← Chapters

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

(145) ဂျိတ် လှုပ်ရှားပြီ

မင်းတန်ကို မူတည်၍ နေရာတစ်ခုလုံးတုန်ခါသွား၏။တုန်ခါသွားပြီး မင်းတန်ကိုဗဟိုပြုကာ မီတာ20ပတ်လည်ဝန်းကျင်ရှိသော စက်ဝိုင်း ကွင်းကျယ်တစ်ခုသည် ရုတ်ခြည်းဆိုသလိုပေါ်ပေါက်လာလေ၏။ထို ကွင်းအတွင်း၌ ရှိရှိသမျှသောအရာများသည်လည်း လုံးဝ ပြောင်းလဲသွားလေသည်။ စက်လုံးကြီးသဖွယ်ဖြစ်ပေါ်ကာ ဖုံးလွှမ်းသွားလေသည်။ပြောရလျှင် ဖန်လုံအိမ်သဖွယ်ဖြစ်သွားခြင်းဖြစ်သည်။ဤသည်မှာ ဝိညာဥ်ရိုးရှိ ခြင်း၏အစွမ်းလည်းဖြစ်၏။ "ဘာကြီးလဲကြောက်စရာကြီး" ဟန်လင်းကိုထမ်းထားသော စစ်သည်လေးမှလန့်ကာအော်ပြော၏။ "မင်းလန့်မနေနဲ့ သွား ဟန်လင်းကိုအရင်ဆေးကုသချေ" ဂျိတ်အပြောကြောင့်သာ ပြန်လည်သတိဝင်ကာ ဟန်လင်းအားကုသ ရန်ပြေးထွက်သွားလေတော့သည်။ ထိုဧရိယာသည် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းပြီး အမှိုက်သရိုက် ပင့်ကူမျှင်များနဲ့ပြည့်နှက်နေ၏။ပင့်ကူမျှင်များ ပင့်ကူအိမ်များ လည်း များစွာရှိနေကာ သန္ဓေသားပင့်ကူများ၏ပင့်ကူအိမ်များက လည်း ရှိနေသည်။ဤသည်ကား မင်းတန်၏ခြောက်ခုမြောက်စွမ်း ရည်ဖြစ်သော ပင့်ကူကွန်ရက်ပင်ဖြစ်လေသည်။ ထိုစွမ်းရည်ထုတ်သုံးသည်နဲ့ သုံးသူ၏နေရာမှဗဟိုပြုကာ မီတာနှစ် ဆယ်ဝန်းကျင်အကွာဝန်းကိုဖန်တီးပေး၏။ထိုအဝန်းထဲ၌ ပင့်ကူ နယ်ပယ်ဖြစ်ပေါ်လာကာ ရန်သူအား နယ်ပယ််ဖြင့်ဖိအားပေးခြင်းကို စတင်သည်ဖြစ်သည်။ရန်သူသည် ပင့်ကူနယ်ထဲရောက်သွားပါက ထွက်သွားနိုင်ရန်မဖြစ်နိုင်ပေ။ ထွက်လိုပါက နည်းနှစ်ခုသာရှိသည်။ပထမနည်းမှာ နယ်မြေပိုင်ရှင် အားအနိုင်ယူရမည်ဖြစ်ပြီးနောက်တစ်နည်းမှာ နယ်မြေပိုင်ရှင်ထက် မိမိကသိုင်းဝိညာဥ်အဆင့်မြင့်မားနေရမည်ဖြစ်သည်။ ပင့်ကူနယ်ပယ်အတွင်းရှိ အဆိပ်ရှိအမှိုက်သရိုက်များ ပင့်ကူမျှင်များ အစေးများက ရန်သူကိုနှောင့်ယှက်တိုက်ခိုက်ရန်လုံလောက်သည် ထက်ပင်ပိုနေသည်ဖြစ်၏။ရန်သူတစ်ချက်လှုပ်ရှားမှုမှားသည်နဲ့ တစ်ခါတည်းအသက်ပျောက်မည်ဖြစ်သည်။ "ဝိညာဥ်ရိုးစွမ်းရည်အသက်ဝင်" မင်းတန် ဝိညာဥ်ရိုးစွမ်းရည်ကို ခြောက်ခုမြောက်စွမ်းရည်ပေါ်ပေါင်း သုံး၏။ "ဂျွတ် ဂျွတ်" ပင့်ကူကွန်ရက်နယ်မြေအတွင်းရှိ သန္ဓေသားပင့်ကူအိမ်များမှ စတင် ကွဲအက်လာသည်။ကွဲအက်ပြီးသည်နဲ့ အထဲမှာ သေးငယ်သောပင့်ကူ များထွက်ပေါ်လာတော့သည်။ထိုပင့်ကူများသည် အနည်းဆုံးနှစ်ရာ နီးနီးထိရှိလေသည်။ ထိုပင့်ကူများသည် သေးငယ်သော်လည်း လွန်စွာအဆိပ်ပြင်း၏။ တစ်ကောင်ချင်းစီ၏စွမ်းရည်သည် သိုင်းဝိညာဥ်တစ်ဆယ်နီးပါးရှိ သည်ဖြစ်သည်။ကြောက်စရာကောင်းလှသည်မှာ ပင့်ကူ များ၏မျက်နှာများသည်လူမျက်နှာနဲ့ဖြစ်သောကြောင့်ဖြစ်သည်။ထို့ ကြောင့် ကြောက်စရာကောင်းလှသော ပင့်ကူတပ်ဖွဲ့ကြီးဟုခေါ်ဆို နိုင်သည်။ "သူကိုသတ်စမ်း" မင်းတန် ဒေါသတကြီးရူးသွပ်စွာဖြင့် ဆားပုလင်းအားညွှန်ကာအမိန့် ပေးလိုက်၏။သူအမိန့်ပေးလိုက်သည်နဲ့ ပင့်ကူအုပ်ကြီးလည်း စတင်ပြေးဝင်ကာတိုက်ခိုက်ရန်ကြံရွယ်လိုက်ကြသည်။ "ဒိုင်း ဒိုင်း" သေနတ်သံများကစတင်ထွက်ပေါ်လာသည်။သေနတ်သံကလုံးဝ ရပ်စဲခြင်းမရှိ။တစ်ချက်ပြီးသည်နဲ့တစ်ချက် ပစ်ခတ်လိုက်သည် ဖြစ်သည်။ ကျည်ဆံရှစ်တောင့်သာဆံဝင်သောကျည်အိမ်သေနတ်မှ အဆက်မပြတ်ဆိုသလိုပစ်ခတ်နေလေသည်။ ဆားပုလင်း ၏သေနတ်ကို ဂျိတ်မှ မနေ့ကဗားရှင်းမြင့်ပေးထား သောကြောင့်ဖြစ်၏။ဗားရှင်းမြင့်ပေးထားသောကြောင့် သေနတ် သည် တစ်နာရီအထိကြိုက်သလေက်ပစ်ပါစေ ပြောင်းပူခြင်း သေနတ်ထိခိုက်ခြင်းရှိမည်မဟုတ်ပေ။ခြောက်လုံးပြူး တို့၏သဘောအရ ကျည်ကပ်ခြင်း မရှိခြင်း ကပ်လျှင်ပင် နောက် ခလုတ်နောက်တစ်ချက်ဆွဲပါက ရခြင်းကိုပင်မဖြစ်စေရန် ထိပြင် ထားသည်။ ထို့အပြင် သေနတ်ကျည်အိမ်ကို တိုးချဲ့အစီရင်စီရင်ထား၏။ကျည် အိမ်သည်ရှစ်တောင့်ဆန့်၏။အစီရင်ပေါင်းလိုက်သောအခါ ကျည်အတောင့်ရှစ်ရာအထိဆန့်လာသည်ဖြစ်၏။ထို့ကြောင့် အချက် ရှစ်ရာအထိ ဆက်တိုက်ပစ်ခတ်နိုင်မည်ဖြစ်သည်။ "ဘယ်လိုဖြစ်နိုင်မှာလဲ ဒီကောင်ဘာသုံးပြီးပစ်နေတာလဲ" အမှောင်ရိပ်တွင်စောင့်ကြည်နေသူများ လန့်ဖြတ်သွားသည်။သူ တို့သည် ဖြစ်ရပ်အစမှအဆုံးအသေချာစောင့်ကြည့်နေသူများ ဖြစ်သည်။အစောပိုင်းဟန်လင်းသုံးသောသေနတ်သည်ရှစ်ချက်ပစ် ရကြောင်း သူတို့သိပြီးဖြစ်သည်။ယခုလက်ရှိ ဆားပုလင်းဆိုသူ လက်မှသေနတ်သည်လည်း ဟန်လင်းကိုသောသေနတ်နဲ့အတူတူ ပင်ဖြစ်သော်လည်း ကျည်ဆံခန်းခြောက်မည့်ဟန်မပြပေ။ "ဒီလိုလက်နက်သာငါတို့ရရင်တော်တော်ကြီးတိုးတက်သွားမှာ " "ဟုတ်တယ်" အမှောင်ထဲမှလူများဆွေးနွေးနေကြသည်။ "အင်း လိပ်ကလေးတွေက ကျားကြီးတွေချတာကိုကြည့်ပြီးဘယ်လို လုပ်နားလည်မှာတုန်း" ဂျိတ် တစ်ကိုယ်တည်းရည်ရွတ်လိုက်သည်။သူသည် အမှောင် ထဲ၌လူများပုန်းအောင်းကာ စောင့်ကြည့်နေကြောင်းကို သိရှိပြီး ဖြစ်သည်။ပုန်းအောင်းစောင့်ဆိုင်းနေသော သူများသည် အဖွဲ့ငါးဖွဲ့ အထိရှိသည်ကိုလည်း ဂျိတ်သိပြီးဖြစ်သည်။ သူတို့၏မျက်ဝန်းများသည် ဆားပုလင်း၏လက်ထဲမှသေနတ်ကို အလွန်မင်းသဘောကျနေကြောင်း ကြည့်ရုံနဲ့ပင်သိနိုင်သည်။သူ တို့သည် ထိုသေနတ်ကိုရလျှင်တောင် ပုံတူပွားရန်မဖြစ်နိုင်ပေ။ တိုက်ပွဲကားပြင်းထန်နေပြီဖြစ်၏။မင်းတန်သည် သူ၏ပေါက်ထွက် သွားသောလက်ကို ပြန်လည်ကုစား နေ၏။သူ၏သိုလှောင်လက်စွပ်၌အဖိုး​တန်ဆေးဝါးများပါရှိရာ ထို ဆေးဝါးများဖြင့် လက်ကိုကောင်းစေရန်ပြန်လည်ကုသနေသည်။ထိို သို့ကုစားနေရင်း လည်း ဆားပုလင်းကိုမလွတ်ပေး ပင့်ကူများ အဆက်မပြတ်ထုတ်၍ တိုက်ခိုက်စေ၏။ "ဒိုင်း ဒိုင်း ဒိုင်း" သေနတ်သံများကဆက်တိုက်ပစ်ခတ်နေလေ၏။တစ်ချက်ပစ်တိုင်း လည်း ပင့်ကူတစ်ကောင်ကလုံးဝသေစမြဲဖြစ်၏။ သေနတ်သံ တစ် ချက်တိုင်း ပင့်ကူတစ်ကောင်က မြေပေါ်သို့လဲကျသေဆုံးသွား ကြ၏။သို့ရာတွင် မင်းတန်၏ပင့်ကူကွန်ရက်နယ်ပယ်သည် အလွန် အစွမ်းထက်၏။ ပင့်ကူတစ်ကောင်သေသွား​တိုင်း ပင့်ကူအိမ်မှ အသစ်သစ်သော ပင့် ကူအိမ်များဖြစ်လာ၏။ထိုပင့်ကူအိမ်များမှအသစ်သစ်သော ပင့်ကူ များသည်ပင့်ကူအိမ်ကို ခွဲထွက်ကာ ဆားပုလင်းအားပြန်လည် တိုက်ခိုက်ကြ၏။ဤနည်းဖြင့် ပင့်ကူများသည် အဆက်မပြတ်ဖြစ် ပေါ်စေသည်ဖြစ်သည်။ "ဟားဟား ဟား ဒီတစ်ခါမင်းတော့ လုံးဝသေပြီပဲ" မင်းတန်ကျေနပ်စွာ ရယ်မောနေ၏။သူ၏လက်ကိုဆေးထည့်ကုသ ပြီးပြီဖြစ်သောကြောင့် ပြေးလွှား​သောဆားပုလင်းကိုကြည့်ကာ ရယ်မောနေသည်။ ဆားပုလင်းသည် ယခုအချိန်၌ ပင့်ကူများကိုပစ်လိုက် နောက်ကို ပြေးလွှားလိုက်လုပ်နေသည်ဖြစ်သည်။ပြေးလွှားရာတွင်လည်း ပင့် ကူအိမ်များပင့်ကူမျှင်များကို ရှောင်တိမ်းကာ ပြေးရသည်။ပင့်ကူ မျှင် ပင့်ကူအိမ်များသည် လွန်စွာပင်စေးကပ်ပြီး နိုင်လွန်ကြိုးကဲ့သို့ တုတ်ခိုင်လှရာ ပင့်ကူအိမ်များ၌မိပါက သေရမည်မှာမလွဲပေ။ "ဒိုင်း ဒိုင်း" သေနတ်သံများကဆက်တိုက်ဆိုသလို ပစ်ခတ်ရင်း ဆားပုလင်း ပြေးလွှားနေသည်။ဆားပုလင်းကို တစ်နေရာမှအခွင့်ကောင်းယူကာ ပင့်ကူတစ်ကောင်သည် ဆားပုလင်းအားခုန်ကာတိုက်ခိုက်လိုက်၏။ သူ၏တိုက်ခိုက်မှုသည် ပစ်မှတ်၏ခေါင်းကိုဦးတည်၏။မိသွားပါက သူ၏ပါးစပ်အစွယ်ဖြင့် ဦးခေါင်းကိုထိုးခွဲကာ အဆိပ်ရည်ဖြင့်ပက် ဖြန်းမည်ဖြစ်သည်။ ပင့်ကူ၏တိုက်ကွက်သည် အလုပ်ဖြစ်သည်ဟုဆိုရပေမည်။သူ၏ခုန် တိုက်ကွက်ကြောင့် ပင့်ကူသည်ဆားပုလင်း၏ခေါင်းပေါ် ရောက်လာ၏။ထို့ကြောင့် ခေါင်းခွဲကန်သူ၏အစွယ်ဖြင့် ထိုးချ လိုက်၏။ "တိန်" သံမဏိအားလက်သီးဖြင့်ထိုးလိုက်သကဲ့သို့အသံထွက်ပေါ်လာ သည်။ပင့်ကူ၏အစွယ်များတုန်းကုန်သည်ဟုပင် ပင့်ကူလေးခံစား မိသည်။ထိုသို့ဖြစ်ရ​ခြင်းမှာ ဆားပုလင်း၏ဦးထုပ်သည် သာမန် မဟုတ်သောကြောင့်ဖြစ်၏။ "အလစ်တိုက်တယ်ဟုတ်လား" ဆားပုလင်းခေါင်းပေါ်တက်နေသောပင့်ကူကို ပစ်ချလိုက်သည်။ပစ် ချခံလိုက်ရသောပင့်ကူသည် တစ်ချက်တည်းဖြင့် သေဆုံးသွားကာ အောက်သို့ပြုတ်ကျသွား လေသည်။ "အင်း ငါဦးထုပ်ဆောင်းလာလို့တော်သေးတယ်." ဆားပုလင်းရေရွတ်ပြီး နောက်မှလိုက်လာနေသောပငိ့ကူများအား ဆက်လက်ပစ်ခတ်ကာ ပြေးလွှား၏။ပင့်ကူများသည် အလွန်ပင် ကြမ်းတမ်းများပြားသော်လည်း ဆားပုလင်းနဲ့တွေ့သောအခါ စိန် ပြေးလိုက်တမ်းကစားသကဲ့သို့ဖြစ်ရလေသည်။ "ပြေးတမ်းလိုက်တမ်းကစားပြီးပြီဆိုတော့ ပွဲသိမ်းဖို့အချိန်တန်ပြီ" ဆားပုလင်းပြောဆ်ိုရင်း သူ၏အိတ်ထဲမှ အရာတစ်ခုထုတ်လိုက်၏။ "မင်းရူးသွားပြီထင်တယ် မင်းသေရမှာကွ" မင်းတန်ရယ်မောကာပြော၏။သူ၏ခြောက်ခုမြောက်စွမ်းရည်နဲ့ဝိ ညာဥ်ရိုး၏အစွမ်းကြောင့် သူကိုယ်တိုင်ဆားပုလင်းကိုသတ်ရန်မလို ဟုတွေးထင်ထားသည်။သူ၏ပင့်ကူများကိုက်သတ်နှိပ်စက်၍သေ သွားမည့် ဆားပုလင်း ၏အမူရာကိုတွေးကာ ရယ်မောကျေနပ် မိသည်။ "အချိန်တန်ပြီ တီ" ဆားပုလင်းခလုတ်နှိပ်လိုက်၏။သူနှိပ်လိုက်သောအရာသည် ဗုံး ခလုတ်ဖြစ်၏။ခလုတ်နှိပ်လိုက်သည်နဲ့ "ဘာဖြစ်တာလဲဟ" မင်းတန်လန့်သွား၏။ တီ.... တီ...........တီ ပင့်ကူကွန်ယက်နယ်မြေတစ်ခုလုံး အသံမည်လာကာ ဝုန်း...... ကြီးမားလှသောပေါက်ကွဲမှုကြီးဖြစ်ပေါ်လာသည်။​ကြီးမားသော ပေါက်ကွဲမှုကြောင့် မင်းတန်ခံစားလိုက်ရ၏။ဆားပုလင်းကား လုံခြုံ သောနေရာအကွာဝေးယူထားပြီး နေလိုက်သည်။သူ၏ဝတ်ဆင် ထားသောအဝတ်များကသူ့အားမထိခိုက်စေရန်အကာကွယ်ပေး၏။ "ကြောက်စရာကောင်းလိုက်တာ" အမှောင်ထဲမှ ကြည့်နေသောသူများ လန့်သွားကြ၏။ဆားပုလင်း လက်ထဲမှ အရာများကို သူတို့ကြာကြာမြင်တွေ့ရလေ ပိုမိုမက်မော လာလေဖြစ်သည်။ အစောပိုင်း၌ ဆားပုလင်းသည်ပြေးနေခြင်းမှာ ပြေးခြင်းတစ်ခု တည်းမဟုတ် သူပြေးလွှားရင်း ဗုံးများကို ထောင်ခဲ့ခြင်းလည်း ဖြစ်သည်။ဗုံးများထောင်ပြီးပြီဆိုမှသာ လုံခြုံသောနေရာသို့(ဗုံးအား အနည်းဆုံးနေရာ) သို့ပြေးလိုက်ပြီး သူ၏ဗုံးများကိူခလုတ်နှိပ်ကာဖောက်ခွဲလိုက်ခြင်း ပင်ဖြစ်သည်။ ပေါက်ကွဲမှုပြီးသောအခါ မီးခိုးများကြား၌မင်းတန်ပေါ်ပေါက်လာ သည်။သူ၏ပုံစံသည် ပေါက်ကွဲမှုဒဏ်ကြောင့် လုံးဝစုတ်ပျက်နေပြီ ဖြစ်သည်။ဒါကလည်း သူ၏ရှိသမျှသောဝိညာဥ်စွမ်းအားအကုန် သုံး၍သာ အသက်ရှင်ကျန်နေခြင်းဖြစ်သည်။ဝိညာဥ်ရိုး၏အစွမ်းကို ပါ အတင်းကြပ်သုံးထားသောကြောင့် သူ၏လက်မောင်း၌ရှိသောဝိ ညာဥ်ပင့်ကူရိုးမှာ အက်ကွဲရာများဖြင့်ပြည့်နှက်နေလေသည်။ သူ၏ပင့်ကူနယ်မြေကလည်း ပျက်စီးသွားပြီဖြစ်၏။လုံးဝရစရာမရှိ အောင်ထိခိုက်သွားခြင်းဖြစ်ကာ ထိုစွမ်းရည်ကို နောင်တစ်ကြိမ်ထပ် သုံးရန် နှစ်အတော်ကြာကုသရတော့မည်ဖြစ်သည်။ "ခွေးမသား." မင်းတန် ဒေါသတကြိီးပြောဆိုကာ မေ့လဲကျသွားလေတော့၏။ "ဘုတ်" "ပြသနာပြီးပြီပေါ့. ဆားပုလင်းရေရွတ်ကာ လှည့်ထွက်ရန်ပြင်လိုက်သည်။ မင်းတန်သည် ပြင်းထန်စွာထိခိုက်သွားသောကြောင့် သာမန်လူနဲ့မ ခြားသည်အထိ ဖြစ်သွားပြီဖြစ်သည်။ "ဘာလို့သွားဦးမှာလဲ" အဖွဲ့လေးဖွဲ့သည် ဆားပုလင်းပတ်ပတ်လည်သို့ရောက်လာကြသည်။ သူတို့သည် တိုက်ပွဲကိုအချိန်ကြာကြည့်ရှုခဲ့သူများဖြစ်၏။ "ဘာကိစ္စလဲ" ဆားပုလင်းမှဒဲ့တိုးမေး၏။ "ကိစ္စကတော့ မင်းလက်ထဲကလက်နက်တွေငါတို့ကိုအပ်လိုက်ပြီး တော့ အဲ့လိုလက်နက်လုပ်တဲ့စာလိပ်တွေငါတို့ကိုအပ်လိုက်ပါဒါဆို မင်းကိုအသက်ရှင်ပေးမယ်" "ငါတို့လည်းအဲ့အတိုင်းပဲ" "ငါတို့ကောပဲ" မိုက်ရိုင်းစွာပင်ပြောဆိုကြ၏။သူတို့၏မျက်ဝန်းများ၌ဆား ပုလင်း၏လက်နက်များအပေါ်တပ်မက်နေသည်က ထင်ရှားလှ၏။ "ကျနော်တို့ကော မဝင်ပါတော့ဘူးလား" အမှောင်ထဲ၌ကျန်နေသောတစ်ဖွဲ့ရှိတစ်ယောက်မှမေး၏။ "မပါနဲ့ ပါရင် အန္တရာယ်ကြီးတယ်လို့ ငါခံစားနေရတယ်" အဖွဲ့ခေါင်းဆောင်မှပြော၏။ထိုသူပြောသောစကားကြောင့် ကျန် သောသူများလည်း လက်ခံလိုက်ကြ၏။ အဖွဲ့ခေါင်းဆောင်၏ပြောစကားအများစုသည် မှန်ကန်သောကြောင့် သူတို့လည်းလက်ခံကြခြင်းဖြစ်သည်။ထို့ကြောင့် ​ဒီအတိုင်းသာ ဆက်လက်ကြည့်ရှုနေကြ၏။ အဖွဲ့လေးဖွဲ့သည် ဆားပုလင်းကိုသူတို့ထိုသို့လုပ်ရဲသည်မှာ ဆား ပုလင်းသည်အစောကတိုက်ပွဲကြောင့်လည်းကောင်း ပေါက်ကွဲမှုကို သူပါခံစားခဲ့သည်ဟုထင်သောကြောင့်ဖြစ်၏။သူအားနည်းသည် ထင်သောကြောင့်လည်း ယခုကဲ့သို့လုပ်ရဲကြခြင်းဖြစ်သည်။ "အဲ့လိုထင်တယ်ပေါ့ မင်းတို့က" ဆားပုလင်း မှ မခန့်သောအမူရာဖြင့်ပြော၏။ "ဒါပေါ့မင်းက တစ်ယောက်တည်း ငါတို့ကအများကြီး မင်း လက်နက်ကငါတို့အကုန်လုံးကိုသတ်နိုင်မယ် ထင်မနေနဲ့ ပြီးတော့ မင်းလည်း အစောကတိုက်ပွဲကြောင့်ထိခိုက်ထားပြီငါတို့ပြောတဲ့ အတိုင်းသာလိမ်လိမ်မာမာနဲ့ပေးလိုက်စမ်းပါ" အဖွဲ့လေးဖွဲ့လုံး မခန့်လေးစားသောဟန်ဖြင့်ပြော၏။ "ကောင်းပြီ ဒါဆိုတော့လဲ ကျုပ်ကရမဲ့ဇာတ်ပြီးသွားပြီနော် ခင်ဗျား အလှည့်ပဲဂျိတ်" ဆားပုလင်း၏ပြောသံပြီးသည်နဲ့ လူတစ်ယောက်သည် သူတို့လေးဖွဲ့ ထံတည်ငြိမ်စွာလမ်းလျှောက်လာ၏။ထိုလူကိုသူတို့လေးဖွဲ့လုံးမမြင် ထူးကြောင်း သူတို့သိလိုက်ကြသည်။ "သိပြီ အစောက တိုက်ပွဲကတည်းကထိုင်ကြည့်နေတဲ့ ငကြောက်ပဲ ဂျိတ်၏ကိုယ်ရောင်ဝါသည် သာမန်ဆန်လွန်းသောကြောင့် မပြေးနိုင် ဘဲ တိုက်ပွဲကိုဒီအတိုင်းကြောက်လန့်ကာကြည့်နေသောသူဟု အဖွဲ့ လေးဖွဲ့လုံးကထင်မှတ်နေကြခြင်းဖြစ်သည်။ "မင်းတို့က သူ့ဆီကဓားပြတိုက်ရဲတယ်ဆိုမှတော့ ငါနဲ့တွေ့ပြီပေါ့ ကွာ" ဂျိတ်၏လက်ထဲမှ တူကြီးတစ်လက်ပေါ်လာ၏။ထို့နောက်ဂျိတ် လည်း တူကြီးကိုကိုင်ကာ ပြေးဝင်လာ၏။ဂျိတ်လည်း လှုပ်ရှား လိုက်ပြီဖြစ်သည်။

(146) အကုန်သေလေပြီ

ဂျိတ် တူကြီးကိုင်ကာပြေးဝင်လာသောကြောင့် အဖွဲ့လေးဖွဲ့မှ မခန့် လေးစားရယ်မောနေကြသည်။သူတို့ရယ်မောပုံသည်လူအများကြီး ထံသို့ ပြေးဝင်လာသောသူသည် စိတ်မနှံ့ခပ်ကြောင်ကြောင်လူလား ဟု အထင်နဲ့ရယ်မောနေကြသောပုံပင်ဖြစ်သည်။ "ဝုန်း .......ဗြက်" ဂျိတ်သည် သူ၏တူဖြင့် သူနဲ့အနီးသောသူအား ရိုက်ခွဲလိုက်သည်။ ပြင်းအားများကြောင့် ထိုလူမှာ ချက်ချင်းအရိုက်ခံရလိုက်ရသည်နဲ့ သူ၏ကိုယ်မှာပေါက်ကွဲထွက်သွားသည်။ "ချီးပဲ" ဂျိတ် လူတစ်ယောက်သတ်လိုက်မှ သူတို့၏ဦးနှောက်များကစတင် အလုပ်လုပ်လာကြလေသည်။ချက်ချင်းပင် သူတို့၏သိုင်းဝိညာဥ် များကို ထုတ်ဖော်ပြသလာကြသည်။ ဝုန်း တစ်ဖွဲ့လျှင် ဆယ့်ငါးယောက်မျှရှိရာ အယောက်ခြောက် ဆယ်၏သိုင်းဝိညာဥ်များက ထွက်ပေါ်လာသည်မှာ အလွန်ပင် ကြည့် ကောင်းလေသည်။တစ်ယောက်ကတော့စောစောစီးစီး ရှောသွားပြီ ဖြစ်သည်။ သူတို့၏သိုင်းဝိညာဥ်များဖြစ်သော မြေခွေး ပင့်ကူ ဝံပုလွေ ကင်းမြီးကောက် စသည်တို့ကလေထဲလွင့်ပျံနေကြသည်။သိုင်းဝိ ညာဥ်များစွာ၏ပေါ်လာမှုကြောင့် ရန်သူကြောက်လန့်သွားမည်ဟု ထင်နေသော်လည်း သူတို့ရင်ဆိုင်နေရသည်က ဂျိတ်ဖြစ်နေသည်ကို ပင်သူတို့မသိချေ။ "ဟေ့ကောင် မင်းငါတို့လူတစ်ယောက်သတ်လိုက်တာကြောင့် မင်း အခုငါတို့ရှေ့အညံ့ခံလိုက်မယ်ဆိုရင် မင်းအလောင်းကို အပြည့်စုံ ချန်ထားပေးမယ်" ဂျိတ်လည်း သူ၏ရှေ့မှမောက်နေနိုင်သောသေးသောသူများကို ဆက်လက်ကြည့်ရှူကာ "အင်း အရင်က စာရေးဆရာတွေအပိုမဆာလာထည့်ရေးတယ်ထင် နေတာ သူတို့ကဒီအတိုင်းပါပဲလား" တစ်ချက်သက်ပြင်းချကာ "မလိုဘူး မင်းတို့ကဆားပုလင်းကိုဓားပြတိုက်လိုက်သတည်းက မင်းတို့ရဲ့သေနေ့ကဒီနေ့ကျရောက်ခဲ့ပြီပဲ" တစ်ခွန်းသာ ပြန်ပြောကာ သူ၏တူကိုဝှေ့ယမ်းပြီး ရန်သူကြားထဲ ပြေးဝင်သွားသည်။ "သတ်ကြဟေ့ သတ်သာသတ်" ဂျိတ်ပြေးဝင်လာသည်နဲ့ အဖွဲ့လေးဖွဲ့လုံး ဂျိတ်ကိုဦးစွာတိုက်ခိုက် လိုက်ကြသည်။သူတို့အဖွဲ့လေးဖွဲ့သည် အဖွဲ့မတူကြသော်လည်း ဂျိ တ်ကိုသတ်ဖြတ်ရာ၌ ညီမှဖြစ်မည်။မဟုတ်လျှင် သူတို့သေမည်ကို အလိုလိုခံစားမိနေကြသောကြောင့်ဖြစ်သည်။ "သေစမ်း " ဂျိတ်ထံသို့ဓားများ လှံများရောက်ရှိလာသည်။ထိုလက်နက်များကို ဂျိတ်မှ တူတစ်လက်ကိုသာ အသုံးပြုကာ တန်ပြန်တိုက်ခိုက်၏။ တစ်ပြိုင်တည်းဝင်လာပါက ကာကွယ်ခုခံ၏။ကာကွယ်ခုခံခြင်းသည် လည်း အကောင်းဆုံးသောတိုက်စစ်ပင်ဖြစ်သည်။ "သေစမ်း" "ဒုတိယစွမ်းရည် ဝံပုလွေလက်သည်း မြေခွေးကုတ်ချက် ကျားတိုက်ကွက်" "ဟူး.....ဝူး......ဂါး...." အကွက်ပေါင်းဆယ်ခုကျော်က ဂျိတ်ထံတစ်ပြိုင်တည်းထိုးဖောက် လာလေသည်။ဂျိတ်လည်းသူ၏လက်မှတူကို ဝှေ့ယမ်းပြီး ခုခံလိုက် သည်။တူ၏ဝှေ့ယမ်းကာကွယ်မှုကြောင့် တိုက်ခိုက်ချက်များမှာ လွင့် စင်ထွက်သွားကုန်သည်။ "ခေါင်းဆောင် တစ်ယောက် နဲ့ခြောက်ဆယ်ယောက်ချကုန်ပြီ သူရှုံး တော့မယ်ထင်တယ်" အမှောင်ထဲ၌စောင့်ကြည့်သူကခေါင်းဆောင်ကာတင်ပြ၏။ "ငါတော့မထင်ဘူး တစ်ယောက်တည်းသာဆိုသာ သူကလုံးဝမ တုန်လှုပ်နေဘူးကွ တည်​ငြိမ်နေတာပဲ" "ဟုတ်လို့လား သူကအခုထိသိုင်းဝိညာဥ်ကိုပဲသုံးသေးတာဆိုပင်မဲ့ တစ်ဖက်ကလူတွေက သိုင်းဘိုးဘေး(အဆင့်50)လေးယောက် သိုင်းအကြီးကဲ(အဆင့်45)သုံးဆယ့်ခြောက်ယောက် သိုင်းဂရမ်းမာ စတာ(အဆင့်30)က နှစ်ဆယ်တောင်နော်." အဖွဲ့သားကတော့ အသေချာပြောနေ၏။သူ၏အမြင်၌ထိုလူအုပ် ကြီးနဲ့တိုက်ခိုက်ခံရပါက လုံးဝရှုံးနိမ့်မည် ဟုထင်နေသောကြောင့် ဖြစ်၏။ အဖွဲ့ခေါင်းဆောင်သည် ကြိုတင်စုံစမ်းထားသောကြောင့် တစ်ယောက်တည်းသမားသည် ဂျိတ်ဖြစ်ကြောင်းသိရှိထား၏။ ဆရာများ၏ဝင်ကပါကိုဖျက်စီးနိုင်သောသူသည် ဤမျှမရိုးရှင်းနိုင် ဟု ထင်မှတ်ယုံကြည်ထားသည်။ "လေဟုန်ခွင်းရိုက်ချက်ပထမချက်" ဂျိတ် တူလေဟုန်ခွင်းရိုက်ချက်သိုင််းကိုပြန်လည်ထုတ်သုံးလိုက်ပြီ ဖြစ်သည်။ထိုလေဟုန်ခွင်းစတင်သုံးသည်နဲ့ ပတ်ဝန်းကျင်သည် အနည်းငယ်ပြောင်းလဲလာကြောင်း အမှောင်ထဲမှ စောင့်ကြည့်မှု များခံစားမိလာသည်။ "ခေါင်းဆောင် တစ်ခုခုဖြစ်တော့မယ်လို့ကျနော်ခံစားနေရတယ်" "မင်းမမှားဘူး တစ်ခုခုဖြစ်တော့မယ်လို့ ငါလဲခံစားနေရတယ်" ဂျိတ် သည် သူမမြင်ဖူးသောသိုင်းကွက်ကိုစတင်သုံးချိန်မှ စ၍ပြောင်းလဲလာသည်ဟုခံစားမိလာသည်။ဂျိတ်နဲ့ တိုက်ခိုက်နေကြ သော သူများကတော့ ထိုပြောင်းလဲမှုအားမသိကြပေ။သူ တို့၏အတွေး၌ ဂျိတ်ကိုသတ်ပြီးလျှင် ဆားပုလင်းထံမှ လက်နက် လုပ်နည်းများကိုယူငင်မည်ဖြစ်သည်။ ပထမရိုက်ချက်ကို တော့ အဖွဲ့လေးဖွဲ့မှလူများက အသာယာပင်ခုခံ လိုက်ကြ၏။ "ပျော့ညံလိုက်တာကွာ" ထိုစကားကြောင့် ဂျိတ်စိတ်ထဲပြုံးမိလိုက်၏။နောက်လာမည့်တူ ရိုက်ချက်များသည် အဆပေါင်းများစွာပြင်းထန်လာမည်ကိုသူတို့မ သိသောကြောင့်ဖြစ်၏။ "ဒုတိယရိုက်ချက်" ဂျိတ်သည်တစ်ယောက်ချင်းကိုရိုက်သည်ဖြစ်သော်ငြားလည်း လူ အုပ်လိုက်ကြီးခုခံကြသောကြောင့် သူတို့ခံသာနေကြခြင်းဖြစ်သည်။ "တတိယရိုက်ချက်" ဒီတစ်ခါမြန်ဆန်စွာရိုက်ချလိုက်ခြင်းဖြစ်ရာ ပစ်မှတ်ထားခံလိုက်ရ သောလူသည် ကာကွယ်သော်ငြားလည်း တူ၏ရိုက်ချက်ကြောင့် ကိုယ်ခန္ဓာပေါက်ထွက်သေဆုံးသွားရသည်။ "စတုတ္ထ ရိုက်ချက် ပဥ္စမရိုက်ချက်" ဂျိတ်နောက်ထပ်ထုရိုက်ပစ်သည်။ငါးချက်မြောက်သို့ရောက် သောအခါ သူတို့သည် လည်း ဂျိတ်၏တူသည် တစ်ချက်ချက်ပြီး သွားတိုင်းနောက်ရိုက်ချက်များသည် ပိုမိုပြင်းထန်လာကြောင်း ရိပ်စားမိလာကြသည်။ "အဖွဲ့ဖွဲ့ပြီး အကာကွယ်ဝင်ကပါလုပ်ကြဟေ့. ထိုစကားဆုံးသည်နဲ့ ကြီးမားသော ဝက်ပါကြီးလေးခုပေါ်လာလေ သည်။အဖွဲ့လေးဖွဲ့၏အခိုင်ခံဆုံးသောဝင်ကပါကြီးလေးခုဟုဆိုနိုင် လေသည်။ "ဘယ်လိုလုပ်လုပ်မင်းတို့သေရမယ်" ဂျိတ်တစ်ချက်ကြုံးဝါးပြီး သူ၏ဒုတိယမြောက်စွမ်းရည်ကိုသုံးလိုက် သည်။ "တူပွားခြင်း." ထိုစွမ်းရည်ကြောင့် ဂျိတ်၏လက်နှစ်ဖက်လုံး၌ လျှပ်စီးများ တောက်ပနေသောတူကြီးနှစ်လက်ရှိလေသည်။ချက်ချင်းပင် တူနှစ် လက်ကိုလေပေါ်တင်ကာ အချင်းချင်းရိုက်ခတ်ပစ်၏။ "ဂျိန်း" "သတ္တ မမြောက်ရိုက်ချက်" "နဝမမြောက်ရိုက်ချက်" တူနှစ်လက်ကိုတစ်ပြိုင်တည်းရိုက်ချင်းဖြစ်သောကြောင့် တစ်ပြိုင်တည်းနှစ်ချက်ဆင့်တိုးသွားခြင်းဖြစ်သည်။ထိုသို့ရိုက်ခတ် လေ ကောင်းကင်သည်လုံးဝမဲမှောင်သည်မှ တိမ်မဲကြီးများ ထူထဲ လာပြီး မိုးချိန်းသံများစတင်ဖြစ်ပေါ်လာလေသည်။ "ဘာတိုက်ကွက်ကြီးလဲဟ" အမှောင်ထဲမှကြည့်နေသောလူများလည်း ထိတ်လန့်ကြသည်။ဂျိတ် လက်နှစ်ဖက်မှတူအချင်းချင်းရိုက်ခတ်ရာမှ ထိုသို့အခြေနေအထိ ဖြစ်ပေါ်သွားခြင်းဖြစ်သည်။ "ဆယ့်သုံးချက်မြောက် တူရိုက်ချက်" ဂျိတ်ရေရွတ်လိုက်၏။ထိုအခိုက်မှာပင် သူ၏ကိုယ်ခန္ဓာသည် တ ဖြေးဖြေးလေပေါ်မြောက်သွားကာ လေထဲ၌တန့်နေလေသည်။ သူ၏တူနှစ်လက်မှာလည်း လျှပ်စီးများက မျက်စိကျိန်းရလောက် အောင်တောက်ပလာနေသည်။ "ဝင်ကပါကို ပိုမိူခိုင်ခံအောင်လုပ်ကြဟေ့" အဖွဲ့လေးဖွဲ့လုံးမှ လူများကလည်း ထိုစကားကြောင့် သူတို့တတ်နိုင် သောအခြေနေအစွမ်းကုန်အထိထုတ်သုံးလိုက်ကြသည်။တိမ်မဲများ မှ လျှပ်စီးများကသူတို့အား တုန်လှုပ်စေသောကြောင့်ဖြစ်၏။ လေဟုန်ပြင်းတူ၏ရိုက်ချက်တယ်ချက်ကျော်ပါက ပတ်ဝန်းကျင် အခြေနေကိုပါပြောင်းလဲနိုင်စွမ်းရှိ၏။ထို့ကြောင့် တိမ်မဲကြီးများ ဖြစ်ပေါ်လာရကာ မိုးများခြိန်း၍လျှပ်စီးများထွက်ပေါ်လာရခြင်း ဖြစ်သည်။ ဂျိတ် တူနှစ်လက်လုံးကိုကိုင်ကာ အောက်၌ဝင်ကပါဖွဲ့ကာနေနေသော အဖွဲ့လေးဖွဲ့ထံသို့ ပစ်လွင့်လိုက်သည်။ "ဂျိန်း.......ဝုန်း...ဝုန်း. တူနှစ်လက် ကိုဂျိတ်ပစ်လွတ်လိုက်သည်နဲ့ တိမ်မဲထဲမှ မိုးကြိုးများက လည်းထွက်ပေါ်လာသည်။ထိုမိုးကြိုးများသည် တူသွားရာလမ်း ကြောင်းရှိ ဝင်ကပါများအား တိုက်ခိုက်ပစ်၏။ မိုးကြိုး၏အစွမ်းအားအလွန်ပင်ပြင်းထန်လှရာ ဝင်ကပါများအား ချက်ချင်းပင် ဖျက်စီးသွားစေသည်။ဝက်ပါများပျက်စီးသွားရာ ခုခံ၍မရသောအဖွဲ့လေးဖွဲ့လုံးထံသို့တူနှစ်လက်ကို ထိုးဖောက်လေ တော့သည်။ "အား ....အား....." သွေးပျက်ဖွယ်အော်သံများကစတင်ထွက်ပေါ်လာလေသည်။ သို့ရာတွင် ထိုမျှနဲ့ မပြီးသေး တိမ်မဲကြီးများမှ မိုး​ကြိုးများက ထိုအဖွဲ့ များနေရာသို့ဆက်လက်ဆင်းသက်၏။ "ဂျိန်း....ဂျိန်း....ဂျိန်း...... (ဤသည်ကား လေဟုန်ပြင်းတူ၏ဆယ့်သုံးချက်မြောက်သောပြင်း အားပင်ဖြစ်သည်။) "ကြောက်စရာကောင်းလိုက်တာ" ထိုမြင်ကွင်းကိုကြည့်ကာ အမှောင်အထဲမှအဖွဲ့သားများလန့်သွားကြ လေသည်။သူတို့သာရှေ့ကအဖွဲ့များလို လုပ်ဆောင်ပါက ယခုလို ခံစားနေကြရမည်ဖြစ်သ်ည်။ မိုး​ကြိုးများကအချက်ပေါင်းသုံးဆယ်ကျော်အထိ ကျဆင်းပြီးမှ ပြန်လည်​ငြိမ်သက်သွားလေ၏။မိုးကြိုးပစ်ပြီးသွားသောအခါ ထို နေရာသည် လုံးဝစုတ်ပျက်နေပြီး အငွေ့များထွက်ပေါ်လေ၏။ "ကဲ ရှောသွားကြပြီပဲ" ဂျိတ်ရေရွတ်လိုက်၏။သူသုံးလိုက်သောအကွက်ကြောင့် လူခြောက် ယောက်မှ မိုး​ကြိုးအဆက်မပြတ်ထိမှန်ကာ သူတို့ကိုယ်မှာ မီးလောင် ကျွမ်းမဲတူးကာ အကုန်လုံးသေဆုံးသွားကြပြီဖြစ်လေသည်။ ကျန်ရှိနေသည်ဆို၍ မိုးကြိုးများကျဆင်းခဲ့သောနေရာ၌ မဲ လောင်ကျွမ်းတူနေသောအလောင်းတစ်ချို့နဲ့ အကောင်းတိုင်းရှိနေသော လျှပ်စီးများတောက်ပနေသည့် သူ၏သိုင်းဝိညာဥ်ဖြစ်သော တူနှစ်လက်သာရှိလေတော့သည် ဖြစ်သည်။

(147) ပြန်တွေ့ပြီ

မိုးကြိုးထိသောကြောင့် လောင်ကျွမ်းနေသောအလောင်းများသည် လည်း တစ်ချက်ထိသည်နဲ့ ပြာမှုန့်ဘဝသို့ပြောင်းလဲသွားကြသည်။ ကျန်ရှိခဲ့သည်ဆို၍ မိုးကြိုးပစ်ခတ်ခြင်းခွရသောမြေပြင်နဲ့ ပြာမှုန့် များသာဖြစ်လေသည်။ပြာမှုန့်များသည်လည်း လေအနည်းငယ် တိုက်သည်နဲ့ လွင့်ပါးသွားကြသည်။ ဂျိတ်လည်း သူ၏တူနှစ်လက်ကိုပြန်လည်ကောက်ကိုင်လိုက်သည်။ ကိုင်မိသည်နဲ့ တူနှစ်လက်သည်တစ်လက်တည်းအဖြစ်သို့ရောက်ရှိ သွားသည်။ထိုအခါ တူကိုပြန်လည်သိမ်းဆည်းလိုက်ပြီး... "ပုန်းနေတဲ့တစ်ဖွဲ့ ညိမ်မနေနဲ့ ထွက်လာခဲ့" ဂျိတ်၏အပြောကြောင့် တခဏအတွင်း ဆယ့်နှစ်ယောက်ခန့်ရှိသော လူစုသည်ဂျိတ်၏ရှေ့သို့ရောက်ရှိလာကြသည်။သူတို့သည် ဂျိတ် ရှေ့၌တည်ငြိမ်စွာရပ်နေကြ၏။ သူတို့၏ကိုယ်ကသာတည်ငြိမ်နေသော်လည်း စိတ်များကတော့မ ငြိမ်ပေ။ကျားရှေ့ရောက်နေသော ယုန်သူငယ်ပမာ ခံစားနေရသည်။ ကျောင်း၌ဆရာများ၏ဝင်ကပါကိုဖျက်စီးသည်က အလွန်အမင်း မြောက်ပင့်သည်ဟုထင်ခဲ့ကြသော်လည်း ယခုမြင်တွေ့လိုက်ရသော ကြောင့် လုံးဝယုံကြည်သွားကြသည်။ဂျိတ်သာသတ်လိုပါက ကျောင်းမှဆရာများသေနေသည်မှာ ကြာပြီဖြစ်၏။ "မင်းးတို့အဖွဲ့ကကောလိုချင်သေးလား " ."မလိုချင်ပါဘူးဗျ " ချက်ချင်းပင်ဖြေဆိုလိုက်သည်။သူတို့ခေါင်းသည် ရူးနေရအောင် မဟုတ်သေးရာ ငြင်းဆန်လိုက်ကြသည်။မဟုတ်ပါက ရှေ့ကသေ လမ်းသို့ကြွမြန်းသွားသော အဖွဲ့များနောက်သို့လိုက်နေရမည် ဖြစ်သည်။ "ဒါဆို ဘာလာလုပ်တာလဲ" "ကျနော်တို့က ဆရာရဲ့အကြောင်းသိချင်လို့ပါဗျ သိချင်ရတာကလဲ ဆရာဘေးနားရောက်နေတဲ့ထန်ဟောက်လေးကြောင့်ပါ" အဖွဲ့ခေါင်းဆောင်မှ ဂျိတ်အားအသေချာရှင်းပြ၏။ဂျိတ်မနားလည် မည်ကိုပင် စိုးရိမ်နေသောကြောင့် အတိကျအသေချာရှင်းပြ၏။မိမိ တို့သည် ထန်မိသားစုမှဖြစ်ကြောင်း ယခင်က မိသားစုအတွင်းမှ ပါရမီရှင်စုံတွဲမှသေဆုံးသွားကြောင်း သူတို့သေဆုံးသွားရာတွင် သားလေးမွေးဖွားခဲ့သည်ဖြစ်ကြောင်း ထိုသားလေးသည် ထန် ဟောက်ဖြစ်လေမလားဟုယူဆကြောင်း အကုန်ရှင်းပြ၏။ "ကောင်းပြီ ဒါဆို ကျုပ်ခဏနေရင် သူ့ကိုခေါ်ပြီး ထန်မိသားစုဆီလာ ခဲ့မယ်" "ကျေးဇူးပါဆရာ" အဖွဲ့သားများ ကျေးဇူးတင်ကြောင်းပြောကာ ထွက်ခွာသွားကြ သည်။အဖွဲ့ခေါင်းဆောင်သည်လည်း သူ၏အတွေးတစ်ခုဖြင့် တွေး ရင်း ထွက်သွားလေသည်။သူ၏အတွေးကာ ဂျိတ်၏မိုးကြိုးတူသုံး လိုက်သောအခါ သူ၏အရင်အရှင်ဖြစ်သော ထန်ဘိုးဘေးကြီးနဲ့ဆင် တူကြောင်း ပြန်တွေးမိသောကြောင့်ဖြစ်သည်။ "ဆားပုလင်းနှင်းမောင်ကျေးဇူးပါ" "ရတယ် . ဆားပုလင်းနှင်းမောင်သည် ဂလေစီယာခေါ်ရေခဲတောင်စီးကရက် ကို နှုတ်ခမ်းဖျား၌တေ့ကာမီးညှိပြီးလျှင် တစ်ချက်ရှိုက်ပြီးမှ ပြော၏။ဆားပုလင်းနှင်းမောင်၏စီးကရက်သောက်ဟန်သည် လွန်စွာမှ ကြည့်၍ကောင်း၏။ ယင်းပုံစံကို သူအရင်ကမ္ဘာခေတ်၌ စီးကရက်ကြော်ငြာ၌သုံးမည်ဆိုပါကလွန်စွာပင် နာမည်ကျော်မည်ဟု ဂျိတ်တွေးမိ၏။ "ကောင်းပြီဗျ ဒါဆို ကျုပ်ပြန်ပို့တော့မယ်နော်." "ကောင်းပြီ" ဂျိတ်လည်း ဆားပုလင်းနှင်းမောင်အား လက်ယမ်းပြီး ​ပြန်ပို့လိုက်၏။ဆားပုလင်းနှင်းမောင်သည် သူ၏စနစ်ဆင့်ခေါ် အစွမ်းဖြင့်ဆင့်ခေါ်ထားသောကြောင့် ပြန်ပို့လိုက်ခြင်းဖြစ်သည်။ "အဲ ငါတော့လက်လွန်သွားပြီ" အဖွဲ့လေးဖွဲ့အား မည်သည်မည်ဝါပင်မမေးလိုက်ရ မိုးကြိုးဆင့်ခေါ် ကာ သူကိုယ်တိုင်သတ်ပစ်လိုက်သည်ဖြစ်သည်။မိုးကြိုးဖြင့်အပစ်ခံရ ခြင်းဖြစ်သောကြောင့် တစ်ကိုယ်လုံးစုတ်ပြက်ကာပြာဖြစ်သွားခြင်း ဖြစ်သည်။ "မေ့နေတာ ဟိုကောင်ကော" မင်းတန်ကိုကြည့်လိုက်၏။ကံမကောင်းစွာပင် သူသည်လည်း မိုးကြိုးစက်ကွင်းထဲမိကာ သေပြီဖြစ်သည်။ "ပြသနာမရှိပါဘူး " ဂျိတ် သူ၏လက်ကိုစနစ်တကျဝှေ့ယမ်းလိုက်သည်။သူလုပ်နေသော ပုံစံသည်ဖုန်းဖန်ရှင်အား ထိတွေ့နေသကဲ့သို့ဖြစ်သည်။ "သေသူမှတ်ဉာဏ်ရယူခြင်း" ဂျိတ်ရေရွတ်လိုက်သည်။ထိိုသို့ရွတ်လိုက်သည်နဲ့ အစောပိုင်း၌သေ သွားသော အယောက်​ခြောက်ဆယ်တစ်ယောက်လုံးနဲ့မင်းတန်ပုံစံ အရိပ်များပေါ်လာလေသည်။သူတို့၏ပုံရိပ်များသည် လူကဲ့သို့ရှိ သော်လည်း မဟုတ်တော့ ဂျိတ်၏ဆင့်ခေါ်မှုကြောင့် ပေါ်လာရသော မှတ်ညဏ်ပုံများသာဖြစ်၏။ ထိုမှတ်ညဏ်ပုံရိပ်များကို ဂျိတ် ကြည့်ရှုလိုက်၏။ထိုအခါမှ ထန်​ ဟောက်လေး၏အကြောင်းရင်းကိုသိရှိလိုက်ရ၏။ဒါကလည်း အလွယ်လေးသိလိုက်ရသည်မဟုတ် အယောက်ငါးဆယ် မြောက်၏မှတ်ညဏ်ကိုကြည့်သောအခါမှသာတွေ့ရှိလိုက်ခြင်း ဖြစ်၏။ ထိုပုံရိပ်မှတ်ညဏ်ထဲ၌ ထန်ဟောက်၏ဖခင်ဖြစ်သူနဲ့မိခင်ဖြစ်သူ အားတွေ့ရလေသည်။သူတို့နှစ်ယောက်သည် ထူးဆန်းသောအဆိပ် မိသောကြောင့် ရန်သူများအားနိုင်အောင်မတိုက်နိုင်ပဲ သေဆုံးကြခဲ့ ရသည်။သို့ရာတွင် သူတို့၏သားကိုမှု အထိန်းတော်တစ်ယောက်မှ ခေါ််ဆောင်သွားသောကြောင့် လွတ်မြောက်သွားကြောင်းပါသိရှိ လိုက်ရ၏။ ထိုအထိန်းတော်အားရှာဖွေသောအခါတွေ့ရှိသွားကြသည်။သိူ့ ရာတွင် ထန်ဟောက်ကိုတော့ရှာမတွေ့ကြသောကြောင့် အထိန်းတော် ကိုသာဖမ်းဆီးခဲ့ကြလေသည်။ ထိုသို့သောဖြစ်ရပ်ကြောင့်ထန်ဟောက်လေးသည် ထန်မိသားစု လာ ကြောင်း ဂျိတ်သိရှိလိုက်ရပြီဖြစ်၏။ပိုပြီးမှန်ကန်စေသည်မှာ ထိုပုံ ရိပ်၌ထန်ဟောက်ကိုယ်မှသိုင်းဝိညာဥ်ကိုထုတ်သွားကြောင်းဆိုသော နေရာပင်ဖြစ်၏။ ဂျိတ်လည်းထိုမှတ်ညဏ်ပုံရိပ်ကို ပုံရိပ်ဖမ်းကျောက်တုံးအဖြစ်သို့ ပြောင်းလဲလိုက်၏။ထို့နောက် ထန်ဟောက်အားသွားခေါ်ကာ ထန် မိသားစုထံသို့ထွက်ခွာလာကြသည်။ ထန်မိသားစုထံရောက်သည်နဲ့ "ဆရာကြွပါကြွပါ" ထန်မိသားစုအကြီးကဲမှစ၍ ဂျိတ်အားကြိုဆိုကြ၏။ထန်ဟောက် လေးကတော့ ကြောင်၍သာနေလေ၏။သူတို့နှစ်ယောက်ကို ညကြီး အချိန်မတော် လူအုပ်ကြီးဖြင့်ကြိုဆိုနေသည်က အထူးဆန်းဖြစ် နေသည်။ အထူးသဖြင့် ထန်မိသားစုအကြီးကဲ၏အကြည့်ပင်ဖြစ်၏။သူ၏အ ကြည့်သည် သူ့အားမြေးတစ်ယောက်ကဲ့သို့ကြည့်သောအကြည့်မျိုး ပင်ဖြစ်သည်။ "ဆရာ ထန်ဟောက်ကိုကျနော်တို့စစ်ဆေးချက်လေးလုပ်ပရပါစေ ဗျ" "ကောင်းပြီ" ဂျိတ်ငြင်းပယ်မည်ကိုကြောက်ရွံနေပုံရသောသူက ဂျိတ်၏စကား ကြောင့် ပျော်ရွှင်သွားသည်။ထိုသူသည် ထန်ဟောက်၏လက်ညိုးမှ သွေးတစ်စက်ဖောက်ကာ သူ၏စစ်ဆေးခြင်းကျောက်ပြားပေါ်သို့ တင်လိုက်၏။ "ဟာ လင်းလာပါလား" "ဒါဆိုသူက တကယ်ပဲ" ထိုသို့လင်းလာခြင်းသည် ထန်ဟောက်သည်ထန်မိသားစုမှ ဖြစ်ကြောင်း သက်သေပင်ဖြစ်၏။ထိုအခါ ထန်အကြီးကဲနဲ့မိသားစု ဝင်များ၏မျက်နှာ၌ မျက်ရည်များကျဆင်းလာကြလေသည်။ "သားလေး နောက်ဆုံးတော့ ပြန်တော့ပြီပဲ" ."မြေးလေး နောက်ဆုံးတော့အဘိုးပြန်တွေ့ခဲ့ရပြီ" ထန်အကြီးကဲသည် တစ်ကိုယ်လုံးတုန်လှုပ်နေကာ သူ၏မျက်နှာ၌လည်း မျက်ရည်များက ကျဆင်းလျက်ရှိတော့၏။

All Chapters