← Chapters

ရှေးဟောင်းမွန်းစတားလေးကောင်

Vol. 25 Ch. 262

ရှေးဟောင်းမွန်းစတားလေးကောင်

Vol. 25 Ch. 262

အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ရှေးဟောင်းမွန်းစတားလေးကောင်၀င်ရောက်လာသည်နှင့် ချင်းယွင်ကျိ သူတို့ကိုအာရုံခံမိသွားခဲ့သည်။

“မွန်းစတားတွေရောက်လာပြီ” သူကျနး်ယန်ကိုပြောလိုက်၏။

ကျန်းယန်မျက်လုံးများ တောက်ပသွားခဲ့သည်။

“အဲ့တာက သတင်းကောင်းပဲ ဟူတလီကိုအမြန်ခေါ်လိုက်ပါ ဆရာ”

ချင်းယွင်ကျိ ကျန်းယန်၏ဗီလာဘေးတွင် နေပူဆာလှုံနေသော ဟူတလီကိုတိုက်ရိုက်ပင် ဆွဲခေါ်လာခဲ့၏။

ဟူတလီသည် ဂိုဏ်းထဲတွင် အေးအေးချမ်းချမ်းနေထိုင်နေခြင်းဖြစ်ပြီး သူတိုက်ပွဲကွင်းပြင်ထဲတွင် ဝါးမြိုခဲ့သည့် ဆေးပင်များက များပြားလွန်းသောကြောင့် ယခုအခါ ထို‌ေဆးပင်များကို အေးအေးဆေးဆေး ချေဖျက်သန့်စင်နေခြင်းဖြစ်သည်။

အခြားဆေးပင်များသာမကဘဲ သူစားခဲ့သည့်ထဲတွင် နှစ်သုံးထောင်သက်တမ်းရှိသည့် ဆေးပင်တစ်ပင်ပင် ပါနေသေး၏။ ထိုဆေးပင်စွမ်းအားက အံ့အားသင့်စရာကောင်းလွန်းလှသည်။

ရလဒ်အနေဖြင့် သူသည် ပြန်ရောက်လာပြီးကတည်းက ဘာမှမလုပ်တော့ဘဲ အိပ်လိုက် နေပူဆာလှူံလိုက်ဖြင့်သာ ဆေးပင်များကို ချေဖျက်နေခဲ့ရ၏။

ထိုကဲ့သို့သော အခြေအနေတွင် ရုတ်တရက်ဆွဲခေါ်ခံလိုက်ရသောကြောင့် သူကြောင်သွားခဲ့သည်။

ကျန်းယန်ကိုမြင်သောအခါမှ သူစိတ်အေးသွားပြီး မေးလိုက်၏။

“အစ်ကိုကြီး ဘာဖြစ်လို့လဲ”

“မင်းအကြီးအကဲတွေ ရောက်နေပြီ” ကျန်းယန် ဟူတလီပုခုံးကို ဆုပ်ကိုင်လိုက်ကာ

“ကောင်လေး ငါမင်းကိုဆိုးဆိုးရွားရွားမဆက်ဆံခဲ့ဘူးနော် မင်းဘာပြောရမယ်ဆိုတာ သိတယ်မလား”

“သိပြီ နားလည်ပြီ” ဟူတလီ အကြိမ်ကြိမ်ခေါင်းညိတ်ပြလိုက်လေသည်။

ကျန်းယန်‌နောက်လိုက်ရင်း သူသည် များစွာသောအကျိုးအမြတ်များကို ရရှိခဲ့၏။ ထို့အပြင် ကျန်းယန်ကလည်း သူ့ကို အမှန်တကယ်ပင် ညီအစ်ကိုတစ်ယောက်လို ဆက်ဆံခြင်း ဖြစ်သည်။

ဟူတလီ ထိုကြင်နာမှုကို ကောင်းကောင်းကြီး မှတ်မိပေသည်။

“ကောင်းတယ်” ကျန်းယန် ပြုံး၍ ပြောလိုက်၏။

“ငါတို့အဇူရာ‌တိမ်ဂိုဏ်းမှာ ဆေးလုံးတွေအများကြီးသန့်စင်နေတယ် ပြီးသွားရင် မင်းလည်းဝေစုရမှာနော် အခုမင်းအကြီးအကဲ‌တွေ‌ေရှ့မှာ ပေါက်ကရလျှောက်ပြောလို့ကတော့ မင်းဝေစုကိုမေ့လိုက်တော့”

ဟူတလီ အမြန်ပြန်ပြောလိုက်သည်။

“စိတ်ချပါ အစ်ကိုကြီး အစ်ကိုကြီးစိတ်ကျေနပ်စေရပါမယ်”

သူပြောပြီးပြီးချင်းပင် အဇူရာတိမ်တောင်တံခါးဆီသို့ မွန်းစတားလေးကောင်ရောက်ရှ်ိလာခဲ့ကြ၏။

ချင်းယွင်ကျိ ကိုယ်တိုင်ထွက်ပြီး သူတို့ကို တွေ့ဆုံခဲ့သည်။

မွန်းစတားလေးကောင်ချင်းယွင်ကျိကို အေးစက်စက်စိုက်ကြည့်ကာ ပြောလိုက်၏။

“ငါတို့ဘာလို့ရောက်လာလဲ မင်းသိမှာပါ သူ့ကိုလက်လွှဲပေးလိုက် ငါတို့ချက်ချင်းပြန်သွားမယ် မဟုတ်ရင်တော့ အကျိုးဆက်တွေကို မင်းတို့ခံစားရလိမ့်မယ်”

ချင်းယွင်ကျိ အသာအယာပြုံးလိုက်သည်။

“အချို့ကိစ္စတွေက ခင်ဗျားတို့ထင်ထားသလို ဟုတ်မနေတတ်ဘူး

မိတ်ဆွေတို့လေးယောက်ရောက်လာပြီဆိုမှတော့ ဘာလို့ဂိုဏ်းထဲ၀င်ပြီး စကားစမြည်လေးဘာလေးမပြောရမှာလဲ”

ထိုအခိုက်တွင် ကျန်းယန်နှင့်ဟူတလီတို့လည်း အဇူရာတိမ်တောင်ထွတ်မှ ပျံသန်းပြီး ဆင်းသက်လာခဲ့၏။

အဝေးမှပင် ဟူတလီ ရှေးဟောင်းမွန်းစတားလေးကောင်ကိုမြင်ခဲ့ရပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

“အဖေ ဦးလေး၀က်ဝံ ဘိုးဘိုးမျောက် ဘိုးဘိုးကျောင်း ဘာလို့အားလုံးရောက်လာကြတာလဲ”

သူအလောတကြီးရှေ့သို့ ပျံသန်းသွားခဲ့ပြီး ဘယ်သူမှသူ့ကိုမတားခဲ့ကြပေ။

ထိုအခြေအနေကြောင့် မွန်းစတားလေးကောင်လည်း စိတ်အေးသွားခဲ့ကြရ၏။

သူ့တို့မူလအစီအစဉ်က ရိုးရှင်းပေသည်။ ဟူတလီကိုခေါ််ပြီးသည်နှင့် အလျင်အမြန်ဆုတ်ခွာကာ ပြန်ဖို့သာ ဖြစ်၏။

ကျန်းယန်ပြုံးကာပြောလိုက်သည်။

“စီနီယာတို့ တကယ်ပဲ ဟူတလီကိုဂရုစိုက်တယ်ဆိုရင် ကျေးဇူးပြုပြီး အဇူရာတိမ်ဂိုဏ်းထဲမှာ ခဏလောက် လိုက်ထိုင်လှည့်ပါ”

“စိတ်မပူပါနဲ့ မကြာပါဘူး”

ချင်းယွင်ကျိလည်း အေးအေးဆေးဆေးပြောလိုက်သည်။

“ကျုပ်တို့ဂိုဏ်းရဲ့ ဂိုဏ်းအကာအကွယ်၀င်္ကပါကိုလည်း ကြောက်စရာမလိုပါဘူး တကယ်တော့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုက ၀င်္ကပါရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ”

ဘိုးဘိုးကျောင်း အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။

“ငါတို့သာကြောက်နေရင် ဒီနေရာကိုတောင် ရောက်လာမှာမဟုတ်ဘူး”

“ဒီလိုဆိုမှတော့ အချိန်ခဏလောက်ပေးလိုက်တာပေါ့” ဘိုးဘိုးမျောက်လည်း ၀င်ပြောလိုက်သည်။

ရှေးဟောင်းမွန်းစတားလေးကောင်သည် ဟူတလီနှင့်ပတ်သက်ပြီး တစ်ခုခုမူမမှန်ဖြစ်နေမှန်း သတိထားမိနေခဲ့၏။

သူ့ခန္ဓာကိုယ်မှ အားကောင်းလွန်းသောအရှိန်အဝါတစ်ခုဖြာထွက်နေခဲ့ပြီး သူ့ကိုယ်ထဲတွင်လည်း ပုန်းအောင်းနေသော ခွန်အားများ ရှိနေခဲ့သည်။

သူ့ပုံစံက အန္တရာယ်ပြုခံထားရသောပုံစံမျိုး လုံး၀ဟုတ်မနေပေ။

တစ်နည်းအားဖြင့်ဆိုသော် ကွေ့ယွမ်ဘုရားကျောင်းက သူတို့ကို လိမ်ညာခဲ့ခြင်းသာ ဖြစ်၏။

ထို့ကြောင့်လည်း မွန်းစတားများ ကျန်းယန်တို့စကားကိုသဘာတူခဲ့ခြင်း ဖြစ်သည်။

ချင်းယွင်ကျိနှင့်ကျန်းယန်တို့ မွန်းစတားများကိုခေါ်ကာ အဇူရာတိမ်ခန်းမထဲ ရောက်ရှိလာခဲ့ကြ၏။

သူတို့ထိုင်ပြီးပြီးချင်း ဟူတလီ၏အဖေပြောလိုက်သည်။

“ငါတို့မွန်းစတားတွေမှာ မင်းတို့နဲ့ပတ်သက်ချင်စိတ်မရှိဘူး အဲ့တာကြောင့် ငါတို့ကိုသိမ်းသွင်းဖို့ ကြိုးစားမှာဆိုရင်တော့ မေ့လိုက်ပါတော့

မင်းတို့သတိထားမိမှာပါ တောင်တစ်သိန်းတောင်တန်းက မွန်းစတားတစ်ကောင် အဇူရာတိမ်ဂိုဏ်းမှာပေါ်လာတာကိုတောင် ငါတို့က ဘာမှအလောတကြီးမလုပ်ဘဲ အေးအေးဆေးဆေးပဲ ဖြေရှင်းဖို့ ကြိုးစားခဲ့တယ် အဲ့တာကပဲ ငါတို့ရဲ့ ပျူငှာမှုကို သက်သေပြနေပြီ”

“ကျုပ်သူ့ကို ဖမ်းလာခဲ့တာ” ချင်းယွင်ကျိ ဟူတလီအဖေကို ကြည့်ကာ ဒဲ့သာပြောလိုက်၏။

“အစကတော့ ကျုပ်သူ့ကို ဂိုဏ်းရဲ့တောတောင်ထဲမှာပဲ ထားဖို့ စီစဉ်ထားခဲ့တာ အခုလိုဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”

မွန်းစတားလေးကောင်သည် စွမ်းအားကြီးမှန်း သူသိသော်လည်း သူတို့ကလည်း အားနည်းမနေပေ။

ဟူတလီ အဖေ ချင်းယွင်ကျိကို အေးစက်စက်စိုက်ကြည့်လိုက်ကာ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် အလင်းတစ်ချက် လက်သွားခဲ့သည်။

သူတို့သည် ဤကိစ္စကိုဒီတိုင်းထားလိုက်ဖို့ ကြံခဲ့သော်လည်း ချင်းယွင်ကျိကတော့ ပြန်ပင်ပြောနေခဲ့သေး၏။

“စီနီယာတို့ ဟူတလီဘာဖြစ်ခဲ့သလဲဆိုတာ ကျွန်တော်တို့အရင်ဆုံးရှင်းရှင်းလင်းလင်းပြောဖို့ လိုမယ်ထင်တယ်” ကျန်းယန်ပြုံး၍ ပြောလိုက်သည်။

ဟူတလီ၏အဖေအေးစက်စက်ပြောလိုက်၏။

“မင်းက တိုက်ပွဲကွင်းပြင်ထဲ၀င်တုန်းက သူ့ကိုစီးတော်သားရဲတစ်ကောင်အဖြစ်ဆက်ဆံခဲ့ပြီး သူ့သွေးကိုလည်း အဆောင်ဆွဲဖို့ သုံးခဲ့တယ်မလား”

“ကျွန်တော့်အစ်ကိုကြီးက ကျွန်တော့်ကိုဘယ်တုန်းကမှ စီးတော်သားရဲတစ်ကောင်အဖြစ် မဆက်ဆံခဲ့ဘူး” ဟူတလီ အမြန်‌၀င်ပြောလိုက်သည်။

“ကျွန်တော်တို့ တိုက်ပွဲကွင်းပြင်ထဲ၀င်တုန်းက အခြားသူတွေက ကျွန်တော့်ကို၀င်ခွင့်မပေးဘူးလေ အဲ့တာကြောင့် စီးတော်သားရဲအဖြစ်ဟန်ဆောင်ပြီး ၀င်ခဲ့ရတာ”

သူအမှန်တရားကိုပြောပြလိုက်၏။

ကျန်းယန်လည်း ဒီကောင့်ကိုကျွေးမွေးထားရတာ အလကားတော့မဖြစ်ဘူးဟုတွေးမိပြီး ပြုံးကာ ပြောလိုက်သည်။

“အခြားဂိုဏ်းကြီးတွေက အဇူရာတိမ်ဂိုဏ်းကို အမျိုးမျိုးတိုက်ခိုက်နေခဲ့ကြတာ အဲ့ဒီလိုသာ ဟန်မဆောင်ရင် ကျွန်တော်တို့၀င်ခွင့်ရခဲ့မှာ မဟုတ်ဘူး

စိတ်ဝိညာဉ်သွေးယူတဲ့ကိစ္စကတော့ မှန်ပါတယ် ဒီကလေးရဲ့ ခွန်အားကမသေးပေမယ့် တိုက်ပွဲကွင်းပြင်ထဲက ပါရမီရှင်တွေနဲ့ယှဉ်ရင်တော့ အများကြီးလိုနေသေးတယ် အဲ့တာကြောင့် ကျွန်တော်တို့အဖွဲ့ထဲမှာ သူအကျိုးဆောင်နိုင်ဖို့အတွက် သူ့ကို‌စိတ်ဝိညာဉ်သွေးထုတ်ရတဲ့တာ၀န်ပေးခဲ့တာ ဒါပေမယ့် ကျွန်ဝောာ်တို့ရသမျှ ဆေးပင်တွေအားလုံးကိုလည်း သူ့ကိုပြန်ပေးခဲ့တယ် သူဘာမှ နစ်နာမသွားခဲ့ဘူး”

ဟူတလီအဖေအေးစက်စက်ပြောလိုက်သည်။

“မင်းက သူ့ကို သွေးထုတ်ချင်ရုံသက်သက်နဲ့ တိုက်ပွဲကွင်းပြင်ထဲခေါ်သွားတာ မဟုတ်လား”

“မှားတယ်” ကျန်းယန် ခေါင်းခါပြလိုက်၏။

“စီနီယာ့ကိုမေးပါရစေ တိုက်ပွဲကွင်းပြင်က တကယ်ပဲဘာလဲဆိုတာ စီနီယာသိပါသလား”

“အဲ့တာက ကောင်းကင်အလွန်ကပြုတ်ကျလာတဲ့ ဥက္ကာခဲတစ်ခုပဲ မဟုတ်လား” ဘိုးဘိုးကျောင်း အထင်အမြင်သေးဟန်ဖြင့် ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်၃၀၀၀တုန်းက ဘာဖြစ်ခဲ့လဲ ငါတို့သိတယ်”

ကျန်းယန် ထူးဆန်းစွာ ပြုံးလိုက်၏။

“ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ဆိုတာဘာလဲ စီနီယာတို့ ကြားဖူးလား မိစ္ဆာအရှင်တွေဘာလို့ ဒီနေရာကိုဆင်းသက်လာရသလဲဆိုတာကိုရော သိလား”

“ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်လား”

မွန်းစတားလေးကောင် ကြောင်အသွားခဲ့ကြသည်။

အဲ့တာက ဘာကြီးလဲ!

ကျန်းယန်လေသံအရ ထိုမိစ္ဆာအရှင်များသည် ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်အတွက် ဤနေရာကို ရောက်လာခဲ့ကြပုံပင်။

“ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ဆိုတာ အမွေဆက်ခံတဲ့နေရာတစ်ခုပဲ တိုက်ပွဲကွင်းပြင်ဆိုတာက အဲ့ဒီနေရာရဲ့ အစိတ်အပိုင်းတစ်ခုသက်သက်ပဲ” ကျန်းယန် ရှေးဟောင်းမွန်းစတားလေးကောင်ကို ကြည့်ကာ ဟူတလီကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

“သူက ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ထဲက ကျားဖြူနတ်သိုင်းကို အမွေဆက်ခံရရှိခဲ့တယ် သူ့ခန္ဓာကိုယ်ကိုလည်း အထူးမွန်းစတားစွမ်းအင်တွေနဲ့ ထုဆစ်ပြီးသွားပြီ

ပြီးတော့ သူက မွန်းစတားမျိုးနွယ်စုရဲ့ နှစ်ထောင်နဲ့ချီတဲ့ ကံကြမ္မာတွေကိုလည်း ရရှ်ိခဲ့တယ်”

မွန်းစတားလေးကောင်၏မျက်လုံးများ ပြူးကျယ်သွားကာ ချက်ချင်း ဟူတလီကိုစိုက်ကြည့်လိုက်ကြ၏။

ဤကလေးသည် တကယ်ကြီး ထိုမျှများပြားသောအကျိုးအမြတ်များ ရရှိခဲ့ခြင်းပေလော။

“အခု စီနီယာတို့ ကျွန်တော်ဟူတလီကို တိုက်ပွဲကွင်းပြင်ထဲ ခေါ်သွားခဲ့တဲ့အတွက် အပြစ်တင်ဦးမှာလား” ကျန်းယန် မေးလိုကိသည်။

ဘိုးဘိုးမျောက် ဖြည်းဖြည်းချင်းပြောလိုက်၏။

“မင်းဆိုလိုချင်တာက တိုက်ပွဲကွင်းပြင်ဆိုတာဘာလဲ မင်းကအစကတည်းကသိထားလို့ သူ့ကိုရည်ရွယ်ချက်ရှိရှိခေါ်သွားခဲ့တာလို့ ဆိုလိုချင်တာလား ဘာလို့ ဘယ်သူမှ အရင်တုန်းက အဲ့ဒီနေရာမှာရှိတဲ့ နှစ် ၃၀၀၀ ကံကြမ္မာကို မရရှိခဲ့ကြတာလဲ”

“မှန်ပါတယ် အဲ့ဒီသတင်းအချက်အလက်ကို ကျွန်တော်ကြိုသိခဲ့တယ် အဲ့တာကြောင့် ဟူတလီကိုခေါ်သွားခဲ့တာ” ကျန်းယန် ခေါင်းညိတ်ပြလိုက်သည်။

“တိုက်ပွဲကွင်းပြင်ထဲက အမွေခံနယ်မြေကိုဖွင့်ဖို့အတွက် အမတ မိစ္ဆာ နဲ့ မွန်းစတားတို့ရဲ့ စွမ်းအားတွေကို ပေါင်းစည်းဖို့လိုတယ်

ကျွန်တော်တို့က အဲ့ဒီသတင်းကို မိစ္ဆာအရှင်တွေဆီက ရခဲ့တာ

အဲ့တာကိုသိလို့ပဲ သူတို့နဲ့ပူးပေါင်းပြီး ဟူတလီကိုပါ ခေါ်သွားခဲ့တာ

ရလဒ်အနေနဲ့ကတော့ ကျွန်တော်တို့ အကျိုးအမြတ်ကြီးတွေရခဲ့ပြီး လူတိုင်းကို ပြားနေအောင် ရိုက်နှက်ပစ်နိုင်ခဲ့တယ်”

ဟူတလီ ပျော်ရွှင်စွာပြောလိုက်လေသည်။

“ကျွန်တော်တို့က ကမ္ဘာပေါ်က ပါရမီရှင်မှန်သမျှကို ပြားနေအောင် ရိုက်ခဲ့တာ”

ထိုတိုက်ပွဲတွင် ပစ်ခဲ့သမျှအဆောင်တိုင်းက သူ့အကျိုးဆောင်မှုကြောင့်ဖြစ်လာသော အဆောင်များဟုသာ ဟူတလီခံယူထားခဲ့သည်။ တကယ်လည်း ထိုအ‌ေဆာင်များကို သူ့သွေးဖြင့် ရေးသားထားခဲ့ခြင်း ဖြစ်၏။

All Chapters