← Chapters

မွန်းစတားများ၏ ထုတ်ပြန်ကြေငြာချက်

Vol. 25 Ch. 264

မွန်းစတားများ၏ ထုတ်ပြန်ကြေငြာချက်

Vol. 25 Ch. 264

၀မ်လင်းဂိုဏ်းတွင် တပ်ဖွဲ့ကြီးတစ်ခု စုဝေးနေခဲ့၏။

အဇူရာကုန်းမြေတိုက်ကြီးပတ်ပတ်လည်တွင်ပင် စွမ်းအားကြီးကျင့်ကြံသူများ စုဝေးနေခဲ့ကြပြီ ဖြစ်သည်။

သူတို့အားလုံးသည် အချိန်ကိုက်ဖြစ်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်၏။

အကယ်၍ မွန်းစတားများသာအဇူရာတိမ်ဂိုဏ်းနှင့် ထိပ်တိုက်တွေ့သွားခဲ့လျှင် သူတို့ကလည်း ချက်ချင်း ကုန်းမြေတိုက်ကြီးထဲ၀င်ပြီး တိုက်ခိုက်ကြတော့မည်သာ။

သို့သော် မွန်းစတားများ ကုန်းမြေတိုက်ကြီးထဲ၀င်သွားတာကြာပြီဖြစ်သော်လည်း ဘာတိုက်ပွဲအရိပ်အယောင်မှ ပေါ်မလာသေးသောကြောင့် သူတို့ အံ့အားသင့်နေခဲ့ကြရသည်။

မွန်းစတားလေးကောင်နှင့် မိစ္ဆာ ၁၅ကောင်ကြား တိုက်ပွဲသည် ဖုံးကွယ်ထား၍ ရသောအရာဟုတ်မနေပေ။

ဘယ်သူကမှ အဇူရာတိမ်ဂိုဏ်းသည် မွန်းစတားလေးကောင်ကို အလွယ်တကူ ရှင်းပစ်လိုက်နိုင်လိမ့်မည်ဟု မယုံကြပေ။

လူတိုင်းစိတ်ရှုပ်ထွေးနေကြချိန်တွင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲမှ ကြမ်းကြုတ်လွန်းသောအရှိန်အဝါကြီးလေးခု ပေါ်ထွက်လာခဲ့လေသည်။

စောင့်နေရတာ စိတ်မရှည်သော လူအုပ်ကြီး ချက်ချင်း သတိအနေအထားသို့ ရောက်ရှိသွားခဲ့ကြ၏။

အခွင့်အရေးက ရောက်ရှိလာခဲ့ချေပြီ။

သို့သော်သူတို့လှုပ်ရှားဖို့ ပြင်လိုက်ချိန်တွင် ၀မ်လင်းကုန်းမြေတိုက်ကြီးပေါ် တိုးထွက်လာသော ဧရာမအရိပ်ကြီးလေးခုကို မြင်လိုက်ရလေသည်။

၁၀ကျန်းကျော် မြင့်မားကာ ကျန်းဒါဇင်နှင့်ချီပြီး ရှည်လျားသော ကျားကြီးတစ်ကောင်။

ကျန်းဒါဇင်နှင့်ချီပြီး မြင့်ကာ ၁၀ကျန်းကျော်တုတ်ခိုင်သော ၀က်ဝံနက်ကြီးတစ်ကောင်။

ကျန်းတစ်ရာကျော်မြင့်မားကာ တစ်ကိုယ်လုံးကို ရွှေရောင်အမွှေးများဖြင့် ဖုံးလွှမ်းထားသည့် ဧရာမမျောက်ကြီးတစ်ကောင်။

ကျန်းတစ်ရာကျော်ရှည်လျားကာ ကျန်းပေါင်းများစွာ တုတ်ပြီး မြူများထဲ သွားလာနေသော ရေနဂါးတစ်ကောင်။

မွန်းစတားကြီးလေးကောင်သည် သူတို့ ပုံသဏ္ဍာန်အစစ်အမှန်များကို ဖော်ထုတ်လိုက်ကြပြီး သူတို့ အရှိန်အဝါများက ၀မ်လင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့၏။

ထိုမြင်ကွင်းက ၀မ်လင်းကုန်းမြေတိုက်ကြီးထဲတွင် စောင့်ဆိုင်းနေသောသူများကို ကြက်သေသေသွားစေခဲ့သည်။

မွန်းစတားများသည် အဇူရာတိမ်ဂိုဏ်းကိုတိုက်ခိုက်ဖို့ သွားခြင်း မဟုတ်ပါလော။

အဘယ်ကြောင့် ၀မ်လင်းကုန်းမြေတိုက်ကြီးပေါ်တွင် ပေါ်လာရပါသနည်း။

ကျိုးရွှမ်ရှန်း၏ အမူအရာ လေးနက်သွားခဲ့၏။ သူရှေ့တက်လာကာ မွန်းစတားကြီးလေးကောင်ကို မေးလိုက်သည်။

“မိတ်ဆွေတို့ရဲ့ ရည်ရွယ်ချက်ကဘာများလဲ”

ကျားပုံသဏ္ဍာန်ပြောင်းထားသော ဟူတလီ၏အဖေ လူစကားဖြင့် ပြောလိုက်၏။

“မင်းတို့မှာ အဇူရာတိမ်ဂိုဏနဲ့ ပဋိပက္ခကြီးတွေရှိနေတာကို ငါသိတယ် ဒါပေမယ့် မင်းတို့ဘယ်လိုပဲတိုက်ခိုက်တိုက်ခိုက် ငါ့သားကိုတော့ လုံး၀ ထိခိုက်စေလို့ မရဘူး

တကယ်လို့ ငါ့သားသာ တစ်ခုခုဖြစ်သွားရင် တောင်တစ်သိန်းတောင်တန်းထဲက မိစ္ဆာတွေက သူတို့ကတိကိုချိုးဖြတ်ပြီး တောင်တစ်သိန်းတောင်တန်းထဲကနေ ထွက်လာရလိမ့်မယ်

ပြီးရင်တော့ အဲ့ဒီကိစ္စမှာပါ၀င်ခဲ့တဲ့လူမှန်သမျှ သေရမယ်!

ငါတို့က တောင်တစ်သိန်းတောင်တန်းထဲ ဆုတ်ခွာသွားတာ ကြာခဲ့ပြီဆိုပေမယ့် ငါတို့အင်အား ကျသွားမသွားကို မင်းတို့ကိုယ်တိုင်လာစမ်းကြည့်လို့ရတယ်”

သူသည် ကျန်းယန်ညွှန်ကြားထားသည့်အတိုင်း အတိအကျ ဆောင်ရွက်နေခဲ့သည်။

တကယ်တော့ ကျန်းယန်ရှင်းပြပြီးသည့်နောက် ကျားကြီးလည်း သူ့သားကို အဇူရာတိမ်ဂိုဏ်းတွင်ထားခဲ့လျှင် ပိုများသောအကျိုးအမြတ်များ ရရှိနိုင်မည် ဖြစ်မှန်း နားလည်သွားခဲ့၏။

ထို့ကြောင့်လည်း သူ့သား၏ လုံခြုံရေးအတွက် ၀မ်လင်းဂိုဏ်းကိုလာကာ သတိပေးချက် ထုတ်ပြန်နေခဲ့ခြင်း ဖြစ်သည်။

ကျားကြီး၏စကားများက ၀မ်လင်းကုန်းမြေတိုက်ကြီးပေါ်က လူများကို ကြက်သေသေသွားစေခဲ့၏။

ဒါကြီးက ဘာသဘောတရားကြီးလဲ!

ကျိုးရွှမ်ရှန်း မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

“တကယ်လို့ မိတ်ဆွေသားရဲ့လုံခြုံရေးကိုစိတ်ပူတယ်ဆိုရင် ဘာလို့သူ့ကို ပြန်ခေါ်မသွားလိုက်တာလဲ”

ကျားကြီးအေးစက်စက်ပြန်ပြောလိုက်၏။

“ငါဘာလုပ်ရမလဲဆိုတာ မင်းသင်ပြပေးနေစရာမလိုဘူး

အဇူရာတိမ်ဂိုဏ်းက သူ့ကိုပြန်ခေါ်သွားလို့မရအောင် လုပ်ထားတယ် အဲ့တာကြောင့် အခုတော့ သူအဇူရာတိမ်ဂိုဏ်းမှာပဲ နေရမယ်”

ဂိုဏ်းတိုင်းမှ ဂိုဏ်းသားများကြားထဲ ဆူညံပွက်လောရိုက်ကုန်ကြသည်။

ဤအချက်သာအမှန်ဖြစ်နေလျှင် အဇူရာတိမ်ဂိုဏ်းသည် ထိုကျားလေးကိုဆက်ကိုင်ထားရုံဖြင့် သူတို့သည် အဇူရာတိမ်ဂိုဏ်းအပေါ် ဘာမှလုပ်မရတော့ဘူးဟု ဆိုလိုနေခြင်း မဟုတ်ပါလော။

ဘယ်သူက ဤအခြေအနေကို လက်ခံနိုင်ပါမည်နည်း။

ကျိုးရွှမ်ရှန်း၏အရှိန်အဝါထက်ရှလာခဲ့ပြီး ကျားကြီးကို‌စိုက်ကြည့်ကာ ပြောလိုက်၏။

“တောင်တစ်သိန်းတောင်တန်းက ငါတို့ကိစ္စတွေမှာ ၀င်ပါချင်တာလား”

တစ်ယောက်ချင်းစီသာ တိုက်ခိုက်မည်ဆိုလျှင် သူတို့ဂိုဏ်းက ပညာရှင်များကလည်း ကြောက်စရာကောင်းသော တည်ရှိမှုမျသာ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့မွန်းစတားများကို မကြောက်ခဲ့ပေ။

ထို့အပြင် ထိုအရာက လူသားချင်းဖြစ်သောပြဿနာမဟုတ်ဘဲ မွန်းစတားများ ဖြစ်နေသေးသည်။

အဇူရာတိမ်ဂိုဏ်းသည် မိစ္ဆာများနှင့်ပူးပေါင်းပြီးနောက် မွန်းစတားများနှင့်ထပ်မံပူးပေါင်းခဲ့ခြင်းပေလော။

အဇူရာတိမ်ဂိုဏ်းသည် ဘာတွေကြံစည်နေရပါသနည်း။

ထိုအခိုက်တွင် လူတိုင်း စိတ်ရှုပ်ထွေးလာခဲ့ကြ၏။

“နှစ် ၂၀” ကျားကြီး လူအုပ်ကြီးကိုမကြောက်မရွံ့ ပြန်ပြောလိုက်သည်။

“ငါတို့ အဇူရာတိမ်ဂိုဏ်းနဲ့ သဘောတူညီမှုတစ်ခုလုပ်ခဲ့တယ် နှစ် ၂၀ကြာပြီးရင် ဘာတွေပဲဖြစ်လာလာ သူတို့ငါ့သားကို လွှတ်ကိုလွှတ်ပေးရလိမ့်မယ်”

“လွှတ်မပေးရင် တောင်တစ်သိန်းတောင်တန်းက အဇူရာတိမ်ဂိုဏ်းကိုဖျက်ဆီးမယ့်အရေးကို ဘယ်အရာကမှ တားဆီးနိုင်မှာမဟုတ်ဘူး”

ထိုအဖြေကိုကြားမှ လူတိုင်း သက်ပြင်းချလိုက်နိုင်ကြသည်။

နှစ် ၂၀တည်းသာ ဆိုလျှင်တော့ ဤကိစ္စကို သူတို့သည်းခံနိုင်ပေသည်။

“မင်းတို့ကို သတင်းစကားပါးပြီးပြီဆိုတော့ ကျန်တာကို မင်းတို့ဖာသာအဆင်ပြေသလို ကိုင်တွယ်ကြတော့” ပြောပြီးသည့်နောက် မွန်းစတားလေးကောင် တောင်တစ်သိန်းတောင်တန်းရှိရာဆီ ပျံသန်းသွားခဲ့ကြ၏။

ထိုစဉ် ဂိုဏ်းကြီးများရှိလူများကတော့ စိတ်ရှုပ်ထွေးနေခဲ့ကြသည်။

ယခုအခါအဇူရာတိမ်ဂိုဏ်းသည် ထိမရသော အရာတစ်ခု ဖြစ်လာခဲ့ပါပြီလော။

မိစ္ဆာ ၁၅ကောင်ကို ပိုင်ဆိုင်ထားသော အဇူရာတိမ်ဂိုဏ်းကပင် လုံလောက်အောင် ကြောက်စရာကောင်းနေပြီ ဖြစ်၏။

အခုတော့ သူတို့ဘက်တွင် တောင်တစ်သိန်းတောင်တန်းပါ ရှိနေပြီ ဖြစ်လေရာ ဘယ်သူက သူတို့ကို သွားထိရဲပါတော့မည်နည်း။

ကျိုးရွှမ်ရှန်း အေးစက်စက် နှာခေါင်းရှုံ့လိုက်ကာ သူ့မျက်လုံးထဲ ဒေါသများဖြတ်ပြေးသွားခဲ့သည်။

“အဇူရာတိမ်ဂိုဏ်းက များလွန်းသွားပြီ မိစ္ဆာတွေကို လွှတ်ပေးတာကတင် ခွင့်လွှတ်လို့မရတဲ့ အပြစ်ဖြစ်နေပြီကို သူတို့က အခု မွန်းစတားတွေနဲ့ပါ ပူးပေါင်းနေပြန်ပြီ

ဒီလိုဂိုဏ်းမျိုးကို ချက်ချင်း ဖျက်ဆီးပစ်ရမယ်

အားလုံးပဲ ဘာအခြေအနေအောက်မှာပဲ ရှိနေပါစေ ငါတို့အားလုံးပူးပေါင်းပြီး အဇူရာတိမ်ဂိုဏ်းကို ချက်ချင်း ဖျက်ဆီးပစ်သင့်တယ်”

၀မ်လင်းဂိုဏ်းသည် ချောက်ကမ်းပါးအစွန်းတွင်ရောက်ရှိနေခြင်း ဖြစ်၏။

နောက်ဆုံးတွင် သူတို့သည် ဘီလီယံ ၅၀ ကိုထုတ်မပေးနိုင်ပေ။ ထို့ကြောင့် စစ်တိုက်ဖို့သာ ရွေးချယ်စရာရှိတော့သည်။

အခြားဂိုဏ်းများတစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

အဇူရာတိမ်ဂိုဏ်းကို ဖျက်ဆီးလို့ လုံး၀မရနိုင်တော့မှန်း သူတို့ကောင်းကောင်းကြီးသိနေခဲ့ကြသည်။

သူတို့ကြိုးစားလျှင်တောင် သူတို့ဂိုဏ်းများမှ များစွာသောအရင်းအမြစ်များ ထုတ်သုံးရပေလိမ့်မည်။ အဆိုးဆုံးအနေနှင့် ကျားလေးသာ ထိုတိုက်ပွဲအတွင်း ထိခိုက်သွားခဲ့လျှင် တောင်တစ်သိန်းတောင်တန်းကပါ ၀င်ပါလာကြပေဦးမည်။

မိစ္ဆာများနှင့် မွန်းစတားများ ဆုံသွားခဲ့လျှင်တော့ ကမ္ဘာကြီးက ကပ်ဘေးစိုက်သွားတော့မှာ သေချာ၏။

ထို့ကြောင့် သူတို့ထဲကဘယ်သူကမှ မလှုပ်ရှားချင်ကြတော့ပေ။

“ဒီကိစ္စကို သေချာဆုံးဖြတ်ရမယ်” လန်ကျားအထွတ်အမြတ်မြေက တုရှန် လေ‌းလေးနက်နက်ပြောလိုက်လေသည်။

“ငါဒီကိစ္စကို ဂိုဏ်းချုပ်ဆီကို ချက်ချင်းတင်ပြရမယ်”

သူ့အတွေးက ရိုးရှင်းပေသည်။ သူတို့သည် ၁.၅ ဘီလီယံ ထဲ လျော်ကြေးပေးရမည်ဖြစ်လေရာ အဘယ်ကြောင့် စစ်ပွဲတစ်ပွဲဆင်နွှဲပြီး စွန့်စားနေရပါတော့မည်နည်း။

“ဟုတ်တယ် တောင်တစ်သိန်းတောင်တန်းက မွန်းစတားတွေကို အထင်သေးလို့မရဘူး” ရှို့ယိဘုရားကျောင်း ကိုယ်စားလှယ်လည်း ပြောလိုက်၏။

သူတို့ကလည်း ၅ဘီလီယံတည်းသာပေးရမည်ဖြစ်သောကြောင့် လက်ရှိအခြေအနေအရ ဘယ်သူကမှ မစွန့်စားလိုကြပေ။

“ငါတို့ တောင်တစ်သိန်းတောင်တန်းကိုကျိန်းသေပေါက် သတိထားရမယ်” ကွေ့ယွမ်ဘုရားကျောင်းက ကျင်းရှန်ပြောလိုက်သည်။

ထိုသတင်းကို မွန်းစတားများဆီပေးလိုက်ပြီးနောက် အခုလိုမျိုးဖြစ်လာလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။

အဘယ်ကြောင့် ဤမွန်းစတားများက အဇူရာတိမ်ဂိုဏ်းနှင့်စစ်မတိုက်ရပါသနည်း။ ထိုအရာက အတော်လေး ပဟေဠိဖြစ်စရာ ကောင်းလှသည်။

သို့သော် ကွေ့ယွမ်ဘုရားကျောင်း၏လျော်ကြေးကလည်း မများလှသောကြောင့် သူတို့လည်း မတိုက်ခိုက်ဖို့သာ ဆုံးဖြတ်လိုက်ကြ၏။

မြင့်မြတ်ဝိညာဉ်ဂိုဏ်းပင် မတိုက်ခိုက်လိုတော့ပေ။

ဘာပဲဖြစ်ဖြစ် ထိုအရာက ၈.၇ ဘီလီယံတည်းသာဖြစ်သည်။ သူတို့သာ အဇူရာတိမ်ဂိုဏ်းနှင့် စစ်ဖြစ်ခဲ့လျှင် ကုန်ကျမည့်စားရိတ်က ၈.၇ ဘီလီယံ မကနိုင်ပေ။

ဂိုဏ်းကြီး ၈ဂိုဏ်းလုံးက ထိုသတင်းကို သူတို့ဂိုဏ်းချုပ်များဆီ ပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြ၏။

ကျိုးရွှမ်ရှန်းကတော့ ဒွာရ ၇ပေါက်လုံးမှ အခိုးအငွေ့များ ထွက်လာတော့မတတ် ဒေါသထွက်နေခဲ့သည်။

“ဒီစောက်ရူးခွေးကောင်တွေကတော့ကွာ အဇူရာတိမ်ဂိုဏ်းနဲ့ ယှဉ်တွဲနေထိုင်တယ်ဆိုတာ ကျားတစ်ကောင်နဲ့ အတူတူနေရသလိုပဲ သူတို့က မျက်တောင်တစ်ဆုံးပဲ ကြည့်ကြတယ် အဇူရာတိမ်ဂိုဏ်းသာ မြင့်တက်လာရင် လူတိုင်ူ အန္တရာယ်ထဲ ကျရောက်သွားလိမ့်မယ်ဆိုတာ မမြင်နိုင်ကြဘူး”

ကျိုးကျွင်းချန် ခြောက်ကပ်ကပ်ပြုံးလိုက်ကာ

“ဂိုဏ်းချုပ် ကျွန်တော်တို့လည်း ရွေးချယ်စရာတွေကို သေချာပြန်စဉ်းစားသင့်တယ်”

၅၀ဘီလီယံ ဆိုသည်မှာ လုံး၀မဖြစ်နိုင်သော ပမာဏသာဖြစ်၏။

ကျိုးရွှမ်ရှန်း ဒေါသကိုထိန်းပြီး အခြေအနေကို ပြန်ဆွေးနွေးရုံမှလွဲ ရွေးချယ်စရာမရှိတော့သောကြောင့် ထိုင်ချလိုက်လေသည်။

တကယ်တော့ သူ‌ဖိအားများလွန်းသဖြင့် ခေါင်းကိုက်သလိုပင် ခံစားနေခဲ့ရခြင်း ဖြစ်၏။

၀မ်လင်းဂိုဏ်းသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၆ယောက်ကို လုံး၀ ခုခံနိုင်မှာ မဟုတ်ပေ။

အခြားဂိုဏ်းများကလည်း သူတို့ကို မကူညီဘူးဆိုလျှင် သူတို့ဘာဆက်လုပ်ရပါ‌ေတာ့မည်နည်း။

“အဖြေတစ်ခုခုရှိတဲ့လူတိုင်း ဘယ်သူမဆို ထုတ်ပြောလို့ရတယ်” ကျိုးရွှမ်ရှန်း သူ့ရှေ့က အဖွဲ့ကိုကြည့်ကာ ပြောလိုက်သည်။

“ကောင်းမွန်တဲ့ အဖြေတစ်ခုပေးနိုင်တဲ့လူကို ထိုက်ထိုက်တန်တန်ဆုချမယ်”

လူအုပ်ကြီး အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့တွင် ဘာရွေးချယ်စရာ ရှိပါသနည်း။

သူတို့မတိုက်ခိုက်နိုင်သလို ပေးလည်း မပေးနိုင်ပေ။

ထိုတင်းမာတိတ်ဆိတ်နေသောအခြေအနေတွင် နတ်ဝိညာဉ်အဆင့်တစ်ယောက် ရှေ့တက်လာခဲ့ပြီး ယုံကြည်မှုရှိစွာ ပြောလိုက်လေသည်။

“ဂိုဏ်းချုပ် ကျွန်တော့်မှာဒီကိစ္စကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှိပါတယ်”

All Chapters