← Chapters

အဇူရာတိမ်ဂိုဏ်းဆီဆင်းလာသော မွန်းစတားများ

Vol. 25 Ch. 261

အဇူရာတိမ်ဂိုဏ်းဆီဆင်းလာသော မွန်းစတားများ

Vol. 25 Ch. 261

ဘုန်းတော်ကြီးကျင်းရှန် အလျင်အမြန်ပင် တောင်တစ်သိန်းတောင်တန်း၏ နယ်စပ်သို့ ရောက်ရှိလာခဲ့သည်။ သူအထဲကိုတော့ အလွယ်တကူ၀င်မသွားရဲခဲ့ပေ။

သူအဆုံးမဲ့သောတောင်တန်းကြီးကိုတစ်ချက်ကြည့်လိုက်ပြီးနောက် တောင်အနက်ပိုင်းထဲသို့ နတ်အာရုံလွှင့်၍ ပြောလိုက်၏။

“ကွေ့ယွမ်ဘုရားကျောင်းက ကျင်းရှန်မှာ မိတ်ဆွေတို့နဲ့ ဆွေးနွေးစရာကိစ္စတစ်ခုရှိနေပါတယ် ရိုးကျိုးစွာနဲ့ ဧည့်တွေ့ခွင့်တောင်းပါရစေ”

တောင်းတစ်သိန်းတောင်တန်းကြီးက သူပြောတာဘာကိုမှမကြားလိုက်ရသလို တိတ်ဆိတ်နေခဲ့သည်။

တခဏအကြာတွင် တောင်အစပ်မှ မျောက်လေးတစ်ကောင်ခုန်ထွက်လာခဲ့၏။

ထိုသည်ကိုမြင်သောအခါ ကျင်းရှန်ပြောလိုက်ပြန်သည်။

“ကိုယ်တော့်မှာ မိတ်ဆွေတို့ရဲ့ ဂျူနီယာတွေထဲကတစ်ယောက်ဖြစ်တဲ့ ကျားတစ်ကောင်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်ရှိနေပါတယ်”

သူ့နတ်အာရုံ ပျံ့လွင့်ပြီးသွားပြီးနောက်တွင်တော့ တောင်ထဲမှ ကြမ်းကြုတ်လှသောအရှိန်အဝါလှိုင်းကြီးများ ထွက်ပေါ်လာခဲ့၏။

တခဏအကြာတွင် တောင်အနက်ပိုင်းထဲမှ ခါးကျယ်ကျယ် လက်မောင်းတုတ်တုတ်နှင့် လူထွားကြီးတစ်ယောက် ခုန်ထွက်လာခဲ့လေသည်။ သူကျင်းရှန်ကိုစိုက်ကြည့်ကာ မေးလိုက်၏။

“မင်းမှာဘာသတင်းရှိတာလဲ”

ထိုလူ့ဆီမှထွက်ပေါ်နေသော အားကောင်းလွန်းသည့် မိစ္ဆာအရှိန်အဝါကြောင့် ထိုလူသည် ကြောက်စရာ မွန်းစတားတစ်ကောင်ဖြစ်မှန်း ကျင်းရှန် သိသွားခဲ့သည်။ သူအမြန်ပြောလိုက်၏။

“မနှစ်တုန်းက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ဖွင့်တော့ အဇူရာတိမ်ဂိုဏ်းက ကျားတစ်ကောင်ကိုခေါ်ပြီး အထဲကို၀င်သွားခဲ့ပါတယ်

အစကတော့ ကိုယ်တော်တို့လည်း အဲ့ဒီကျားကို သာမန်ကျားပဲလို့ထင်ပြီး သိပ်အရေးမလုပ်မိခဲ့ကြဘူး

ဒါပေမယ့် တိုက်ပွဲကွင်းပြင်ပိတ်သွားတဲ့အခါ အဇူရာတိမ်ဂိုဏ်းဘက်မှာ အဲ့ဒီကျားပြန်ပါမလာတော့ဘူး ကျားအစား သန့်စင်တဲ့ယန်အရှိန်အဝါနဲ့ လူငယ်တစ်ယောက် ပြန်ပါလာခဲ့တယ် သူက သူ့အရှိန်အဝါကို ဖုံးကွယ်ထားပေမယ့် မွန်းစတားတစ်ကောင်ရဲ့ အရှိန်အဝါက ဖုံးကွယ်ထားလို့မရဘူး

ဒီကမ္ဘာမှာ တောင်တစ်သိန်းတောင်တန်းမှာပဲ မွန်းစတားတွေကရှိတာလေ

အဲ့တာကြောင့် ဒီသတင်းကိုမိတ်ဆွေတို့ကို မပေးလို့မဖြစ်ဘူးလို့ တွေးမိလို့ လာခဲ့တာပါ”

“အဇူရာတိမ်ဂိုဏ်း!” လူထွားကြီးအေးစက်စက်နှာခေါင်းရှုံ့လိုက်လေသည်။

“သူက ငါတို့တောင်တစ်သိန်းတောင်တန်းက မွန်းစတားဆိုတာ မင်းကဘာလို့သေချာသိနေရတာလဲ အခြား လူပုံစံပြောင်းထားတဲ့ သားရဲတစ်ကောင်ကောင်ရော ဖြစ်မနေနိုင်ဘူးလား”

ကျင်းရှန်အသာအယာပြုံးလိုက်၏။

“ဘာလို့လဲဆိုတော့ အဲ့ဒီကျားက သေမျိုးဆက်ကို အမွေဆက်ခံထားလို့ပဲ

တိုက်ပွဲကွင်းပြင်ထဲမှာ တစ်ယောက်ယောက်က အဲ့ဒီကျားတိုက်ခိုက်တာကို သတိထားမိခဲ့တယ်”

တကယ်တော့ ကျင်းရှန် ဟူတလီတိုက်ခိုက်မှန်းတစ်ခါမှ မကြားခဲ့ဖူးပေ။ ထိုကျားကို တောင်တစ်သိန်းတောင်တန်းမှမွန်းစတားဖြစ်စေရန် သူအသေးစိတ်ဇာတ်လမ်းများထွင်၍ လျှောက်ပြောနေခြင်း ဖြစ်သည်။

အဇူရာတိမ်ဂိုဏ်းထဲက မွန်းစတားတွင် သွေးမျိုးဆက်ပိုင်ဆိုင်ထားမှန်း သိသွားသောအခါ လူထွားကြီးကိုယ်မှ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

သူဒေါသထွက်သွားမှန်း ထင်ရှားလှသည်။

“ဒီကိစ္စသတင်းပို့ပေးတဲ့ ကွေ့ယွမ်ဘုရားကျောင်းကို ငါတို့မှတ်ထားမှာပါ” လူထွားကြီး ကျင်းရှန်ကိုတစ်ချက်ကြည့်ပြီးသည့်နောက် တောင်နက်ပိုင်းထဲသို့ ပြန်ခုန်၀င်သွားဖို့ လှည့်လိုက်၏။

ထိုစဉ် ကျင်းရှန် အမြန်ပြောလိုက်သည်။

“မိတ်ဆွေက တောင်တစ်သိန်းတောင်တန်းထဲကမထွက်တာကြာပြီဆိုတော့ အပြင်ဘက်ကအခြေအနေတွေကို မသိဘူးထင်တယ်

အဇူရာတိမ်ဂိုဏ်းက မိတ်ဆွေထင်သလောက် မရိုးရှင်းဘူး

အဇူရာတိမ်ဂိုဏ်းမှာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁ယောက်ရှိတဲ့အပြင် မိစ္ဆာအရှင် ၁၅ယောက်လည်း ရှိနေတယ် သူတို့တစ်ယောက်ချင်းစီက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ပညာရှင်တစ်ယောက်နဲ့ ညီမျှတယ်

အဲ့တာကြောင့် အဇူရာတိမ်ဂိုဏ်းမှာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၆ယောက်ရှိတယ်လို့ ပြောလို့ရတယ်”

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၆ယောက်ဟုကြားသောအခါ လူထွားကြီးပင် တောင့်တင်းသွားခဲ့၏။

ဒီကမ္ဘာပေါ်တွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၆ယောက်ကို လျစ်လျုရှုထားနိုင်သော အင်အားစု မရှိပေ။

သူပြန်လှည့်လာကာ ကျင်းရှန်ကိုအေးစက်စက်ကြည့်၍ ပြောလိုက်သည်။

“ကြည့်ရတာ မင်းရည်ရွယ်ချက်က သတင်းလာပို့ရံုလောက် မရိုးရှင်းဘူးထင်တယ်”

ကျင်းရှန်ပြုံး၍ ပြန်ပြောလိုက်၏။

“လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက မိစ္ဆာတွေကျူးကျော်လာတော့ ဂိုဏ်းတိုင်းရဲ့ စီနီယာတွေက မိစ္ဆာတွေကို ဖိနှိပ်ဖို့ သူတို့ကိုယ်သူတို့စတေးပြီး အဇူရာတိမ်ဂိုဏ်းအောက်ခြေမှာ မြှုပ်နှံခံခဲ့ရတယ်

ဒါပေမယ့် နှစ်တစ်ထောင်ကြာပြီးတဲ့နောက် ဘိုးဘေးတွေရဲ့ အမုန်းတရားကို‌ေမ့‌ေလျာ့ပြီး အဇူရာတိမ်ဂိုဏ်းက အဲ့ဒီမိစ္ဆာတွေကို လွှတ်ပေးလိုက်တယ်

ကိုယ်တော်တို့ဂိုဏ်းတွေကတော့ အဲ့ဒီမိစ္ဆာတွေကို အမြစ်ပြတ်သုတ်သင်ပစ်ဖို့ပဲ ဆုံးဖြတ်ထားပါတယ်

ဒါပေါ့ အဇူရာတိမ်ဂိုဏ်းရဲ့ သစ္စာဖောက်မှုကိုလည်း မေ့ထားလို့မရဘူး သူတို့ကို ကျိန်းသေ‌ေပါက်အပြစ်ပေးရမယ်”

“ဒါပေမယ့် မိစ္ဆာတွေကကြောက်စရာကောင်းလွန်းတယ် ငါတို့ဂိုဏ်းတွေအားလုံးပူးပေါင်းလိုက်ရင်တောင် သူတို့အကုန်လုံးကို သုတ်သင်ပစ်ဖို့က မဖြစ်နိုင်သေးဘူး

အဲ့တာကြောင့်ပဲ မိတ်ဆွေတို့ဆီက ဆက်သွယ်ဖို့ ရောက်လာခဲ့တာပါ

အတူတူအလုပ်လုပ်ပြီး ဒီကိစ္စကို ဖြေရှင်းကြရအောင်ပါ

ကိုယ်တော်တို့ဘက်ကတော့ အားလုံးပြင်ဆင်ပြီးပြီ မွန်းစတားတွေပူးပေါင်းဖို့ပဲ လိုတော့တာ”

“ဟမ့်” လူထွားကြီး နှာခေါင်းရှုံလိုက်သည်။

“ဆိုတော့ မင်းတို့က ငါတို့ကိုမင်းတို့အတွက်လမ်းရှင်းပေးစေချင်တာလား”

“မဟုတ်ပါဘူး မဟုတ်ပါဘူး” ကျင်းရှန် အမြန်ပြောလိုက်၏။

“ကိုယ်ဝောာ်တို့စိုးရိမ်တာက ကိုယ်ဝောာ်တို့တိုက်ခိုက်တဲ့အခါ အဲ့ဒီကျားမိစ္ဆာကိုထိခိုက်မိပြီး မိတ်ဆွေတို့နဲ့ ကိုယ်တော်တို့ရဲ့ ဆက်ဆံရေး ပျက်ဆီးသွားမှာကိုပါ”

တကယ်တော့ သူဘယ်လိုပြောပြော သူ့ရည်ရွယ်ချက်က မွန်းစတားများကိုလမ်းရှင်းပေးစေချင်ရုံဖြစ်မှန်း သိသာလွန်းလှသည်။

လူထွားကြီးကလည်း ထိုအချက်ကိုနားလည်၏။

“ဒီမှာ ခဏစောင့်ပေးပါ ကျုပ်အမြန်ဆူံ အဖြေပြန်ပေးမယ်”

ပြောပြီးသည်နှင့် သူတောင်အနက်ပိုင်းထဲ ခုန်၀င်ပျောက်ကွယ်သွားခဲ့လေသည်။

ဘုန်းတော်ကြီးကျင်းရှန် အပြင်ဘက်တွင်သာ စောင့်ကျန်ရစ်ခဲ့၏။ အကယ်၍ မွန်းစတားများသာ ပူးပေါင်းလာခဲ့လျှင် အဇူရာတိမ်ဂိုဏ်းက ပြဿနာဖြစ်မလာနိုင်တော့မှန်း သူကောင်းကောင်းကြီး သိနေခဲ့သည်။

သူစောင့်ပြီး မကြာခင်တွင် တောထဲမှ ပုံရိပ်များထွက်ပေါ်လာခဲ့ကြ၏။

ပုံရိပ်တစ်ခုက သူခုနကတွေ့ဆုံခဲ့သော လူထွားကြီးဖြစ်ပြီး နောက်ပုံရိပ်တစ်ခုကတော့ လူထွားကြီးနောက်တစ်ယောက် ဖြစ်သည်။

ကျန်နှစ်ယောက်ကတော့ အသက်အရွယ်ကြီးရင့်‌ေန‌ေသာ အကြီးအကဲကြီးနှစ်ယောက်ဖြစ်ကာ ထိုနှစ်ယောက်လုံး၏ ဆံပင်များက ဖြူဖွေးနေခဲ့ဧ။်။

လူထွားကြီးနှစ်ယောက်လုံး၏ ခန္ဓာကိုယ်မှအရှိန်အဝါများက အံ့အားသင့်စရာကောင်းလောက်အောင် သန်မာအားကောင်းနေသော်လည်း အဖိုးကြီးနှစ်ယောက်ကတော့ လမ်းပေါ်တွင်လျှောက်သွားနေသည့် သာမန်အဖိုးကြီးများနှင့်သာ ပိုတူပေသည်။

သို့သော် ထိုအဖိုးကြီးနှစ်ယောက်ဆီမှ အန္တရာယ်ခံစားချက်မျိုးကို ကျင်းရှန် ခံစားမိနေခဲ့၏။

ပထမလူထွားကြီး ပြောလိုက်သည်။

“အဇူရာတိမ်ဂိုဏ်းဆီ သွားကြစို့”

“ကျေးဇူးပြုပြီး” ကျင်းရှန် အမြန်ပြန်ပြောလိုက်၏။

ပုံရိပ်လေးခုက လျင်မြန်စွာပင် အဇူရာတိမ်ဂိုဏ်းရှိရာအရပ်ဆီ တဟုန်ထိုး ပျံသန်းသွားနေခဲ့သည်။

ထိုအချင်းအရာကိုမြင်သောအခါ ကျင်းရှန် အမြန်ပြောလိုက်၏။

“ကျေးဇူးပြုပြီး မလောကြပါနဲ့ ကိုယ်ဝောာ်တို့စုရပ်က ၀မ်လင်းဂိုဏ်းမှာပါ အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲကို ကိုယ်တော်တို့အားလုံးအတူတူ၀င်ရင် ပိုပြီး ဘေးကင်းနိုင်ပါလိမ့်မယ်”

လူထွားကြီး အေးစက်စက်ပြန်ပြောလိုက်သည်။

“မင်းလည်း မင်းကိစ္စနဲ့မင်း ငါတို့လည်းငါတို့ကိစ္စနဲ့ငါတို့”

အခြားလူထွားကြီးတစ်ယောက် ခပ်ဟဟရယ်မောလိုက်၏။

“ငါတို့က အရူးတွေလို့ ထင်နေလား ငါတို့ကိုမင်းတို့ဘက်က ၀င်တိုက်ခိုက်စေချင်နေတာလား ရှင်းရှင်းလင်းလင်းပြောထားလိုက်မယ် ငါတို့‌ဒီနေရာမှာရှိနေတာက ငါတို့လူကိုငါတို့ပြန်ခေါ်ဖို့ပဲ ငါတို့လူအန္တရာယ်ကင်းရင်ရပြီ ကျန်တာက ငါတို့နဲ့မဆိုင်ဘူး ဘုန်းကြီးလေး ကိုယ့်ကိစ္စကိုယ်လုပ်”

ကျင်းရှန် အမြန်ပြောလိုက်သည်။

“မိတ်ဆွေတို့လူက ထိခိုက်မှာသေချာတယ် လုံး၀သေချာတယ် ကိုယ်တော်ကြားတာ အဇူရာတိမ်ဂိုဏ်းက သူ့သွေးကိုသုံးပြီး အဆောင်တွေဆွဲတာတဲ့ ကျားက ထိခိုက်ထားမှာ သေချာတယ်”

မွန်းစတားလေးယောက်၏ အမူအရာများ ပြောင်းလဲကုန်ကြ၏။ ထို့နောက် သူတို့လေးယောက်၏ အရှိန်ကိုပိုမြှင့်လိုက်ကြလေသည်။

ကျင်းရှန်မျက်လုံးများ တောက်ပသွားခဲ့၏။ ထို့နောက်တွင်တော့ သူလည်း ၀မ်လင်းဂိုဏ်းဆီ သုတ်ခြေတင်လေတော့သည်။

ဂိုဏ်းဆီရောက်သည်နှင့် သူစိတ်လှုပ်ရှားစွာ အော်ပြောလိုက်၏။

“တောင်တစ်သိန်းတောင်တန်းက မွန်းစတားလေးကောင်ရောက်လာပြီ သူတို့ထဲကနှစ်ယောက်က ကြောက်စရာကောင်းတဲ့ ရှေးဟောင်းမွန်းစတားတွေပဲ အဇူရာတိမ်ဂိုဏ်းနဲ့ရင်ဆိုင်နိုင်တာ သေချာတယ် အမြန် အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ၀င်ဖို့ ပြင်ဆင်ကြဝောာ့”

လူတိုင်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။ ဤသတင်းက အတော်လေးကောင်းသော သတင်းတစ်ခုသာ ဖြစ်၏။

“အမြန်လုပ်ကြ အဇူရာတိမ်ဂိုဏ်းကို သုတ်သင်ကြစို့”

“ဒီတစ်ခေါက် ငါသူတို့ကို ကျိန်းသေပေါက် ချေမှုန်းပစ်မယ်”

သူတို့ထဲက ဘယ်သူမှ လျော်ကြေးမပေးချင်ကြပေ။ အနည်းဆုံးဖြစ်သည့် လန်ကျားအထွတ်အမြတ်မြေပင် ၁.၅ ဘီလီယံကို မပေးချင်ကြပေ။

ကျိုးရွှမ်ရှန်း အမြန်ပြောလိုက်၏။

“မွန်းစတားတွေမှာ ကြောက်စရာအင်အားမျိုးရှိနေမှတော့ ဘာလို့ သူတို့ကိုအရင်မတိုက်ခိုက်ခိုင်းလိုက်ရမှာလဲ အဇူရာတိမ်ဂိုဏ်းက မွန်းစတားတစ်ကောင်ကို သတ်လိုက်နိုင်ရင်အကောင်းဆုံးပဲ ပြီးမှ ငါတို့၀င်သွားလည်း နောက်မကျလောက်သေးပါဘူး”

အခြားသူများလည်း တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြလေသည်။

“ဉာဏ်ကြီးလှပါတယ် စီနီယာ”

All Chapters