာကိုင်တွယ်ကာ သူ၏သိုလှောင်လက်စွပ်ထဲထည့်သွင်းလိုက်၏။ စားသောက်ခန်းအပြင်ဘက်အနည်းငယ်ဝေးကွာသောနံရံထောင့်၌ "ဟန်လင်းဘာကြားကလည်း " ဆားပုလင်းမှမေး၏။ "ကျနော်ဘာမှမကြားရဘူးဗျ သူတို့နေတဲ့စားသောက်ခန်းကအထူး ခန်းထင်တယ်" စားသောက်ဆိုင်၏အထူးခန်းများသည် ချောင်းကြည့်ခြင်းခိုး နားထောင်ခြင်းတို့မှ ကင်းဝေးစေရန် အထူးစီမံထားသောအစီရင် များဖြင့်တည်ဆောက်ထား၏။ထို့ကြောင့် ဟန်လင်း၏နားထောင် ခြင်းမှာ အလုပ်ဖြစ်မြောက်ခြင်းမရှိပေ။ "ဒါဆို ကျုပ်တို့က ဖမ်းလို့မရသေးဘူးလား" ဂျိတ်မှမေး၏။ "ဘယ်အခန်းမှာလဲဆိုတာမသေချာပဲ ဖမ်းရင်ကျနော်တို့ဘက်က တစ်ပန်းရှုံးမှာပေါ့အခန်းဖမ်းတာမှားရင်သူတို့ကပြေးချိန်ရသွားလိ မ့်မယ်" ဟန်လင်းမှ ပြော၏။သူပြောသည်မှာလည်းမှန်၏။တစ်ကွက်သာ မှားသော်လည်း ရန်သူမှာထွက်ပြေးနိုင်သောကြောင့်ဖြစ်သည်။ သူ့အနေနဲ့ ဆားပုလင်းကြောင့်​မင်းတန်ရောက်ကြောင်းကို သိ ထားသည်ဖြစ်ကာ မည်သည့်အခန်း၌ နေသည်ကိုတော့မသိနိုင်ပေ။ "အခန်းနှစ်ပဲ မင်းဖမ်းလိုက်တော့" ဂျိတ်၏စကားကြောင့် ဟန်လင်းဆွံအသွား၏။ "အခန်းနှစ်က သေချာလို့လားမဟုတ်ရင် လွတ်သွားနိုင်တယ်ဗျ" "သေချာတယ် အသက်ကငါးဆယ်ကျော် အသားညိုရောင် ခေါင်းပြောင်ပြောင် မုတ်ဆိတ်ပါးသိုင်းမွှေးအမဲထူထူ အဲ့တာမင်း တန်မဟုတ်လား" ဂျိတ်စကားကြောင့် ဟန်လင်းနောက်သို့ခုန်မိသည်။ "ခင်ဗျားကနတ်ဘုရားလား မင်းတန်ကိုအသေးစိတ်မြင်ဖူးတယ် ပေါ့" ဟန်လင်းတုန်လှုပ်နေသည်။ဂျိတ်ပြောသည့်ရုပ်ရည်အသွင်ပြင်သည် မင်းတန်နဲ့လုံးဝတူသောကြောင့်ဖြစ်၏။သူသည်ပင် ပုံမြင်ဖူးသော ကြောင့် ထိုမင်းတန်မှ ထိုသို့သောရုပ်ဖြစ်ကြောင်း သိသူဖြစ်၏။ဒါ တောင်သူက အထူးစုံထောက်ဖြစ်သောကြောင့် သိရသူဖြစ်သည်။ ဂျိတ်မှာ အဘယ်ကသိရှိနိုင်သနည်း.။သူလည်း ဂျိတ်အားမင်း တန်၏အသွင်ပြင်ပုံစံကိုပြောမိခဲ့ခြင်းမရှိပေ။ အကယ်၍ဆားပုလင်းခန့်မှန်းသော၍ သိနိုင်သည်ဆိုရအောင်လည်း သူ၏ခေါင်းပိုင်းကို ခေါင်းမြှီးခြုံထားသောကြောင့် မြင်နိုင်ဖို့ရန်လုံး ဝခဲယဥ်းလေ၏။ ဟန်လင်း၏လန့်သွားသောအပြုမှုကြောင့် ဂျိတ်ကပြုံး၍ပြော၏။ "ငါလား နတ်ဘုရားမဟုတ်ဘူး လူသားပဲ တမူထူးတဲ့လူသားပေါ့" "လောဆယ် ငါပြောတဲ့အတိုင်း ဖမ်းကွာ" ဂျိတ်ပြောနေသည်မှာ မှန်ကန်နေသောကြောင့် ဟန်လင်းလည်း သူ၏အစောင့်များကို အဆက်သွယ်ကျောက်ပြားမှနေ၍ စားသောက်ဆိုင်ကိုဝန်းရံလိုက်ရန်ကြိုတင်ညွှန်ကြားလိုက်၏။ဒါမှ သာ မင်းတန် အပြင်ထွက်လာပါက အသင့်ဖမ်းနိုင်ရန်ဖြစ်သည်။ အဖွဲ့သားတစ်ချို့ကိုတော့ အခန်းနှစ်ထဲသို့ဝင်စေ၏။ "ဒါဆို ဒီနေ့ကျုပ်တို့ရဲ့အစီစဥ်တွေ ပြီးပြည့်စုံသွားပြီပေါ့ကွာ" "ဒါပေါ့" နှစ်ဦးနှစ်ဖက် တွဲလုပ်သည့်အစီစဥ်အဆင်ပြေသွားရာ မင်းတန်နဲ့ အထိန်းတော်တို့ခွက်ချင်းတိုက်၍ သောက်စားလိုက်ကြ၏။ ထိုအချိန်၌ "ဝုန်း" တံခါးကိုဆောင့်ကန်ပြီး လူငါးယောက်သည်ဝင်လာ၏။ထိုလူငါး ယောက်သည် စစ်သည်တော်များ၏အဝတ်စားများကို ဝတ်ဆင် ထား၏။ထိုအဝတ်စားများကြောင့် အထိန်းတော်နဲ့ မင်းတန် တို့၏မျက်မှောင်ကြုံသွားလေသည်။ အဘယ်ကြောင့် ထန်မြို့၏စစ်သည်တော်များက မိမိတို့အခန်းသို့ ရောက်ရှိလာကြသနည်း။စဥ်းစား၍မရဖြစ်နေသည်။ "မင်းတန် အဖမ်းခံလိုက်ပါ" ထိုစကားကြောင့် မင်းတန်သာမက ဘေးမှအထိန်းတော်ပါ မျက်နှာပျက်သွားသည်။သူတို့တိတ်တဆိတ်လုပ်နေသည်ကို အဘယ် ကြောင့်သိသွားကြသနည်း။ မင်းတန် ချက်ချင်းလုပ်ရှားလိုက်သည်။သူ၏လက်သီးဖြင့် ဝင်လာ သောစစ်သည်ငါးယောက်အား မြန်ဆန်စွာထိုးချလိုက်သည်။ ဖောင်း ဖောင်း "ဝုန်း အား" မင်းတန်သည် အလွန်အဆင့်မြင့်သောသိုင်းဝိညာဥ်ပညာရှင်ဖြစ်ရာ စစ်သည်များရှောင်တိမ်းရန်မဆိုနဲ့ မြင်ပင်မမြင်လိုက်ပေ။ ကျယ်လောင်လှသော အသံဖြင့် စစ်သည်ငါးယောက်လုံး အခန်းနှစ် အပြင်သို့လွင့်ထွက်လာသည်။ စစ်သည်များ ထိခိုက်ဒဏ်ရာရကာ လွင့်ထွက်လာသည်ကိုမြင်ကြ သော လူများသည်လည်း ချက်ချင်းပင်ဝေးရာသို့ပြေးကုန်ကြ၏။ စစ်သည်တော်ကိုပင် ထိခိုက်အောင်လုပ်သည့်အတွက်ကြောင့် ပြသ နာသည်မသေးငယ်မှန်းလူတိုင်းသိကြသည်။ထို့ကြောင့် အချိန်တ ခဏအတွင်း၌ စားသောက်ဆိုင်၌စုဝေးနေသောလူများ ရုတ်ခြည်း ဆိုသလို ပျောက်ကွယ်ကြ ကုန်၏။ "တောက်. ဟန်လင်း မျက်မှောင်ကြုံသွား၏။သူစစ်ဆေးခိုင်းလိုက်သော စစ်သည်များသည် လွင့်ထွက်လာကြသောကြောင့်ဖြစ်၏။ ထိုအခိုက်မှာပင် လူတစ်ယောက်သည် အခန်းနှစ်မှထွက်လာခဲ့လေ သည်။ထိုလူသည် သူ၏အသွင်ပြင်ကိုဖုံးလွှမ်းထားမရှိရာ အထင်းသားမြင်နေရသည်။ "မင်းတန်" "မဆိုးဘူးမင်းကငါ့ကိုသိနေတယ်ပေါ့လေ" မင်းတန်ဆိုသောလူမှ ရယ်မောကာပြော၏။ဟန်လင်း၏စိတ်ထဲတွင် လည်း တစ်ခုခုကိုစိုးရိမ်နေ၏။အဘယ်ကြောင့် မင်းတန်ကမိမိတို့ စစ်သည်များရောက်လာသည်ကို ယခုကဲ့သို့ထွက်ပြရသနည်း။ ဆားပုလင်းနဲ့ဂျိတ်တို့ကတော့ မင်းတန်ဆိုသောလူအား ကြည့်၍သာ ရှိသေး၏။လှုပ်ရှားခြင်းမရှိကြသေးပေ။အဆိုးဝါးဆုံးအခြေနေ ရောက်မှ လှုပ်ရှားကြရန်ဆုံးဖြတ်ထားကြသည်။ "ပစ်" ဟန်လင်း၏အမိန့်ပေးလိုက်သည်နဲ့ဟန်လင်းခေါ်ထားသော စစ်သည်များမှ ဒူးလေးများဖြင့်ပစ်ခတ်လိုက်ကြသည်။ "ဝီး ဝီး" ဒူးလေးမှ မြှားများစွာက မင်းတန်ဆီပြေးဝင်လာကြ၏။သို့ရာတွင် မင်းတန်ကကြောက်လန့်သွားခြင်းမရှိပေ။ သူ၏လက်ကိုဝေ့ယမ်းလိုက်၏။ဝှေ့ယမ်းလိုက်သည်နဲ့ သူ၏ရှေ့၌ကြီးမားသော ဒိုင်းကာကြီးတစ်ခုပေါ်လာကာ မြှားများကို ခုခံလိုက်သည်။ "မမဖြစ်နိင်တာ.. ဟန်လင်း အနည်းငယ် လန့်သွားသည်။ "ဘာဖြစ်လို့လဲ ဟန်လင်း" ဆားပုလင်းမှမေး၏။ "သူ့လက်ထဲကဟာက နန်းတော်အထူးတပ်မှာပဲသုံးတဲ့ ဒိုင်းကာပဲ အရမ်းရှားပါးပြီး တော်တော်မာကျောတယ်" ဟန်လင်း ဆားပုလင်း အားရှင်းပြ၏။သူ၏စိတ်တွင်လည်း မင်း တန်သည် မည်သို့မည်ပုံဖြင့် ထိုဒိုင်းရရှိသွားသည်ကို စဥ်းစားရခက် နေဆဲဖြစ်သည်။ မြှားများစွာသည် မင်းတန်ကာလိုက်သောဒိုင်းနဲ့ထိပြီး ထိသွားကြ သည်။အဓိပ္ပါယ်မှာ ဒိုင်းကာသည်အလွန်မာကျောကာ ဖောက်ရန် ခက်ခဲကြောင်းပင်ဖြစ်သည်။ "မြန်မြန်ရှောင်" ဟန်လင်းအမြန်ပြောသော်ငြားလည်း နောက်ကျရလေပြီ။မင်း တန်သည် သူ့အားပစ်ခတ်နေသော စစ်သည်များကို လက်နက်ပုန်း များဖြင့်ပစ်ခတ်လိုက်သောကြောင့်ဖြစ်၏။ "အင့် အား" စစ်သည်တော်များ မင်းတန်ပစ်လိုက်သောလက်နက်ပုန်းများထိမှန် ကာ ပစ်လဲကျသွားသည်။ ဟန်လင်း စစ်သည်တော်များကိုအမြန်ကြည့်ရှုစစ်ဆေးလိုက်၏။ တော်သေး၏။မင်းတန်သည် သူ့အားဆက်လက်မပစ်စေနိုင်ရန် စစ်သည်တော်များ၏လက်များနဲ့မပြေးနိုင်စေရန် ခြေထောက်များ ကို ပစ်ခတ်လိုက်သောကြောင့်ဖြစ်၏။ စစ်သည်တော်များသည် မသေသော်ငြားလည်း သူတို့၏လက်များ၊ ခြေထောက်များ သည် ပြင်းထန်စွာဒဏ်ရာရရှိသွားကြပြီဖြစ်၏။ "စစ်သည်တော်တွေကလဲ ညံလိုက်တာ ထင်သလောက်လဲ မကြမ်းပါ ဘူး" မင်းတန်မှ စစ်သည်တော်များအားထိခိုက်ပြောဆို၏။စစ်သည်တော် များလည်း ဒေါသထွက်သော်လည်း မင်းတန်အားသူတို့မယှဥ်နိုင် သောကြောင့် သည်းခံလိုက်ကြသည်။ ဟန်လင်းလည်း ဒေါသထွက်ကာ မင်းတန်အား သူ၏သေနတ်ဖြင့် ပစ်၏။ "ဒိုင်း ဒိုင်း ဒိုင်း" သေနတ်သံသုံးချက်ထွက်သွား၏။ ထိုပစ်ချက်များကို မင်းတန်ကလည်း ဒိုင်းဖြင့်ကာ၏။ဒီတစ်ခါတော့ ဒိုင်းမှာအပြောင်းလဲဖြစ်သွား၏။ သေနတ်သုံးချက်ပစ်ရာ၌ တနေရာတည်းကို ပစ်ခတ်လိုက်ခြင်းဖြစ် ရာ ပထမကျည်ဆံနှစ်ချက်ကြောင့် ဒိုင်းမှာ ကွဲအက်သွား၏။ကွဲအက် သွားသောဒိုင်းနေရာအား နောက်ထပ်ကျည်ဆံကထွက်ဖောက် သွား၏။ "ရွတ်" အား သုံးချက်မြောက်သောကျည်ဆံသည် အစောပိုင်းနှစ်ချက် ပစ်ထား၍ထိခိုက်အားနည်းနေသောဒိုင်း၏နေရာကိုဖောက်ထွင်း ကာ မင်းတန်၏ပါးအား ရှပ်ထိသွားလေ၏။ မင်းတန် ပါးပြင်၌ဖျင်းခနဲ နာကျင်မှုကြောင့် ဒေါသထွက်သွား၏။ ဒိုင်းကိုကြည့်ရာ အပေါက်ဖြစ်နေကာ ဟန်လင်း၏လက်တွင်လည်း အမျိုးမည်မသိရသောလက်နက်တစ်မျိုးကိုလည်း တွေ့လိုက်ရ၏။ သူ၏ပါးတွင်လည်း ရုတ်ခြည်းပူနွေးမှုနဲ့အတူသွေးများထွက်နေ ကြောင်းကိုလည်း သိလိုက်နေသည်။ ဟန်လင်းလည်းသူ၏ပစ်ချက်ကြောင့် မင်းတန်ထိခိုက်သွားသည်ကို မြင်လိုက်ရ၏။သေနတ်သည် မာကျောပါသည်ဆိုသောဒိုင်းကို ဖောက်ကာ မင်းတန်အားထိမှန်စေသည်ကို မယုံနိုင်ဖြစ်နေသည်။ သေနတ်သည်ထိုမျှ ပြင်းအားမြင့်ကြောင်းကို သူ့အနေနဲ့မထင်မှတ် မိသည်မှာအမြန်ပင်ဖြစ်သည်။ "ခွေးသား ငါမင်းကိုသတ်မယ်" မင်းတန်အလွန်မင်းဒေါသထွက်သွား၏။ မလောက်လေးမလောက်စားမှ သူ့ကိုထိခိုက်အောင်လုက်လိုက်သော ကြောင့် ဒေါသထွက်သွား၏။ "သိုင်းဝိညာဥ်ထွက်ခဲ့စမ်း" မင်းတန် ပေါက်ကွဲနေသောဒေါသနဲ့အတူသိူင်းဝိညာဥ်ကိုထုတ်ဖော် လိုက်သည်။ "ဝုန်း" မင်းတန်၏နောက်၌ ကြီးမားသော ပင့်ကူကြီးတစ်ကောင်ထွက် ပေါ်လာသလို ဝိညာဥ်ကွင်းများလည်းပေါ်ထွက်လာသည်။ "ရွှေလက်ချောင်းပင့်ကူကြီး ပြီးတော့ ဝိညာဥ်ကွင်းခြောက်ကွင်း ဒါ ဆိုသူကသိုင်းဝိညာဥ်ဘုရင်ပေါ့" ထွက်ပေါ်လာသောဝိညာဥ်ကွင်းများနဲ့သိုင်းဝိညာဥ်ကြောင့် ဟန်လင်း တုန်လှုပ်သွား၏။အဘယ်ကြောင့် မင်းတန် ထွက်မပြေးရ ခြင်း၏အကြောင်းကိုလည်း သိရှိလိုက်ပြီဖြစ်သည်။ ဝိညာဥ်ကွင်းခြောက်ခု ဆိုသည်က သိူင်းဝိညာဥ်ဘုရင်ကိုကိုယ်စားပြ နေသည်။မင်းတန်သည် အစောကတည်းကပင်သူ တို့၏လက်အောက်ရောက်နေသည်မဟုတ်ပဲ သူတို့ကိုသာစောင့် ဆိုင်းနေသောကျားမှန်းရိပ်စားမိသည်။ ယခုအခြေနေသည်ပြောင်းလဲသွားပြီဖြစ်၏။ဟန်လင်းတို့ဖက်၌လူ များသော်လည်း သိုင်းအဆင့်ငါးဆယ်(သိုင်းဘိုးဘေး)ပင်မရှိပေ။ တစ်ဖက်မှာ သိူင်းဘုရင်ကြီးဖြစ်၏။ သိုင်းဘုရင်သည် တစ်ယောက်တည်းသာဖြစ်သော်လည်း ကွာခြားမှု ကအလွန်ပင်ဝေးကွာလွန်း၏။အဆင့်မြင့်လာသော အလွန် အစွမ်းထက်လာလေဖြစ်၏။ သိုင်းဘုရင်တစ်ယောက်သည် သိုင်းဘိုးဘေးငါးယောက်ကိုပင် တစ်ပြိုင်တည်းတိုက်ခိုက်၍အမှောက်သိပ်နိုင်၏။ "တောင်းပန်ပါတယ် မင်းတို့ကိုလဲ ငါဒုက္ခဖြစ်စေခဲ့ပြီ" ဟန်လင်း ဘေးအနား၌ရှိနေသော ဂျိတ်နဲ့ဆားပုလင်းအား တောင်းပန်လိုက်၏။သိုင်းဘုရင်ဟူသောအဆင့်သည် သူကိုင်တွယ် နိုင်သောအဆင့်မဟုတ်ပေ။ ထွက်ပြေးရအောင်ကလည်း ထိခိုက်ထားသောစစ်သည်တော်များ ကလည်းရှိနေ၏။ထို့ကြောင့်ထွက်ပြေးရန်မဖြစ်နိုင်ပေ။တိုက်ခိုက်ဖို့ ဆိုသည်ကတော့ပိုပြီး ဝေးကွာနေ၏။ မင်းတန်း ကား သိုင်းဝိညာဥ်ဖော်ထုတ်ထားကာ ဟန်လင်းတို့ထံ ဖြေးဖြေးခြင်းလျှောက်လမ်းလာနေသည်။ သူ၏နောက်မှ ရွှေလက်ချောင်းပင့်ကူကြီးကလည်း ခြောက်ခြား ဖွယ်အသွင်ပြင်ဖြင့် ကြောက်မက်ဖွယ်အော်ရာများကို ထုတ်လွှင့် ထား၏။ မင်းတန်ကို အနိုင်ယူရန်ဟန်လင်းတွေးကြည့်သော်လည်း အဖြေ ကားမတွေ့ပေ။ သိုင်းဘုရင်ကို အဆင့်မြင့်ဘုရင်အထူးတပ်ဖွဲ့မှသာ အနိုင်ယူနိုင်မည် ဖြစ်ရာ သူတို့သည် အမှန်တကယ်ပင် အန္တရာယ်ကျရောက်နေပြီ ဖြစ်သည်။

(143) ဆားပုလင်းဝင်ကြမ်းပြီ

မင်းတန်ကား ဟန်လင်းရှိရာသို့ တစ်လှမ်းခြင်းလှမ်းလာနေ၏။ သူ၏ပုံစံမှာ ဟန်လင်းအား လုံးဝသတ်ဖြတ်ရန်လည်းရွယ်ထားပုံရ သည်။ "စစ်သည်တော်တွေ ပြန်ဆုတ် ကြ ဒါငါ့အမိန့်. ဟန်လင်း၏အမိန့်ကြောင့် ကျန်ရှိနေသေးသော စစ်သည်တော်များလည်း ပြန်ဆုတ်ရန်စီစဥ်လိုက်ကြ၏။မင်းတန် ကြောင့် ထိခိုက်သွားဒဏ်ရာရသွားသော စစ်သည်များကို ပြန်လည် ယူဆောင်သွားကြပြီးဆုတ်ခွာလိုက်ကြသည်။ "ဆားပုလင်း ၊ဂျိတ်သူတို့ကို ကူပေးလိုက်ပါ" "ကောင်းပြီ" ဟန်လင်းပြောသလို ဒဏ်ရာရသူများကို ကူညီပွေ့ကာ စခန်းသို့ခေါ် သွားစေနိုင်ရန် ကူညီလိုက်ကြ၏။ သူနောက်ဆုံးရထားသည့်သတင်းမှာ မင်းတန်သည် ဝိညာဥ်ငါးကွင်း ရှိကြောင်းသာဖြစ်၏။ယခုမှာ ခြောက်ကွင်းပင်ရှိနေရာ သတင်းမှား နေပြီဖြစ်ကြောင်း သိရှိလိုက်ရပြီဖြစ်သည်။ "လုပ်ချင်တိုင်းလုပ်ပြီး ထွက်သွားလို့ရမလား" မင်းတန် ဒေါသကြီးစွာဖြင့် အော်ဟစ်ကာ "ပထမစွမ်းရည် အဆိပ်ပစ်လွတ်ခြင်း" မင်းတန်မှ သိုင်းဝိညာဥ်ကွင်းအစွမ်းဖြစ်သော အဆိပ်ပစ်လွတ်ခြင်း ဖြင့် ပစ်လွတ်လိုက်၏။ထိုအဆိပ်ရည်များသည် အစောပိုင်း၌ လက်သီးဖြင့်အထိုးခံရ၍ ထိခိုက်ကာမလှုပ်ရှားနိုင်သော စစ်သည်တော်များထံကျရောက် သွား၏။ "အား အား" အဆိပ်ရည်များထိခိုက်ခံရသောစစ်သည်တော်များသည် ကြောက် လန့်စွာအော်ဟစ်ကာ သေဆုံးကြလေသည်။ထိုစစ်သည်တော် များသည် မင်းတန်နဲ့နီးနေသောကြောင့်လည်း စစ်သည်တော်များမှ ထိုစစ်သည်ငါးယောက်ကိုကယ်တင်နိုင်ခြင်းမရှိပေ။ အဆိပ်ရည်ထိခိုက်သောကြောင့် တစ်ကိုယ်လုံးလောင်ကျွမ်းကာသေ သွားသောစစ်သည်များကိုယ်စား ဟန်လင်းဒေါသထွက်မိသည်။ သို့ရာတွင် ဟန်လင်း မင်းတန်အား အနိုင်မယူနိုင်ပေ။အသက်ရှင် လျက်ဖြင့် ပြန်ပြေးလာနိုင်သည်ကပင် သူ့အတွက် ကံကောင်းရ သည်ဆိုရမည်ဖြစ်သည်။ "ဟားဟား ဒါက ငါအနှစ်နှစ်ရာမြွေစိမ်းကနေရထားတဲ့ ဝိညာဥ်ကွင်း အစွမ်းလေ မိုက်တယ်မလား" မင်းတန် ရယ်မောရင်းပြော၏။စစ်သည်များသေသည်ကိုကြည့်ကာ ဒေါသထွက်နေသောဟန်လင်းကို ကြည့်ရသည်မှာ သူ့အတွက် ပီတိ ဖြစ်နေသည်။ နှစ်နှစ်ရာမြွေစိမ်းသည် အဆိပ်ပြင်းထန်သည့်မြွေဖြစ်ပြီး ထိုမြွေမှရ သော ဝိညာဥ်ကွင်းနဲ့မင်းတန်၏သိုင်းဝိညာဥ်ဖြစ်သော ရွှေ လက်ချောင်းပင့်ကူနဲ့ပေါင်းစပ်ပြီးသောအခါ ဆိုးနေသောကျားကို အတောင်ပံတပ်ပေးသလိုဖြစ်သွားသည်။ ကျန်ရှိနေသောစစ်သည်များလည်း ဒဏ်ရာရစစ်သည်များကို လျင်မြန်စွာပင် အတူခေါ်ဆောင်သွားလေတော့သည်။ထိုစစ်သည် များကိုတော့ မင်းတန်မသတ်တော့ပေ။သူသည် ဟန်လင်းကိုသာ သတ်ဖြတ်ရန် ဦးတည်ပြီးဖြစ်နေသောကြောင့်ဖြစ်၏။ "ဒိုင်း ဒိုင်း " နောက်ထပ်နှစ်ချက် ဟန်လင်းပစ်လိုက်၏။ဒီတစ်ခါပစ်သည်ကို တော့ မင်းတန် ငြိမ်မနေတော့ မြန်ဆန်စွာပင်ရှောင်တိမ်းလိုက်၏။ အဆင့်61သို့ရောက်ရှိနေသော မင်းတန်သည် သူ၏ကိုယ်ခန္ဓာ လျင်မြန်နှုန်းက အတိုင်းတာတစ်ခုထိ မြန်ဆန်နေပြီဖြစ်သည်။ အစောပိုင်း၌ကား ဒိုင်းကိုအားကိုးမိသောကြောင့် သာဖြစ်သည်။ "ဒိုင်းဒိုင်းဒိုင်း" နောက်ထပ်သေနတ်သုံးချက် ဟန်လင်းပစ်လိုက်၏။ "ဒီတစ်ခါတော့မရဘူးကွ ဒုတိယစွမ်းရည် ပင့်ကူအမြင်အာရုံ" မင်းတန် ဒုတိယစွမ်းရည်သုံးလိုက်၏။ထိုအစွမ်းကြောင့် သူ့ထံလာ နေသောကျည်များကို ကျည်များ၏သွားနှုန်းထက်နှစ်ဆနှေးကွေး စွာမြင်နိုင်ပြီဖြစ်၏။မြင်နိုင်ပြီဖြစ်စွာ ရှောင်တိမ်းပြီး ဟန်လင်းထံ တိုးဝင်၏။ "သေစမ်း" မင်းတန်မှ ဟန်လင်းအား ဒဲ့တိုးပင် ဝင်လာကာ လက်သီးဖြင့် တိုး၏။ "လခွမ်း" ကျည်ကုန်သွားပြီးဖြစ်သောကြောင့် ကျည်ပြန်ထည့်ခါနီးတွင် မင်း တန်မှ ရုတ်ခြည်းဆိုသလိုရောက်လာကာ မိမိအားလက်သီးဖြင့်ရွယ် သည်ကို ဟန်လင်းလည်းသိသည်နဲ့ "ဒုတိယစွမ်းရည် ကိုယ်ခွဲ" ဟန်လင်း၏ပုံရိပ်ကား ချက်ချင်းဆိုလိုနှစ်ခုဖြစ်သွား၏။ "ဝုန်း" မင်းတန်၏လက်သီးသည် ဟန်လင်း၏ပုံရိပ်ယောင်အား ထိုးပစ် လိုက်ရာ မြေကြီးဖြင့်ထိပြီး ကျယ်လောင်စွာထွက်ပေါ်လာသည်။ "လခွမ်းကြမ်းတယ်ဟ" ဟန်လင်းရှောင်တိမ်းနိုင်မှုအပေါ်သက်ပြင်းချနေသည်။ထိုလက်သီး သာ မိသွားမည်ဆိုပါက သူ့အနေဖြင့်ချက်ချင်း မှောက်သွားမည် ဖြစ်သည်။ "ယင်ကောင်လေးလည်း ဘယ်ဆိုးလို့လဲ" မင်းတန်သည် ဟန်လင်းအားစိုက်ကြည့်ရင်းပြော၏။သူ့အမြင်၌ ဟန်လင်းသည် စစ်သည်တော်များ၌အကြမ်းဆုံးဖြစ်၏။ သူ၏မျက်စိထဲတွင် ဆားပုလင်းနဲ့ဂျိတ်တို့ကိုပင် မထည့်ထားပေ။ "ရော့ တတိယစွမ်းရည်မြည်းလိုက်စမ်း" မင်းတန်မှ အော်ဟစ်ကာ သိုင်းဝိညာဥ်ကွင်းအစွမ်းသုံး၏။ သူ၏ကျောမှ ပင့်ကူလက်တံ နှစ်ချောင်းပေါ်လာကာ ထိုလက်တံနှစ် ချောင်းမှ ပင့်ကူဆူးများထုတ်၍ပစ်၏။ ဟန်လင်းလည်း အလျင်မြန်ပင်ရှောင်တိမ်း၏။သို့သော်လည်း ပင့် ကူဆူးတစ်ချောင်းမှာ လက်ကိုရှပ်ထိ ထိသွား၏။ "ဘာဖြစ်တာလဲဟ" ဟန်လင်းတုန်လှုပ်သွားသည်။ရှပ်ထိသော်လည်းသူ၏ကိုယ်ခန္ဓာ လှုပ်ရှားမှာမှာ ပုံမှန်ထက်နှေးကွေးလာသလို အမြင်အာရုံလည်း အနည်းငယ်ထိုင်းမှိုင်းလာလေသည်။ မင်းတန်၏တတိယအစွမ်ဝိညာဥ်ကွင်းကို နှစ်သုံးထောင်အဆိပ် မြေခွေးမှ ယူထားခြင်းဖြစ်၏။ထိုမြေခွေးမှရသောဝိညာဥ်ကွင်း သည် ပင့်ကူ၏အစွမ်းနဲ့ပေါင်းစပ်ကာ ပင့်ကူဆူးများကိုထုတ်စေပြီး ရန်သူထံပစ်ပေါက်နိုင်လေသည်။ထိမိသောသူကိုလည်း မူးဝေနှေး ကွေးစေသည်။ "မင်းထိသွားပြီဆိုမှတော့ ငါလက်သီးထပ်စားလိုက်တော့" မင်းတန် အရှိန်ဖြင့်ပြေးဝင်လာကာ ဟန်လင်းအားထိုး၏။ "စတုတ္ထ စွမ်းရည် " စတုတ္ထ စွမ်းရည်သုံးသည်နဲ့ ဟန်လင်း၏ကိုယ်၌ ငှက်၏အတောင် များဖုံးလွမ်းသွားသလိုအကာလွှမ်းမိုးသွား၏။ ဟန်လင်း သူ၏စတုတ္ထ စွမ်းရည်သုံးကာ မြန်ဆန်စွာရှောင်တိမ်းလိုက် ပြန်၏။စတုတ္ထ စွမ်းရည်ကြောင့် ဟန်လင်းသည် ငါးမိနစ်ခန့် သူ၏လုပ်ဆောင်နိုင်စွမ်း လေးဆမျှ တိုးတက်လာသည်ဖြစ်ရာ ကောင်းစွာရှောင်တိမ်းနိုင်လေသည်။ သို့ရာတွင် ပင့်ကူဆိပ်မိထားသည်ဖြစ်ရာ တစ်ချက်တစ်ချက်သတိမ လစ်သွားစေရန်လည်း ထိန်းသိမ်း​ရေသည်။ "သေစမ်း" မင်းတန်မှ တောက်လျှောက်ဆိုသလို ဟန်လင်းအားလိုက်လံထိုး၏။ ထိုးလိုက် ကန်လိုက်ဖြင့် ဟန်လင်းကို တစ်စက်မျှအနားမပေးပဲ တောက်လျှောက်တိုက်ခိုက်၏။ဟန်လင်းကလည်း ဆက်တိုက် ရှောင်တိမ်းရပြန်၏။ "ဟန်လင်းပြေးလို့ရသားနဲ့ဘာလို့မပြေးတာလဲ ဘာလိူ့ တောက်လျှောက်ဒီလိုပဲရှောင်နေရတာလဲ" အခြေနေကိုအကဲခတ်နေသော စစ်သည်တော်မှဆားပုလင်းအား မေး၏။ထိုစစ်သည်သည် ဟန်လင်းမသိအောင် မပြန်ပဲနေ နေသော သူဖြစ်၏။ "သူလား မလုပ်နိုင်ခဲ့ဘူးသူက မင်းတန်ရဲ့ထောင်ချောက်ထဲမှာ ကျနေပြီလေ" "မဖြစ်နိုင်တာ သူရှောင်တိမ်းနေနိုင်ရဲ့သားနဲ့" စစ်သည်တော်မှငြင်းဆန်၏။ "မင်းမသိသေးလို့ ငါပတ်ဝန်းကျင်ကိုအစောကတည်းက စစ်ဆေး ပြီးပြီ အပင်တွေကလွန်ခဲ့တဲ့တစ်မိနစ်ကရှင်သေးတယ် အခုသေနေ ပြီ အဲ့ဒါက မင်းတန်လက်ချက်ပဲ" "အဲ့အပင်တွေသေတာဘာဆိုင်လို့လဲ" စစ်သည်မှ စောဒကတက်၏။ ဆားပုလင်းလည်း ဆေးလိပ်တစ်ချက်ရှိုက်ကာမှုတ်ထုတ်လိုက်ပြီး "ဆိုင်လားဆိုတော့ အဲ့လိုအပင်တွေသေရတာကအကြောင်းရင်းနှစ် ချက်ပဲရှိတယ် ပထမကတိုက်ရိုက် အဆိပ်မိလို့သေတယ် နောက်တစ်ခုက ဝိညာဥ်ကွင်းစွမ်းရည် ကြောင့်ပဲ" ထိုစကားကြောင့် စစ်သည်တော်လေးမှ စကားဝင်မပြောပဲ ဆက် နားထောင်နေ၏။ "ကြည့်ရတာ မင်းတန်က အစောကတည်းကလျှိုပြိီး ဝိညာဥ်ကွင်း စွမ်းရည်သုံးထားတာပဲ" "အဲ့လိုသိနေတဲ့လူရှိမယ်လို့ငါမထင်မိဘူး မင်းတော်တယ်." ထောက်ခံပေးလိုက်သောလူကတော့ မင်းတန်ပင်ဖြစ်လေ၏။ထို့ ကြောင့် စစ်သည်တော်လည်း လန့်ဖြတ်သွား၏။ "ငါကအစောကတည်းက ငါးခုမြောက်ပင့်ကူနယ်မြေ စွမ်းရည်သုံးပြီးသား ငါ့ရဲ့တတိယစွမ်းရည်ဖြစ်တဲ့ပင့်ကူဆူးအဆိပ် ထိသွားတော့ ဒီကောင်ငါ့လက်ထဲကမလွတ်တော့ဘူးလေ" မင်းတန်မှရယ်မောစွာပြောရင်း ဟန်လင်းအားတောက်လျှောက် တိုက်ခိုက်၏။ထိုအခါမှ ဟန်လင်းလည်းမိမိသည်ထောင်ချောက်ထဲ ရောက်နေကြောင်းသိလိုက်ရ၏။သို့သော်လည်း ဆက်လက် ရှောင်တိမ်းနေရဆဲဖြစ်၏။မရှောင်တိမ်းပါက ချက်ချင်းသေဆုံးရ မည်ဖြစ်သည်။ "ဆားပုလင်းပြောတာအမှန်တွေ သူရဲ့ငါးခုမြောက်စွမ်းရည်က ပင့် ကူနယ်မြေပဲ အဲ့နယ်မြေထဲရောက်သွားရင်တော်ရုံလွတ်ဖို့ခက်ခဲ တယ် ပုံရိပ်ယောင်လိုပါဖန်တီးနိုင်တယ် ဒါပေမဲ့ ဟန်လင်းကစိတ် ပိုင်းဆိုင်ရာသန်မာနေတော့ သူ့အနေနဲ့ခက်ခဲသွားတာပေါ့" ထ်ိုစကားပြောနေသူကတော့ ဒဏ်ရာများရသောစစ်သည်များကိုပြန် ပို့ကာပြန်လာသောဂျိတ်ပင်ဖြစ်သည်။ "ဒါကြောင့် သူက ပင့်ကူအဆိပ်ဆူးမိအောင်လုပ်လိုက်တယ် ဟန် လင်းကမိသွားတော့ လွတ်ဖို့မဖြစ်နိုင်တော့ဘူး ပင့်ကူနယ်မြေရယ် ပ င့်ကူအဆိပ်ဆူးပါကပေါင်းစပ်လိုက်တော့ ဟန်လင်းဘယ်လိုမှရုန်း ထွက်လို့မရတော့ပဲ သူတိုက်တာကိုရှောင်တိမ်းရုံပဲတတ်နိုင်တော့တာ ပေါ့အခုလည်း ဟန်လင်းအားကုန်အောင်သူလုပ်နေတာသူလက်ထဲ က ရေဖြစ်သွားပြီးမလှုပ်တော့တဲ့အထိပဲ" "မင်း...မင်းဘယ်လိုလုပ်သိနေတာလဲ" ဂျိတ်၏စကားများကြောင့် မင်းတန်မျက်လုံးပြူးသွား၏။သူပြော သမျှသည် အကုန်မှန်နေရာ လုံးဝလန့်သွား၏။ ထိုအခိုက်မှာပင် ဟန်လင်း၏စတုတ္ထ စွမ်းရည်မှာ ဝိညာဥ်စွမ်းအင်မ လုံလောက်သောကြောင့် ကုန်ခါနီးဖြစ်လာ၏။ "ကဲ ငါတို့လေပေါနေတာ ရောင်းရင်းဟန်လင်း လျှောတော့မယ် ဆားပုလင်း မင်းအလှည့်ပဲ" ဂျိတ်၏အပြောကြောင့် ဆားပုလင်းလည်း နောက်ဆုံးဆေးလိပ် တစ်ဖွာရှိုက်လိုက်၏။ထို့နောက် သောက်လက်စဆေးလိပ်တိုကို ကြမ်းပြင်သို့ချလိုက်၏။ထိူ့နောက် ​ခြေထောက်ဖြင့် ဆေးလိပ်တိုမီး ကိုငြိမ်းသတ်လိုက်ပြီး "ဒါဆိုတော့လည်းငါဝင်ကြမ်းရတော့တာပေါ့ကွာ"

(144) အစွမ်းကုန်ထုတ်တိုက်ပြီ

ဟန်လင်းမှာ ဝိညာဥ်စွမ်းရည်ကုန်ခါနီးကြောင့်လည်းကောင်း ပင့်ကူ အဆိပ်၏အစွမ်းကတိုးတိုးလာသောကြောင့် မင်းတန်၏နောက်ထပ် သောတိုက်ကွက်များကို ရှောင်တိမ်းရခက်ခဲလာလေသည်။ "ဖောင်း" မင်းတန်၏လက်သီးတစ်ချက်ကိုတော့ရှောင်တိမ်းရန်မဖြစ်နိုင်တော့ သောကြောင့် မိသွားကာ နောက်သို့လွင့်စင်သွား၏။တစ်ချက်သာ မိသည်ဖြစ်သော်လည်း အဆိပ်မိထားသည်ဖြစ်ရာ ပြန်ထရန်ပင် ခက်ခဲနေသည်။ "ကဲ သေပေတော့" မင်းတန်လည်း သူလိုချင်သောအခြေနေထိရောက်အောင်ကစားခဲ့ ပြီးဖြစ်ရာ ပွဲသိမ်းရန်ပြင်ဆင်ပြီး သူ၏နောက်ဆုံးသောတိုက်ကွက် ဘယ်လက်သီးကို အားယူလိုက်သည်။ထို့နောက် အရှိန်ဖြင့် ပြေးဝင် ကာ ဟန်လင်းဆီပြေးဝင်ကာထိုးလိုက်၏။ "ဒိုင်း" သေနတ်သံတစ်ချက်ကြောင့် မင်းတန် သူ၏လက်သီးကိုအရှိန်တန့် ကာရပ်တန့်လိုက်ရ၏။ "မင်းဘာလို့ဝင်ရှုပ်တာလဲ" မင်းတန်ဒေါသကြီးစွာ သေနတ်ပစ်သောသူကိုအော်ဟစ်လိုက်၏။ သေနတ်ပစ်သူမှာ တခြားမဟုတ် ဆားပုလင်းပင်ဖြစ်၏။ "မင်းသာထိုးလိုက်မယ်ဆိုရင် သူသေမှာလေ အဲ့တော့ငါတားရတာ ပေါ့" "ချီးပဲ" မင်းတန် ဒေါသတကြီး ဆဲရေးတိုင်းထွာလိုက်သည်။ဟန်လင်းသည် ဆားပုလင်း၏သေနတ်ပစ်ချက်ကြောင့် သူ၏တိုက်ကွက်နဲ့လွှဲကာ အချိန်အနည်းငယ်အသက်ရှင်ခွင့်ရသွားလေသည်။ "သူကို တိုက်မနေနဲ့ ငါနဲ့လာတိုက်လှည့် ငါမင်းမပျင်းအောင်လုပ် ပေးမယ်" ဆားပုလင်းမှ မင်းတန်အား သူ၏လက်ထဲ၌သေနတ်ကိုလှည့်နေပြီး ပြော၏။မင်းတန်ကား ဆားပုလင်းကို သေချာအကဲခတ်၍သာကြ ည့်နေသည်။ ဆားပုလင်းသည် ဝိညာဥ်စွမ်းအား များမရှိသော်လည်း ကြောက် စရာကောင်းသောသူဖြစ်ကြောင်းသူခံစားမိသောကြောင့်ဖြစ်သည်။ သူ၏အာရုံသည် မှန်ကန်ကြောင်း သူယုံကြည်သည် ။သူ၏အာရုံ ကြောင့်လည်း ယနေ့ထိသူရပ်တည်နေနိုင်ခြင်းလည်းဖြစ်သည်။ အစောကဆားပုလင်းပစ်လိုက်သော သေနတ်တစ်ချက်သည်သူ့အား အန္တရာယ်ပေးလာသောကြောင့်ဟုခံစားမိသောကြောင့် ဟန်လင်းကို သူမထိုးပဲတန့်လိုက်ရခြင်းဖြစ်သည်။ "သူက သေနတ်တစ်ချက်ကြောင့် တန့်လိုက်တယ် ဒါဘယ်လိုဖြစ်နိုင် မှာလဲ" ကြည့်ရှုနေသောစစ်သည်လေးမှ ဂျိတ်အားမေး၏။ "သူက ဉာဏ်ရှိတယ်ပြောရမယ် ဒါကြောင့်သူရပ်တန့်လိုက်တာ" "ဆရာ ဘာပြောတာလဲ ကျနော်နားမလည်ဘူး" ဂျိတ်အား စစ်သည်​လေးမှဆရာဟုရိုသေစွာခေါ်ကာ မေး၏။ "အစောကဆားပုလင်းကပစ်လိုက်တာက ရမ်းသမ်းပစ်နေတာ မဟုတ်ဘူး သူက မင်းတန်ရဲ့သွားလာလမ်းကြောင်းကိုကြိုပစ်လိုက် တာ ပဲ မင်းတန်သာ အဲ့တာကိုမသိပဲ ဆက်ဝင်ပြီး ဟန်လင်းကိုထိုး မယ်ဆိုရင် သူ့ရဲ့ဘယ်လက်ကတော့ သေချာပေါက်ကန်းပြီပဲ" ထိုအခါမှ ရပ်ကြည့်နေသောစစ်သည်လေးသဘောပေါက်သွား၏။ ဂျိတ်ပြောသည့်အတိုင်းဆို မင်းတန်မရပ်တန့်ပဲ ဟန်လင်းအားထိုး မည်ဆိုပါက ကျိန်းသေပင် သူ၏ဘယ်လက်ကို ကျည်ဆံက ထုတ်ချင်းပေါက်သွားမည်ဖြစ်သည်။ တခြားသောကျည်ဆံဆိုပါက အဆင့်မြင့်သိုင်းဝိညာဥ်ပညာရှင် အတွက် မည်သည့်ဒဏ်ရာပင်မပြောနဲ့ထိခိုက်ဖို့ပင် ခက်ခဲနေမည် ဖြစ်သော်လည်း ဆားပုလင်းသုံးထားသည်က ခြောက်လုံးပြူး သေနတ်အမျိုးစားဖြစ်၏။ ခြောက်လုံးပြူးသေနတ်တွင်သုံးသောကျည်ဆံများသည် အထူး ကောင်းမွန်ပြီးပို၍ကြီးသော (magnum ammoအမျိုးစား အောက်ကပုံမှာပြထားပါတယ်)ကျည်ကိုသုံးထားရာ ထိခိုက်မှူမြင့် စေသည်။ "မင်းက ဒီတိုင်း ကြည့်နေတော့လဲ ငါအရင်စပေးရတာပေါ့" ဆားပုလင်းလည်း ဦးစွာစတင်လှုပ်ရှား၏။ "ဒိုင်း ဒိုင်းဒိုင်း" ကြိုတင်ကာ ဦးစွာသုံးချက်ပစ်ထားလိုက်၏။ "မအေးဘေး" မင်းတန်လည်း ဒေါသတကြီးဖြင့် ရှောင်တိမ်းရ၏။ ကျည်ဆံများသည် သူ၏လှုပ်ရှားမည့်နေရာတိုင်းသို့ဦးတည်ပြီး ပစ်ထားသည့်အလားပင် ထင်ရ၏။ထို့ကြောင့် မင်းတန်မှ ပို၍ဒေါသ တကြီးပင် ဖြစ်ရလေသည်။ ထို့ကြောင့် ဆားပုလင်းအားဦးစွာသတ်ဖြတ်ရန်ဆုံးဖြတ်လိုက်ပြီး ဖြစ်သည်။သူ့အားပစ်ပြီးမှသာ အဆိပ်မိနေသော ငနဲအား အသာယာ လေးရှင်းပစ်မည်ဖြစ်သည်။ ကျန်ကြည့်နေသော နှစ်ယောက်အားကိစ္စမရှိပေ။အကြောင်းကား သူတို့နှစ်ယောက်ထံမှ အားနည်းလှသောဝိညာဥ်စွမ်းအားများကိုသာ ခံစားရသောကြောင့်ဖြစ်၏။ "စစ်သည်တော်မင်းလှုပ်ရှားတော့" ဂျိတ်မှ ချက်ချင်းပင် စစ်သည်တော်လေးအားပြော၏။ "ကျနော်ကအခုမှသိုင်းဝိညာဥ်အဆင့်နှစ်ဆယ်ပဲရှိတာလေပြီးတော့ ကျနော်သိုင်းဝိညာဥ်က ငွေပြာမြက်လေ" စစ်သည်တော် ခေါင်းငုံကာပြော၏။သိုင်းဝိညာဥ်ကမ္ဘာတွင် ငွေပြာ မြက်သည်အသုံးမဝင်ကာ အမှိုက်သိုင်းဝိညာဥ်ဟုသတ်မှတ်ခြင်း ခံထားရသောကြောင့်ဖြစ်၏။ "အေးလေ အဲ့တာကြောင့် မင်းကိုလှုပ်ရှားခိုင်းတာလေ." ဆားပုလင်း၏သေနတ်ပစ်ခတ်မှုကြောင့် မင်းတန်၏အာရုံမှ ဆား ပုလင်းထံကျရောက်သွား၏။ထို့ပြင် သူသည် ဟန်လင်းနဲ့တ ဖြေးဖြေးခြင်းဝေးကွာသွားရာ ဤသည်ကအခွင့်ရေးပင်ဖြစ်လေ သည်။ "မင်း ဟန်လင်းကို ကယ်ဖို့ပြောနေတာကွ မင်းသိုင်းဝိညာဥ်အစွမ်း သုံးပြီး ကယ်လိုက်အခုမှအခွင့်ရေးပဲ ပြီးတော့သေချာမှတ်ထား လောကမှာ အသုံးမဝင်တဲ့အမှိုက်သိုင်းဝိညာဥ်ဆိုတာမရှိဘူး အမှိုက် လိုအသုံးမကျတဲ့အသုံးပြုသူပဲရှိတာ" ထိုစကားက စစ်သည်တော်လေး၏ရင်ကိုထိမှန်သွား၏။ သူ၏စိတ်သည် အောက်ဆုံးမှအထက်သို့ အဆတစ်ထောင်ထိ မြောက်တက်သွားသည်ဟုခံစားမိလာလေသည်။ "ကောင်းပြီ ကျနော်ကြိုးစားမယ်" "ဒုတိယစွမ်းရည် ချုပ်နှောင်ခြင်း" စစ်သည်တော်လေး သူ၏ငွေပြာမြက်အစွမ်းကိုထုတ်သုံးလိုက်၏။ ထုတ်သုံးရာ၌ဟန်လင်းကိုပစ်မှတ်ထားလိုက်သည်။ မြေမှငွေပြာမြက်များစွာထွက်ပေါ်လာပြီး ဟန်လင်းအားချုပ်နှောင် လိုက်ကြသည်။ "ရပြီကွ" စစ်သည်တော်ပျော်ရွင်သွားသည်။ကံကောင်းစွာပင် ဟန်လင်းသည် သူ၏သတ်မှတ်သော​နေရာတွင်း၌ရှိနေရာ သူ၏ငွေပြာမြက်များက ဟန်လင်းအားမိသွားကြခြင်းဖြစ်သည်။ "ကောင်းပြီ ဒါဆို သူ့ကို ခေါ်လာလိုက်တော့" စစ်သည်တော်လေးလည်း ငွေပြာမြက်အားစေခိူင်းလိုက်၏။ငွေပြာ မြက်များကလည်း အဆိပ်ကြောင့်မူးဝေနေပြီဖြစ်သောဟန်လင်းကို ရစ်ပတ်ကာ သယ်ဆောင်လာကြသည်။ "ငလူးမှတွေက အလစ်သုတ်ချင်တယ်ပေါ့" မင်းတန်ဒေါသထွက်သွား၏။မလောက်စားနှစ်ကောင်က သူအလစ် ကိုအခွင့်ကောင်းယူကာ ဟန်လင်းအားသယ်သွားသောကြောင့် ဖြစ်၏။ "မင်း သေရမယ်" ဆားပုလင်းဘက်မှ လှည့်ပြီး ငွေပြာမြက်ရစ်ပတ်ပြီးသယ်ဆောင်ခံ နေရသော ဟန်လင်းထံပြေးဝင်ပြန်၏။ "ဟ အာရုံမလွင့်နဲ့လေ" "ဒိုင်း ဒိုင်း ဒိုင်း" ဆားပုလင်းလည်း မင်းတန်အားအော်ရင်းပစ်ပြန်၏။ သေနတ်ပစ်ပြီးသည်နဲ့ ဆားပုလင်းလည်း မြန်ဆန်စွာပင်ကျည်အိမ် ကိုလဲ၏။ ကျည်ဆံလဲရာ၍ ကျည်ဆံကိုသာလဲသည်မဟုတ် ကျည်ဆံထည့်ရာ ကျည်အိမ်ကိုပါထုတ်ကာ ကျည်အိမ်အသစ်ကိုပါလဲလိုက်ခြင်း ဖြစ်သည်။လဲပြီးသည်နဲ့ ဆက်ပစ်ခတ်ပြန်၏။ "ဒိုင်း ဒိုင်း ဒိုင်း" ဆားပုလင်းလည်း တစ်ဖက်သားအား ဟာကွက်မပေးပဲ ဆက်တိုက် ပစ်ခတ်၏။ဆားပုလင်းပစ်လေ မင်းတန်ရှောင်ရလေပင်ဖြစ်၏။ "ချီးပဲ ဒုတိယစွမ်းရည် ပင့်ကူအာရုံအမြင်" မင်းတန်မှဝိညာဥ် ပင့်ကူစွမ်းရည်ကိုသုံးကာ ရှောင်တိမ်းရလေ သည်။ယခုပစ်လိုက်သောဆားပုလင်းလက်ချက်ကြောင့် ဟန်လင်း နောက်ကိုလိုက်ရန်လွန်စွာခက်ခဲသွားပြီဖြစ်သည်။ ထို့ကြောင့် ဆားပုလင်းဘက်သို့ပြန်လှည့်ကာဦးတည်လိုက်၏။ဆား ပုလင်းဘက်သို့ဦးတည်ကာ ပြေးဝင်လိုက်ပြန်၏။ပြေးဝင်ရာတွင် လည်း ကျည်ဆံများကိုရှောင်တိမ်းလိုက်၏။ ရှောင်တိမ်းရင်းလည်း သူသည် သေနတ်သံကိုသေချာမှတ်သား ထား၏။ထိုထူးဆန်းသောအရာလေးများသည် ရှစ်ချက်အထိသာ ပစ်၌ရကြောင်းကို အစောကဟန်လင်းထံမှသိရှိခဲ့ရသောကြောင့် ဖြစ်သည်။ "ဒိုင်း." ("ဒီကောင် ကျည်ကုန်ပြီကွ") မင်းတန် မြင်ဆန်စွာပင် ဆားပုလင်းအနီးနားသို့ရောက်ရှိကာ ဆား ပုလင်းအားသတ်ရန်ကြံရွယ်လိုက်၏။သိူ့ရာတွင် ဆား ပုလင်း၏အပြုံးကြောင့် တစ်ခုခုမှားယွင်းနေမှန်း သူခံစားမိလိုက် သည်။ "ချီးပဲ" "ဒိုင်းဒိုင်း" သူထင်ထားသလိုပင် ဆားပုလင်း၏သေနတ်မှ နောက်ထပ်နှစ်ချက် ပစ်ခတ်လိုက်၏။ထို့အခိုက်သည် အလွန်မြန်ဆန်ရာ ရှောင်တိမ်းနိုင် စွမ်းမရှိ ပေ။ထို့ပြင် ​ဆားပုလင်း၏ပစ်မှတ်နေရာသည် သေကွင်း သေကွက်ဖြစ်သော နှလုံးကိုချိန်ကာ နှစ်ချက်ဆက်တိုက်ပစ်ခတ် လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် မင်းတန်သူ၏လက်နှစ်ဖက်ဖြင့် ကာကွယ်လိုက်၏။ "အား" အလွန်မင်းနာကျင်သောဝေဒနာကို မင်းတန်ခံစားလိုက်ရ၏။ သူ၏လက်မှလည်း အရည်များစီးကျနေကြောင်းသူခံစားလိုက်ရ သည်။ ထိုအရည်များသည် သူ၏လက်ကိုကျည်ဆံများဖောက်ထွက်သွား သောကြောင့် သူ၏လက်နှစ်ဖက်မှထွက်လာသောသွေးများပင်ဖြစ် လေသည်။သွေးများသည် ရေများဆင်းသကဲ့သို့ ဒလဟောဆင်း လေ၏။ထို့ကြောင့် ဆားပုလင်းကို ဟန်လင်းထက်ပိုမိုမုန်းတီး သွား၏။ "ဒီနေ့တော့ မင်းကိုမသတ်ရရင် ငါလူမဟုတ်တော့ဘူးဟေ့" မင်းတန် အော်ဟစ်က သူ၏အစွမ်းများထုတ်တော့၏။ "ဒါဒါက ဝိညာဥျရိုးပဲ" စစ်သည်တော်လေး မင်းတန်ကိုကြည့်ရင်းတုန်လှုပ်နေ၏။မင်း တန်၏ညာဘက်လက်မောင်းတွင် ပင့်ကူသဏ္ဏာန်ရှိအရိုးကြီးတစ် ရိုးရှိကြောင်းတွေ့ရလေသည်။ ဝိညာဥ်သားရဲတစ်သိန်း၌ဝိညာဥ်ရိုးတစ်ခုရှိဖို့က အလွန်ပင်ခက်ခဲ သော ကိစ္စတစ်ခုဖြစ်၏။ဤသည်ကို မင်းတန်ကသူ၏သိုင်းဝိညာဥ်နဲ့ ကိုက်ညီသော ဝိညာဥ်ရိုးကိုပါရရှိထားရာ အလွန်ပင်ကံကောင်းသူဟု ဆိုနိုင်လေသည်။ "ဒီတစ်ခေါက် မင်းငါ့ဝိညာဥ်ရိုးအစွမ်းအောက်မှာသေလိုက်တော့ " မင်းတန် ဒေါသကြီးစွာအော်ဟစ်ကာ "ခြောက်ခုမြောက်စွမ်းရည် ပင့်ကူကွန်ရက် " မင်းတန်သည် ခြောက်ခုမြောက်သောစွမ်းရည်ကိုပင် ထုတ်သုံးကာ ဆားပုလင်းအားသတ်ဖြတ်ရန် အစွမ်းကုန်ထုတ်သုံးနေပြီဖြစ်သည်။

All Chapters