← Chapters

အဇူရာတိမ်ဂိုဏ်းချုပ် မင်းသန်းရာနဲ့ချီတဲ့လူတွေကို မသေစေချင်ဘူးမဟုတ်လား

Vol. 25 Ch. 265

အဇူရာတိမ်ဂိုဏ်းချုပ် မင်းသန်းရာနဲ့ချီတဲ့လူတွေကို မသေစေချင်ဘူးမဟုတ်လား

Vol. 25 Ch. 265

တစ်ယောက်ယောက် ရုတ်တရက် အဖြေရှိသည်ဟု ပြောလိုက်သောကြောင့် ၀မ်လင်းဂိုဏ်းသားများ ရုတ်ရုတ်သည်းသည်း ဖြစ်ကုန်ကြလေသည်။ မျက်လုံးများအားလုံးက ထိုလူ့ဆီရောက်ရှိသွားခဲ့ပြီး သူတို့မျက်နှာပေါ်တွင် အမူအရာအမျိုးမျိုးပေါ်ပေါက်လာခဲ့၏။

“မင်းမှာဘာအဖြေရှိတာလဲ” ကျိုးရွှမ်ရှန်း မေးလိုက်သည်။

သူသည် ကျန်းချမ်ချိုးအပေါ် ကြိတ်ပြီး အထင်အမြင်သေးနေသူဖြစ်၏။ သစ္စာဖောက်တစ်ယောက်သည် ဘာအကျိုးဆောင်နိုင်ပါမည်နည်း။

သို့သော် သူသည် ချင်းယွင်ကျိ၏တပည့်ဖြစ်သောကြောင့် အမြင်တစ်ချို့တော့ ရှ်ိကောင်းရှိနေနိုင်ပေသည်။

ကျန်းချမ်ချိုး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒီကိစ္စကို ဖြေရှင်းဖို့ ကျွန်တော့်ရဲ့ ဆရာဟောင်း ချင်းယွင်ကျိနဲ့စရပါလိမ့်မယ်

ကျွန်တော့်ဆရာက နည်းနည်းရှေးရိုးဆန်တတ်တဲ့လူမျိုးပါ”

ကျိုးရွှမ်ရှန်း ပြောလိုက်သည်။

“ဆက်ပြော”

ကျန်းချမ်ချိုးဆက်ပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းရဲ့ အင်အားကို ရိုးရိုးရှင်းရှင်းပဲ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ သူတို့ကို လုံး၀ယှဉ်နိုင်မှာမဟုတ်ဘူး

ဒါပေမယ့် အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆိုတာ ဘီလီယံနဲ့ချီတဲ့သက်ရှိတွေရဲ့ နေအိမ်ပဲ

အဲ့ဒီသက်ရှိတွေက ကျွန်တော့်ရှေးရိုးဆန်တဲ့ဆရာ ဂရုစိုက်တဲ့အရာတွေပဲ မဟုတ်ရင် ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းကို ဒီလောက်အကြာကြီး အဲ့လိုအခြေအနေပဲ ဖြစ်နေအောင် ထိန်းထားနိုင်မှာမဟုတ်ဘူး

အရင်တုန်းကတော့ အဇူရာတိမ်ဂိုဏ်းမှာ သူတို့ကိုဂရုစိုက်ဖို့ ခွန်အားရှိမနေဘူး အဲ့တာကြောင့် ဒီတိုင်းလျစ်လျူရှုထားရတယ်

ဒါပေမယ့် အခုတော့ အဇူရာတိမ်ဂိုဏ်းကစွမ်းအားကြီးနေပြီ သူတို့က သချောပေါက် အဲ့ဒီသက်ရှိတွေကို ထည့်စဉ်းစားရတော့မှာ

အဲ့တာကြောင့် ကျွန်တော်တို့ဘက်က တစ်ယောက်ယောက်လွှတ်ပြီး အဲ့ဒီသက်ရှိတွေနဲ့ခြိမ်းခြောက်ပြီးတော့ လျော်ကြေးကို ညှိယူရမယ်

၀မ်လင်းဂိုဏ်းက ၅၀ဘီလီယံ လုံး၀မပေးနိုင်ဘူး ၅၀ဘီလီယံ ပေးရမယ်ဆိုရင် သေတဲ့အထိ တိုက်ခိုက်မှာလို့ သေချာပေါက်ပြောရမယ်

တကယ်လို့ စစ်ပွဲသာဖြစ်လာခဲ့ရင် ၀မ်လင်းကုန်းမြေတိုက်ကြီးရော အဇူရာတိမ်ကုန်းမြေတိုက်ကြီးရောမှာရှ်ိတဲ့ ဘီလီယံနဲ့ချီတဲ့သက်ရှိတွေ သေကြေပျက်ဆီးရမှာလို့ပါ သတိပေးရမယ်

ဒီနည်းလမ်းနဲ့ ခြိမ်းခြောက်ပြီး ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းနဲ့ ညှိယူလို့ရနိုင်တယ်”

ကျိုးရွှမ်ရှန်း မျက်မှောင်ကြုံ့သွားခဲ့သည်။ ဤနည်းလမ်းက တကယ် အလုပ်ဖြစ်နိုင်ပါမည်လော။

သူတို့က အဘယ်ကြောင့် ပုရွက်ဆိတ်တွေကို ဂရုစိုက်စရာ လိုပါမည်နည်း။

အဇူရာတိမ်ဂိုဏ်းသည် ဒီလောက် သူတို့အသာစီးရထားသောအခြေအနေကြီးကို ထိုပုရွက်ဆိတ်များကြောင့် ဆုံးရှုံးခံနိုင်ပါမည်လော။

ကျိုးကျွင်းချန် ၀င်ပြောလိုက်၏။

“ဒီလိုဆိုမှတော့ ငါတို့ဂိုဏ်းတွေအားလုံးပေါင်းပြီး မပေးဘူးလို့ ငြင်းကြရင်ရော”

ကျန်းချမ်ချိုး ပြောလိုက်သည်။

“စီနီယာ အဲ့တာကတော့ မသင့်တော်ပါဘူး ကျွန်တော်တို့က မက်လုံးနည်းနည်းလောက် မပေးရင် သူတို့ဘက်က အလွယ်တကူ လိုက်လျောမှာမဟုတ်ဘူး ကျွန်တော်တို့ဘက်က အခြေအနေတစ်ခုထိ လိုက်လျောပေးလိုက်ရင် သူတို့ဘက်ကလည်း လျှော့လာနိုင်တယ်

ကျွန်တော်တို့ လုပ်ရမှာက ပမာဏတစ်ခုကို ကတိပေးထားပြီး ကျွန်တော်တို့နဲ့အဇူရာတိမ်ဂိုဏ်းဘက်က ကိုယ်စားလှယ်တွေအချင်းချင်း ပြိုင်ပွဲတစ်ခုလုပ်ပေးဖို့ပဲ

လက်ရှိအခြေအနေအရ အဇူရာတိမ်ဂိုဏ်းမှာက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁ယောက် တာအိုပေါင်းစည်းခြင်းအဆင့် ၁ယောက် နတ်ဝိညာဉ်အဆင့် ၆ယောက် နဲ့ ဝိညာဉ်အခြေတည်အဆင့် ၃ယောက်ပဲ ရှိတာ

အဲ့ဒီထဲမှာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ခြင်းယှဉ်ရင် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ဖြစ်တဲ့ ဂိုဏ်းချုပ်က ကျွန်တော့်ဆရာဟောင်းကို အနိုင်ရမှာသေချာတယ်

တာအိုပေါင်းစည်းခြင်းအဆင့်အတွက်ကတော့ ကျွန်တော်တို့ဘက်က ထိပ်တန်းပညာရှင်တစ်ယောက်လွှတ်ပြီး ကိုင်တွယ်ခိုင်းလို့ရတယ်

နတ်ဝိညာဉ်အဆင့်ချင်းယှဉ်ရင်တော့ အဇူရာတိမ်ဂိုဏ်းက နတ်ဝိညာဉ်အဆင့်တွေက တကယ်အားနည်းကြတာ တန်ချန်ကျိက ဆေးတာအိုကို အထူးပြုတာ ပိလင်းကျိက၀င်္ကပါပညာ ဟွာလင်းကျိက အဆောင်တာအိုနဲ့ ဟော်လင်းကျိက လက်နက်သန့်စင်ခြင်းတာအို ပြီးတော့ စိတ်စွမ်းအားကိုအဓိကကျင့်ကြံတဲ့ ပိုင်ယွင်ကျိ ….သူတို့ တိုက်ခိုက်ရေးစွမ်းအားက အားနည်းကြတယ် သူတို့ကို အလွယ်တကူ အနိုင်ယူပစ်လို့ရတယ်

ဝိညာဉ်အခြေတည်အဆင့်မှာတော့ ကျန်းယန်ကတကယ့်ပြဿနာ အခြားသူတွေကိုတော့ ဖြေရှင်းလို့ရတယ်

အဲ့တာကြောင့် လျော်ကြေးကို နိုင်ရင်တိုး ရှုံးရင်လျှော့ စနစ်နဲ့သာ သွားမယ်ဆိုရင် ကျွန်တော်တို့ ၅၀ဘီလီယံထိပေးစရာလိုမှမဟုတ်ဘူး လျော့သွားမှာ သေချာတယ်

လိုအပ်ရင် ကျွန်တော်တို့ဘက်က တမင်အရှုံးခံပြီး လျော်ကြေးပမာဏကို နှစ်ဖက်လုံးလက်ခံနိုင်လောက်တဲ့ အခြေအနေထိ ထားပေးလိုက်လို့တောင် ရသေးတယ်

အခုအဇူရာတိမ်ဂိုဏ်းက မိစ္ဆာတွေနဲ့ပူးပေါင်းထားတယ်ဆိုပေမယ့် သူတို့ကြားမှာ ဖြေရှင်းလို့မရတဲ့ ရန်ငြှိုးတွေရှိနေတယ်

ချင်းယွင်ကျိ ကိုယ်တိုင်ကလည်း မိစ္ဆာတွေအပေါ် အာဃာတကြီးကြီးမားမားရှိတယ် အဲ့တာကြောင့် ကျွန်တော်တို့အားလုံးသာ ၀င်မပါဘူးဆိုရင် တစ်ချိန်ချိန်မှာ အဇူရာတိမ်ဂိုဏ်းနဲ့ မိစ္ဆာတွေက စစ်ပွဲတစ်ခုပြန်ဖြစ်လာမှာပဲ

ကျွန်တော်တို့လုပ်ရမှာက အချိန်ကောင်းတစ်ခုကိုစောင့်ပြီး အဇူရာတိမ်ဂိုဏ်းကိုတိုက်ခိုက်ဖို့ ပြင်ထားရုံပဲ”

သူ့အကျိုးအကြောင်းသင့်သော အကြံက ကျိုးရွှမ်ရှန်းကို စိတ်ကျေနပ်သွားစေခဲ့သည်။

အဇူရာတိမ်ဂိုဏ်းသည် မိစ္ဆာများနှင့်ပူးပေါင်းထားသော်လည်း ထိုပူးပေါင်းမှုက ဂိုဏ်းကြီးများ၏ ဖိအား‌ကြောင့်သာဖြစ်မှန်း သူသိ၏။

အကယ်၍ သူတို့သာ ၀င်မစွက်ဖက်တော့လျှင် အဇူရာတိမ်ဂိုဏ်းနှင့် မိစ္ဆာများက ကျိန်းသေပေါက် တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။

တခဏတွေးတောပြီးနောက် ကျိုးရွှမ်ရှန်း တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ကို ညွှန်ကြားလိုက်လေသည်။

“ကျင်းတောက် အဇူရာတိမ်ဂိုဏ်းကို ညှိနှိုင်းဖို့သွား ကျန်းချမ်ချိုးရဲ့အကြံအတိုင်း အတိအကျ လုပ်ခဲ့ တကယ်လို့ သူတို့ငြင်းရင် ငါတို့ရပ်တည်ချက်ကို ရှင်းရှင်းလင်းပြခဲ့ရမယ် ဘယ်အခြေအနေမှာဖြစ်ဖြစ် အဇူရာတိမ်ဂိုဏ်းက ငါတို့တောင်းဆိုချက်ကို လုံး၀ ငြင်းလို့ မ‌ရစေရဘူး”

ကျင်းတောက်အလျင်အမြန်သဘောတူကာ အဇူရာတိမ်ဂိုဏ်းဆီ ထွက်ခွာသွားခဲ့၏။

ထိုစဉ် ၀မ်လင်းဂိုဏ်းမှလူများကတော့ စိတ်‌ေသာကများဖြင့်သာ ဆက်လက်စောင့်ဆိုင်းနေခဲ့ကြရသည်။

တစ်ချိန်တည်းမှာပင် အဇူရာတိမ်ဂိုဏ်းတွင်လည်း ဗျူဟာအကြောင်းဆွေးနွေးနေခဲ့ကြ၏။

ကျန်းယန် အခြားသူများကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“တောင်တစ်သိန်းတောင်တန်းက အကြီးအကဲတွေ ၀င်ပါလိုက်ပြီဆိုတော့ ဒီတစ်ခေါက်စစ်ပွဲက လုံး၀ဖြစ်လာနိုင်တော့မှာမဟုတ်ဘူး

အခြားဂိုဏ်းတွေကို လျော်ကြေးကိုပဲ ပေးကြလိမ့်မယ် လုံး၀စွန့်စားကြမှာမဟုတ်ဘူး

မသေချာတဲ့တစ်ခုတည်းသောဂိုဏ်းက ၀မ်လင်းဂိုဏ်းပဲ သူတို့ပေးရမယ့် ပမာဏကကြီးလွန်းတယ် သဘောတူမှာမဟုတ်ဘူး

ပြီးတော့ ကျွန်တော်တို့အတွက် နှစ် ၂၀ အချိန်ရစေဖို့ သူတို့လျော်ကြေးပမာဏကို လျှော့ဖို့နည်းလမ်း ရှာရမယ်

ဆရာ အချိန်ကျလာရင် ဆရာရှေ့ထွက်ပြီး လျော်ကြေးကိုလျှော့ဖို့ သဘောတူပေးရမယ်နော်”

ချင်းယွင်ကျိ ဆွံ့အသွားခဲ့သည်။

၀မ်လင်းဂိုဏ်းက ဘာကြံစည်နေသလဲပင် မသိသေးသောအချိန်တွင် သူကဘာကို သဘောတူရပါမည်နည်း။

သူသည် ၀မ်လင်းဂိုဏ်းကို အတော်လေးမုန်းတီးပေသည်။အကယ်၍ သူ့တွင်သာ မိစ္ဆာအရှင် ၁၂ပါးလောက်ရှိနေပါက ကျိန်းသေပေါက် ထိုဂိုဏ်းကိုဖျက်ဆီးပစ်မိပေလိမ့်မည်။

သူတို့ဆွေးနွေးရင်း မကြာခင်တွင် ၀မ်လင်းဂိုဏ်းမှ ကျင်းတောက်ရောက်ရှိလာခဲ့ကာ ၀င်ခွင့်တောင်းခဲ့၏။

“သူတို့ရောက်လာပြီ အားလုံးပဲ အသင့်ပြင်ထားနော်”

အဇူရာတိမ်ဂိုဏ်းမှလူများ ခါးမတ်လိုက်ကြပြီး ကျင်းတောက်နှင့်တွေ့ဖို့ ပြင်ဆင်လိုက်ကြလေသည်။

စိတ်ညစ်နေသော ကျင်းတောက်တစ်ယောက် ညှိနှိုင်းရမည့် နည်းလမ်းများကို လမ်းတွင်တစ်လမ်းလုံး စဉ်းစားလာခဲ့၏။

သို့သော် သူခန်းမထဲ၀င်ပြီး ထိုင်ပြီးသည်နှင့် ကျန်းယန်က သူ့ကို ဖိအားပေးလေတော့သည်။

“၀မ်လင်းဂိုဏ်း ခင်ဗျားတို့ လျော်ကြေးအတွက်ပြင်ပြီးပြီလား ၅၀ဘီလီယံ ကနည်းတဲ့ပမာဏတော့မဟုတ်ဘူးနော် အဲ့လောက်ပမာဏထိစုဖို့ဆို အချိန်တော့ယူရမယ် မဟုတ်လား”

ကျင်းတောက်ပြန်ပြောလိုက်၏။

“ဒီတစ်ခေါက် ငါတို့ဘက်က အဇူရာတိမ်ဂိုဏ်းနဲ့ညှိနှိုင်းဖို့ နည်းလမ်းအချို့ ပြင်ဆင်လာတယ် ဒါပေမယ့် အဲ့တာက ၀မ်လင်းဂိုဏ်းက အဇူရာတိမ်ဂိုဏ်းကိုကြောက်လို့တော့ မဟုတ်ဘူး

ဒါပေါ့ ငါတို့ရဲ့ကျူးကျော်မှုအတွက် ငါ့တို့ဘက်က အဇူရာတိမ်ဂိုဏ်းကို လျော်ကြေးပေးဖို့တော့ ဆန္ဒရှ်ိပါတယ်

ဒါပေမယ့် ပေးမယ်ဆိုတိုင်း ၅၀ဘီလီယံ ပေးမယ်လို့ ဆိုလိုနေတာတော့ မဟုတ်ဘူး အဲ့တာကြီးက များလွန်းတယ်”

ကျန်းယန် ကျင်းတောက်စကားများကိုလျစ်လျူရှုထားလိုက်ပြီး အေးစက်စက်မေးလိုက်၏။

“ဆိုတော့ ခင်ဗျားတို့က ပေးဖို့ငြင်းဆန်မယ်ပေါ့ ဒီလိုဆိုရင်သွားလို့ရပြီ ၅၀ဘီလီယံကို ကျုပ်တို့ကိုယ်တိုင် လာယူမယ်”

ထိုအခိုက်တွင် အဇူရာတိမ်ဂိုဏ်းသည် အားနည်းပြနေ၍ မဖြစ်ပေ။

တတ်နိုင်သလောက် သန်မာချင်ယောင်ဆောင်နေမှသာ သူတို့ဆက်၍ ရှင်သန်‌နိုင်ပေလိမ့်မည်။

ကျင်းတောက် အဇူရာတိမ်ဂိုဏ်းက ဒီလောက်ထိတင်းမာနေမည်ဟု ထင်မထားခဲ့မိပေ။

သူ့စကားတစ်ခွန်းကပင် စစ်ပွဲတစ်ပွဲဖြစ်သွားနိုင်စေသောကြောင့် သူစကားကို သတိထားပြီး ပြောနေခဲ့ရသည်။

ကြည့်ရသည်မှာ သူတို့သည် ၀မ်လင်းဂိုဏ်းကိုရှင်းပစ်ဖို့ ဆုံးဖြတ်ထားကြပုံပင်။

အစကတော့ ကျင်းတောက် ညင်ညင်သာသာညှိနှိုင်းရင်း လျော်ကြေးကိုနည်းနည်းချင်းလျှော့ကာ သူ့တာ၀န်ပြီး‌ဆုံးအောင်လုပ်ဖို့ ရည်ရွယ်ထားခြင်းဖြစ်၏။

သို့သော် အဇူရာတိမ်ဂိုဏ်း၏ တုန့်ပြန်ပုံကြောင့် သူ့ဝှက်ဖဲကို ထုတ်သုံးလိုက်ရလေသည်။

“ငါတို့ဘက်က စိတ်ဝိညာဉ်ကျောက်တုံး ၅၀ ဘီလီယံ လုံး၀မပေးနိုင်ဘူး”

“တကယ်လို့ အဇူရာတိမ်ဂိုဏ်းကဆက်ပြီးဖိအားပေးနေမယ်ဆိုရင် ၀မ်လင်းဂိုဏ်းကလည်း စစ်ပွဲအတွက် အဆင်သင့်ပဲ

ငါတို့မှာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၆ယောက်တော့ မရှိဘူး ဒါပေမယ့် စစ်ပွဲဆင်နွှဲမယ်ဆိုရင် အဇူရာတိမ်ဂိုဏ်းဘက်ကလည်း သွေးစွန်းတဲ့တန်ကြေးတစ်ခု ပြန်ပေးရမှာပဲ

အခြား ဂိုဏ်းကြီး ၈ ဂိုဏ်းကလည်း ဒီအခြေအနေကို ရပ်ကြည့်နေမှာ မဟုတ်ဘူး

အဲ့ဒီလိုဆိုရင် အဇူရာတိမ်ဂိုဏ်းဘက်ကလည်း ပျက်ဆီးဆုံးရှုံးမှုတွေ ကျိန်းသေပေါက် ရှိလာလိမ့်မယ်”

သူခဏရပ်လိုက်ပြီး ပိုပြီးလေးနက်တည်ကြည်လာခဲ့ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“နောက်ကိစ္စတစ်ခုကတော့ စစ်ပွဲတစ်ခုဖြစ်လာပြီဆိုတာနဲ့ အဇူရာတိမ်ကုန်း‌ေမြတုိက်ကြီး‌ေရာ ၀မ်လင်းကုန်းမြေတိုက်ကြီးရောမှာရှိတဲ့ ဘီလီယံနဲ့ ချီတဲ့ သက်ရှိတွေ သေကြေပျက်ဆီးရလိမ့်မယ်

အဇူရာတိမ်ဂိုဏ်းချုပ် အဲ့ဒီလိုမြင်ကွင်းမျိုးကို ခင်ဗျားမြင်ချင်လား မမြင်ချင်ဘူးလို့ ကျုပ်ယုံတယ်”

All Chapters