← Chapters

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

(148) တပည့်ရရှိခြင်း ထန်အကြီးကဲလည်း ထန်ဟောက်အားပွေ့ဖက်ကာငိုကြွေး၏။ထန် ဟောက်လည်း အကြောင်းရင်းကို သိသွားသောကြောင့် သူပင်် မျက်ရည်များကျဆင်းလာတော့၏။ "ကျေးဇူးတင်ပါတယ် ဆရာရယ် ကျနော်တို့တတ်နိုင်သလောက် ကျေးဇူးဆပ်ပါမယ်ဗျ" "ဟုတ်ပါတယ် " ကျန်ရှိနေသော ထန်မိသားစုဝင်များကလည်းပြောဆိုကြ၏။ နောက်ဆုံး၌သူတို့အကြီးကဲ၌မြေးလေးတစ်ယောက်ရှိလာပြီဖြစ်ရာ ဝမ်းသာနေကြလေ၏။ "ကောင်းပြီ ကျုပ်ပြောစရာရှိတယ် ဒါကြောင့် အကြီးအကဲနဲ့ကျန်တဲ့ အကြီးကဲသုံးယောက်ကလွှဲရင် ဒီနေရာကနေထွက်သွားပေးပါ" ဂျိတ်သည် တောင်းတဲ့နေခြင်းမဟုတ် အမိန့်ပေးလိုက်ခြင်းဖြစ်၏။ ထိုအခါ ထန်မိသားစုများကလည်း ဂျိတ်၏အပြောကြောင့် မထွက် ခွာချင်ထွက်ခွာချင်ဖြင့် ထွက်သွားကြလေသည်။ "သူတို့သွားပါပြီ ဆရာဘာလို့အဲ့လိုလုပ်ရတာလဲ" "ဒါကိုအရင်ကြည့်ကြပါ" ဂျိတ်လည်း ပုံရိပ်ဖမ်းကျောက်တုံးအား ထန်အကြီးအကဲထံ ပေးလိုက်၏။အကြီးကဲလည်း ထိုကျောက်တုံးကိုယူကာ ဖွင့်ကြည့် လိုက်၏။ကျောက်တုံးမှာ ပုံရိပ်များပေါ်ပေါက်လာကာ ဇာတ်လမ်း သဖွယ်သွားနေလေသည်။ "တောက် ...ငါထင်သလိုပဲ " အကြီးကဲဒေါသကြီးစွာဖြင့် တောက်ခေါက်လိုက်သည်။ကျန်သော အကြီးကဲများကလည်း ထိုပုံရိပ်များကိုကြည့်ရှူပြီးဒေါသထွက်နေ ကြသည်။သူတို့၏ထန်မိသားစုဝင်သည် အဘယ်ကြောင့်ဘယ်လို သေဆုံးကြရသည်ကိုယခုမှသိရှိခဲ့ကြခြင်းဖြစ်သည်။ "အခုလိုပါ လုပ်ပေးတဲ့အတွက် ကျနော်တို့ဘက်ကဘာလုပ်ပေးရမ လဲ မသိပါဘူးဗျ" ထန်အကြီးကဲလေးယောက်လုံး ဂျိတ်အားအရိုသေပြုကာ ပြော၏။ ထန်ဟောက်ကိုပြန်ခေါ်လာနိုင်ခြင်း ယခင်က ထန်မိသားစုပါရမီ ရှင်၏သေဆုံးရခြင်းအကြောင်းရင်းကို ဂျိတ်ကြောင့်သိရသော ကြောင့် ကျေးဇူးကြွေးကြီးတင်ရှိနေပြီဖြစ်၏။ . "ဘယ်လိုမှဆပ်စရာမလိုဘူး သူက ကျုပ်တပည့်အဖြစ်သူလက်ခံရင် ရပြီ" ဂျိတ်လည်းသူ၏လိုရင်းကိုတည့်ဒိုးပြောချလိုက်သည်။ "ဒါတော့မဖြစ်နိုင်ပါဘူး... သူက ကျနော်တို့ထန်မိသားစုရဲ့မျိုးဆက် ပါ ကျနော်တို့ပဲတိုးတက် အောင်လုပ်ပေးပါမယ် ကျန်တာကိုတောင်းဆိုပေးပါ ကျနော်တို့ တတ်နိုင်တာအစွမ်းကုန်လုပ်ပေးပါမယ်" ထန်အကြီးကဲများလည်း ငြင်းပယ်လိုက်ကြ၏။သူတို့ငြင်းရသည့် အကြောင်းရင်းရှိ၏။ပထမမှာ ဂျိတ်သည် တစ်ကိုယ်တည်း သွားလာ သူဟုထင်မှတ်သောကြောင့်ဖြစ်သည်။ တစ်ကိုယ်တည်းသွားလာသူထက် မိမိတို့ထန်မိသားစုမှ ထန်ဟောက် တိုးတက်နိုင်စေရန်အတွက် အရင်းမြစ်ပိုမိုထောက်ပံပေးနိုင်သည်ဟုထင်သောကြောင့်ဖြစ်၏။ နောက်တစ်ချက်ကား ဂျိတ်၏သိုင်းဝိညာဥ်အဆင့်ကိုသူတို့မသိသေး သောကြောင့်ဖြစ်၏။သူတို့သည် ဂျိတ်မည်မျှပင်အစွမ်းထက်ပါစေ သိူင်းအဆင့်ခြောက်ဆယ်ထက်မမြင့်နိုင်ဟုထင်မှတ်ထားကြလေ သည်။ "ကျနော်ကတော့ သူတပည့်ဖြစ်ချင်ပါတယ်" ထန်ဟောက်လေးမှ ချက်ချင်းဝင်ရောက်ပြောဆို၏။ "ထန်ဟောက် လွယ်လွယ်နဲ့မပြောရဘူး ဆရာအဖြစ်လက်ခံပြီးရင် မင်းရဲ့ဘဝတစ်လျှောက်လုံးက သူ့လက်ထဲမှာပဲ ဖြစ်သွားပါ အရေး ကြီးတယ် " ထန်အကြီးကဲများဝင်ဟန့်တား၏။ "ကျနော်ကတော့ ဘာပဲဖြစ်ဖြစ် သူ့တပည့်ဖြစ်ချင်တယ်." ထန်ဟောက်ကလည်း သန်ရာ​ပြော၏။ "ဟားဟား." "ကြည့်ရတာ ထန်အ​ကြီးကဲက ကျနော်ကို ထန်ဟောက်ကို တပည့် အဖြစ်ခန့်စေဖို့အရည်အချင်းမရှိဘူးထင်နေတယ် ပြီးတော့ ကျုပ်က တစ်ကိုယ်တည်းသွားလာသူလို့ထင်လို့ ထန်ဟောက်တပည့်လုပ်ချင် တာကိုငြင်းနေတာမလား" "ဟုတ်တယ် ကျုပ်တို့ကထန်ဟောက်တိုးတက်ဖို့အတွက် အရင်းမြစ် အစွမ်းကုန်ထုတ်ပေးပြီးလေ့ကျင့်စေမှာ အခုသူကစပြီးမသင်ယူရ ပေမဲ့ ထန်မိသားစုကလူမို့နောက်ဆိုတော်တော်ကြီးတိုးတက်လာမှာ သူ့ကိုဘိုးဘေးတုန်းကအဆင့်ထိမျိိုးရောက်အောင်လုပ်ပေးနိုင် တယ်" ထန်အကြီးကဲလည်း သူ၏ပြောဆိုချက်များကိုပြောပြလိုက်၏။သူ ထင်သည်မှာ သူပြောပြသည်နဲ့ တစ်ဖက်သားမှလူသည် လျော့သွား မည်ထင်နေသည်ဖြစ်သည်။ကျန်သောအကြီးကဲများသည်လည်း ထို နည်းအတိုင်းပင်ဖြစ်၏။ "ဟားဟားဟားဟား" ဂျိတ်သည် သူ့အားထိုသို့ပထမဆုံးဝေဖန်ရဲသူအား ကြည့်ကာ ရယ်မောလိုက်၏။ "ခင်ဗျားပြောတာမှန်တယ် ဒါပေမဲ့ခင်ဗျားကအရင်းမြစ်ထောက်ပံ နိုင်တယ်ဆိုပါဦးတော့ သူကလေ့ကျင့်မှရမှာလေ သူကသိုင်းဝိညာဥ် တောင်မရရှိရင် လေ့ကျင့်လို့ရမလား" "ဘာ" ထိုစကားကြောင့် ထန်အကြီးကဲများထိတ်လန့်သွားကြ၏။ "တကယ်ပြောနေတာလား" "ကျုပ်မလိမ်ဘူး စစ်ကြည့်" ဂျိတ်အပြောကြောင့် ထန်အကြီးကဲများလည်း ထန်ဟောက်အား စစ်ဆေးကြသည်။စစ်ဆေးသောအခါ ဂျိတ်ပြောသည့် ထန် ဟောက်၌သိုင်းဝိညာဥ်မရှိသည်ကိုတွေ့ကြလေသည်။ "ဘယ်လိုဖြစ်ပြီး " ထန်အကြီးကဲများဆက်မပြောနိုင်တော့။သိုင်းဝိညာဥ်သည် အရေး ပါသောအခြေ ခံတစ်ခုဖြစ်ရာ ထိုသိုင်းဝိညာဥ်မရှိပါက မည်မျှထော က်ပံနေပါစေမဖြစ်နိုင်ပေ။အကြီးကဲများ၏ခေါင်းများ ငိုက်စိုက်ကာ စိတ်ဓာတ်ကျသွား၏။ "ဘိုးဘိုးတို့စိတ်မညစ်နေနဲ့ ဆရာလုပ်ပေးနိုင်တယ်လို့ပြောဖူးတယ်" ထန်ဟောက် အကြီးကဲများကိုနှစ်သိမ့်သောစကားကြောင့် သူတို့ ခေါင်းများကဂျိတ်ထံလှည့်လာကြသည်။ "တ....တကယ်လား ဆရာ..." (အကြီးကဲဆို့ခေါ်သည့်ဆရာသည် ရို​သေတမူနဲ့ခေါ်ကာ ထန်ဟောက် ခေါ်သည့်ကသူ၏ဆရာအရင်းသဖွယ်ဖြစ်သည်။) "အင်း ကျုပ်လုပ်နိုင်တယ် တစ်ခုပဲရှိတယ် သူသာကျုပ်တပည့်ဖြစ် မယ်ဆိုရင် သိုင်းဝိညာဥ်ကိုသူ့ကိုပေးဖို့က လွယ်လွယ်လေးရယ်" ဂျိတ်လည်းပြောရင်းသူ၏သိုင်းဝိညာဥ်ဖြစ်သောတူကို ထုတ်ကာ သိူ င်းဝိညာဥ်ကွင်းများကို ထုတ်ဖော်ပြသလိုက်သည်။ "ဟ...အ....အ...အ...အနီရောင်တွေ" ထန်အကြီးကဲများ၏မျက်လုံးများက ပြူးကျယ်နေ၏။သူတို့၏အမူ ရာသည် သရဲနဲ့တွေ့ရသည့်ပမာ တုန်လှုပ်ခြောက်ခြားနေသည်။ "ဒဏ္ဏာရီလာနှစ်တစ်သိန်းကွင်းလေးကွင်းနဲ့ ကွင်းကကိုးကွင်းဆို တော့.....ဒဏ္ဏာရီထဲက တုံလူအဆင့်(lv 90)ပဲ" သူတို့၏စကားများပင်ထစ်ငေါ့ကုန်ကာ ပြာ​ပြာသလဲလဲဖြစ်သွား ကြ၏။ယခုချိန်၌ ဂျိတ်၏တူကိုင်ထားပြီး ဝိညာဥ်ကွင်းများ ကသူ့ အားဝန်းရံရှိနေပုံက သူတို့အားတုန်လှုပ်စေခဲ့သည်။သူ တို့၏မသိစိတ်ထဲတွင်လည်း အလိုလိုနေရင်း ချစ်ကြောက်ရိုသေ လာကြသည်။ ဂျိတ်၏ဝိညာဥ်ကွင်းဖော်ထုတ်လိုက်သည်နဲ့ ထန်မိသားစုခြံ ဝန်း၌ပြင်းထန်သောဝိညာဥ်ဖိအားက သက်ရောက်လာ၏။ထိုဖိအား ကြောင့် ထန်မိသားစုများလည်း တုန်လှုပ်သွားကြလေသည်။ ဂျိတ်လည်း အပြောထက်အလုပ်ကပိုထိရောက်ရာ အနီကွင်းနဲ့ ဝိညာ ဥ်ကွင်းကိုးကွင်းကို ထုတ်ပြလိုက်ခြင်းဖြစ်၏။သူထင်သလိုပင် ပြသ လိုက်သည်နဲ့ သူ့အားကြည့်သောအကြည့်များက လုံးဝပြောင်းလဲ သွားကြောင်းတွေ့ရလေသည်။ အနည်းငယ်ကြာမှ ဝိညာဥ်ကွင်းများကို ပြန်လည်ရုတ်သိမ်း လိုက်၏။ ထိုအခါမှထန်မိသားစုဝင်များလည်း သက်သာရာရကြလေသည်။ "ကဲ ယုံပြီလား" "ယုံပါတယ် ဆရာ ထန်ဟောက်မင်းဘာလုပ်နေလဲ သွားပြီးတပည့် အဖြစ်ခံယူလေ" အကြီးကဲများသည်ဂျိတ် ထန်ဟောက်ကိုမလက်ခံမည်ပင်စိုးရိမ်လာ လေသည်။တုံလူအဆင့်တစ်ယောက်ကို ထနိမိသားစုတစ်ယောက်မှ ဆရာအဖြစ်ရရှိလိုက်ခြင်းသည် မိမိတို့မိသားစုပါတိုးတက်မည်ဖြစ် သောကြောင့်ဖြစ်သည်။ထန်ဟောက် ဆရာရရှိပါက ထန်မိသားစုက ပါ ရရှိသလိုပင်ဖြစ်သည်။ ထို့ကြောင့် ထန်မိသားစုတိုးတက်ရာတွင်လည်း ဒုံးကျည်သဖွယ် တိုးတက်လာတော့မည်ဖြစ်၏။ဤသည်မှာ တုံလူအဆင့်ဆရာတစ် ယောက်ရှိခြင်း၏ကောင်းကျိုးပင်ဖြစ်လေသည်။ အပြောင်းလဲမြန်ဆန်သောအကြီးကဲများကြောင့် ထန်ဟောက်လည်း ရယ်မိ၏။ချက်ချင်းပင် ဂျိတ်၏ရှေ့သွားကာ တပည့်အဖြစ် တောင်းခံလိုက်၏။ဂျိတ်ကလည်း လက်ခံလိုက်၏။ "ကဲ မင်းကငါရဲ့ပထမဆုံးသောတပည့်ပဲ ငါ့နောက်လိုက်ကတည်းက စပြီး မင်းရဲ့ဘဝကလုံးဝပြောင်းလဲသွားပြီ." ထိုသို့ဆိုလိုက်သည်နဲ့ ထန်ဟောက်၏လက်၌ တက်တူးလေးတစ်ခု ပေါ်လာလေသည်။ထိုတက်တူးလေးသည် ဂျိတ်နဲ့ဆရာတပည့် အမှတ်သားပင်ဖြစ်လေး၏။တက်တူးပုံသည် လျှပ်စီးထနေသော တူတစ်လက်ပုံဖြစ်သည်။ ဤသို့နဲ့ဂျိတ်သည် ပထမဦးဆုံးသောတပည့်ကိုရရှိလိုက်ပြီ ဖြစ်သည်။

(149) ရှင်းလင်းချိန်တန်ပြီ

"ဟေး." ထန်မိသားစုအကြီးကဲသုံး၏ပါးစပ်မှ ပျော်ရွှင်လွန်း၍လွှတ်ခနဲထွက် သွား၏။ကျန်သောအကြီးကဲများကလည်း ထိုသို့လွတ်မထွက်လာ သော်လည်း သူတို့၏ရင်ထဲ၌အလွန်မင်းပျော်ရွှင်နေကြလေသည်။ ဂျိတ်ကလည်း သူတို့ပျော်နေသည်ကိုမနှောင့်ယှက်ပေ။သူတို့အား ပြသလိုက်သောစွမ်းအားသည် သူ၏စနစ်မှ သေးငယ်သောပမာဏ သာဖြစ်ကြောင်း သူတို့သိပါက ဝိညာဉ်ပင်ထွက်လောက်အောင် လန့် သွားမည်ဖြစ်သည်။ "ကောင်းပြီ မင်းကတပည့်ဖြစ်လာပြီဆိုတော့ စည်းကမ်းချက်ပြော ပြမယ်" "ဟုတ်" ထန်ဟောက်လည်း ခေါင်းညိတ်၏။ "စည်းကမ်းချက်ကများများစားစားမရှိဘူး တစ် ..သစ္စာမဖောက်ရဘူး နှစ်..မိသားစုဝင်အချင်းချင်းရိုသေလေးစားရမယ်ဒါပဲ" စည်းကမ်းချက်မှာရိုးရှင်းလွန်းသောကြောင့် ထန်ဟောက်လည်း နားလည်လေသည်။ "အဲ စည်းကမ်းကိုဖောက်ဖျက်လို့မရဘူး စည်းကမ်းဖောက်ရင် ပြင်းထန်တဲ့ပြစ်ဒဏ်ရှိတယ် သစ္စာဖောက်လို့ကတော့ မည်ကိုပြေး ပြေးလွတ်မှာမဟုတ်ဘူး" ထိုစကားနဲ့အတူ ဂျိတ်၏အော်ရာမှ ပြင်းထန်စွာထွက်ပေါ်လာသည်။ ထိုစကားနဲ့ထွက်ပေါ်လာသောဖိအားကြောင့် ထန်ဟောက်နဲ့ထန် အကြီးကဲများသည် ဂျိတ်နောက်နေသည်မဟုတ်မှန်းရိပ်စားမိသည်။ သူ၏စကားများအတိုင်း တကယ်လုပ်မည်ဖြစ်ကြောင်းပါ သိရှိ နိုင်သည်။ "ကဲ ပြောလို့ပြီးပြီဆိုတော့ ရော့ ထန်အကြီးကဲတစ် ဒါကိုယူလိုက် ထန်ဟောက်က ကျုပ်တပည့်ဖြစ်လာပြီဆိုမှတော့ ခင်ဗျားတို့လည်း မနစ်နာပါဘူး" ထန်အကြီးကဲတစ်လည်း ဂျိတ်ပေးသောအရာကိုယူလိုက်၏။ထို အရာသည် ရွှေ​ရောင်တောက်ပနေသော သတ္ထုလုံးလေးတစ်ခု ဖြစ်၏။ "ဒါဘာများလည်းဗျ..." "ဒါလား အရေးပေါ်သုံးတဲ့ပစ္စည်း အန္တရာယ်ကြုံလာရင်​ခင်ဗျားသွေး တစ်စက်နဲ့အသိမှတ်ပြုပြီး ပေါက်ခွဲလိုက် သိုင်းအဆင့်ကိုးဆယ်(တုံ လူအဆင့်)ရှိတဲ့ သားရဲလူဝံ ပေါ်လာပြီး ကာကွယ်ပေးလိမ့်မယ်" ."ဟေ" ထန်အကြီးကဲများအားလုံးမျက်လုံးပြူးကာထိတ်လန့်သွားကြ၏။ ထိုမျှတန်ဖိုးကြီးသော ပစ္စည်းအား ပေးသောကြောင့် လန့်သွားကြ သည်။ထန်အကြီးကဲတစ်လည်း သူ့လက်ထဲမှ ရွှေရောင်သတ္ထုလုံး လေးအား အမြတ်တနိုးထိန်းသိမ်းထားလိုက်သည်။ပျောက်ပြယ် သွားမည်ကိုပင် ကြောက်ရွံနေသည်။ "ထန်ဟောက်အတွက်လည်း စိတ်မပူနဲ့ကျုပ်ခေါ်သွားမယ် နောက် တစ်ခါသူပြန်ရောက်ရင် ခင်ဗျားတို့မမျှော်လင့်တဲ့အဆင့်ထိရောက် စေရမယ်" ထန်အကြီးကဲများသည်လည်း ထန်ဟောက်အား ပြောကြားသင့် သည်များပြောကြားကာ ဂျိတ်၏နောက်ထံသို့စေလွတ်လိုက်လေ သည်။ "ဆရာကြီး မနက်တောင်ရောက်နေပြီဆိုတော့ ကျနော်တို့ထန် မိသားစုမှ မနက်စာသုံးဆောင်ပေးပါဗျ" ညမှမနက်ခင်းပင်ရောက်ရှိသွားကြောင့် ထန်မိသားစု၏ပြောကြား ချက်ကိုလက်ခံလိုက်သည်။ .............. လင်းမိသားစုအိမ်တော် "ဘယ်လိုလဲ လွတ်လိုက်တဲ့သူတွေရဲ့အခြေနေဘယ်လိုလဲ" လင်းမိသားစုအကြီးကဲသုံးသည် သူ၏လူယုံတော်အားမေးမြန်း နေသည်။သူ၏လူယုံတော်သည် ဇောချွေးများစွာထွက်နေပြီး.. "ကျနော်တို့လူတွေအားလုံးသေကုန်တာပါ" ပြောနေရင်း သူတို့သေဆုံးသွားသောအဖြစ်ကိုပင် မြင်ယောင်နေ မိသည်။လူအုပ်ကြီးကား မိုးကြိုးများဆက်တိုက်ပစ်ချလာသည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်လာသည်နဲ့ တုန်လှုပ်လာပြန်သည်။ လင်းမိသားစုအကြီးကဲသုံးလည်း လူယုံပြောပြသော အကြောင်းရင်းအလုံးစုံကိုသိသောအခါ ထိတ်လန့်သွားလေသည်။ ကျောင်းကိုဖြဲသောလူစိမ်းသည် ထိုမျှအထိကြမ်းမည်ဟုသူတို့ပင်မ ထင်မှတ်မိခဲ့ကြပေ။ ကျန်သော အဖွဲ့သုံးဖွဲ့ကိုစေလွတ်သော လူများသည်လည်း သူတို့လူ များသေဆုံးကြောင်း သိရှိသွားကြလေသည်။ "မ..မဖြစ်ဘူး ငါတို့တောင်းပန်ရမယ်" ထိုစကားပြောသူကတော့ထန်မြို့မှ ကျောင်းအုပ်ကြီးပင်ဖြစ်၏။သူ သတင်းစုံစမ်းရန်လွတ်လိုက်သောအဖွဲ့က မထင်မှတ်စွာဖြင့် လောဘဇောကြီးမိရာ ဂျိတ်၏မိုးကြိုးလက်ချက်ဖြင့်ရှောသွားကြ လေပြီဖြစ်သည်။ "သူက ထန်မိသားစု မှရောက်နေတယ်လို့ကြားတယ်" "ဒါဆို ငါတို့သွားတောင်းပန်ကြစို့." စွေ့တိုင်းပြည်၏ နန်းတော်အတွင်း၌လည်း "ဘာ ငါတို့လူတွေသေသွားတယ်ဟုတ်လား" လက်ဖက်ရည်သောက်နေသော လူသည်ဆိုလိုက်၏။သူ၏ကိုယ် တွင် လည်း တောက်ပသောအဖိုးတန်သောအရာများဝတ်ဆင် ထား၏။သူသည်ကား တခြားသူမဟုတ် အိမ်ရှေ့မင်းသားတစ်ပင် ဖြစ်၏။ သူ၏လွတ်ထားသော သစ္စာခံအဖွဲ့သည် ဂျိတ်ကြောင့်သေဆုံးသွား ကြောင်း သူသိရှိလိုက်ရပြီဖြစ်သည်။ "အရှင်သူ့ကို ရှင်းလိုက်ရမလား" အထိန်းတော်မှ ပြော၏။ "မလိုဘူး သူ့ကိုငါတို့ဖက်ပါအောင်ခေါ်ရမယ်ဒါဆို ငါဖက်ကပို အင်အားတောင့်တင်းလာမှာ" "ကောင်းပါပြီ" အိမ်ရှေ့စံတစ်နေဖြင့် ဂျိတ်အားစိတ်ဝင်စားနေကြောင်းသိသာပေ သည်။စွေ့တိုင်းပြည်သည် ကြည့်လိုက်လျှင် အေးချမ်းသည်ဟုထင် ရသော်လည်း အပြိုင်အဆိုင်များပြင်းထန်လှပေသည်။အိမ်ရှေ့စံ တစ်နဲ့ နှစ်တို့သည် ထီးနန်းဆက်ဆံရန်အတွက် တိတ်တဆိတ်အပြင်း ထန်ပြိုင်ဆိုင်နေကြသည်ဖြစ်၏။ ထို့ကြောင့် အိမ်ရှေ့စံတစ်မှ ဂျိတ်ကို သူဖက်ပါအောင်စည်းရုံးချင် နေသည်ဖြစ်သည်။ "သွား သူမက်လောက်အောင် ကမ်းလှမ်းပြီးငါတို့ဖက်ကိုခေါ်လာခဲ့" အိမ်ရှေ့စံနှစ်သည်လည်း... "သွား ဂျိတ်ဆိုတဲ့သူကို ထိုက်ထိုက်တန်တန်ပေးကမ်းပြီး ငါတို့ဖက် ရအောင်ခေါ်လာခဲ့" နှစ်ဖက်လုံးကား အပြိုင်ဆိုင်ဖြစ်နေကြပြီဖြစ်၏။ ဂျိတ်ကတော့ ထန်မိသားစု၌ မနက်စာစားသောက်ပြီးသော အခါ ဟန်လင်းထံသွား၏။ထန်ဟောက်ကိုကား မိမိမခေါ်သွားခင် ထန် မိသားစု၌နေစေ၏။ ဟန်လင်းအိမ်၌ "ဟန်လင်း ဘယ်လိုနေလဲ" "သက်သာပါတယ် ဆရာ" ဂျိတ်အား စစ်သည်တော်လေးမှရိုသေစွာပြော၏။ထိုစစ်သည်တော် လေးသည် ဂျိတ်ပြောသောစကားကြောင့် သူ၏ဘဝခံယူချက် ပြောင်းလဲသွားသောကြောင့် ကျေးဇူးတင်နေသည်ဖြစ်သည်။ သူ၏သိုင်းဝိညာဥ်ဖြစ်သော ငွေ​ပြာမြက်ကို အထင်သေးမှုလုံးဝမရှိ တော့ပေ။ "ကောင်းပြီ" ဂျိတ်လည်း သူ၏ပခုံးအားသုံးချက်ပုတ်လိုက်၏။ ထိုပုခုံးသုံးချက်ပုတ်လိုက်ခြင်းက သူ၏ဘဝကိုပြောင်းလဲသွားစေ မှန်းသူမသိလိုက်ပေ။နောင်တွင်သူသည် အလွန်မင်းကြမ်းတမ်း သော ငွေပြာမြက်ပိုင်ရှင်ဖြစ်လာခဲ့လေသည်.။ "ဟန်လင်းဘယ်လိုလဲ" ဂျိတ်လည်း ဟန်လငိးအားမြင်သည်နဲ့မေး၏။ "ကောင်းနေပြီ" သူ၏အမူရာမှာ ပြန်လည်သက်သာလာကြောင်းတွေ့ရှိရသည်။ဝိညာ ဥ်စွမ်းအားအသုံးများသွားသောကြောင့်သာ ပြန်လည်ပြည့်တင်းရန် သာအချိန်စောင့်ရန်သာလိုအပ်သည်ဖြစ်သည်။ဟန်လင်းသည် ဂျိတ် အား ဆားပုလင်းအကြောင်းမေး၏။ဆားပုလင်းသည် ပြန်သွားပြီ ဖြစ်ကြောင်းပြောရာ သူ၏မျက်နှာမှာညိုးသွားသည်။ "ရော့ " "ဒါဘာလဲ ဂျိတ်" ဂျိတ်ပေးသောကျောက်တုံးကြောင့် သူမေးလိုက်သည်။ "မင်းလိုနေတဲ့သက်သေတွေပေါ့ ဒါဆိုစလို့ရပြီလား" ဟန်လင်းလည်း ဂျိတ်၏ပုံရိပ်ဖမ်းကျောက်တုံးအားဖွင့်ကာကြည့်ရှု လိုက်သည်။ကြည့်နေရင်းသူ၏မျက်လုံးများကတောက်ပလာသည်။ "ဟုတ်ပြီ ဒါဆိုရပြီ ကျနော်တို့ရှင်းလင်းချိန်တန်ပြီပေါ့"

(150) အိမ်ပြန်ရောက်ပြီ

ထန်မြို့တော်၏ချမ်းသာသောသူဌေးတစ်ဦး၏နေအိမ်၌သူဌေးသည် သူ၏ လူယုံကို မေးမြန်းနေလေ၏။ "မင်းသတင်းကသေချာလို့လား" "သေချာတယ် ကျနော်တို့ခေါင်းဆောင် မင်းတန်သေဆုံးသွားပါပြီ" ထိုစကားကြောင့်သူဌေးကြီး၏စိတ်လုံးဝတုန်လှုပ်သွားလေသည်။ သူသည် လော့ဂိုဏ်းမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်ကာ တရားမဝင် သည်များကို သူ၏တရားဝင်လုပ်ငန်းကိုဗန်းပြကာ ကူသန်း ရောင်းဝယ်လုပ်ရှားနေသူလည်းဖြစ်သည်။ မင်းတန်ဆုံးသည်ဆိုသောသတင်းကသူ၏လုပ်ငန်းကိုလည်း ထိခိုက်မှုရှိလာစေနိုင်သည်။မင်းတန်သည် လော့ဂိုဏ်းတွင် အရေး ပါသော နေရာတစ်ခုကိုပိုင်ဆိုင်ထားသူဖြစ်ရာ သူသေဆုံးသွားခြင်း က ဂိုဏ်း၏အကျိုးကိုထိခိုက်စေလေသည်။ "သူဌေးကြီး မော့ တံခါးဖွင့်ပါဦး" ထိုအသံကြောင့် သူဌေးမော့လည်း သူတုန်လှုပ်နေသောစိတ်ကို ဖုံးကွယ်ကာ သူ၏အစေခံအား သူ၏အပြင်၌တံခါးဖွင့်ရန်တောင်းဆိုနေသောသူထံသွားကာ တံခါး ဖွင့်စေ၏။ တံခါးဖွင့်လိုက်သည်နဲ့ "အကုန်လုံး ဒီအတိုင်းလေးနေပေးပါ ကျနော်တို့က နန်းတွင်းစုံစမ်း ရေးပါ" သူဌေးမော့၏မျက်လုံးများပြူးကျယ်လာ၏။အိမ်ထဲသို့ဝင်လာ သူများသည် ချပ်ဝတ်တန်ဆာများဖြင့်ဆင်ယင်ကာ သူတို့၏ပု ခုံး၌လည်း နန်းတွင်းစုံစမ်းရေးဟု တံဆိပ်ရှိလေသည်။ ("ငါတော့သွားပြီ") ထိုတံဆိပ်ကိုမြင်လိုက်သည်နဲ့ သူဘဝဆုံးပြီဖြစ်ကြောင်းရိပ်မိလိုက် သည်။သူထင်သလိုပင် "လိုနေတဲ့သက်သေတွေရပြီ ဒီအိမ်သားတွေအားလုံးကိုအကုန်ဖမ်း ပြီးခေါ်လာခဲ့" သူတို့လက်ထဲတွင်လည်း လော့ဂိုဏ်းနဲ့ပတ်သတ်သော စာရွက်စာတမ်းများ ကုန်စာရင်းအချက်လက်များရှိနေလေ၏။ အိမ်အပြင်၌ကျန်ရှိနေသော စစ်သည်များအား နန်းတွင်းစုံစမ်းရေး အဖွဲ့များကအမိန့်ပေးလိုက်သည်။စစ်သည်များလည်း အမိန့် အတိုင်း ခေါ်ဆောင်သွားကြ၏။ "ဒီနေရာတော့ပြီးပြီ ဆက်ပြီး သူဌေးလော့အိမ်သွားကြစိို့." ထိုစကားကြောင့် အဖမ်းခံလိုက်ရသောသူဌေးမော့သည် အကြောင်းရင်းကိုသိရှိလိုက်ရပြီဖြစ်၏။သူတို့သည် မိမိအား အကြောင်းမဲ့စစ်ဆေးဖမ်းခြင်းမဟုတ် လုံးဝတိကျသောသတင်း အစုံလင်ကိုရလာသောကြောင့် ဖြစ်ကြောင်း သိရှိလိုက်ရ၏။ ထန်မြို့ထဲတွင်ကား လုံးဝပွက်လောရိုက်နေပြီဖြစ်၏။ညက ပြင်းထန် သောတိုက်ပွဲတစ်ခုဖြစ်ပွားကြောင်း ပေါက်ကွဲသံများ နဲ့မိုးကြိုးများပါ ပါကြောင်း မင်းတန်ပါသေဆုံးသွားကြောင်းသတင်းများပင်ဖြစ်၏။ နောက်မကြာမီအချိန်တွင်းမှာပင် သူဌေးနှစ်ဦးဖြစ်သော မော့နဲ့လော့ တို့သည် နန်းတွင်းစုံစမ်းရေးအဖွဲ့၏ဖမ်းဆီးခြင်ကို ခံရကြောင်း ပါ ထွက်လာရာပိုမိုပွက်လောရိုက်ခတ်သွား၏။ "သိပြီးပြီလား သူဌေးနှစ်ယောက်လုံးက လော့ဂိုဏ်းကတဲ့" "ဘာတကယ်လား " "တကယ်ပေါ့ ငါသေချာကြားလာတာ" "ဒါဆို နည်းတောင်နည်းသေးတယ် သေအောင်သတ်လိုက်ကြရမှာ" အစကသူဌေးနှစ်ဦးအား စိတ်ပူပေးကြသော်လည်း လော့ဂိုဏ်း ဟူသောအသံကြားသည်နဲ့ ထိုနှစ်ယောက်အား ထန်မြို့မှလူများက လုံးဝကိုမုန်းတီးသွားကြလေသည်။ ဟန်လင်း၏လုပ်ဆောင်ချက်ကား ပြင်းထန်လှ၏။ဂျိတ်၏ကူညီမှု ကြောင့် ခိူင်လုံသောသက်သေအထောက် ထားများရရှိသည်နဲ့ အထက်သို့တင်ပြ၏။သက်သေခိုင်လုံနေသည် ဖြစ်ရာ အထက်ကလည်း တုံဆိုင်းမနေတော့ ချက်ချင်းဆိုသလို နန်း တွင်းစုံစမ်းရေးကို စေလွတ်၏။ ထိုနန်းတွင်းစုံစမ်းရေးသည် ဟန်လင်းထံမှရသောသတင်းအချက် များအရ တောက်လျှောက်ဖမ်းဆီးခြင်းစတော့၏။ "သူတို့အလုပ်လုပ်နေကြလား" "ဟုတ်တယ် တောက်လျှော​က်ကို အလုပ်လုပ်နေ​တယ်ဆရာ" စစ်သည်တော်လေးက ဟန်လင်းအားတင်ပြ၏။သူတို့ဆိုသည်မှာ နန်းတွင်းစုံစမ်းရေးများပင်ဖြစ်သည်။ "ဒါဆိုရင် ငါတို့အချိန်ရောက်ပြီ" ဟန်လင်းလည်း တရားစီရင်ရေးမှ စစ်သည်များကိုခေါ်ဆောင်ကာ ထွက်လာခဲ့သည်။သူသွားနေသောနေရာကား သူဒီမြို့ကိုရောက် အောင် လုပ်ခဲ့သော အဓိကမစ်ရှင်တစ်ခုကြောင့်ပင်ဖြစ်သည်။ယခု လည်းထိုမစ်ရှင်ကိုအပြီးသတ်ရန်ဖြစ်သည်။ "လင်းမိသားစုအကြီးကဲနှစ်ရှိလား ဟိန်းထွက်လာသောအသံကြောင့် လင်းမိသားစုအိမ်တော်တစ်ခုလုံး ထိတ်လန့်သွား၏။ "ဘာလို့လာရှာတာလဲရှင့် အကြောင်းရင်သိရမလား" လင်းအာမှ ဟန်လင်းအားမေးလိုက်၏။ "ဟုတ်တယ်အကြောင်းရင်းကိုပြောပြပြီးမှ ရမယ်" လင်းရုံကလည်း ဝင်ရောက်ပြော၏။သူ၏ဒဏ်ရာသက်သာလာ သောကြောင့် လှုပ်ရှား၍ရနေပြီဖြစ်သည်။ "အကြောင်းရင်းလား လွန်ခဲ့တဲ့ဆယ့်နှစ်နှစ်က ထန်မိသားစုကပါရမီ ရှင်စုံတွဲသေဆုံးမှုမှာ ပတ်သက်မှုရှိတယ် သတင်းရလို့ လာဖမ်းတာ ပဲ" ထိုအသံက မကျယ်သော်လည်း လင်းမိသားစုတစ်ခုလုံးကို တုန်လှုပ် စေရန်လုံလောက်ပေသည်။ "ဘာမဖြစ်နိုင်တာ" လင်းအာလည်း ထိတ်လန့်သွားသည်။ထိုကိစ္စသာမှန်ကန်ပါက ပြသ နာသည်လုံးဝသေးငယ်နေမည်မဟုတ်သလို ထန်မိသားစုမှငြိမ်နေ မည်မဟုတ်ပေ။ "ပြီးတော့လင်းရုံ မင်းလည်းပါတယ် မင်းကသူတို့ရဲ့သားထန် ဟောက်ကိုလုပ်ကြံခိုင်းစေမှုနဲ့ ဖမ်းရမယ်" ထိုစကားကြောင့် လင်းရုံထွက်ပြေးရန်လုပ်ဆောင်လိုက်၏။ သူ၏အတွေ့ကြုံမှာနုသေးရာ ဟန်လင်းလည်း "ဒိုင်း" ."အား" ဟန်လင်း ပစ်ခတ်လိုက်သောကြောင့် လင်းရုံသူ၏ပေါင်သည် ရုတ်တရက်ပူပြင်းလာသည်ဟုခံစားရကာ ပြေးနိုင်ခြင်းမရှိတော့ ပေ။ "ထွက်ပြေးလို့ပစ်ခတ်ဖမ်းဆီးလိုက်တယ် သွား လင်းမိသားစု အကြီးကဲနှစ်ကိုပါဖမ်း" ဟန်လင်းကား သူ၏အစီစဥ်တိုင်းဆက်လက်လုပ်ဆောင်နေသည် ဖြစ်သည်။ ဂျိတ်လည်း မပြန်ခင် ထန်မြို့တော်အားတစ်ကိုယ်တည်းပတ်၍ကြည့် ရှုနေ၏။ထိုသို့ပတ်ရှုနေသောသူသည် ထန်မြို့တော်ကိုလှုပ်ခတ်စေသူ ဟု မည်သူကမျှထင်ကြမည်မဟုတ်ပေ။ ဂျိတ်လည်း ထန်မြို့တော်အားပတ်ကြည့်ပြီးသည်နဲ့ ထန်ဟောက်အား ခေါ်ရန် ပြန်ရန်လမ်း၌ "ဆရာ စောင့်ပါဦး" ဂျိတ်လည်း ကြည့်လိုက်ရာသူ့အားတစ်ယောက်မှပြေးလွှားကာခေါ် နေမှန်းသိလိုက်သည်။ "မင်းက ထန်ကျောင်းတော်ရဲ့ကျောင်းအုပ်ကြီးဖြစ်ရမယ်" "ဟုတ်ပါတယ် ကျနော်ပါပဲ ကျနော်အပြစ်ရှိမှန်းကျနော်သိပါတယ် ဒါ ကြောင့်လာပြီးတောင်းပန်တာပါဗျ" အကြောင်းရင်းကိုဆက်လက်ပြီးပြောမနေတော့ပေ။ဂျိတ်သိနေပြီ ဟုထင်သောကြောင့်ဖြစ်၏။တကယ်လည်း ဂျိတ်ကသိနေပြီးသား ဖြစ်သည်။ "မင်းစုံစမ်းဖို့လွတ်လိုက်တဲ့ အဖွဲ့ကဘယ်ကလဲ" "သူတို့က ကုန်သွယ်ရေးအဖွဲ့စည်းကြီးကပါ" "မင်းအပြစ်မင်းသိနေတယ်ဆိုတော့ မင်းထန်မိသားစုကိုငါးနှစ်တိတိစောင့်ရှောက်ရမယ် ဒါဆိုငါခွင့်လွတ်ပေးမယ့်ပြီးတော့ ငါဝိညာ ဥ်ရိုးလဲပေးမယ်" "..." ကျောင်းအုပ်ကြီးပြန်လည်ပြောရန်ပင် ဆွံအသွား၏။သူအား အပြစ်ပေးသည်က ထိုမျှသာဖြစ်မည်ဟုမထင်မှတ်ထားသောကြော င့်ဖြစ်၏။ပြီးတော့ဝိညာဥ်ရိုးပေးမယ်ဟု စကားကသူ၏ချက် ကောင်းအား ထိမှန်စေလေ၏။ "ကောင်းပါပြီ ကျနော်လက်ခံပါတယ်" "ဒါဆိုရော့" ကျောင်းအုပ်ကြီးလည်း ဂျိတ်ပေးသည်ကိုဖမ်းလိုက်ရာ သူ့နဲ့အလွန် ပင်ကိုက်ညီသောဝိညာဥ်ရိုးဖြစ်ကြောင်းတွေ့ရှိရလေသည်။ "ချက်ချင်းကြီးပေးလိုက်တယ်နော် ကျုပ်ထွက်ပြေးသွားမှာမ ကြောက်ဘူးလား" "စမ်းကြည့်လေ ကျုပ်လက်ထဲကအသက်ရှင်လျက်နဲ့ထွက်သွားနိုင် ရင် နောက်ထပ်ဝိညာဥ်ရိုးတစ်ခုတောင်ဆုချလိုက်ဦးမယ်" "ကျုပ်ကဒီအတိုင်းပဲပြောကြည့်တာပါဗျ" ကျောင်းအုပ်ကြီးလည်း ကြ က်သီးမွှေးညင်းများထလာလေသည်။ ဂျိတ်၏အစွမ်းအကြောင်းကို ကြားဖူးပြီးသားဖြစ်ရာ ဂျိတ်၏စကား ကိုယုံကြည်သည်။ "သွားတော့ ကျုပ်ပြောတဲ့အတိုင်းသာလုပ်ပါ" "ကျေးဇူးပါ" ကျောင်းအုပ်ကြီးလည်းထွက်သွားသည်နဲ့ ဂျိတ်လည်းထန်ဟောက် ထံပြန်လာလေ၏။ရောက်ရန်လမ်းတစ်ဝက်မှာပင် နောက်ထပ်သော လူနှစ်ယောက်သည် ဂျိတ်၏ရှေ့၌ပိတ်ရပ်နေ၏။သူတို့ ကိုယ်၌လည်းအကောင်းဆုံးသော အဝတ်တန်ဆာများဆင်ယင် ထား၏။ "ခင်ဗျားတို့ကောဘာလဲပြော" "ကျုပ်က အိမ်ရှေ့မင်းသားတစ်ရဲ့ လူယုံပဲ မင်းသာကျုပ်အရှင့်ရဲ့ အရိပ်ထဲဝင်ခစားမယ်ဆိုရင် မင်းကျုပ်တို့လူတွေကိုသတ်ခဲ့တာမေ့ ပြီး ခွင့်လွတ်ပေးမယ်ပြီးတော့ ထိုက်ထိုက်တန်တန်ချီးမြင့်မြောက် စားမယ်" "ကျုပ်ကတော့ အိမ်ရှေ့စံနှစ်ရဲ့လူ သူပြောသလိုပဲ ကျုပ်ရဲ့အရှင်ကို ခစားရင် ကျုပ်တို့လူကိုသတ်တာကိုမေ့ပေးမယ် ပြီးတော့သူပြောတဲ့ အခွင့်ရေးထက် နှစ်ဆပေးမယ် ရာထူးပါဝါအာဏာ မိန်းမလား ကြိုက်တာရစေရမယ်" မိမိအား လာရောက်စည်းရုံးနေသည်ဖြစ်ကြောင်းဂျိတ်သိလိုက်ရပြီ ဖြစ်သည်။မိမိ၏အစွမ်းကြောင့် လာရောက်သိမ်းသွင်းနေမှန်း ရိပ်စားမိသည်။ "ဟားဟား ဟားဟား" ဂျိတ်အားလာရောက်ဆွဲဆောင်သောကြောင့်ရယ်မောမိသည်။သူ တွင်စနစ်တစ်ခုလုံးရှိနေရာ အဘယ်ကြောင့် ထိုအသေးမွှလေးကို ဂရုစိုက်နေရမည်နည်း။ "မင်းတို့နှစ်ယောက်လုံး မင်းတို့အရှင်ဆိုတာကိုပြောလိုက် ဘယ်သူ့ ကိုမှ ခစားနေဖို့အကြောင်းမရှိဘူးလို့" "မင်းကများမောက်မာနေလိုက်တာ" ထိုလူနှစ်ယောက်လုံး ဒေါသထွက်သွားကြ၏။သူတို့သည်ထိိုသို့ဘဝ မြင့်သောလူအားပထမဆုံးမြင်ဖူးကြသည်ဖြစ်သည်။လူတိုင်းနီးပါး ထိုအကြောင်းကြားပါက အလုယှက်ဝင်ကြမည်ဖြစ်သော်လည်း သ ကောင့်သားကတော့ငြင်းဆန်နေသည်.။ "ဘာလဲ မကျေနပ်ရင် ဒီမှာရှင်းမယ်လေ" ထိုစကားကြောင့် နှစ်ယောက်လုံး ဂျိတ်အားစောဒကမတက်ရဲတော့ပဲ ပြန်သွားကြ၏။သူတို့နှစ်ယောက်လုံးသည် ဂျိတ်၏ပြိုင်ဖက်မဖြစ်နိုင် မှန်းသိထားသောကြောင့်ဖြစ်၏။ ထိုအခါမှဂျိတ်လည်း ထန်မိသားစုသို့ရှောရှောရူရူရောက်ရှိသွား၏။ ထန်ဟောက်အားခေါ်ကာ ထန်မြို့ပြင်သို့ထွက်လာလိုက်၏။ မြို့ပြင်သို့ရောက်သောအခါ "ထန်ဟောက်ငါ့လက်ကိုသေချာကိုင်ထား" ထန်ဟောက်လည်း ဂျိတ်၏လက်ကိုသေချာကိုင်ထား၏။ "အိမ်ပြန်မယ်" ("ကောင်းပါပြီ တည်နေရာ​ပြောင်းခြင်းအသက်သွင်းပါပြီ") စနစ်လည်းဂျိတ်နဲ့ထန်ဟောက်တို့အား တည်နေရာပြောင်းရွေ့သည် ကိုအသက်သွင်းပေးကာ ကူ​ပြောင်းပေးလိုက်သည်။ "ဒါဘယ်နေရာလည်း" ထန်ဟောက်လည်းရုတ်ခြည်းဆိုသလို နေရာသစ်သို့ရောက်လာသော ကြောင့် မေးလိုက်သည်။ "ဒါလား ဆရာ့ရဲ့အိမ်ပေါ့" ထန်ဟောက်အားပြောပြ၏။ "ဟူး ငါလည်းအိမ်ပြန်ရောက်ခဲ့ပြီ"

All Chapters