ဆုတ်ခွာသွားသော မွန်းစတားကြီးများ
Vol. 25 Ch. 263
မွန်းစတားများ၏ အမူအရာများ တည်ကြည်သွားခဲ့ကြသည်။
အစကတော့ သူတို့ အဇူရာတိမ်ဂိုဏ်းကို ပြဿနာရှာဖို့လာခဲ့ခြင်းဖြစ်ပြီး အခုလို ဟူတလီ၏အခြေအနေကိုမြင်ပြီးနောက်တွင်တော့ သူတို့ရည်ရွယ်ချက်က ပြောင်းလဲသွားခဲ့၏။
ယခုအခါ သူတို့သည် အဇူရာတိမ်ဂိုဏ်းအပေါ် အကြွေးပင်တင်နေခဲ့ချေပြီ။
တောင်တစ်သိန်းတောင်တန်းတွင်လည်း အမွေအနှစ်များရှိသော်လည်း ထိုကျားဖြူနတ်သိုင်းဆိုသောပညာရပ်ကတော့ နာမည်နှင့်ပင် သာမန်မဟုတ်သော ပညာရပ်ဖြစ်မှန်း သိသာနေခဲ့သည်။
ထို့အပြင် ဟူတလီသည် မွန်းစတားမျိုးနွယ်၏ ကံကြမ္မာများကိုလည်း ပိုင်ဆိုင်ထားခဲ့သေး၏။
မွန်းစတားကြီးများသည် ကံကြမ္မာနှင့်ကံတရားအပေါ် အလွန်အမင်းယုံကြည်မှု ရှိကြသည်။
အကယ်၍ ဟူတလီတွင်သာ မွန်းစတားမျိုးနွယ်၏ ကံကြမ္မာရှိနေပြီဆိုလျှင် တောင်တစ်သိန်းတောင်တန်းသည် အဇူရာတိမ်ဂိုဏ်းအပေါ် အကြွေးအကြီးကြီး တင်နေခဲ့ချေပြီ။
“ငါတို့တောင်တစ်သိန်းတောင်တန်းက ဒီကျေးဇူးကြွေးကို မှတ်ထားမှာပါ” ဟူတလီအဖေ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အဇူရာတိမ်ဂိုဏ်းက ငါတို့အကူအညီလိုလာတဲ့အခါတိုင်း သတင်းစကားသာပါးလိုက်
အခုတော့ ငါတို့သူ့ကိုပြန်ခေါ်သွားပြီး လေ့ကျင့်ပေးရဦးမယ်
ခုနကစော်ကားမိခဲ့တာတွေအတွက် ခွင့်လွှတ်ပေးပါ”
ချင်းယွင်ကျိ ဘာမှမပြောရသေးခင်မှာတင် ဟူတလီ အော်ပြောလိုက်၏။
“ကျွန်တော် မပြန်ဘူး”
“အဓိပ္ပာယ်မရှ်ိတာ မပြောနဲ့” ဘိုးဘိုးကျောင်း ဆူငေါက်လိုက်သည်။
“မင်းရဲ့လက်ရှိအခြေအနေအရ မင်းက တောင်တစ်သိန်းတောင်တန်းကိုချက်ချင်း ပြန်ကိုပြန်ရမယ် မင်းမှာ စွမ်းအားတွေအများကြီးကို စုဆောင်းမိထားပြီ အဲ့တာတွေကိုတတ်နိုင်သမျှ မြန်မြန် ချေဖျက်ပစ်ရမယ် မဟုတ်ရင် အလဟသဖြစ်ကုန်လိမ့်မယ်”
ကျန်းယန်ပြုံးကာပြောလိုက်၏။
“ကျွန်တော်လည်း လတ်တလောတော့ ဟူတလီမပြန်သင့်သေးဘူးလို့ ထင်တယ်”
ဟမ်!
ဟူတလီ အဖေ ကျန်းယန်ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
ကျန်းယန် ဆက်ပြောလိုက်၏။
“စီနီယာတို့မှာ ဆက်ဆံသူတွေကို လေ့ကျင့်ပေးဖို့ အစီအစဉ်ကောင်းတွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်ယုံပါတယ် ဒါပေမယ့် ဆေးစွမ်းအင်နဲ့ပတ်သက်လာရင်တော့ ကျင့်ကြံသူတွေက ပိုသာလိမ့်မယ်
တကယ်တော့ တိုက်ပွဲကွင်းပြင်ထဲမှာ ဟူတလီရခဲ့တဲ့ ဆေးပင်တွေထဲမှာ စီနီယာတို့စိတ်ကူးထားတာထက်တောင် ကျော်လွန်နေတဲ့ ဆေးပင်မျိုး ပါနေတယ် သူရထားတဲ့ဆေးပင်တွေထဲမှာ အချို့ဆေးပင်တွေက နှစ်တစ်ထောင်ကျော်သက်တမ်းရှိတယ်
စီနီယာတို့အခုမြင်နေရတဲ့ အခြေအနေက သူအဲ့ဒီဆေးစွမ်းအင်နည်းနည်းလေးကို ချေဖျက်ထားတဲ့ အခြေအနေပဲ ရှိသေးတယ်
သူ့လုံခြုံရေးအတွက်ကတော့ ကျွန်တော်တို့က မကြာသေးခင်ကပဲ ကမ္ဘာပေါ်က ဂိုဏ်းကြီးတိုင်းကို တိုက်ခိုက်ပြီး ကျွန်တော်တို့ခွန်အားကို သက်သေပြထားပြီးပါပြီ ဆိုတော့ သူ့လုံခြုံရေးကိုလည်း စိတ်ပူစရာမလိုပါဘူး”
ဘိုးဘိုးမျောက် အဓိပ္ပာယ်ပါပါ ပြောလိုက်၏။
“ဒါဆို ငါတို့က အဇူရာတိမ်ဂိုဏ်းအတွက် ဘာလုပ်ပေးရမှာလဲ”
“စီနီယာတို့ကို သတင်းလာပေးခဲ့တဲ့ ဂိုဏ်းကြီးကိုးဂိုဏ်းက တစ်ယောက်ယောက်တော့ ရှိရမယ်မဟုတ်လား” ကျန်းယန် ရယ်မောလိုက်သည်။
“ဟူတလီကို တိုက်ပွဲကွင်းပြင်ထဲခေါ်သွားတာကို တစ်ကမ္ဘာလုံးမြင်ခဲ့ကြတယ် ကျွန်တော်အံ့ဩမိတာက သူတို့က စီနီယာတို့ကိုပြောဖို့ ဒီလောက်အချိန်တွေအကြာကြီး စောင့်ခဲ့တာကိုပါ
အဲ့ဒီအချက်ကပဲ သူတို့ကူကယ်ရာမဲ့ဖြစ်နေပြီဆိုတာ ညွှန်ပြနေတယ်”
ဟူတလီ အဖေ အေးစက်စက်ရယ်မောလိုက်သည်။
“မင်းတို့အခြေအနေကို ငါဂရုမစိုက်ဘူး ငါ့သားကိုလည်းဒီလိုအန္တရာယ်များတဲ့ အခြေအနေမျိုးမှာ နေခွင့်မပြုနိုင်ဘူး”
“စီနီယာ အဇူရာတိမ်ဂိုဏ်းရဲ့ခွန်အားကိုမယုံရင်လည်း တစ်ယောက်ယောက်ပို့ထားပြီး သူ့ကိုကာကွယ်ခိုင်းထားလို့ ရပါတယ်” ကျန်းယန် တောက်ပစွာ ပြုံးကာ ပြောလိုက်၏။
ဘိုးဘိုးကျောင်း လှောင်ပြောင်လိုက်သည်။
“ကောင်လေး နောက်ဆုံးတော့မင်းကမင်းလက်တွေကိုထုတ်ပြပြီပေါ့ ဒါကမှ မင်းရည်ရွယ်ချက်အစစ်အမှန်ပဲဖြစ်ရမယ် မင်းက ဟူတလီကိုသုံးပြီး တောင်တစ်သိန်းတောင်တန်းကို မင်းဘက်ဆွဲခေါ်ချင်တာပဲ ဒီလိုဆိုရင် ငါတို့အတွက် သူ့ကိုပြန်ခေါ်သွားဖို့ ပိုပြီးတောင် လိုသွားသေးတယ်”
ဒီတစ်ခေါက်တွင် အခြားမွန်းစတားများလည်းခေါင်းညိတ်လိုက်ကြပြီး ဟူတလီကိုပြန်ခေါ်သွားဖို့ သဘောတူလိုက်ကြ၏။
ဟူတလီကြောက်လန့်သွားပြီး အမြန် ကျန်းယန်ကိုပြောလိုက်လေသည်။
“အစ်ကိုကြီး တစ်ခုခုလုပ်ပါဦး ကျွန်တော်မစားရသေးတဲ့ စိတ်ဝိညာဉ်ဆေးပင်တွေ အများကြီးကျန်သေးတယ် ဆရာဦးလေး ၃ က အဲ့တာတွေကို သန့်စင်ပေးဖို့ လုပ်နေတာ ကျွန်တော်ဒီအခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူး”
မွန်းစတားလေးကောင်၏မျက်နှာများ မည်းမှောင်သွားခဲ့ကြ၏။
ဒီကျားစုတ်ကတော့ မင်းပြန်သွားရင်ရောဟိုမှာ စိတ်ဝိညာဉ်ဆေးပင်တွေ ရှားနေလို့လားကွ!
ဟူတလီသည် မွန်းစတားမျိုးနွယ်၏ကံကြမ္မာကို ရရှိထားပြီး ကျားဖြူနတ်သိုင်းကို အမွေဆက်ခံထားခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူပြန်ရောက်လျှင် မွန်းစတားမျိုးနွယ်သည် ရှိသမျှအရင်းအမြစ်များအားလုံးကို သုံးပြီး သူ့ကိုပျိုးထောင်တော့မှာ သေချာပေသည်။
“ပြောစရာမလိုတော့ဘူး ငါတို့သွားကြမယ်” ဟူတလီအဖေပြောလိုက်ကာ ဟူတလီကိုဆွဲ၍ ထွက်သွားဖို့ ပြင်လိုက်၏။
“စီနီယာဟူ မလောပါနဲ့” ကျန်းယန်လုံး၀အလျင်မလိုခဲ့ပေ။ သူပြံးကာ ပြောလိုက်သည်။
“ကျွန်တော်တို့သန့်စင်နေတာ ဘာဆေးလုံးလဲဆိုတာ စီနီယာမသိချင်ဘူးလား တိုက်ပွဲကွင်းပြင်ခရီးမှာ ကျွန်တော်တို့ နှစ်ထောင်ချီတဲ့ဆေးပင်တွေ အများကြီးရခဲ့တယ် ဒီကောင်စုတ်လေးက တစ်ပင်စားပစ်လိုက်ပေမယ့် ကျန်တာတွေကို ကျွန်ဝောာ်တို့ ပြန်ယူလာနိုင်ခဲ့တယ်
အဲ့ဒီဆေးပင်တွေထဲက တစ်ပင်က အလားအလာကိုတိုးမြှင့်ပေးနိုင်တယ် တစ်ပင်ကတော့ ခန္ဓာကိုယ်ကိုလုံး၀ပြောင်းလဲပစ်နိုင်တယ် နောက်တစ်ပင်ကတော့….” ကျန်းယန် တမင်အသံကိုနှိမ့်လိုက်၏။
“ကျွန်တော် မိစ္ဆာအရှင်တွေဆီက ကြားတာတော့ အဲ့တာက မွေးရာပါနတ်စွမ်းအင်တွေကိုပါ နိုးထလာအောင်လုပ်ပေးနိုင်တယ်တဲ့”
သူသည် ထိုအပင်များ၏စွမ်းအားများကို တတ်နိုင်သလောက် ပိုကြီးအောင် ချဲ့ကားပြောဆိုနေခြင်း ဖြစ်၏။
မွန်းစတားလေးကောင် ကြက်သေသေသွားခဲ့ပြန်သည်။
ထိုကလေးပြောတာသာအမှန်ဆိုလျှင် ဟူတလီ နောက်ထပ်ရရှိမည့် အကျိုးအမြတ်များက ဘယ်လောက်တောင်ကြီးမားနေပါမည်နည်း ။
နှစ်ထောင်ချီသောဆေးပင်များသည် သူတို့ တောင်တစ်သိန်းတောင်တန်းတွင်ပင် မရှိပေ။
“အဟမ်း အဟမ်း” ဘိုးဘိုးမျောက် ချောင်းနှစ်ချက်ဟန့်ကာ မေးလိုက်၏။
“မင်းကတကယ်ကြီး ဟူတလီကို အဲ့ဒီအကျိုးအမြတ်တွေပေးမှာလား ဘာလို့လဲ”
ထိုအချက်က သူတို့ရှုပ်ထွေးနေရသော အချက်ဖြစ်သည်။
“ပထမအချက်အနေနဲ့ ဟူတလီနဲ့ကျွန်တော်က အရင်က တိုက်ခိုက်ခဲ့ကြပေမယ့် နောက်ကျ ညီအစ်ကိုကောင်းတွေ ဖြစ်လာခဲ့တာကြောင့်ပဲ” ကျန်းယန် မွန်းစတားလေးကောင်ကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်၏။
“ပြီးတော့ တိုက်ပွဲကွင်းပြင်ထဲမှာ သူမရှိရင် ကျွန်တော်တို့ အဲ့ဒီအမွေအနှစ်နယ်မြေကို ဖွင့်နိုင်ခဲ့မှာ မဟုတ်ဘူး သူ့ကြောင့် ကျွန်တော်လည်း ကျားဖြူနတ်သိုင်းကို ကျင့်ကြံနိုင်ခဲ့တယ်”
ပြောနေရင်း သူကျားဖြူနတ်သိုင်းကို သရုပ်ပြလိုက်လေသည်။
ဟူတလီလည်း ချက်ချင်း ကျားဖြူနတ်သိုင်းကို ထုတ်သုံးပြလိုက်၏။
ကျန်းယန်နှင့်ဟူတလီတို့ဆီကထွက်လာသော စွမ်းအားများကိုကြည့်ပြီး မွန်းစတားလေးကောင် ကြက်သေသေသွားခဲ့ကြသည်။
သူ…သူက မွန်းစတားတစ်ကောင်မဟုတ်ဘူးလေ ဘယ်လိုဖြစ်ပြီး မွန်းစတားပညာရပ်ကို ကျင့်ကြံနိုင်နေတာလဲ!
သူတို့စိတ်များလုံး၀ ရှုပ်ထွေးသွားခဲ့ချေပြီ။
သူတို့မျက်လုံးများက ချင်းယွင်ကျိဆီရောက်ရှိနေခဲ့ကြ၏။
အဘယ်ကြောင့် အဇူရာတိမ်ဂိုဏ်း၏ ဆက်ဆံသူသည် ဘာအပူအပင်မှမရှိဘဲ မွန်းစတားပညာရပ်ကို ကျင့်ကြံနိုင်နေရပါသနည်း။ ချင်းယွင်ကျိကရော အဘယ်ကြောင့် သူ့ကိုခွင့်ပြုထားရပါသနည်း။
ချင်းယွင်ကျိ သူတို့အကြည့်ကိုနားလည်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ကျုပ်တပည့်က ထူးခြားလွန်းတဲ့ ပါရမီရှင်တစ်ယောက်ပဲ သူကအခြားမျိုးနွယ်တွေရဲ့ ပညာရပ်တွေကိုလည်း ကျင့်ကြံနိုင်တယ် မဟုတ်ရင် ကျုပ်တို့အဇူရာတိမ်ဂိုဏ်းက ဟူတလီနဲ့ပတ်သက်ပြီး ဘာလို့ ဒီလောက်သက်ညှာနေမှာလဲ ကျုပ်တို့ အခြားမျိုးနွယ်တွေနဲ့ ပတ်သက်ပြီး သက်ညှာရတဲ့အကြောင်းအရင်းက ကျုပ်တပည့်ကလည်း မျိုးနွယ်စုတိုင်းရဲ့ ပညာရပ်တွေကို ကျင့်ကြံနိုင်နေလို့ပဲ”
မွန်းစတားလေးကောင်းအသာအယာခေါင်းညိတ်လိုက်ကြသည်။ သူ့အကြောင်းပြချက်က ကျိုးကြောင်းဆီလျော်ပေသည်။
သူတို့အတန်ကြာအောင်တိတ်ဆိတ်သွားပြီးနောက် ဘိုးဘိုးကျောင်း ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဟိုးအရင်တုန်းက ငါတို့မွန်းစတားတွေနဲ့လူသားတွေကြားမှာ ပဋိပက္ခအကြီးကြီးတစ်ခု ဖြစ်ခဲ့တယ်
အဲ့ဒီတိုက်ပွဲမှာ ငါတို့မွန်းစတားတွေ အရေးနိမ့်ခဲ့ပြီးတော့ လက်ရှိ ငါတို့နေနေတဲ့တောင်တစ်သိန်းတောင်တန်းမှာပဲ ခံတပ်ပြင်ပြီး နေထိုင်ခဲ့ရတယ်
မင်းတို့လူသားဘိုးဘေးတွေက မျိုးနွယ်စုနှစ်ခုလုံး ပျက်သုန်းရေးကိုမလိုလားခဲ့တော့ တောင်တစ်သိန်းတောင်တန်းကို ငါတို့နယ်မြေလို့ သတ်မှတ်ပေးခဲ့တယ်
ဒါပေမယ့် မင်းတို့ဘိုးဘေးတွေက ငါတို့ကို မစော်ကားမချင်း အပြစ်မပြုမချင်း တောင်တစ်သိန်းတောင်တန်းထဲကနေ မထွက်ရဘူးဆိုတဲ့ ကတိကိုလည်း တောင်းခဲ့တယ်
ဒီနှစ်တွေအတွင်း ငါတို့က အဲ့ဒီကတိကို တည်ခဲ့တယ် နောက်ဆုံးတော့ ငါတို့က တောတောင်ထဲမှာ လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီး ဘယ်သူနဲ့မှ ပဋိပက္ခဖြစ်စရာလည်း မလိုဘူးလေ
တကယ်လို့ ငါတို့သာအခုတောင်တန်းထဲက ထွက်လာမယ်ဆိုရင် ငါတို့ကတိကိုချိုးဖြတ်ရာရောက်သွားလိမ့်မယ်
ဒါက ငါတို့လိုချင်တဲ့ အခြေအနေမဟုတ်ဘူ မင်းလည်း ငါတို့ကြားမှာပဋိပက္ခကြီးတွေထပ်ပြီး ရှိလာစေချင်မှာမဟုတ်ဘူးလို့ ငါယုံတယ်”
အတိုချုံးပြောရလျှင် သူတို့သာ တောင်တန်းပြင်ပတွင် နေထိုင်ခဲ့လျှင် ပဋိပက္ခအသစ်များ အလွယ်တကူ ပေါ်ပေါက်လာနိုင်ပေသည်။ ထို့ကြောင့် သူတို့က အပြင်မထွက်ချင်ကြခြင်း ဖြစ်၏။
ချင်းယွင်ကျိ အမူအရာလေးနက်သွားပြီး သူကျန်းယန်ကိုဤကိစ္စအား ဂရုတစိုက်ကိုင်တွယ်ဖို့ သတိပေးလိုက်လေသည်။
သို့သော် ကျန်းယန်ကတော့ လုံး၀နောက်ဆုတ်မည့်ပုံမပေါ်ပေ။
“စီနီယာတို့က သက်သက်မဲ့ စိတ်ပူနေတာပါ
စီနီယာတို့ဟူတလီကို ဒီမှာထားခဲ့ပြီး တောင်တစ်သိန်းတောင်တန်းကိုအေးအေးဆေးဆေးပြန်လို့ရပါတယ်”
“သူ့လုံခြုံရေးအတွက်ကရော” ဟူတလီ၏အဖေ မေးလိုက်၏။ သူစိတ်အနှောင့်အယှက်ဖြစ်နေတာ ထင်ရှားလှသည်။
ကျန်းယန် အသာအယာပြုံးလိုက်ကာ
“အဲ့တာကြောင့် ကျွန်တော်က စီနီယာတို့ကို ဂိုဏ်းကြီးကိုးဂိုဏ်းဆီ သတင်းစကားတစ်ခုပါးစေချင်တာပါ သတင်းစကားကတော့ ဟူတလီ မထိခိုက်သေးသရွေ့ ကျွန်တော်တို့ တိုက်ခိုက်ချင်သလို တိုက်ခိုက်လို့ရတယ်ဆိုတဲ့ သတင်းစကားပါ တကယ်လို့ ဟူတလီ ထိခိုက်သွားရင်တော့ စီနီယာတို့၀င်ပါဖို့ အကြောင်းပြချက် ရသွားပြီလေ
ဟူတလီကိုပြန်ခေါ်ဖို့ကတော့ မဖြစ်နိုင်ဘူး သူကကျွန်တော်တို့လက်အောက်မှာရောက်နေပြီ သူ့ကိုပြန်ခေါ်သွားလို့မရဘူး စီနီယာတို့ဒီအခြေအနေကိုလည်း လက်ခံနိုင်ရမယ်
ကျွန်တော်တို့က အချိန်အပိုင်းအခြားတစ်ခုပဲလိုတာပါ နှစ်နှစ်ဆယ်ဆိုလုံလောက်ပြီ
စီနီယာတို့ နှစ်၂၀လောက်တော့ စိတ်ရှည်ရှည်နဲ့စောင့်နိုင်မယ်လို့ ကျွန်တော်ယုံတယ် စောင့်နိုင်တယ်မလား”
မွန်းစတားလေးကောင် ငေးကြောင်သွားခဲ့ကြရပြန်သည်။
မင်းတကယ်ကြီးဒီလိုလုပ်လို့ရလို့လားဟ!